18/08/2025
ဆီးချိုရှိတဲ့ အမျိုးသမီးများ သိသင့်သောအချက် ၇ ချက်
ဆီးချိုရှိတဲ့ အမျိုးသမီးများ က သူများတွေထက် ပိုပြီး ဂရုစိုက်ရပါတယ်။ သွေးတွင်းသကြားဓာတ်ကို သေချာထိန်းထားနိုင်မယ်။ ကျန်းမာရေးနဲ့ ညီညွတ်အောင် စားမယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်မယ်ဆိုရင် ကျန်းကျန်းမာမာနဲ့ နေနိုင်မှာ ဖြစ်ပါတယ်။
(၁) နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများခြင်း
(၂) မိန်းမကိုယ်နဲ့ ဆီးလမ်းကြောင်း ပိုးဝင်နိုင်ခြေ ပိုများခြင်း
(၃) ရာသီစက်ဝန်းကို အပြောင်းအလဲ ဖြစ်စေနိုင်ခြင်း
(၄) လိင်မှုဘဝမှာ အပြောင်းအလဲ ဖြစ်နိုင်ခြင်း
(၅) သန္ဓေတားနည်းလမ်းတွေ ရွေးချယ်တဲ့အခါ ဆီးချိုရောဂါကို ထည့်သွင်းစဉ်းစားသင့်ခြင်း
(၆) ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုကြောင့် ကလေးမထိခိုက်အောင် သတိထားဖို့ လိုအပ်ခြင်း
(၇) သွေးဆုံးပြီးချိန်မှာ ပိုပြီးဂရုစိုက်ဖို့ လိုအပ်ခြင်းတို့ ဖြစ်ပါတယ်။
ဆီးချိုရှိတဲ့ အမျိုးသမီး က ဒီအချက်တွေကို သိထားဖို့ လိုပါတယ်။ သွေးတွင်းသကြားဓာတ်ကို ထိန်းနိုင်မယ်ဆိုရင် ဒီပြဿနာတော်တော်များများက ပြေလည်နိုင်မှာ ဖြစ်ပါတယ်။
နောက်အပတ်တွေမှာ ဗဟုသုတရစရာလေးတွေကို မျှဝေပေးသွားမှာဖြစ်လို့ Page လေးကို Like & Follow လေးလုပ်ထားဖို့မမေ့ပါနဲ့နော်။
Branch
#သုခမင်္ဂလာ