ဘဝအတွက် တိုးတက်ရာ

ဘဝအတွက် တိုးတက်ရာ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ဘဝအတွက် တိုးတက်ရာ, Kamaryut, Yangon.

24/05/2025

ကျွန်တော် ဒီပေ့ ကနေ နောက်ပိုင်းကျ တဖြည်းဖြည်းနဲ့ Facilities Management/ Engineering/ EHS အပိုင်းတွေ တဖြည်းဖြည်း တင်ပေးပါမည် ခင်ဗျာ

Rule of the gameဘောလုံးပွဲမှာ အသင်းလိုက်ကစားကြတယ်။ အရည်အချင်းအလိုက် အောင်ပွဲရကြတယ်။ ဘောလုံးကန်သူရှိတယ်။ ‌ဒိုင်လူကြီးရှိတ...
11/02/2021

Rule of the game

ဘောလုံးပွဲမှာ အသင်းလိုက်ကစားကြတယ်။ အရည်အချင်းအလိုက် အောင်ပွဲရကြတယ်။ ဘောလုံးကန်သူရှိတယ်။ ‌ဒိုင်လူကြီးရှိတယ်။ မန်နေဂျာရှိတယ်။ ပရိသတ်ရှိတယ်။ လုံခြုံရေး ရှိတယ်။

ရွေးကောက်ပွဲမှာ ပါတီအလိုက်၊ တဦးချင်းအလိုက် ရွေးကောက်ပွဲ၀င်ကြတယ်။ လူထုက ရွေးချယ်တယ်။ နိုင်သူရှိတယ်၊ရှုံးသူရှိတယ်။ အနိုင်အရှုံး‌ကြေငြာတဲ့ ရွေးကော်ရှိတယ်။

အားလုံးဟာ rule of the game ပဲ။

ခုတော့ လုံခြုံရေးက သူထောက်ခံတဲ့အသင်းတွေမနိုင်တာနဲ့ အနိုင်ရသူတွေ လိုက်ဖမ်း၊ ဘောလုံးရွေ့အောင်တောင် မကန်နိုင်တဲ့သူတွေကို သရဖူပေးတဲ့ ပုံစံဖြစ်နေတယ်။

အနိုင်မရ လူချဆိုတာကို ရပ်ကွက်ထဲက ဆယ်နှစ်ကလေးတွေတောင် မလုပ်ဘူး။ ကလေးလောက်တောင် အသိဉာဏ်မရှိသူတွေ လက်အောက်မှာလဲ ဘယ်ဉာဏ်ပညာရှိသူမှ ဒူးထောက်ခယ မလုပ်ဘူး။

Rule of the game ပျက်တော့ ခု ပရိသတ်တွေကပါ ဘောလုံးကွင်းထဲ ဆင်းလာရပြီ။

ကလေးလောက်တောင် rule of the game နားမလည်ကြသူတွေ။

သံပုံးတီးပြီး မောင်းထုတ်ကြ။

ခင်မမမျိုး (၁၁/၂/၂၀၂၁)

Hello Everyone🙋みんな の にほんご ရဲ့N5 文法 အခန်း ၂၅ ခန်း notes တွေ ကိုပြန်စုပေးထားပါတယ်အခန်း( 1~5)https://www.facebook.com/11254...
23/10/2020

Hello Everyone🙋
みんな の にほんご ရဲ့N5 文法
အခန်း ၂၅ ခန်း notes တွေ ကိုပြန်စုပေးထားပါတယ်
အခန်း( 1~5)
https://www.facebook.com/112541780575438/posts/136221091540840/
အခန်း(6~8)
https://www.facebook.com/112541780575438/posts/136731401489809/
အခန်း(9~12)
https://www.facebook.com/112541780575438/posts/136943928135223/
အခန်း(13~16)
https://www.facebook.com/112541780575438/posts/138156044680678/
အခန်း(17~19)
https://www.facebook.com/112541780575438/posts/138473744648908/
အခန်း(20~23)
https://www.facebook.com/112541780575438/posts/138855997944016/
အခန်း(24~25)
https://www.facebook.com/112541780575438/posts/139232557906360/

Grammarမြန်မာ ပြန် Pdf များ N5 မှ N1 အထိ ကို Downloadလုပ်ထားသမျှ linkပြန်လုပ်ပြီး. ပြန်လည် စုစည်း တင်ပေးလိုက်ပါတယ်...မူရ...
14/10/2020

Grammarမြန်မာ ပြန် Pdf များ N5 မှ N1 အထိ ကို Downloadလုပ်ထားသမျှ linkပြန်လုပ်ပြီး. ပြန်လည် စုစည်း တင်ပေးလိုက်ပါတယ်...

မူရင်း ဆရာ/ဆရာမများကို လေးစားလျက် 🙏🙏

N5/N4
https://www.mediafire.com/download/7ad6xaujb3cqz63

N3
https://www.mediafire.com/download/500hpcms1amu4d5

N2
https://www.mediafire.com/download/cjfsygps0r4hxkp

N1
https://www.mediafire.com/download/v3ncm2viegutr9r

MediaFire is a simple to use free service that lets you put all your photos, documents, music, and video in a single place so you can access them anywhere and share them everywhere.

 # #ကျောက်လမ်းခင်းရာတွင်သတ်မှတ်CBR ပြည့်မှီအောင် ဘယ်လိုခင်းမလဲ?~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~အ...
17/05/2020

# #ကျောက်လမ်းခင်းရာတွင်သတ်မှတ်CBR ပြည့်မှီအောင် ဘယ်လိုခင်းမလဲ?
~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~

~အဓိက ကျောက်ဆိုဒ်မှန်ကန်ဖို့ အရေးကြီးပါတယ်…
~ဆောင်ရွက်ရမည့်လမ်းလွှာ၏လမ်းထု(Thick)သည် အသုံးပြုရမည့် ကျောက်ဆိုဒ်၏ ၂ဆခွဲ ထက်မပိုသင့်ပါ။
~အသုံးပြုသောကျောက်များသည် ထောင့်ချွန်ပုံသဏ္ဍာန်(Angle Shape)ဖြစ်ရပါမည်။အပြားပုံသဏ္ဍာန်(Flat Shape)များ အသုံးမပြုရပါ။
~အရွယ်ကြီးမားသောကျောက်များနှင့်ခင်းမည်ဆိုပါလျှင် တည်ငြိမ်ဖို့ခက်ခဲပြီးအတွင်းတွင် Void များဖြစ်ပေါ်နေပြီး ချိတ်ဆက်မှုအား Interlocking မဖြစ်ပေါ်နိုင်ပဲ အပေါ်ကချုပ်အားက 1"&2" တစ်လုံးသာ ချုပ်အားပေမို့ဘယ်လောက်ကြိတ်ကြိတ် တစ်ခုသော Limit မှာ ရပ်တန့်Settlement ဖြစ်ပေါ်ပြီး CBR 80% ဆိုတာအလှမ်းဝေးကြမှာပါ။
~ ကျောက်ဆိုဒ်ကြီးလေ Void များလေ Interlock မဖြစ်နိုင်လေပါပဲ…
~အရွယ်ငယ်လေ void နည်းလေ ကျစ်လစ်မှုအားကောင်းလေပါပဲ။
~ဒါကြောင့် ကျောက်ဆိုဒ်မှန်ဖို့အရေးကြီးပါတယ်…

~ကျောက်စီတဲ့အခါ ကျောက်တစ်လုံးချင်းစီကို စနစ်တကျထောင်လျှက်အနေထားတိုင်း ကပ်လျှက်စီရပါမယ်…
~ကျောက်၏အပြားကြီးသောဘက်ကိုအောက်ကထားပြီး အချွန်ဘက်ကို အပေါ်ကထားစီပေးခြင်းဖြင့်လည်း Voids များကို အောက်ဘက်တွင် မဖြစ်ပေါ်စေတော့ပဲ အပေါ်ဘက်တွင် ပါးစပ်ဟနေပြီး Void များအတွင်းသို့ သပ်ကျောက်ထည့်ရပိုမိုလွယ်ကူပါတယ်။
~ထောင်(ဒေါင်လိုက်)စီချင်းအားဖြင့် သတ်မှတ် Thickness Level ရရှိစေနိုင်သည့်အပြင် ကျောက်များ ချိတ်ဆက်မှုအားကောင်းပြီး တိမ်းစောင်းခြင်း၊သွေဖည်ခြင်း(Deflection)တို့ကိုပါ လျှော့နည်းစေပါသည်…
~(ကျောက်များကိုလှဲစီသောအခါ တစ်လုံးနှင့်တစ်လုံး ထပ်၍စီရပြီး လမ်းကြိတ်စက်နင်းသောအခါ တည်ငြိမ်မှုအား ချိတ်ဆက်မှုအား မကောင်းမွန်နိုင်ပဲ Interlocking effect မရှိနိုင်သဖြင့် သတ်မှတ် CBR လည်း မပြည့်မှီနိုင်တော့ပါ..)
-ထို့နောက် ထောင်လိုက်စီထားပြီး အတွင်းတွင် ဖြစ်ပေါ်နေသော Void များအတွင်းသို့ သတ်မှတ်ဝင်ဆံ့နိုင်သည် အရွယ်တော် ညှပ်ကျောက်(Key)များ ဖြင့် သပ်ထိုးပေးရပါမည်…
-ကျောက်ကြီးပြီး key နည်းနေရင် ကျောက်ချင်းချင်းစုဖွဲ့မှု အားလျှော့နည်းသွားပြီး Plate နဲ့စမ်းတဲ့အခါ 0.05" နစ်ဝင်တဲ့အချိန်ဖိအားကို တန်များစွာ တင်းခံနိုင်ဖို့ မဖြစ်နိုင်တော့ပါဘူးး

-(တစ်ချို့က ကျောက်များအကုန်စီပြီးမှ ညှပ်ကျောက်များကို အပေါ်ယံလိုက်ဖြူးရုံသာ လုပ်ဆောင်တတ်ကြပါသည်။ထိုအခါ Voidများအတွင်းမဝင်ရောက်နိုင်သဖြင့် Interlocking မဖြစ်ပေါ်ပဲ သတ်မှတ်CBR နဲ့ အလှမ်းဝေးနေကြဦးမှာပဲ)
-ကျောက်စီပြီးသွားလျှင် မိမိကျောက်ကွက်အား Checkup ပြန်လုပ်ပါ…
- ကြိုးတန်းထက်ကျော်နေလား။ ကြိုးတန်းအောက်နိမ့်နေလား ။
Camber (ခေါင် )နိမ့်နေလား စသဖြင့် စစ်ဆေးပြီး တစ်ခါတည်းပြုပြင်ရပါမယ်…
-ထို့နောက် (Shoulder )လမ်းပုခုံးကို ငုတ်ရိုက်ကြိုးဆွဲပြီး တစ်ခါတည်း ပြည့်မှီအောင် ကပ်ပေးရပါမယ်…
-(တစ်ချို့က လမ်းပုခုံး (Earth backing) ကိုတစ်ခါတည်းမဆောင်ရွက်ပဲ နောက်မှလိုက်ထည့်တတ်ကြပါသည်။လမ်းကြိတ်သောအခါတွင် လမ်းပုခုံး အားနည်းခြင်းကြောင့် ကျောက်များ ကြိတ်အားကြောင့် ဘေးဘက်သို့ထိုးဆင်းသွားခြင်းနှင့် လမ်းကြိတ်စက် မနင်းရဲခြင်းတို့ဖြစ်ပေါ်တတ်ပါသည်)

-ပြီးရင်တော့ လမ်းကြိတ်စက် (Roller)နဲ့ စကြိတ်ပါမယ်…
လမ်းစကြိတ်လျှင် လမ်းပုခုံးဘက်မှ စတင်ကြိတ်ပြီးတဖြည်းဖြည်း ခေါင်ဘက်သို့လမ်း၏လားရာ Direction တိုင်းကြိတ်ရပါမည်…
-လမ်းကြိတ်နေစဉ်အတွင်း လမ်း၏Level နိမ့်သွားလား မောက်နေလား သပ်ကီးနည်းနေလား စစ်ဆေးပြီး တစ်ခါတည်း လိုက်ပြင်ပေးရပါမယ်။
-သတ်မှတ်သည့် Rolling passes ပြည့်လျှင် တုတ်ကလေးနဲ့ဖြစ်ဖြစ် ကားသော့လေးနဲ့ဖြစ်ဖြစ် လမ်းကို ကလန့်ကြည့်ပါ။မထွက်တော့ရင် CBR 40% နားသို့ရောက်နေပါပြီ။

-ပြီးရင်တော့ သဲဖြန့်အုပ်နိုင်ပါပြီ။
သဲအုပ်ရာမှာ အချို့က အများကြီး ထည့်တတ်ကြပါတယ်။သဲဆိုတာ ကျောက်ကိုချုပ်အောင်လုပ်တာမှန်ပေမယ့် ရေအစိုဓါတ်ရှိနေတုန်းသာ တည်ငြိမ်စေပေမယ့် ရေမရှိတော့ရင်တော့ ချုပ်အားနည်းပြီး လှုပ်ရှားကာလမ်း သက်တမ်းလျှော့ပြန်စေပါတယ်…
ဒါကြောင့် သဲကို ကျောက်တွေတည်ငြိမ်မှ void အတွင်း အနည်းငယ်သာ fill လုပ်ရမယ့် Sand Choke အနေဖြင့်သာ အသုံးပြုသင့်ပါသည်။
သဲခင်းအုပ်မယ်ဆိုရင် ကျောက်များကို Interlocking ဖြစ်အောင်တည်ဆောက်ပြီးမှ အုပ်သင့်ပါတယ်။
~ကောင်းမွန်ပြီး CBR ပြည့်မှီသော ကျောက်ချောလမ်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်မျှော်လျှက်....

💞💞💞💞💞💞💞💞💞💞💞💞💞💞💞


#ကိုးကား ဆရာဦးသန့်ဇင်(CBR အကြောင်းတစေ့တစ်စောင်း )

စောချမ်းအေး

Reinforced Concrete အသုံးပြုခြင်းရဲ့ ကောင်းကျိုး/ဆိုးကျိုးများ အကြောင်းကို နည်းနည်းဆွေးနွေးကြည့်ပါမယ်။"Advantages and Di...
16/05/2020

Reinforced Concrete အသုံးပြုခြင်းရဲ့ ကောင်းကျိုး/ဆိုးကျိုးများ အကြောင်းကို နည်းနည်းဆွေးနွေးကြည့်ပါမယ်။

"Advantages and Disadvantages of Reinforced Concrete"

[ Reinforced Concrete အသုံးပြုခြင်းရဲ့ ရရှိလာတဲ့ အကျိုးကျေးဇူး(Advantages) တွေကို ဦးစွာဆွေးနွေးပါမည်။ ]

(1) Concrete မှာ high compressive strength ရှိပါတယ်။
ဒါကြောင့် concrete ဟာ compressive stress(ဖိနှိပ်ဒဏ်အား) ကိုအများကြီးခံနိုင်ပါတယ်။

(2) Concrete ဟာ the actions of fire(မီးဒဏ်) ကို Structural Steel ထက်အများကြီး ခံနိုင်ရည်ရှိပါတယ်။ အတန်အသင့် မီးပြင်းအား တွေမှာ R.C member တွေကို cover လုံလုံလောက်လောက် ပေးထားရင် အတွင်းက Reinforcement (သံချောင်း) တွေကို ထိခိုက်မှုမရှိပဲ အပြင် Concrete မျက်နှာပြင်ကိုပဲ ပျက်စီးမှု ဖြစ်ပေါ်ပါတယ်။ဒါကြောင့် Failure (ပြိုကျပျက်စီးမှု) တွေမရှိနိုင်ပါဘူး။ ဒီနေရာမှာ concrete cover ရဲ့ အရေးပါမှုကို သတိထားစေချင်ပါတယ်။

(3) Reinforced Concrete အဆောက်အဦးတွေဟာ အရမ်း Rigid ဖြစ်ပါတယ်။

(4) Reinforced Concrete အဆောက်အဦးတွေဟာ (long service life) သက်တမ်းအရမ်းကြာမြင့်ပြီး maintenance cost အလွန်နည်းပါးပါတယ်။

(5) Reinforced Concrete အဆောက်အဦးတွေဟာ သက်တမ်းကြာလာလေလေ သူ့ရဲ့ strength တွေဟာ လျော့ကျမှုမရှိပဲ Increase ဖြစ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ R.C member ထဲမှာရှိတဲ့ Cement paste ရဲ့ ဓာတ်ပြုမှုဖြစ်စဉ်ကြောင့်ပဲ ဖြစ်ပါတယ်။

(6) Footing, Floor slab, basement walls, piers , etc တွေအတွက် Reinforced Concrete ဟာ Economy ဖြစ်တဲ့ Structural material တစ်ခုဖြစ်ပါတယ်။

(7) Concrete ကို ရိုးရှင်းတဲ့ပုံသဏ္ဌာန်(Simple shape)မှသည်
အကွေးအခုံးပုံသဏ္ဌာန်(Arch Shapes)တွေအထိ လိုအပ်သလို သွန်းလောင်းပုံဖေါ်နိုင်ပါတယ်။ ကြိုတင်သွန်းလောင်းထားပြီး Deflection နည်းတဲ့ Precast member တွေအဖြစ်လည်း အသုံးပြုနိုင်ပါတယ်။

(8) တစ်ချို့ နေရာဒေသတွေမှာ local materials(e.g sand, aggregate, water)စသည်တို့ ရရှိတဲ့အတွက် Concrete ကိုအသုံးပြုခြင်းဟာ အများကြီး အကျိုးဖြစ်ထွန်းပါတယ်။ ဥပမာအနေနဲ့-
ကျနော်တို့ မြန်မာနိုင်ငံမှာ သဲ/ကျောက်/ရေ ကို နေရာဒေသတိုင်းလိုလို ရရှိပါတယ်။ ကျနော် တို့လိုအပ်တာက Cement နှင့် Reinforcement ပဲဖြစ်တယ်။ဒါကိုတော့ Foreign ကတင်သွင်းရပါမယ်။ တကယ်လို့ design မှာ steel နည်းနည်း Concrete များများ design လုပ်ဖြစ်ကြရင်တော့ သွင်းကုန်တွေကို လျော့ချနိုင်ပြီး နိင်ငံခြားသုံးစွဲငွေလည်း လျော့ချနိုင်ပါလိမ့်မယ်။

(9) Concrete လုပ်ငန်းအတွက် skilled labour အရေအတွက် အနည်းငယ်ပဲလိုအပ်ပါတယ်။ ဆိုလိုချင်တာက လုပ်ငန်းကျွမ်းကျင်တဲ့ လေဘာနည်းနည်း /လုပ်ငန်းအတန်အသင့်နားလည်တဲ့ လေဘာများများ ရှိရင်
Concrete လုပ်ငန်းလုပ်လို့ရတယ်လို့ ဆိုလိုချင်တာပါ။

[ Reinforced Concrete အသုံးပြုခြင်းရဲ့ ရရှိလာတဲ့ ဆိုးကျိုး(Disadvantages) တွေကိုဆွေးနွေးကြည့်ပါမည်။ ]

(1) Concrete ရဲ့ Tensile strength(တင်းအားခံနိုင်ရည်) ဟာ Compressive strength ခံနိင်ရည်ရဲ့ ဆယ်ပုံတစ်ပုံ(1/10)ခန့်ပဲရှိပါတယ်။

(2) Concrete ကို စနစ်တကျရောစပ်ဖို့(mixing)/ သွန်းလောင်းဖို့(Casting)/ အသားသေအောင်ပြုလုပ်ဖို့(Curing) အလွန်အရေးကြီးပါတယ်။ ဒါမှ လိုချင်တဲ့ Concrete ရဲ့ နောက်ဆုံးခံနိုင်အား(Final strength) ကိုရရှိမှာပါ။

(3) Concrete သွန်းလောင်းဖို့ အသုံးပြုတဲ့ Formwork/Falsework ကုန်ကျစရိတ်ဟာ အလွန်မြင့်မားပါတယ။် United States မှာ Formwork ရဲ့ကုန်ကျစရိတ်ဟာ Reinforced Concrete အဆောက်အဦးရဲ့ စုစုပေါင်းကုန်ကျစရိတ်ရဲ့ 60% လောက်ရှိတယ်။ တစ်ခါတစ်ရံ 60% ထက်များတယ်လို့ ဆိုပါတယ်။ ဒါကြောင့် Formwork engineer တွေကို formwork ကို design လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး လုပ်ဖို့ (ACI347-04)မှာ အကြံပေးထားပါတယ်။

(4) Concrete ရဲ့ compressive strength ဟာ Structural steel ရဲ့ Compressive strength နဲ့ နှိုင်းယှဉ်လိုက်ရင် နည်းပါတယ် ။သုံးတဲ့ materials အပေါ်မူတည်ပြီး ဆယ်ပုံတစ်ပုံ(1/10) ခန့် ရှိတယ်လို့ ဆိုပါတယ်။ တကယ်လို့ ထပ်မြင့် အဆောက်အဦးတွေ ဆောက်ရင် Column sizes တွေကို ကြီးပေးဖို့လိုလာပါတယ်။ Member Sizes ကြီးပေးရတာဟာလည်း သူ့ရဲ့ဆိုးကျိုးတစ်ခုပါပဲ။

(5) Concrete ဟာအပူချိန်ကြောင့်/ live loads တွေသုံးတာတွေကြောင့် Cracks ပေါ်စေပါတယ်။ ဒါကြောင့်လည်း temp&shrinkage steel ဆိုပြီး ကျနော်တို့ ထည့်နေရတာပေါ့။

Ref:Design of Reinforced Concrete
Structural Concrete Theory and Design

Sayar Jack

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ရှ...
11/05/2020

အဲကွန်းလေးတွေ အိမ်မှာသုံးနေပေမဲ့ ရီမုဒ်လေးတွေကို သေချာမသုံးတတ်ကြဘူး ဟုတ်တယ်ဟုတ် 😊

ဒါပေမဲ့ သိထားဖို့ ကအရမ်းအရေးကြီးပါတယ်ရှင့် ဒီနေ့ အဲကွန်း ရီမုဒ်လေးရဲ့ အသုံးပြုပုံလေးပြောပြပေးပါ့မယ်ရှင့် 💁‍♀️

ပထမဆုံးပြောမယ်ခလုတ်လေး က ❤️On / Of ခလုတ်လေးပါ သူကတော့ အဖွင့် အပိတ်ခလုတ်လေးပါရှင့် ဒီခလုတ်လေးကိုတော့ အများစုကသိကြပါတယ်

နောက်တစ်ခုက ✳️Mode ဆိုတဲ့ ခလုတ်လေးပါ ဒီခလုတ်လေးကတော့ အရမ်းအရေးပါပါတယ် ဒီခလုတ်လေးကိုကောင်းကောင်းမသုံးတတ်လို့ အဲကွန်းပြင်ဆိုင်ပို့မိတဲ့ အဖြစ်မျိုးကြုံဖူးတဲ့သူတွေအများကြီးကြုံဖူးပါတယ်
Mode ဆိုပြီး အပြည့်အစုံရေးမထားရင် M ဆိုတဲ့ သင်္ကေတလေး ပါပါတယ်ရှင့် အဲဒါလေးကဘာတွေလုပ်ဆောင်လဲဆိုတော့ အဆင့်ငါးဆင့်လုပ်ဆောင်ပါတယ်

ပထမတစ်ချက်နှိပ်ရင် Auto ဆိုပြီးပေါ်လာပါတယ်
🔸Auto အနေအထားမှာဆိုရင် အခန်းအပူချိန်-ပန်ကာလည်နှုန်း- Outdoor unit အဖွင့်အပိတ်နဲ့လည်ချိန်တွေကို အဲကွန်းထဲက Processor ကသူဟာသူ အလုပ်ပေးပါလိမ့်မယ်

ဒုတိယတစ်ချက်နှိပ်ရင် Cool ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Cool အနေအထားမှာဆိုရင် အဲကွန်းက အေးနေပါလိမ်မယ်
ဒီအချိန်မှာ Out door unit တခုလုံး အလုပ်လုပ်နေပါလိမ့်မယ်။သုံးစွဲသူက နှိပ်ထားတဲ့ အခန်းအပူချိန် အောက် မရောက်မချင်း အဲကွန်းက လည်နေပါလိမ့်မယ်ရှင့်

တတိယတစ်ချက် နှိပ်ရင် Dry ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Dry mode မှာလည်းအဲကွန်းက အေးနေပါမယ်။ ဒီအချိန်မှာ အေးရုံသာမက အခန်းတွင်းက ရေငွေ့ပမာဏကိုလည်း Cool နှိပ်ထားချိန်ထက် ပိုပြီး လျှော့ချပေးပါလိမ့်မယ်။

စတုတ္ထတစ်ချက်နှိပ်ရင် Heat ဆိုပြီးပေါ်လာပါလိမ့်မယ်
🔸Heat ဆိုတာကိုနှိပ်ထားပြီး ချိန်ထားမယ်ဆိုရင်တော့ အဲကွန်းက အပူအအေးနှစ်မျိုး သုံးလို့ရတဲ့ ဟာဆိုရင်တော့ အခန်းတွင်းက Info or က အပူကွိုင်ဖြစ်သွားပြီး Outdoor unit က အအေးကွိုင်အဖြစ် ပြောင်းပြန်အလုပ်လုပ်ပေးပါလိမ့်မယ်။

နောက်ဆုံးတစ်ချက်နှိပ်ရင်တော့ Fan ဆိုပြီးပေါ်လာပါလိမ့်မယ်ရှင့်
🔸Fan ဆိုတဲ့ အနေအထားမှာနှိပ်ထားပြီး ချိန်ထားရင်တော့ အဲကွန်း Outdoor ကအလုပ်မလုပ်ပဲ Indoor ပန်ကာပဲ အလုပ်လုပ်ပါလိမ့်မယ်။ အခန်းတွင်းမအေးတော့ပါ။ ပန်ကာချည်းသာ လည်နေလို့ဖြစ်ပါတယ်

🔴တချို့ဆို ရီမုတ်ကွန်ထရိုးမှာ ဒီအခြေအနေကို နှိပ်ထားပြီး အဲကွန်းမအေးလို့ဆိုပြီး ပြင်တဲ့သူတွေ လှမ်းခေါ်တော့ လမ်းစရိတ်ကုန်တာမျိုး ရှိတတ်ပါတယ်။

✳️Temp လို့ရေးထားတဲ့ အခန်းရဲ့လေထု အပူချိန်ကို ကိုယ်လိုသလိုချိန်ဖို့ ဘယ် ညာ မြှားနှစ်ခု နဲ့ရေးထားတဲ့ အပူချိန်ချိန်ညှိခလုပ်ပါ။ အခန်းရဲ့ အပူချိန်ကို ကိုယ့်အတွက် သက်သောင့်သက်သာဖြစ်စေမည့် အပူချိန် အနည်းအများကို ချိန်ရာမှာ သုံးပါတယ်။ နှိပ်တဲ့အချိန်မှာ အဲကွန်း Indoor ရဲ့ ဆင်ဆာနေရာ ကိုချိန်ပြီး နှိပ်ဖို့လိုပါတယ်။ လူတစ်ယောက်အတွက် သက်သောင့်သက်သာဖြစ်တဲ့ အပူချိန်က ရာသီအလိုက်မှာရှိတဲ့ ပတ်ဝန်းကျင်အပူချိန်လိုက်လို့ နေ့ညလိုက်လို့ အပြောင်းအလဲရှိပါတယ်။ အဲကွန်းဖွင့်ထားပေမယ် သတိရမနေစေပဲ ကိုယ့်အတွက် ချမ်းမှန်း ပူအိုက်မှန်း သိမနေစေတဲ့ အပူချိန်ကတော့ အကောင်းဆုံးပါပဲ။

✳️Fan လို့ရေးထားတဲ့ အဲကွန်း Indoor ရဲ့အထဲက ပန်ကာ အမြန်နှုန်းကိုချိန်တဲ့ခလုပ်တခု ပါ ပါလိမ့်မယ်။ သူရဲ့အသုံးက..ပန်ကာ အမြန်နှုန်းကို အမြန်(Hi)၊ အလည်အလတ်(M)၊ အနှေး(L) ချိန်ပေးရာမှာသုံးပါတယ်။ တစ်ချက်နှိပ်ရင် တမျိုးပြောင်းပါတယ် H-M-Lအစဉ်လိုက် ပြောင်းနေပါလိမ့်မယ်။ အများစု ရီမုတ်တွေမှာတော့ မှန်ပြင်ထဲမှာ အတုံးအကြီး ၊အလတ်၊ အသေး ပြောင်းသွားတဲ့ပုံစံနဲ့ ပြပါလိမ့်မယ်။ ညအိပ်ချိန်တွေမှာတော့..အနှေး (L) မှာထားခြင်းဖြင့် ဆူညံမှုကို သက်သာစေနိုင်ပါတယ်။

✳️Swing ဆိုတာကို တချက်ချင်းစီ နှိပ်ပြီး အဲကွန်း Indoor Unit ရဲ့ ရှေ့က Louvre ကို အပေါ်အောက် ကစားတာနဲ့ ကိုယ်ကြိုက်တဲ့နေရာမှရပ်ဖို့စောင့်ပြီး နှိပ်လိုက်တာနဲ့ အသေရပ်သွားဖို့ လုပ်နိုင်ပါတယ်။

✳️Timer ဆိုတဲ့ ခလုပ်နဲ့ အပူချိန် အတိုးအလျော့ မြှားတွေနဲ့ ပေါင်းစပ်နှိပ်ပြီးအဲကွန်း ကိုကြိုက်တဲ့အချိန်မှာ ပိတ်ဖို့ ကြိုက်တဲ့အချိန်မှာ ပြန်လည်စေဖို့ အချိန်သတ်မှတ် ပေးထားနိုင်ပါတယ်။ Turbo ဆိုတဲ့ ခလုပ်ပါခဲ့ရင်တော့ အဲကွန်း Indoor fan ကို အရှိမြန်မြန် နဲ့လည်ဖို့ ဖြစ်သွားပါလိမ့်မယ်။

အဲကွန်း ရီမုတ် ကိုနှိပ်တဲ့အခါ✳️ Indoor unit ရဲ့ ဆင်ဆာ ကို သေချာချိန်ပြီး နှိပ်မှာသာ ကိုယ်လိုချင်တဲ့ ချိန်ဆမှုကို ရမယ်လို့ သတိပေးချင်ပါတယ်။ ရီမုတ်အလုပ်လုပ်ရင် အဲကွန်းကနေ ” တီ” ဆိုတဲ့အသံလေးက နှိပ်လိုက်တိုင်း ကြားနေရတတ်ပါတယ်
Credit to Myanmar Click

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌ကွန်ကရစ် သွန်းလောင်းခြင်...
10/05/2020

ကွန်ကရစ်လောင်းရာမှာ အခြေခံ(၁၂)ချက်သာ သိထားပါက Projects ကြီးတွေကိုပါ ဆောင်ရွက်နိုင်မှာဖြစ်‌ပါတယ်‌
ကွန်ကရစ် သွန်းလောင်းခြင်း၏ အချေခံသဘောတရား ၁၂-ချက်ကို၊ လေ့လာထားပါက concrete projects ကြီးကိုလည်း မှန်မှန်ကန်ကန် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ အဆိုပါ အချေခံသဘောတရား ၁၂ - ချက်မှာ
1. Site clearing
2. Subbase and subgrade preparation
3. Formwork preparation
4. Rebar installation
5. Concrete mixing
6. Concrete puring
7. Screeding the top of the concrete
8. Trowelling
9. Control joint
10. Creating the traction
11. Curing and sealing the concrete, and
12. Maintaining တို့၊ ဖြစ်ကြပါသည်။

1. သန့်ရှင်းရေးဆိုသည်မှာ_
မြေကြီးပေါ်မှာ လမ်းခင်းသကဲ့သို့ ကွန်ကရစ်လောင်းသည်ဆိုစေအုန်းတော့၊ Grass -မြက်၊ rocks - ကျောက်၊ trees - သစ်ပင်၊ shrub - ခြုံနွယ်၊ old concrete - ကွန်ကရစ်ဂျိုး အစရှိသည်တို့ကို၊ မြေကောင်းပေါ်လာ သည်အထိ တူးဖော်ဖယ်ရှားပြစ်ရပါမည်။ လမ်းခင်းတဲ့သူငယ်ချင်းများ သတိပြုပါ။ အောက်မှာ soft pit တေရှိ နေရင် ပြု ပြင်ပြီးမှ ကွန်ကရစ်လောင်းပါ။ အထပ်သားနဲ့ formwork ရိုက်ထားတဲ့ ကြမ်းခင်း slab လောင်း တယ် ဆိုရင်လည်း ဆေးလိပ်တိုတေ၊ ကွမ်းတတွေးတေ၊ သစ်တိုသစ်စတေ၊ binding wire စတေ၊ ချေ စာမှုန့် တေ၊ ရှိနေတပ်ပါတယ်။ formwork ပေါ်မှာ ဘယ်သောအခါမှ ထမင်းမစားရပါဘူး။

2. Prepare your subbase - အောက်ခံကို၊ ပြု ပြင်ပါ။
2.1 what is subbase?
လမ်းခင်းသောအခါ၊ အောက်ခံအခင်းကို၊ subbase ဟု၊ ခေါ်ပါသည်။ subbase ခင်းရခြင်း၏၊ အကြောင်းရင်းမှာ၊ concrete rest လုပ်ဖို့ဖြစ်ပါသည်။ များသောအားဖြင့် granular - ကျောက်စေ့၊ ဂဝံစေ့ များကို၊ subbase အဖြစ်ခင်းကြိတ် အသုံးပြု ပါသည်။(တခါတရံတွင်၊ မိမိကွန်ကရစ်ခင်းမည့်မြေသည် compacted and stable - သိပ်သည်းကျစ်လစ် တည်ငြိမ်သည့် မြေ အမျိုးအစားဖြစ်နေပါက အဆိုပါမြေသည် subbase ပင် ဖြစ်ပါသည်။

2.2 what is subgrade?
Subbase အောက်က မြေကြီးကို၊ subgrade ဟု၊ ခေါ်ပါသည်။ မြေကြီးပေါ်က၊ ကွန်ကရစ်သည်၊ သို့မဟုတ် ကွန်ကရစ်လမ်းသည်၊ အဆိုပါမြေကြီးဆိုသော subgrade ကောင်းရင်ကောင်းသလောက်၊ ပျက်စီးချို့ယွင်း ခြင်းမရှိပေ။ (ကဲ ဒါဆိုရင် သူငယ်ငယ်ချင်းတို့ရေ - အထပ်မြင့်ကြမ်းခင်း ကွန်ကရစ်လောင်တာဆိုရင် slab formwork က၊ subbase ပေါ့ဗျာ။ formwork supported prop က subgrade ပေါ့။)
အကယ်၍ subgrade သည်၊ shifts - ရွေ့နေမည်၊ craters - ကျင်းဖြစ်နေမည်၊ moves - လှုပ်ရှား နေမည်ဆို ပါလျင်၊ သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်သည်လည်း၊ subgrade ဖြစ်နေသကဲ့သို့၊ လိုက်ဖြစ်နေပါမည်။ ရွေ့ မည်၊ ကျင်းဖြစ်မည်၊ လှုပ်ရှားနေပါမည်။ (သူငယ်ချင်ချင်းတို့ ကွန်ကရစ်လမ်းတေ ခုံးနေတာ ခွက်နေတာ ကျင်း တေ ဂျိုင့်တေ ဖြစ်နေတာ မြင်ဘူးကြပါတယ်နော။ လူတေက ကွန်ကရစ်လမ်းပျက်တာကိုဘဲ မြင်ကြတာပါ။ အောက်ကမြေ သားကောင်းအောင်လုပ်ဖို့ကြတော့၊ ခြလည်းစား ငါလည်းဝါးကိုးဗျ။)
ထို့ကြောင့် subbase မခင်းမှီ subgrade ကို၊ ငြိမ်နေအောင်၊ သိပ်သည်းကျစ်လစ်နေအောင် သေသေချာချာ ပြု လုပ်ဘို့ လိုပါတယ်။ ဘယ်လို လုပ်ရမတုန်းဆိုတော့၊ မြေကြီးကို၊ CBR 5 ရအောင်၊ ကြိတ်ရပါ့မယ်၊ မြေကြီးကို CBR 5 ရအောင် ကြိတ်ဘို့ အခက်အခဲရှိတယ်ဆိုရင်တော့၊ open-grade stone (သို့မဟုတ်) closed-grade / fine-grade stone ကို၊အသုံးပြု ပြီးတော့ subgrade တည်ဆောက်ရပါမည်။ 6" × 9" အစွယ် ကျောက်ကြီး များဖြင့် Open-grade stone ခင်းမည်ဆိုလျင်၊ ကျောက်တုန်းတေအကြားကနေ ရေအလွယ်တကူ စီးထွက် သွား စေနိုင်ပါသည်။ သို့သော်လည်း 2"×4" အရွယ် Finer-grade stone သုံးတာလောက်တော့ compaction မကောင်းပါဘူး။ fine grade stone က၊ စျေးတော့ပိုကြီးပါတယ်။

2.3 how to lay subbase
Subgrade ပြီးတဲ့အခါsubbase ခင်းရပါ့မယ်။အဆောက်အဦးမှာ အသုံးပြုတည်ဆောက်သော subbase ဆိုသည်မှာ အားလုံးသိထားသည့် hard-core ရိုက်တာဖြစ်ပါသည်။ hardcore ကို အနည်းဆုံး 4" ကနေ၊ အများဆုံး 8" အထိ၊ ခင်းကြပါသည်။ ခင်းပြီးတဲ့အခါ hand tamper ဖြင့်ဖြစ်စေ၊ plate compactor ဖြင့် ဖြစ်စေ၊ သိပ်သည်းအောင် ဆောင်ရွက်ရပါသည်။ Plate compactors အပေါ်ယံမြေသားကိုသာ သိပ်သည်း ကျစ်လစ်မာကြောစေတပ်သောကြောင့်၊ လိုအပ်ပါက ပိုမိုကြီးမားသော စက်ကရိယာများကို အသုံးပြုဘို့ လိုပါ သည်။

3. Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း။
A well-built form - ကောင်းစွာတည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံစံခွက်ကောင်း တခုသည်) concrete သားကောင်းကောင်းကို၊ ရရှိစေပါသည်။ ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ-ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အမြင့် လယ်ပယ်လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။ အတိုင်းအတာမှန်ကန်အောင် မှန်ကန်သောပေကြိုးကိုလည်းကောင်၊ ထောင့်ကျဉ်းထောင့် ကျယ်မဖြစ်ရလေအောင် diagonal method ကိုလည်းကောင်း၊ အနိမ့်အမြင့်မှန်ကန်အောင် ပေကြိုးကိုလည်း ကောင်း အတိန်းအစောင်းမဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကိုလည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။ လူတေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 14/" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရ မည်သာ ဖြစ်ပါသည်။

4. Rebar
Consider adding wire mesh or rebar to your form (optional).
မိမိသွန်းလောင်သော၊ ကွန်ကရစ်သည်၊ ကားလမ်းကဲ့သို့၊ heavy load-bearing structure ဖြစ်ပါက၊ သွန်လောင်းမည့် ကွန်ကရစ်ထဲတွင်၊ rebar ထည့်မည်၊ သို့မဟုတ်၊ wire mesh ထည့်မည်ဆိုသည်ကို၊ စဉ်းစား ဆုံးဖြတ်ရပါမည်။ အလေးဝန်ချိန် များပြားစွာ ထမ်းဆောင်ရန်မလိုအပ်သော ကွန်ကရစ် သွန်းလောင်းမည် ဆိပါက mesh ဖြစ်စေ rebar ဖြစ်စေ၊ ထည့်ရန်မလိုပါ။ သို့ပါသော်လည်း mesh ကိုဖြစ်စေ rebar ကိုဖြစ်စေ၊ အသုံးပြုမည်ဆိုပါက၊ မည်သည့်အတွက်ကြောင့် အသုံးပြု ရသည်။ ဘယ်လိုကောင်းကျိုးများရှိသည်၊ ဘယ်လို ဆိုးကျိုးများရှိသည်၊ တို့ကို နားလည်သဘောပေါက်ထားဘို့ လိုအပ်ပါသည်။
Wire mesh သည်၊ ဝရိန်တို့ထားသောကြောင့် ပိုပြီးတည်ငြိမ်ပါသည်၊ အက်ကြောင်းငယ်များ၊ မဖြစ်ပေါ်အောင် ကာကွယ်ပေးသည်။ ဖြစ်ပေါ်လာသော အက်ကြောင်းများကိုလည်း တိုးပွားမလာအောင် ထိန်းသိမ်းစောင့် ရှောက်ပေးပါသည်။ သို့ပါသော်လည်း ကြံ့ခိုင်သည့် structural တခု၊ တည်ဆောက်ဘို့တော့၊ လုံလောက်သော စွမ်းအား၊ မရှိပါ။
Rebar ကတော့၊ load များများကို ထမ်းနိုင်သော structure ရအောင် တည်ဆောက်နိုင်ပါသည်။ သို့သော် ဖြစ်ပေါ်လာသောအက်ကြောင်းများကို သေးငယ်သွားအောင်တော့ rebar က၊ မစွမ်းဆောင်နိုင်ပါ။
5. Mix your concrete - ကွန်ကရစ်ဖျော်စပ်ခြင်း။
ကွန်ကရစ်ဆိုသည်မှာ၊ အားလုံးသိကြသည့်အတိုင်း၊ Portland cement - ဘိလပ်မြေ၊ sand - သဲနှင့်၊ coarse aggregate ကျောက်စရစ် သို့မဟုတ် ချီပင်ကျောက်တို့ကို၊ 1:2:4, 1:3:6 စသဖြင့်၊ အချိုးကြပေါင်းစပ်ရောနှော ပြီး၊ ထိုသို့ ရောစပ်မွှေသမထားသော အခြောက်စပ်ကို တခုနှင့်တခု တွဲကပ်သွားစေရန် ရေရောထားသော အရောအနှော ဖြစ်ပါသည်။ ရေကို သတ်မှတ်ထားသော အတိုင်အတာအထိသာ ထည့်သွင်းရောစပ် ရပါ သည်။ ရေများလျင် လုပ်ရကိုင်ရလွယ်ကူသွားသော်လည်း ကွန်ကရစ်စွမ်းအားကို ကျ ဆင်းစေပါသည်။ ရေနဲနဲ ဖြင့်ရောစပ်ထားသော ကွန်ကရစ်သည် ကွဲအက်မှုကို ပိုမိုခံနိုင်ပါသည်။ စက်ဖြင့်ဖျော်စပ်သည့်ဖြစ်စေ၊ လက်ဖြင့် ရောစပ်သည်ဖြစ်စေ၊ ပါဝင်ပစ္စည်း များ တသမတ်တည်း ဖြစ်လာသည်အထိ မွှေဘို့ လိုပါသည်။
လက်ဖြင့်ရောစပ်သည့်အခါ သဲနှင့်ဘိလပ်မြေကို ဦးစွာ သမအောင် ရောစပ်ရပါမည်။ ထို့နောက် ကျောက်ထည့် ပြီး ဒုတိယအကြိမ် သမအောင် ရောစပ်ရပါမည်။ ထို့နောက် ရောစပ်ထားသည့် အပုံကို ပြားပြီး၊ ရေပန်းခရား ဖြင့် ရေကို ထည့်ရပါ့မည်။ ထို့နောက် သမအောင် ပြုလုပ်ရပါမည်။
စက်ဖြင့်ရောစပ်သည့်အခါ စက်ကိုလည်ထားပြီး ရေကို အနည်းငယ်လျော့ပြီး ဦးစွာထည့်ရပါသည်။ ထို့နောက် ကျောက်ထည့်ရပါ သည်၊ ထို့နောက်သဲထည့်ရပါသည်။ ၄င်းတို့ သမသွားသောအခါ ဘိလပ်မြေထည့်ရပါသည်။ ထို့နောက် ကွန်ကရစ် တသားထဲဖြစ်သွားသည်အထိ ရေကို ချိန်ညှိထည့်ပေးရပါသည်။

6. ကွန်ကရစ်သွန်းလောင်းခြင်း။
ကွန်ကရစ်လောင်းတဲ့အခါ_
ရွက်လုံးနဲ့လည်း ငဲ့ချလိုက်တပ်ပါတယ်။
Bucket နဲ့လည်းမယူလာပြီး ဖွင့်ချလိုက်တပ်ပါတယ်။
Truck မှာပါတဲ့ လျောဇလားနဲ့လည်း လျောကျလာတပ်ပါတယ်။
Stationary pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။
Boom pump နဲ့လည်း "ဝူး" ကနဲ မှုတ်ပြီးလာတပ်ပါတယ်။ ဘာနဲ့ဘဲလာလာ၊ ကွန်ကရစ်ပုံဖြစ်လာရင်တော့၊ ပေါက်တူးနဲ့ဆွဲရင် လဘာချာပါဘဲ။ ဒီတော့ မြန်-ကောင်း-သက်သာ ဖြစ်ရလေအောင်၊ shovels - ဂေါ်ချွန်၊ rakes - အသွားပါသောဆွဲဂျုတ်၊ "come alongs," တံချူ တို့နဲ့ ဆွဲဖြန့်ရပါမယ်။ တံချူ ဆိုတာ spreader ပါဘဲ။ အကြမ်းအားဖြင့် ညီသွားပြီဆုပါလျင် စီးကမ်းနည်းလမ်းအတိုင်း vi****or မရပါ့မယ်၊

7. Screed the top of the concrete.
Screed လုပ်သည်ဆိုသည်မှာ၊ ပါရာတုန်းကလေးတေပေးပြီးမှ နံရံမှာ ပလာစတာကပ်ပြီး ချောခြင်း၊ topping လောင်းခြင်းတို့ကို၊ အင်ဂျင်နီယာအားလုံး သိကြပါသည်။ ထို့အပြင် သစ်သားချောင်း ဘေး၂ဖက်ခံပြီး အလယ် ကွန်ကရစ်ကို ပတ်တန်းဖြင့်ရိုက်တာလည်း အားလုံးသိကြပါသည်။ သစ်သားချောင်းအစား aluminium square pipe တေ၊ hollow pipe တေကိုလည်း၊ အသုံးပြုနိုင်ပါသည်။ အင်ဂျင်နီယာများသည် ဤ ပါရာတုန်း များ၊ ပတ်တန်းများကို စိတ်ဝင်စားရင် စိတ်ဝင်စားသလို၊ အလုပ်သမားများကလည်း ကျွမ်းကျင်လျင် ကျွမ်းကျင် သလို ကွန်ကရစ်ကြမ်းသည် စံချိန်စံညွန်းပြည့်မှီပြီး လက်ရာကောင်းကို ရရှိနိုင်သည့်အပြင် ကုန်ကျစရိတ်ကို လည်း များစွာလျော့ချနိုင်ပါသည်။

8. လက်ပွတ်နဲ့ ဖိသိပ်ချောပါ။
အဲဒီနောက် cover guide rail ကို၊ အမှီပြု ပြီးတော့၊ မျ ဉ်းတန်နဲ့ ရိုက်တုန်းနဲ့ ရိုက်ညှိ ဆွဲရပါတယ်။ ဒီအခါ level တကျ ၊ compacted ကြမ်းချောရပါတယ်။ အဲဒီလယ်ပယ်တကျ ကြမ်းချောကို ချောညက်သွားအောင်ရယ် compaction ထပ်ရအောင်ရယ်တို့အတွက် လက်ပွတ်နဲ့ ဖိသိပ်ဆွဲဖွတ် လုပ်ရပါ့မယ်။ ဒီအချေအနေဟာ လက်ဝင် တပ်တဲ့အတွက် ကွန်ကရစ်မအိပ်ခင် ပြီးအောင်လုပ်ဖို့ သွက်သွက်လုပ်ဖို့ လိုပါတယ်။
Floating process - လက်ပွတ်နဲ့ လုပ်ငန်းဆောင်ရွက်တဲ့အခါ လုပ်ငန်းစဉ် ၂ - မျိုးရှိပါတယ်။ ပထမ တခုက တော့ bull float လို့ခေါ်တဲ့ လက်ပွတ်ကြီးနဲ့ပွတ်တာ ဖြစ်ပါတယ်။ ရည်ရွယ်ချက်ကတော့ course aggregate များကို အောက်သို့ရောက်သွားအောင် ရိုက်ချလိုက်ပြီး အပေါ်ကို အနှစ်တက်လာအောင် ဖြစ်ပါတယ်။ bull float ကို ဆွဲတဲ့အခါ မိမိဘက်ကို ကြွစေပြီး၊ တွန်းတဲ့အခါ ရှေ့ဘက်ကို ကြွစေရပါတယ်။ magnesium hand float သည်၊ လုပ်ရကိုင်ရ အဆင်ပြေပါတယ်။ အဲဒီလို bull float ကြီးနဲ့ ချောညှိပြီးတဲ့နောက်၊ water bleeding ဖြစ်လာတဲ့အခါ၊ hand float - နဲ့ တံမျက်စီးလှဲသလို လှဲပြီးတော့ ထွက်လာတဲ့ ရေတေကို လိုချင်တဲ့နေရာရောက် အောင် ပွတ်ရမည် ဖြစ်ပါတယ်။

9. Make control joints
Rebar မပါသော၊ ကွန်ကရစ်ကြမ်းခင်းများခင်းတဲ့အခါ၊ ကွဲတပ်သောကြောင့် groover ဖြင့် ၅ပေ လောက် ၆ပေ လောက် ကွန်ကရစ်အထူအပါးပေါ်မူတည်ပြီး ခြားခြားပြီး ဖြတ်ပေးရပါမယ်။ ကွန်ကရစ်လမ်းတေကတော့ အထူ ၈-လက်မလောက် ရှိသည့်အတွက် ၂၅ - ပေလျင် contraction joint တခုစီနဲ့၊ ပေ ၁၀၀ - လျင် expension joint တခုစီ ထည့်ကြပါတယ်။ groover နဲ့ခွဲတဲ့အခါ ညီညီညာညာ ကြည့်ကောင်းအောင်၊ သစ်ဖြင့်ဖြစ်စေ၊ အလျူ မီနီယံနဲ့ဖြစ်စေ ပြုလုပ်ထားသော straight edge နဲ့ ဖိပြီးမှ ခွဲရပါ့မယ်။ ကွန်ကရစ်ထုရဲ့ ၄ပုံ ၁ပုံ နက်အောင် ခွဲပေးရမှာဖြစ်ပြီး အပူအအေးပြောင်းလဲလို့ ကွန်ကရစ်ကွဲတဲ့အခါ အဲဒီနေရာက ကွဲအောင် စီမံထားတဲ့အတွက် control joint လို့ခေါ်ပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ contraction joint ဆိုတာ၊ အေးရင်ကွဲဘို့ဖြစ်ပြီး၊ expension joint ဆိုတာ ပူရင်စန့်ဘို့ ဖြစ်ပါတယ်။

10. Create traction -
တံမျက်စီးတချောင်းဖြင့်၊ ကွန်ကရစ်မျက်နှာပြင်တွင်၊ မိမိနှစ်သက်ရာ ဒီဇိုင်းအမျိုးမျိုးပေါ်လာအောင်၊ ပုံဖော် လှည်းကျင်းနိုင်ပါသည်။ ထိုသို့ လှည်းကျငိးပုံဖော်ထားခြင်းဖြင့် မိုးရာသီတွင် ကွန်ကရစ်ကြမ်းခင်းများ ရေ စိုသောအခါ ချေ ချော်ခြင်း မဖြစ်နိုင်တော့ပါ။ နဲနဲသာ ကြမ်တမ်းသော မျက်နှာပြင်ကို အလိုရှိပါက soft brush - ဘရပ်ပြော့ပြော့လေးကို အသုံးပြုနိုင်ပါသည်။ မျက်နှာပြင်ချောချောကို အလိုရှိပါက သံလက်ပွတ်ဖြင့် ဝိုက်ပြီး တော့၊ ပွတ်ပေးနိုင်ပါသည်။ မျက်နှာပြင်မှာ ရေတင်နေလို့ groove - ဂျိုင့်မြောင်းကလေးများ ဆွဲမည်ဆိုပါက၊ သိပ်အနက်ကြီးမဆွဲရပါဘူး။ တံမျက်လှဲတဲ့အခါ ကျောက်စရစ်ခဲတေပါမလာအောင် အချိန်မစောင့်ဘဲ လောပြီး တော့ တမျက်မလှဲသင့်ပါဘူး။ အဲဒီလို ကျောက်စရစ်ခဲတေပါလာမယ်ဆိုရင် magnesium floater - လက်ပွတ်နဲ့ ပြန်ချောပြီးမှ အချိန်နဲနဲ ထပ်စောင့်ပြီး တံမျက်လှဲ ပုံဖော်ရပါမယ်။

11. Cure and seal the concrete.
curing အမျိုးမျိုးရှိသည့်အနက်၊ ရေလောင်းပြီး curing ပြုလုပ်မည်ဆိုပါက၊ကွန်ကရစ်သွန်းလောင်းပြီးနောက် ၂၈ - ရက် အထိ၊ ပြုလုပ်သင့်ပါသည်။ သို့ပါသော်လည်း ၇ - ရက်တောင် အနိုင်နိုင် ရေလောင်းပြီး curing ပြု လုပ်ကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ကွန်ကရစ်လောင်းပြီးပြီးခြင်း မည့်သည့်အချိန်တွင်၊ ဦးစွာ curing ပြု လုပ်မည်ဟု ဆုံးဖြတ်ခြင်းသည် အရေးကြီးပါသည်။ ပညာရှင်ပီပီ ဆောင်ရွက်ခွင့်ရသော လုပ်ငန်းများတွင်၊ အထဲကရေကလည်း အပြင်ထွက်မသွားစေသော အပြင်ကရေက လည်း အထဲ ဝင်မလာစေနိုင်သော၊ sealing - ခေါ်၊ ရေလုံစေတပ်သော၊ အတားအဆီးကို၊ ကွန်ကရစ် သွန်းလောင်းပြီးလျင်ပြီးခြင်း၊ ဆောလျက်စွာ ဆောင ရွက်သင့်ပါသည်။

12. Maintain your concrete.
ေ လာင်းထားသောကွန်ကရစ်သည်၊ ကောင်မွန်နေပါသည်ဆိုသော်ငြားလည်း၊ ပြု ပြင်ထိန်းသိမ်းဘို့ လိုအပ်ပါ သည်။ အနည်းဆုံးတော့ ဆပ်ပြာရည်ဖြင့် ပွတ်တိုက်ဆေးကြောပေးခြင်းဖြင့် သန့်ရှင်းသပ်ရပ်သည့် ကွန်ကရစ်ကြမ်းခင်းကို မြင်ရတွေ့ရမည် ဖြစ်ပါသည်၊ ၅ - နှစ်တကြိမ်လောက် seal coat တင်ပေးမည်ဆိုပါက ကွန်ကရစ်အသားထည်ပျက်စီးခြင်းကို ကာကွယ်နိုင်ပါသည်။

မူရင်း》 credit(construction engineer course)

29/04/2020

သင်/မြင်/ကြား ဆရာများအား ခင်ပွန်းကြီးဆယ်ပါးနှင့်အညီဦးညွှတ်လျှက်
***********************************

RCP Drawing ဆိုသည်မှာ အဘယ်နည်း?
(Reflected Ceiling plan Drawing )

RCP လို့ပြောလိုက်ရင် ဘာတွေကိုမြင်မိလည်း ဆိုရင်တော့ အဓိက Ceiling ပေါ့့ခင်ဗျာ!!!
M&E site Engr ကအစCroodinator /project manager ထိသိထားရမဲ့ ပြသနာပေးနိုင်သော
Drawing ကိုခေါ်ပါတယ်!!! များသောအားဖြင့် တစ်ချို့အဆောက်ဦးတွေမယ်
Ceiling pattern /Ceiling Level တွေ ကိုများစွာ အပြောင်းအလဲ အသုံးပြု့ထားနိုင်တာတွေရပါမယ်။

ဒီလို အပြောင်းအလဲအသုံးပြု့ထားတဲ့ level တွေကို ကိုယ့်ဘက်က သတိမထားမိခဲ့ရင်m&e services တွေ installation ပြု့လုပ်ရာမှာ ပြဿနာ တက်နိုင်ပါတယ်ခင်ဗျာ။

Ceiling ကို အသုံးပြုသော အဆောက်ဦးရှိသလို ကန်ထရိုက်တိုက် တွေမှာတော့
ceiling သုံးတာ မရှိတာများတာတွေ့ရပါမယ်။
မူလ မြင်နေရသော slab အောက်ကိုသာ ceiling ဟုသာ ထင်နေကျတာများပါတယ်။
ထို့ကြောင့် ထို ကန်ထရိုက်တိုက်တွေရဲ့ ceiling တွေမှာ m&e servicesတွေ
သိပ်မတွေ့ရတာများပါတယ်။

Wall နံရံတွေကနေသာ install လုပ်ပြီးသွယ်တန်းကျတာတွေ့မြင်နိုင်ပါတယ်။
အဆောက်ဦးကြီးများဖြစ်သော ဟိုတယ် /ကွန်ဒို /စျေးဝယ် စင်တာ /ရုံးခန်းကြီးတွေစတဲ့အဆောက်ဦးကြီးတွေမှာသာ m&e services တွေအစုံပါဝင်တာတွေ့ရပါတယ်။

ထိုကြောင့် M&E services တွေ ကို slab /beam soffit ceiling နဲ့false ceiling ကြားမှာinstall ပြု့လုပ်ထားခြင်းကိုသာမြင်တွေ့နိုင်မှာပါ။

slab အောက်ခြေကို soffit ceiling လို့ခေါ်သလို m&e services တွေ ကိုဖုံးအုပ်ထားသော
သက်ဆိုရာ fixture တွေသာမြင်တွေ့နိုင်သော အရာမှာ false ceiling ဟုလည်းခေါ်သေးတယ်ခင်ဗျာ။
False ceiling ကိုမော့ကြည့်လိုက်ရင် ဘာတွေမြင်မလည်းဆိုရင်ဖြင့်
M&E services တွေရဲ့ fixture တွေကိုပဲမြင်တွေ့ရမှာပါ /
အဲ့ဘာတွေမြင်ရမလည်းလို့ ဆိုတော့ကာ
1/Electrical နဲ့ဆိုင်သော lighting fixture
2/Fire fighting sprinkler
3/fire alarm system
4/ACMV system
5/CCTV အစရှိသဖြင့် ပါဝင်အသုံးပြု့တဲ့ m&e servicesfixture တွေကိုမြင်နေရမှာခင်ဗျာ!

soffit ceiling နဲ့ false ceiling နှစ်ခုကြားမှာ m&e services တွေကို အဆင်ပြေအောင် စိမံပြီး RCP drawing ရဲ့level တွေကြားမှာ installationအတွက်
coordination ပြု့လုပ်ထားခြင်းကို ဆိုတာပါခင်ဗျာ ။

သိထားသမျှ knoweldge sharing ပြု့လုပ်ပေးလိုက်တာပါ
အမှားတစ်စုံပါခဲ့ပါမူ ထပ်မံဖြည့်စွတ်ပြီး လမိးညွှန်ပြသနိုင်ပါတယ်ခင်ဗျာ။

ချစ်ခြင်းအားဖြင့်
from YMA(အညတရ) 12/41 a.m(26/5/2019)
(2002-2004)

M&E Knowledge Sharing Group
Admin Team

Sharing
17/03/2020

Sharing

15/03/2020
14/03/2020

Address

Kamaryut
Yangon
197225192869

Telephone

+95 9 789 058497

Website

Alerts

Be the first to know and let us send you an email when ဘဝအတြက္ တုိးတက္ရာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram