Aung Paing Tun Co., Ltd. - APT

Aung Paing Tun Co., Ltd. - APT "Endeavouring to Wellbeing"

သီတင်းကျွတ်လပြည့်နေ့ဒီနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့၊ မြတ်ဗုဒ္ဓ နတ်ပြည်က ဆင်းသက်တော်မူတဲ့ အဘိဓမ္မာအခါ တော်နေ့မြတ်မှ...
06/10/2025

သီတင်းကျွတ်လပြည့်နေ့

ဒီနေ့ ကျရောက်တဲ့ သီတင်းကျွတ်လပြည့်နေ့၊ မြတ်ဗုဒ္ဓ နတ်ပြည်က ဆင်းသက်တော်မူတဲ့ အဘိဓမ္မာအခါ တော်နေ့မြတ်မှာ မြန်မာလူမျိုးတို့ရဲ့ ကန်တော့ခြင်း ရိုးရာဓလေ့တွေနဲ့ အတူ အေးချမ်းသာယာ ပျော်ရွှင်ကြ ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

ဒီသီတင်းကျွတ်မှာ...
🌟 မိဘ၊ ဆရာ၊ ဘိုးဘွားစတဲ့ ကျေးဇူးရှင်တွေကို ပူဇော်ကန်တော့ရင်း မေတ္တာ၊ ကရုဏာတွေ ပြန့်ပွားပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ။

🌕 လပြည့်ဝန်းလို ပြည့်စုံတဲ့ စီးပွားဥစ္စာတွေ၊ ကျန်းမာခြင်းတွေ၊ အေးချမ်းခြင်းတွေနဲ့ ပြည့်ဝကြပါစေ။

Aung Paing Tun.,Ltd မှ သီတင်းကျွတ်လပြည့်နေ့ အခါသမယမှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း များနဲ့ ပြည့်စုံပြီး စီးပွားရေး၊ လူမှုရေးကိစ္စ အဝဝ အောင်မြင်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



ဗီတာမင်စီက ဘာတွေ ကောင်းကျိုးပြုလဲ...??ဗီတာမင်စီဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြ...
03/10/2025

ဗီတာမင်စီက ဘာတွေ ကောင်းကျိုးပြုလဲ...??

ဗီတာမင်စီဟာ ကိုယ်ခန္ဓာအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရဓာတ်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် ရေမှာပျော်ဝင်တဲ့ ဗီတာမင်ဖြစ်လို့ ကိုယ်ခန္ဓာကနေ လိုအပ်တာထက် ပိုလျှင် ဆီးထဲကနေ စွန့်ထုတ်နိုင်တာကြောင့် ပုံမှန်စားသုံးဖို့ လိုအပ်ပါတယ်။ ဗီတာမင်စီက ဘာတွေကောင်းကျိုးပြုသလဲဆိုတာ ကြည့်ရအောင်။

၁။ ရောဂါများကို တိုက်ဖျက်ပေးခြင်း
ဗီတာမင်စီဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) ကြွယ်ဝစွာပါဝင်တဲ့အတွက် ခန္ဓာကိုယ်ထဲက မကောင်းတဲ့ free radicals တွေကို တိုက်ဖျက်ပေးပြီး နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

၂။ သွေးတိုးရောဂါကို ထိန်းချုပ်ပေးခြင်း
ဗီတာမင်စီက သွေးကြောတွေကို ပြေလျော့စေပြီး သွေးဖိအားကို ကျဆင်းစေနိုင်တာကြောင့် သွေးတိုးရှိသူတွေအတွက် ကောင်းမွန်ပါတယ်။

၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း
ဗီတာမင်စီက T-cells နဲ့ Phagocytes လိုမျိုး ကိုယ်ခံအားဆဲလ်တွေရဲ့ လုပ်ဆောင်ချက်ကို ပိုမိုကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးပါတယ်။

၄။ မှတ်ဉာဏ်ကို ကောင်းမွန်စေခြင်း
ဗီတာမင်စီရဲ့ antioxidant အာနိသင်ဟာ ဦးနှောက်ကို ထိခိုက်စေတဲ့ oxidative stress ကို လျှော့ချပေးတာကြောင့် အသက်ကြီးလာလျှင် ဖြစ်တတ်တဲ့ မှတ်ဉာဏ်ချို့ယွင်းမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။

ဒါ့ကြောင့် ဗီတာမင်စီကို ပုံမှန်အားဖြင့် လိမ္မော်သီး၊ ရှောက်သီး၊ ကီဝီသီး၊ ငရုတ်ပွသီး၊ စတော်ဘယ်ရီသီး၊ ဘရိုကိုလီ၊ အာလူး စတဲ့ အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



အသည်းကျန်းမာမှ ဘဝတစ်သက်တာ အေးချမ်းနိုင်မယ်...ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အသည်းဟာ အဆိပ...
30/09/2025

အသည်းကျန်းမာမှ ဘဝတစ်သက်တာ အေးချမ်းနိုင်မယ်...

ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အသည်းဟာ အဆိပ် အတောက် တွေ ဖယ်ရှားပေးခြင်း၊ အစားအစာတွေကို ချေဖျက်ရာမှာ ကူညီခြင်းနဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓာတ်တွေ ထုတ်လုပ်ပေးခြင်းစတဲ့ အရေးကြီးတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင် ပေးပါတယ်။

ဒါ့ကြောင့် အသည်းကျန်းမာရေးကို ဂရုစိုက်ဖို့ဆိုရင် အောက်ပါအချက်တွေကို လိုက်နာဖို့ လိုအပ်ပါတယ်-

အရက်သေစာ ရှောင်ကြဉ်ခြင်း: အရက်ကို အလွန်အကျွံ သောက်သုံးခြင်းဟာ အသည်းကို ထိခိုက်စေပြီး အသည်းခြောက်ခြင်းနဲ့ အသည်းကင်ဆာ ဖြစ်နိုင်ခြေကို မြင့်တက်စေပါတယ်။

အဆီများတဲ့ အစားအစာတွေ လျှော့စားခြင်း: အဆီနဲ့ အချိုများတဲ့ အစားအစာတွေ အစားများရင် အသည်းမှာ အဆီတွေ စုလာပြီး အသည်းအဆီဖုံးနိုင်ပါတယ်။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ခြင်း: လက်ကို မကြာခဏ ဆေးကြောခြင်းနဲ့ ပိုးသတ်ဆေးထိုးခြင်းတို့က အသည်းရောင်အသားဝါ B, C လို ဗိုင်းရပ်စ်ပိုးတွေကနေ ကာကွယ်ပေးပါတယ်။

လိုအပ်တဲ့ ဖြည့်စွက်စာတွေ သောက်သုံးခြင်း: အသည်းကျန်းမာရေးကို အထောက်အကူပြုတဲ့ နနွင်း, Milk Thistle (စမုန်နက်), Green Tea စတဲ့ သဘာဝဓာတ်တွေပါဝင်တဲ့ ဖြည့်စွက်စာတွေကို ကျွမ်းကျင်သူနဲ့ တိုင်ပင်ပြီး သောက်သုံးနိုင်ပါတယ်...

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



World Heart Dayကမ္ဘာပေါ်မှာ လူအများဆုံး သေဆုံးရတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ နှလုံးရောဂါအကြောင်းကို အသိပညာပေး ဖို့နဲ့ ကြိ...
29/09/2025

World Heart Day

ကမ္ဘာပေါ်မှာ လူအများဆုံး သေဆုံးရတဲ့ ရောဂါတွေထဲက တစ်ခုဖြစ်တဲ့ နှလုံးရောဂါအကြောင်းကို အသိပညာပေး ဖို့နဲ့ ကြိုတင်ကာကွယ်နိုင်ဖို့ ဒီနေ့ World Heart Day ကို သတ်မှတ်ထားပါတယ်။

နှလုံးကျန်းမာရေးအတွက် အဓိကအချက်တွေကတော့ ပုံမှန်ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်း၊ အာဟာရ ပြည့်ဝအောင် စားသုံးခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းတို့ပဲ ဖြစ်ပါတယ်။ နှလုံးရောဂါဖြစ်နိုင်ခြေကို လျှော့ချ နိုင်ဖို့ မှန်ကန်တဲ့ အချက်တွေကို လိုက်နာကြမယ်ဆိုရင် ကျန်းမာတဲ့ ဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

ဒီနေ့မှာ အားလုံးပဲ နှလုံးကျန်းမာရေးကို ဂရုစိုက်ပြီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာ နေထိုင်နိုင်ကြပါစေလို့ Aung Paing Tun Page ကနေ ဆုတောင်းပေးလိုက်ပါတယ်။

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....




