NICE - Aged Care Training Center

NICE - Aged Care Training Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NICE - Aged Care Training Center, Healthcare administrator, No. 1038, Yarzadirit Road, 41 Ward, North Dagon, Yangon.

Nice aged Care and Japanese Launguage Training Center ရဲ့ မေလဖွင့်မဲ့အတန်းများအတွက် ပညာဒါန အလှု 10%မှ 50%အထိရရှိမဲ့အခွင်...
12/05/2023

Nice aged Care and Japanese Launguage Training Center ရဲ့ မေလဖွင့်မဲ့အတန်းများအတွက် ပညာဒါန အလှု 10%မှ 50%အထိရရှိမဲ့အခွင့်အလမ်းက ဒီနေ့ နောက်ဆုံးနေ့ဖြစ်ပါတယ်ရှင်။

💡အလုပ်အကိုင်အခွင့်အလမ်းရှာဖွေနေတဲ့လူငယ်လူရွယ်များ အတွက်ရည်ရွယ်တာမို့ အသက်သာဆုံးသင်တန်းကြေးနဲ့ တက်ခွင့်ရအောင် နောက်ဆုံးနေ့မှာအခွင့်အရေးကိုအရယူလိုက်ပါ။
💡တရားဝင်လိုင်စင်ရ အေးဂျင့်များနဲ့ဆက်သွယ်ထားတာမို့ သင်တန်းပြီးတာနဲ့ အလုပ်interview များအတွက်လည်းချိတ်ဆက်ထားပြီးသားဖြစ်ပါတယ်။
💡စိတ်ပါဝင်စားသူများ messenger/comment box မှ စာရင်းပေးသွင်းထားသူများလည်းဒီနေ့ပဲ
သင်တန်းအပ်နှံကြဖို့ အသိပေးပါရစေနော်။
👑ကဲ ...10%ကသင်တန်းသားတိုင်းအတွက်ဆိုပေမဲ့ ဘယ်သူတွေများ 40% လျော့ပေးတဲ့အလှုဒါနကိုရရှိ
ကံထူးကြမလဲဆိုတာ သိချင်နေပါပြီ😊

👉Nice Aged Care and Japenese Launguage Training Center
အမှတ် ၁၀၃၈၊ ရာဇာဓိရာဇ်လမ်း၊ 41ရပ်ကွက်၊ မြောက်ဒဂုံ၊ 09882277961

NICE Aged Care Training Center ရဲ့ page လေး Maintenance လုပ်မှာဖြစ်တာကြောင့် သင်တန်းနဲ့ ပါတ်သတ်သော ကိစ္စရပ်များ...
20/04/2023

NICE Aged Care Training Center ရဲ့ page လေး Maintenance လုပ်မှာဖြစ်တာကြောင့် သင်တန်းနဲ့ ပါတ်သတ်သော ကိစ္စရပ်များကို Nice Aged Care ရဲ့ Page အသစ် Channel 2 မှာ ဆက်လက် လုပ်ဆောင်သွားမှာဖြစ်လို့ Like လေး လုပ်ထားပေးပါနော်

Channel 2 လင့်ကို Cmt မှာပေးထားပါတယ်နော်

မဟာသင်္ကြန်အပြီးမှာ​ရောက်ရှိလာတဲ့ မြန်မာ နှစ်သစ်အတွက် NICE - Aged Care Training Center ရဲ့ ပညာဒါနအလှူတော်⚜️⚜️⚜️⚜️⚜️⚜️⚜️⚜...
17/04/2023

မဟာသင်္ကြန်အပြီးမှာ​ရောက်ရှိလာတဲ့ မြန်မာ နှစ်သစ်အတွက် NICE - Aged Care Training Center ရဲ့ ပညာဒါနအလှူတော်
⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️⚜️
နှစ်သစ် အချိန်အခါကာလမှာ ကျန်းမာရွှင်လန်းကြပါစေကြောင်း NICE - Aged Care Training & Language Center မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ဂျပန်နိုင်ငံတွင် အလုပ် အကိုင် အခွင့်အလမ်းပေါများသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို သွားရောက်လုပ်ကိုင်နိုင်ရန် ဂျပန်ဘာသာ ကျွမ်းကျင်မှုသင်တန်းများနှင့် သက်ကြီးရွယ်အိုစောင့်ရှောင့်ရေး သင်တန်းများကို ကုန်ကျစားရိတ်သက်သာစွာ တက်ရောက်သင်ယူနိုင်ရန်အတွက် NICE - Aged Care Training & Language Center ရဲ့ ပညာဒါန အလှူ​လေးနဲ့အစပြုလိုက်ပါပြီ

📚📚📒 ​မေလမှာ ဖွင့်လှစ်ပေးမည့်သင်တန်းများက​တော့

🌸📚1.Japanese Language 4 skill
Level N5&N4
📈Level၂ခုအတွက် ၆လ
🕒သင်တန်းချိန်
⚜️တနေ့ -တနာရီခွဲ
⚜️တပတ်-၅ရက်
⚜️ တနင်္လာ -သောကြာ
သင်တန်းကြေး -၃၅၀၀၀၀ ကျပ်

📚📚(N5+N4)တတ်မြောက်မှူ အရည်အချင်းစစ်စာမေးပွဲများပုံမှန်စစ်ဆေးပေး​ခြင်းဖြင့် JLPT , JFT, Nat Test စသော စာမေးပွဲများအလွယ်တကူဖြေဆိုအောင်မြင်နိုင်ရန် လေ့ကျင့်ပေးပါမည်။

🌸📚2. Elderly Care သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း
🕒သင်တန်းချိန်
⚜️တရက် ၃ချိန်
⚜️တပတ် ၅ရက်
⚜️၁လခွဲ
သင်တန်းကြေး -၂၅၀၀၀၀
📒📒 Tokutei Kaigoစာမေးပွဲဖြေဆိုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးပါမည်။

🔰ဂျပန်စာ N4 ပြီးပြီးသား ဖြစ်ရမည်။
🥰ပြုစုခြင်းကိုစိတ်ပါဝင်စားပြီးစိတ်ရှည်ကြင်နာတတ်သူဖြစ်ရမည်။
💪ထက်မြက်တက်ကြွ ဇွဲရှိသူဖြစ်ရမည်။

🙏🙏🙏ဒီသင်တန်း​တွေအတွက် ပညာဒါနအလှူ​ အစီအစဥ်က​တော့​အောက်ပါအတိုင်းပဲဖြစ်ပါတယ်

🙏🙏1.Palmphlet ​ကြော်ငြာမှ​သော် ၎င်း facebook ​ကြော်ငြာမှ​သော်၎င်း​တွေ့ရှိ၍ ​မေလအတန်းအတွက် ​မေလ ၁၂ ရက်​နေ့ မတိုင်မီ စာရင်း​ပေးသွင်းသူအားလုံး သင်တန်း​ကြေး 10% ပညာသင်ဆု ​ပေးပါမယ် ။
🙏🙏2. ​မေလ ၁၂ ရက်နေ့မတိုင်မီ Nice-Aged Care page ကို like လုပ်ပြီး ဒီ📌Pin Post ​လေးကို like ​and share လုပ်ထားတဲ့ Screenshots နဲ့ တက်ချင်တဲ့သင်တန်းကိုComment မှာ လာပို့စာရင်းသွင်းပေးမယ်ဆိုရင်ဒီအထဲကမှ
Elderly Care သင်တန်းအတွက် ၅ယောက်
Japanese language သင်တန်းအတွက် ၅​ယောက်
စုစု​ပေါင်း ၁၀​ယောက်ကို ပညာသင်ဆု 40%ထပ်မံ​ရွေးချယ်​ပေးသွားမှာဖြစ်ပါတယ် ၊
🤩🤩🤩Page မှာ​ရွေးချယ်ခံ ရတဲ့ ၁၀​ယောက်က​တော့ 10%+40% စုစု​ပေါင်းပညာသင်ဆု 50% ရသွားမှာဖြစ်ပါတယ် ၊

💪💪💪ပါဝင်နိုင်ဖို့အတွက်အခုပဲ စလိုက်ကြပါ​တော့​နော်

🙏အမှန်တကယ် ပေးသော ပညာဒါနအလှူဖြစ်တာကြောင့် Nice Aged Care Training & Language Center မှသင်ကြား​ပေး​သောပညာရပ်များနှင့် ဂျပန်နိုင်ငံ တွင်အမှန်တကယ်အလုပ်လုပ်ဖို့ရည်ရွယ်ချက်ရှိ​သော ​မောင်​လေး ညီမ​လေး တို့သာ ပါဝင်​ပေးကြပါရန်အထူး မေတ္တာ ရပ်ခံ အပ်ပါတယ်🙏

⚠️ပညာဒါနအလှူအတွက် အငြင်းပွားစရာ ကိစ္စတစ်စုံတစ်ရာ ရှိခဲ့ပါလျှင် NICE - Aged Care Training & Language Center ရဲ့ တာဝန်ရှိလူကြီးများ အဆုံးအဖြတ်သာ အတည်ဖြစ်ပါတယ်⚠️

🌸🌸ရွှေရောင်အနာဂတ်လမ်းကိုစတင်နိုင်ဖို့ NICE Aged Care နှင့်လက်တွဲစို့🤝🤝

📚စာရင်း​ပေးသွင်းလိုလျှင် သို့မဟုတ် သင်တန်းအကြောင်းအရာများနှင့် ပတ်သတ်၍ အသေးစိတ် ထပ်မံသိရှိလိုပါက
👩‍💻Page messenger(သို့)
☎️ 09 882 277 961 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။

NICE - Aged Care Training & Language Center
No.1038, Yarzadirit Road, 41th Ward, North Dagon
09 882 277 961

Nice Aged Care Training & Language center မှဖွင့်လှစ်ပေးမည့်သင်တန်းများ🌸Japanese Language 4 skill    Level N5&N4 📈Level၂...
17/04/2023

Nice Aged Care Training & Language center မှဖွင့်လှစ်ပေးမည့်သင်တန်းများ

🌸Japanese Language 4 skill
Level N5&N4
📈Level၂ခုအတွက် ၆လ
🕒သင်တန်းချိန်
⚜️တနေ့ -တနာရီခွဲ
⚜️တပတ်-၅ရက်
⚜️ တနင်္လာ -သောကြာ
သင်တန်းကြေး -၃၅၀၀၀၀ ကျပ်(N5+N4)
တတ်မြောက်မှူ အရည်အချင်းစစ်စာမေးပွဲများပုံမှန်စစ်ဆေးပေး​ခြင်းဖြင့် JLPT , JFT, Nat Test စသော စာမေးပွဲများအလွယ်တကူဖြေဆိုအောင်မြင်နိုင်ရန် လေ့ကျင့်ပေးပါမည်။

🌸🌸 Aged Care သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်း
🔰ဂျပန်စာ N4 ပြီးပြီးသား ဖြစ်ရမည်
🔰ပြုစုခြင်းကိုစိတ်ပါဝင်စားပြီးကြင်နာတတ်သူဖြစ်ရမည်။
🕒သင်တန်းချိန်
⚜️တရက် ၃ချိန်
⚜️တပတ် ၅ရက်
⚜️၁လခွဲ
သင်တန်းကြေး -၂၅၀၀၀၀
Tokutei စာမေးပွဲဖြေဆိုနိုင်သည်အထိ လေ့ကျင့်သင်ကြားပေးပါမည်

🌸🌸NICE - Aged Care Training & Language Center သည် မြန်မာနိုင်ငံမှ တက်ကြွသော လုပ်ရည်ကိုင်ရည်ရှိသော နိုင်ငံတကာအတွေ့အကြုံရရှိလိုသော လူငယ်များအတွက် ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းပေါများသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဂျပန်ဘာသာ ကျွမ်းကျင်မှူသင်တန်းများနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းကို စာတွေ့လက်တွေ့သင်ကြားပေးမည့်သင်တန်းကျောင်းဖြစ်ပါတယ်။

🌸🌸သင်တန်းများပြီးဆုံး၍သတ်မှတ်စာမေးပွဲများဝင်ရောက်ဖြေဆိုအောင်မြင်ပြီးပါက အလုပ်အင်တာဗျူးများဖြေဆိုနိုင်ရန် သင်တန်းနှင့်ချိတ်ဆက်ထားသော တရားဝင်လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးပါမည်။
🌸🌸ရွှေရောင်အနာဂတ်လမ်းကိုစတင်နိုင်ဖို့ NICE Aged Care နှင့်လက်တွဲစို့🌸🌸

သင်တန်းအကြောင်းအရာများနှင့် ပတ်သတ်၍ အသေးစိတ် ထပ်မံသိရှိလိုပါက
👩‍💻Page messenger(သို့)
☎️ 09 882 277 961 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။

NICE - Aged Care Training Center
No.1038, Yarzadirit Road, 41th Ward, North Dagon
09 882 277 961

ပြည့်စုံသော အသက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးမည့် NICE - Aged Care Training & Language Center        ...
17/04/2023

ပြည့်စုံသော အသက်မွေးဝမ်းကျောင်းအတွက် အခွင့်အလမ်းသစ်များဖန်တီးပေးမည့်
NICE - Aged Care Training & Language Center

🌸🌸NICE - Aged Care Training & Language Center သည် မြန်မာနိုင်ငံမှ တက်ကြွသော လုပ်ရည်ကိုင်ရည်ရှိသော နိုင်ငံတကာအတွေ့အကြုံရရှိလိုသော လူငယ်များအတွက် ဂျပန်နိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းပေါများသော သက်ကြီးရွယ်အိုစောင့်ရှောက်ရေးလုပ်ငန်းကို သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဂျပန်ဘာသာ ကျွမ်းကျင်မှူသင်တန်းများနှင့် သက်ကြီးရွယ်အိုစောင့်ရှောက်ရေးသင်တန်းကို စာတွေ့လက်တွေ့သင်ကြားပေးမည့်သင်တန်းကျောင်းဖြစ်ပါတယ်
🌸🌸 သင်တန်းများကိုသင်ကြားရာတွင်မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က ချမှတ်ထားသော Competencies များနှင့်အညီ သင်ကြားပေးမည့်အပြင်
ဂျပန်နိုင်ငံမှစစ်ဆေးသော Tokutei (kaigo) အရည်အချင်းစစ်စာမေးပွဲအတွက် ပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းကို စာမေးပွဲဖြေဆိုအောင်မြင်သည်အထိ ပြည်တွင်းပြည်ပ အတွေ့အကြုံရှိ ဆရာများမှ တာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်

🌸🌸သင်တန်းများပြီးဆုံး၍သတ်မှတ်စာမေးပွဲများဝင်ရောက်ဖြေဆိုအောင်မြင်ပြီးပါက အလုပ်အင်တာဗျူးများဖြေဆိုနိုင်ရန် သင်တန်းနှင့်ချိတ်ဆက်ထားသော တရားဝင်လိုင်စင်ရအေဂျင်စီများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးပါမည်
🌸🌸ရွှေရောင်အနာဂတ်လမ်းကိုစတင်နိုင်ဖို့ NICE Aged Care နှင့်လက်တွဲစို့

(သင်တန်းအကြောင်းအရာများနှင့် ပတ်သတ်၍ အသေးစိတ် ထပ်မံသိရှိလိုပါက
👩‍💻Page messenger(သို့)
☎️ 09 882 277 961 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ရှင့်။ )

NICE - Aged Care Training Center
No.1038, Yarzadirit Road, 41th Ward, North Dagon
09 882 277 961

Wish to be Happy Thingyan Festival 💦💦💦💦💦💦💦💦💦
13/04/2023

Wish to be
Happy Thingyan Festival
💦💦💦💦💦💦💦💦💦

Professional Kaigoတစ်ယောက်ဖြစ်ဖို့ ဒါတွေကို မဖြစ်မနေသိထားသင့်တယ်နော်🤔🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸        အခက်အခဲဆိုတာ အောင်မြင်ဖို့အ...
09/04/2023

Professional Kaigoတစ်ယောက်ဖြစ်ဖို့ ဒါတွေကို မဖြစ်မနေသိထားသင့်တယ်နော်🤔
🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸🌸
အခက်အခဲဆိုတာ အောင်မြင်ဖို့အတွက် ကျော်လွှားရမယ့် တံတိုင်းလေးတစ်ခုပါ။ တံတိုင်းလေးတွေကို လွယ်လွယ်ကူကူကျော်လွှားနိုင်ဖို့ skillလေးတွေ ပြည့်ဝနေဖို့တော့ လိုပါတယ်နော်🫶
ဒါကြောင့် ဒီတစ်ခေါက် မင်မင်က kaigoတစ်ယောက် Professionalကျကျ လုပ်ကိုင်နိုင်ဖို့ရှိထားသင့်တဲ့ skillတွေအကြောင်းကို ဝေမျှပေးသွားမှာပဲဖြစ်ပါတယ်ရှင့် 👏👏

ကဲ ကြည့်လိုက်ရအောင် 👀

🌍Communication Skill
ဟိုးကမ္ဘာဦးကအစ ယနေ့တိုးတတ်နေတဲ့ ကမ္ဘာကြီးအဆုံး communication skillသည် အရေးကြီးဆုံးသော skillတစ်ခုထဲတွင် ပါဝင်ပါတယ်။
🌸Kaigoများဟာ ဘိုးဘွားများနှင့် ဆက်သွယ်ပြောဆိုရရုံတင်မက ဘိုးဘွားများ​၏ မိသားစုဝင်များ၊ အခြားကျန်းမာရေးစောင့်ရှောက်မှု ကျွမ်းကျင်သူများ၊ အထက်လူကြီးများ၊ မိမိလုပ်ဖော်ကိုင်ဖက်များနှင့် ဆက်သွယ်ပြောဆိုရာတွင် ကျွမ်းကျင်မှုရှိဖို့ မဖြစ်မနေလိုအပ်ပါတယ်။
🌸တစ်ဖက်သား​၏ ယုံကြည်မှုတည်ဆောင်ရာတွင် communication skillကောင်းမွန်မှုသည်လည်း ကောင်းစွာအထောက်အကူပြုပေးနိုင်ပါတယ်

🕰️Time Management
အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ပြီလား❓
🌸အချိန်စီမံခန့်ခွဲတတ်ဖို့ ပါရမီပါစရာမလိုပါဘူး။ ကြိုးစားလေ့လာသင်ယူလို့ရပါတယ်။ သတ်မှတ်ထားသောအချိန်အတွင်း မိမိတာဝန်ယူထားသောအလုပ်များပြီးမြောက်ဖို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။
🌸အချိန်ကိုကောင်းမွန်စွာ စီမံခန့်ခွဲတတ်လျှင် မိမိ​၏လုပ်ငန်းတာဝန်များကို အချိန်တိုတွင်း မြန်မြန်ဆန်ဆန်နှင့် လစ်ဟင်းမှု မရှိဘဲ အကောင်းမွန်ဆုံး ရလဒ် ရနိုင်ပါတယ်နော်။

⚡Problem Solving Skill
🌸လုပ်ငန်းခွင်တွင် မဖြစ်မနေကြုံရမယ့်အရာတွေထဲတွင် ပြဿနာအခက်အခဲတွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် ပြဿနာတစ်ခုကို ရင်ဆိုင်နိုင်ဖို့ အကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်။ ပြဿနာ​၏အကြောင်းအရာကို သေချာလေ့လာပြီး အထိရောက်ဆုံးနှင့် အကောင်းဆုံးသော ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ အရေးကြီးပါတယ်။
🌸ဖြစ်လာတဲ့ ပြဿနာပေါ် မူတည်ပြီး ကိုယ့်ဘက်က တိတိကျကျ မှန်မှန်ကန်ကန် ဆုံးဖြတ်တတ်ဖို့ Problem solving skillကိုလည်း ဖြည့်ထားသင့်တယ်နော်

🤍Emotion Support
🌸ဘိုးဘွားများအား ပြုစုစောင့်ရှောက်ရာတွင် ဘိုးဘွားများ​၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများအား သိရှိနားလည်ထားရမယ်။ စိုးရိမ်ပူမှုများ၊ စိတ်သောကများ၊ အားငယ်မှုများကို နားထောင်ပေးခြင်း၊ နှစ်သိမ့်အားပေးခြင်းစသည့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုများ ပံ့ပိုးပေးရပါမယ်။ စိတ်ဓာတ်ခွန်အားပေးနိုင်ဖို့လည်း အရမ်းအရေးကြီးတယ်နော်

💪Strong Ethics
🌸Professional တစ်ယောက်ဖြစ်ဖို့ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်မှုသာမက လုပ်ငန်းဆိုင်ရာကျင့်ဝတ်များကိုလည်း စောင့်ထိန်းရပါမယ်။ တာဝန်တွေ စည်းကမ်းတွေကို လိုက်နာရုံသာမကပဲ ကိုယ်ကျင့်တရားဆိုင်ရာ ကျင့်ဝတ်များကိုလည်း ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။
🌸ဒါ့အပြင် ဘိုးဘွားများ​၏ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရမည်ကို သိရှိနားလည်ထားသင့်ပါတယ်

🌺Positive Personality
🌸လုပ်ငန်းခွင်တွင် အကောင်းမြင်စိတ်ဖြင့် လုပ်ဆောင်ခြင်းသည်လည်း အကောင်းဆုံးသောရလဒ်တွေကို ရရှိမှာ ဖြစ်ပါတယ်။ ကြင်နာတတ်ခြင်း၊ စာနာတတ်ခြင်း၊ လေးလေးစားစားပြောဆိုတတ်ခြင်း၊ ဟာသဉာဏ်ရွှင်ခြင်းများသည်လည်း positive personalityများဖြစ်ပါတယ်။
🌸မိသားစုများ၊ သူငယ်ချင်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် မိမိစောင့်ရှောက်ရသော ဘိုးဘွားများအပေါ်တွင် အပြုသဘောဆောင်သော ဆက်ဆံရေးများကို ဖန်တီးတည်ဆောက်ခြင်းခြင့် မိမိလုပ်ငန်းခွင်အောင်မြင်မှုများလည်း တိုးတတ်လာမှာ သေချာပါတယ်ရှင့်

📑Documentation
🌸ပြုစုစောင့်ရှောက်သူအနေဖြင့် သတင်းအချက်အလက်များကို တိတိကျကျ မှတ်တမ်းတင်နိုင်ဖို့ အထူးအရေးကြီးပါတယ်။ မိမိတို့​စောင့်ရှောက်ခံဘိုးဘွားများ​၏အခြေအနေများ၊ မိမိတာဝန်များ​၏ပြီးစီးမှုအခြေအနေများကို အစီရင်ခံတင်ပြဖို့ လိုအပ်ပါတယ်။ မတော်တဆမှုများ၊ အရေးပေါ်အခြေအနေများတွင် တိကျသေချာစွာ ဖြစ်ရပ်မှန်များအား ချက်ချင်းအစီရင်ခံရပါမယ်။

☘️Keep your mind happy☘️
🌸နောက်ဆုံးအချက်လေးကတော့ သိပ်ကိုအရေးကြီးသောလေးပေါ့။ လုပ်ငန်းခွင်တွင် တစ်နေကုန်ပင်ပန်းနွမ်းနယ်လာတဲ့စိတ်လေးကို ပြန်လည်အားဖြည့်မှသာ နောက်တစ်နေ့အတွက် အားအင်အပြည့်ဖြင့် လုပ်ငန်းခွင်တွင် လန်းဆန်းတက်ကြွနေနိုင်မှာဖြစ်ပါတယ်။
ဒါကြောင့် စိတ်ကို လန်းဆန်းတတ်ကြွနေအောင်
💆‍♀️အနားယူပါ
🧘‍♀️ကျန်းမာရေးကို ဂရုစိုက်ပါ
🏖️ပိတ်ရက်များတွင် အလည်အပတ်ခရီးများဖန်တီးပါ
💸လစာရတဲ့အခါတိုင်းလည်း မိမိကိုယ်မိမိ ချီးကျူးဖို့ မမေ့ပါနဲ့နော်

🌸ပျော်ရွှင်သောလုပ်ငန်းခွင် ဖန်တီးနိုင်ခြင်းသည် Professional တစ်ယောက်ဖြစ်ဖို့ စတင်သည့်ခြေလှမ်းပဲဖြစ်ပါတယ်ရှင့်



#ဘိုးဘွားစောင့်ရှောက်
#သူနာပြုအကူ

📣ဝင်ငွေကောင်းသောအလုပ်ကိုရှာနေပါသလား📣ပြည်ပမှာအလုပ်လုပ်လိုပါသလား✅ဒါဆိုရင် Kaigoက သင့်တော်သော အလုပ်တစ်ခုဖြစ်ပါတယ် Kaigoဆိုတ...
20/03/2023

📣ဝင်ငွေကောင်းသောအလုပ်ကိုရှာနေပါသလား📣
ပြည်ပမှာအလုပ်လုပ်လိုပါသလား
✅ဒါဆိုရင် Kaigoက သင့်တော်သော အလုပ်တစ်ခုဖြစ်ပါတယ်

Kaigoဆိုတာ ဘာလဲ ❓
Kaigoဆိုသည်မှာ ဂျပန် စကားဖြစ်ပြီး ပြုစုစောင့်ရှောက်သူ သို့မဟုတ် သူနာများစောင့်ရှောက်သောဝန်ဆောင်မှုကို ဆိုလိုခြင်းဖြစ်ပါတယ်

Kaigo​၏ အလုပ်တာဝန်တွေက ဘာတွေဖြစ်မလဲ ❓
📌ဘိုးဘွားများအား ဆေးတိုက်ကျွေးပေးခြင်း
📌တစ်ကိုယ်ရည်သန့်ရှင်းမှုများအား ကူညီပေးခြင်း
📌ကျန်းမာရေးအခြေအနေများကို စောင့်ကြည့်ခြင်း
📌လှုပ်ရှားနိုင်စေရန် ကူညီပေးခြင်း
📌ကာယကုထုံး လေ့ကျင့်ခန်းများဖြင့် ကူညီပေးခြင်း
📌ဖြစ်စဉ်များကို အစီရင်ခံခြင်းတို့ပဲ ဖြစ်ပါတယ်။

Kaigoသည် ဘယ်သူတွေနဲ့ သင့်တော်ပါသလဲ ❓
🔺စိတ်ရှည်သည်းခံမှုရှိသူ
🔺စာနာနားလည်နိုင်သူ
🔺ပြောဆိုဆက်ဆံရေးကောင်းမွန်သူ
🔺ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာသူ
🔺ကူညီလိုစိတ်ရှိပြီး ဂရုစိုက်​
ပြုစုတတ်သူများနှင့်အထူးသင့်တော်ပါတယ်။

🔸ဒါဆိုရင် Kaigoတစ်ယောက်ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ?
ဒီမေးခွန်းလေးအတွက် အဖြေကတော့👀
မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု "စံ" သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ ကချမှတ်ထားသော Competencies များနှင့်အညီ သင်ကြားပေးမည့် Nice-Aged Care Training Center ရှိနေပါပြီ🎉
ဂျပန်နိုင်ငံ​​၏ Kaigoအရည်အချင်းစစ်စာမေးပွဲ အတွက် ပြင်ဆင်ထားသည့် သင်ရိုးညွှန်းတမ်းများပါဖြည့်စွက်သင်ကြားပေးမည့်အပြင် မြန်မာ၊ စင်္ကာပူ၊ မလေးရှား၊ ဂျပန် စသောပြည်တွင်းပြည်ပ ဆေးရုံကြီးများနှင့် ဘိုးဘွားစောင့်ရှောက်ရေး လူနာဆောင်များတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝါရင့်ဆရာမများမှ တာဝန်ယူသင်ကြားပေးမှာဖြစ်ပါတယ်

✴️သင်တန်းတတ်ရောက်မည့်သူများအနေဖြင့်
☑️ပညာအရည်အချင်း အနိမ့်ဆုံး အ​ခြေခံပညာအထက်တန်းအဆင့်ဖြစ်ရမည်
☑️ဘိုးဘွား/သူနာပြုစုခြင်းကိုဝါသနာပါသူဖြစ်ရမည်
☑️စာတွေ့လက်တွေ့ပြီးမြောက်အောင်တတ်နိုင်သူဖြစ်ရမည်
❗အရည်အချင်းစစ်စာမေးပွဲအောင်မြင်မှသာ သင်တန်းဆင်းလက်မှတ်ကိုရရှိပါမည်။ ❗

📋သင်တန်းအသေးစိတ်ကို Page messenger👩‍💻(သို)
☎️ 09 882 277 961 ဖြင့်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

NICE - Aged Care Training Center
No.1038, Yarzadirit Road, 41th Ward, North Dagon
09 882 277 961

Pageတွင်လည်း အသေးစိတ်ဖော်ပြပေးသွားမှာဖြစ်လို့ ဆက်လက်စောင့်ကြည့်ဖို့ မမေ့နဲ့နော်

Address

No. 1038, Yarzadirit Road, 41 Ward, North Dagon
Yangon
11191

Telephone

+959882277961

Website

Alerts

Be the first to know and let us send you an email when NICE - Aged Care Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to NICE - Aged Care Training Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram