06/01/2024
ဆင်ခြေနှင့်စွမ်းအင်ပိတ်ဆို့မှု
လူတွေက ဆင်ခြေပေးရတာကိုသဘောကျကြတဲ့သတ္တဝါတွေပါ အခြားသူတွေကိုဆင်ခြေပေးတယ် မိဘကိုဆင်ခြေပေးတယ် ဆရာတွေကိုဆင်ခြေပေးတယ် သူငယ်ချင်းတွေကိုဆင်ခြေပေးတယ် ချစ်သူကိုဆင်ခြေပေးတယ် နောက်ဆုံး ကိုယ့်ကိုကိုယ်ပါဆင်ခြေပေးတတ်ကြတယ်
ကိုယ်ပေးလိုက်တဲ့ဆင်ခြေတွေဟာ ကိုယ့်ရဲ့စွမ်းအင်တွေအပေါ် သက်ရောက်မှုရှိနေတယ်ဆိုတာ သတိထားမိလား...
ကိုယ်ပိုင်စီးပွားရေးလေးစလုပ်မယ်တွေးတယ် အော် ငါ့မှာအရင်းအနှီးမှမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲလို့ ဆင်ခြေပေးတယ် ဒီလိုနဲ့မလုပ်ဖြစ်တော့ဘူး vlogလေးတွေရိုက်ကြည့်မယ်တွေးတယ် အော် ငါ့မှာ ကင်မရာကောင်းကောင်းတစ်လုံးမှမရှိတာ ဘယ်လိုလုပ်ဖြစ်နိုင်ပါ့မလဲလို့ဆင်ခြေပေးတယ် ဒီလိုနဲ့မလုပ်ဖြစ်ပြန်ဘူး ဒီနေ့စာလုပ်မယ်လို့တွေးတယ် မီးပျက်လို့ ခြင်ကိုက်လို့ ပူလို့ အေးလို့ စသဖြင့် ဆင်ခြေတွေပေးရင်း မလုပ်ဖြစ်ပြန်ဘူး ငါတော့ တစ်နေ့ ငါစိတ်ဝင်စားတဲ့နယ်ပယ်တစ်ခုမှာ အောင်မြင်ရမယ်လို့တွေးတယ် ငါ့မိဘအခြေအနေ ငါ့လုပ်နိုင်စွမ်းနဲ့ဘယ်လိုဖြစ်နိုင်ပါ့မလဲလို့ ဆင်ခြေပေးပြန်တယ် ဒီလိုမျိုး ဆင်ခြေပေါင်းများစွာပေးပြီး အချိန်တွေ အခွင့်အရေးတွေ လုပ်ပိုင်ခွင့်တွေ ဘယ်လောက်များများကို ဆုံးရှုံးသွားခဲ့ရပြီးပြီလဲ
ကိုယ်တိုင်လည်း အများကြီးဆုံးရှုံးခဲ့ဖူးတယ် အချိန် အခွင့်အရေးနဲ့ လုပ်နိုင်စွမ်းတွေကို ကိုယ်ပေးမိတဲ့ဆင်ခြေတွေကြောင့် လက်လွှတ်ခံခဲ့ရဖူးတယ် ဒီpageလေးစထောင်ဖို့ကိုတောင် ဆင်ခြေတွေပေးပြီး နေ့ညရွှေ့ခဲ့ဖူးတယ် ဆက်runဖို့ကိုလည်း ဟိုဒီအကြောင်းပြပြီး အချိန်ဆွဲခဲ့ဖူးတယ် ဒီလိုနဲ့ အချိန်တွေ လုပ်နိုင်စွမ်းတွေ ဆုံးရှုံးခဲ့ရတယ်
ထားလိုက်တော့ ဆုံးရှုံးခဲ့ရတာတွေကို မေ့လိုက်တော့ အခုကစပြီးသာ အဆုံးရှုံးမခံနဲ့တော့ လုပ်မယ်လို့တွေးရင် ဒီနေ့ကစ လုပ်ကြည့်လိုက်တော့ ကိုယ့်လုပ်နိုင်စွမ်းက အကန့်အသတ်မဲ့တယ်ဆိုတာကို ယုံကြည်ပါ ဆင်ခြေတွေပေးမဲ့အစား အခုပဲစလုပ်ပြီး ခြေလှမ်းတစ်ခုစတင်လိုက်ပါ
မိုးရေစက်တွေစုပေါင်းရင်း ချောင်းကမြစ် မြစ်ကပင်လယ် ပင်လယ်က သမုဒ္ဒရာဖြစ်လာနိုင်တာကို ယုံကြည်လိုက်ပါ အခုပဲစလုပ်လိုက်ပါ
Alisaဆီ ရင်ဖွင့်တိုင်ပင်ချင်ရင် Alisaကအမြဲရှိနေပေးမှာပါ
https://www.facebook.com/100091738501114/posts/286235607777721/?