World Lung Dayလူတိုင်းအတွက် အသက်ရှူခြင်းရဲ့ တန်ဖိုးကို သိစေဖို့နဲ့ အဆုတ်ကျန်းမာရေးကို အလေးထားစေဖို့ ဒီနေ့ World Lung Day...
25/09/2025

World Lung Day

လူတိုင်းအတွက် အသက်ရှူခြင်းရဲ့ တန်ဖိုးကို သိစေဖို့နဲ့ အဆုတ်ကျန်းမာရေးကို အလေးထားစေဖို့ ဒီနေ့ World Lung Day မှာ Aung Paing Tun Page ကနေ တိုက်တွန်းလိုက်ပါတယ်။

ကမ္ဘာပေါ်မှာ အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေကြောင့် နှစ်စဉ်လူပေါင်းများစွာ အသက်ဆုံးရှုံးနေရပါတယ်။ ဆေးလိပ်သောက်ခြင်း၊ လေထုညစ်ညမ်းမှုတွေကြောင့် အဆုတ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာတဲ့ အဆုတ်ပိုင်ဆိုင်ဖို့အတွက် ဆေးလိပ်ဖြတ်ပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊
လေကောင်းလေသန့်ရရှိအောင် ကြိုးစားနေထိုင်ပါ။

အဆုတ်ကျန်းမာမှ ဘဝသာယာမှာပါ။ ဒါကြောင့် မိမိရဲ့ အဆုတ်ကျန်းမာရေးကို အထူးဂရုစိုက်ကြပါစို့။

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



သွေးဆုံးချိန်မှာ စိတ်အပူအပင်ကင်းကင်း ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့သွေးဆုံးခြင်း (Menopause) ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့...
23/09/2025

သွေးဆုံးချိန်မှာ စိတ်အပူအပင်ကင်းကင်း ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့

သွေးဆုံးခြင်း (Menopause) ဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ရာသီသွေး ရပ်သွားတဲ့ သဘာဝ ဖြစ်စဉ် တစ်ခုပါ။ အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ အများဆုံးဖြစ်လေ့ရှိပြီး ဒီအချိန်မှာ Estrogen နဲ့ Progesterone လို ဟော်မုန်းတွေဟာ လျော့နည်းသွားပါတယ်။ ဒီလိုဟော်မုန်းအပြောင်းအလဲတွေကြောင့် အမျိုးသမီးတွေဟာ မလိုလားအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။

သွေးဆုံးချိန်မှာ ခံစားရနိုင်တဲ့ အဖြစ်များတဲ့ လက္ခဏာတွေကတော့-

• Hot Flashes (ကိုယ်ပူပြီး ချွေးထွက်ခြင်း): ရုတ်တရက် ခန္ဓာကိုယ်အပူချိန် မြင့်တက်လာပြီး ညဘက်ချွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။

• စိတ်ခံစားချက် မတည်ငြိမ်ခြင်း: စိတ်တိုလွယ်တာ၊ စိတ်ဓာတ်ကျတာ၊ အလွယ်တကူ စိတ်ဆိုးတာတွေ ဖြစ်တတ်ပါတယ်။

• အိပ်မပျော်ခြင်း: အိပ်စက်ရာမှာ အခက်အခဲတွေ ရှိလာနိုင်ပြီး ညဘက် အိပ်ရေးပျက်တာတွေ ဖြစ်နိုင်ပါတယ်။

• အရိုးပွခြင်း: Estrogen ဟော်မုန်း လျော့နည်းသွားတဲ့အတွက် အရိုးသိပ်သည်းဆ ကျဆင်းပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

• ကိုယ်အလေးချိန် တိုးလာခြင်း: ဇီဝကမ္မဖြစ်စဉ် နှေးကွေးလာတဲ့အတွက် ကိုယ်အလေးချိန် တက်လာနိုင်ပါတယ်။

ဒီလိုလက္ခဏာတွေကို သက်သာစေဖို့အတွက်-

လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ: တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ ခန့် လမ်းလျှောက်တာ၊ ရေကူးတာ၊ ယောဂ ကျင့်တာ တွေ လုပ်ပေးပါ။

အစားအသောက်ကို ဂရုစိုက်ပါ: ကယ်လ်ဆီယမ်၊ ဗီတာမင် D နဲ့ အမျှင်ဓာတ်များတဲ့ အစားအစာတွေ ပိုစားပါ။

စိတ်ဖိစီးမှု လျှော့ချပါ: တရားထိုင်တာ၊ စာအုပ်ဖတ်တာနဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ စကားပြောဆိုတာတွေ လုပ်ပေးပါ။

ဖြည့်စွက်စာ သောက်သုံးပါ: အရိုးကျန်းမာရေးအတွက် ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D ပါတဲ့ ဖြည့်စွက်စာ တွေ သောက်သုံးဖို့ ဆရာဝန်နဲ့ တိုင်ပင်နိုင်ပါတယ်။

သွေးဆုံးခြင်းဟာ အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် သဘာဝဖြစ်စဉ်ဖြစ်လို့ စနစ်တကျ ဂရုစိုက်မယ်ဆိုရင် ဒီကာလကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်မှာပါ။

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



World Alzheimer’s Dayဒီနေ့ World Alzheimer's Day မှာ အသက်အရွယ်ကြီးလာလို့ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှု ရောဂါ (Alzheime...
21/09/2025

World Alzheimer’s Day

ဒီနေ့ World Alzheimer's Day မှာ အသက်အရွယ်ကြီးလာလို့ ဖြစ်တတ်တဲ့ မှတ်ဉာဏ်ဆုံးရှုံးမှု ရောဂါ (Alzheimer's disease) ရဲ့ ဆိုးကျိုးတွေကို ပြည်သူလူထု သတိပြုမိစေဖို့နဲ့၊ ဒီရောဂါ ခံစားနေရသူတွေကို ကူညီစောင့်ရှောက်ပေးဖို့ တိုက်တွန်းနှိုးဆော်လိုက်ပါတယ်။

မိမိရဲ့ မိဘ၊ ဆွေမျိုး၊ အဘိုး၊ အဘွားတွေရဲ့ ကျန်းမာရေးကို ဂရုစိုက်ပြီး အချိန်ပေးပါ၊ အားပေးစကားပြောပါ။ သူတို့အတွက် မှတ်ဉာဏ်တွေ မဆုံးရှုံးရအောင် တတ်နိုင်သလောက် ကူညီပံ့ပိုးပေးနိုင်မယ်ဆိုရင် သူတို့ရဲ့ ဘဝနောက်ဆုံးအချိန်တွေဟာ ပိုပြီး ပျော်ရွှင်စရာ ဖြစ်လာမှာပါ။

ဒီနေ့မှာ Alzheimer's ရောဂါရှင်တွေအားလုံးနဲ့ သူတို့ကို ပြုစုစောင့်ရှောက်နေတဲ့သူတွေအားလုံးအတွက် ရင်တွင်းကနေ လေးစားဂုဏ်ပြုရင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



ဗီတာမင်စီရဲ့ အကျိုးကျေးဇူးနဲ့ မှန်ကန်စွာ သောက်သုံးနည်းဗီတာမင် C ဒါမှမဟုတ် Ascorbic Acid ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လ...
16/09/2025

ဗီတာမင်စီရဲ့ အကျိုးကျေးဇူးနဲ့ မှန်ကန်စွာ သောက်သုံးနည်း

ဗီတာမင် C ဒါမှမဟုတ် Ascorbic Acid ဟာ လူ့ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပြီး ခန္ဓာကိုယ်ကနေ သူ့အလိုလို ထုတ်လုပ်ပေးလို့ မရပါဘူး။ ဒါကြောင့် နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေနဲ့ ဖြည့်စွက်စာ တွေကနေတစ်ဆင့် ရယူဖို့ လိုအပ်ပါတယ်။

ဗီတာမင် C ရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့-

• ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးခြင်း: ဗီတာမင် C က သွေးဖြူဥဆဲလ်တွေရဲ့ လုပ်ငန်းဆောင်တာတွေကို အားပေးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အထောက်အပံ့ပေးပါတယ်။ ဒါ့ကြောင့် အအေးမိခြင်း၊ ဖျားနာခြင်းလို ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။

• ကော်လဂျင် ထုတ်လုပ်မှုကို အားပေးခြင်း: ဗီတာမင် C ဟာ အသားအရေ၊ အရိုး၊ သွားဖုံးနဲ့ သွေးကြောတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ကော်လဂျင် (Collagen) ထုတ်လုပ်ရာမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။ ဒါ့ကြောင့် အသားအရေကို နုပျိုစေပြီး အနာကျက်နှုန်းကို မြန်စေပါတယ်။

• ဓာတ်တိုးဆန့်ကျင်အာနိသင် (Antioxidant) ရှိခြင်း: ဗီတာမင် C မှာ Antioxidant ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့အတွက် ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radicals တွေကို တိုက်ထုတ်ပေးပြီး နှလုံးရောဂါနဲ့ ကင်ဆာလို နာတာရှည်ရောဂါတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

• သံဓာတ် စုပ်ယူမှုကို ကူညီခြင်း: ဟင်းသီးဟင်းရွက်တွေမှာပါတဲ့ သံဓာတ်ကို ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်ဖို့ ဗီတာမင် C က ကူညီပေးပါတယ်။ ဒါ့ကြောင့် သံဓာတ်ဖြည့်စွက်စာတွေ သောက်တဲ့အခါ ဗီတာမင် C နဲ့ တွဲသောက်တာ ပိုထိရောက်ပါတယ်။

ဗီတာမင် C ကို လိမ္မော်သီး၊ ရှောက်သီး၊ စတော်ဘယ်ရီ၊ ငရုတ်သီးချို၊ ပန်းဂေါ်ဖီစိမ်းနဲ့ ကီဝီသီးတို့လို အစားအစာတွေကနေ အလွယ်တကူ ရရှိနိုင်ပါတယ်။ လိုအပ်ပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး ဖြည့်စွက်စာ အနေနဲ့ သောက်သုံးနိုင်ပါတယ်...

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



မိခင်နဲ့ ရင်သွေးလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်စုံဖို့ကိုယ်ဝန်ဆောင်ကာလဟာ မိခင်ရော ကလေးအတွက်ပါ အထူးအလေးထားဂရုစိုက်ရမယ့်...
09/09/2025

မိခင်နဲ့ ရင်သွေးလေးအတွက် လိုအပ်တဲ့ အာဟာရတွေ ပြည့်စုံဖို့

ကိုယ်ဝန်ဆောင်ကာလဟာ မိခင်ရော ကလေးအတွက်ပါ အထူးအလေးထားဂရုစိုက်ရမယ့် အချိန်တစ်ခု ဖြစ်ပါတယ်။ ဒီကာလမှာ သန္ဓေသားလေး ကောင်းမွန်စွာ ဖွံ့ဖြိုးဖို့နဲ့ မိခင်ရဲ့ကျန်းမာရေး ကောင်းမွန်နေဖို့ အာဟာရဓာတ်ပြည့်ဝတဲ့ အစားအသောက်တွေနဲ့ သင့်လျော်တဲ့ ဖြည့်စွက်စာတွေက အရေးပါပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အဓိကလိုအပ်ပြီး မရှိမဖြစ်တဲ့ အာဟာရဓာတ်တွေကတော့-

• Folic Acid (ဖောလစ်အက်ဆစ်): ကိုယ်ဝန်မဆောင်မီကတည်းက သောက်သုံးသင့်တဲ့ ဓာတ်တစ်မျိုးပါ။ သန္ဓေသားရဲ့ ဦးနှောက်နဲ့ အာရုံကြောစနစ် ဖွံ့ဖြိုးမှုကို အဓိကကူညီပေးပြီး Spina Bifida လို မွေးရာပါ ချို့ယွင်းချက်တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

• သံဓာတ်: ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရဲ့သွေးပမာဏဟာ ပုံမှန်ထက် ပိုများလာပါတယ်။ ဒါကြောင့် သံဓာတ်ဟာ သွေးနီဥဆဲလ် ထုတ်လုပ်ဖို့နဲ့ အောက်ဆီဂျင်ကို သန္ဓေသားဆီ ပို့ဆောင်ဖို့ အရေးကြီးပါတယ်။ သံဓာတ်မပြည့်စုံရင် သွေးအားနည်းရောဂါ ဖြစ်နိုင်ခြေ မြင့်မားပါတယ်။

• ကယ်လ်ဆီယမ်နဲ့ ဗီတာမင် D: ကလေးရဲ့ အရိုးနဲ့ သွားတွေ သန်မာဖို့အတွက် ကယ်လ်ဆီယမ်ဟာ မရှိမဖြစ်ပါ။ ဗီတာမင် D ကတော့ ကယ်လ်ဆီယမ်ကို ခန္ဓာကိုယ်က ပိုမိုကောင်းမွန်စွာ စုပ်ယူနိုင်အောင် ကူညီပေးပါတယ်။

• Omega-3 Fatty Acids (DHA/EPA): ကလေးရဲ့ ဦးနှောက်နဲ့ အမြင်အာရုံ ဖွံ့ဖြိုးမှုအတွက် အထူးအရေးပါပြီး ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်စားသုံးသင့်တဲ့ အာဟာရဓာတ်တစ်ခု ဖြစ်ပါတယ်။

အမေနဲ့ ရင်သွေးလေးနှစ်ယောက်စလုံး ကျန်းမာစေဖို့အတွက် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မိမိနဲ့ သင့်တော်တဲ့ အာဟာရဖြည့်စွက်စာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ပုံမှန်သောက်သုံးဖို့ အကြံပြု လိုပါတယ်.....

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



တနေ့တာလိုအပ်တဲ့ အာဟာရတွေ ပြည့်ဝဖို့အတွက် Multi-Vitamin…နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်...
02/09/2025

တနေ့တာလိုအပ်တဲ့ အာဟာရတွေ ပြည့်ဝဖို့အတွက် Multi-Vitamin…

နေ့စဉ် စားသောက်နေတဲ့ အစားအစာတွေကနေ လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ အားလုံးကို ပြည့်စုံအောင် ရရှိဖို့ ခက်ခဲတတ်ပါတယ်။ အစားအသောက်ပုံစံ မမှန်တာ၊ အလုပ်များတာ၊ စိတ်ဖိစီးမှု များတာတွေကြောင့် ခန္ဓာကိုယ်ရဲ့လုပ်ငန်းဆောင်တာတွေကို ကောင်းကောင်းလည်ပတ်နိုင်ဖို့ အရေးပါတဲ့ အာဟာရတွေ လျော့နည်းလာနိုင်ပါတယ်။

ဒါ့ကြောင့် Multi-Vitamin ဖြည့်စွက်ဆေးတွေဟာ ဒီလို လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ အကောင်းဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါတယ်။

Multi-Vitamin မှာပါဝင်တဲ့ အဓိက ဗီတာမင်နဲ့ သတ္တုဓာတ်တွေက သင့်ခန္ဓာကိုယ်အတွက် ဘယ်လိုအကျိုးပြုသလဲဆိုရင်တော့

• ဗီတာမင် A, C, E: ဒီဗီတာမင်တွေဟာ Antioxidant (ဓာတ်တိုးဆန့်ကျင်ပစ္စည်း) တွေဖြစ်ပြီး ခန္ဓာကိုယ်ထဲက ဆဲလ်တွေကို ပျက်စီးစေတဲ့ Free Radicals တွေရဲ့ဒဏ်ကနေ ကာကွယ်ပေးပါတယ်။ ဒါ့ကြောင့် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အိုမင်းရင့်ရော်မှုကို နှေးကွေးစေပြီး ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးပါတယ်။

• ဗီတာမင် B-complex: ဒီအုပ်စုမှာပါတဲ့ ဗီတာမင် B1, B2, B3, B6, B12 နဲ့ Folic Acid တို့ဟာ စားသုံးလိုက်တဲ့ အစားအစာတွေကို စွမ်းအင်အဖြစ် ပြောင်းလဲပေးရာမှာ အဓိက ကူညီပါတယ်။ ဒါ့အပြင် ဦးနှောက်နဲ့ အာရုံကြောစနစ်ကို ကျန်းမာစေပြီး စိတ်ဖိစီးမှုကိုလည်း လျှော့ချပေးပါတယ်။

• ဗီတာမင် D နဲ့ ကယ်လ်ဆီယမ်: ဒီဓာတ်နှစ်မျိုးပေါင်းစပ်မှုက အရိုးနဲ့ သွားတွေကို သန်မာစေပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေမှာ ဖြစ်လေ့ရှိတဲ့ အရိုးပွရောဂါကို ကာကွယ်ရာမှာ အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ပါတယ်။

• သံဓာတ်နဲ့ ဇင့်: သံဓာတ်က ခန္ဓာကိုယ်အနှံ့ အောက်ဆီဂျင်သယ်ပို့ရာမှာ မရှိမဖြစ်လိုအပ်ပြီး သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဇင့်ကတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့အပြင် အသားအရေနဲ့ ဆံပင်ကျန်းမာရေးအတွက်လည်း အရေးပါပါတယ်။

ဒါ့ကြောင့် ကျန်းမာပြီး တက်ကြွတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ဖို့ Multi-Vitamin လေးကို နေ့စဉ် ပုံမှန် သောက်သုံးပေးခြင်းဖြင့် သင့်ခန္ဓာကိုယ်ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာပဲ ဖြစ်ပါတယ်....

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



သွေးဆုံးခြင်းနှင့် အမျိုးသမီးကျန်းမာရေးသွေးဆုံးခြင်း (Menopause) ဆိုတာ အမျိုးသမီးတစ်ဦးရဲ့ ဓမ္မတာရာသီစက်ဝန်း ရပ်တန့်သွားတ...
29/08/2025

သွေးဆုံးခြင်းနှင့် အမျိုးသမီးကျန်းမာရေး

သွေးဆုံးခြင်း (Menopause) ဆိုတာ အမျိုးသမီးတစ်ဦးရဲ့ ဓမ္မတာရာသီစက်ဝန်း ရပ်တန့်သွားတာကို ခေါ်ဆိုတာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် အသက် ၄၅ နှစ်ကနေ ၅၅ နှစ်ကြားမှာ ဖြစ်ပွားတတ်ပြီး အမျိုးသမီးတိုင်း ကြုံတွေ့ ရမယ့် သဘာဝဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်.... သွေးဆုံးခြင်းဟာ ဟော်မုန်းအပြောင်းအလဲတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်...

သွေးဆုံးချိန်မှာ ကြုံတွေ့ရနိုင်တဲ့ လက္ခဏာများ-

• ရာသီမမှန်ခြင်း- ရာသီသွေးဆင်းတာ မမှန်တာ၊ ပမာဏ ပြောင်းလဲတာ စတာတွေ ဖြစ်နိုင်ပါတယ်။

• ကိုယ်ပူခြင်းနှင့် ညဘက် ချွေးထွက်ခြင်း (Hot Flashes and Night Sweats)- ရုတ်တရက် ခန္ဓာကိုယ်ပူလာပြီး ချွေးထွက်ခြင်းဟာ အဖြစ်များတဲ့ လက္ခဏာတစ်ခုပါ။

• အိပ်မပျော်ခြင်း- ကိုယ်ပူခြင်း၊ ချွေးထွက်ခြင်းတို့ကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

• စိတ်ခံစားချက် ပြောင်းလဲခြင်း- စိတ်တိုလွယ်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိုးရိမ်ပူပန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

• လိင်စိတ်ဆန္ဒ လျော့နည်းခြင်း

• မိန်းမကိုယ် ခြောက်သွေ့ခြင်း

• အရိုးပွခြင်း- အီစထရိုဂျင် ဟော်မုန်း ကျဆင်းမှုကြောင့် အရိုးသိပ်သည်းဆ လျော့ကျပြီး အရိုးပွရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာပါတယ်။

• ဆံပင်ကျွတ်ခြင်း၊ အသားအရေ ခြောက်သွေ့ခြင်း

• မှတ်ဉာဏ်အားနည်းခြင်း

သွေးဆုံးချိန်မှာ ကျန်းမာစွာ နေထိုင်နိုင်ဖို့ ဘာတွေလုပ်ဆောင်သင့်လဲဆိုရင်‌တော့

• ကျန်းမာရေးနဲ့ညီညွတ်စွာ စားသောက်ပါ- ကယ်လ်စီယမ်နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- နို့ထွက်ပစ္စည်း၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ) ကို များများစားပါ။

• ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ- အရိုးသိပ်သည်းဆကို ထိန်းသိမ်းဖို့နဲ့ စိတ်ဖိစီးမှုကို လျှော့ချဖို့အတွက် ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ။

• ဆေးလိပ်ဖြတ်ခြင်းနှင့် အရက်လျှော့ချခြင်း- ဒါတွေက သွေးဆုံးလက္ခဏာတွေကို ပိုဆိုးစေနိုင်ပါတယ်။

• စိတ်ဖိစီးမှုကို ထိန်းချုပ်ပါ- ယောဂ၊ တရားထိုင်ခြင်း သို့မဟုတ် အနားယူခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို လျှော့ချပါ။

• ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ- လက္ခဏာတွေ ပြင်းထန်ပါက သို့မဟုတ် စိုးရိမ်စရာရှိပါက ဆရာဝန်နဲ့ တိုင်ပင်ပြီး လိုအပ်တဲ့ ကုသမှု သို့မဟုတ် ဟော်မုန်း အစားထိုးကုသမှု (HRT) အကြောင်း ဆွေးနွေးနိုင်ပါတယ်။

သွေးဆုံးခြင်းဟာ အမျိုးသမီးတိုင်း ကြုံတွေ့ရမယ့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး မှန်ကန်တဲ့ ပြင်ဆင်မှုတွေနဲ့ ကျန်းမာတဲ့ ဘဝပုံစံကို ကျင့်သုံးခြင်းဖြင့် ဒီကာလကို ကျော်ဖြတ်နိုင်မှာပဲ ဖြစ်ပါတယ်.....

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်


Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



ကိုယ်ဝန်ဆောင်ချိန်တွင် ဂရုပြုသင့်သော အာဟာရနှင့် ကျန်းမာရေးကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်လောင်းတွေအတွက် အရေးကြီးဆုံးနဲ့ ဂရုစိ...
26/08/2025

ကိုယ်ဝန်ဆောင်ချိန်တွင် ဂရုပြုသင့်သော အာဟာရနှင့် ကျန်းမာရေး

ကိုယ်ဝန်ဆောင်ချိန်ဟာ မိခင်လောင်းတွေအတွက် အရေးကြီးဆုံးနဲ့ ဂရုစိုက်ရမယ့် အချိန်ကာလတစ်ခု ဖြစ်ပါ တယ်... မိခင်ရဲ့ ကျန်းမာရေးနဲ့ စားသောက်နေထိုင်မှုပုံစံဟာ ရင်သွေးလေးရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် တိုက်ရိုက် သက်ရောက်မှု ရှိပါတယ်... ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသုံးပြီး ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်....

ကိုယ်ဝန်ဆောင်ချိန်မှာ အဓိကထား ဂရုစိုက်ရမယ့်အချက်များ-

• ဖောလစ်အက်ဆစ် (Folic Acid)- ကိုယ်ဝန်မဆောင်မီကတည်းက သို့မဟုတ် ကိုယ်ဝန်ဆောင်စမှာ ဖောလစ်အက်ဆစ်ကို မှီဝဲသင့်ပါတယ်။ ဒါဟာ မွေးကင်းစကလေးငယ်တွေမှာ ဦးနှောက်နဲ့ အာရုံကြော ဆိုင်ရာ မွေးရာပါချို့ယွင်းချက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

• သံဓာတ် (Iron)- ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်လိုအပ်ချက် ပိုများလာတဲ့အတွက် သံဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ (ဥပမာ- အသား၊ ငါး၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များ) စားသုံးသင့် ပါတယ်။ လိုအပ်ပါက သံဓာတ်ဖြည့်စွက်ဆေး မှီဝဲနိုင်ပါတယ်။

• ကယ်လ်စီယမ် (Calcium)- ကလေးရဲ့ အရိုးနဲ့ သွားတွေ ဖွံ့ဖြိုးဖို့အတွက် ကယ်လ်စီယမ် လိုအပ်ပါတယ်။ နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေကနေ ရရှိနိုင်ပါတယ်။

• ဗီတာမင်ဒီ (Vitamin D)- ကယ်လ်စီယမ် စုပ်ယူမှုအတွက် ဗီတာမင်ဒီ လိုအပ်ပါတယ်။ နေရောင်ခြည် ခံခြင်း နဲ့ ဗီတာမင်ဒီ ကြွယ်ဝတဲ့ အစားအစာတွေကနေ ရရှိနိုင်ပါတယ်။

• ရေဓာတ်ပြည့်ဝနေစေခြင်း- တစ်နေ့ကို ရေအလုံအလောက် သောက်သုံးခြင်းဟာ ဝမ်းချုပ်ခြင်းနဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

• ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာများ- ပြုပြင်ထားတဲ့ အစားအစာတွေ၊ အဆီများတဲ့ အစားအစာတွေ၊ ကဖိန်းဓာတ်များတဲ့ အချိုရည်တွေကို ရှောင်ကြဉ်ပြီး လတ်ဆတ်တဲ့ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်၊ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုးတို့ကို မျှတအောင် စားသုံးပါ။

• ပုံမှန် ဆရာဝန်နဲ့ ပြသခြင်း- ကိုယ်ဝန်ဆောင်ကာလတစ်လျှောက်လုံး ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ စစ်ဆေးမှုတွေနဲ့ အကြံဉာဏ်တွေ ရယူပါ။

• အနားယူခြင်းနှင့် စိတ်ဖိစီးမှုလျှော့ချခြင်း- လုံလောက်စွာ အနားယူပြီး စိတ်ဖိစီးမှုတွေကို လျှော့ချခြင်းက မိခင်ရော ကလေးပါ ကျန်းမာဖို့အတွက် အရေးကြီးပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းများအားလုံး ကျန်းမာပျော်ရွှင်စွာနဲ့ ကျန်းမာသန်စွမ်းတဲ့ ရင်သွေးလေးတွေ မွေးဖွားနိုင်ကြပါစေနော်.....

ဆေးဝါးနှင့် ဆေးပညာဗဟုသုတတွေကို သိရှိနိုင်ဖို့အတွက်

Viber Channel
https://invite.viber.com/...

Telegram Channel
https://t.me/APTMyanmar

Tiktok
https://www.tiktok.com/

တွေကို Join ထားဖို့အတွက်လည်း မမေ့ပါနဲ့နော်....



Address

No. 32, Manawhari Road, Dagon Township
Yangon
11191

Opening Hours

Monday 08:00 - 15:30
Tuesday 08:00 - 15:30
Wednesday 08:00 - 15:30
Thursday 08:00 - 15:30
Friday 08:00 - 15:30

Telephone

+959981400500

Alerts

Be the first to know and let us send you an email when Aung Paing Tun Co., Ltd. - APT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Aung Paing Tun Co., Ltd. - APT:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram