Win&Win Clinic

Win&Win Clinic Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Win&Win Clinic, Medical and health, Yangon.

22/07/2020

Vaxigrip Tetra Injection အတွက် ဆေးအနည်းငယ် ထပ်ရတာကြောင့် Booking လေးများ ထပ်လက်ခံပေးနေပါတယ် 😍
ယခုလိုအချိန်မှာ ဆေးရုံ၊ ဆေးခန်းတွေ သွားမထိုးချင်သူများအတွက် တစ်မိသားစုလုံးကို ရန်ကုန်နဲ့ သန်လျင်မြို့မှာ ဆရာဝန်က Home Visit စနစ်ဖြင့် (အိမ်အရောက်) ကာကွယ်ဆေး လာရောက်ထိုးနှံပေးမှာပါ။
ယခင် Booking ယူထားပြီးသားသူတွေအားလုံးကိုလည်း ဆေးထိုးပေးပြီးဖြစ်ပါတယ်နော်။
အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကို ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်ကြပါစို့နော်။
(ယခုနှစ် ထိုးနှံပေးနေတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးက ၄ မျိုးစပ် ကာကွယ်ဆေး Vaxigrip Tetra 2020 ပါ။)
FDA အသိအမှတ်ပြုဆေး ဖြစ်ပြီး ၊Mfg by Sanofi Pasteur,France ဖြစ်တဲ့အတွက် product quality အတွက်လည်း စိတ်ချရပါတယ်။ Vaccine သယ်ယူမှုမှာလည်း ဆေးကုမ္ပဏီက စသယ်ယူစဥ်ကတည်းက စပြီး သယ်ယူမှုအဆင့်ဆင့်မှာ ရေခဲပုံးနဲ့ စနစ်တကျ သယ်ယူပြီး cold chain မပျက်အောင် စနစ်တကျ သိမ်းဆည်း သယ်ယူထိုးနှံပေးမှာပါ။
ယခုအချိန်ထိ Win&Win Clinic မှာ cold chain စိတ်ချရတဲ့ Vaxigrip Tetra mm reg ဆေးကို စိတ်ရှည်ရှည်စောင့်ပြီးထိုးကြတဲ့အတွက်လည်း ကျေးဇူးအထူးပါတယ်နော် 😍
Booking ယူရန်နဲ့ home visit ဆေးထိုးဖို့ ရက်ချိန်းယူရန်အတွက်

🤳09683768751 or CB

Edited on 3.7.20 ယခုအခေါက်ရမယ့်ဆေးအတွက် booking ပြည့်သွားပါပြီ။Vaxigrip Tetra Injection အတွက် ယခုတစ်ခေါက်ဆေးရမယ့်အသုတ် J...
29/06/2020

Edited on 3.7.20 ယခုအခေါက်ရမယ့်ဆေးအတွက် booking ပြည့်သွားပါပြီ။

Vaxigrip Tetra Injection အတွက် ယခုတစ်ခေါက်ဆေးရမယ့်အသုတ် July 7,8 ဝန်းကျင် ထိုးပေးမယ့်အသုတ်မှာ Booking အနည်းငယ် လက်ခံနိုင်တဲ့အတွက် Booking လေးများ ထပ်လက်ခံပေးနေပါတယ် 😍
ယခုလိုအချိန်မှာ ဆေးရုံ၊ ဆေးခန်းတွေ သွားမထိုးချင်သူများအတွက် တစ်မိသားစုလုံးကို ရန်ကုန်နဲ့ သန်လျင်မြို့မှာ ဆရာဝန်က Home Visit စနစ်ဖြင့် (အိမ်အရောက်) ကာကွယ်ဆေး လာရောက်ထိုးနှံပေးမှာပါ။
ယခင် Booking ယူထားပြီးသားသူတွေကိုလည်း booking အလိုက် ထိုးပေးနေပြီး ဆေးထိုးရန်ကျန်သူတွေလည်း ယခုအသုတ်မှာ အကုန်လုံး ဆက်သွယ်ထိုးနှံပေးသွားမှာပါ။
အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကို ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်ကြပါစို့နော်။
(ယခုနှစ် ထိုးနှံပေးနေတဲ့ ရာသီတုပ်ကွေးကာကွယ်ဆေးက ၄ မျိုးစပ် ကာကွယ်ဆေး Vaxigrip Tetra 2020 ပါ။)
FDA အသိအမှတ်ပြုဆေး ဖြစ်ပြီး ၊Mfg by Sanofi Pasteur,France ဖြစ်တဲ့အတွက် product quality အတွက်လည်း စိတ်ချရပါတယ်။ Vaccine သယ်ယူမှုမှာလည်း ဆေးကုမ္ပဏီက စသယ်ယူစဥ်ကတည်းက စပြီး သယ်ယူမှုအဆင့်ဆင့်မှာ ရေခဲပုံးနဲ့ စနစ်တကျ သယ်ယူပြီး cold chain မပျက်အောင် စနစ်တကျ သိမ်းဆည်း သယ်ယူထိုးနှံပေးမှာပါ။
ယခုအချိန်ထိ Win&Win Clinic မှာ cold chain စိတ်ချရတဲ့ Vaxigrip Tetra mm reg ဆေးကို စိတ်ရှည်ရှည်စောင့်ပြီးထိုးကြတဲ့အတွက်လည်း ကျေးဇူးအထူးပါတယ်နော် 😍

🤳09683768751 or CB

21/05/2020

‼️တုတ်ကွေးကာကွယ်ဆေးအကြောင်း အမေးများသော မေးခွန်းများ ‼️

ကဲ တုတ်ကွေးကာကွယ်ဆေးတွေ ခေါတ်စားပီး FDA aproved တွေ ဆေးနံမည်တွေလည်း အားလုံးရေးနေကြတော့ သိပီးသားဖြစ်မယ်လို့ ယူဆပါတယ် ။

သိပ်မကြာခင် မျှော်လင့်နေတဲ့ vaxigrip tetra ကြီး ဝင်တော့မှာပါ ။

ဒီတခေါက်တော့ အလုပ်လေးတွေ နဲနဲရှုတ်နေတာနဲ့ တုတ်ကွေးကာကွယ်ဆေးအကြောင်းရေးတာ လက်ရှောင်မယ်ကွယ်လို့ စဉ်းစားထားပေမယ့် မေးစရာလေးတွေရှိလာတော့ ခနခန မေးကြတဲ့ မေးခွန်းတွေကို ရေးပေးလိုက်ရပါကြောင်း။

၂၀၂၀ တုတ်ကွေးကာကွယ်ဆေး ထိုးကြမယ် ။

✝️ 2020 ကာကွယ်ဆေးထဲ ဘာပါသလဲ ?

- an A/Brisbane/02/2018 (H1N1)pdm09-like virus
- an A/South Australia/34/2019 (H3N2)-like virus
- a B/Washington/02/2019-like (B/Victoria lineage) virus
- a B/Phuket/3073/2013-like (B/Yamagata lineage) virus.

ရှုတ်တယ်မှတ်ရခက်တယ် ဆိုရင် 🦠 တုတ်ကွေးပိုး (၄)ကောင်ကို ကာကွယ်ဖို့ပါတယ်လို့ မှတ်ရင်ရပါတယ် ။

✝️ ဘယ်သူတွေ ထိုးလို့ရလဲ ❓

အသက် ၆ လမှ စတင်ပီး ထိုးပေးလို့ရပါပီ ။

✝️ ဘယ်သူတွေ ကာကွယ်ဆေးထိုးသင့်လဲ❓

ဖြစ်နိုင်ရင် ၆ လအထက် အကုန်ထိုးသင့်တာပေါ့ ။

ပိုပီး အထိုးသင့်ဆုံးသူတွေကတော့

၁၊ အသက် ၆ လ မှ ၅ နှစ်ထိ ကလေးတွေ
၂၊ အသက် ၆၅ နှစ် အထက် လူကြီးတွေ
၃၊ ကိုယ်ဝန်ဆောင်တွေ
၄၊ ရောဂါအခံရှိတဲ့ကလေး ၊ လူကြီးတွေ ( ဥပမာ- နှလုံးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ )

သူများတချို့ အနောက်နိုင်ငံတွေကတော့ အမျိုးသားကျန်းမာရေးကာကွယ်ဆေး စီမံချက်ထဲ ဒီလို အုပ်စုတွေကို အစိုးရကထိုးပေးပါတယ် ။

ကျန်တဲ့သူတွေ ဝယ်ထိုးပေါ့ ။

✝️ ဘယ်အချိန် အထိုးသင့်ဆုံးလည်း?

တုတ်ကွေးကာလက ဇွန်လက စက်တင်ဘာလ လောက်ထိပါ။ ဒီမတိုင်ခင် ထိုးသင့်ပါတယ်။

ဘယ်အချိန်ထိုးထိုး နောက်ကျတယ်တော့ မရှိပါဘူး။

expired date ရှေ့တော့ ဖြစ်ရမှာပေါ့လေ ။

သတိထားဖို့အချက်က ထိုးပီးပီးချင်း ကာကွယ်တဲ့ effect မရပါဘူး ။

၁၀ ရက်ကနေ ၂ ပါတ် ကာကွယ်နိုင်အားထွက်ဖို့ လိုပါတယ် ။ စောစောထိုးလေ ကာကွယ်နိုင်လေပါပဲ။

✝️ကိုယ်ဝန်သည်တွေ ထိုးဖို့လိုလား?

အထိုးသင့်ဆုံးပါပဲ ။ ဘယ်နှစ်လ ကိုယ်ဝန် ဘယ်နှပါတ်ရှိရှိ ထိုးလို့ရပါတယ်တဲ့ ။

ထိုးချင်းအားဖြင့် ကိုယ်ဝန်သည် ကိုယ်ဝန်ဆောင်တုန်းအပြင် ၊ မွေးကာစ ၆ လအောက် ကလေးတွေပါ အပြင်အထန် တုတ်ကွေး ဖြစ်ခြင်းမှကာကွယ်ပါသတဲ့ ။

✝️ ဘယ်သူတွေ ဘယ် brand မထိုးရဘူးလဲ ?

တချို့သော brand တွေ ၃ နှစ်အောက် မထိုးရတာရှိပါတယ် ။

ခု မြန်မာနိုင်ငံမှာ သိပီးသား Vaxigrip tetra , Fluarix Tetra , Flu Quadri တွေကတော့ ၆ လ အထက် ထိုးလို့ရပါသတဲ့ ။

✝️ ဘယ်သူတွေ ဆေး ဘယ်လောက် ထိုးရမှာလဲ ?

ခနခန မေးလွန်းတဲ့ မေးခွန်းပါ ။ မနှစ်က vaxigrip trivalent က ၃ နှစ်အော​က်ကို ၀.၂၅ ml ထိုးတာပါ ။

ဒီနှစ် ၂၀၂၀ အတွက် vaxigrip tetra ၆ လအထက် ဘယ်အသက်အရွယ်ဖြစ်ဖြစ် ၀.၅ ml ပဲ ထိုးရပါမယ် ။ တဝက်ခွဲ ထိုးစရာ မလိုပါ။

✝️ ဘယ်သူတွေ ဘယ်နှကြိမ် ထိုးရမလဲ?

‼️ယခင်က တုတ်ကွေးကာကွယ်ဆေး တခါမှ မထိုးဘူးရင်

-၉ နှစ်အောက်ကလေးများ ၄ ပါတ်ခြား ၂ ကြိမ်ထိုးရပါတယ်။

-၉ နှစ်အထက် ကလေးများ ၁ ကြိမ်ဆိုရပါပီ။

‼️ ယခင်နှစ်က တုတ်ကွေး ပထမအကြိမ်မှာ တကြိမ်ပဲ ထိုးပီး တာဖြစ်ဖြစ် ၊ ၂ ကြိမ်ထိုးပီးတာဖြစ်ဖြစ် ခုနှစ်ထိုးရာမှာ ၁ ကြိမ်ထိုးဖို့ပဲ လိုပါတော့တယ် ။ ( ခန ခန မေးကြလွန်းလို့ပါ )

✝️COVID 19 ကာကွယ်သလား ?

သိပီးသားပါပဲ ။ COVID 19 ကာကွယ်ဆေး မထွက်သေးပါဘူး ။
ဒါပေမယ့် ဒီတုတ်ကွေးကာကွယ်ဆေးထိုးခြင်းက ပြင်းထန် တုတ်ကွေး ဖြစ်ပွားပြန့်ပွားနှုန်းနည်းတော့ တခြား အဆုတ်ရောင် COVID လိုရောဂါ လွယ်လွယ်နဲ့တော့ မကူးနိုင်ဘူးလို့ အဆိုရှိပါတယ်ရှင့် ။

ကဲ ဒီလောက်ဆိုရင်တော့ အမေးများတဲ​့ မေးခွန်းတွေ ဖြေပီးလောက်ပီ ထင်ပါတယ်နော် ။

Sharing Knowledge is a kind of caring ပါလို့ ။

မေတ္တာဖြင့်

ဒေါက်တာခိုင်ဝါဝါထွန်း
ကလေးအထူးကုဆရာဝန်
၁၉.၅.၂၀၂၀

Reference

https://immunisationhandbook.health.gov.au/resources/handbook-tables/table-recommended-doses-of-influenza-vaccine-by-age-group

https://www.health.qld.gov.au/clinical-practice/guidelines-procedures/diseases-infection/immunisation/service-providers/influenza

မှတ်ချက် - ဆေးကြော်ငြာခြင်းမဟုတ်ပါ ။ ဆိုင်လည်းမဆိုင် သိလည်းမသိပါရှင်။

13/05/2020

Vaxigrip Tetra inj booking အတွက် ဆေးကုမ္ပဏီကရမယ့် vaccine order က FDA ဖြတ်အပြီးဆေးဖြန့်ချိရာမှာ June 1st week or 2nd week အသုတ်လောက်မှာ ရရှိမှာဖြစ်ပါတယ်။
order ခွဲပြီး ရရှိခဲ့ရင်လည်း Booking ယူပြီးသားသူများကို booking အစဥ်အတိုင်း ဆက်သွယ် ထိုးနှံမှာမို့ Booking ယူထားသူများ confirmed booking အတွက် CB or Ph-09683768751 ကို confirmed list ပြန်ပို့ပေးကြပါနော် 😍

06/05/2020

တုပ်ကွေးကာကွယ်ဆေးမထိုးခင်သိသင့်တာများ

♻️တုပ်ကွေးကာကွယ်ဆေးဘာလို့ထိုးသင့်သလဲ?
ရာသီတုပ်ကွေးပေမယ့်ပြင်းထန်လာရင် ဆေးရုံတက်ဖို့လိုနိုင်တာက‌နေ တခါတရံအသက်အန္တရာယ်စိုးရိမ်ရလောက်တဲ့ နောက်ဆက်တွဲပြဿနာတွေ ဖြစ်တတ်တယ်။
ဒါကြောင့် ကာကွယ်ဆေးထိုးခြင်းက အကောင်းဆုံးကာကွယ်ခြင်းဖြစ်ပါတယ်။ ပြီးတော့ တုပ်ကွေးလက္ခဏာတွေ (အဖျားတက်၊ လည်ချောင်းနာ၊ချောင်းဆိုး၊ ခေါင်းကိုက်၊ ကိုယ်လက်နာကျင်...)စတာတွေက Covid-19ရောဂါလက္ခဏာတွေနဲ့ဆင်တူလို့ စိုးရိမ်ပူပန်စရာဖြစ်နိုင်တယ်။

♻️ကာကွယ်ဆေးက ဘယ်လိုကာကွယ်နိုင်တာလဲ?
ကာကွယ်ဆေးထိုးပြီး2 ပတ်အကြာမှာ ခန္ဓာကိုယ်က virus ကို တိုက်ထုတ်နိုင်တဲ့ ပဋိဇီ၀ပစ္စည်းတွေ စထွက်လာပြီး ၀င်ရောက်လာတဲ့ flu virusရောဂါပိုးကို ကာကွယ်ပေးနိုင်စွမ်းရှိပြီ။
တချို့ကာကွယ်ဆေးက ထိုးလို့ရတဲ့အသက်အရွယ်၊ ပါဝင်ပစ္စည်းပေါ်မူတည်ပြီးကွဲပြားသလို စျေးလည်းကွာတယ်။
• Trivalent ခေါ် flu viral strain ရောဂါပိုး (၃)မျိုးအတွက်
• Quadrivalent ခေါ် flu viral strain ရောဂါပိုး (၄)မျိုးအတွက် စသည်ဖြင့် viral strain အမျိုးမျိုးပါတဲ့ဆေးတွေ ရှိတယ်။

♻️တုပ်ကွေးကာကွယ်ဆေး ဘယ်သူတွေထိုးသင့်သလဲ?
အသက်အငယ်ဆုံး (၆)လအရွယ်ကစပြီးလူတိုင်းထိုးထားနိုင်ရင် အကောင်းဆုံးဖြစ်ပါတယ်။

♦️မဖြစ်မနေထိုးထားသင့်သူတွေက
• အသက် 65 နှစ်အထက် သက်ကြီးရွယ်အိုများ
• အဆုတ်ရောဂါ၊ နှလုံးရောဂါ၊ ဆီးချို‌ရောဂါနဲ့ လေဖြတ်နေတဲ့ နာတာရှည်ရောဂါရှိသူများ
• ရောဂါခုခံနိုင်စွမ်းနည်းတဲ့ ကျောက်ကပ်ဆေးနေရသူများ၊ Thalassemia လိုသွေးရောဂါဝေဒနာရှင်များ၊ ကင်ဆာရောဂါဝေဒနာရှင်များ
• နှစ်ရှည်လများ Aspirin ဆေးစွဲသောက်နေရသူများ
• HIV/AIDS ခုခံအားကျဆင်းမှုရောဂါဝေဒနာရှင်များ (ဆရာ၀န်နဲ့တိုင်ပင်ပြီးမှထိုးပါ)
• ကိုယ်ဝန်ဆောင်မိခင်များနဲ့ နို့တိုက်မိခင်များ

♻️တုပ်ကွေးကာကွယ်ဆေးဘယ်သူတွေမထိုးသင့်ဘူးလဲ?
• အသက် 6 လအောက်ကလေးတွေ
*** Guillian-Barre Syndrome လို့ခေါ်တဲ့ အာရုံကြောရောဂါဖြစ်ဖူးရင် ဆေးမထိုးခင် ဆရာ၀န်ကိုကြိုပြောပါ။***
***ကိုယ့်ဆီမှာ ကြက်ဥနဲ့ဓာတ်မတဲ့ရောဂါတစ်ခုခုရှိရင် ဆေးမထိုးခင် ဆရာဝန်ကိုကြိုပြောပါ။***

♻️ဘယ်အချိန်မှာကာကွယ်ဆေးထိုးရမလဲ?
• မြန်မာနိုင်ငံမှာတော့ မိုးရာသီ June-September တုပ်ကွေးရာသီမစခင်ကြိုထိုးထားရင် အကောင်းဆုံးဖြစ်ပါတယ်။
• ထိုးတဲ့အချိန်ဖျားမနေဖို့လိုတယ်။

♻️တုပ်ကွေးကာကွယ်ဆေးတစ်ခါထိုးဖူးရင်လုံလောက်သလား?
မလုံလောက်ပါဘူး။ နှစ်တိုင်း တုပ်ကွေးရာသီရောက်ရင် ပြန်ထိုးရပါတယ်။ ဘာလို့လဲဆိုတော့
၁) တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ထဲမှာ တစ်ရာသီစာခန့်မျှပဲ ကာကွယ်နိုင်စွမ်းရှိတယ်။
၂) Flu virus က ပြောင်းလဲတတ်တဲ့ virus ဖြစ်လို့ ဆေးသုသေတနကတွေ့ရှိချက်ပေါ်လိုက်ပြီး ကာကွယ်ဆေးကို ထုတ်ရတယ်။

▪️အသက် (၆)လမှ (၈)နှစ်အထိကလေးတွေ ပထမဆုံးအကြိမ်ဆေးထိုးရင်တော့ တလခြားပြီး 2 ကြိမ်ထိုးရတယ်။
▪️ကိုယ်ဝန်ဆောင်မိခင်တွေထိုးထားရင် မွေးလာတဲ့ကလေးအသက် (၆)လအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်။
▪️နို့တိုက်မိခင်တွေ ကာကွယ်ဆေးထိုးထားရင်တော့ နို့ရည်ကတစ်ဆင့် ပဋိဇီ၀ပစ္စည်းတွေက ကလေးဆီရောက်ပြီး ကာကွယ်နိုင်တယ်။

♻️ဆေးထိုးပြီးရင်ဘာဖြစ်လဲ?
ဆေးထိုးတဲ့နေရာ လက်မောင်း၊ပေါင်နေရာမှာ နီခြင်း၊ အဖျားငွေ့ရှိခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း၊ တုပ်ကွေးကဲ့သို့လက္ခဏာများ ၁-၂ရက်လောက်ယာယီဖြစ်နိုင်ပါတယ်။
နာကျင်တာသက်သာဖို့ Paracetamol သောက်နိုင်ပါတယ်။

♻️စိတ်ချရတဲ့ကာကွယ်ဆေးဆိုတာ
၁) ဒီနှစ် (၂၀၂၀)အတွက်ထုတ်ထားတဲ့ဆေးဖြစ်ဖို့
၂) အရေအသွေးပြည့်တဲ့ဆေးရရှိဖို့ သတ်မှတ်ထားတဲ့အ‌အေးခန်း temperature အတိုင်း သယ်ယူပို့ဆောင်ဖို့အရေးကြီးတယ်။

ဒါကြောင့်ဆေး၀ယ်တဲ့အခါ
1. ထုတ်ထားတဲ့ခုနှစ်
2. စိတ်ချရတဲ့ဆေးအမျိုးအစား
3. Cold chain သယ်ယူပို့ဆောင်ပုံ ကိုသေချာစစ်ဆေးပြီးမှ၀ယ်ယူကြပါ။

ချစ်တဲ့
MAI’s Better Days

Reference: www.cdc.gov
: www.healthhub.sg

06/05/2020

Vaxigrip Tetra inj booking အတွက် ဆေးကုမ္ပဏီကရမယ့် vaccine order amount က limited ဖြစ်လို့ booking အသစ် လက်ခံတာ ခဏရပ်ပါမယ်နော်။
ဆေးထပ်ရနိုင်မယ်ဆို post ထပ်တင်ပေးပါမယ်။
နဂို Booking ယူထားသူများကို ဦးစားပေး ထိုးပေးသွားမှာပါ။
Booking ယူပြီးသားသူများကိုလည်း booking အစဥ်အတိုင်း ဆက်သွယ် ထိုးနှံပေးပါမယ်နော် 😍

05/05/2020

ဆေး (Flu vaccine)က အသုတ်ခွဲပြီးဝင်မှာဖြစ်လို့ ဆေးရတာနဲ့ အရင်မှာထားတဲ့သူတွေကို အရင်ထိုးပေးပါမယ်နော်

04/05/2020





COVID ကာလမှာ Flu vaccine(ရာသီတုပ်​ကွေး) ကာကွယ်​ဆေး #ထိုးသင့်လား?

ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့(WHO)က ကျွမ်းကျင်ပညာရှင်များ ​သု​တေသန​လေ့လာပြီး ကာကွယ်သင့်တဲ့ ရာသီတုပ်​ကွေးပိုး(Virus)စာရင်းကို နှစ်စဥ် ထုတ်ပြန်ပါတယ် အဲပိုးစာရင်းကို အ​ခြေခံပြီး flu vaccine ထုတ်ပါတယ်

ကမ္ဘာ့​တောင်ခြမ်း(Southern Hemisphere) အတွက် May လတွင်၊ ကမ္ဘာ့​မြောက်ခြမ်း(Northern Hemisphere) အတွက် October လတွင် ကာကွယ်​ဆေး ထွက်ပါတယ်

တုပ်​ကွေးသည် ​တောင်ခြမ်းတွင် May လမှ အရှိန်​ကောင်းလာပြီး Oct အ​ရောက်မှာ အား​ပျော့သွားတတ်တယ်
မြန်မာနိုင်ငံက May-Oct ကြားမှာ အဖြစ်များတဲ့အတွက်
WHO က SH(​တောင်ခြမ်း ကာကွယ်​ဆေး) ထိုးဖို့ အကြံပြုပါတယ်

၄-၅နှစ်အကြာ အလှည့်ကျ ​ခေါင်း​ထောင်လာတဲ့ ပိုးစာရင်းကို ကမ္ဘာ့တစ်ခြမ်းစီ အသီးသီးထုတ်ပြန်ပြီး ​ဆေးဝါးစက်ရုံ​က ကာကွယ်​ဆေးထုတ်ကြရပါတယ်

ခန့်မှန်းပိုး(virus)စာရင်းနဲ့ ရာသီတုပ်​ကွေး
-အံကိုက်တဲ့နှစ် တုပ်​ကွေး အဖြစ် #နဲပါတယ်
-လွဲ​ချော်တဲ့နှစ် တုပ်​ကွေးဖြစ်ရင် အဖျား #မပြင်းပါ

တုပ်​ကွေးဖြစ်ရင် ကိုယ်လက်ကိုက်ဖျားနာ ခံစားရတဲ့အပြင် အလုပ်မတွင်ဘဲ ​ဆိုးဆိုးဝါးဝါးအဆင့်မှာ အဆုတ်​ရောင်နမိုးနီးယားဖြင့် ဆေးရုံတက်စရိတ်​​ထောင်းကာ လူကြီးသူမ​တွေမှာအသက်အန္တရာယ်ပါ ခြိမ်း​ခြောက်ခံရနိုင်တယ်

အဲလို မဖြစ်ဖို့ ရာသီအစမှာ
ကိုယ့်​ရေ​မြေ နိုင်ငံနဲ့သင့်​လျော်တဲ့ ကာကွယ်​ဆေးကို
#ကြိုထိုး ထားနိုင်ပါတယ် (ထိုးပြီး ၂ပတ်ကြာမှ အာနိသင်ရ)

ဘယ်သူ​တွေထိုးသင့်လဲ
-ကိုယ်ဝန်​ဆောင်
-၆၅နှစ်အထက် အဘိုးအဘွား
-​ရောဂါအခံရှိသူများ ရင်ကြပ် ​လေပြွန်ကျဥ်း(COPD) ဆီးချို ​သွေးတိုး နှလုံး​ ​ကျောက်ကပ်​ရောဂါ
-ဆရာဝန် သူနာပြု ကျန်းမာ​ရေးဝန်ထမ်း
-(2010 ​နောက်ပိုင်း မည်သူမဆို ထိုးသင့်​ကြောင်းအကြံပြု)

ထိုးပြီးရင် #တာဝန်​ကျေပြီလား?
-ကိုယ်ခံအားတက်ဖို့ အသား ငါး ဥ ပဲ အသီးအရွက် အစုံစားပါ
-​ဆေးထိုးပြီး (၂)ပတ်ခန့်ကြာမှ အာနိသင် ရမှာပါ
-၈၅% ကာကွယ်ပါတယ်
(၁၀ ​ယောက်ထိုး ၈​ယောက် တုပ်​​ကွေးမဖြစ်)

Flu မဖြစ်ဖို့ Vaccine အပြင် #ဘာဆက်လုပ်ရမလဲ?
-မျက်စိ နှာ​ခေါင်း ပါးစပ် ခဏခဏ မကိုင်ပါနဲ့
-နှာ​ချေ​ချောင်းဆိုး အုပ်ပါ(လက်​မောင်းဖြင့်)
တစ်ရှူးသုံးပြီး အမှိုက်ပုံးထဲ​သေချာပစ်၍ အဖုံးပိတ်ပါ
-လက်​​ဆေးပါ (ဆပ်ပြာ/ လက်သန့်​ဆေးရည်ဖြင့် စက္ကန့် ၂၀ ကြာ​အောင်​ဆေးရန်)
-Mask တပ်ပါ
-ဖျားလျှင် အိမ်မှာပဲ​နေပါ လူစု​လူ​ဝေးထဲ မသွားပါနဲ့

နှစ်ခုစလုံးကာ​ပေးမှာလား?
Flu vaccine သည် Flu(ရာသီတုပ်​ကွေး)ကိုသာ ကာကွယ်ဖို့အတွက် ဖြစ်ပြီး COVID-19 နှင့် #မဆိုင်ပါ

ဖျားရင် COVID လားဟု သံသယစိတ်ပူ​နေရတဲ့ ကာလမှာ
Flu vaccine ထိုးခြင်းဖြင့် ခဏခဏ မဖျား​အောင် ကာကွယ်နိုင်ပါတယ် (​ရှင်းလို့ရတဲ့ အဖျား အမြစ်ကြိုဖြတ်ထားတာ ​ခေါင်း​အေးပါတယ်)

ကာကွယ်​ဆေး #စိတ်ချရရဲ့လား?
-100% စိတ်ချရတဲ့ ​ဆေး မရှိပါ
-ကြက်ဥ(ဥအမျိုးမျိုး)ဓါတ်မတည့်ရင် သတိထားရန်
-​ဆေး​ဖျော်စပ်ရာမှာသုံးတဲ့ Chemical တမျိုးမျိုးနဲ့ Allergy ဖြစ်ဖူးရင် သတိထားရန်(ပုံတွင်ကြည့်)
-ကိုယ်ခံအားနည်းသူ HIV ပိုးရှိသူ Spleen(​ဘေလုံး)ထုတ်ထားသူ ဆရာဝန်ဖြင့်တိုင်ပင်ပြီးမှထိုးရန်

#ဘယ်မှာထိုးရမလဲ
-​​ဆေးရုံ ​ဆေးခန်း​တွေမှာ ဆရာဝန်/သူနာပြုနဲ့ထိုးပါ
မေးသင့်တဲ့​မေးခွန်းများ
-2020 formula ဖြစ်ရဲ့လား? (ပိုးစာရင်း ပုံတွင်ကြည့်)
-​ဆေးက ​​အေး​နေရဲ့လား? (cold-chain)**
-ဘယ်လိုဓါတ်မတည့်တဲ့လက္ခဏာကို သတိထားဖို့လိုမလဲ?

**ထုတ်တဲ့စက်ရုံက​နေ လူနာထိုးတဲ့အထိ (2-8°C) အတွင်းရှိဖို့လိုအပ် freeze ခဲသွား warm ပူ​သွားရင် အာနိသင်ပျက်ပြယ်

​ဆေးရဲ့
-အပ်နဲ့ထိုး​တော့ နဲနဲနာမယ်
-ယားတာ ခြင်ကိုက်ဖုလိုဖြစ် ​ငွေ့​ငွေ့ဖျားဖျားတာ ဖြစ်နိုင်တယ် (Paracetamol ​သောက်နိုင်)
-Allergy ဖြစ်/မဖြစ် ထိုးပြီး ၁၅မိနစ်/နာရီဝက် (​ဆေးရုံ/​ဆေးခန်းမှာ)ထိုင်​​စောင့်သင့်ပါတယ်
-Brand အလိုက် သီးခြား side effect ကွာနိုင်
အ​သေးစိတိကို ထိုးတဲ့ အညွန်းစာမှာဖတ်ပါ
ဥပမာ-

-တုပ်​ကွေး(ဖြစ်တဲ့ side effect=complication)​ကြောင့် အလုပ်ပျက် ​ဆေးရုံတက် ခံစားရမှာထက် ထိုးရင်(ရတဲ့ good effect)က ပိုများမှာပါ
Risk vs. Benefit ကိုချိန်သင့်ပါတယ်

Contraindication(မထိုးသင့်တဲ့သူ)
-

Edited on 13.5.2020Vaxigrip Tetra inj booking အတွက် ဆေးကုမ္ပဏီကရမယ့် vaccine order က FDA ဖြတ်အပြီးဆေးဖြန့်ချိရာမှာ June ...
03/05/2020

Edited on 13.5.2020

Vaxigrip Tetra inj booking အတွက် ဆေးကုမ္ပဏီကရမယ့် vaccine order က FDA ဖြတ်အပြီးဆေးဖြန့်ချိရာမှာ June 1st week or 2nd week အသုတ်လောက်မှာ ရရှိမှာဖြစ်ပါတယ်။
order ခွဲပြီး ရရှိခဲ့ရင်လည်း Booking ယူပြီးသားသူများကိုလည်း booking အစဥ်အတိုင်း ဆက်သွယ် ထိုးနှံမှာမို့ Booking ယူထားသူများ confirmed booking အတွက် CB or Ph-09683768751 ကို confirmed list ပြန်ပို့ပေးကြပါနော် 😍

မကြာမီရောက်တော့မယ့် တုပ်ကွေးရာသီအတွက် ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး
၄ မျိုးစပ်ဆေးတွေ မကြာမီ ရရှိပါတော့မယ်။
ယခင်နှစ်​တွေက ၃ မျိုးစပ်၊ ၄မျိုးစပ် ကာကွယ်ဆေးထိုးထားတဲ့ ကလေး၊လူကြီး လူနာအဟောင်းတွေရော၊ဒီနှစ်မှစထိုးလိုတဲ့သူတွေရော Win&Win Clinic ကို ဆက်သွယ်ပြီး စာရင်းပေး Booking ယူထားလို့ ရပါပြီ။
ယခုလိုအချိန်မှာ ဆေးရုံ၊ ဆေးခန်းတွေ သွားမထိုးချင်သူများအတွက် တစ်မိသားစုလုံးကို ရန်ကုန်နဲ့ သန်လျင်မြို့မှာ ဆရာဝန်က Home Visit စနစ်ဖြင့် (အိမ်အရောက်) ကာကွယ်ဆေး လာရောက်ထိုးနှံပေးမှာပါ။
ယခင်လတွေကတည်းက ကြိုပြီး Booking ယူထားသူတွေကိုတော့ May လလယ်ဝန်းကျင် ဆေးရတာနဲ့ စပြီး ဆက်သွယ်ထိုးနှံပေးတော့မှာပါ။
အဖြစ်များတဲ့ ရာသီတုပ်ကွေးရောဂါကို ကာကွယ်ဆေးထိုးနှံပြီး ကာကွယ်ကြပါစို့နော်။
(ယခုနှစ် ထိုးနှံပေးမယ့် ရာသီတုပ်ကွေးကာကွယ်ဆေးက ၄ မျိုးစပ် ကာကွယ်ဆေး Vaxigrip Tetra 2020 ပါ။)
FDA အသိအမှတ်ပြုဆေး ဖြစ်ပြီး ၊Mfg by Sanofi Pasteur,France ဖြစ်တဲ့အတွက် product quality အတွက်လည်း စိတ်ချရပါတယ်။ Vaccine သယ်ယူမှုမှာလည်း ဆေးကုမ္ပဏီက စသယ်ယူစဥ်ကတည်းက စပြီး သယ်ယူမှုအဆင့်ဆင့်မှာ ရေခဲပုံးနဲ့ စနစ်တကျ သယ်ယူပြီး cold chain မပျက်အောင် စနစ်တကျ သိမ်းဆည်း သယ်ယူထိုးနှံပေးမှာပါ။

🤳09683768751 or CB

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Win&Win Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram