Tarot by Virgo

Tarot by Virgo A translator of energy

အချိန်မတန်ခင်ဇိမ်မခံမိစေနဲ့****************************သူတစ်ပါးကို အားကျရုံမျှဖြင့်မင်းဘဝကြီး မတိုးတက်နိုင်ပါဘူး.....ကို...
04/05/2023

အချိန်မတန်ခင်ဇိမ်မခံမိစေနဲ့
****************************
သူတစ်ပါးကို အားကျရုံမျှဖြင့်
မင်းဘဝကြီး မတိုးတက်နိုင်ပါဘူး.....
ကိုဒူးကို ချွန်ပြီး ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင်အောင် ကြိုးစားပါ.......
လောကကြီးမှာ ဘယ်အရာမှာ အလကားမရပါ
လက်ဝါးဖြန်ဖို့ အရှုက်တွေ ရင်းရသလို့
ပေးကမ်းသူရှိမှာ ရမဲ့ အရာထက် လက်သီးဆုပ်ပြီး မိုးပေါ်ကို မြှောက်နိုင် ကြိုးစားပါ..........
လက်မ ထောင်နိုင်ရင်တော့ ပိုအဆင်ပြေမယ်
လုပ်ဖော် ကိုင်ဖက် အချင်းချင်း မျက်စောင်း
ထိုးနေရုံနဲ့ မင်း ဘဝကြီး မပြောင်းလဲဘူး........
လက်ညိုးထိုးပြီး ထောက်ပြနိုင်မှာ့ မင်း
ဘဝက အောင်မြင့် မှူ လမ်းမပေါ် ရောက်နိုင်မှာ....
လောကမှာ ကိုယ်ထက် အတဲ့ ကောင်မရှိဘူး
ကိုယ်ကို တိုင်က သူများ လက်ညိုးအောက်မရောက်
ဖို့ လိုအပ်တယ်.... တစ်ထောင်ရပြီး ပျော်နေရင် မင်း ဘဝက တစ်ထောင်ပဲ တန်မယ်...........
ကြိုးစားပါ အနည်းဆုံးတော့
ဓာတ်ပုံ ဘောင်နဲ့ မင်းဧည့်ခန်းမှာ မိန့်မိန့် ကြီး ပြုံးလို့ရတာပေါ့.............
မင်းခြေလှမ်းတွေ နောက်မကျ သေးဘူး
ထင်ရင် ရောက်တဲ့ နေရာကနေ ဆက်လျှောက်ပါ
ဒါ မင်း ဘဝရဲ့ တက်လမ်းပဲ...........
အချိန်မတန်ပဲ ဇိမ်မခံပါနဲ့ အနှိမ်ခံ ဘဝထဲက
လွတ်မြှောက်နိုင်အောင် ကြိုးစားပါ......

လေးစားလျှက်..crd.
Credit

အဖက်ဖက်မှ ငွေဝင်ကြပါစေ..
04/05/2023

အဖက်ဖက်မှ ငွေဝင်ကြပါစေ..

03/05/2023

(၀၃.၀၅.၂၀၂၃)

တနေ့တာ ကံကောင်းစေသော

အကျိုးပေးဂဏန်း - 4 / 5

ကံအကျိုးပေးလို့ ငွေဝင်ကြပါစေ။

02/05/2023

(၀၂.၀၅.၂၀၂၃) တနေ့တာ ကံကောင်းစေသော

အကျိုးပေးဂဏန်း - 9 / 1

ကံအကျိုးပေးလို့ ငွေဝင်ကြပါစေ။

အကြွေး အမြန်ကြေစေရန်။၁။မဆပ်နိုင်လောက်အောင် များပြားတဲ့ ပိုက်ဆံအကြွေးတွေ တင်နေရင် မိမိအိမ်ခြံဝင်း အပြင်ဘက်တစ်နေရာ မြက်ခင်...
29/04/2023

အကြွေး အမြန်ကြေစေရန်။

၁။မဆပ်နိုင်လောက်အောင် များပြားတဲ့
ပိုက်ဆံအကြွေးတွေ တင်နေရင် မိမိအိမ်ခြံဝင်း အပြင်ဘက်တစ်နေရာ မြက်ခင်းပြင်၊ချုံပုတ်တွေတို့မှာပေါ့လေ သကြားလေးနဲနဲ ဖြူးပြီး ပိုးပုရွက်စာအဖြစ် ဒါနပြုရပါတယ်။ ထင်မထားတဲ့ ငွေကြေး အစုလိုက်အပုံလိုက်ကို ရရှိစေပါတယ်။ ပိုး ပုရွက်ဆိတ်များက ရာဟုဂြိုဟ်ကို ကိုယ်စားပြုပြီး ဒီဂြိုဟ်က ငွေကို အစုလိုက်အပုံလိုက် ပေးလို့ဖြစ်ပါတယ်။

၂။ ဂျုံမှုန့်သန့်သန့်ကို ရေနဲ့နယ်ပါ။ လက်ဖက်ရည်ဆိုင်က ပလာတာ
ထပ်တရာလုပ်ဖို့ နယ်ထားတဲ့ ဂျုံလုံးကိုလည်း ဝယ်ယူနိုင်ပါတယ်။ အီကြာကွေးလုပ်ဖို့ နယ်ထားတဲ့ ဂျုံတော့ မရပါဘူး။ ဆော်ဒါတို့ ဆားတို့ပါတတ်
လို့ပါ။ ဒီဂျုံကို ကုလားပဲလုံးအရွယ် လုံးလိုက်ပြီး
"ဥုံ သီရိဒေဝိယ နမော" လို့ ရွတ်လိုက်ရင်း ရေရှင်ထဲမှာ ငါးစာအဖြစ်ကျွေးရပါတယ်။ တစ်ကြိမ်ကျွေးရင် ၁၀၈ လုံးကျွေးရပါတယ်။ ကုလားပဲလုံး အရွယ်ထက်တော့ မသေးရပါဘူး။ အလုပ်တွေ ငွေတွေ ဝင်လာပြီး အကြွေးဆပ်နိုင်စေပါတယ်။ တစ်ကြိမ်မှာ ၁၀၈ လုံးနဲ့ ကျွေးသွားခဲ့ရင် အံ့လောက်စရာတွေက ပထမတစ်ကြိမ်မှာတင် ကြုံရတာ။ ကိုးကြိမ်ပြည့်ခဲ့ရင် ကြုံရတာတွေတော့
အံမခန်း ပါ။
ဤလုပ်ဆောင်ရမည့်နည်းလမ်းများကို မသိသေးသူမိတ်ဆွေအသစ်များလည်း သိစေရန် နှင့် သိပြီးသားမိတ်ဆွေများကလည်း သတိရစေရန် ပြန်လည်တင်ပေးရခြင်းဖြစ်ပါတယ်။


19/04/2023

အပူချိန်အရမ်းမြင့်တက်နေပါတယ်။
ဒီနေ့ အပူချိန်ဟာ ၄၃ C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇C အထိ ရောက်နိုင်ပါတယ်။
အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင် ယခင်က ၁C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။ အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။အပူချိန် ၁C တက်လာတိုင်းပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။
အထူးသတိထားကြပါ။
မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။ အခု အပူချိန် ၂C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။ ဒီအခြေအနေဟာ တော်သေးတယ်လို့ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။
ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။အအေးစာတွေက အပူစုပ်နိုင်ပေမယ့်အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။
အရေးကြီးတာကနေပူထဲမှာနံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်းသွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်းရှောင်ကြဉ်ကြပါ။ချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။
အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊ ရေချိုးခြင်းတို့ ရှောင်ပါ။ဆားနှင့် ရေသောက်ခြင်းကိုလည်းမပြုလုပ်ကြပါနဲ့။
အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့် ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။ အဲယားကွန်းခန်းအတွင်းအဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။
အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါကခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့ဖြစ်တတ်ပါတယ်။အဲကွန်းခန်းထဲ ကြာရှည်နေရသူများအပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီးမူးဝေတတ်ပါတယ်။
ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။
ချွေးထွက်လွန်သူမှ လွဲ၍ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။ဟင်းကျန်များ နွေးရာတွင်ရေဖြည့်ထည့်၍ နွေးပါ။လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

❤️❤️Choose an image that matches your mood ❤️❤️တစ်ချိန်မှာ ဆုံတွေ့ရမယ့် ကိုယ့်ရဲ့ ဘဝလက်တွဲဖော်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုတ...
14/03/2023

❤️❤️Choose an image that matches your mood ❤️❤️

တစ်ချိန်မှာ ဆုံတွေ့ရမယ့် ကိုယ့်ရဲ့ ဘဝလက်တွဲဖော်က ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ပုံဖော်ကြည့်ကြဖို့ ကြိုက်နှစ်သက်ရာပုံလေးတပုံကို ရွေးကြည့်ကြမယ်။
စိတ်ကို ရှင်းနေအောင်ထားပြီး မိမိစိတ်နဲ့ ထပ်တူကျမယ့် ပုံလေးကိုရွေးပါနော်။
အဖြေလေးတွေကို ပုံတပုံချင်းစီအောက်မှာ တင်ပေးထားပါတယ်။
General Reading ဖြစ်တဲ့ အတွက် လူတိုင်းနဲ့ ကိုက်ညီချင်မှ ကိုက်ညီပါလိမ့်မယ် ဆိုတာကို သတိပေးပါရစေ။
လက်ရှိရွေးချယ်ထားသူ မရှိသေးသူများ ၊ ရွေးချယ်စရာလေးတွေ ဖြစ်နေလို့ ဘယ်အချက်လေးနဲ့ ကိုက်ညီမလဲ သိချင်သူများ ၊ အမှန်တကယ် သိချင်တဲ့သူများပဲ စိတ်ကလေးသေချာ နှစ်ပြီး ရွေးပေးပါနော်။
ကိုယ်တိုင်က အပျော်သဘောမျိုး ၊ ဘာပဲဖြစ်ဖြစ် ဝင်ရွေးကြည့်လိုက်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ ရွေးချယ်မိရင်တော့ Energy မကိုက်တာလေးတွေ ရှိနိုင်ကြောင်း အသိပေးပါရစေနော်။
မတူညီတဲ့ Pile Reading လေးတွေ တင်ပေးမှာမို့ Like & Follow လေးလုပ်ပေးထားကြပါအုံး ရှင့်။

လက်လွန်တာလေးတွေ ပြန်ရဖို့ Universe ကနေ ခွန်အားတွေ ယူကြမယ်Photo Crd
13/03/2023

လက်လွန်တာလေးတွေ ပြန်ရဖို့ Universe ကနေ ခွန်အားတွေ ယူကြမယ်

Photo Crd

အချစ်ရေး အဆင်ပြေလိုလျှင်======== ======== ဒီနေ့မှာတော့ တားရော့နဲ့ အချစ်ရေး အဆင်ပြေစေဖို့ ဘယ်လို အစီအရင်မျိုး လုပ်လို့ရနိ...
07/03/2023

အချစ်ရေး အဆင်ပြေလိုလျှင်
======== ========
ဒီနေ့မှာတော့ တားရော့နဲ့ အချစ်ရေး အဆင်ပြေစေဖို့ ဘယ်လို အစီအရင်မျိုး လုပ်လို့ရနိုင်မလဲ ဆိုတာ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
တားရော့ မေဂျာကဒ်တွေထဲက The Lovers ကဒ်နဲ့ မိုင်နာတွေထဲက Two of Cups ကဒ်ကို မိမိရဲ့ကုတင်အိပ်ရာဘေးမှာ တင်ထားရပါမယ်။ ပြီးရင် The Lovers ကဒ်ဘေးမှာ ဖယောင်းတိုင် တစ်ချောင်း၊ Two of Cups ကဒ်ဘေးမှာ ဖယောင်းတိုင် တစ်ချောင်း ထွန်းညှိရပါမယ်။
ဖယောင်းတိုင်မီး ထွန်းပြီးရင်တော့ မိမိရဲ့ စိတ်ကူးထဲမှာ ချစ်သူ (လိုချင်တဲ့ ဖူးစာရှင်ပုံစံ) ကို ပုံဖော်ကြည့်ပြီး မိမိနဲ့ အချစ်ရေး အဆင်ပြေနေပြီဆိုပြီး ငါးမိနစ်ခန့် မြင်ယောင်ကြည့်ရပါမယ်။ ငါးမိနစ် ပြည့်ရင်တော့ ဖယောင်းတိုင် မီးများကို မှုတ်လိုက်ပြီး တားရော့ကဒ်များကို ကျေးဇူးတင်ပါတယ်လို့ ပြောပေးရမှာ ဖြစ်ပါတယ်။
ဒီ အစီအရင်ဟာ လွယ်လည်း လွယ်ကူသလို မိမိရဲ့ အချစ်ရေး အဆင်မပြေမခြင်း မကြာမကြာ ပြုလုပ်လို့ ရပါတယ်။ အသုံးပြုပြီးသား ဖယောင်းတိုင်တွေနဲ့ပဲ နောက်နေ့များမှာ ထပ်မံ ပြုလုပ်နိုင်ပါတယ်။ ဖယောင်းတိုင်အဟောင်း ကုန်သွားမှ နောက်ထပ် ဖယောင်းတိုင် အသစ် ထွန်းညှိပြီးလုပ်လို့ ရပါတယ်။
ဘဝလမ်းတလျှောက်လုံး အချစ်ရေးများ သာယာပျော်ရွှင်နိုင်ကြပါစေနော်..




Photo credit from Pinterest.

လောက နိယာမPhoto Credit.
06/03/2023

လောက နိယာမ

Photo Credit.

Address

Yangon

Alerts

Be the first to know and let us send you an email when Tarot by Virgo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram