LUNALIGN

LUNALIGN Journey to Celestial Aligned Living, One Moon Phase At A Time! 🌙
Rituals. Ceremonies. Healings.

Moon Check 🌙လာမည့် August လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄း၂၆ မှာ Full Moon in Aquarius ကို ကျရောက်မှာဖြစ်ပါတယ်။ ♒️ ဒီလပ...
07/08/2025

Moon Check 🌙

လာမည့် August လ ၉ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄း၂၆ မှာ Full Moon in Aquarius ကို ကျရောက်မှာဖြစ်ပါတယ်။ ♒️ ဒီလပြည့်တဲ့အပတ်အတွင်းမှာ August လ ၈ ရက်နေ့ဆို Lion’s Gate 8.8 ရဲ့ peak အဖြစ်ဆုံးရက်ဖြစ်သလို August ၇ ရက်နေ့ဟာလည်း Mars transits into Libra စတဲ့ သိသာတဲ့ cosmic energy ပြောင်းလဲမှုတွေများနေတဲ့ ကာလဖြစ်နေတာကိုလည်း တွေ့ရပါတယ်။​ ✨

အမျှော်အမြင်ရှိ၊ ပုန်ကန်တတ်ပြီး တီထွင်ဖန်တီးမှုအားကောင်းတဲ့ Aquarious ရာသီခွင်ထဲဖြစ်တဲ့ full moon ဖြစ်တာရော၊ လက်ရှိရောက်နေတဲ့ Leo Season/Lion’s Gate ကာလတွေဟာလည်း မိမိရဲ့ ကိုယ်ပိုင်တောက်ပနိုင်မှု၊ Fire Energy တွေများတဲ့ အချိန်ဖြစ်တာရောရယ်ကြောင့် ဒီလပြည့်တဲ့အပတ်လေးဟာ ကိုယ့်အပေါ် သူများတွေ judge လုပ်မှာ ကြောက်တဲ့စိတ်တွေကို လွှတ်ချဖယ်ချထားပြီး ကောင်းသောပြောင်းလဲမှုအသစ်တွေအတွက် ပြင်ဆင်နိုင်ဖို့ရန် energy အားဖြင့် အထောက်အပံ့ပေးနေပါလိမ့်မယ်။ 🌕

Aquarius Moon တွေရဲ့ သဘာဝက “လှုပ်ခါ” တတ်တဲ့ သဘောရှိတာကြောင့် ဘဝမှာလှုပ်ခါပြီး အပြောင်းအလဲတစ်ခုခုဖြစ်တာ၊ awakening ရဖို့ လှုပ်နှိုးခံရတာ၊ အတွေးအမြင်တွေ ပြောင်းလဲတာ၊ အခြေခံအုတ်မြစ်တွေ ခိုင်မခိုင် စစ်ချခံထိတာမျိုးက ကြုံတွေ့ရတတ်တဲ့ ကိစ္စမျိုးလည်း ဖြစ်တတ်ပါတယ်။ ဒီလို လှုပ်ခါခံထိတာကလည်း လာမယ့် September ၈ ရက်နေ့မှာ ရောက်လာတော့မယ့် eclipse season အတွက် ပြင်ဆင်ပြီးသားဖြစ်မှာမို့ အသိသတိလေးသာ ကပ်ထားရင် အကောင်းဆုံး ကျော်ဖြတ်နိုင်ကြပါလိမ့်မယ်။

ကျွန်မလိုပဲ ဒီရက်ပိုင်း အရမ်းကို လှုပ်ခါခံရ၊ စာမေးပွဲတွေ အစစ်ခံနေရလို့ ဘာ Lion’s Gate မှလည်း အာရုံမရ၊ ritual တွေ လုပ်ဖို့လည်း စိတ်မပါ၊ Aquarius Full Moon နဲ့ အတူ စိတ်တွေလေလွင့်နေသူတွေအတွက် grounding လေး ပြန်ရဖို့ AI tools လေး အကူအညီယူပြီး visualization၊ story-telling exercise လေးလုပ်ဖို့ တစ်ခါတလေတော့လည်း လုပ်နေကြမဟုတ်တဲ့ အကြံဉာဏ်လေး ပေးချင်ပါတယ်။ Chat GPT မှာ မိမိရဲ့ အိပ်မက်၊ ရည်မှန်းချက်၊ ဖြစ်ချင်တဲ့ ဆန္ဒတွေနဲ့အတူ တစ်ချို့ သူသိတယ်ထင်တဲ့ ကိုယ့်အလုပ်၊ မိသားစု၊ ဝါသနာ စတဲ့ lifestyle information တစ်ချို့ပေးပြီး အောက်ပါ prompt လေး ပေးပြီး မိမိရဲ့ “A Day in My Ideal Life” ကို ပုံဖော်ခိုင်းကြည့်ပါ။ ��Prompt : "Write a story about a day in the life of my future self/higher-self.

Start the story early morning and list key activities in that day, and end it as i sleep at night. Include key events and fill in logical gaps with imaginative but realistic details. Include interactions with people, description of surroundings, internal thoughts/feelings. The story should be in first-person, present tense, and include vivid sensory details." ��Chat GPT ကို အသုံးပြုတာ ကျွမ်းကျင်ရင်းနှီးပြီးသား အတော်အတန်သင့်လည်း သူ့ကို ကိုယ့်စိတ်ကြိုက် train လုပ်ပြီးထားတဲ့ သူတွေအနေနဲ့ကတော့ ကိုယ်လိုချင်တဲ့ tone ဥပမာ - motivational၊ inspiring၊ calm စသည်ဖြင့် ဖြစ်စေ၊ ဖတ်ချင်တဲ့ စာလုံး အရေအတွက်၊ အဓိကထားချင်တဲ့ ဘဝကဏ္ဍ (ဥပမာ- career, family, personal growth) တို့ကိုလည်း ထည့်ပြောပေးလို့ရပါတယ်။ ပြင်ချင်တဲ့ အပိုင်း ရှိရင်လည်း ပြန်ပြင်ခိုင်းဖို့ အားမနာပါနဲ့။ မြန်မာလိုထက် English လို မေး/ဖတ်ဖို့ကို လည်း ပိုအားပေးချင်ပါတယ်။ သူထုတ်ပေးတဲ့ ကိုယ့်ရဲ့ higher-self ရဲ့ တစ်နေ့တာကို ဖတ်ရင်း မိမိရဲ့ အတောက်ပဆုံး အပြုံး၊ စိတ်ကူး sparks လေးတွေကို ပြန်လည် ရှာဖွေတွေ့ရှိကြပါစေ။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN


LUNALIGN ရဲ့ လူကြိုက်အများဆုံး Sacred product : Cleansing & Smudging Kit 🔥နေ့စဉ်ဘဝမှာ energy vampire လူအများနဲ့ ဆက်ဆံစကာ...
09/07/2025

LUNALIGN ရဲ့ လူကြိုက်အများဆုံး Sacred product : Cleansing & Smudging Kit 🔥

နေ့စဉ်ဘဝမှာ energy vampire လူအများနဲ့ ဆက်ဆံစကားပြောရပြီးနောက် စိတ်လေးလံ ထိုင်းမှိုင်းတာတွေ၊ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်ဆို့နေတဲ့ ခံစားချက်များနဲ့ မိမိအိမ်ဂေဟာ၊ အလုပ်ခွင်တို့မှ negative energy အဟောင်းများကို ရှင်းထုတ်ဖို့ လိုနေပြီလို့ ခံစားနေရပါသလား?

Smudging ဆိုတာ ဟိုးယခင် Americas မှာ တောတောင်ထဲ သဘာဝနဲ့ နီးကပ်စွာနေကြတဲ့ shaman ဆေးဆရာတွေ၊ indigenous လူမျိုးစုတွေဆီက မြစ်ဖျားခံလာခဲ့ပြီး မိမိ ခန္ဓာကိုယ်၊ အိမ်နေရာ၊ ရုံး အစရှိတဲ့ physical space တွေမှာ ပိတ်ဆို့နေတဲ့ negative energy တွေကို ဖယ်ရှားပြီး ကောင်းမွန်တဲ့ energy များ စီးဆင်းနိုင်အောင် ပြုလုပ်ကြတဲ့ spiritual practice လေးတစ်ခုဖြစ်ပါတယ်။

LUNALIGN ရဲ့ Aura Cleansing & Smudging Kit မှာတော့ energy အဟောင်းများကို သန့်စင်ရာမှာ အစွမ်းအထက်ဆုံး herb တစ်မျိုးဖြစ်တဲ့ California White Sage၊ Peru မှ holy wood တစ်မျိုးဖြစ်တဲ့ Palo Santo၊ energy cleansing အတွက် အသုံးပြုတဲ့ Selenite Crystal တို့ ပါဝင်ပါတယ်။

မိမိရဲ့ အိမ်၊ ကား၊ ရုံးခန်း နဲ့ ကောင်းမွန်မြင့်မားသော energy များဖြင့် အလုပ်လုပ်ရသော Yoga Studio၊ Spa၊ Wellness Center အစရှိတဲ့ နေရာများမှာ လိုအပ်သလို အသုံးပြုနိုင်ဖို့နဲ့ spiritual practices တွေတိုင်းအတွက် လူတိုင်း တစ်စုံတော့ ရှိထားသင့်တဲ့ LUNALIGN ရဲ့ Energy & Wellness Lifestyle Bundle လေးတစ်ခုပဲ ဖြစ်ပါတယ်။

LUNALIGN ရဲ့ Aura Cleansing & Smudging Kit လေးကိုအသုံးပြုပြီး မိမိရဲ့ aura and energy field ထဲမှာ အထပ်ထပ် ညစ်ထေးနေတဲ့ negative energy တွေကို smudging လုပ်ပေးခြင်းဖြင့် high vibrational lifestyle များကို co-create လုပ် ပိုင်ဆိုင်ရရှိနိုင်ကြပါစေ။ 🤍

Aura Cleansing & Smudging Kit - 33,500 MMK

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Moon Check 🌙 လာမယ့် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၀၃:၀၇ မှာ Capricorn ♑️ ရာသီခွင်၌ Full Moon အဖြစ် ကျရောက်မှာ ဖြစ်ပါတ...
08/07/2025

Moon Check 🌙

လာမယ့် သောကြာနေ့ မြန်မာစံတော်ချိန် မနက် ၀၃:၀၇ မှာ Capricorn ♑️ ရာသီခွင်၌ Full Moon အဖြစ် ကျရောက်မှာ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာတို့ရဲ့ အလေးအမြတ်ထားအပ်သော ဝါဆိုလပြည့်နေ့ကို မြန်မာပြက္ခဒိန်အရ မနက်ဖြန် ဗုဒ္ဓဟူးနေ့လို့ သတ်မှတ်ထားပေမယ့် ထိုင်းနိုင်ငံမှာတော့ လ တကယ်ပြည့်မယ့် အချိန်နဲ့ နီးနီးစပ်စပ် သဘက်ခါ ကြာသပတေးနေ့ ဖြစ်ပါတယ်။ 🌕

Capricorn ရာသီခွင်ကို စိုးမိုးတာက planet of karma ဖြစ်တဲ့ Saturn ဂြိုလ်ပါ။ Saturn ရဲ့သဘောဟာ ကိုယ်လုပ်တဲ့ အကြောင်းတရားများအတိုင်း ပြန်လည်အကျိုးပေးတဲ့ planet တစ်ခု ဖြစ်ပါတယ်။ Earth element ဖြစ်တာနဲ့ အညီ စနစ်ကျမှု၊ ရေရှည်အနာဂတ်ကို မှန်းမျှော်တွေးခေါ်တတ်မှုနဲ့ ရည်မှန်းချက်ကြီးကာ အလုပ်ကြိုးစားတတ်တဲ့ energy တွေ အပြည့်ရှိတဲ့ ရာသီခွင်လည်းဖြစ်ပါတယ်။ ဒီအပတ်ကစပြီး ဝါတွင်း (၃) လ ကာလကိုလည်း စတင်ဝင်ရောက်ပြီဖြစ်တာကြောင့် ကုသိုလ်ကောင်းမှုတို့ကို အကြောင်းပြုကာ structure အသစ်၊ စနစ်အသစ်၊ foundation အသစ်တွေနဲ့ အမှန်တကယ် မိမိရဲ့ higher version ကို တည်ဆောက်ကြရပါမယ်။ အထူးသဖြင့် မိမိရဲ့ routines၊ ကျန်းမာရေး၊ အစားအသောက်တို့နဲ့ ပတ်သက်ပြီး စည်းကမ်း (discipline) ရှိရှိနေဖို့ energy alignment ကောင်းတဲ့ ကာလဖြစ်ပါတယ်။

အိပ်မက်တွေကို အကောင်အထည်ဖော်ရာမှာ မိမိမဟုတ်တဲ့ အခြားတစ်ဦးတစ်ယောက်ရဲ့ ကယ်တင်မှု၊ ကူညီမှု၊ လက်ကမ်းပေးမှုတွေကိုသာ မျှော်လင့်နေပြီး ကိုယ်တိုင်တာဝန်မယူရင် ဘာမှဖြစ်လာမှာမဟုတ်ပါဘူး။ ဒါဟာ Capricorn နဲ့ Saturn တို့ရဲ့ သဘောပါပဲ။ သူ့ရဲ့ ရေရှည်နှင့် အနာဂတ်ကို ဦးတည်တတ်တဲ့ ပုံစံတွေကြောင့် Moon in Capricorn ကာလတွေမှာဆိုရင်လည်း အမြဲတမ်း ကိုယ့်ဘဝရဲ့ foundation အုတ်မြစ်တွေကို လှုပ်ခတ်ပြီး စမ်းတတ်ပါတယ်။ မှန်ကန်သော၊ ရေရှည်တည်တံ့သော၊ ဖြစ်သင့်သောအရာတွေ မဟုတ်ဘူးဆိုရင် စတင်ပြီး ပြိုကျလာနိုင်တာကို သတိထားမိကြပါလိမ့်မယ်။ ဒါ့ကြောင့် ဒီလပြည့် မတိုင်မီရက်များမှာ ကိုယ့်ဘဝရဲ့ တစ်ချို့အပိုင်းတွေကို လှုပ်ခတ်နေတယ်လို့ ခံစားရပြီး ပြိုကွဲနေတာတွေ ရှိရင် သတိထားကြည့်ပါ။ အတ္တနဲ့ ထိန်းချုပ်ဖို့ မကြိုးစားပါနဲ့။ မှန်ကန်ပြီး ရေရှည်တည်တံ့ဖို့ အကြောင်းရှိတဲ့အရာတွေက လွယ်လွယ် လျောကျမသွားနိုင်ပါဘူး။

Capricorn ရာသီခွင်ရဲ့ တောင်ဆိတ်က သင်ပေးတဲ့သင်ခန်းစာကိုလည်း ကြည့်ကြည့်ရင် တောင်ဆိတ်တွေဟာ အတားအဆီးမရှိတဲ့ ပြီးပြည့်စုံတဲ့လမ်းကို စောင့်ပြီးမှ ထိပ်ကိုတက်တာ မဟုတ်ကြပါဘူး။ 🐐 တောင်ထိပ်ကိုရောက်ဖို့ဆိုတာ တစ်လှမ်းစတင်လိုက်ပြီး တစ်ခုခုပေါ်လာတိုင်း လိုအပ်သလို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပြီး တစ်လှမ်းချင်းစီ ဆက်တိုက် လှမ်းနေဖို့လိုပါတယ်။ သွားရင်း သွားရင်းနဲ့မှပဲ လမ်းကြောင်းက ရှင်းလင်းလာမှာပါ။ ဒီလပြည့်လေးကလည်း ကိုယ်သွားလိုတဲ့နေရာကို ရောက်ဖို့ ခြေလှမ်းများစတင်ရန် အခွင့်အလမ်းကို ယူဆောင်လာပေးမယ်လို့ ယုံကြည်ချက်ထားပါ။ နောက်တစ်လှမ်းမှာ ဘာဖြစ်မယ်ဆိုတာ မသိရင်တောင် စတင်ပါ။ လမ်းကြောင်းက တဖြည်းဖြည်း ပေါ်လာပါလိမ့်မယ်။

မနက်ဖြန် ဝါဆိုလပြည့်နေ့လေးကနေစပြီး သောကြာနေ့ လတကယ်ပြည့်တဲ့အချိန်ထိ မိမိ လုပ်နေကျ moon riutals လေးတွေ၊ minfulness practices လေးတွေကို လုပ်ပေးနိုင်ပါတယ်။ Smudging လုပ်ခြင်း၊ liquid fasting လုပ်ခြင်း၊ ဥပုသ်သီလစောင့်တည်ခြင်းတို့ကို အထူးအားဖြင့် လုပ်ဆောင်ပေးသင့်ပါတယ်။ ✨

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN


“Sat Nam”  ကျွန်မရဲ့ LUNALIGN က မျှဝေမှုတွေကို ဖတ်ဖူးနေကြဆိုရင်၊ ကျွန်မ စာတွေရဲ့ နိဂုံးချုပ်နှုတ်ဆက်စာသားလေးမှာ “Sat Nam...
27/06/2025

“Sat Nam”

ကျွန်မရဲ့ LUNALIGN က မျှဝေမှုတွေကို ဖတ်ဖူးနေကြဆိုရင်၊ ကျွန်မ စာတွေရဲ့ နိဂုံးချုပ်နှုတ်ဆက်စာသားလေးမှာ “Sat Nam” ဆိုတဲ့ စကားလုံးလေးကို လွန်ခဲ့တဲ့ ၃ နှစ် page လေးစတင်ကတည်းက အသုံးပြုခဲ့တာကို သတိထားမိမှာပါ။

ဒီစကားလုံးလေးနဲ့ ကျွန်မ စတင် ရင်းနှီးခဲ့တာက လွန်ခဲ့တဲ့ ၅ နှစ်ခန့်ကပါ။ Bangkok မြို့မှာ ကျွန်မ အမြဲသွားနေကြ Lotus Wellness ဆိုတဲ့ studio လေး တစ်ခု ရှိပါတယ်။ ဒီ studio လေးက အရမ်း high vibe ဖြစ်ပြီး တည်ထောင်သူ Melanie က ကျွန်မ လေးစားအားကျရပြီး သူ့လို ဖြစ်ချင်ခဲ့တာပါ။ ကျွန်မရဲ့ Gong ဆရာမ ဖြစ်သလို Sound Healing၊ Reiki၊ Yoga အစုံနဲ့ moon circles တွေလဲ offerings တွေကို ပေးနေတာမို့ အချင်းချင်း အများကြီး ရင်းနှီးကြပါတယ်။ သူတို့ offerings တွေထဲမှာမှ Kundalini Yoga က အဓိကပါဝင်ပြီး Kundalini Yoga အပါအဝင် အခြား practice တွေ မလုပ်ခင် နဲ့ လုပ်အပြီး Aad Guray Nameh၊ Jugaad Guray Nameh၊ Sat Guray Nameh အစရှိတဲ့ mantra တွေ အမြဲရွတ်ကြတော့ Sat Nam ဆိုတာလေးကို စတင်သိလာခဲ့တာပါ။

ဒါဆို Sat Nam ဆိုတာ ဘာကို ဆိုလိုတာလဲ။

“Sat Nam” ဟာ Sikh နဲ့ Kundalini ယောဂအစဉ်အလာများမှ ဆင်းသက်လာတဲ့ ရှေးဟောင်း Gurmukhi ဘာသာစကားကို အခြေခံတာဖြစ်ပါတယ်။ Sanskrit လိုဆို “Sat” ဆိုတာ “အမှန်တရား” ၊ “အနှစ်သာရ”ကို ဆိုလိုပါတယ်။ အင်္ဂလိပ်လိုဆို “Truth” ဆိုတဲ့ အဓိပ္ပာယ်ပါ။ “Nam” ဆိုတာကတော့ “Name” ကို ဆိုလိုပြီး အမည် သို့မဟုတ် ကိုယ်ပိုင်လက္ခဏာကို ပြောချင်တာပါ။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါ Sat Nam ဆိုတာ “Truth is my identity” လို့ အဓိပ္ပာယ်ရပြီး မြန်မာလို သင့်တော်အောင် ဘာသာပြန်ရရင်
💫 “အမှန်တရားသည် ကျွန်ုပ်၏ ကိုယ်ပိုင်လက္ခဏာဖြစ်သည်။”
💫 “ကျွန်ုပ်သည် အမှန်တရားဖြစ်သည်။”
💫 “ရင်တွင်းမှလာသော မိမိ၏အစစ်အမှန်ပုံစံအတိုင်း ရှင်သန်ရန် ဖိတ်ခေါ်ခြင်း။” လို့ ဆိုနိုင်ပါတယ်။ ဒီ Sat Nam ဆိုတဲ့ စကားလုံးလေးဟာ အပိတ်အဖွင့် နှုတ်ဆက်ခြင်းတစ်ခုထက် ပိုမိုနက်ရှိုင်းပါတယ်။ Aum အပါအဝင် အခြား မန္တရတွေလိုပဲ သူ့မှာ သူ့ကိုယ်ပိုင်ရည်ရွယ်ချက်နဲ့ စွမ်းအင်တွေကို သယ်ဆောင်လာတဲ့ တုန်ခါမှု (vibration) တစ်ခုရှိပါတယ်။ ဒါကြောင့် Kundalini ယောဂအပါအဝင် အခြား mindfulness practices တွေမှာ Sat Nam ကို မိမိရဲ့ စစ်မှန်သော ကိုယ်ပိုင်လက္ခဏာကို ပြန်လည်သတိရဖို့နဲ့ အမြင့်ဆုံးတုန်ခါမှု တစ်နည်းအားဖြင့် အမှန်တရားရဲ့ တုန်ခါမှုကို tune in လုပ်ဖို့ကို အသုံးပြုကြတာပါ။

လူအများစုဟာ များသောအားဖြင့် ကိုယ့်ရဲ့ အမှန်တရားနဲ့ လိုက်ဖက်ညီအောင် မနေခဲ့ မနေနေကြတဲ့သူတွေများပါတယ်။ ကိုယ်တိုင်တောင် သတိမထားမိနိုင်ပဲ နှစ်ပေါင်းများစွာက စိတ်ဒဏ်ရာတွေရဲ့ အလွှာတွေက ကျွန်မတို့ကို be seen ဖြစ်ဖို့ ကြောက်တဲ့၊ နေရာယူဖို့ ကြောက်တဲ့၊ စွန့်ပစ်ခံရမှာကို ကြောက်တဲ့ ပုံစံတွေအဖြစ် ပြောင်းလဲသွားစေခဲ့ပါတယ်။ ဒါကြောင့် အများစုက ကိုယ့်ကိုယ်ကို စတေးပြီး အခြားသူတွေရဲ့လိုအပ်ချက်တွေကို ဦးစားပေးတဲ့သူများဖြစ်လာခဲ့ရတယ်။ မိမိရဲ့ တကယ့်ကိုယ်ပိုင်ရွေးချယ်မှုမဟုတ်တဲ့ ရွေးချယ်မှုတွေကို လုပ်နေကြရတာများပါတယ်။ မိမိရဲ့ ပျောက်ဆုံးသွားတဲ့ အစိတ်အပိုင်းတွေကို ပြန်လည်ရယူဖို့ဆိုတာ လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်က မျှော်လင့်ချက်တွေ၊ အကြောက်တရားတွေနှင့် ကန့်သတ်ယုံကြည်ချက်တွေကိုကျော်ပြီး ကိုယ်တိုင်ရဲ့ စင်ကြယ်ပြီး အစမ်းသပ်ခံရပ်တည်နိုင်တဲ့ အမှန်တရားကို ခွဲခြားသိမြင်တတ်ဖို့က အရေးကြီးပါတယ်။ ဒါကြောင့် Sat Nam ဖြင့် နိဂုံးချုပ်ခြင်းဟာ ကျွန်မကိုယ်တိုင်နှင့် စာဖတ်သူများကို authentic ဖြစ်စွာနေထိုင်ဖို့ အမြဲသတိပေးနေတာဆိုလည်း မမှားပါဘူး။ Sat Nam ဆိုတဲ့ reminder လေးက ကျွန်မတို့ မကြာခဏ တပ်ဆင်ထားတတ်တဲ့ မျက်နှာဖုံးများအောက်မှာ ကျွန်မတို့ရဲ့ အနှစ်သာရ၊ အမှန်တရားတွေ ရှိနေသေးကြောင်း ရိုးရှင်းစွာ သတိပေးနိုင်ပါတယ်။

ဒီလို Sat Nam ရဲ့ သဘောတရား နဲ့ vibration ကို သဘောကျမိလွန်းတဲ့အတွက် ကြုံရင်ကြုံသလို ပါးစပ်ကလည်း ရွတ်ဖတ်ဖြစ်သလို LUNALIGN အတွက် အပိတ်နှုတ်ဆက်စကားလေးမှာပါ ထည့်သွင်းအသုံးပြုဖြစ်ခဲ့တာပါ။ LUNALIGN နဲ့ ဆက်စပ်သမျှတွေဟာ ကျွန်မအတွက် project တစ်ခုဆိုတာထက် ပိုပါသည်။ ကျွန်မကိုယ်တိုင်အတွက် အရင်ဆုံး intention ရှိရှိ၊ အသိတိရှိိရှိ ရှင်သန်နေထိုင်တတ်ဖို့နဲ့ သိထားသမျှတွေကို မမေ့သွားအောင်၊ ကိုယ်တိုင်လည်း ကျင့်ကြံဖြစ်အောင်၊ ဖန်တီးမှုတွေဆက်တိုက်လုပ်ဖြစ်အောင် အားပေးတဲ့ နေရာတစ်ခုဖြစ်ပါတယ်။

Sat Nam ကို နေ့စဥ်လက်တွေ့ဘဝမှာ ကျွန်မတို့ ဘယ်လိုကျင့်သုံးကြမလဲ?
🌙 ခက်ခဲပါစေ၊ သက်တောင့်သက်သာ မရှိဖြစ်တာမျိုး ဖြစ်ပါစေ မိမိ၏ အမှန်တရားကို ပြောဆိုပါ။
🌙 အပြင်က အသံများထက် မိမိရင်ထဲကလာတဲ့ အတွင်းအသံကို ပိုမိုနားထောင်ပါ။
🌙 နေ့စဥ် ဆက်ဆံရေး၊ အလုပ်၊ ကိုယ်ပိုင်ဖော်ထုတ်မှုများမှာ စစ်မှန်ရိုးသားစွာ ပြောဆိုလုပ်ကိုင်ပါ။
🌙 မိမိရဲ့ essense အနှစ်သာရဟာ တန်ဖိုးရှိ၊ ပြီးပြည့်စုံကာ စကြာဝဠာနှင့် harmony ဖြစ်နေကြောင်း သတိရပါ။

Kundalini ယောဂ ကျင့်နေသူဖြစ်စေ၊ intentional & aligned lifestyle တစ်ခုကို လျှောက်နေသူဖြစ်စေ၊ Sat Nam ဟာ ကိုယ့်ဘဝကို ရိုးသားမှု၊ သတိရှိမှုနှင့် ကျေးဇူးတရားတို့နဲ့ ရှင်သန်ဖို့အတွက် ဖိတ်ခေါ်ချက်တစ်ခုဆိုတာ သတိရပေးပါ။ အားလုံး မိမိရဲ့ အမှန်တရားတွင် ရပ်တည်နိုင်ကြပါစေ။ အနှစ်သာရကို ပြန်လည်သတိရနိုင်ပါစေ။ မိမိကိုယ်ကို ပိုမိုသိမြင်လာစေပြီး ပိုမိုစစ်မှန်ပြီး ပြည့်ဝသောဘဝမှာ ရှင်သန်နေထိုင်နိုင်ကြပါစေ။ 🤍

Journey to Aligned Living, One Moon Phase at a Time!

Sat Nam,
LUNALIGN

Moon Check 🌙 သဘက်ခါ June လ ၂၅ ရက်နေ့၊ ညနေ ၁၇း၀၁ မှာ New Moon in Cancer ♋️ ကျရောက်မှာ ဖြစ်ပါတယ်။ Cancer ရာသီခွင်ကို စိုးမ...
23/06/2025

Moon Check 🌙

သဘက်ခါ June လ ၂၅ ရက်နေ့၊ ညနေ ၁၇း၀၁ မှာ New Moon in Cancer ♋️ ကျရောက်မှာ ဖြစ်ပါတယ်။ Cancer ရာသီခွင်ကို စိုးမိုးတာက လ (moon) ကိုယ်တိုင်ပဲ ဖြစ်တာကြာင့် “လ” ဟာ cancer ရာသီခွင်ထဲမှာဆို သူ့ရဲ့ကိုယ်ပိုင်အိမ်မှာလို့ ဆိုလို့ရပါတယ်။ အပြင်ခရီးဝေးတွေထွက်ပြီး ကိုယ့်အိမ်ကိုယ့်ရာပြန်ရောက်တဲ့အခါ ခံစားဖူးတဲ့ ရင်းနှီးနွေးထွေးပြီး သက်တောင့်သက်သာရှိတဲ့ ခံစားချက်မျိုးကို ပြန်မြင်ယောင်ကြည့်ပါ။ အိမ်ကွင်း၊ အိမ်နေရင်း အဝတ်အစား၊ မွေးရပ်မြေ၊ အဖွားချက်တဲ့ ထမင်းဟင်း၊ မိမိအိပ်ရာကုတင် စသည်တို့ကို တွေးကြည့်လိုက်ပါ။ ဒီအရာတွေကပေးတဲ့ ခံစားချက်ကို home frenquency လို့ပြောလို့ရပါတယ်။ ဒီ home frequency က ကျွန်မတို့ကို သက်တောင့်သက်သာ ဖြစ်စေပါတယ်။ ပျော်ရွှင်စေပြီး ရင်းနှီးလုံခြုံမှုရစေသလို ကျွန်မတို့ရဲ့အစစ်အမှန်ပုံစံ true essense ကို ကိုယ်စားပြုပါတယ်။ 💧Water element စိုးမိုးတဲ့ moon in cancer အချိန်တွေက emotional ဖြစ်တတ်သလောက် intuition အမြင့်ဆုံးအချိန်လည်းဖြစ်တာကြောင့် ကိုယ့်ရဲ့ အရင်းနှီးဆုံး အနက်ရှိုင်းဆုံး ရေထု (aka စိတ်ခံစားချက်အတွင်းပိုင်း) တွေကို စူးစမ်းကြည့်သင့်ပါတယ်။ ပြီးရင် မိမိရဲ့ အစစ်အမှန်ပုံစံ home frequency ကို tap-in လုပ်သင့်ရင်လုပ်ပြီး ဒီ frequency နဲ့ tuning ပြန်ညှိဖို့ အကောင်းဆုံးအချိန်လည်း ဖြစ်ပါတယ်။ ကြာသပတေးဂြိုလ် Jupiter 🪐 လည်း Cancer ရာသီခွင်မှာ ရှိနေတာမို့ ပိုလို့ အထောက်အပံ့ပေးနေပါလိမ့်မယ်။

ဒါ့အပြင် summer solstice 🌞 အပြီး ရက်အနည်းငယ်အကြာမှာ ကျရောက်လာတဲ့ ဒီလကွယ် new moon အချိန်လေးဟာ ၂၀၂၅ ခုနှစ်ရဲ့ ကျန်တဲ့ နှစ်တဝက်ကို ဘယ်လို စီးနင်းဝင်ရောက်ကြမလဲ​၊ intention မျိုးစေ့သစ်တွေကို ချမှတ်ဖို့အတွက် ပြီးခဲ့တဲ့ (၆) လတာကာလကို​ စာရင်းပြန်စစ်ကြဖို့လည်း သတိပေးနေပါတယ်။ ကျွန်မတို့ဟာ အရှေ့ကိုဆက်သွားဖို့ plan မလုပ်ခင်တိုင်း အနောက်မှာ ကိုယ်ဘယ်လောက်ထိ ပြီးမြောက်ခဲ့ကြပြီလဲ ဆိုတာကို အရင်ဆုံး ပြန်သုံးသပ်တတ်ကြပါတယ်။ Cancer moon တွေရဲ့ စိတ်က အတိတ်မှာ တွယ်ကပ်တတ်တာ၊ ဒဏ်ရာတွေကို ဖက်တွယ်ထားတတ်တဲ့ အကျင့်တော့ ရှိတတ်တာကြောင့် mini life audit လေးလုပ်ပြီးရင် လွှတ်ချစရာရှိတာတွေကိုတော့ လွှတ်ချတတ်ဖို့ သတိလေးပေးချင်ပါတယ်။

ဒီ new moon in Cancer energy နဲ့ align လုပ်ရန် ကိုယ့်အတွက် ကိုယ် self-care အချိန်ပေးပြီး စိတ်ကို ပြန်လည်အားဖြည့်ပါ။ လူတွေနဲ့ စကားအများကြီးပြောတာ၊ ပွဲလမ်းသဘင်များတာ၊ သူများကိစ္စ စိတ်ဝင်စားတာတွေ လျှော့ချလိုက်ပြီး slow down လုပ်လိုက်ပါ။ မိမိနှစ်သက်ရာ grounding method လေးကို သုံးပြီး ဖြစ်ပေါ်နေတဲ့ အတွေးခံစားချက်တွေနဲ့ အတူတူ “ထိုင်” ကြည့်ပါ။ မိမိရဲ့ အမြင့်မားဆုံး intuition ကနေရရှိတဲ့ inner guidance အတိုင်း ရှေ့နှစ်တစ်ဝက်စာအတွက် ကိုယ့် home frequency နဲ့ aligned ဖြစ် ကိုက်ညီတဲ့ intention setting တွေ ချမှတ်နိုင်ကြပါစေ။ 🤍

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN


Moon Check 🌙 Strawberry Moon 🍓 လို့ ခေါ်တတ်ကြတဲ့ June လရဲ့ လပြည့်ချိန်ဟာ ဒီနှစ်မှာတော့ Sagittarius ♐️ ရာသီခွင်မှာ ကျရောက...
09/06/2025

Moon Check 🌙

Strawberry Moon 🍓 လို့ ခေါ်တတ်ကြတဲ့ June လရဲ့ လပြည့်ချိန်ဟာ ဒီနှစ်မှာတော့ Sagittarius ♐️ ရာသီခွင်မှာ ကျရောက်တာ ဖြစ်ပါတယ်။ လအတိ ပြည့်မယ့်အချိန်က June လ ၁၁ ရက် မြန်မာစံတော်ချိန် နေ့လယ် ၁၄း၁၃ ဖြစ်ပေမယ့် ဒီလပြည့်ရဲ့ energy ကိုတော့ June လ ၉-၁၁ ရက်တွေ အတွင်းမှာ ခံစားကြရနိုင်ပါတယ်။

Sagittarius ရာသီခွင်ကို ကြာသပတေးဂြိုလ် (Jupiter) က လွှမ်းမိုးပါတယ်။ Jupiter ဆိုတဲ့ planet ကလည်း သူသွားထိလိုက်တဲ့ အရာမှန်သမျှကို ကောင်းသော expansion (များသောအားဖြင့်) ဖြစ်စေတဲ့သဘောရှိပါတယ်။ အထူးသဖြင့် မနက်ဖြန် မနက် ၀၃း၃၂ အချိန် ကစပြီး Jupiter ဟာ Gemini မှ Cancer ရာသီခွင်ကို တစ်နှစ်တာအကြာ ပြောင်းလဲနေထိုင်တော့မှာကြောင့် ဒီလပြည့် portal လေးရဲ့ အဓိက ဇာတ်ကောင်နေရာမှာ Juipter transit ကလည်းပါနေပြန်ပါတယ်။

Jupiter ဟာ Gemini ရာသီခွင်မှာ ရှိခဲ့စဉ် ဒီတစ်နှစ်လုံး ဆက်သွယ်ရေးနည်းလမ်းများ အထူးသဖြင့် AI နှင့်ပတ်သတ်သော စကားဝိုင်းများစွာကို တိုးချဲ့ခဲ့တာတွေ့ရပါလိမ့်မယ်။ အခု Cancer ရာသီတွင် ကျက်စားမယ့် တစ်နှစ်တာမှာတော့ ကျွန်မတို့ရဲ့စိတ်နှင့်ကိုယ်ကို စစ်မှန်စွာ nurture လုပ်နိုင်မယ့်အရာများဘက်ကို အရမ်းကို အာရုံစိုက်လာကြတာမျိုး တွေ့ရပါလိမ့်မယ်။ General theme အနေနဲ့ self-care အမျိုးမျိုး၊ emotional well-being၊ healing၊ growth mindset စတဲ့ အကြောင်းအရာတွေကို စိတ်ဝင်စားလာကြပြီး offerings တွေ အမျိုးမျိုးလည်း ပေါ်လာနိုင်ပါတယ်။ အထူးသဖြင့် ကျွန်မအနေနဲ့တော့ ဒီအချိန်မှာ regulated nervous system ရဲ့ အရေးပါမှုကို ပြောမကုန်နိုင်တဲ့ အရေးကြီးတဲ့အရာလို့ မြင်မိပါတယ်။ မိမိရဲ့ nervous system ဟာ abundance ကို ဆွဲဆောင်တဲ့ antenna တစ်ချောင်းနဲ့ အလားတူပါတယ်။ ဒီလပြည့်လေးကစ တစ်နှစ်ပတ်လုံး ကိုယ့်ကို nurturing တကယ်ဖြစ်စေတဲ့ self-care အပေါ် အခြေခံတဲ့ expansion မျိုးကို ဖန်တီးကြည့်ပါ။ Ancestral work တွေ၊ အထူးသဖြင့် မိခင်နဲ့ မိခင်ဘက်မှ lineage နဲ့ ပတ်သတ်သော ကုစားမှုမျိုးကို လုပ်ရတာမျိုးအတွက်လည်း သင့်တော်ပါတယ်။ အိမ်ခြံမြေနဲ့ ပတ်သတ်သော manifestation များလည်း ပြုလုပ်လို့ကောင်းမယ့် နှစ်လေးဖြစ်ပါလိမ့်မယ်။ 🏡

ပြီးတော့ ဒီလပြည့်လေးရဲ့ energy က ဘဝအပေါ်၊ ကံတရားအပေါ်၊ ကိုယ့်ကိုယ်ကိုအပေါ် ယုံကြည်မှုလေး နည်းနည်းထားပြီး စွန်းစားကြည့်ဖို့ ဖိတ်ခေါ်နေပါတယ်။ ကြောက်ရွံ့မှုများလည်း ပေါ်လာကောင်းပေါ်လာနိုင်ပေမယ့် ကိုယ့်ကိုယ်ကို level-up မယ်ဆိုတိုင်း ပေါ်ထွက်လာတတ်တဲ့ ဒီ ကြောက်ရွံ့မှုတွေကို သတိလေးထားပြီး လွှတ်ချရနိုင်ဖို့ကို လပြည့်ညရဲ့ အလင်းရောင်က အထောက်အပံ့ပေးနေပါလိမ့်မယ်။ ကြောက်ရွံ့မှုတွေ ဘယ်လောက်ရှိရှိ၊ ကိုယ့်စွမ်းအားကို ပြန်လည်ရယူပါ။ ဥပမာ ခရီးတစ်ခုကို သွားနေတဲ့ ကျွန်မတို့အတွက် fear တို့ doubt တို့ဆိုတာ တစ်ခါတလေ လမ်းတစ်ထောက်ရောက်တဲ့အထိ အတူတူခေါ်သွားလို့ရပေမယ့် မောင်းနှင်ထိန်းချုပ်ခွင့်တော့ မပေးမိပါစေနဲ့။

Jupiter in Cancer transit နဲ့ အတူဖြစ်ပေါ်လာတဲ့ ဒီလပြည့်လေးကိုအစပြုပြီး မထင်မှတ်ထားသည့်ရှာဖွေတွေ့ရှိခြင်းတွေ၊ ကိုယ်တိုင်တောင် ရှိမှန်းမသိသေးတဲ့ expansion တွေကို အံ့ဩအားရဖွယ် ကြုံတွေ့နိုင်ကြမယ်လို့ ယုံကြည်ပါတယ်။ ✨

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

ကျွန်မတို့  healing journey တွေ၊ soul purpose တွေ၊ spirituality တွေအကြောင်းပြောကြတဲ့ လောကမှာ မကြာခဏ ကြားရတတ်တဲ့ စကားတစ်ခ...
26/05/2025

ကျွန်မတို့ healing journey တွေ၊ soul purpose တွေ၊ spirituality တွေအကြောင်းပြောကြတဲ့ လောကမှာ မကြာခဏ ကြားရတတ်တဲ့ စကားတစ်ခုရှိပါတယ် -

"9-5 အလုပ်ထဲမှာ နှစ်မြုပ်နေတုန်းပဲလား” ၊ “follow your passion” ၊ “coach” သို့မဟုတ် “healer” တစ်ဦးဖြစ်လာဖို့ စသည်ဖြင့်ပါ။

ကျွန်မကိုယ်တိုင်လည်း အသက် ၁၉ နှစ်ကတည်းက corporate နဲ့ စီးပွားရေး လောကထဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ခုန်ဆင်းခဲ့ရတဲ့သူတစ်ဦး၊ ဒီလောကမှာ မွန်းကြပ်တယ်လို့ တစ်ချိန်က ခံစားဖူးခဲ့တဲ့သူတစ်ဦးမို့ လူတွေ ဘာကြောင့် ဒီလိုတွေ ပြောကြတာလဲ ကောင်းကောင်းနားလည်ပါတယ်။ များသောအားဖြင့် လုပ်ငန်းခွင်အတွင်း အပေါ်ဖား အောက်ဖိတွေ၊ cut-throat ဖြစ်တာတွေ၊ စိတ်ညစ်ညူးစေတဲ့ company politics တွေ၊ လစာ နည်းပါးကန့်သတ်မှုတွေနဲ့ masculine energy များမှုတွေကြောင့် အများစုက ဒီလိုမျိုး ခံစားလာတတ်ကြပါတယ်။

အခုပြောမယ့် အကြောင်းအရာက unpopular opinion တစ်ခု ဖြစ်ချင် ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ခဏလောက် အသက်ဝဝရှူလိုက်ပြီး အမှန်တရားတစ်ခုကို ကြည့်စေချင်ပါတယ်။

9-5 အလုပ်တစ်ခုကို လုပ်နေသူတစ်ဦီးဟာလည်း soul purpose နဲ့ aligned ဖြစ်နေသူတစ်ဦး ဖြစ်နေနိုင်တာပါပဲ။ Corporate လောကဟာ စကြာဝဠာကနေ ခွဲထွက်နေတာမဟုတ်ပါဘူး။ ဒီနေရာက ကိုယ့်အလင်းကို လိုအပ်နေတဲ့ နေရာတစ်ခုဖြစ်နေနိုင်ပါတယ်။ Corporate လောကမှာလည်း leadership လို့ခေါ်တဲ့ ခေါင်းဆောင်မှု၊ ဖြောင့်မတ်မှု၊ compassion ကရုဏာနဲ့ vision တွေ၊ intuition တွေ၊ flow & creativity တွေ၊ grounding တွေ အများကြီး အသုံးချရပါတယ်။ ဒီလို spiriutal traits အရည်အသွေးတွေကို board meetings တွေ၊ emails တွေ၊ ညှိနှိုင်းဆွေးနွေးမှုတွေ၊ strategies တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ အစည်းအဝေးတွေမှာ နေ့တိုင်း ထုတ်ဖော်အသုံးချရပါတယ်။

ဒါကြောင့် ကိုယ်ဟာ 9-5 corporate industry ထဲက သူတစ်ယောက်ဆိုရင် အောက်က အချက်လေးတွေကို မမေ့ဖို့ အားပေးချင်ပါတယ်။

✨ Soul journey တစ်ခုမှာ အလုပ်တက်ချိန်၊ အလုပ်ဆင်းချိန် မရှိပါဘူး။
✨ ကိုယ့်ရဲ့အလင်းရောင်ဟာ sage တွေ၊ tibetan singing bowls တွေနဲ့ ကန့်သတ်ထားတာမဟုတ်ပါဘူး။
✨ Blazer နဲ့ heels ဝတ်ထားရင်းနဲ့လည်း ကိုယ်ဟာ grounding ရ တည်ငြိမ်နေနိုင်ပါတယ်။
✨စီးပွားရေး/ သမရိုးကျအလုပ်အကိုင်နဲ့ spirituality ဆိုတာ အတူတူဘေးချင်းယှဉ်သွားလို့ရတဲ့ အရာ (၂) ခုဖြစ်ပါတယ်။
✨လုပ်ငန်းခွင်ထဲက အခက်အခဲတွေ (သို့) အခွင့်အလမ်းတွေက ကိုယ်ဘယ်နေရာမှာ healing လုပ်ဖို့ လိုနေသလဲ ဆိုတာကို လမ်းညွှန်ပြပေးပါလိမ့်မယ်။

ဒါကြောင့် ကိုယ့်လက်ရှိ အလုပ်မှာ ဆက်နေဖို့ ကျေနပ်မှုတွေနဲ့ fulfillment တွေ ခံစားရနေရင် ဒါကို ဂုဏ်ယူလိုက်ပါ။ ကိုယ့်ရဲ့ soul purpose က ထွက်ခွာဖို့ (leave) မဟုတ်ဘဲ ဦးဆောင်ဖို့ (lead) ဖြစ်နေနိုင်ပါတယ်။ တစ်နေ့မှာ အကြောင်းသင့်လို့ ကိုယ့်လမ်းကြောင်းက ကိုယ့်ကို အခြားနေရာတစ်ခုကို ခေါ်ဆောင်သွားရင်လည်း ပြောင်းလဲဖို့ ယုံကြည်လိုက်ပါ။ ဒါပေမယ့် လွတ်လပ်မှု၊ ပြည့်ဝမှုတွေရဖို့အတွက် one-way လမ်းစဥ်တစ်ခုတည်းကို အရမ်း glorify လုပ်နေကြတာတွေကိုတော့ ကျောခိုင်းကြဖို့အချိန်တန်ပါပြီ။

💼 ✨ Soul work ဆိုတာ စာရင်းဇယားတွေနဲ့ လစာတွေလိုမျိုး ပုံစံနဲ့လည်း ဖြစ်နိုင်သလို moon journals တွေ၊ healing circles တွေလိုမျိုးလည်း ဖြစ်နိုင်ပါတယ်။ နှစ်ခုစလုံးဟာ sacred ဖြစ်တယ်၊ နှစ်ခုစလုံးဟာ အစွမ်းထက်နိုင်တယ်၊ နှစ်ခုစလုံးဟာ မှန်ကန်ပါတယ်။

ကိုယ်သွားနေတဲ့ လမ်းကြောင်းကို ယုံကြည်ပါ။
ကိုယ်လျှောက်နေတဲ့လမ်းက အခြားသူတွေရဲ့လမ်းကြောင်းနဲ့ တူနေဖို့ မလိုအပ်ပါဘူး။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN



Note : နေ့စဉ် business နဲ့ လုပ်ငန်းခွင်မှာ aligned living အတွက် အသုံးချလို့ရတဲ့ နည်းလမ်းလေးတွေကို ရေးပေးထားတဲ့ content လေးတွေကိုတော့ လို့ရှာပြီး ဖတ်နိုင်ပါတယ်။

Moon Check ! 🌙သဘက်ခါ မေ လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၉:၃၃ မိနစ်မှာ New Moon in Gemini ♊️ ကို ကျရောက်မှာဖြစ်ပါတယ်။...
25/05/2025

Moon Check ! 🌙

သဘက်ခါ မေ လ ၂၇ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၀၉:၃၃ မိနစ်မှာ New Moon in Gemini ♊️ ကို ကျရောက်မှာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ Ta**us New Moon နဲ့ Scorpio Full Moon အချိန်တွေမှာ embodiment အားကောင်းကောင်းတွေ၊ routines အသစ်တွေကိုတည်ဆောက်ခဲ့ကြပါတယ်။ ဒီတစ်ခေါက် new moon ကာလလေးကတော့ အနာဂါတ်အတွက် ရွေးချယ်မှုတစ်ချို့ကို စတင်မြင်လာရ၊ လုပ်လာရနိုင်မယ့် ကာလတစ်ခုလို့ ဆိုရမှာ ဖြစ်ပါတယ်။ ကြားထဲမှာ စိတ်လေနေတာတွေရှိခဲ့ရင် ပြန်စုစည်းပြီး မိမိအတွက် ဦးစားပေး အရေးကြီးတဲ့ အဓိပ္ပာယ်ရှိတဲ့ အရာတွေကို ပြန်အာရုံစိုက်ရမယ့် အချိန်ပဲ ဖြစ်ပါတယ်။ တစ်ချို့အနေနဲ့ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိရင် ကိုယ့်ရှေ့မှာ မြင်နေရတဲ့ ရှင်းလင်းတဲ့ အနီးဆုံးလမ်း၊ ပစ္စုပ္ပာန်တည့်တည့်ကိုသာ အာရုံစိုက်ပြီး အကောင်းဆုံး လုပ်ကြရပါမယ်။ တစ်ခါတလေကျရင် ပြောင်းလဲမှုတွေလုပ်ဖို့ မရွေးချယ်ခြင်းဟာလည်း ရွေးချယ်မှု တစ်ခုပဲ ဆိုတာကို ကျွန်မတို့ မမေ့ထားသင့်ပါဘူး။

Air element sign ဖြစ်တဲ့ Gemini ♊️ ရဲ့သဘောက ကိုယ့်အတွေးထဲမှာ လူနှစ်ယောက် နေ နေသလို၊ အမြဲ တစ်ယောက်တစ်ပေါက် စကားပြောနေသလို ခံစားရတတ်ပါတယ်။ အတွေးလွန်တာ၊ သံသယကြီးတာ၊ မပြတ်သားတာတွေကတော့ Gemini moon တစ်ခုရဲ့ အမှောင်စိတ်တွေ ဖြစ်ပါတယ်။ ဒါကြောင့် ဝေဝါးနေတာတွေရှိရင် မိမိစိတ်ထဲ clarity ရရှိအောင် journaling လုပ်ပြီးအဖြေရှာပါ။ အထူးသဖြင့် ဒီ new moon မှာ intention setting or action အနေနဲ့ပါ လုပ်ငန်းခွင်၊ မိသားစု၊ မိတ်ဆွေတွေ ကြားထဲ တိကျပြတ်သားတဲ့ communication လုပ်ပြီး၊ ဖြေရှင်းဖို့ ကိစ္စတွေရှိရင် အပြုသဘောနဲ့ သေချာလုပ်ဆောင်သင့်ပါတယ်။

Moon Rituals လေးအနေနဲ့ movement ကို ဆောင်တဲ့ smudging လုပ်ခြင်း၊ ကိုယ်နဲ့ ပိုမိုကိုက်ညီတဲ့ mantra အသစ်၊ affirmation အသစ်တွေကို ပြန်ရေးခြင်း၊ Gemini က လက် (hand) တွေကို စိုးမိုးတာမို့ communication၊ clarity တို့ အားကောင်းစေတဲ့ Buddhi Mudra မျိုးကို အသုံးပြုပြီး တရားထိုင်တာ၊ affirmation ရွတ်တာတို့ကို ပြုလုပ်သင့်ပါတယ်။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

တစ်ခါတလေ ပင်ပန်းနေတဲ့အချိန် ရုတ်တရက် လွှတ်ခနဲ မစဉ်းစားဘဲ ပြောလိုက်မိတဲ့ စကား၊ အသုံးပြုမိတဲ့ အသံအနေအထား ကနေစပြီး ယာဉ်ကြော...
12/05/2025

တစ်ခါတလေ ပင်ပန်းနေတဲ့အချိန် ရုတ်တရက် လွှတ်ခနဲ မစဉ်းစားဘဲ ပြောလိုက်မိတဲ့ စကား၊ အသုံးပြုမိတဲ့ အသံအနေအထား ကနေစပြီး ယာဉ်ကြောရှောင်ဖို့ ရွေးချယ်ကာမှ ပိုကြာသွားတဲ့လမ်း၊ လေဆိပ်မှာ ရွေးတန်းစီမိတဲ့ မရွေ့တော့တဲ့ immigration line၊ အရမ်းတန်တယ် ယူဆပြီး အမြန်ဝယ်ယူလိုက်ပြီးမှ တကယ်မလိုအပ်နေတဲ့ impluse buying တစ်ခု၊ ဘုရားမရှိခိုးလိုက်မိတဲ့ မနေ့ည ဒါမှမဟုတ် လွတ်သွားတဲ့ အခွင့်အလမ်းများအထိ —ကျွန်မတို့အားလုံးမှာ “ကိုယ့်ကိုယ်ကို ရိုက်ချင်လိုက်တာနော်” ဆိုပြီး အူတွေ၊ အသည်းတွေယား ပြန်လည်ပြင်ဆင်လိုတဲ့ အခိုက်အတန့်များ ရှိဖူးကြပါလိမ့်မယ်။ ဒါတွေဟာ ကမ္ဘာပျက်လောက်တဲ့ အရေးတွေ မဟုတ်ပေမယ့် လိုအပ်တာထက် ပိုမိုအကြာကြီး စိတ်ထဲ တနုံ့နုံ့နဲ့ ကျန်ရစ်နေတတ်ပါတယ်။

တကယ်တော့ ဘဝတွေေဆိုတာ သေးငယ်တဲ့ ဆုံးဖြတ်ချက်များ၊ ရွေးချယ်မှုများနဲ့ ပြည့်နှက်နေတာပါပဲ။ Intentional living တစ်ခုမှာ ကျွန်မတို့ မေ့နေတတ်ကြတဲ့ အလေ့အထတစ်ခုက learning to make peace with imperfect choices လို့ခေါ်တဲ့ မပြည့်စုံတဲ့၊ အကောင်းဆုံးမဟုတ်တဲ့ ရွေးချယ်မှုများကို လက်ခံပြီး နေတတ်ကြဖို့ပဲ ဖြစ်ပါတယ်။ အပြစ်ရှိတယ်လို့ ခံစားနေပြီး “ငါသာ ဒီလိုလုပ်လိုက်မိရင် ကောင်းမှာပဲ” လို့ အလွန်အမင်း အပြန်ပြန်စဉ်းစားနေခြင်းထက် gentle acceptance ထားကြည့်ပါက ဘာဖြစ်နိုင်မလဲ?

ဒီအရာတွေက ကျွန်မတို့ကို မကောင်းတဲ့သူ၊ ညံ့တဲ့သူ ဒါမှမဟုတ် ပျင်းရိတဲ့သူတွေအဖြစ် မသတ်မှတ်နိုင်စေဘူးဆိုတာကို ဦးဆုံးသတိရပေးပါ။ တကယ်တော့ လူသားတောင် ပိုဆန်စေပါသေးတယ်။ ဒါကြောင့် ဘာမဟုတ်တဲ့ ကိစ္စလေးတွေအပေါ် စိတ်တွေရှပ်ပြီး move on မလုပ်နိုင် ဖြစ်နေမယ့်အစား “ဒီရွေးချယ်မှုက ငါမျှော်လင့်ထားတဲ့အတိုင်း မဖြစ်ခဲ့ဘူး၊ ဒါပေမယ့် ပြဿနာမရှိဘူး၊ အခု ငါပိုသိပြီ၊ နောက်တစ်ခါကျရင် ပိုကောင်းအောင် ရွေးနိုင်မယ်" စတဲ့ မိမိကိုယ်ကို self-compassion ကရုဏာထားတတ်မှုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

အတိတ်နဲ့ လက်ရှိအချိန်က မိမိကိုယ်ကိုယ်ကို ကရုဏာထားခြင်းက အနာဂတ်ကကိုယ်ကို ဂရုစိုက်ခြင်းပါပဲ။ Imprefect choices များနှင့် သင့်တင့်မျှတစွာ နေထိုင်တတ်တာက growth mindset တစ်ခုဖြစ်တဲ့အပြင် ရှေ့လျှောက်မှာလည်း တစ်ခုခုကို တုံ့ပြန်မှုမပြုမီ ခဏရပ်တန့်သတိထားခြင်း၊ ဆုံးဖြတ်ချက်မချမီ အသက်ရှုခြင်းနဲ့ အခုလက်ရှိရွေးချယ်လိုက်တဲ့ အရာတစ်ခုက အနာဂတ်မှာရော ကိုယ့်ကို စိတ်ချမ်းသာမှု၊ ဟန်ချက်ညီမှုတွေကို ပေးနိုင်မလားကို ထည့်သွင်းစဉ်းစားမိစေပြီး ပိုမိုသတိရှိသော ရွေးချယ်မှုများ (mindful choices) ကို လုပ်မိစေပါလိမ့်မယ်။

Perfection is illusion ပါ။ အစီအစဉ်အကျဆုံးဆိုတဲ့ ဆုံးဖြတ်ချက်တွေမှာတောင်မှ မသေချာမှုများဟာ ပါဝင်နေတတ်တာကြောင့် အမှားသေးသေးလေးတွေကို လုံးဝမလုပ်မိဖို့၊ နောင်တရပြီး ရှေ့မတိုးနိုင်ဖြစ်နေဖို့ထက် ဒီအမှားလေးတွေမှတစ်ဆင့် ကြီးထွားသန်မာလာကြဖို့ပဲ မဟုတ်ပါလား။

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Moon Check 🌙မြောက်အမေရိကမှာ နွေဦးရာသီအနှောင်း ပန်းရောင်စုံများ အလျှံပယ် ပွင့်ဖူးကြတဲ့ကာလမို့ Flower Moon လို့ ခေါ်ကြတဲ့ ...
11/05/2025

Moon Check 🌙

မြောက်အမေရိကမှာ နွေဦးရာသီအနှောင်း ပန်းရောင်စုံများ အလျှံပယ် ပွင့်ဖူးကြတဲ့ကာလမို့ Flower Moon လို့ ခေါ်ကြတဲ့ May လရဲ့ လပြည့်ဟာ ဒီနှစ်မှာတော့ Scorpio ♏️ ရာသီခွင်မှာ ကျရောက်တာ ဖြစ်ပါတယ်။ လအတိပြည့်မယ့်အချိန်က မေလ ၁၂ ရက်၊ မြန်မာစံတော်ချိန် ၂၃:၂၅ အချိန် ဖြစ်ပေမယ့် ဒီ Full Moon ရဲ့ energy များကိုတော့ မေလ ၁၀-၁၃ ရက်လောက်အတွင်း ခံစားရနိုင်ပါတယ်။ မြန်မာ ပြက္ခဒိန်နဲ့ တကယ်လပြည့်ချိန်ဟာ တစ်ချို့လတွေမှာ ကွာခြားတတ်ကြတာကြောင့် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့ကတော့ မေလ ၁၁ ရက်နေ့ တနင်္ဂနွေနေ့ ဖြစ်ပါတယ်။

Scorpio ရာသီခွင်ဟာ zodiacs တွေထဲမှာ တော်တော် intense ဖြစ်တဲ့ထဲ ပါဝင်ပါတယ်။ Scorpio full moon တွေဟာ အတွင်းထဲ နက်နက်သွား များများမြင်ရတဲ့ လပြည့်မျိုး ဖြစ်ပါတယ်။ Manifestation တွေ ဖြစ်တည်လာဖို့ကြန့်ကြာရခြင်းရဲ့ အကြောင်းတွေထဲမှာ မိမိရဲ့ မသိစိတ်ထဲ self-worth နဲ့ ပတ်သတ်ပြီး သံသယတွေ မေးခွန်းတွေ ရှိနေသေးတာ၊ မိမိဆန္ဒနဲ့ ကိုက်ညီတဲ့ ဘဝမှာအတူကပ်ပါလာမယ့် တာဝန်တွေကို လက်ခံဖို့ တကယ်မဆုံးဖြတ်ရသေးတာ၊ ပြင်ရမယ့် အကျင့်ဆိုးတွေ၊ လွှတ်ချရမယ့် old version တွေကျန်နေသေးတာမျိုးကြောင့် ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒီလို potent ဖြစ်ပြီး နက်နက်သွားကြည့်ကာ reflection လုပ်ရတဲ့ Scorpio full moon ရဲ့ အထောက်အပံ့နဲ့အတူ ဒီရက်ပိုင်းမှာ မုန့်လုံးရေပေါ်လေးတွေ ရေမျက်နှာပြင်ပေါ်ကို တစီစီတက်လာသလို ပေါ်ပေါ်လာတတ်တဲ့ မိမိကုစားရမယ့် အတွင်းစိတ်လေးတွေနဲ့ ဖြစ်ရပ်လေးတွေ မှန်သမျှကို သတိလေးထား attention ပေးကြည့်ရင် စိတ်ဝင်စားစရာကောင်းတဲ့ အရာလေးတွေကို ကိုယ်တိုင်တွေ့မြင်လာပါလိမ့်မယ်။ ✨

ပုံမှန်အတိုင်းဆို Scorpio moon ကာလတွေအတွက် shadow work တွေ၊ transformation နဲ့ ပြောင်းလဲခြင်းဆိုင်ရာတွေကို အသားပေး ပြောတတ်ပေမယ့် ဒီလပြည့်အတွက် energetically tune-in လုပ်ကြည့်တဲ့အခါ cord-cutting ဆိုတဲ့ စကားကိုပဲ ခဏခဏ ခံစားရပါတယ်။ တစ်ခါတလေ ကိုယ်ရှေ့ဆက်သွားမယ့် next version မှာ ရှိဖို့မလိုအပ်တော့မယ့် လူ၊ စွန့်ခွါရမယ့် နေရာ၊ ကျောခိုင်းရမယ့် အဖြစ်အပျက်တွေကို physically လွှတ်ချပြီးပြီလို့ ထင်မိသည့်တိုင် အဲ့ဒီလူနဲ့ (သို့) အဲ့ဒီနေရာမှာ ကိုယ်ကမရှိတော့ပေမယ့် တစ်ခုခုက လာရစ်ပတ်နေသေးသလို ခံစားနေမိတတ်ပါတယ်။ ဒါကြောင့် ဒီဘာမှန်းမသိ ရှုပ်ထွေးရစ်ပတ်နေတဲ့ခံစားချက်တွေကို မျက်စိနဲ့ မမြင်ရတဲ့ energy နှောင်ကြိုးအဖြစ် မြင်ယောင်လိုက်ပြီး စိတ်ထဲကဓားနဲ့ ဖြတ်ချပစ်ရမယ့် လပြည့်မျိုးလို့ moon musing ပေးချင်ပါတယ်။ 🌕

Journey to Aligned Living, One Moon Phase at a Time!

Sat Nam,
LUNALIGN

Aura Cleansing & Smudging Kit Freshly Restocked 🔥LUNALIGN ရဲ့Energy & Wellness Lifestyle Products များထဲမှ လူကြိုက်အများ...
06/05/2025

Aura Cleansing & Smudging Kit Freshly Restocked 🔥

LUNALIGN ရဲ့Energy & Wellness Lifestyle Products များထဲမှ လူကြိုက်အများဆုံး sacred product ဖြစ်တဲ့ Aura Cleansing & Smudging Kit လေးတွေ freshly ပြန်လည်ရောက်ရှိလို့လာပါပြီ။ 🤍

နေ့စဉ်ဘဝမှာ energy vampire လူအများနဲ့ ဆက်ဆံစကားပြောရပြီးနောက် စိတ်လေးလံ ထိုင်းမှိုင်းတာတွေ၊ ရှေ့ဆက်မသွားနိုင်ဘဲ ပိတ်ဆို့နေတဲ့ ခံစားချက်များနဲ့ မိမိအိမ်ဂေဟာ၊ အလုပ်ခွင်တို့မှ negative energy အဟောင်းများကို ရှင်းထုတ်ဖို့ လိုနေပြီလို့ ခံစားနေရပါသလား?

Smudging ဆိုတာ ဟိုးယခင် Americas မှာ တောတောင်ထဲ သဘာဝနဲ့ နီးကပ်စွာနေကြတဲ့ shaman ဆေးဆရာတွေ၊ indigenous လူမျိုးစုတွေဆီက မြစ်ဖျားခံလာခဲ့ပြီး မိမိ ခန္ဓာကိုယ်၊ အိမ်နေရာ၊ ရုံး အစရှိတဲ့ physical space တွေမှာ ပိတ်ဆို့နေတဲ့ negative energy တွေကို ဖယ်ရှားပြီး ကောင်းမွန်တဲ့ energy များ စီးဆင်းနိုင်အောင် ပြုလုပ်ကြတဲ့ spiritual practice လေးတစ်ခုဖြစ်ပါတယ်။

LUNALIGN ရဲ့ Aura Cleansing & Smudging Kit မှာတော့ energy အဟောင်းများကို သန့်စင်ရာမှာ အစွမ်းအထက်ဆုံး herb တစ်မျိုးဖြစ်တဲ့ California White Sage၊ Peru မှ holy wood တစ်မျိုးဖြစ်တဲ့ Palo Santo၊ energy cleansing အတွက် အသုံးပြုတဲ့ Selenite Crystal တို့ ပါဝင်ပါတယ်။

မိမိရဲ့ အိမ်၊ ကား၊ ရုံးခန်း နဲ့ ကောင်းမွန်မြင့်မားသော energy များဖြင့် အလုပ်လုပ်ရသော Yoga Studio၊ Spa၊ Wellness Center အစရှိတဲ့ နေရာများမှာ လိုအပ်သလို အသုံးပြုနိုင်ဖို့နဲ့ spiritual practices တွေတိုင်းအတွက် လူတိုင်း တစ်စုံတော့ ရှိထားသင့်တဲ့ LUNALIGN ရဲ့ Energy & Wellness Lifestyle Bundle လေးတစ်ခုပဲ ဖြစ်ပါတယ်။

LUNALIGN ရဲ့ Aura Cleansing & Smudging Kit လေးကိုအသုံးပြုပြီး မိမိရဲ့ aura and energy field ထဲမှာ အထပ်ထပ် ညစ်ထေးနေတဲ့ negative energy တွေကို smudging လုပ်ပေးခြင်းဖြင့် high vibrational lifestyle များကို co-create လုပ် ပိုင်ဆိုင်ရရှိနိုင်ကြပါစေ။ 🤍

Aura Cleansing & Smudging Kit - 33,500 MMK

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

လာမယ့် May လ 4 ရက်နေ့ ညနေပိုင်းကစလို့ Aquarius ရာသီခွင်မှာ Pluto Retrograde စတင်ဖြစ်ပေါ်မှာဖြစ်ပါတယ်။ 🪐Pluto ဟာ ပြန်လည်မ...
02/05/2025

လာမယ့် May လ 4 ရက်နေ့ ညနေပိုင်းကစလို့ Aquarius ရာသီခွင်မှာ Pluto Retrograde စတင်ဖြစ်ပေါ်မှာဖြစ်ပါတယ်။ 🪐

Pluto ဟာ ပြန်လည်မွေးဖွားခြင်း၊ ပြောင်းလဲခြင်းတို့ကို အဓိကဖော်ဆောင်တဲ့ planet ဖြစ်တာကြောင့် October လ ၁၄ ရက်နေ့အထိ ကြာရှည်မယ့် ဒီ retrograde ကာလ ၅ လကျော်အတွင်းမှာ ပိုးဖလံလေးကနေ လိပ်ပြာ 🦋 အဖြစ်သို့ မွေးဖွားခြင်းအသွင်ဆောင်တဲဲ့ အဓိပ္ပာယ်ရှိသော ပြောင်းလဲခြင်းတွေ၊ အလွှာတွေကွာကျသလို revelation တွေ၊ declutter လုပ် ရှင်းထုတ်လိုက်သလို နေရာအသစ်၊ energy အသစ် ဖြစ်ပေါ်မှုတွေကို ကြုံတွေ့ရနိုင်ပါတယ်။ အထူးသဖြင့် Aquarius ♒️ ရာသီခွင်ထဲ ဖြစ်တဲ့ retrograde ဖြစ်တာကြောင့် မိမိတစ်ဦးတည်းသာမဟုတ်ဘဲ အများအတွက်ပါ ဦးတည်သက်ရောက်မှုရှိနိုင်တဲ့ ပြောင်းလဲမှုတွေ၊ အသစ်အဆန်းတွေကို မြင်တွေ့ကြရနိုင်ပါတယ်။ တစ်ခါတလေတော့လည်း အရမ်း heavy ကြီးတွေထိ စဥ်းစားစရာမလိုပါဘူး။ အသစ်အဆန်းပြောင်းလဲမှုဆိုတာ ကိုယ့်ရဲ့ wardrobe makeover ၊ image makeover လိုမျိုး fun ဖြစ်တဲ့ ပေါ့ပေါ့ပါးပါး လိုမျိုးလေးကနေ ကိုယ်လုပ်မယ်လို့ စိတ်တောင်မကူးဖူးတဲ့ ကိစ္စတွေကို ထလုပ်ချလိုက်တာမျိုးထိ အစုံဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဘာလုပ်လုပ် hightest good of all ဆိုတဲ့ မိမိအပါ အားလုံးအတွက် အကောင်းဆုံးဖြစ်ပါစေ ဆိုတဲ့ intention လေးထားဖို့ မမေ့ပါနဲ့ ။ ✨

ဒီ Pluto retrograde က မိမိဘဝအတွက် ဘယ် area တွေမှာ သက်ရောက်မှုမျိုးရှိမလဲဆိုတာ အလွယ်ကူဆုံး သိနိုင်ရန် -

♒️ မိမိရဲ့ natal chart မှာ Aquarius ရာသီခွင်ကို ရှာပါ။

🏠 Aquarius က ဘယ် house မှာ ရှိနေပါသလဲ?

မိမိ natal chart ထဲ Aquarius ရာသီခွင်ရှိနေသော house နှင့် သက်ဆိုင်သော ဘဝရဲ့ကဏ္ဍ ဟာ ယခု ဖြစ်ပေါ်တဲ့ Pluto retrograde ၏ သက်ရောက်မှုအား အခံရနိုင်ဆုံး ကဏ္ဍဖြစ်ပါတယ်။ ဥပမာ - Aquarius က house 7 တွင် ရှိပါက အိမ်ထောင်ရေး၊ relationships တို့တွင် သက်ရောက်မှု အများဆုံးဖြစ်ပြီး boundaries အသစ်တွေချမှတ်ရတာ၊ တစ်ချို့ relationship တွေ လုံးဝပြတ်ဆဲပြီး စစ်မှန်တဲ့ authetic connection တွေ ပြန်လည်တည်ဆောက်ရတာ၊ တစ်ဦးနဲ့ တစ်ဦးကြား power dynamics ချင်း အားပြိုင်မှုမျိုးကို ဒီကာလမှာ တွေ့နိုင်ပါတယ်။ မိမိ natal chart ထဲ Aquarius က house 10 တွင် ရှိပါက အလုပ်အကိုင်၊ ပုံရိပ်၊ လွှမ်းမိုးမှုတို့တွင် သက်ရောက်မှု အများဆုံး ရှိနိုင်ပါတယ်။ မျက်နှာဖုံးတွေ ကွာကျတာ၊ လုပ်ရိုးလုပ်စဥ်တွေ 9-5 အလုပ်မျိုးတွေကို ပျင်းရိလာပြီး အလုပ်အကိုင်လမ်းကြောင်း ပြောင်းလဲရတာ၊ အောင်မြင်မှု ဆုံးရှုံးမှု ကြီးကြီးမားမား ကြုံတွေ့ရတာမျိုးတွေ ရှိတတ်ပါတယ်။ LUNALIGN ရဲ့ 2025 planner လေးထဲမှာတော့ natal chart ဆွဲဖို့ အကွက်ရော၊ retrograde ကာလတွေရော၊ planet တွေနဲ့ house တွေရဲ့ သက်ဆိုင်ရာ energy နဲ့ ကဏ္ဍတွေကိုပါ ထည့်ပေးထားတာကြောင့် စာအုပ်လေးရှိရင် အလွယ်တကူ ပြန် refer လုပ်နိုင်ပါလိမ့်မယ်။ 📒

Retrograde တွေဟာ ကြောက်စရာမဟုတ်သလို မကောင်းတာလည်းမဟုတ်ဘဲ retrograde ဖြစ်တဲ့ planet နဲ့ သက်ဆိုင်တဲ့ theme တွေကို ကိုယ့်ဘဝကဏ္ဍတွေထဲ သုံးသပ်ရင်း မမျှော်လင့်ထားတဲ့တိုးတက်မှုတွေကို အသိသတိရှိစွာ လက်ခံကြရမယ့် အခွင့်အရေးတစ်ခု ဖြစ်ပါတယ်။ 🤍

Journey to Aligned Living, One Moon Phase at a Time! 🌙

Sat Nam,
LUNALIGN

Address

Yangon

Alerts

Be the first to know and let us send you an email when LUNALIGN posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to LUNALIGN:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram