Zayar Pharmacy

Zayar Pharmacy Care

( 23 ) ကြိမ်မြောက် ထမနဲ အလှူ11 .2 .25 တပို့တွဲလ အဖိတ်နေ့   ဇေယျာဆေးဆိုင် မိသားစု  ထမနဲ အလှူပါရှင့်ဇေယျာဆေးဆိုင်မိသားစုနှ...
11/02/2025

( 23 ) ကြိမ်မြောက် ထမနဲ အလှူ
11 .2 .25 တပို့တွဲလ အဖိတ်နေ့
ဇေယျာဆေးဆိုင် မိသားစု ထမနဲ အလှူပါရှင့်
ဇေယျာဆေးဆိုင်မိသားစုနှင့် အမြဲယုံကြည် စိတ်ချစွာ ယနေ့တိုင် အားပေးကြသော Customer များ၏ အလှူမို့
ကြည်နူး၀မ်းသာ သာဓုခေါ်ဆို နိုင်ပါသည် ရှင့်❤️🥰

16/08/2024

09 255885599 ဖုန်းလိုင်းလေး Error တတ်နေပါသဖြင့် 09 756706734 သို့ ပြောင်းလဲ ခေါ်ဆို ဆက်သွယ်ပေးပါရန်မေတ္တာရပ်ခံပါတယ်ရှင့်။

ဇေယျာဆေးဆိုင် အင်းစိန်

ဆရာခို သား ဘူး​သေး ၁ဆွဲ (10 ဒါဇင်) = ၅၈၀၀၀ ကျပ်ဆရာခို သား ဘူးကြီး ၁၂ ဘူး(1 ဒါဇင်)= ၅၈၀၀၀ ကျပ်​Exp Date - April 2026​ဇေယျ...
27/06/2024

ဆရာခို သား ဘူး​သေး ၁ဆွဲ (10 ဒါဇင်) = ၅၈၀၀၀ ကျပ်
ဆရာခို သား ဘူးကြီး ၁၂ ဘူး(1 ဒါဇင်)= ၅၈၀၀၀ ကျပ်
​Exp Date - April 2026
​ဇေယျာ​ဆေးဆိုင် အင်းစိန်တွင် ဝယ်ယူရရှိနိုင်ပါသည်။
Deli service ရှိပါသည်။
Ph - 09756706734

👌👌စိတ်ချယုံကြည်ရသော DKSH Company မှ တင်သွင်းသည့် MM Reg ရ Vaxigrip Tetra 2024 (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး) များ ဇ...
22/06/2024

👌👌စိတ်ချယုံကြည်ရသော DKSH Company မှ တင်သွင်းသည့် MM Reg ရ Vaxigrip Tetra 2024 (လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေး) များ ဇေယျာဆေးဆိုင်အင်းစိန်တွင် အော်ဒါကြိုတင်ပေးနိုင်ပါပြီ ။

💁 ရာသီတုပ်ကွေးရောဂါကို ကာကွယ်နိုင်ဖို့ ရာသီတုတ်ကွေးကာကွယ်ဆေးကို ကြိုတင်ထိုးနှံထားဖို့ လိုအပ်ပါတယ်။ ကာကွယ်ဆေးကို (၁)လလောက် ကြိုထိုးခြင်းအားဖြင့် တူတ်ကွေးရာသီ ရောဂါကူးစက်ချိန်မှာ ကာကွယ်ဆေးမှ ထွက်ရှိလာတဲ့ ကိုယ်ခံအားစနစ် (Immune respose)က အပြည့်အဝ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

✅အသက် (၆)လမှ စပြီး ထိုးလို့ရပါတယ်

✅ကိုယ်ဝန်ဆောင်မိခင်များလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ထိုးလို့ရပါတယ်

✅အသက် (၉) နှစ်အောက် ကလေးများ အရင်နှစ်က တုပ်ကွေးကာကွယ်ဆေးမထိုးရသေးရင် (၁)လ ခြားပြီး (၂)ကြိမ်ထိုးရပါမယ်၊ အရင်နှစ်က ထိုးဖူးရင် (၁)ကြိမ်သာ ထိုးရပါမယ်

✅အသက် (၉) နှစ်အထက်များ အရင်က တုပ်ကွေးကာကွယ်ဆေး ထိုးဖူးသည်ဖြစ်စေ၊ မထိုးဖူးသည် ဖြစ်စေ (၁) ကြိမ်ထိုးရင် လုံလောက်ပါတယ်

✅အဓိကထိုးသင့်သူများ
-ကလေးများ
-အဆုတ်ရောဂါအခံရှိသူများ
-ကိုဗစ်ရောဂါပြင်းထန်စွာဖြစ်ခဲ့ဖူးသူများ
-ကျောက်ကပ်၊ အသည်း၊ ဘေလုံးထုတ်ထားသူများ
-နာတာရှည်ရောဂါခံစားနေရသူများ

မှတ်ချက် ။ ။ လိုင်းဆေးများလည်း စျေးကွက်မှာ ရှိတာမို့ MM register ရပြီး Cold chain မပျက် စိတိချရတဲ့ ဆေးကိုသာ ထိုးဖို့အကြုံပြုပါတယ်ရှင့်။

Zayar Pharmacy Insein
Ph-09 255885599

Digital သွေးပေါင်ချိန်နဲ့ တိုင်းရင် တစ်ခါနဲ့တစ်ခါမမှန်ဘူးလို့ ပြောနေတဲ့ Cusomer များ အတွက် ဆရာ Dr. ဘုန်းစည်သူလွင် ပြောထာ...
28/02/2024

Digital သွေးပေါင်ချိန်နဲ့ တိုင်းရင် တစ်ခါနဲ့တစ်ခါမမှန်ဘူးလို့ ပြောနေတဲ့ Cusomer များ အတွက် ဆရာ Dr. ဘုန်းစည်သူလွင် ပြောထားတဲ့ တိုင်းတဲ့အခါဆောင်ရန်ရှောင်ရန်လေးတွေကို ဖတ်ကြည့်ဖို့ share ပေးလိုက်ပါတယ်နော်။

Digitalနဲ့တိုင်းရင်တခါတိုင်းတာနဲ့အမှန်ယူလို့ရပါသလားDr.

#တခါတလေစိတ်ထဲထင့်နေလို့နှစ်ခါပြန်တိုင်းရင်_သွေးပေါင်ချိန်ကမတူတော့တာဖြစ်တတ်လို့ပါ
#ထိုင်ပြီးတိုင်းတာနဲ့လှဲပြီးတိုင်းတာကရော_ကွာခြားတတ်ပါသလားDr.
How to measure BP at Home
#အိမ်မှာ_သွေးပေါင်ဘယ်လိုချိန်ကြမလဲ ❓

Digital BP တိုင်းတဲ့ စက်လေးတွေကို အလွယ်တကူဝယ်လို့ရလာတဲ့ အခါ လူနာများအနေဖြင့် မိမိတို့ အိမ်မှာ သွေးပေါင်တိုင်း မှတ်တမ်းလေးလုပ်ပြီး ဆရာပြတဲ့အခါ ယူလာခြင်းဖြင့် သွေးတိုးရောဂါ ကုသမှုမှာ အများကြီးအကျိုးရှိလာပါတယ်။
#ဆေးရုံဆေးခန်းတွေမှာလည်း_သွေးပေါင်တိုင်းတာပဲ အိမ်မှာတိုင်းဖို့လိုလို့လား ❓
အိမ်မှာသွေးပေါင် တိုင်းကိုတိုင်းပြီး မှတ်တမ်းလုပ်ထားရပါမယ်
ဆေးခန်းမှာတိုင်းတဲ့အခါ
👉 အပြင်ကနေရောက်စအချိန်မှာ တိုင်းတယ်
👉 ကိုယ်နဲ့မရင်းနှီးတဲ့ပတ်ဝန်းကျင်မှာ တိုင်းတယ်
👉 ဆရာဝန်ကို အကြာကြီးစောင့်ရဦးမယ်ဆိုတဲ့ စိတ်မသက်မသာနဲ့ တိုင်းတယ်
👉 ဘယ်လောက်ကုန်ဦးမလဲ မသိပါဘူးဆိုတဲ့ စိုးရိမ်စိတ်နဲ့တိုင်းတယ်စသဖြင့် ခံစားကြရတဲ့အတွက် သွေးပေါင်တက်နေတတ်ပါတယ်
#အိမ်မှာတိုင်းတာကတော့မှန်ပါတယ်
✳️ မှန်မှန်တိုင်းဖို့ လိုသလို
✳️ မှတ်တမ်းလေးနဲ့မှတ်ထားပြီး ဆေးခန်းပြတဲ့ အခါ ယူသွားပေါ့
__________
#အိမ်မှာတိုင်းမယ်ဆိုတော့ဘယ်စက်ဝယ်ရမလဲ ❓
စက်အများစုကတော့ မှန်ကြပါတယ် (အဆင်ပြေရာဝယ်ပါ)
***စိတ်ပူရင် ဆေးရုံကို ကိုယ့်အိမ်က စက်ယူသွား ဆေးရုံက စက်နဲ့ ကိုယ်စက်နဲ့ တလှည့်စီတိုင်း သိပ်မကွာရင် စိတ်ပူမနေနဲ့တော့ပေါ့
(စိတ်ဖိစီးမှုများတယ် ၊ စိတ်ပူပန်မှုများလို့ သွေးတိုးရောဂါဖြစ်ရပါတယ် ဆိုမှ သွေးပေါင်ချိန်စက်နဲ့ ပတ်သက်ပြီး စိတ်ထပ်ပူနေရတာတော့ မဟုတ်သေးဘူးလေ ဟုတ်တယ်မလား 👌)
_________
#ဘယ်လိုတိုင်းမလဲ ❓
တကယ်ကို သေသေချာချာ တိုင်းရမယ့်ပုံစံ ရေးပြပါမယ် (ကိုယ်လည်းအဲ့လောက်တော့ တိတိကျကျ မလုပ်နိုင်ပါဘူး) လုပ်နိုင်ရင် #အကောင်းဆုံးပေါ့
👉 နောက်မှီပါတဲ့ 🪑 ခုံမှာ သေသေချာချာထိုင်ပါ
👉 ခြေနှစ်ချောင်းလုံး ကြမ်းပြင်နဲ့ထိထားပါ (တမင်ချိတ်ထိုင်တာမျိုးမလုပ်ရပါ) မတိုင်းတဲ့လက်ကို ပေါင်ပေါ်တင်ထားပါ
👉 သွေးပေါင်မတိုင်းမီ (🚽 ရှူရှူးပေါက်ထားပါ)
👉 သွေးပေါင်မချိန်မီ နာရီဝက်အတွင်း ☕️ ကော်ဖီ၊ လက်ဖက်ရည်၊ 🚬 ဆေးလိပ် မသောက်ထားရပါဘူး (ထမင်းအလွန်အကျွံတဝတပြဲ စားမထားရပါဘူး)
👉 လက်တစ်ဖက်ကို စားပွဲအမြင့်ပေါ်တင်ပြီး သွေးပေါင်ချိန်လက်ပတ်ကို သေသေချာချာ ပတ်ပါ
အတင်းကြီးကြပ်မနေရသလို ခြောင်မနေအောင်လည်း ဂရုစိုက်ပါ
✅ ကိုယ့်လက်မောင်းကို သေသေချာချာ ပတ်မိနိုင်တဲ့ #လက်ပတ်ကိုသုံးပါ ပိန်လွန်းလျှင်လက်ပတ်အသေးရှာဝယ်ရမှာဖြစ်ပြီး ၊ ဝ လျှင်တော့ လက်ပတ်အကြီး ရှာဝယ်ရမှာဖြစ်ပါတယ်
✅ လက်ပတ်ရဲ့အောက််ခြေဟာ တတောင်ဆစ်ကနေ 3 cm တစ်လက်မကျော်ကျော်လောက်မှာရှိရပါမယ်
✅ လက်ပတ်က ပြထားတဲ့ Artery ဆိုတဲ့ မျှားဟာ သွေးကြောအပေါ်မှာ ရှိရပါမယ် (သွေးကြောနေရာကို ဆေးခန်းပြရင်း မေးထားပါ)
✅ လက်ပတ်နဲ့ နှလုံးဟာ တတန်းထဲရှိနေရအောင် လက်ကနိမ့်နေလျှင် လက်အောက်ကနေ စောင်/ခေါင်းအုံး ခံပါ
👉 စထိုင်ပြီး အေးအေးဆေးဆေးဖြစ်ပြီ ဆိုတဲ့ ၅ မိနစ်လောက်ကြာမှ Start ခလုတ်နှိပ်ပြီး သွေးပေါင်ချိန်ပါ
✳️ အမြဲတမ်း ကိုယ်အဆင်ပြေဆုံး အချိန်မှာ နေ့တိုင်းသွေးပေါင်ကို အချိန်မှန်ချိန်ပါ
🚨 ခဏ ခဏ ပြန်ပြန် မတိုင်းပါနှင့်
🚨 တက်နေတယ် ဖြစ်လေ့မရှိတဲ့ သွေးပေါင်ဆိုရင် ၅ မိနစ်ကြာ နားပြီး ပြန်ချိန်ပါ
✅ ဘယ်/ညာ ဘယ်လက်တိုင်းရမလဲ ဆိုတာထက် တဖက်ဖက် ကို သွေးပေါင်ချိန်တိုင်း ပုံသေသုံးပါ (ဘယ်လက် သုံးတာ များပါတယ်)
✳️ တခါချိန်တာနဲ့ နောက်ထပ်ချိန်တာဟာ အနည်းငယ်ကွာတတ်ပါတယ် စိတ်မပူပါနဲ့
✅ တစ်ကြိမ်တည်းတိုင်းတာ မယုံကြည်ရင် နှစ်မိနစ်လောက်ခြားပြီး ၃ ကြိမ်ချိန်ပါ ပျမ်းမျှယူပါ(၃ ခုပေါင်းပြီး ၃ နဲ့စားပေါ့)

နောက်မေးခွန်းတစ်ခုက ထိုင်တိုင်းတာ နဲ့ လှဲတိုင်းတာ ဘယ်ဟာပိုမှန်လည်း❓
အများအားဖြင့်တော့ တူတူပါပဲ

🚨 အရေးကြီးတာ နောက်တချက်က သွေးပေါင်တိုင်းတဲ့အချိန် အင်္ကျီအထူကြီးပေါ်က မတိုင်းရပါဘူး
အသားပေါ်ကပ်ရက်/အင်္ကျီပါးပါးလေးပေါ် တိုင်းတာ အသင့်တော်ဆုံးပါ
🚨 နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါ Arrhythmia ရောဂါရှိသူများအတွက်ကတော့ (သွေးပေါင်ချိန်စက်က ဖတ်တာအမျိုးမျိုးကွဲနိုင်တဲ့ ပြဿနာရှိလို့) အရမ်းကြီး တက်နေ/ကျနေခဲ့ရင် ဆရာဝန်/ဆရာမ ချိန်တာကို အတည်ယူရပါမယ်
အသုံးတည့်ကြမယ်လို့ယူဆပါတယ်
(Photo credit; StudyFinds, BloodPressureUK)
ကျန်းမာရေးဗဟုသုတတိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Credit_Dr. ဘုန်းစည်သူလွင်

ဇေယျာဆေးဆိုင် မှာလဲ Digital သွေးပေါင်ချိန်အမျိုးမျိုးကို အာမခံ ၂ နှစ်မှ ၅ နှစ်ပါအထိ အမျိုးအစားအလိုက် ဝယ်ယူရရှိနိုင်ပါသည်။

Ph - 255885599 (Viber)

( 22 ) ကြိမ်မြောက် ထမနဲ အလှူ23 .2 .24  တပို့တွဲလ အဖိတ်နေ့   ဇေယျာဆေးဆိုင် မိသားစု  ထမနဲ အလှူပါရှင့်ဇေယျာဆေးဆိုင်မိသားစုန...
27/02/2024

( 22 ) ကြိမ်မြောက် ထမနဲ အလှူ
23 .2 .24 တပို့တွဲလ အဖိတ်နေ့
ဇေယျာဆေးဆိုင် မိသားစု ထမနဲ အလှူပါရှင့်
ဇေယျာဆေးဆိုင်မိသားစုနှင့် အမြဲယုံကြည် စိတ်ချစွာ ယနေ့တိုင် အားပေးကြသော Customer များ၏ အလှူမို့
ကြည်နူး၀မ်းသာ သာဓုခေါ်ဆို နိုင်ပါသည် ရှင့်❤️🥰

💊💊ဈေးလဲ၀ယ် လက်ဆောင်လဲယူ💊💊အစီစဉ်လေးရှိပါတယ်ရှင့်23.10.2023 ရက်နေ့မှာ မည်သည့် ပစ္စည်းမဆို ငါးသောင်းကျပ်ဖိုးနဲ့ အထက်၀ယ်ယူသူ...
22/10/2023

💊💊ဈေးလဲ၀ယ် လက်ဆောင်လဲယူ💊💊
အစီစဉ်လေးရှိပါတယ်ရှင့်
23.10.2023 ရက်နေ့မှာ မည်သည့် ပစ္စည်းမဆို ငါးသောင်းကျပ်ဖိုးနဲ့ အထက်၀ယ်ယူသူ့တိုင်းကို
လက်ဆောင် ပစ္စည်းများ ပြန်လည် ပေးအပ်သွားမှာ ဖြစ်ပါတယ် ရှင့်၊၊

ဒီသီတင်းကျွတ်မှာ ကိုယ်ချစ်ရသူတွေရဲ့ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ တိုက်ဂါးဘမ်းတွေပေးပြီး ချစ်ခြင်းမေတ္တာကို ပြသလိုက်ပါ…...
03/10/2023

ဒီသီတင်းကျွတ်မှာ ကိုယ်ချစ်ရသူတွေရဲ့ကျန်းမာရေးကို ဂရုစိုက်တဲ့အနေနဲ့ တိုက်ဂါးဘမ်းတွေပေးပြီး ချစ်ခြင်းမေတ္တာကို ပြသလိုက်ပါ…

🔸ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ နှာစေးနှာပိတ်ခြင်း၊ လေထိုးလေအောင့်ခြင်း နှင့် အင်းဆက်ပိုးမွှားကိုက်ခံရခြင်းတို့အတွက် တိုက်ဂါးဘမ်း ပရုပ်ဆီ အနီ နှင့် အဖြူ

🔸အဆင့်မြင့် Hydrogel နည်းပညာနဲ့ ပြုလုပ်ထားလို့ အသားလောင်ခြင်း၊ တင်းကျပ်ခြင်း မရှိစေဘဲ၊ ခါးနာခြင်း၊ ဇက်ခိုင်ခြင်း နှင့် ကြွက်သားနာကျင်ကိုက်ခဲမှုတွေကို သက်သာစေတဲ့ တိုက်ဂါးဘမ်း ဆေးပလာစတာ အပူ နှင့် အအေး

🤗တိုက်ဂါးဘမ်းချစ်သူတွေအတွက် သီတင်းကျွတ်အထူး ပရိုမိုးရှင်း (Thadingyut Special Promotion) အနေနဲ့
တိုက်ဂါးဘမ်းပစ္စည်း (15,000) ဖိုးနဲ့အထက် ဝယ်ယူသူတွေအတွက် Tiger Balm Mini Fan (၁)ခု လက်ဆောင်ရယူလိုက်ပါနော် 🤗
Promotion Period - 1st to 31st, Oct 2023

နာချင်ရာ နာစမ်း … တိုက်ဂါးဘမ်း



🤔နေ့စဉ်သောက်သုံးနေတဲ့ ငါးကြီးဆီတွေမှာ မတူညီတာတွေရှိတာ သင်သိပါသလား...🐋နေ့စဉ်သောက်သုံးနေတဲ့ ငါးကြီးဆီတွေမှာ 𝐅𝐢𝐬𝐡 𝐎𝐢𝐥 လို့ခ...
29/09/2023

🤔နေ့စဉ်သောက်သုံးနေတဲ့ ငါးကြီးဆီတွေမှာ မတူညီတာတွေရှိတာ သင်သိပါသလား...

🐋နေ့စဉ်သောက်သုံးနေတဲ့ ငါးကြီးဆီတွေမှာ 𝐅𝐢𝐬𝐡 𝐎𝐢𝐥 လို့ခေါ်တဲ့ ပင်လယ်ငါးကြီးတွေမှရတဲ့ အဆီနဲ့ 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐎𝐢𝐥 လို့ခေါ်တဲ့ 𝐂𝐨𝐝 𝐅𝐢𝐬𝐡 ရဲ့ အသည်းကနေထုတ်တဲ့ ငါးကြီးဆီဆိုပြီး ရှိပါတယ်...

🐋𝐂𝐨𝐝 𝐅𝐢𝐬𝐡 ရဲ့ အသည်းကနေရတဲ့ ငါးကြီးဆီ 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐎𝐢𝐥 မှာတော့ 𝐎𝐦𝐞𝐠𝐚-𝟑 𝐟𝐚𝐭𝐭𝐲 𝐚𝐜𝐢𝐝 ပါဝင်တဲ့အပြင် 𝐕𝐢𝐭𝐚𝐦𝐢𝐧-𝐀 နှင့် 𝐕𝐢𝐭𝐚𝐦𝐢𝐧-𝐃 များလည်း ရောနှောပါဝင်နေပါတယ်...

📌ဒါ့ကြောင့် 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐎𝐢𝐥 တွေကို အများအပြားသောက်သုံးမိပါက 𝐕𝐢𝐭𝐚𝐦𝐢𝐧 𝐭𝐨𝐱𝐢𝐜𝐢𝐭𝐲 ဖြစ်နိုင်ခြေရှိတဲ့အတွက် စိတ်ချလက်ချသောက်သုံးရန် မသင့်တော်ပါဘူး...

🤱ကိုယ်ဝန်ဆောင် နို့တိုက်မိခင်များလည်း 𝐂𝐨𝐝 𝐋𝐢𝐯𝐞𝐫 𝐎𝐢𝐥 ကိုသောက်သုံးဖို့ မသင့်တော်ပါဘူး...

🐋𝐅𝐢𝐬𝐡 𝐎𝐢𝐥 မှာတော့ ပင်လယ်ရေနက်ထဲတွင်နေထိုင်တဲ့ ငါးကြီးတွေရဲ့ ဝမ်းဗိုက်အဆီမှ ထုတ်လုပ်ထားပြီး 𝐎𝐦𝐞𝐠𝐚-𝟑 𝐟𝐚𝐭𝐭𝐲 𝐚𝐜𝐢𝐝 တမျိုးထဲသာ ပါဝင်ပါတဲ့အတွက် ဘေးထွက်ဆိုးကျိုး မရှိပါ...

💊𝐌𝐞𝐠𝐚-𝟑 မှာပါဝင်တဲ့ ငါးကြီးဆီ (𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐅𝐢𝐬𝐡 𝐎𝐢𝐥) ကိုတော့ ပင်လယ်ရေနက်ထဲတွင်နေထိုင်တဲ့ ငါးကြီးတွေရဲ့ ဝမ်းဗိုက်အဆီ (𝐃𝐞𝐞𝐩 𝐒𝐞𝐚 𝐅𝐢𝐬𝐡 𝐨𝐢𝐥) မှ ထုတ်လုပ်ထားပြီးတော့ ညစ်ညမ်းမှုကင်းစင်ကြောင်း (𝐦𝐞𝐫𝐜𝐮𝐫𝐲 𝐟𝐫𝐞𝐞) 𝐀𝐮𝐬𝐭𝐫𝐚𝐥𝐢𝐚 𝐅𝐃𝐀 မှ အသိမှတ်ပြုထောက်ခံချက် ရရှိထားတဲ့ ငါးကြီးဆီဖြစ်ပါတယ်...

💊𝐌𝐞𝐠𝐚-𝟑 ကိုနေ့စဉ်သောက်သုံးခြင်းဖြင့် နှလုံးသွေးကြောကျဉ်းရောဂါများကို သက်သာစေနိုင်ပါတယ်...

💊🤱ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များလည်း စိတ်ချစွာသောက်သုံးနိုင်ပြီး ကလေးကျန်းမာရေးနှင့် ဦးနှောက်ဖွံဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်...

💊𝐌𝐞𝐠𝐚-𝟑 ကို ပုံမှန်သောက်သုံးခြင်းဖြင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနှင့် ဆီးကျိတ်ကင်ဆာများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်...

🥰ဒါ့ကြောင့် ငါးကြီးဆီကောင်းကောင်းကိုရွေးချယ်သောက်သုံးမယ် ဆိုရင်တော့ 𝐌𝐞𝐠𝐚-𝟑 ဟာ အကောင်းဆုံးနှင့် စိတ်အချရဆုံး 𝐍𝐚𝐭𝐮𝐫𝐚𝐥 𝐅𝐢𝐬𝐡 𝐎𝐢𝐥 ငါးကြီးဆီဖြစ်ပါတယ်...


Address

Yangon

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00
Saturday 08:00 - 18:00
Sunday 08:00 - 18:00

Website

Alerts

Be the first to know and let us send you an email when Zayar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram