For You Yoga Center - North Dagon

  • Home
  • For You Yoga Center - North Dagon

For You Yoga Center - North Dagon A space for men and women to build strength, improve flexibility, and discover the rhythm of breath and movement through Ashtanga Yoga.

Where discipline meets mindfulness, and every practice leads to transformation. Yoga Center accompnied by a Beauty Salon creating a Unique Enjoyable Atmosphere for Ladies

အမျိုးသမီးသက်မွေးကျောင်းလေးမှာ For You Yoga မှ တီချယ်တွေ ပရဟိတအနေနဲ့ ယောဂသင်ပေးလာတာဟာ ခုဆိုရင် ၅ လတာ ကာလရောက်ရှိခဲ့ပါပြီ...
17/08/2025

အမျိုးသမီးသက်မွေးကျောင်းလေးမှာ For You Yoga မှ တီချယ်တွေ ပရဟိတအနေနဲ့ ယောဂသင်ပေးလာတာဟာ ခုဆိုရင် ၅ လတာ ကာလရောက်ရှိခဲ့ပါပြီ။

ဒီနေ့မှာတော့ Assistant Instructor Yoon မှ သင်ကြားပေးခဲ့ပါတယ်။ဒါ့အပြင် ကလေးတွေအတွက်လည်း အာဟာရဒါနအလှူလေးပါ ပြုလုပ်ခဲ့တဲ့ မှတ်တမ်းလေး ဖြစ်ပါတယ်ရှင်။

For You Yoga ရဲ့ အလှူဟာ members များရဲ့ အလှူဖြစ်တာကြောင့် ကောင်းတဲ့အရာလေးတစ်ခုဖြစ်တာကြောင့် မျှဝေလိုက်ရပါတယ်ရှင်။

“အစကောင်းမှ အနှောင်းသေချာ” ဆိုသလို Beginner Level တွေအတွက် စနစ်တကျနဲ့ နည်းလမ်းမှန်မှန် Yoga လေ့ကျင့်နိုင်စေဖို့ Online Y...
08/08/2025

“အစကောင်းမှ အနှောင်းသေချာ” ဆိုသလို Beginner Level တွေအတွက် စနစ်တကျနဲ့ နည်းလမ်းမှန်မှန် Yoga လေ့ကျင့်နိုင်စေဖို့ Online Yoga Class ဖွင့်ပါပြီ 📢

ဒီသင်တန်းမှာ For You ရဲ့ Founder Tr.Wutyi အပြင် တခြား Instructor တွေပါ ပါဝင်လာခြင်းဖြစ်ပါတယ် 🌟

သူမကတော့ 2023 ကတည်းက For You Yoga မှာ In Person Class တွေ သင်ကြားပေးနေတဲ့ Tr. Thi လို့လည်း လူသိများတဲ့ Tr.Thi Thi Aung ဖြစ်ပါတယ် 🧘🏼‍♀️

۞ Tr. Thi ဟာဆိုရင် ပြီးခဲ့တဲ့ နှစ် 2024 ကစပြီး Iyengar Yoga ကို လေ့လာသင်ယူရင်း ပြန်လည်မျှဝေနေသူ တစ်ဦးဖြစ်သလို

۞ India နိုင်ငံမှာပါ Yoga ကို သင်ယူထားပြီး RYT 200 ပါရယူထားသူဖြစ်တာကြောင့် အခြေခံကအစ ပိုင်နိုင်အောင် ပြန်လည်သင်ကြားပေးနိုင်သူလည်း ဖြစ်ပါတယ်ရှင့်။

ဒီအတန်းမှာဆိုရင် Iyengar Yoga Method ကို အခြေခံပြီး

✅ တိကျမှန်ကန်တဲ့ Yoga Pose တွေထဲကမှ
✅ တစ်ယောက်ချင်းစီရဲ့ မတူညီတဲ့ Body Structure အလိုက် ကိုယ်နဲ့ ကိုက်ညီရာကို ရွေးချယ်တတ်ရင်း
✅ ထိထိရောက်ရောက်နဲ့ အကျိုးရှိရှိ လေ့ကျင့်ကစားတတ်ဖို့ သင်ကြားပြသပေးမှာဖြစ်လို့

သင်တန်းကာလအတွင်း သေချာလေးသာ လေ့ကျင့်သွားမယ်ဆိုရင်

- ခန္ဓာကိုယ်အနေအထား ပိုမှန်လာပြီး
- ခန္ဓာ၊ စိတ်နဲ့ အသက်ရှူခြင်းတို့ကို ဟန်ချက်ညီအောင် ပေါင်းစည်းတတ်လာတဲ့အပြင်
- အာရုံစူးစိုက်နိုင်စွမ်း အားကောင်းလာတာမို့ စိတ်စွမ်းအင်တွေ ပိုတိုးတက်လာမှာ အသေအချာပါပဲ။

😇 ဘယ်အသက်အရွယ်ပဲဖြစ်စေ ဘယ်လို ခန္ဓာကိုယ်ပဲဖြစ်စေ လူတိုင်းဟာ Yoga ကစားနိုင်ကြောင်း သေချာပေါက် သဘောပေါက်စေတဲ့ သင်တန်းလေးဖြစ်လို့ ခုပဲ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

📆 Start Date - 20th August, 2025.

⏳ Weekly - Wednesday | Thursday | Friday

⏰ Time - 8:00 PM to 8:50 PM

For You Yoga Center မှာ Ashtanga Yoga Class တွေ တနင်္လာပိတ်ရက်မှလွဲ၍ တစ်ပတ်လုံး ရှိပါတယ်။အတန်းချိန်လေးတွေကို messenger or 📲09953353363 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်။

🏡 လိပ်စာ - အမှတ် ၁၉၂၊မဟာဗန္ဓုလလမ်းမ၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ Handstand Workshop လေးပါ၊နောက် activity တွေမှာ ထပ်ဆုံကြပါမယ်ရှင် ❤️
03/08/2025

အောင်မြင်စွာ ပြီးဆုံးခဲ့တဲ့ Handstand Workshop လေးပါ၊နောက် activity တွေမှာ ထပ်ဆုံကြပါမယ်ရှင် ❤️

Handstand Day-2 👏👏👏လှပနေပြီး ပျော်ရွှင်ကျေနပ်ကြရတဲ့ အခိုက်အတန့်လေးတစ်ခုကို Handstand လေ့ကျင့်ရင်းနဲ့ လည်း ရနိုင်ပါတယ်။ 🤸...
03/08/2025

Handstand Day-2 👏👏👏

လှပနေပြီး ပျော်ရွှင်ကျေနပ်ကြရတဲ့ အခိုက်အတန့်လေးတစ်ခုကို Handstand လေ့ကျင့်ရင်းနဲ့ လည်း ရနိုင်ပါတယ်။

🤸🤸‍♀️🤸‍♂️သေသေချာချာ နည်းစနစ်တကျ သင်ကြားပေးကြသော တီချယ်သွယ်သွယ်နဲ့ တီချယ်မေမြတ်တို့ကို ကျေးဇူးတင်ပါတယ်။ကြိုးစားကြသော client အယောက်စီတိုင်းကိုလည်း ကျေးဇူးတင်ပါတယ်။
So proud of you all !🎊🎉👏

‼️အင်္ဂါနေ့မှစ Yoga အတန်းချိန်လေးများ ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်သွားပါ
မယ်ရှင်။

Stand တွေ ကျင့်ချင်သူများအတွက်လည်း မကြာမီ Very New Class လေး လာပါမယ်ဆိုတဲ့အကြောင်း သီတင်းကောင်း ပါးလိုက်ပါတယ် 🥰

အမှတ်-၁၉၂၊ မဟာဗန္ဓုလလမ်းမပေါ် (လောပိတနဲ့တပင်ရွှေထီးကြား)၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

📲 09953353363

Handstand Workshop Day-1 အရမ်းကြိုးစားသင်ပေးပါသော တီချယ်သွယ်နှင့်အတူ တက်ကြွစွာ ကြိုးစားနေကြသော ညီအစ်မများရဲ့ ပုံရိပ်လေးမ...
02/08/2025

Handstand Workshop Day-1

အရမ်းကြိုးစားသင်ပေးပါသော တီချယ်သွယ်နှင့်အတူ တက်ကြွစွာ ကြိုးစားနေကြသော ညီအစ်မများရဲ့ ပုံရိပ်လေးများကို မျှဝေလိုက်ပါတယ်။

🤸🤸‍♂️ဒီ Workshop လေးမှာ လာ join ကြသူတွေဟာ ပုံမှန် ယောဂကျင့်နေသူတွေဖြစ်ကြပြီး အသက် ၄၀-၆၀ တွေဖြစ်ကြပါတယ်။ကိုယ့်ကိုယ်ကို အသက်ကြီးနေပြီဆိုပြီး လျှော့တွက်နေကြသူတွေရှိရင် စိတ်ခွန်အားတစ်ခုရရှိစေရန် မျှဝေလိုက်ပါတယ်ရှင်။

📣For You Yoga Center မှာ Yoga Instructor (full-time) အဖြစ် လေ့ကျင့်သင်ကြားပြသပေးလိုသူများအား ဖိတ်ခေါ်ပါတယ်ရှင်။ 🧘 Yoga ပ...
29/07/2025

📣For You Yoga Center မှာ Yoga Instructor (full-time) အဖြစ် လေ့ကျင့်သင်ကြားပြသပေးလိုသူများအား ဖိတ်ခေါ်ပါတယ်ရှင်။

🧘 Yoga ပညာရပ်ကို စိတ်ဝင်တစားသင်ယူထားပြီး ကိုယ်တိုင်လည်း လေ့ကျင့်လျက်ရှိတယ်ဆိုရင် For You Yoga Center မှာ instructor အဖြစ် လျှောက်ထားနိုင်ပါပြီ။

🧘 အတွေ့အကြုံရှိပြီး လက်ရှိ သင်ကြားပြသနေဆဲ instructor များသာမက junior/ fresher instructor များကိုလည်းဖိတ်ခေါ်ပါတယ်နော်။ teamwork ဖြင့်လက်တွဲလုပ်ကိုင်နိုင်ပြီး client relations ကောင်းမွန်ပြေပြစ်သူဖြစ်ဖို့လိုပါတယ်ရှင်။

📌Ashtanga Vinyasa Yoga, Aerial Yoga & Hatha Yoga ကျွမ်းကျင်သူ၊ စိတ်ဝင်စားသူများကို ဦးစားပေးမှာဖြစ်ပါတယ်ရှင်။

လျှောက်ထားလိုသူ instructor များအနေဖြင့်
✅မိမိတို့ အားသာသည့် ယောဂအမျိုးအစား
✅သင်ကြားပြသနိုင်မည့် အချိန်
✅မျှော်မှန်းလစာတို့ ဖော်ပြထားသော ကိုယ်ရေးအကျဉ်း (CV form) ကို

foryoubusinessgp@gmail.com သို့ ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင်။

လူတွေ့စစ်ဆေးမှုရက်ကို တစ်ဦးချင်းစီ အသေးစိတ်ပြန်လည်အကြောင်းကြားပေးပါမယ်ရှင်။

🙏🏻နွေးထွေးဖော်ရွေပြီး စည်းစနစ်ပြည့်ဝတဲ့ For You ယောဂသင်တန်းနဲ့အတူ လက်တွဲဖို့ မျှော်လင့်ကြိုဆိုနေပါတယ်ရှင်။

၂ ဦးစာပဲ လက်ခံပါတော့မယ်ရှင်။ 🙏🏻Tr. Thwe (Thwe Thwe Yoga) ဆိုတာ Handstand သင်ကြားမှုမှာ နာမည်ကျော်တဲ့ yoga instructor တစ်...
25/07/2025

၂ ဦးစာပဲ လက်ခံပါတော့မယ်ရှင်။ 🙏🏻

Tr. Thwe (Thwe Thwe Yoga) ဆိုတာ Handstand သင်ကြားမှုမှာ နာမည်ကျော်တဲ့ yoga instructor တစ်ဦးဖြစ်ပါတယ်ရှင်။ တီချယ်ကိုယ်တိုင်ကလည်း ပြေပြစ်ကျော့ရှင်းတဲ့ handstand position ကို နှစ်သက်စွာ လေ့ကျင့်ထားသူဖြစ်လို့ တီချယ်သွယ်နဲ့ အတူ တီချယ်အိ တို့ရဲ့ သင်ကြားမှုတွေနဲ့ ဒီ workshop လေးက နောက်တစ်ကြိမ်ကြုံဆုံနိုင်ဖို့ ရှားပါးတဲ့ အခွင့်အရေးပါရှင့်။ 🙏🏻

🤍အမြန်ဆုံး စာရင်းပေးသွင်းနိုင်ပါပြီရှင်။

📆Agenda
Aug 2 (Sat)
မနက် ၁၀ နာရီ မှ ၄ နာရီထိ

Aug 3 (Sun)
မနက် ၉နာရီ မှ ၁၁ နာရီထိ

Workshop Fees - 300000 MMK
(Lunch provided by For You Yoga)

📍Venue
For You Yoga Center - North Dagon
အမှတ် ၁၉၂၊မဟာဗန္ဓုလလမ်းမ၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

📲ကြိုတင်စာရင်းသွင်းရန်
For You Yoga Center - North Dagon page messenger
ဖုန်း - 09 9533 533 63

.

🧘 Powerful full-body practice ဖြစ်တဲ့ handstand posture ကို Yoga instructor အနေနဲ့ မွမ်းမံချင်ပါသလား၊ yogi အနေနဲ့ ကျွမ်း...
20/07/2025

🧘 Powerful full-body practice ဖြစ်တဲ့ handstand posture ကို Yoga instructor အနေနဲ့ မွမ်းမံချင်ပါသလား၊ yogi အနေနဲ့ ကျွမ်းကျင်ချင်ပါသလား။

🧘 Handstand မှာ သိပ်ကို သေသပ်စွာထူးချွန်ပြီး လက်ရှိ clients များစွာကို online/offline ကနေ Handstand သင်တန်းတွေ ဖွင့်လှစ်သင်ပေးနေတဲ့ Tr. Thwe (Thwe Thwe Yoga) ကိုယ်တိုင် မန္တလေးကနေ လာရောက်သင်ကြားမယ့် handstand workshop ကို For You Yoga Center - North Dagon မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

🧘 Tr. Thwe နဲ့အတူ Tr. Ei (For You) ကလည်း ပါဝင်အားဖြည့်ပေးဦးမှာမို့ ဆရာမနှစ်ယောက်နဲ့ handstand ကို အပီအပြင်လေ့ကျင့်လိုက်ရအောင်ပါရှင့်။

🧘 Limited spot ၁၅ ဦးသာ လက်ခံမှာဖြစ်ပြီး ၅ နေရာစာပဲကျန်ရှိတာမို့ အမြန်လေး စာရင်းသွင်းပြီး နေရာယူထားနိုင်ပါတယ်ရှင်။

📆Agenda
Aug 2 (Sat)
မနက် ၁၀ နာရီ မှ ၄ နာရီထိ

Aug 3 (Sun)
မနက် ၉နာရီ မှ ၁၁ နာရီထိ

Workshop Fees - 300000 MMK
(Lunch provided by For You Yoga)

📍Venue
For You Yoga Center - North Dagon
အမှတ် ၁၉၂၊မဟာဗန္ဓုလလမ်းမ၊၃၇ ရပ်ကွက်၊မြောက်ဒဂုံမြို့နယ်၊ရန်ကုန်။

📲ကြိုတင်စာရင်းသွင်းရန်
For You Yoga Center - North Dagon page messenger
ဖုန်း - 09 9533 533 63

.

မနက်ခင်းယောဂဟာ နေ့တစ်နေ့ကိုစတင်ဖို့အကောင်းဆုံး physical activity ဖြစ်ပါတယ်။ ဒီနေ့မှာ Powerful Morning Mini Retreat လေးလည...
19/07/2025

မနက်ခင်းယောဂဟာ နေ့တစ်နေ့ကိုစတင်ဖို့အကောင်းဆုံး physical activity ဖြစ်ပါတယ်။ ဒီနေ့မှာ Powerful Morning Mini Retreat လေးလည်းရှိတာကြောင့် Ice-bath Challenge မစတင်ခင် သွေးလည်ပတ်မှုကောင်းပြီး mind-body connection ကောင်းမွန်စေတဲ့ Ashtanga Yoga လေ့ကျင့်မှုမြင်ကွင်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။ Namaste 🙏🏻 🧘

အပတ်စဉ် အမျိုးသမီးငယ်လေးတွေနဲ့အတူ ယောဂခရီးလမ်း လျှောက်လှမ်းလာကြတာ ဘာလိုလိုနဲ့ ၄ လဆိုတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပါပ...
13/07/2025

အပတ်စဉ် အမျိုးသမီးငယ်လေးတွေနဲ့အတူ ယောဂခရီးလမ်း လျှောက်လှမ်းလာကြတာ ဘာလိုလိုနဲ့ ၄ လဆိုတဲ့ အချိန်ကာလတစ်ခုကို ရောက်ရှိခဲ့ပါပြီ။

ဒီနေ့မှာ အမျိုးသမီးသက်မွေးကျောင်းလေးမှာ ယောဂကျင့်ပေးပြီး အာဟာရဒါနပြုဖြစ်ခဲ့တာလေးပါ။For You ရဲ့ အနာဂတ်မှာ အမျိုးသမီးငယ်တွေကို ပိုမိုကူညီလမ်းပြနိုင်စေရန် အစဉ်ကြိုးစားနေပါတယ်။

အမှတ်တရအနေနဲ့ ပုံလေးတွေကို တင်ဖြစ်သလို ဒါဟာ For You မှာ လာရောက် ယောဂကျင့်နေသူများရဲ့ စုပေါင်းအင်အားဒါနတစ်ခုဖြစ်တဲ့အကြောင်းကိုပါ ဂုဏ်ယူစွာ ဖော်ပြလိုက်ပါတယ်ရှင်။

ဒီနေ့ Yoga session လေးမှာ လေ့ကျင့်ပြသပေးခဲ့တဲ့ အမျိုးသမီးဆရာမငယ်လေးကတော့ Yoon ပါ။

🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿🌿

Address

192 Mahabandoola Road, 37 Ward, North Dagon Township, Yangon

11421

Alerts

Be the first to know and let us send you an email when For You Yoga Center - North Dagon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your practice to be the top-listed Clinic?

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram