Counselling Corner

Counselling Corner Your trusted and experienced counsellor. Counselling for individual, group, family and corporate.

အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) လှုပ်ရှားမှုများကို ကျွ...
13/10/2025

အောက်တိုဘာလ ၁၀ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့သော ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ (World Mental Health Day) လှုပ်ရှားမှုများကို ကျွန်မတို့ Counselling Corner နဲ့အတူ လက်တွဲပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသည့် အဖွဲ့အစည်းများ နဲ့ တစ်ဦးတစ်ယောက်ချင်းစီ အားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ် ရှင့် 💌✨

ကျွန်မတို့ စိတ်ကျန်းမာရေးဆိုင်ရာ အသိပညာပေးခြင်း နဲ့ ပံ့ပိုးကူညီခြင်း လုပ်ငန်းများကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ခြင်းဟာ ပူးပေါင်းပါဝင်ပေးခဲ့ကြသူများရဲ့ စေတနာ၊ ကြိုးပမ်းအားထုတ်မှု နဲ့ တန်ဖိုးရှိတဲ့ ပံ့ပိုးမှုတွေ ကြောင့်ပဲ အများကြီး အထောက်အကူပြုခဲ့ပါတယ်နော် ✨

◼️ပါဝင် ပေးခဲ့ကြတဲ့ အဖွဲ့အစည်းများ

Group
Medicine
-West Seed Myanmar
@စိုးစံကိုယ်ပိုင်အထက်တန်းကျောင်း
FM, Teen Radio Pyinsawadi
Saung Hospital
Sirius Enterprise - GSE Co., Ltd
Hill Tower Co.Ltd
Heus Myanmar
Bank PCL
Group

Bank
British international school
House Yangon-Mandalay
Myanmar Group
Chamber Of Commerce Myanmar
Medical Center (RGMC)
Finance Microfinance Co.,Ltd
Group of Companies
International School Yangon
-ichi Life Insurance Myanmar
Company Limited

AYA Bank
Finance
Dai-ichi Life Insurance Myanmar

အားလုံးရဲ့ မေတ္တာ နဲ့ ကူညီထောက်ပံ့မှုများ အတွက် Counselling Corner မှ အထူးဂုဏ်ယူကျေးဇူးတင်ရှိပါတယ်ရှင် 🙂‍↕️💌

နောင်လာမည့် စိတ်ကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုတွေမှာလည်း Counselling Corner နဲ့ အတူတူ ဆက်လက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ မျှော်လင့်လျက်...

ကျန်းမာပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေရှင်!
🥰




“Our sorrows and wounds are healed only when we touch them with compassion.” — Jack Kornfieldကျွန်တော်တို့ရဲ့ ဝမ်းနည်းမှ...
12/10/2025

“Our sorrows and wounds are healed only when we touch them with compassion.” — Jack Kornfield
ကျွန်တော်တို့ရဲ့ ဝမ်းနည်းမှုတွေနဲ့ ဒဏ်ရာတွေကို ကိုယ်ချင်းစာတရားနဲ့ ထိတွေ့လိုက်တဲ့အခါမှသာ ကုစားနိုင်ပါတယ်။

Jack Kornfield ရဲ့ အဆိုအမိန့်အရ လူတိုင်းက စိတ်ထဲမှာ ဖုံးကွယ်ထားတဲ့ ဝမ်းနည်းမှုတွေနဲ့ ဒဏ်ရာတွေ ရှိတတ်ပါတယ်။ အဲဒါတွေကိုရှောင်ဖယ်တာ၊ လျစ်လျူရှုတာက ခဏတာ သက်သာရာရစေပေမဲ့ ရေရှည်အတွက်တော့ အကျိုးမရှိပါဘူး။ တကယ်တမ်း ကုစားနိုင်ဖို့ဆိုရင် ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖို့ လိုအပ်ပါတယ်။

ဒဏ်ရာတွေကို ကိုယ်ချင်းစာစိတ်နဲ့ ကြည့်ခြင်းဆိုတာကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာမျိုး မဟုတ်ဘဲ နာကျင်နေတဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးတာ၊ လက်ခံပေးတာမျိုးပါ။ "ငါနာကျင်နေတာ အဆင်ပြေပါတယ်"၊"ဒါဟာ ဖြစ်တတ်တဲ့ သဘာဝပါ" စတဲ့ ကိုယ်ချင်းစာတရားနဲ့ ကြည့်လိုက်တဲ့အခါ နာကျင်မှုတွေဟာ တဖြည်းဖြည်း လျော့ပါး သက်သာလာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ကြင်ကြင်နာနာ ဆက်ဆံခြင်းကသာစိတ်ဒဏ်ရာတွေကို အမှန်တကယ် ကုစားနိုင်တဲ့ အကောင်းဆုံးဆေးတစ်ခွက်ပါပဲ။

ဒီတစ်လလုံးမှာ စိတ်ကျန်းမာရေးနဲ့ စိတ်ကုသမှုခရီးစဉ်မှာ အသုံးဝင် အရေးကြီးသလို… စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး မကြာခဏတွေ့ရတဲ့ အ...
10/10/2025

ဒီတစ်လလုံးမှာ စိတ်ကျန်းမာရေးနဲ့ စိတ်ကုသမှုခရီးစဉ်မှာ အသုံးဝင် အရေးကြီးသလို… စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး မကြာခဏတွေ့ရတဲ့ အဓိကစကားလုံးလေးတွေ ရဲ့ အဓိပ္ပာယ်ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 🧠
ပထမဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်နိုင်စွမ်း (Self-Awareness) အကြောင်း မျှဝေပါမယ်။

💡 Self-Awareness ဆိုတာ ဘာလဲ?
Self-awareness ဆိုတာဟာ ကိုယ့်ရဲ့ ခံစားချက်၊ အတွေးအမြင်နဲ့ တန်ဖိုးထားမှုတွေကို ဘက်လိုက်မှုမရှိဘဲ အရှိအတိုင်းနားလည်ပြီး၊ အဲဒီအရာတွေက ကိုယ့်ရဲ့အပြုအမူတွေကို ဘယ်လို လွှမ်းမိုးနေလဲဆိုတာကို သတိပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။
ရိုးရိုးလေးပြောရရင်... ကိုယ်ဘာလုပ်နေလဲ၊ ဘာခံစားနေရလဲ၊ ဘာတွေးနေလဲဆိုတာကို "ပြင်ပလူ" တစ်ဦးလို ပြန်လည်ကြည့်ရှုနိုင်တဲ့ စွမ်းရည်ပါပဲ။

✅ Self-Awareness ရှိခြင်းဖြင့်... ဒီအကျိုးကျေးဇူးတွေရရှိနိုင်မှာဖြစ်ပါတယ်။
»ခံစားချက်ကို ကြိုတင် ထိန်းညှိ/ ထိန်းချုပ်နိုင်ခြင်း - နေ့စဉ်ခံစားချက်တွေ မပြင်းထန်ခင်၊ အခြေအနေမဆိုးခင်မှာ သတိပြုမိတဲ့အတွက် လိုအပ်တဲ့ ကိုင်တွယ်မှုတွေကို ကြိုတင် လုပ်နိုင်ဖို့ လမ်းပြပေးပါတယ်။
»တုံ့ပြန်မှုတွေကို ရွေးချယ်နိုင်ခြင်း - စိတ်လိုက်မာန်ပါ ရုတ်တရက် မတုံ့ပြန်မိဘဲ၊ ကိုယ့်အတွက် အကျိုးဖြစ်စေမယ့် ပိုကောင်းတဲ့ တုံ့ပြန်မှုတွေကို ရွေးချယ်နိုင်စေပါတယ်။
»စိတ်ဒဏ်ရာ ကုစားရာတွင် ပထမဆုံး ခြေလှမ်း - ပြောင်းလဲဖို့လိုတဲ့ အတွေးပုံစံတွေ၊ တုံ့ပြန်မှုတွေရဲ့ ဇာစ်မြစ်ကို အရင်ဆုံး သတိပြုမိ ဖို့အတွက် အရေးအကြီးဆုံးသော အခြေခံအုတ်မြစ် ဖြစ်ပါတယ်။
»ဘဝကို ထိန်းချုပ်နိုင်စွမ်း ခံစားရခြင်း - ကိုယ့်ရဲ့ အတွေး၊ ခံစားချက်နဲ့ အပြုအမူတွေကို သတိပြုသိရှိနေခြင်းက ကိုယ့်ဘဝကို Control ရှိတယ် လို့ ခံစားရစေပြီး စိတ်ခွန်အားတွေ တက်လာစေပါတယ်။

❓ Self-Awareness မရှိရင် ဘာဖြစ်နိုင်လဲ?
- စိတ်ခံစားချက်တွေရဲ့ ခြယ်လှယ်ခြင်းကို အမြဲတမ်း ခံနေရနိုင်ပါတယ်။
- ပြဿနာဇာစ်မြစ်ကို သတိမပြုမိဘဲ အမှားတွေကို ထပ်ခါတလဲလဲ လုပ်မိနေနိုင်ပါတယ်။ (ဥပမာ- စကားဖြတ်ပြောတာနဲ့ ဒေါသထွက်မယ်။ မလိုတဲ့နေရာဒေါသကိုဖောက်မိမယ်။)
- လမ်းပျောက်နေသလို ခံစားရပြီး ရှေ့ဆက်တိုးဖို့ ခက်ခဲစေပါတယ်။
🗣 ဥပမာ- တစ်စုံတစ်ယောက်က စကားဖြတ်ပြောတဲ့အခါ ဒေါသထွက်တာဟာ စကားဖြတ်ပြောလို့တင် မဟုတ်ဘဲ၊ "ငါ့ရဲ့အကြံဉာဏ်ကို တန်ဖိုးမထားဘူးလို့ ခံစားရလို့ ဒေါသထွက်တာ" လို့ ကိုယ့်ကိုယ်ကိုယ် သိရှိနားလည်လိုက်ခြင်းဟာ Self-Awareness ပါပဲ။ အကယ်၍ Self-awareness သာမရှိခဲ့ရင် ဆက်ပြီး ဒေါသထွက်မယ်။ စိတ်ဖိစီးမယ်။ ဆက်ဆံရေးတွေပျက်ပြားမယ်။ မလိုတဲ့နေရာမှာ ဒေါသတွေဖောက်ထုတ်တာဖြစ်လာနိုင်ပါတယ်။

ဒါဆို ... Self-Awareness စွမ်းရည်ကို ဘယ်လို တည်ဆောက်ကြမလဲ? ဒီနည်းလမ်းလေးတွေ ကို ပုံမှန်လုပ်ပြီး Self-awareness ကို မြင့်တက်အောင် လေ့ကျင့်နိုင်ပါတယ်။
* နေ့စဉ် မှတ်တမ်းရေးသားခြင်း (Journaling): 📝 ညအိပ်ရာမဝင်ခင် ခံစားချက် (၃) ခု နှင့် အဲ့ဒီခံစားချက်တွေကို ဖြစ်စေတဲ့ အကြောင်းရင်း တွေကို ချရေးပါ။
* သတိဖြင့်စောင့်ကြည့်ခြင်း(Mindfulness): 🧘‍♀️ ခဏ ငြိမ်ငြိမ်ထိုင်ပြီး လက်ရှိအချိန်မှာဖြစ်နေတဲ့ ကိုယ့်ခံစားချက်တွေကို ဝေဖန်ခြင်းမရှိပဲ အရှိအတိုင်း စောင့်ကြည့်ပါ။
* မတုံ့ပြန်ခင် ခဏရပ်ခြင်း (Pause Before Reacting): ✋ ရုတ်တရက်တက်လာတဲ့ခံစားချက်အတိုင်း စိတ်လိုက်မာန်ပါ မတုံ့ပြန်ခင် သတိနဲ့ ၃ စက္ကန့်ခန့် ရပ်နားပြီး စိတ်ငြိမ်အောင် အသက်ရှူပါ။ ခံစားချက်ကို သတိပြုပါ။

👉 ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိပြုသိရှိခြင်း (Self-Awareness) က ဘဝရဲ့ ကျန်းမာချမ်းသာသုခ (Wellbeing)ကို ဖန်တီးပေးနိုင်တဲ့ အရေးပါတဲ့ စွမ်းရည်တစ်ခုဖြစ်လို့... ဒီစွမ်းရည်ကိုလဲ ပြုစုပျိုးထောင်ပေးဖို့လိုအပ်ကြောင်း တိုက်တွန်းလိုက်ပါတယ်နော်။

10/10/2025

ယနေ့ အောက်တိုဘာ (၁၀) ရက်နေ့ ဟာ ကမ္ဘာ့စိတ်ကျန်းမာရေးနေ့ ဖြစ် ပါတယ် နော်🌎🤗

🧠 မိမိတို့ရဲ့ ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုစိုက်သလိုပဲ စိတ်ကျန်းမာရေးကိုလည်း ဂရုစိုက်ဖို့မမေ့ပါနဲ့နော်။
✨စိတ်ဖိစီးမှုတွေကို ပေါ့ပါးစေဖို့ အနားယူ‌ပါ၊✨ ကိုယ့်ကိုယ်ကို နားလည်မှုပေးပါ။

🗣️ ကျွန်မတို့ CounsellingCorner မှ Counsellor တို့ရဲ့ နွေးထွေးတဲ့ စကားသံလေးတွေကို နားထောင်ရင်း၊ သင့်ရဲ့ စိတ်ကျန်းမာရေးကို ဂရုစိုက်‌ပေးဖို့ မမေ့လိုက်ပါနဲ့နော်. ကျွန်မတို့အားလုံးတူတူ ရှိ နေ ပါတယ် 🫶✨

✨ စိတ်ကျန်းမာခြင်းဆိုတာ အစစအရာရာ အောင်မြင်ပျော်ရွှင်ဖို့တွက် အလွန်အရေးကြီး ပါတယ် နော် ✨

ကလေးများအတွက် Play Date အစီအစဉ် 📍(Yangonနှင့်Mandalay)ဒီနေ့ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်းနဲ့ ကွန်ပျူတာ screen တွေပေါ်မှာပဲ အ...
08/10/2025

ကလေးများအတွက် Play Date အစီအစဉ် 📍
(Yangonနှင့်Mandalay)
ဒီနေ့ခေတ်မှာ ကလေးငယ်တွေဟာ ဖုန်းနဲ့ ကွန်ပျူတာ screen တွေပေါ်မှာပဲ အချိန်ကုန်နေကြတာများလာတာကြောင့် မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေနဲ့ ဝေးကွာလာရုံသာမက ကိုယ်လက်လှုပ်ရှားမှုလည်း နည်းပါးလာပါတယ်။ 🤗
ဒီလိုစိန်ခေါ်မှုတွေကို ကျော်လွှားနိုင်ဖို့အတွက် ကျွန်မတို့ရဲ့ Play Date ဆိုတဲ့ အထူးအစီအစဉ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ 🎉
ဒီအစီအစဉ်လေးက အထူးသဖြင့် အသက် ၅ နှစ်ကနေ ၁၅ နှစ် အတွင်းရှိတဲ့ ကလေးငယ်လေးတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်ရှင်။ 🚸
📍Play Date မှာ ဘာတွေ လုပ်ဆောင်သွားမှာလဲ?
➡️စိတ်ကူးယဉ်ပုံပြင်လေးတွေကို နားဆင်ရင်း ဘဝမှာ ကြုံတွေ့ရမယ့် အခက်အခဲတွေကို ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတာ သင်ကြားပေးပါမယ်။
➡️ပုံဆွဲခြင်းနဲ့ အနုပညာလှုပ်ရှားမှုတွေကတစ်ဆင့် ကလေးတို့ရဲ့ စိတ်ထဲက ခံစားချက်တွေကို လွတ်လပ်စွာ ဖော်ထုတ်နိုင်ဖို့ ကူညီပေးပါမယ်။
➡️သူငယ်ချင်းအသစ်တွေနဲ့ မုန့်လေးတွေစားရင်း ပျော်ရွှင်ဖွယ် အချိန်လေးတွေ အတူတူ ဖန်တီးကြပါမယ်။
➡️သီချင်းလေးတွေ၊ ဂိမ်းလေးတွေနဲ့အတူ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီး နွေးထွေးစွာ နှုတ်ဆက်ကြပါမယ်။
📍ဒီအစီအစဉ်ကနေ ဘာအကျိုးကျေးဇူးတွေ ရရှိမှာလဲ?
➡️ကလေးနဲ့ မိဘတွေကြားက ဆက်ဆံရေးကို ပိုမိုရင်းနှီးနီးကပ်စေပါမယ်။
➡️အသစ်အဆန်းတွေကို ရဲရဲဝံ့ဝံ့ လုပ်ကြည့်ရင်း ကလေးတို့ရဲ့ စိတ်ရွှင်လန်းမှုနဲ့ ယုံကြည်မှုတွေ ပိုမိုတိုးပွားလာပါလိမ့်မယ်။
➡️သူငယ်ချင်းအသစ်တွေ မိတ်ဖွဲ့ပြီး အတူတကွ ကစားခြင်းအားဖြင့် လူမှုဆက်ဆံရေးစွမ်းရည်တွေ တိုးတက်လာစေပါမယ်။
➡️ပျော်ရွှင်စရာ လှုပ်ရှားမှုတွေနဲ့ ကစားရင်း ကလေးတွေရဲ့ စိတ်ထဲမှာရှိတဲ့ ကြောက်ရွံ့မှုတွေကို ရုန်းထွက်နိုင်ဖို့ ကူညီပေးပါမယ်။
ဒီ Play Date အခမဲ့ program လေးကနေ ကလေးတို့ရဲ့ ဘဝအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိစေမှာဖြစ်တဲ့အတွက် လာရောက်တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်။
စိတ်ပါဝင်စားပြီး ပါဝင်ချင်လျင် စာရင်းသွင်းရန် 👇
Yangon Registration Link
https://docs.google.com/forms/d/e/1FAIpQLSd-bUZw1100ErnuO6COTwpQ59lNXwCR5ef_RFWSiBJimhMoJw/viewform?usp=header
Mandalay Registration Link
https://docs.google.com/forms/d/e/1FAIpQLSell63C72LKtokiQQR63jLrPJf8yLj1oYxPAIDmtPnt-12Mhg/viewform?usp=header
နေ့ရက်: [12 October Sunday]For Yangon,
[11 October Saturday] For Mandalay
အချိန်: [3PM _ 5PM ]
ဖုန်း:[ 09784509916(Ygn) , 09776000736(Mdy)]
နေရာ: [5/9, Bogalay street, Botahtaung Township, Yangon]
[ [စ/၆, 108 C street, 67 x 67 A,Chan Mya Tharzi, Mandalay] ]

08/10/2025

မိတ်ဆွေတို့ရေ .. စနေနေ့တိုင်းပြုလုပ်နေကြဖြစ်တဲ့ စိတ်မိတ်ဆွေရဲ့ Online Workshop လေးကို စာရင်းသွင်းလို့ရပါပြီနော်။ 💙

ကိုယ့်ရဲ့ အိပ်ခန်းကို ပုံမှန်ရှင်းပေးဖို လိုအပ်သလိုပဲ ကိုယ့်ရဲ့စိတ်ဟာလည်း ပုံမှန်ရှင်းလင်းပေးမှသာ နေ့ရက်တိုင်းကို ပိုမိုပေါ့ပါးစွာ ဖြတ်သန်းနိုင်မှာပါ။

ရှုပ်ထွေးတဲ့အတွေးတွေနဲ့ စိတ်ခံစားချက်တွေဟာ မဖွင့်ဟနိုင်ပဲ ကြာလာတဲ့အခါ ကိုယ့်ရဲ့ခေါင်းထဲမှာ စုပုံ ကြပ်သိပ်လာတယ်။ ဒီလိုပဲ တစ်နေ့ပြီးတစ်နေ့ ဖြတ်သန်းလာရင်း တဖြေးဖြေးနဲ့ ရင်ထဲမှာ မွန်းကြပ်လာတတ်တယ်။

ဒါကြောင့် မိတ်ဆွေတို့ကို အပတ်စဉ် စနေ့နေ့တိုင်းပြုလုပ်ပေးနေကြဖြစ်တဲ့ ခံစားချက်တွေ ရင်ဖွင့်နိုင်မယ့် စိတ်သန့်ရှင်းရေး Workshop လေးတွေမှာ လာရောက်ပါဝင်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။

စိတ်သန့်ရှင်းရေး Workshop (ရင်ဖွင့်ရင်းနဲ့)
နေ့ရက် - ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့ (စနေနေ့)
အချိန် - ညနေ ၆ နာရီ မှ ည ၈ နာရီအထိ
နေရာ - Zoom Platform

*မိမိကိုယ်တိုင်နဲ့ ပါဝင်သူအားလုံး လွတ်လပ်စွာရင်ဖွင့်နိုင်ဖိုအတွက် လုံခြုံတိတ်ဆိတ်တဲ့ နေရာလေးကနေ တက်ရောက်စေချင်ပါတယ်။*

Workshopလေးမှာ ပါဝင်ချင်တယ်ဆိုရင်တော့ အောက်ပါလင့်မှာ အခုပဲ စာရင်းသွင်းနိုင်ပါပြီ။

စာရင်းသွင်းရန်

https://forms.gle/Jrkuj3UEdXTcmJgA7

ပါဝင်ခွင့်ရသူတွေကို စိတ်မိတ်ဆွေကနေ သောကြာနေ့ နောက်ဆုံးထားပြီး ဆက်သွယ်ပေးပါမယ်နော်။

*လူဦးရေအကန့်အသတ်လေးလည်းရှိတာဖြစ်လို့ စာရင်းအမြန်ပေးရင်း သေချာလေးတက်ရောက်ဖြစ်ဖို့လည်း တိုက်တွန်းချင်ပါတယ်ရှင်။*

#စိတ်မိတ်ဆွေ

#စိတ်သန့်ရှင်းရေး

စိတ်ပင်ပန်းနေပါသလား? ဘဝရဲ့အခက်အခဲတွေကြားမှာ တစ်ယောက်တည်း အထီးကျန်နေတယ်လို့ ခံစားနေရပါသလား?တခါတရံမှာ ကိုယ်တကယ်တမ်း အကူအညီ...
08/10/2025

စိတ်ပင်ပန်းနေပါသလား? ဘဝရဲ့အခက်အခဲတွေကြားမှာ တစ်ယောက်တည်း အထီးကျန်နေတယ်လို့ ခံစားနေရပါသလား?
တခါတရံမှာ ကိုယ်တကယ်တမ်း အကူအညီလိုအပ်နေသလား၊ ဒါမှမဟုတ် ရင်ဆိုင်ကျော်လွှားနိုင်ရဲ့လားဆိုတာကို သဲသဲကွဲကွဲ မသိနိုင်ပါဘူး။
သင့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ လိုအပ်တဲ့ အကူအညီကို ရယူနိုင်ဖို့အတွက် အပတ်စဉ် တနင်္လာနေ့တိုင်း အခမဲ့ ဆွေးနွေးပေးသည့်အစီအစဉ် တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။

ဘာကြောင့် ဒီအစီအစဉ်မှာ ပါဝင်သင့်တာလဲ?
💎သင့်ရဲ့ စိတ်ခံစားချက်တွေနဲ့ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေကိုကျွန်မတို့ရဲ့ ကျွမ်းကျင်တဲ့ (Counsellors) တွေနဲ့ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ပါတယ်။ သင့်ရဲ့ အတွင်းစိတ်ကို ဖွင့်ထုတ်ပြောပြခြင်းအားဖြင့် စိတ်သက်သာရာ ရရှိနိုင်ပါတယ်။
💎 နောက်ထပ် အကြံပေးမှုတွေ လိုအပ်သေးလားဆိုတာကို ရှင်းရှင်းလင်းလင်း သိရှိနိုင်ပါတယ်။ ရှေ့ဆက်ပြီး ဘယ်လို ရင်ဆိုင်ဖြေရှင်းရမလဲဆိုတဲ့ လမ်းညွှန်ချက်တွေကို ရယူနိုင်ပါတယ်။
💎 ဘယ်လို ဖိအားမျိုးမှ မရှိဘဲ လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ပြီး အပြုသဘောဆောင်တဲ့ အကြံဉာဏ်တွေနဲ့ လမ်းညွှန်မှုတွေကို ရရှိနိုင်ပါတယ်။
သင့်ရဲ့ စိတ်နှလုံးလေး အေးချမ်းသာယာဖို့ ပထမဦးဆုံး ခြေလှမ်းအနေနဲ့ ဒီအခမဲ့ ဆွေးနွေးခြင်း အစီအစဉ်မှာ အခုပဲ ပါဝင်လိုက်ပါ။
အောက်တိုဘာလ ၁၃ ရက်နေ့ ၊ ၂၀၂၅ ခုနှစ် (တနင်္လာနေ့) မှာ ပြုလုပ်မယ့် အခမဲ့ ဆွေးနွေးခြင်း အစီအစဉ်အတွက် အောက်ပါ လင့်ခ် ကနေတစ်ဆင့် အခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ:

https://docs.google.com/forms/d/e/1FAIpQLSdyyvE67wgzDq-PLUzSmZdG5kkrDDPrGgoUwp7iteXVXXo52Q/viewform?usp=header

လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံလာတဲ့အခါ၊ အထူးသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အသက်ကြီးပိုင်းတွေဆီကနေ "ကြီးကြီးက...
07/10/2025

လူငယ်တွေ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတွေ ကြုံလာတဲ့အခါ၊ အထူးသဖြင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ အသက်ကြီးပိုင်းတွေဆီကနေ "ကြီးကြီးကျယ်ကျယ်နဲ့ စိတ်ကျန်းမာရေး ထိခိုက်တယ်ဆိုပဲ"၊ "ငါတို့တုန်းကလဲ ဒီလိုပဲ ဖြတ်သန်းခဲ့တာပဲ" ၊ "နင်တို့က အထိမခံ၊ ပျော့ကိုပျော့တယ်"၊ "အပိုတွေ"၊ "ပြီးရင်လဲ ပြီးသွားမှာကို ငွေအကုန်ခံပြီး မလိုတာတွေလုပ်နေတာ" စသဖြင့် ပြောဆိုတာတွေ ကြားဖူးမှာပါ။ ဒီလို စကားလုံးတွေဟာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြောဆိုတာ ဖြစ်နိုင်ပေမဲ့၊ ခံစားနေရသူ လူငယ်တွေအတွက်တော့ ကိုယ့်ရဲ့ ခံစားချက်တွေက မလိုအပ်ဘူးလား၊ ငါတကယ်ပဲ အားနည်းနေတာလားဆိုတဲ့ သံသယတွေ ဝင်စေပြီး ပိုပြီး နာကျင်စေတတ်ပါတယ်။

ဥပမာ - မောင်မောင်ဆိုတဲ့ တက္ကသိုလ်ကျောင်းသားလေးတစ်ဦးဟာ စာမေးပွဲဖိစီးမှု၊ အနာဂတ်အတွက် စိုးရိမ်ပူပန်မှုတွေကြောင့် စိတ်ဓာတ်ကျသလို ခံစားနေရပါတယ်။ အိပ်မပျော်တာ၊ အာရုံစူးစိုက်မရတာ၊ အစားအသောက်ပျက်တာတွေ ဖြစ်လာပါတယ်။ သူ့ရဲ့ အဒေါ်တစ်ဦးကို ရင်ဖွင့်မိတဲ့အခါ "အေး၊ ငါတို့တုန်းကလည်း စာမေးပွဲတွေ ဘယ်လောက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတာပဲ၊ အခုမှ နင်တို့က အထိမခံဘူး"၊ "ဒါမျိုးကတော့ ခဏပဲ၊ အချိန်တန်ရင် ပြီးသွားမှာပါ၊ ဘာမှ စိတ်ပူစရာမလိုဘူး" စသဖြင့် ပြန်ပြောခံရပါတယ်။ မောင်မောင်ဟာ အဲ့ဒီစကားတွေ ကြားပြီးနောက်ပိုင်း သူတကယ်ပဲ အပိုတွေ ဖြစ်နေတာလား၊ သူ့ရဲ့ ခံစားချက်တွေက မလိုအပ်ဘဲ အားနည်းနေတာလားဆိုပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လာတယ်။ အကူအညီတောင်းဖို့မလုပ်တော့ပဲ နှုတ်ဆိတ်နေလိုက်ပါတယ်။
မျိုးဆက်တစ်ခုနဲ့တစ်ခုရဲ့ အတွေ့အကြုံတွေ၊ ခံနိုင်ရည်အားတွေဟာ မတူညီနိုင်ပါဘူး။ အရင်ခေတ်က လူကြီးတွေ ကြုံခဲ့ရတဲ့ ခက်ခဲမှုတွေဟာ ကြီးမားခဲ့တာ မှန်ပေမဲ့၊ အခုခေတ် လူငယ်တွေ ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေ (ဥပမာ - လူမှုကွန်ရက် ဖိအားတွေ၊ အပြိုင်အဆိုင်များတဲ့ ပညာရေးနဲ့ လုပ်ငန်းခွင်၊ မြန်ဆန်တဲ့ ဘဝနေထိုင်မှုပုံစံ) ကလည်း မတူညီတဲ့ ပုံစံနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေကို ပေးနိုင်ပါတယ်။ "ပြီးရင်လဲ ပြီးသွားမှာ" ဆိုတဲ့ အတွေးဟာ ပြဿနာကို ဖုံးကွယ်ထားရာ ရောက်ပြီး၊ ရေရှည်အတွက် စစ်မှန်တဲ့ကုစားခြင်း မဟုတ်ပါဘူး။

စိတ်ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေဟာ အားနည်းတာ၊ အပိုတွေ ဖြစ်တာ မဟုတ်ပါဘူး။ ဒါဟာ လူတိုင်းကြုံတွေ့နိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ ခံစားချက်တွေကို လျစ်လျူရှုတာ၊ ဒါမှမဟုတ် သူများရဲ့ ဝေဖန်မှုကြောင့် ကိုယ့်ကိုယ်ကိုယ် သံသယဝင်တာမျိုး မလုပ်သင့်ပါဘူး။ လိုအပ်ရင် စိတ်ကျန်းမာရေး ပညာရှင်တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကူအညီရယူဖို့ မကြောက်ပါနဲ့။

ပတ်ဝန်းကျင်မှာ မျိုးဆက်ကွာခြားမှုကြောင့် ခံစားချက်တွေ လျစ်လျူရှုခံနေရတဲ့ လူငယ်တွေ ရှိပါသလား။ သူတို့ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုပေးနိုင်ပြီလား။

“When we are no longer able to change a situation, we are challenged to change ourselves.” — Viktor Franklအခြေအနေတစ်ခုကိ...
05/10/2025

“When we are no longer able to change a situation, we are challenged to change ourselves.” — Viktor Frankl
အခြေအနေတစ်ခုကို ပြောင်းလဲလို့ မရတော့တဲ့အခါ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ စိန်ခေါ်ရပါလိမ့်မယ်။

Viktor Frankl ရဲ့ အဆိုအမိန့်အရ ဘဝမှာ ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ အရာတွေနဲ့ ကြုံတွေ့ရတဲ့ အခါမျိုး ရှိပါတယ်။မတရားမှုတွေ၊ ဆုံးရှုံးမှုတွေနဲ့ စိတ်ပျက်စရာကောင်းတဲ့ အခြေအနေတွေပေါ့။
အဲဒီလိုအခါမျိုးမှာ အခြေအနေကို ပြောင်းလဲဖို့ မတတ်နိုင်တော့ရင်စိတ်ပျက်အားငယ်တတ်ကြပါတယ်။

ဒီစာသားက ပြောင်းလဲခြင်းရဲ့ တကယ့်အဓိပ္ပာယ်ကိုဖော်ပြနေပါတယ်။ တကယ်တော့ ခက်ခဲတဲ့ အခြေအနေတွေကို ရင်ဆိုင်ရတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ၊ ဘယ်လိုအတွေးနဲ့ ကြည့်မလဲဆိုတဲ့ ကျွန်တော်တို့ရဲ့ကိုယ်ပိုင်သဘောထားကို ပြောင်းလဲဖို့ လိုအပ်တာမျိုးပါ။

အခြေအနေတိုင်းကို ပြောင်းလဲလို့ မရနိုင်ပေမဲ့အဲဒီအခြေအနေအပေါ်ထားတဲ့ ကိုယ့်ရဲ့စိတ်ထားကိုတော့ ပြောင်းလဲနိုင်ပါတယ်။ ဒါကပဲ သင့်ကို ခွန်အားအသစ်တွေ ပေးနိုင်ပါလိမ့်မယ်။

⭐️Mandalay မှာရှိတဲ့Person-centered Approach ကို practice လုပ်နေတဲ့ Counsellor များအတွက် သီးသန့်ပြုလုပ်ပေးမည့် Refresher...
05/10/2025

⭐️Mandalay မှာရှိတဲ့Person-centered Approach ကို practice လုပ်နေတဲ့ Counsellor များအတွက် သီးသန့်ပြုလုပ်ပေးမည့် Refresher Course ⭐️

Client များရဲ့ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေကို မိမိအနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးနိုင်ဖို့
နည်းလမ်းအသစ်တွေ ရရှိချင်ပါသလား? 🤔
မိမိရဲ့ Counselling Skill ကို တိုးတက်အောင် လေ့ကျင့်ချင်ပါသလား? ✨

ဒီ Training က မိမိတို့ Counsellor များအတွက် သီးသန့် စီစဉ်ပေးထားတဲ့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ် 🎊

📌 Training အသေးစိတ်
👩‍🏫 Trainer – Lead Counsellor, Khin Moh Moh Kyaw
📅 နေ့ရက် – အောက်တိုဘာ ၁၇ ရက် (သောကြာ)
⏰ အချိန် – နေ့လယ် ၃ နာရီ မှ ၅ နာရီ (မြန်မာစံတော်ချိန်)
🏢 နေရာ – Counselling Corner Mandalay Office (In-person only)
👥 တက်ရောက်ခွင့်ရရှိသူ – လက်ရှိ Client များကို လက်တွေ့ Counselling ပေးနေသူ Counsellors များသာ၊ Counselling Corner မှ Advanced Counselling Skill Training ပြီးမြောက်ထားသူများသာ
🔢 လူဦးရေ – ၂၀ ယောက်

📖 သင်ယူနိုင်မယ့် အကြောင်းအရာများ
🔸စိုးရိမ်ပူပန်မှု ( Anxiety နှင့် Panic ) ကို Counsellor ရှုထောင့်မှ နားလည်ခြင်း
🔸 စိတ်ပူပန်မှုများနေသူများကို Person Center Approach ဖြင့် နူးညံ့ထိရောက်စွာ ကူညီနိုင်ဖို့ နည်းလမ်းများ
🔸 Counsellor များအတွက် လက်တွေ့အသုံးချနိုင်မယ့် စိတ်တည်ငြိမ်မှုဆိုင်ရာ လေ့ကျင့်ခန်းများ မိတ်ဆက်ခြင်း
🔸 Counsellor တွေ အနေနဲ့ မိမိတို့ ရှိပြီးသား Skill များကို ပိုမို တိုးတက်အောင် လေ့ကျင့်ခြင်း

📍 စာရင်းပေးသွင်းရန် – အချိန်ကန့်သတ်ထားတဲ့အတွက် မြန်မြန် စာရင်းပေးသွင်းလိုက်ပါနော် 💌

https://forms.gle/NEyaoALX84vxvThdA

✨ Client များအတွက် ပိုမိုထိရောက်တဲ့ Support ပေးနိုင်ဖို့
✨ မိမိကိုယ်တိုင်လည်း အတွေ့အကြုံအသစ်တွေ ရရှိနိုင်ဖို့
ဒီ Training လေးကို မလွတ်သင့်ပါဘူးနော်! ✨

မြန်မာ့လူ့အဖွဲ့အစည်းမှာ ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ "အားတင်းထား"၊ "စိတ်ကို မာမာထား"၊ "သန်မာပါ" စသဖြင့် ပြောဆိုအားပေ...
03/10/2025

မြန်မာ့လူ့အဖွဲ့အစည်းမှာ ခက်ခဲတဲ့ အခြေအနေတွေ ကြုံလာတဲ့အခါ "အားတင်းထား"၊ "စိတ်ကို မာမာထား"၊ "သန်မာပါ" စသဖြင့် ပြောဆိုအားပေးတတ်ကြပါတယ်။ ဒီစကားလုံးတွေဟာ ကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ပြောဆိုတာ ဖြစ်ပေမဲ့၊ တခါတလေမှာ ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာပြီး ကိုယ့်ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို ဖုံးကွယ်ထားဖို့ ဖိအားပေးသလို ဖြစ်စေတတ်ပါတယ်။ "အားနည်းတယ်" လို့ အထင်ခံရမှာကို စိုးရိမ်ပြီး နာကျင်မှုကို ကြိတ်မှိတ်ခံနေရသူတွေ မနည်းပါဘူး။

ဥပမာ - ကိုမျိုးက သူ့ရဲ့ စီးပွားရေးလုပ်ငန်းကြီး ရုတ်တရက် ပြိုလဲသွားတဲ့အခါ ပြင်းထန်တဲ့ စိတ်ဖိစီးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ သူ့ရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေက သူ့ကို "အားတင်းထားပါ၊ ပြန်ထူထောင်လို့ရတာပဲ"၊ "ယောက်ျားဆိုတာ ခံနိုင်ရည်ရှိရမယ်"၊ "စိတ်ဓာတ်မကျပါနဲ့" စသဖြင့် အားပေးကြပါတယ်။ ကိုမျိုးဟာ အပြင်ပန်းမှာ အမြဲတမ်း ပြုံးပြုံးရွှင်ရွှင်နဲ့ "အဆင်ပြေပါတယ်" လို့ ပြောဆိုနေပေမဲ့၊ ညဘက်ရောက်တိုင်း အိပ်မပျော်တာ၊ အနာဂတ်အတွက် စိုးရိမ်ပူပန်တာ၊ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ “အားမတင်းချင်တော့ဘူး” အားလုံးကိုလွှတ်ချပြီးနားလိုက်ချင်ပြီ။ သူရဲ့ နာကျင်မှုတွေ သူ့စိတ်ခံစားချက်တွေကို နားလည်ပေးနိုင်တဲ့သူဆီမှာ စိတ်ပူပန်စရာမလိုထုတ်ပြောပြီး ရင်ဖွင့်ချင်ပေမဲ့၊ "အားမတင်းနိုင်ဘူး" လို့ ထင်သွားမှာကို၊ "အားနည်းတယ်" လို့ အထင်ခံရမှာကို စိုးရိမ်တာကြောင့် တိတ်တိတ်လေးပဲ ခံစားနေရပါတယ်။ ရလဒ်အနေနဲ့ သူရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေက ပိုဆိုးလာပြီး၊ တဖြည်းဖြည်းနဲ့ စိတ်ဓာတ်ကျခြင်းဆီကို ဦးတည်လာပါတယ်။

"အားတင်းထားခြင်း" ဆိုတာ ခံစားချက်တွေကို ဖုံးကွယ်ထားတာ မဟုတ်ပါဘူး။ စစ်မှန်တဲ့ ခွန်အားဆိုတာ ကိုယ့်ရဲ့ ခံစားချက်တွေကို အသိအမှတ်ပြုခြင်း၊ နာကျင်မှုကို ရင်ဆိုင်ခြင်း၊ နဲ့ လိုအပ်ရင် အကူအညီတောင်းခံခြင်းပဲ ဖြစ်ပါတယ်။ ခံစားချက်တွေကို ဖုံးကွယ်ထားတာဟာ ရေရှည်မှာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး၊ ပြဿနာတွေကို ပိုပြီး နက်ရှိုင်းစေနိုင်ပါတယ်။
သင့်ရဲ့ ခံစားချက်တွေကို လေးစားပါ။ စိတ်တွေ မောပန်းနာကျင်နေရတယ် ဆိုရင် ရင်ဖွင့်ဖို့ မကြောက်ပါနဲ့။ "အားတင်းထား" ဆိုတဲ့ စကားလုံးရဲ့ နောက်ကွယ်က ဖိအားတွေကို ကျော်လွှားပြီး၊ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ဦးစားပေးပါ။ အကူအညီတောင်းခံခြင်းဟာ အားနည်းခြင်းမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတဲ့၊ ကိုယ့်ရဲ့ စစ်မှန်တဲ့ ခွန်အားကို ပြသတဲ့ လုပ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်။

ပတ်ဝန်းကျင်မှာ "အားတင်းထား" ဆိုတဲ့ ဖိအားကြောင့် ခံစားချက်တွေကို ဖုံးကွယ်နေရသူတွေ ရှိပါသလား။ သူတို့ရဲ့ စစ်မှန်တဲ့ ခံစားချက်တွေကို နားလည်ပေးနိုင်ပြီလား။

03/10/2025

ကျွန်မတို့ ရှင်သန်ရာ ဘဝလေးမှာ စိတ်ကျန်းမာရေး အတွက် ကိုယ်ချစ်ခင်ရတဲ့သူတွေနဲ့ ချိတ်ဆက်တယ် ဆိုတာ အရေးကြီးပါတယ်။✨

မိမိ တို့ချစ် ခင် ရတဲ့ သူတွေ ကနေတဆင့် "အဆင်ပြေရဲ့လား" ဆိုတဲ့ စကားလေးတစ်ခွန်းက မိမိတို့ ဘဝအတွက် အထောက်အပံ့လေး ဖြစ်လာနိုင်ပါတယ်ဆိုတာလေး ကို
Counselling Corner မှ Counsellor Hein Htet Lwin Oo ကနေ မျှဝေပေးထားပါတယ် ရှင်။





Address

No. 5/9, 1st Floor, Bogalay Zay Street (Lower Block), Botahtaung Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959784509916

Alerts

Be the first to know and let us send you an email when Counselling Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Counselling Corner:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram