27/02/2026
People Pleaser တိုင်းမှာရှိတဲ့ အကျင့် (၇) ခုနှင့် ဖြစ်တည်မှု ပျောက်ဆုံးခြင်း
People Pleasing ဆိုတာ စိတ်ထားကောင်းတာ သက်သက်မဟုတ်ဘဲ သူတစ်ပါးရဲ့ အသိအမှတ်ပြုမှုကို ရမှသာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိတယ်လို့ ခံစားရတဲ့ စိတ်ပိုင်းဆိုင်ရာ အမူအကျင့် ဖြစ်ပါတယ်။ ဒီအနေအထားကို အခွင့်ကောင်းယူပြီး အမြတ်ထုတ်တာမျိုးခံရတတ်သလို… သူများအတွက် အသက်ရှင်နေသလိုဖြစ်တာကြောင့်… လူတိုင်းကို အလိုလိုက်ပေးတာကလဲ ကျန်းမာချမ်းသာသုခကို ထိခိုက်နိုင်တဲ့ အကျင့်ပဲဖြစ်ပါတယ်။ People Pleasing အကျင့်က ငယ်စဉ်ဘဝ ပြုစုပျိုးထောင်သူတွေနဲ့ဆက်ဆံရေးကနေ ဖြစ်လာတာဖြစ်နိုင်သလို… ပတ်ဝန်းကျင်ရဲ့ ဖိအားပေးမှုတွေကနေလဲဖြစ်လာနိုင်ပါတယ်။
💔💔💔People Pleaser တိုင်းမှာတွေ့ရတဲ့ အကျင့် (၇) ခု
၁။ အငြင်းရခက်ခြင်း− တစ်ဖက်လူ စိတ်ပျက်မှာကြောက်လို့ ကိုယ့်မှာ အချိန်မရှိရင်တောင် "No" လို့ မပြောနိုင်တာ။
၂။ အမြဲတောင်းပန်ခြင်း− ကိုယ့်အမှားမဟုတ်တာတောင် အခြေအနေကို ထိန်းညှိဖို့ "ဆောရီး" လို့ အရင်ပြောတတ်တာ။
၃။ ခံစားချက်ဖုံးကွယ်ခြင်း− ပဋိပက္ခဖြစ်မှာစိုးလို့ ကိုယ့်ရဲ့တကယ့်ဆန္ဒကို ဖိနှိပ်ထားတာ။
၄။ Validation လိုလားခြင်း− သူများတွေက ကိုယ့်ကို "လူကောင်း" လို့ မြင်ဖို့ကိုပဲ အမြဲအားထုတ်နေတာ။
၅။ အလိုက်သင့်နေလွန်းခြင်း− ကိုယ်ပိုင်ဆုံးဖြတ်ချက်ထက် သူများအကြိုက်ကိုပဲ လိုက်လုပ်တာ။
၆။ Boundary မရှိခြင်း− သူများတွေက ကိုယ့်အချိန်နဲ့ လုပ်ပိုင်ခွင့်ကို ကျူးကျော်လာရင်တောင် မတားဆီးတာ။
၇။ တာဝန်ယူလွန်းခြင်း− သူတစ်ပါးရဲ့ စိတ်မချမ်းသာမှုကို ကိုယ့်အမှားလို ခံစားရတာ။
💔ဒီလို အမြဲလုပ်နေရတဲ့အခါ မိမိရဲ့ Sense of Identity (ငါဘယ်သူလဲဆိုတဲ့ သိစိတ်) ဟာ တဖြည်းဖြည်း ပျောက်ဆုံးလာပြီး စိတ်ခံစားချက်တွေ ခြေကုန်လက်ပမ်းကျတာမျိုး ဖြစ်လာတတ်ပါတယ်။ "No" လို့ ပြောခြင်းဟာ တစ်ကိုယ်ကောင်းဆန်တာ မဟုတ်ဘဲ ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို ကာကွယ်တဲ့ သတ္တိရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ကြောင်း နားလည်ထားဖို့ လိုအပ်ပါတယ်။
⚡👍အရမ်းကို ခက်ခဲရှုပ်ထွေးနေတာမို့ အကူအညီလိုအပ်တယ်ဆိုရင်လဲ တောင်းဆိုဖို့ အားမနာပါနဲ့။ မရှက်ပါနဲ့။ တိုင်ပင်ပါ။ ဆွေးနွေးပါ။ ရုတ်တရက်ချက်ချင်းမလုပ်နိုင်သေးလဲ တဖြည်းဖြည်း သေးကွေးတဲ့ကိစ္စလေးတွေကနေ မိမိကိုယ်ကိုယ် ပြန်လည်ထိန်းကျောင်းသင်ကြားပေးရင်း ကျန်းမာချမ်းသာသုခကို ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။
👉လူကြီးမင်းရော… ဒီအချက်တွေထဲက ဘယ်နှချက်နဲ့ကိုက်ညီနေပြီလဲ? အားနာလို့ လူတွေငြိုငြင်မှာစိုးလို့ မိမိကိုယ်ကိုယ် အနစ်နာခံပြီး လိုက်လုပ်ပေးနေမိပြီလား?