Servier Myanmar

Servier Myanmar Servier is a pharmaceutical company, committed to therapeutic progress to serve patient needs. SERVIER was established in Myanmar since 1997.

Founded to serve health, SERVIER is a global group governed by a Foundation that aspires to have a meaningful social impact, both for patients and for a sustainable world. With its unique governance model, it can fully serve its vocation with a long-term vision: being committed to therapeutic progress to serve patient needs. Our primary focuses are on Diabetes, Hypertension, Cardiology, Venous Disease and Depression, supported by 150 professional staffs and 14 products. We are driven by shared values and guided by common vision with patients and health care professionals. SERVIER Myanmar has been certified as ‘Great Place to Work’ for 2 consecutive years since 2021. We will continue our presence with a broad range of evidence-based medicines supported by scientific collaboration with Health Care Professionals to serve Myanmar patient needs. Content on website links shared are provided for information purposes only. The information and materials contained on these websites are not intended to constitute a comprehensive guide concerning all aspects of the therapy, product or treatment described on the website. All users are urged to always seek advice from a registered health care professional for diagnosis and answers to their medical questions and to ascertain whether the particular therapy, service, product or treatment described on the website is suitable in their circumstances. Servier Myanmar does not endorse or in any way support therapy, service, product or treatment reflected in these sites, and shall not bear any liability for reliance by any user on the materials contained on this website. In the event of a side effect related to the use of a medicine or medical device, or any other product, please contact your physician. You can also submit a report through Myanmar FDA. You may also report any side effects or product complaints that you, your family or friends have experienced with the use of Servier products by sending us an email to pv_myanmar@servier.com. For any medical enquiry, please contact medicalinfo.mm@servier.com.

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD) နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကို  ဖော်ပြပေးလိုက်ပါတယ်၊၊ အမျိုးသမီးတွေမှာပဲ...
05/08/2025

နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD) နဲ့ပတ်သက်တဲ့ အသိပညာဗဟုသုတတွေကို ဖော်ပြပေးလိုက်ပါတယ်၊၊

အမျိုးသမီးတွေမှာပဲ နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD) ဖြစ်နိုင်သလား?
အမျိုးသမီးတွေမှာ ပိုအဖြစ်များသော်လည်း၊ အမျိုးသား ၄၀% ခန့်ဟာလည်း တစ်ချိန်ချိန်မှာ သွေးပြန်ကြောထုံးနိုင်ပါတယ်။

အညောင်းထိုင်တဲ့ နေထိုင်မှုပုံစံက CVD ဖြစ်စေသလား?
ခြေထောက်ကြွက်သားတွေ ပုံမှန်မလှုပ်ရှားရင် သွေးညှစ်အားနည်းကာ၊ သွေးလည်ပတ်မှုညံ့ဖျင်းပြီး သွေးပြန်ကြောဖိအားမြင့်တက်စေကာသွေးကြောထုံးနိုင်ခြေ ပိုများပါတယ်။
နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD) ကျန်းမာရေးအကြောင်း ပိုမိုလေ့လာရန် servier.com တွင် ဝင်ရောက်ကြည့်ရှုပါ။

မြို့လည်လျှောက်  ၊ ခရီးထွက်  ၊ အားကစားလုပ်  ၊ ပန်းခြံမှာ အပန်းဖြေတာတွေ   မလုပ်ခင်... ခြေထောက်လေးတွေကို အရင်ဂရုစိုက်လိုက်...
05/08/2025

မြို့လည်လျှောက် ၊ ခရီးထွက် ၊ အားကစားလုပ် ၊ ပန်းခြံမှာ အပန်းဖြေတာတွေ မလုပ်ခင်... ခြေထောက်လေးတွေကို အရင်ဂရုစိုက်လိုက်ကြရအောင်!
တစ်ကမ္ဘာလုံးတွင် နာတာရှည်ခြေထောက်သွေးပြန်ကြောရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၈၃.၆ ရာခိုင်နှုန်းအထိ မြင့်မားနေသည်ဟု ခန့်မှန်းထားပါသည်။
ဒါကြောင့် သင့်ခြေထောက်ရဲ့ ကျန်းမာရေးကို ဦးစားပေးဖို့က အခုအချိန်ပါပဲ!
နာတာရှည်ခြေထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD) ကျန်းမာရေးအကြောင်း ပိုမိုလေ့လာရန် servier.com တွင် ဝင်ရောက်ကြည့်ရှုပါ။

30/07/2025

နာတာရှည်ခြေ‌ထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD)၏ အစောဆုံးလက္ခဏာများ -
📌ခြေထောက်လေးလံခြင်း
📌နာကျင်ခြင်း
📌ရောင်ရမ်းခြင်း
📌 ကြွက်တက်ခြင်း
📌ခြေထောက်များ မအီမသာဖြစ်ခြင်း
📌ပင့်ကူအိမ်သွေးကြောထုံးများဖြစ်ပေါ်ခြင်း
📌သွေးပြန်ကြောထုံးခြင်း

ဒီလက္ခဏာတွေ သတိထားမိပြီဆိုရင် လျစ်လျူမရှုပါနဲ့! 🚨
သင့်ခြေထောက်တွေက သူတို့ကို ဂရုစိုက်ဖို့ အချက်ပေးနေပါပြီ။

နာတာရှည်ခြေ‌ထောက်သွေးပြန်ကြောအားနည်းရောဂါCVD) ကျန်းမာရေးအကြောင်း ပိုမိုလေ့လာရန် servier.com တွင် ဝင်ရောက်ကြည့်ရှုပါ။

နာတာရှည်ခြေ‌ထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD)လက္ခဏာများကို သတိထားပါ။ခြေထောက်များကို လှုပ်ရှားကာ ကျန်းမာရေးကို ဂရုစိုက်...
27/07/2025

နာတာရှည်ခြေ‌ထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD)လက္ခဏာများကို သတိထားပါ။
ခြေထောက်များကို လှုပ်ရှားကာ ကျန်းမာရေးကို ဂရုစိုက်ပါ။

နာတာရှည်ခြေ‌ထောက်သွေးပြန်ကြောအားနည်းရောဂါ (CVD)ဖြစ်နိုင်ခြေမြင့်စေသော အကြောင်းရင်းများမှာ ....
- အသက်အရွယ်
- ကျား/မ
- ကိုယ်အလေးချိန်များခြင်း
- လှုပ်ရှားမှုနည်းခြင်း
- အဝလွန်ခြင်း
- ဆေးလိပ်သောက်ခြင်း
- မျိုးရိုးဗီဇ တို့ကြောင့် ဖြစ်ပါတယ်၊၊
နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) ကျန်းမာရေးအကြောင်း ပိုမိုလေ့လာရန် servier.com တွင် ဝင်ရောက်ကြည့်ရှုပါ။

24/07/2025

သင့်ခြေထောက်များကို စောလျင်စွာ ဂရုစိုက်ပါ၊၊ သင့်ကျန်းမာရေး အတွက်ပါ၊၊ 🦵🏻🦵🏻
သင့်ခြေထောက်များကို ဂရုစိုက်ရန် အချိန်တန်ပါပြီ။
နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသန်းပေါင်းများစွာခံစားနေရသော်လည်း လူအများစုက သတိမထားမိကြပါ။ နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) လက္ခဏာများကို စောစီးစွာ သတိပြုမိခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိူးများကို ကာကွယ်နိုင်ပါတယ်၊၊
ခြေထောက်ကျန်းမာရေးအတွက် စောစီးစွာ ဂရုစိုက်ရန်အရေးကြီးပုံကို ကျန်းမာ‌ေ ရးအသိပညာပေးလှုံ့ဆော်မှုတွင် ပါဝင်ရန် တိုက်တွန်းလိုက်ရပါသည်၊၊

နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) ကျန်းမာရေးအကြောင်း ပိုမိုလေ့လာရန် servier.com တွင် ဝင်ရောက်ကြည့်ရှုပါ။

သန်စွမ်းကျန်းမာသော ‌ခြေထောက်များနဲ့ လှုပ်ရှားပါ။သင့်ရဲ့ခြေလှမ်းတိုင်းဟာ သင်သွားချင်တဲ့နေရာ၊ရောက်ဖူးချင်တဲ့နေရာကို ပို့ဆေ...
22/07/2025

သန်စွမ်းကျန်းမာသော ‌ခြေထောက်များနဲ့ လှုပ်ရှားပါ။
သင့်ရဲ့ခြေလှမ်းတိုင်းဟာ သင်သွားချင်တဲ့နေရာ၊ရောက်ဖူးချင်တဲ့နေရာကို ပို့ဆောင်ပေးပါတယ်၊၊
ခြေထောက်များဟာ သင့်ဘဝတစ်လျှောက်လုံး အားကိုးရာဖြစ်တာမို့ သူတို့ကို ဂရုစိုက်ဖို့ လိုအပ်ပါတယ် 🧦🧦
နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) သည် ကမ္ဘာတစ်ဝှမ်းလုံးရှိ လူသန်းပေါင်းများစွာခံစားနေရသော်လည်း လူအများစုက သတိမထားမိကြပါ။ နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) သည် သင့်ခြေထောက်မှ သွေးကို နှလုံးသို့ ပြန်လည်ပို့ဆောင်ရာတွင် အခက်အခဲဖြစ်စေပြီး ရောင်ရမ်းခြင်း၊ နာကျင်ခြင်း၊ သွေးကြောများထုံးခြင်း (သွေးပြန်ကြောထုံးခြင်း) နှင့် တချို့အခြေအနေများတွင် ပိုမိုဆိုးရွားသော နောက်ဆက်တွဲများကို ဖြစ်စေနိုင်ပါသည်။

နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) ခံစားရပါက သတိထားရမည့် အချက်များမှာ -

✅ခြေထောက်များ လေးလံခြင်း
✅အထူးသဖြင့် အကြာကြီးထိုင်ပြီး (သို့မဟုတ်) ရပ်ပြီးနောက် ရောင်ရမ်းခြင်း
✅မြင်သာသော သွေးကြောထုံးများရှိခြင်း (သွေးပြန်ကြောထုံးခြင်း)
✅ခြေထောက်များတွင် နာကျင်ခြင်း (သို့မဟုတ်) မသက်မသာဖြစ်ခြင်း

နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) လက္ခဏာများကို စောစီးစွာ သတိပြုမိခြင်းဖြင့် နောက်ဆက်တွဲဆိုးကျိူးများကို ကာကွယ်နိုင်ပြီး သင့်ခြေထောက်များဟာ သက်တောင့်သက်သာ လှုပ်ရှားနိုင်စေမှာဖြစ်ပါတယ်၊၊
💪အကယ်၍ သင့်တွင် ဤလက္ခဏာများထဲမှ တစ်ခုခု ရှိနေပါက အချိန်မီဆရာဝန်နဲ့ တိုင်ပင်စစ်ဆေးကာ သင့်ခြေထောက်များကို ကာကွယ်ပါ။ 👈

နာတာရှည်သွေးပြန်ကြောအားနည်းရောဂါ (CVD) ကျန်းမာရေးအကြောင်း ပိုမိုလေ့လာရန် servier.com တွင် ဝင်ရောက်ကြည့်ရှုပါ။

နှလုံးညှစ်အားနည်းရောဂါ(heart failure) ကဘာလဲ❓နှလုံးညှစ်အားနည်းတယ်ဆိုတာ နှလုံးဟာ ခန္ဓာကိုယ်အတွင်း သွေးကောင်းမွန်စွာလည်ပတ်အ...
16/07/2025

နှလုံးညှစ်အားနည်းရောဂါ(heart failure) ကဘာလဲ❓

နှလုံးညှစ်အားနည်းတယ်ဆိုတာ နှလုံးဟာ ခန္ဓာကိုယ်အတွင်း သွေးကောင်းမွန်စွာလည်ပတ်အောင် ညှစ်မထုတ်နိုင်တာပဲဖြစ်ပါတယ်..နှလုံးအားနည်းလာတာဒါမှမဟုတ် မာတင်းလာတဲ့အခါ နှလုံးညှစ်အားနည်းတဲ့ရောဂါဖြစ်လာပါတယ်..

နှလုံးညှစ်အားနည်းတဲ့ရောဂါကို ဖြစ်စေတဲ့အကြောင်းအရင်းတွေကဘာတွေလဲ?
• နှလုံးသွေးကြောဆိုင်ရာရောဂါများ
• နှလုံးကြွက်သားကို ထိခိုက်စေတဲ့ အခြေအနေ(နှလုံးခုန်မမှန်ခြင်း)
• နှလုံး အဆို့ရှင်မှာ ပြဿနာဖြစ်ခြင်း (နှလုံးအဆို့ရှင်ကျဥ်းတာ (သို့မဟုတ်) ယိုစိမ့်တာ)
• မွေးရာပါ နှလုံးချို့ယွင်းချက်တွေကြောင့်ပဲဖြစ်ပါတယ်
သတိထားစောင့်ကြည့်သင့်တဲ့ ရောဂါဝေဒနာလက္ခဏာတွေကဘာတွေလဲ❓
ခြေကျင်းဝတ်နဲ့ ခြေထောက်တွေ ရောင်ရမ်းတာ၊ အသက်ရှူရခက်ခဲတာ ၊ မူးဝေတာ၊ပင်ပန်းနွမ်းနယ်တာ၊ နှလုံးခုန်နှုန်းမြန်တာ နဲ့ ချောင်းအဆက်မပြတ်ဆိုးတာ တို့ပဲဖြစ်ပါတယ်..

နှလုံးခုန်နှုန်းကို လျော့ချပေးဖို့ ဘာတွေလိုအပ်လဲ❓
ရေရှည်အတွက် နှလုံးခုန်နှုန်းလျော့ချဖို့အတွက် အောက်ပါအချက်တွေကိုပြုလုပ်ပါ။
• နေ့စဥ်‌လေ့ကျင့်ခန်း ပုံမှန် စတင်လုပ်ပေးပါ.
တနေ့ ကို ယောဂနဲ့ ပုံမှန်လမ်းလျှောက်တာစတဲ့ ကိုယ်လက်လှုပ်ရှားမှုမျိုး မိနစ် ၃၀လောက် နေ့စဥ်ပုံမှန်လုပ်ပေးတာဟာ နှလုံးခုန်နှုန်းကို နှေးလာစေပါတယ်
• ဆေးလိပ်နဲ့ မူးယစ်စေတဲ့ ပစ္စည်းတွေသုံးစွဲခြင်းကိုရှောင်ပါ။
• စိတ်ဖိစီးမှုကိုလျော့ချပါ
• လိုအပ်ရင်ဝိတ်လျော့ပေးပါ

Ref Link: https://myhealth-partner.com/every-beat-matters

09/07/2025

နှလုံးခုန်နှုန်းမြင့်မားခြင်းနှင့် သွေးတိုးရောဂါ ဆက်စပ်မှု

ငြိမ်ငြိမ်လေးနေသည့်အချိန်မှာပင် နှလုံးခုန်နှုန်း(Resting Heart Rate) မြင့်မားနေခြင်းသည် ရေရှည်မှာ သွေးတိုးခြင်း၊ ဇီဝဖြစ်စဉ်မမှန်ခြင်း၊ အဝလွန်ခြင်းနှင့် ဆီးချိုရောဂါများ ဖြစ်ပွားနိုင်ခြေများစွာရှိပါတယ်၊၊ လူငယ်ဘဝတွင် နှလုံးခုန်နှုန်း မြန်နေခြင်းသည် လူလတ်ပိုင်းအရွယ်တွင် သွေးတိုးရောဂါဖြစ်နိုင်ခြေပိုများစေနိုင်ပါတယ်။ နှလုံးခုန်နှုန်းနှေးသူများတွင် သွေးတိုးရောဂါစတင်ဖြစ်ပွားနိုင်ခြေ (၁၇%) ပိုနည်းပြီး နှလုံးခုန်မြန်သူများ(ပုံမှန်နှလုံးခုန်နှုန်းထက် 10bpm နှင့်အထက်မြန်နေပါက) တွင် သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂၃% ပိုများပါတယ်။ နှလုံးခုန်နှုန်း 10bpm များလာတိုင်း ရောဂါဖြစ်နိုင်ခြေ (၁၁%) မြင့်တက်စေပါတယ်။ ဒါ့အပြင် နှလုံးခုန်နှုန်း 80bpm နှင့်အထက်ရှိသောအမျိုးသမီးများတွင် သွေးတိုးဖြစ်နိုင်ခြေ များစွာရှိပါတယ်။ သွေးတိုးဖြစ်နိုင်ခြေရှိသူများမှာမှ နှလုံးခုန်နှုန်းနှေးသူနှင့်စာလျှင် နှလုံးခုန်နှုန်း 80bpm ထက်များသူများက သေဆုံးနိုင်ခြေ (၅၀%)ပိုများပါတယ်။
သွေးတိုးရောဂါရှိသူများတွင် နှလုံးခုန်နှုန်းမြင့်မားနေသည်ကို သိသိသာသာတွေ့နိုင်ပြီး လူနာ( ၃၀% )ခန့်မှာ နှလုံးခုန်နှုန်း 80bpm နှင့်အထက်ရှိနေတတ်ကြပါတယ်။ အဘယ်ကြောင့်ဆိုသော် နှလုံးခုန်နှုန်းမြင့်မားသည့်အခါ သွေးလွှတ်ကြောများ တောင့်တင်းစေကာ သွေးပေါင်ချိန်တက်လာခြင်းကြောင့်ဖြစ်ပါတယ်။ ဒါကြောင့် နှလုံးခုန်နှုန်းမြင့်ပြီး သွေးတိုးရောဂါရှိခံစားနေရသူများဟာ ကျန်းမာရေးနှင့်မညီညွတ်သော နေထိုင်မှုပုံစံကို ပြောင်းလဲကုသခြင်းကို ပထမဦးစားပေးလုပ်ဆောင်သင့်ပါတယ်။
ယေဘုယျအားဖြင့် လေ့ကျင့်ခန်းလုပ်ခြင်းကဲ့သို့သော ကျန်းမာစေသောအလေ့အကျင့်ကောင်းများက နှလုံးခုန်နှုန်းကို လျော့ကျစေပါတယ်။ နှလုံးကိုအလုပ်ပိုလုပ်စေခြင်းဖြင့် ညှစ်အားပိုမိုကောင်းမွန်စေကာ တူညီသောသွေးပမာဏကိုညှစ်ထုတ်ရန် လိုအပ်တဲ့ နှလုံးခုန်နှုန်းအရေအတွက်ကို လျော့ကျစေနိုင်ပါတယ်၊၊

Ref Link : https://myhealth-partner.com/articles/Hypertension-and-a-heart-rate-above-80-bpm-what-are-the-risks

❝ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ❞❝သန္ဓေ, တောထွက် , ဓမ္မစက် , မိန့်မြိက်သံချို လဝါဆို ❞ဆိုတဲ့အတိုင်း ဝါဆိုလပြည့်နေ့သည်...
09/07/2025

❝ဝါဆိုလပြည့်နေ့ ဓမ္မစကြာအခါတော်နေ့ ❞

❝သန္ဓေ, တောထွက် , ဓမ္မစက် , မိန့်မြိက်သံချို လဝါဆို ❞ဆိုတဲ့အတိုင်း ဝါဆိုလပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့ အထွတ်အမြတ်ထားရာ နေ့ထူးနေ့မြတ်ဖြစ်ပါသည်။
ယခုလိုအခါသမယမှာ (၇) ရက်သား၊ သမီးများအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းများနှင့် ပြည့်စုံကြပါစေကြောင်း Servier Myanmar မိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်
#ဝါဆိုလပြည့်နေ့

03/07/2025

နှလုံးညှစ်အားနည်းရောဂါရှင်များ ဆေးကုသမှုရဲ့ အစီအစဉ်မှာ ကိုယ်တိုင်တက်ကြွစွာပါဝင်ခြင်းဟာ ရောဂါသက်သာစေဖို့ များစွာ အရေးပါလှပါတယ်၊၊
နှလုံးညှစ်အားနည်းရောဂါရှင်များ ဆေးကုသမှုအကြောင်း သိရှိပြီး ကိုယ်တိုင်တက်တက်ကြွကြွပါဝင်ပါက -
ဆရာဝန်ရဲ့ ညွှန်ကြားချက်များကို ပိုမိုလိုက်နာနိုင်တာမို့ ရေရှည်မှာ သက်တမ်းကြာရှည်စွာနေထိုင်နိုင်ပြီး သေဆုံးနိုင်ခြေကို ၇၀% ကျော် သိသိသာသာ လျှော့ချနိုင်ပါတယ် ၊၊

💡 ဒါကြောင့် နှလုံးညှစ်အားနည်းရောဂါသက်သာစေဖို့ ဆရာဝန်နှင့် တိုင်ပင်ပါ၊ မေးမြန်းပါ၊ သင့်ကျန်းမာရေးကို ကိုယ်တိုင်ဂရုစိုက်ပါ၊၊

💙 ဆေးမှန်မှန်သောက်ဖို့ ရိုးရှင်းတဲ့သတိပေးချက်များဟာ ပိုမိုကျန်းမာတဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်မှာပါ၊၊ 💙နှလုံးညှစ်အားနည...
30/06/2025

💙 ဆေးမှန်မှန်သောက်ဖို့ ရိုးရှင်းတဲ့သတိပေးချက်များဟာ ပိုမိုကျန်းမာတဲ့နှလုံးသားကို ပိုင်ဆိုင်နိုင်မှာပါ၊၊ 💙
နှလုံးညှစ်အားနည်းရောဂါဆေးကုသမှုအစီအစဉ်တိုင်းကို စနစ်တကျဖြင့် မှန်မှန်လိုက်နာပြီး မိမိကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက်လိုက်ပါ! ❤️
နှလုံးညှစ်အားနည်းရောဂါသက်သာစေရန် ဆေးပုံမှန်သောက်ဖို့ ဆေးတစ်လုံးချင်းစီတိုင်းက အရေးကြီးပါတယ်။ ဆရာဝန်ညွှန်ကြားသည့်အတိုင်း ဆေးမှန်မှန်သောက်ခြင်းဖြင့်-
🌱 မိမိကျန်းမာရေးကို စောင့်ရှောက်နိူင်ခြင်း
❤️ ရေရည်မှာ လူ့ဘဝသက်တမ်း ကြာရှည်စွာနေထိုင်နိုင်ခြင်း
👨မိသားစုကို ကျန်းမာစွာ စောင့်ရှောက်နိုင်ခြင်း စတဲ့ အကျိုးကျေးဇူးများစွာ ရရှိနိုင်မှာဖြစ်ပါတယ်၊၊

27/06/2025

နှလုံးညှစ်အားနည်းရောဂါခံစားရသူများဟာ ရေရှည်မှာ ဆေးမှန်မှန်သောက်သုံးရတာ ခက်ခဲနိုင်ပေမယ့် ဒါဟာ သင်တစ်ယောက်တည်း ဖြတ်သန်းနေရတာ မဟုတ်ပါဘူး။

ရောဂါသက်သာပျောက်ကင်းဖို့ ဆေးကုသမှုအစီအစဉ်အတိုင်း စနစ်တကျလိုက်နာခြင်းဖြင့်
✔️ ရောဂါလက္ခဏာတွေကို သက်သာစေနိုင်ခြင်း
✔️ လူ့ဘဝသက်တမ်းကြာရှည်စွာနေထိုင်နိုင်ခြင်းအပြင်
✔️ ဆေးရုံဆေးခန်း သွားရန် လိုအပ်မှုကို လျှော့ချနိုင်ပါတယ်

ဒါကြောင့် သင့်ကျန်းမာရေးကောင်းမွန်ဖို့ သင့်နှလုံးကို ဂရုစိုက်ပါ!
💊နှလုံးညှစ်အားနည်းရောဂါသက်သာစေရန် ဆေးပုံမှန်သောက်ဖို့ ဆေးတစ်လုံးချင်းစီတိုင်းက အရေးကြီးပါတယ်။
❤️ သင့်နှလုံးသားက အကောင်းဆုံးသောအရာတွေနဲ့ထိုက်တန်တာမို့ သေချာစောင့်ရှောက်ပေးဖို့လိုပါတယ်၊၊

နှလုံးသားကို ဂရုစိုက်ပါ၊ ဆေးကုသမှုအစီအစဉ်အတိုင်း ကိုမှန်မှန်လိုက်နာပါ၊ကျန်းမာခြင်းဖြင့် ပိုမိုလှပတဲ့အနာဂတ်ကို တည်ဆောက်လိုက်ပါ!

Address

No. 62, U Wisara Road, Dagon Township
Yangon
11195

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30

Website

Alerts

Be the first to know and let us send you an email when Servier Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram