First Aid Educators

First Aid Educators First Aid Educators is a program of dissemination for safety and first aid.

It aims to provide capacity-building programs aimed at raising awareness of life-saving and life-saving skills and techniques for all.

07/09/2025

နှလုံးခုန်ရပ်နေသူအား CPR အသက်ကယ်နည်း
Crd. BBC

သွေးတိုးရောဂါအတွက်ရှေးဦးပြုစုခြင်း First Aid for Hypertension (High Blood Pressure)===================သွေးပေါင်ချိန်တိုး...
28/08/2025

သွေးတိုးရောဂါအတွက်ရှေးဦးပြုစုခြင်း
First Aid for Hypertension
(High Blood Pressure)
===================
သွေးပေါင်ချိန်တိုးခြင်းသည် အန္တရာယ်ရှိနိုင်ပြီး၊ ရောဂါလက္ခဏာပြင်းထန်ပါက ဆေးကုသမှုခံယူရန်လိုအပ်သည်။
(လုပ်ဆောင်ရမည့် အသေးစိတ်အချက်များ)
၁။ လက္ခဏာနှင့်ခံစားချက်များကိုအကဲဖြတ်ပါ။
• သွေးတိုးခြင်းသည် သိသာထင်ရှားသောလက္ခဏာများမပြသော်လည်း ရုတ်တရက်ပြင်း
ထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှလုံးခုန်မမှန်ခြင်းစသည့် ရောဂါလက္ခဏာပြနိုင်သည်။
• သွေးတိုးရောဂါအရေးပေါ်အခြေအနေတွင် ချက်ချင်းဆေးကုသမှုခံယူရန်လိုအပ်သည်။

၂။ ရှေးဦးပြုစုခြင်းလုပ်ဆောင်ချက်များ
• အရေးပေါ်ဆေးကုသမှုခံယူပါ။
သွေးတိုးရောဂါဟုသံသယရှိပါက အရေးပေါ်
ဆေးကုသမှုခံယူပါ။
• လူနာကိုသက်တောင့်သက်သာထားပါ။
လူနာကိုထိုင်ခိုင်းပါ (သို့) လှဲလျောင်းထားပါ။
အေးဆေးဆိတ်ငြိမ်သောပတ်ဝန်းကျင်တွင်
ရှိနေပါစေ။
• အသက်ပြင်းပြင်းရှူခိုင်းပါ။
နှေးကွေးသောအသက်ရှုခြင်းသည် သွေးပေါင်
ချိန်ကိုလျော့ကျစေပြီး လူကိုငြိမ်သက်စေသည်
သို့ဖြစ်၍ အသက်ကိုပြင်းပြင်းရှုခိုင်းပါ။
• ရေတိုက်ပါ။
ရေဓာတ်ဖြည့်တင်းရန် ရေများများတိုက်ပါ၊
သွေးပေါင်ချိန်လျှော့ချနိုင်သည်။
• အားစိုက်လှုပ်ရှားမှုကိုရှောင်ကြဉ်ပါ။ အနားယူ
ပါစေ၊ အားထုတ်မှုမှန်သမျှကိုရှောင်ကြဉ်ပါ။
• ဆေးမတိုက်ရ။
ဆရာဝန်ညွှန်ကြားထားခြင်းမရှိပါက၊ မည်သည့်
ဆေးကိုမျှမသောက်ပါနှင့်။

၃။ ဘယ်အချိန်မှာ ဆေးကုသမှုလိုအပ်သလဲ
• သွေးပေါင်ချိန် ၁၈၀/၁၂၀ (သို့) ထို့ထက်ပို၍မြင့်
ပါက ရောဂါလက္ခဏာမပြသော်လည်း ဆေးကု
သမှုခံယူပါ။
• ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်
ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်ဝေဝါးခြင်း၊
နှလုံးခုန် မမှန်ခြင်း၊ မူးဝေခြင်း (သို့) ငိုက်မြည်း
ခြင်း လက္ခဏာတစ်ခုခုခံစားရပါက ဆေးကု
သမှုချက်ချင်းရယူပါ။
• မိနစ်အနည်းငယ်အနားယူပြီး အသက်ပြင်းပြင်း
ရှူခိုင်းပါ။ သွေးပေါင်ချိန်မကျပါက ဆေးကု
သမှုခံယူပါ။

၄။ သွေးတိုးရောဂါ၏ရေရှည်စီမံခန့်ခွဲမှု။
• လူနေမှုပုံစံပြောင်းလဲခြင်း။
ကျန်းမာသောအစားအစာ (ဆိုဒီယမ်နှင့်ပြည့်
ဝဆီများ)၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်
အလေးချိန်ထိန်းသိမ်းခြင်းနှင့်စိတ်ဖိစီးမှုကိုစီမံ
ခန့်ခွဲခြင်းသည် သွေးတိုးရောဂါကို ထိန်းချုပ်
ရန်အတွက်အရေးကြီးသည်။
• ဆေးဝါးသုံးစွဲခြင်း။
လူနေမှုပုံစံပြောင်းလဲခြင်းဖြင့်မလုံလောက်ပါက
ဆရာဝန်ညွန်ကြားချက်ဖြင့် သွေးထိန်းဆေး
သောက်ပါ။
• ပုံမှန်စောင့်ကြည့်ခြင်း။
သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး ထိန်းချုပ်ရန်
အတွက် ဆရာဝန်၏အကြံပြုချက်များကို
လိုက်နာပါ။

အိမ်တွင်းမတော်တဆထိခိုက်မှုနှင့် အန္တရာယ်ကင်းရှင်းရေးHome Accident and Home Safety ============================First Aid ...
06/08/2025

အိမ်တွင်းမတော်တဆထိခိုက်မှုနှင့်
အန္တရာယ်ကင်းရှင်းရေး
Home Accident and Home Safety
============================
First Aid Educators ၏ ရှေးဦးပြုစုခြင်းနည်းပညာပြန့်ပွားရေးအစီအစဉ်မှ ''အိမ်တွင်းမတော်
တဆထိခိုက်မှုနှင့်အန္တရာယ်ကင်းရှင်းရေး'' ခေါင်း
စဉ်ဖြင့်ဟောပြောတင်ပြပါမည်။ အိမ်ရှင်မများနှင့်စိတ်ဝင်စားသူများ အောက်ပါအစီအစဉ်အတိုင်း တက်ရောက်နားထောင်နိုင်ပါသည်။
နေ့ရက် - ၉ - ၈ - ၂၅ (စနေနေ့)
အချိန် - ည ၇ နာရီမှ ၈ နာရီ
နေရာ - ZOOM meeting room
Join Zoom Meeting
https://us02web.zoom.us/j/81456364904?pwd=Vzaec1IOfEByljceIeDEI51A8p94zF.1
Meeting ID: 814 5636 4904
Passcode: 12345

02/08/2025

မြွေကိုက်ခံရသူအားပြုစုနည်း
First Aid for Snake Bit
==================
မြွေကိုက်ခံရသူအား ရှေးဦးပြုစုရာတွင် အရေးအကြီးဆုံးအချက် ၂ ချက်မှာ
၁။ အကိုက်ခံရသောနေရာနှင့် အနီးတစ်ဝိုက်ကို အဆိပ်ပြန့်နှံ့မှုမရှိစေရန် ဖိထားပေးရမည်။
၂။ အကိုက်ခံ‌ရသော ခန္ဓာကိုယ်အစိတ်အပိုင်းကို လုံးဝမလှုပ်ရှားစေရန် ငြိမ်သက်စွာထားပေးရမည်။
(မြွေဆိပ်ဖြေဆေးကို အမြန်ဆုံးထိုးပေးရမည်ဖြစ်သည်)

24/07/2025

ကျောရိုးဒဏ်ရာသံသယရှိသူအား
စိတ်ချရသောဘေးစောင်းအနေထားပြုလုပ်နည်း
Recovery Position for Spinal Injury
==============================
ပုံမှန်အားဖြင့် လူနာတစ်ဦးအား ပြန်လည်နာလန်ထူလာစေရန် နည်းလမ်းနှစ်မျိုးဖြင့်ပြုစုပေးနိုင်သည်။ ပထမနည်းမှာ သတိလစ်ပြီးအသက်ရှုမဝသောလူနာအတွက်ရည်ရွယ်ပြီး၊ နောက်တစ်နည်းမှာ သတိလစ်ပြီးအသက် ရှူနေသော ကျောရိုးဒဏ်ရာသံသယရှိသူကို ပြုစုနည်းတို့ဖြစ်သည်။

သတိလစ်ပြီး ပုံမှန်အသက်ရှူနေသူအား စိတ်ချရသောဘေးစောင်းအနေ ထားသည် မရှိမဖြစ်လိုအပ်သည်။ လျှာမခေါက်စေရန်နှင့် မည်သည့်အရည် မဆို လေလမ်းကြောင်းထဲသို့ မပိတ်စေရန်အတွက် သင့်လျော်သောနည်းလမ်းတစ်ခုဖြစ်သည်။

ကျောရိုးဒဏ်ရာဒဏ်ရာရသူများကို အသက်ရှုမပိတ်စေရန် အသက်ရှုလမ်း ကြောင်းကိုထိန်းသိမ်းထားရန် အရေးကြီးပြီး၊ ကျောရိုးဒဏ်ရာသံသယရှိသူကိုဦးစားပေးရမည်။ လေဝင်လေထွက်ကိုထိန်းသိမ်းထားနိုင်ရန် စိတ်ချရသောဘေးစောင်းအနေအထားထားသင့်သည်။

ကျောရိုးဒဏ်ရာများသည် မတည်မငြိမ်ဖြစ်နိုင်ပြီး ရွှေ့ပြောင်းရာတွင်ကျောရိုးကို နောက်ထပ်မထိခိုက်စေရန်အရေးကြီးသည်။ ကူညီပေးနိုင်သူအများအပြားရှိပါက ဦးခေါင်းနှင့်လည်ပင်းကိုထိမ်းကာ လူနာကိုရွေ့ပေးခြင်းသည် ကျောရိုးလှုပ်ရှားမှုကိုလျှော့ချရန် ပိုမိုကောင်းမွန်သော ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ ပြုစုသူတစ်ဉီးတည်းရှိပါက ဤဘေးစောင့်အနေအထားပြုလုပ်ခြင်းသည် သင့်တော်သော နည်းတစ်ခုဖြစ်သည်။

First Aid Signsရှေးဦးပြုစုခြင်းအမှတ်အသား=======================ရှေးဦးပြုစုခြင်းအတွက် ကမ္ဘာတစ်ဝန်းစံနှုန်းသတ်မှတ်ထားသည့်...
23/06/2025

First Aid Signs
ရှေးဦးပြုစုခြင်းအမှတ်အသား
=======================
ရှေးဦးပြုစုခြင်းအတွက် ကမ္ဘာတစ်ဝန်းစံနှုန်းသတ်မှတ်ထားသည့် ISO (အပြည်ပြည်ဆိုင်ရာ
စံနှုန်းများအဖွဲ့အစည်း) မှာ အစိမ်းရောင်အောက်ခံနှင့် ကြက်ခြေဖြူအမှတ်အသားဖြစ်သည်။ စက်ရုံအလုပ်ရုံ၊ လုပ်ငန်းခွင်၊ အရေးပေါ်ဆေးခန်း၊ ရှေးဦးပြုစုခြင်းစခန်း၊ သူနာတင်ယာဉ်တွေမှာ တပ်ဆင်ထားရှိကြသည်။

မျက်စိဒဏ်ရာများ Eye injuries==========မျက်စိဒဏ်ရာအဖြစ်များဆုံးအကြောင်းရင်းများမှာ • လက်သီး၊ တံတောင်ဖြင့်ထိုးမိခြင်း၊ ဘော...
19/05/2025

မျက်စိဒဏ်ရာများ
Eye injuries
==========
မျက်စိဒဏ်ရာအဖြစ်များဆုံးအကြောင်းရင်းများမှာ
• လက်သီး၊ တံတောင်ဖြင့်ထိုးမိခြင်း၊ ဘောလုံးထိမှန်ခြင်း၊ အရာဝတ္တုတစ်ခုခုဖြင့် မျက်စိကို ထိုးနှက်မိခြင်း။
• လက်သည်းများ၊ သစ်ပင်အကိုင်းအခက်များဖြင့် ခြစ်မိ ပွတ်တိုက်မိခြင်း။
• သစ်သား၊ သဲ၊ သတ္တုများကဲ့သို့ ပြင်ပအရာဝတ္တုများ မျက်စိထဲသို့ဝင်ခြင်း။
• မှန်စ၊ သတ္တုအစအနများ ထိုးဖောက်ဝင်ရောက်ခြင်း၊ ထိရှမိခြင်း။
• ဓာတုလောင်စာများ အိမ်သုံးသန့်ရှင်းရေးပစ္စည်းများ၊ လုပ်ငန်းခွင်သုံးဓာတုပစ္စည်းများ၊ အက်စစ်ဖြင့်ထိမိခြင်းတို့ကြောင့်ဖြစ်သည်။
ပြင်းထန်သော မျက်စိပိုးဝင်ခြင်းသည် မျက်စိကိုပျက်စီးစေပြီး၊ အမာရွတ်များဖြစ်နိုင်သည်။ မျက်စိရောဂါပိုးမွှားများဝင်ရောက်ခြင်းမှကာကွယ်ရန် တစ်ကိုယ်ရေသန့်ရှင်းမှုသည်အရေးကြီးသည်။

မျက်စိကို သန့်ရှင်းသောလက်၊ သန့်ရှင်းသောရေဖြင့် သေချာစွာဆေးကြောပါ။ အမှုန်အမွှားများကပ်ငြိနေပါက စီးကျနေသောရေအောက်တွင် မျက်စိကိုအနည်းဆုံး မိနစ် ၂၀ ခန့်ဆေးကြောပေးပါ။ အရာဝတ္ထုတစ်ခုခု မျက်စိကို ဖောက်ဝင်သွားပါက ဖယ်ရှားရန်မကြိုးစားပါနှင့်၊ မျက်စိကို ပွတ်တိုက်ခြင်း ကိုင်တွယ်ခြင်းမှရှောင်ကြဉ်ပါ၊ ပိုမိုယားယံစေသည်။ မျက်စိအပြည့်အဝသက်သာပျောက်ကင်းခြင်းမရှိဘဲ မျက်ကပ်မှန်တပ်ခြင်းကိုရှောင်ကြဉ်ပါ။

ပြင်းထန်သောမျက်စိဒဏ်ရာရရှိပါက ဆေးကုသမှုခံယူရန်လိုအပ်သည်။
• ရောင်ချွတ်ဆေးကဲ့သို့ ပြင်းထန်သောဓာတုပစ္စည်းများနှင့်ထိတွေ့မိခြင်း၊
• မျက်စိမှ သွေး (သို့) အရည်များထွက်နေခြင်း။
• မအီမသာ ခံစားရခြင်း (သို့) မျက်စိဒဏ်ရာရပြီးနေမကောင်းဖြစ်ခြင်း။
• မျက်စိထဲတွင် အရာဝတ္တုတစ်ခုခုရှိနေခြင်း။
• ချွန်ထက်သောအရာတစ်ခုသည် မျက်စိကို ထိုးဖောက်သွားခြင်း။
• မျက်လုံးဒဏ်ရာရပြီးနောက် အမြင်အာရုံပြောင်းလဲခြင်း။
• အပူချိန်မြင့်ခြင်း၊ ခေါင်းကိုက်ခြင်း၊ အလင်းရောင်ကိုခံနိုင်စွမ်းမရှိခြင်းတို့ဖြစ်ပါက ဆေးကုသမှုခံယူရန်လိုအပ်သည်။

သာမန်ဒဏ်ရာရရှိမှုဖြစ်သော မျက်စိတွင် ရွံ့ ဖုန်မှုန့်များရှိနေပါက ရေဖြင့်ဆေးကြောပါ။ မျက်စိ ယားယံခြင်း (သို့) ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိပါက ဆေးဘက်ဆိုင်ရာအကူအညီ မလိုအပ်ဘဲ တစ်ရက် သို့မဟုတ် နှစ်ရက်အတွင်းသက်သာနိုင်သည်။

မျက်ကပ်မှန်ကို မှားယွင်းစွာတပ်ဆင်ခြင်းသည် မျက်စိကိုထိခိုက်စေသည်။ အထူးသဖြင့် ညစ်ပတ်နေပါကမတတ်ပါနှင့် (သို့) ကြာမြင့်စွာတပ်မထားပါနှင့်။ မျက်ကပ်မှန်တပ်သူများသည် မျက်ကပ်မှန်တပ်ခြင်းနှင့် ဖယ်ရှားသည့်အခါတွင် အထူးသတိထားသင့်သည်။

မျက်ခွံထိရှမိပါက ပြင်းထန်သောဖိအားကိုမသုံးပါနှင့်။ အကောင်း ဆုံးမှာ သန့်ရှင်းသောမျက်စိအကာဖြင့်အုပ်ပြီး ဘက်တီးရီးယား၊အညစ်အကြေးများမဝင်စေရန် ကာကွယ်ကာ ဆေးဘက်ဆိုင်ရာအကူအညီရယူပါ။

မျက်ကွင်းညိုခြင်းသည် မျက်စိတစ်ဝိုက်ရှိ တစ်ရှူးများ ရောင်ရမ်းခြင်း သို့မဟုတ် အဖုအပိန့်များထွက်ခြင်းတို့ ကြောင့်ဖြစ်သည်။ အရေပြားအောက်ရှိ သွေးကြောများ ကွဲသွားခြင်းကြောင့် အရောင်ပြောင်းလာခြင်းဖြစ်သည်။ ဤနေရာသည် ထိလွယ်ရှလွယ်ဖြစ်ပြီး မျက်စိတစ်ဝိုက်ရှိအရေပြားသည် အခြားနေရာများထက်ပိုပါးပြီး ပါးလွှာ သောကြောင့် မျက်ကွင်းသည် ၎င်းထက် ပိုဆိုးလာတတ်သည်။

မျက်ကွင်းညိုခြင်းသည် အများအားဖြင့် မျက်စိ သို့မဟုတ် မျက်စိအနီးနား ပတ်ဝန်းကျင်ကို ထိုးနှက်ခြင်းကြောင့် ဖြစ်သည်။ လိမ့်ကျခြင်း၊ ထိုးဖောက်ခြင်း၊ အားကစားလှုပ်ရှားမှုများဆက်စပ်ကာဖြစ်နိုင်သည်။ မျက်ကွင်းညို ခြင်းသည် သွားနှင့်ခံတွင်း၊ ခွဲစိတ်မှု၊ ကြွက်နို့ပိုးဝင်ခြင်းကြောင့်လည်းဖြစ်နိုင်သည်။

အပူလှိုင်းနှင့်ပူပြင်းသောရာသီဥတုကိုဘယ်လိုရင်ဆိုင်မလဲ Heatwave: how to cope in hot weather==============================ပ...
24/04/2025

အပူလှိုင်းနှင့်ပူပြင်းသောရာသီဥတုကို
ဘယ်လိုရင်ဆိုင်မလဲ
Heatwave: how to cope in hot weather
==============================
ပူပြင်းသောရာသီဥတုကို ကြိုဆိုကြသော်လည်း ပူလွန်းသောအခါတွင် ကျန်းမာရေးအန္တရာယ်များရှိသည်။ အပူလှိုင်းများအတွင်း ပုံမှန်ထက်ပို၍ အပြင်းဖျားခြင်း (သို့) အသက်သေဆုံးနိုင်သည်။

(အပူလှိုင်းကြောင့်ဖြစ်နိုင်သော အဓိကအန္တရာယ်များ)
• ရေလုံလောက်စွာမသောက်ခြင်း (ရေဓာတ်ခန်းခြောက်ခြင်း)၊
• အပူလွန်ကဲခြင်းသည် နှလုံး (သို့) အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာရှိသူများအတွက် ရောဂါလက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သည်။
• အပူဓာတ်ကြောင့် ပင်ပန်းနွမ်းနယ်မှုနှင့်အပူဒဏ်ခံရနိုင်သည်။

(ဘယ်သူက အန္တရာယ်အရှိဆုံးလဲ)
အပူလှိုင်းသည် မည်သူမဆိုထိခိုက်နိုင်သော်လည်း ထိခိုက်လွယ်သူများမှာ
• သက်ကြီးရွယ်အိုများ – အထူးသဖြင့် ၇၅ နှစ်နှင့်အထက် အမျိုးသမီးများ
• ၎င်းတို့ကိုယ်တိုင် (သို့) ပြုစုစောင့်ရှောက်ပေးသူများ၊
• နှလုံး (သို့) အဆုတ်ရောဂါရှိသူများ၊ ဆီးချို
ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ပါကင်ဆန်ရောဂါ
(သို့) အချို့သောစိတ်ကျန်းမာရေးအခြေအနေ
များအပါအဝင် ပြင်းထန်သော (သို့)ရေရှည်နာ
မကျန်းသူများ၊
• အပူဒဏ်ကို ပိုမိုဆိုးရွားစေမည့် ဆေးဝါးအများ
အပြားကို သုံးစွဲနေသူများ
• ကလေးများနှင့်အသက်ငယ်သူများ၊ အိပ်ရာထဲ
တွင်အမြဲထားသူများ၊ မူးယစ်ဆေး (သို့) အရက်
စွဲသူများ (သို့) အယ်လ်ဇိုင်းမားရောဂါရှိသူများ၊
• အပြင်ဘက် (သို့) ပူသောနေရာများတွင်အချိန်
များစွာနေသူများ၊
• အပေါ်ထပ်တိုက်ခန်းတွင် နေထိုင်သူများ၊ အိုးမဲ့
အိမ်မဲ့များ၊

(ပူပြင်းသောရာသီဥတုမှာ ရင်ဆိုင်ရန်အကြံပြုချက်)
• ဖြစ်နိုင်ပါကအပူကိုရှောင်ပါ။
• မနက် ၁၁ နာရီကနေ ညနေ ၃ နာရီအတွင်းအပြင်
ထွက်ခြင်းကိုရှောင်ပါ။
• အရိပ်ထဲမှာနေပါ၊ နေကာခရင်မ်၊ ဦးထုပ်နှင့်ပေါ့
ပါးသောအဝတ်အစားကိုဝတ်ဆင်ပါ။
• ပိုပူလာစေသည့် လေ့ကျင့်ခန်း (သို့) လှုပ်ရှားမှု
များကိုရှောင်ကြဉ်ပါ။
• စိတ်အေးအေးထားပါ။
• အအေးနှင့်အစားအသောက်များစားပါ၊ အရက်၊
ကဖင်းနှင့်ပူသောအရည်များကိုရှောင်ပါ၊
• ရေအေးနှင့်ရေချိုးပါ (သို့) အရေပြားနှင့်အဝတ်
အစားပေါ်တွင် ရေအေးဝတ်တင်ထားပေးပါ။
• နေထိုင်ရာနေရာကိုအေးမြအောင်ထားပါ။ နေ့
ဘက်တွင်ပြတင်းပေါက်များပိတ်ပြီး အပြင်
ဘက်တွင် အပူချိန်ကျဆင်းသွားသောအခါတွင်
မှဖွင့်ပါ။ • အပူချိန် ၃၅ ဒီဂရီအောက်ရှိလျှင်
လျှပ်စစ်ပန်ကာများက ကူညီပေးနိုင်သည်။
• အန္တရာယ်များသောသူများနေထိုင်အိပ်စက်
သည့်အခန်းများ၏ အပူချိန်ကို စစ်ဆေးပါ။

၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်မဂ်လာနေ့ရက်မှာလူသားအားလုံး ဘေးကင်းကျန်းမာစွာနဲ့ လိုအင်ဆန္ဒအားလုံးပြည့်ဝကြပါစေ , ...
16/04/2025

၁၃၈၇ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်မဂ်လာနေ့ရက်မှာ
လူသားအားလုံး ဘေးကင်းကျန်းမာစွာနဲ့ လိုအင်ဆန္ဒအားလုံးပြည့်ဝကြပါစေ

, firstaideducators,

14/04/2025

ဘေးအန္တရာယ် အကျပ်အတည်း ပဋိပက္ခများဖြစ်ပွားပြီးနောက် ကြုံတွေ့ခံစားရနိုင်သည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများအတွက် ''စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း" Psychological First Aid" လိုအပ်ပါသည်။

First Aid for Hypertension (High Blood Pressure)သွေးတိုးရောဂါအတွက်ရှေးဦးပြုစုခြင်း ==============================သွေးတို...
16/03/2025

First Aid for Hypertension
(High Blood Pressure)
သွေးတိုးရောဂါအတွက်ရှေးဦးပြုစုခြင်း
==============================
သွေးတိုးခြင်းသည် သိသာထင်ရှားသောလက္ခဏာများမရှိသော်လည်း ရုတ်တရက်ပြင်းထန်စွာခေါင်းကိုက်ခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အသက်ရှုကြပ်ခြင်း၊ အမြင်မှုန်ဝါးခြင်း၊ နှလုံးခုန်မမှန်ခြင်း စသည်သွေးတိုးရောဂါ၏ လက္ခဏာများကိုညွှန်ပြနိုင်သည်။ သွေးတိုးရောဂါအရေးပေါ်အခြေအနေတွင် ချက်ချင်းဆေးကုသမှုခံယူရန်လိုအပ်သည်။

(ပြုစုနည်း)
• သွေးတိုးရောဂါဟုသံသယရှိပါက ဆေးကုသမှုခံယူရန် လူနာတင်ယာဉ် (သို့) ဆေးရုံပို့ရန်အကူညီတောင်းပါ။
• လူနာကိုသက်တောင့်သက်သာရှိစေရန် ထိုင်လျက် (သို့) လှဲလျောင်းလျက်ထားပါ။
• အေးမြဆိတ်ငြိမ်သောနေရာ ပတ်ဝန်းကျင်ဖြစ်ရမည်။
• အသက်ပြင်းပြင်းရှူခိုင်းပါ၊ အသက်ရှုနှေးခြင်းသည် သွေးပေါင်ချိန်ကိုလျော့ကျစေပြီး လူကိုငြိမ်သက်စေသည်။
• ရေဓာတ်ဖြည့်တင်းရန် ရေတိုက်ပါ၊ သွေးပေါင်ချိန်ကိုလျှော့ချနိုင်သည်။
• အားစိုက်လှုပ်ရှားမှုကိုရှောင်ကြဉ်ပါ။ လူနာကိုအနားယူပါစေ။
• ဆရာဝန်မှညွှန်ကြားထားခြင်းမရှိပါက မည်သည့်ဆေးကိုမျှမတိုက်ပါနှင့်။

အကယ်၍လူနာသည် အောက်ပါလက္ခဏာများထဲမှ တစ်ခုခုကိုခံစားရပါက ဆေးကုသမှု ချက်ချင်းခံယူပါ။
o ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။
o ရင်ဘတ်အောင့်ခြင်း။
o အသက်ရှုကြပ်ခြင်း။
o အမြင်ဝေဝါးခြင်း။
o နှလုံးခုန်မမှန်ခြင်း။
o မူးဝေခြင်း၊ မေ့မြောခြင်း။
o သွေးပေါင်ချိန် ၁၈၀/၁၂၀ (သို့) ထို့ထက်ပို၍မြင့်မားနေခြင်း။

(သွေးတိုးရောဂါမဖြစ်စေရန်)
• လူနေမှုပုံစံပြောင်းလဲပါ- ကျန်းမာသောအစားအစာ (ဆိုဒီယမ်နှင့်ပြည့်ဝဆီများ)၊ ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်အလေးချိန်ကိုထိန်းသိမ်းခြင်းနှင့် စိတ်ဖိစီးမှုကို စီမံခန့်ခွဲခြင်းသည် သွေးတိုးရောဂါကို ထိန်းချုပ်ရန်အတွက် အရေးကြီးသည်။
• လူနေမှုပုံစံပြောင်းလဲခြင်းဖြင့်မလုံလောက်ပါက ဆရာဝန်ထံပြသပါ။ သွေးပေါင်ချိန်ထိန်းရန် ဆေးဝါးများကို ညွှန်ကြားနိုင်သည်။
• သွေးပေါင်ချိန်ကို ပုံမှန်စစ်ဆေးပြီး အခြေအနေကိုထိန်းချုပ်ရန်အတွက် ဆရာဝန်၏ အကြံပြုချက်များကို လိုက်နာပါ။

First Aid Educators ၏ Knowledge sharing အစီအစဉ်အဖြစ် How to find Safe Blood Donor '' သွေးသန့်အလှုရှင်ဘယ်လိုရှာမလဲ '' ခေါ...
13/03/2025

First Aid Educators ၏ Knowledge sharing အစီအစဉ်အဖြစ်
How to find Safe Blood Donor '' သွေးသန့်အလှုရှင်ဘယ်လိုရှာမလဲ '' ခေါင်းစဉ်နဲ့တင်ပြသွားမည်ဖြစ်ပါတယ်။
သွေးအလှုရှင်စည်းရုံးရေးဆောင်ရွက်နေကြတဲ့ အသင်းအဖွဲ့များအနေနဲ့ စေတနာသွေးသန့်အလှုရှင်ကိုဘယ်လိုရှာဖွေမလဲ၊ ပုံမှန်သွေးအလှုရှင်တွေကိုဘယ်လိုထိမ်းထားမလဲ၊ သွေးအလှုရှင်စာရင်းဇယားတွေဘယ်လိုပြုစုပြင်ဆင်ထားမလဲ၊ သွေးအလှုရှင်တွေကိုဘယ်လိုအကြောင်းကြားမလဲ၊ သွေးအလှူရှင်အသင်းအဖွဲ့တွေရဲ့လုပ်ဆောင်ရမယ်လုပ်ငန်းများ စတဲ့မှတ်သားဖွယ်အချက်အလက်တွေအပြင်၊ စေတနာသွေးအလှူရှင်ဆိုတာဘာလဲ၊ သွေးအလှူရှင်အမျိုးအစားဘယ်နှစ်မျိုးရှိသလဲ၊ သွေးအလှုရှင်ကိုဘယ်လိုဝန်ဆောင်မှုပေးမလဲ စတဲ့သတင်းအချက်အလက်တွေကို တင်ပြပေးသွားမှာဖြစ်ပါတယ်။
နေ့ရက် - ၁၅-၃-၂၅ (စနေနေ့)
အချိန် - ည ၇ နာရီမှ ၈၃၀ နာရီ

ဖော်ပြပါ Zoom meeting link တွင် ဝင်ရောက်နားထောင်နိုင်ပါတယ်။
Join Zoom Meeting
https://us02web.zoom.us/j/86774004280?pwd=haBoPCbaalaylLnWKesdxYlyETbmfg.1
Meeting ID: 867 7400 4280

Address

Yagon

Website

Alerts

Be the first to know and let us send you an email when First Aid Educators posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to First Aid Educators:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram