23/04/2026
#ခင်ပွန်းကြီး ဆယ်ပါး ကန်တော့တာကို အရင်က
ခပ်ပေါ့ပေါ့ပဲ ထင်ခဲ့တာ...
မဖြစ်မနေ ကန်တော့တဲ့ အခါ ကြရင်လည်းစိတ်ထဲ
သိပ်မလေးအနက်မထားမိ။🙏🏻🙏🏻🙏🏻
#ဘုန်းဘုန်းကြီး အရှင် ပညာ စက္က ပြောပြမှ
သေချာ ဝန်ချ တောင်းပန်ဖို့ လိုအပ်တာ သိရပါတယ်။ 🙏🏻
ကန်တော့တဲ့ အခါ ဆိုရင်လည်း
"ပစ်မှားမိခဲ့သည် ရှိသော် လို့ ''မဆိုရဘူးတဲ့။🙏🏻
သံသရာ မှာ ပစ်မှားတာကတော့ ရှိမှာပဲ တဲ့။ 🙏🏻
အဲ့ဒါကြောင့်
"ပစ်မှား မိခဲ့သည် များကို'' လို့ ဆိုရပါ့မယ်တဲ့။ 🙏🏻
#ဒီဘဝ မှာ တောင် စိတ်နဲ့ ပစ်မှား မိတာတွေက
အများကြီးရယ်။ 🙏🏻
သံသရာ နဲ့ ချီရင်တော့ အများကြီးပဲပေါ့။ 🙏🏻
#အခု ရက်ပိုင်း ကိုယ့်စိတ် ကို သတိထားမိလေ
ပစ်မှားခဲ့ မိတာတွေ သတိထားမိလေမို့
ခင်ပွန်းကြီး ဆယ်ပါးကို သေချာလေး တောင်းပန်
ဝန်ချ ကန်တော့ဖြစ်နေပါတယ်။ 🙏🏻
#ဘုန်းဘုန်းကြီး ပြောတဲ့နည်း နဲ့ ကန်တော့ဖို့ကိုယ့်မှာ ရှိတဲ့ ခင်ပွန်းကြီးဆယ်ပါး ကန်တော့နည်း ၃ မျိုးကို စုပေါင်းပြီး ဖတ်ရတာ အဆင်ပြေအောင် ရေးပေးထားပါတယ်။ 🙏🏻
#ခင်ပွန်းကြီး၁၀ပါးအား ဝန်ချတောင်းပန်ခြင်း
🙏🏻🙏🏻🙏🏻🙏🏻🙏🏻🙏🏻
ဗုဒ္ဓါ ပစ္စေကဗုဒ္ဓေါစ၊ အရဟာ အဂ္ဂသာ၀ကာ။
မာတာပိတု ဂုရုသတ္တာ၊ ဓမ္မဒေသကာ စ ဒါယကာ။
ဣမေ ဒဿ မဟာဂုဏေ၊ အဟံဝန္ဒာမိ သဗ္ဗဒါ ။
(ဗုဒ်ဓါ ပစ်စေကာဗုဒ်ဓါစ၊ အရဟာ အက်ဂ သာဝကာ
မာတာပိတု ဂုရု သတ်ထာ၊ ဓမ်မဒေသကာ စ ဒါယကာ
အိမေ ဒသ မဟာ ဂုဏေ၊ အဟံ ဝန်ဒါမိ သတ်ဗဒါ)🙏🏻
မြတ်စွာ ဘုရား🙏🏻🙏🏻🙏🏻
ဘုရားတပည့်တော် တို့သည် သံသရာ အဆက်ဆက်မှ စ၍ ယခုချိန်ထိ၊ 🙏🏻
( ၁ ) ဘုရား🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ် ကြီးတို့ အပေါ်၌ လည်းကောင်း၊🙏🏻
( ၂ ) ပစ္စေကဗုဒ္ဓါ🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ပစ္စေက ဗုဒ္ဓါအရှင် ကိုယ်တော်မြတ် ကြီး တို့ အပေါ်၌ လည်းကောင်း၊ 🙏🏻
( ၃ ) အဂ္ဂသာဝကရဟန္တာများ🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော အဂ္ဂသာဝက၊ မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊ 🙏🏻
( ၄) ရဟန္တာ 🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော ရဟန္တာ အရှင်မြတ်ကြီး တို့ အပေါ်၌ လည်းကောင်း၊ 🙏🏻
( ၅ ) မိခင်🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
မိခင်တို့ အပေါ်၌သော် လည်းကောင်း၊
ယခု ပစ္စုပ္ပါန် ဘဝ၌ မိခင်ကြီး (ဒေါ်....) အပေါ်၌ သော်လည်းကောင်း၊ 🙏🏻
( ၆ ) ဖခင်🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
ဖခင်တို့ အပေါ်၌သော် လည်းကောင်း၊
ယခု ပစ္စုပ္ပါန် ဘဝ၌ ဖခင်ကြီး (ဦး....) အပေါ်၌ သော်လည်းကောင်း၊ 🙏🏻
( ၇ ) ဆရာ🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော
လိမ်မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သော
ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊ 🙏🏻
( ၈ ) အလေးအမြတ်ထားအပ်သော ပုဂ္ဂိုလ်🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ် တို့ကို ဆည်းပူး ဖြည့်ကျင့် လျက်ရှိကြ ကုန်သော, လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ်၊ အရိယာ ပုဂ္ဂိုလ် တို့၏ အပေါ်၌ လည်းကောင်း၊ 🙏🏻
( ၉ ) တရားဟောပြသောပုဂ္ဂိုလ်🙏🏻🙏🏻🙏🏻
ဂုဏ် ကျေးဇူး ကြီးမား ကြကုန်သော တရား ဓမ္မ တို့ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမား တို့၏ အပေါ်၌ လည်းကောင်း၊ 🙏🏻
( ၁၀ ) ကျွေးမွေးစောင့်ရှောက်သောပုဂ္ဂိုလ်
🙏🏻🙏🏻🙏🏻
မိမိ ဒုက္ခ ကြုံတွေ့နေစဉ် ကာလ၌ ကျွေးမွေး၊ ပေးကမ်း၊ ချီးမြှင့်၊ ထောက်ပံ့ ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ အပေါ်၌ လည်းကောင်း၊ 🙏🏻
မိုက်မဲသည့်အလျှောက်၊
တွေဝေမိသည့် အလျှောက်၊
မသိသည့် အလျှောက်၊
ကာယကံ၊ ဝစီကံ၊ မနောကံ တို့ဖြင့် ပစ်မှား ကျူးလွန်
မိခဲ့သည့် များကို သည်းခံ ခွင့်လွှတ် ပေးပါရန် ...🙏🏻🙏🏻🙏🏻
ဘုရားတပည့်တော်တို့မှ
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏🙏🏻🙏🏻🙏🏻
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏🙏🏻🙏🏻🙏🏻
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏
အရှင်ဘုရား။🙏🏻🙏🏻🙏🏻
မြတ်စွာ ဘုရား🙏🏻🙏🏻🙏🏻
ဘုရားတပည့်တော် တို့ သည် သံသရာ အဆက်ဆက်မှ
စ၍ ယခု ချိန်ထိ၊ 🙏🏻🙏🏻🙏🏻
၃၁ ဘုံတွင် ကျင်လည်ကြ ကုန်သော, ဝေနေယျ၊
သုခိတာ၊ ဒုက္ခိတ၊ သတ္တဝါ အပေါင်းတို့ အပေါ်တွင်
ကာယကံ ဝစီကံ မနောကံ တို့ဖြင့်
ပစ်မှား ကျူးလွန် ခဲ့သည် များကို
သည်းခံ ခွင့်လွှတ် ပေးပါရန် အကျွန်ုပ်တို့မှ
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏🙏🏻🙏🏻🙏🏻
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏🙏🏻🙏🏻🙏🏻
အနူး အညွတ် ဝန်ချ တောင်းပန် ပါ၏🙏🏻🙏🏻🙏🏻
#အကျွန်ုပ်ပေါ်တွင် လည်း အသင်တို့မှ ပြစ်မှား မိခဲ့သော
အပြစ် များကို သည်းခံပါတယ်၊ ခွင့်လွှတ်ပါတယ်၊
ကျေအေး ပါတယ်။ 🙏🏻🙏🏻🙏🏻
ဤသို့ ရှိခိုးပူဇော် ဖူးမြှော်မာန်လျှော့ ကန်တော့ရသော ကောင်းမှု့ကံ စေတနာ တို့ကြောင့် ...🙏🏻🙏🏻🙏🏻
#အလုံးစုံသော ဘေးရောဂါ အန္တရာယ် အပေါင်း မှ ကင်းဝေးပြီးလျှင် မြတ်စွာ ဘုရားရှင် ဟောကြား တော်မူသော၊ သစ္စာလေးပါး မြတ်တရား ကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန် သို့ ဝင်နိုင်သော ကိုယ် ဖြစ်ရပါစေသား အရှင် ဘုရား။ 🙏🏻🙏🏻🙏🏻
#လောကီ မဂ်လာ အဖြာဖြာ တို့သည် လည်း စိတ်ကြံတိုင်း၊ တောင့်တ တိုင်း၊ လွယ်ကူ လျင်မြန်စွာ ပြည့်စုံ ၍ နှလုံး စိတ်ဝမ်း အေးချမ်း ရပါစေသား အရှင်ဘုရား။ 🙏🏻🙏🏻🙏🏻🙏🏻🙏🏻
#ဆရာတော်အရှင်ပညာစက္က🙏🏻🙏🏻🙏🏻🙏🏻🙏🏻