Foreign Medical Service

Foreign Medical Service ထိုင်း၊ မလေးရှား နှင့် အိန္ဒိယ သို့သွား၍ ဆေးစစ်ဆေးကုရာတွင် အပိုကုန်ကျစရိတ်သက်သာအောင် အခမဲ့ အကြံ‌ပေးကူညီနေပါတယ်။

2025 အတွက် ဆေးပညာနိုဗယ်ဆုက ခုခေတ်စားနေတဲ့ရောဂါတွေကိုကုဖို့ တွေ့ရှိချက်တွေCopy credit DVB News: သူတို့ရဲ့ တွေ့ရှိမှုက ကို...
07/10/2025

2025 အတွက် ဆေးပညာနိုဗယ်ဆုက ခုခေတ်စားနေတဲ့ရောဂါတွေကိုကုဖို့ တွေ့ရှိချက်တွေ

Copy credit DVB News:
သူတို့ရဲ့ တွေ့ရှိမှုက ကိုယ့်ခုခံအားစနစ်က ကိုယ့်ကိုပြန်တိုက်တဲ့ Autoimmune ရောဂါတွေနဲ့ ကင်ဆာရောဂါတွေအတွက် ကုထုံးအသစ်တွေ ဖော်ထုတ်နိုင်ဖို့ လမ်းဖွင့်ပေးခဲ့ပါတယ်။

အပြည့်အစုံကို ကွန်းမန့်မှာ ဖတ်ရှုနိုင်ပါတယ်။

#ဆေးပညာနိုဘယ်လ်ဆု #ခုခံအားစနစ် #ဇီဝကမ္မဗေဒ

Myathida physiotherapy and rehab clinic က international အဆင့်မီအောင်ကြိုးစားထားတာပါ။
05/10/2025

Myathida physiotherapy and rehab clinic က international အဆင့်မီအောင်ကြိုးစားထားတာပါ။

အသည်းကင်ဆာ ပျောက်အောင်ကုလို့ရနေပြီတဲ့ထိုင်း စင်ကာပူ အိန္ဒိယနိုင်ငံတွေမှာ သွားကုချင်ရင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။FMS 0979...
27/09/2025

အသည်းကင်ဆာ ပျောက်အောင်ကုလို့ရနေပြီတဲ့

ထိုင်း စင်ကာပူ အိန္ဒိယနိုင်ငံတွေမှာ သွားကုချင်ရင် ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
FMS 09797239673

မြန်မာပြည်ကနေ လျောက်လည်း မလေးရှားဗီဇာက လွယ်ပါတယ်။
25/09/2025

မြန်မာပြည်ကနေ လျောက်လည်း မလေးရှားဗီဇာက လွယ်ပါတယ်။

Confirmed: မြန်မာတွေအနေနဲ့ မလေးရှားဗီဇာ လျှောက်စရာမလိုတော့ ဘဲ Visa ကင်းလွှတ်ခွင့် ၁၄ ရက်နဲ့ October 1 ရက်ကစပြီး သွားလည်လို့ရပါပြီ။

25/09/2025

ပိုစ့်အောက်က မန့်တွေ

လုပ်ရလွယ်ပြီး ထိရောက်တယ် အကျိုးရှိတယ်
25/09/2025

လုပ်ရလွယ်ပြီး ထိရောက်တယ် အကျိုးရှိတယ်

အမျိုးသား၊ အမျိုးသမီး အားလုံးအတွက် အကျိုးကျေးဇူးများတဲ့ 𝐊𝐞𝐠𝐞𝐥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬

ဒီနေ့မှာတော့ 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 က အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ အကျိုးကျေးဇူးအများကြီးရှိတဲ့ Kegel Exercises အကြောင်း မျှဝေပေးချင်ပါတယ်။

𝐊𝐞𝐠𝐞𝐥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬 ဆိုတာ ဘာလဲ ❓
𝐊𝐞𝐠𝐞𝐥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬 ဆိုတာ တင်ပဆုံရိုးအောက်ခြေမှာရှိတဲ့ ကြွက်သားအလွှာ (𝐏𝐞𝐥𝐯𝐢𝐜 𝐅𝐥𝐨𝐨𝐫 𝐌𝐮𝐬𝐜𝐥𝐞) ကို သန်မာစေဖို့ လေ့ကျင့်ပေးတာဖြစ်ပါတယ်။ ဒီကြွက်သားအလွှာဟာ ဆီးခုံရိုးကနေ မြီးညှောင့်ရိုးအထိ ဆက်သွယ်ထားပြီး ဆီးအိမ်၊ သားအိမ်၊ အူသိမ်အူမ စတာတွေကို ပုခက်လို ထောက်ပံ့ပေးထားတဲ့ အရေးကြီးတဲ့ ကြွက်သားဖြစ်ပါတယ်။

𝐏𝐞𝐥𝐯𝐢𝐜 𝐅𝐥𝐨𝐨𝐫 𝐌𝐮𝐬𝐜𝐥𝐞 အားနည်းရင် ဘာတွေဖြစ်နိုင်လဲ ❓
💢 ဆီး/ဝမ်း မထိန်းနိုင်ခြင်း
💢 သားအိမ်ကျခြင်း
💢 တင်ပဆုံရိုး နာကျင်ခြင်း
💢 လိင်ဆက်ဆံစဉ် မသက်မသာဖြစ်ခြင်း
💢 ခါးအောက်ပိုင်း နာကျင်ခြင်း တို့ဖြစ်နိုင်ပါတယ်။

ဘယ်သူတွေ 𝐊𝐞𝐠𝐞𝐥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬 လုပ်သင့်လဲ ❓
✅ ဆီး/ဝမ်း မထိန်းနိုင်တဲ့ သက်ကြီးရွယ်အိုများ
✅ ကလေးမွေးထားတဲ့ မိခင်များ
✅ ကိုယ်ဝန်ဆောင်သည်များ
✅ သားအိမ်၊ ဆီးအိမ် ခွဲစိတ်ထားသူများ
✅ အဝလွန်သူများ
✅ အိမ်ထောင်ရှင်အမျိုးသား၊ အမျိုးသမီးများ အာလုံးလုပ်သင့်ပါတယ်။

💡 𝐏𝐞𝐥𝐯𝐢𝐜 𝐅𝐥𝐨𝐨𝐫 𝐌𝐮𝐬𝐜𝐥𝐞 အားရှိမရှိ စစ်ဆေးနိုင်တဲ့အလွယ်ကူဆုံးနည်းလမ်းကတော့ ဆီးသွားနေစဉ်မှာ ဆီးကိုခဏရပ်ကြည့်ပါ။ ဆီးရပ်အောင်ထိန်းနိုင်ရင် ကြွက်သားအားရှိပြီး၊ မထိန်းနိုင်ရင်တော့ 𝐊𝐞𝐠𝐞𝐥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬 လုပ်ဖို့လိုအပ်နေပါပြီ။

🍀 လိုအပ်နေသူများအတွက်တော့ လွယ်ကူတဲ့ 𝐊𝐞𝐠𝐞𝐥 𝐄𝐱𝐞𝐫𝐜𝐢𝐬𝐞𝐬 လေးတွေ လုပ်ကြည့်ရအောင်နော်။

1️⃣ထိုင်ပြီး လေ့ကျင့်နည်း
ထိုင်နေစဉ်မှာ စအိုကြွက်သားနဲ့ ဆီးလမ်းကြောင်းကြွက်သားကို တပြိုင်နက်တည်း ကျုံ့လိုက်ပါ။ ၅ စက္ကန့်လောက် ထိန်းထားပြီး ပြန်ဖြေလျှော့ပါ။ တစ်ခါလုပ်ရင် ၁၀ ကြိမ်၊ တစ်နေ့ကို ၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။

2️⃣ ပက်လက်လှဲပြီး လေ့ကျင့်နည်း
ပက်လက်လှဲပြီး ဒူးနှစ်ဖက်ကို ထောင်ပါ။ လက်နှစ်ဖက်ကို ဘေးမှာ မှောက်ထားပြီး ပုံမှန် အသက်ရှူပါ။ ထို့နောက် တင်ပါးကို ကြွပြီး စအိုနဲ့ ဆီးလမ်းကြောင်းကြွက်သားကို ကျုံ့ပါ။ ၅ စက္ကန့် ထိန်းထားပြီး ပြန်ဖြေလျှော့ပါ။ တင်ပါးကိုလည်း ပြန်ချပါ။ တစ်ခါလုပ် ၁၀ ကြိမ်၊ တစ်နေ့ ၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။

3️⃣ ခေါင်းအုံးနဲ့ လေ့ကျင့်နည်း
ပက်လက်လှဲပြီး ဒူးနှစ်ဖက်ကို ထောင်ထားပါ။ ဒူးနှစ်ဖက်ကြားမှာ ခေါင်းအုံးခံပြီး ခေါင်းအုံးကို ညှစ်ပေးပါ။ ၅ စက္ကန့်လောက် ညှစ်ပြီး ပြန်ဖြေလျှော့ပါ။ တစ်ခါလုပ် ၁၀ ကြိမ်၊ တစ်နေ့ ၂ ကြိမ် ပြုလုပ်နိုင်ပါတယ်။

ဒီလေ့ကျင့်ခန်းတွေဟာ Pelvic Floor Muscle ကို သန်မာစေပြီး ကျန်းမာပျော်ရွှင်တဲ့ဘဝကို ပိုင်ဆိုင်နိုင်စေဖို့ ကူညီပေးပါလိမ့်မယ်။

အားလုံးပဲ ပျော်ရွှင်ကျန်းမာတဲ့ဘဝကို ရရှိပိုင်ဆိုင်ကြပါစေရှင်။ 💖

𝑴𝒚𝒂𝒕𝒉𝒊𝒅𝒂 𝒑𝒉𝒚𝒔𝒊𝒐𝒕𝒉𝒆𝒓𝒂𝒑𝒚 𝒂𝒏𝒅 𝒓𝒆𝒉𝒂𝒃 𝒄𝒍𝒊𝒏𝒊𝒄
📞 01-3500555 09-409556363, 09-944556363 ( Viber , Telegram )
🏡 1A/30 , မြသီတာအိမ်ယာ၊ ဥဇ္ဇနာလမ်း၊ မေတ္တာလမ်းနှင့် ရတနာလမ်းကြား၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။




11/09/2025

“ခြေဖနောင့်အတက်ထွက်တယ်” 🦶 ဆိုတာကို အရပ်ထဲမှာကြားဖူးနေကျဖြစ်ပါလိမ့်မယ်နော်။ ဒါကဘာကြောင့်ဖြစ်တာလဲ၊ ဘယ်လိုအခြေအနေမှာအဖြစ်များသလဲဆိုတာနဲ့ ပျောက်ကင်းအောင်ကုသနိုင်မလားဆိုတာကို ဒီနေ့မှာ ရှင်းပြပေးချင်ပါတယ်ရှင်။

ခြေဖနောင့်အတက်ထွက်ခြင်းကို ဆေးပညာအရ Calcaneal Spur (သို့မဟုတ်) Heel Spur လို့ခေါ်ပါတယ်။ ဒီရောဂါကိုခံစားရတဲ့အခါ ခြေဖနောင့်နာကျင်ရောင်ရမ်းပါတယ်။ နာကျင်ရောင်ရမ်းတဲ့အကြောင်းကတော့ ခြေဖနောင့်မှာရှိတဲ့ Calcaneal bone မှာ Calcium တွေစုပုံပြီး အရိုးအတက်ထွက်လာရာကတဆင့် အဲဒိ့အရိုးအတက်က ခြေဖဝါးပြင်ပေါ်မှာရှိတဲ့ အရွတ်ပြားကိုဖိမိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

💠 ဒီရောဂါကဘယ်လိုလူတွေများအဖြစ်များတတ်သလဲဆိုရင်
- အသက် ၄၀ မှ ၆၀ ကြားအရွယ်တွေ
ခြေထောက်ကို အသုံးများသူတွေနဲ့ မတ်တပ်ကြာကြာရပ်ရတဲ့အလုပ်ကိုလုပ်ကိုင်ရသူတွေ
- အဝလွန်သူတွေ
- ဒေါက်ဖိနပ်အမြဲတမ်းစီးတတ်သူတွေ
- ပြေးခြင်း၊ ခုန်ခြင်းစတာတွေကို ထပ်ခါတလဲလဲပြုလုပ်ရတဲ့ အားကစားသမားတွေ
စတဲ့လူတွေမှာ အဖြစ်များတတ်ပါတယ်။

💥 ဖြစ်လာရင်ခံစားရတဲ့ဝေဒနာတွေကတော့
- ခြေဖနောင့်မှာ စူးပြီးနာကျင်ခြင်း
- မနက်မိုးလင်းအိပ်ရာထတဲ့အခါ နာကျင်မှုပိုဆိုးရွားခြင်း
- ကြာကြာနားပြီးမှ လမ်းပြန်လျှောက်တဲ့အခါ နာကျင်ခြင်း
- ပြေးတာ၊ လမ်းလျှောက်များတာနဲ့ အလေးအပင်မတာတွေကို ပြုလုပ်တဲ့အခါ နာကျင်မှုကို ဆိုးဆိုးရွားရွားခံစားရခြင်းတို့ ဖြစ်ပါတယ်။

✅ နာကျင်မှုသက်သာစေမယ့် နည်းလမ်းတွေတော့ ရှိပါတယ်။ ဒါတွေကတော့
- ခြေထောက်ကို အနားပေးပါ။
- ရေခဲကပ်ပါ။ ရေခဲကပ်တာက နာကျင်ရောင်ရမ်းခြင်းတွေကို သက်သာစေပါတယ်။ ရေခဲပုလင်းကိုလည်း ခြေဖဝါးအောက်မှာထားပြီး လှိမ့်ပေးနိုင်ပါတယ်။
- ခြေချောင်း၊ ခြေဖဝါး၊ ခြေသလုံးတို့နဲ့သက်ဆိုင်တဲ့ အကြောလျှော့လေ့ကျင့်ခန်းတွေကိုပြုလုပ်ပေးပါ။ အကြောလျော့သွားတဲ့အခါ နာကျင်မှုကိုပါ သက်သာစေပါတယ်။
- ခြေဖနောင့်ကိုထိန်းထားနိုင်တဲ့ ဖနောင့်ထိန်းအစွပ်တွေ၊ Heel pad လို့ခေါ်တဲ့ ခြေဖနောင့်မှာကပ်ပြီးအသုံးပြုရတဲ့ ဆီလီကွန်ပြားတွေအပြင်၊ ဆွဲဆန့်နိုင်တဲ့တိတ် - tapping တွေကိုကပ်ပေးတာ၊ အသုံးပြုပေးတာတွေကလည်း နာကျင်မှုကို သက်သာစေပြီး လှုပ်ရှားသွားလာရတာတွေကို လွယ်ကူစေပါတယ်။

❌ ခြေဖနောင့်အတက်ထွက်တဲ့အခါ ရှောင်ကြည်ပြီး မပြုလုပ်ရမယ့်အရာတွေကတော့
- ဒေါက်ဖိနပ်စီးခြင်း၊ ခြေဗလာနဲ့လမ်းလျောက်ခြင်းတို့ကို ရှောင်ပါ။
- တပြေးတည်း ဖိနပ်အပါးကိုလည်းမရွေးချယ်သင့်ပါဘူး။ ဖနောင့်ဖိအားကိုသက်သာဖို့အတွက် တပြေးတည်းဖိနပ်အထူကိုမှ အောက်ခံကူရှင်သားအိတဲ့ ဖိနပ်မျိုးကို ရွေးချယ်စီးပေးပါ။
အဝမလွန်ပါစေနဲ့။ ကိုယ်အလေးချိန်များတာက ဖနောင့်ကိုဖိအားများစေတဲ့အတွက်ဖြစ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ ဆောင်ရန်၊ ‌ရှောင်ရန်တွေကို အတိအကျလိုက်နာပြီးနေထိုင်ပေမယ့် ခဏတဖြုတ်ပဲ သက်သာပြီး နာကျင်မှုဝေဒနာကို ဆက်လက်ခံစားနေရပြီဆိုရင်တော့ အမြန်ဆုံးသက်သာပျောက်ကင်းဖို့ အရိုး၊ အကြော၊ အဆစ်နဲ့ဆိုင်တဲ့ ဆေးခန်းတွေမှာ သေချာကုသမှုခံယူသင့်ပါတယ်။ 𝐌𝐲𝐚𝐭𝐡𝐢𝐝𝐚 𝐩𝐡𝐲𝐬𝐢𝐨𝐭𝐡𝐞𝐫𝐚𝐩𝐲 𝐚𝐧𝐝 𝐫𝐞𝐡𝐚𝐛 𝐜𝐥𝐢𝐧𝐢𝐜 က လူကြီးမင်းခံစားနေရတဲ့ ခြေဖနောင့်အတက်ထွက်တဲ့ရောဂါအပြင် ဘယ်လိုအကြောင်းအရင်းနဲ့ပဲဖြစ်ဖြစ် ခြေဖနောင့်နာကျင်တဲ့ပြဿနာတွေကို နားလည်တတ်ကျွမ်းတဲ့ဆရာဝန်တွေ၊ Physiotherapist တွေ၊ ခေတ်မီစက်ကိရိယာတွေနဲ့အတူကုသပေးနေတာကြောင့် လာရောက်ဆွေးနွေး တိုင်ပင်ဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ ✨





#ခြေဖနောင့်အတက်ထွက်ခြင်း

ဆီးချိုကို အမြစ်မပြတ်ဘူး၊ chronic disease လို့ပြောရင် မကြိုက်တဲ့သူတွေကလည်းရှိ။ မူရင်းပို့စ်အောက်မှာ မန့်တွေကြည့်ပါ။ဆရာ မ...
19/08/2025

ဆီးချိုကို အမြစ်မပြတ်ဘူး၊ chronic disease လို့ပြောရင် မကြိုက်တဲ့သူတွေကလည်းရှိ။ မူရင်းပို့စ်အောက်မှာ မန့်တွေကြည့်ပါ။

ဆရာ မင်းထက်ဇော်ရဲ့စကားနဲ့ သူ့ရဲ့ Dr Min Lifestyle page ကို ပြန်ရှဲပေးလိုက်ပါတယ်။
👉 ကျနော်ကိုယ်တိုင်လည်း Lifestyle နည်းလမ်းတွေနဲ့ ဆေးလျော့လို့ရအောင်ကုပေးနေပါတယ်။ ဒါပေမယ့် အချို့က (ဆရာဝန်/ ဆေးပညာရှင်မဟုတ်သူတွေက) အလွန်အကျွံဖြစ်ကုန်တယ်။ ဆေးဝါးနဲ့ကုတဲ့ဆရာဝန်တွေကို ပုတ်ခတ်ပြီး ဆေးမပါဘဲ ဆီးချိုအမြစ်ပြတ်မယ်ပြောသူရှိလာလို့ ပြန်ထိန်းရပြန်တယ်။
ဆေးဝါးနဲ့ နေထိုင်စားသောက် လှုပ်ရှားလေ့ကျင့်မှု Lifestyle ကုထုံးတွေတွဲဖို့အားပေးပါတယ်။

ဆီးချိုထိန်းနိုင်လာတိုင်း ရောဂါသက်သာလာတာ မဟုတ်ပါဘူး။
အချို့ဆီးချိုအမြစ်ပြတ်တယ် စွတ်ရွတ်ပြောနေကြလို့။

သတိထားနိုင်ဖို့
#ဆီးချိုသွေးချိုလူနာတွေမှာ #ကျောက်ကပ်ရောဂါနဲ့ သွေးချိုဓာတ်အပြောင်းအလဲ အ‌ကြောင်းကို ရှင်းပြပေးပါမယ်။

ဆီးချိုသွေးချိုရောဂါရှိသူတွေဟာ အကြောင်းကြောင်းကြောင့် ကျောက်ကပ်ရောဂါရလာပြီးနောက်မှာ သွေးတွင်းသကြားဓာတ် (သွေးချိုဓာတ်) ကျဆင်းနိုင်ခြေရှိပါတယ်။ ဒါဟာ ကျောက်ကပ်ပျက်စီးမှုရဲ့ နောက်ဆက်တွဲ ပြဿနာတစ်ခု ဖြစ်နိုင်ပါတယ်။

ကျောက်ကပ်ရောဂါ တိုးလာသည်နှင့်အမျှ သွေးတွင်းသကြားဓာတ် ထိန်းချုပ်မှု ပိုမိုကောင်းမွန်လာပုံရသည့် အခြေအနေလည်းရှိပါသည်။ သို့သော် ယင်းသည် ကျောက်ကပ်လုပ်ငန်းဆောင်တာ ဆုံးရှုံးခြင်းကြောင့်ဖြစ်ရတာမို့ဆီးချိုရောဂါနှင့် ၎င်း၏ နောက်ဆက်တွဲပြဿနာများကို ဖုံးကွယ်ထားနိုင်သည်။ အသိရခက် ကုသမှုခက်သွားမည်။

#ကျောက်ကပ်နဲ့သွေးချိုဓာတ်

ပုံမှန်အားဖြင့် ကျောက်ကပ်ဟာ ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ #အင်ဆူလင် (insulin) နဲ့ #ဆီးချိုထိန်းဆေးတွေကို စွန့်ထုတ်ပေးပါတယ်။ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ကျဆင်းလာတဲ့အခါ အဲဒီဆေးတွေဟာ ခန္ဓာကိုယ်ထဲမှာ ပိုကြာကြာ ရှိနေပြီး သွေးတွင်းသကြားဓာတ်ကို ပိုကျစေနိုင်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ဟာ ဂလူးကို့စ် (glucose) ကို ထုတ်လုပ်ရာမှာလည်း အကူအညီပေးပါတယ်။ ကျောက်ကပ်ပျက်စီးလာတဲ့အခါ ဒီလုပ်ငန်းစဉ်ကလည်း ထိခိုက်နိုင်ပြီး သွေးတွင်းသကြားဓာတ် ကျဆင်းစေနိုင်ပါတယ်။

#နာတာရှည်ကျောက်ကပ်ရောဂါ (CKD) နောက်ပိုင်းလူနာတွေ အစာစားချင်စိတ်ကျဆင်း၊ ဝမ်းပျက်၊ မအီမသာ ဖြစ်တာများလို့ အစားလည်းနည်းသွားတတ်ပါတယ်။ အဲဒီဖြစ်စဉ်ကြောင့်လည်း အချိုဓါတ်ကျဆင်းပါတယ်။

ဒါကြောင့် ကျောက်ကပ်လူနာများအနေနဲ့ #သွေးချိုဓာတ်ကျခြင်းရဲ့လက္ခဏာများကို သိထားရပါမယ်။
Dr Min Lifestyle Clinic မှာ Lifestyle ကုထုံးတွေကြောင့် ဆီးချိုထိန်းနိုင်လာပြီး ဆီးချိုဆေးလျော့ရတာအများကြီးပါ။ ဒါပေမယ့် ခုလိုကျောက်ကပ်ထိလို့ ဆေးလျော့ရတာမျိုး မဖြစ်ရအောင်ကုသရပါတယ်။ ကျောက်ကပ်ရောဂါလို ဆီးချိုနောက်ဆက်တွဲရောဂါတွေတားဆီးနိုင်ဖို့ အချို့ဆေးတွေထပ်ထည့်ရတာရှိနိုက်ပါတယ်။
သွေးချိုဓာတ်ကျဆင်းတဲ့အခါ အောက်ပါလက္ခဏာတွေ ခံစားရနိုင်ပါတယ်။
ချွေးထွက်ခြင်း
မူးဝေခြင်း
တုန်တက်ခြင်း
ရင်တုန်ခြင်း
ခေါင်းကိုက်ခြင်း
အားနည်းခြင်း
ဆာလောင်ခြင်း
စိတ်ရှုပ်ထွေးခြင်း
သတိလစ်ခြင်း

ဆီးချိုသွေးချိုရောဂါရှိပြီး ကျောက်ကပ်ရောဂါပါရှိသူတွေအနေနဲ့ သွေးချိုဓာတ်ကျခြင်းကို သတိပြုသင့်ပါတယ်။ ပုံမှန်သွေးချိုဓာတ် စစ်ဆေးခြင်းနဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသပြီး လိုအပ်တဲ့ စောင့်ရှောက်မှုတွေ ခံယူဖို့ အရေးကြီးပါတယ်။
Dr Min Lifestyle Clinic


 #သွေးကင်ဆာ (Leukemia) နှင့်  #သွေးရောဂါများအတွက် ကုထုံးသစ်**Stem Cell Therapy (ဆဲလ်အရင်းအမြစ်ကုထုံး)** သည် နည်းပညာတိုးတ...
14/08/2025

#သွေးကင်ဆာ (Leukemia) နှင့် #သွေးရောဂါများအတွက် ကုထုံးသစ်

**Stem Cell Therapy (ဆဲလ်အရင်းအမြစ်ကုထုံး)** သည် နည်းပညာတိုးတက်မှုနှင့်အတူ အာနိသင်ရှိစွာ အသုံးပြုနိုင်သည့် ကုသမှုနည်းလမ်းတစ်ခုဖြစ်ပြီး၊ **သုတေသနအထောက်အထားများ** အရ အောက်ပါရောဂါများတွင် အထူးထိရောက်မှုရှိကြောင်း သက်သေပြထားပါသည်။

---

# # # **အထိရောက်ဆုံး ဥပမာ: "သွေးကင်ဆာ (Leukemia) နှင့် သွေးရောဂါများ"**
# # # # **ကုထုံး: Hematopoietic Stem Cell Transplantation (HSCT)**
- **အခြေခံသဘောတရား**:
ရိုးတွင်းခြင်ဆီ (bone marrow) သို့မဟုတ် သွေးခဲပြန်ရည် (peripheral blood) မှ ရရှိသော **သွေးဆဲလ်အရင်းအမြစ် (hematopoietic stem cells)** များကို အသုံးပြု၍ ပျက်စီးနေသော သွေးဆဲလ်များကို အစားထိုးကုသခြင်း။

- **သုတေသနအထောက်အထား**:
- **လေ့လာမှုများ**အရ HSCT သည် **အသက်ရှင်နှုန်း (survival rate)** ကို သိသိသာသာ မြင့်တက်စေသည်။ ဥပမာ:
- **Acute Myeloid Leukemia (AML)** တွင် HSCT ပြုလုပ်သူများ၏ ၅-နှစ်အသက်ရှင်နှုန်းမှာ **40-60%** (အခြားကုထုံးများထက် ၂ ဆပိုမို)။
- **Chronic Myeloid Leukemia (CML)** တွင် **ကင်ဆာပြန်ဖြစ်နှုန်း**ကို ၁၀% အောက်သို့ လျှော့ချနိုင်။
- **New England Journal of Medicine (2018)** တွင် ဖော်ပြချက်အရ၊ HSCT သည် **သွေးကင်ဆာနှင့် မွေးရာပါသွေးရောဂါများ** (ဥပမာ: Thalassemia, Sickle Cell Anemia) တို့အတွက် **အခြေခံကျသည့် ကုသနည်း**ဖြစ်သည်။

- **ဘာကြောင့် အထိရောက်ဆုံးလဲ?**
- ရောဂါဖြစ်နေသော သွေးဆဲလ်များကို **အစားထိုး**နိုင်ခြင်း။
- **Graft-versus-Leukemia (GVL) Effect**: အသစ်ထည့်သွင်းသော ဆဲလ်များက ကင်ဆာဆဲလ်များကို တိုက်ခိုက်နိုင်စွမ်းရှိခြင်း။

---

# # # **အခြား ထိရောက်သော ရောဂါများ** (သုတေသနအထောက်အထားဖြင့်)
1. **အာရုံကြောပျက်စီးမှုများ**
- **ခါးရိုးဆစ်ဒဏ်ရာ (Spinal Cord Injury)**: **Phase 3 လက်တွေ့စမ်းသပ်မှု** (2021) တွင် Mesenchymal Stem Cells (MSCs) ဖြင့် လှုပ်ရှားနိုင်မှု ၃၀% တိုးတက်စေ။

2. **နှလုံးရောဂါ**
- **Myocardial Infarction** (နှလုံးသွေးကြောပိတ်): **Circulation Research (2020)** အရ၊ stem cells က ပျက်စီးသောနှလုံးကြွက်သားကို **regenerate** လုပ်နိုင်။

3. **အရိုးနှင့်အဆစ်ရောဂါများ**
- **Osteoarthritis**: **Nature Reviews Rheumatology (2019)** တွင် MSCs က အဆစ်နာကို လျော့ပါးစေကြောင်း ဖော်ပြ။

---

# # # **အကန့်အသတ်များ**
- **ဘေးထွက်ဆိုးကျိုး**: Graft-versus-Host Disease (GVHD), ကူးစက်ရောဂါဖြစ်နိုင်ခြေ။
- **ကုန်ကျစရိတ်မြင့်မားခြင်း**နှင့် **သင့်တော်သော လူနာအခြေအနေ** လိုအပ်ခြင်း။

---

# # # **နိဂုံး**
HSCT သည် **သွေးကင်ဆာနှင့် သွေးရောဂါများ**အတွက် အထောက်အထားအပြည့်ဆုံးနှင့် အထိရောက်ဆုံး stem cell therapy ဖြစ်ပြီး၊ အခြားရောဂါများအတွက်လည်း သုတေသနများ ဆက်လက်ပြုလုပ်လျက်ရှိပါသည်။




မနက်စော အမြဲစက်ဘီးနင်းတဲ့လူနာလည်း တနေ့ တနာရီခွဲ နှစ်ပေါက်အောင်နင်းရင်း ဆီးချို , သွေးတိုးကျ‌ ဆေးတွေလျော့ ပေးနေရပြီ။
02/07/2025

မနက်စော အမြဲစက်ဘီးနင်းတဲ့လူနာလည်း တနေ့ တနာရီခွဲ နှစ်ပေါက်အောင်နင်းရင်း ဆီးချို , သွေးတိုးကျ‌ ဆေးတွေလျော့ ပေးနေရပြီ။

အလုပ်မရှိ အားနေရင် စိတ်လေတတ်တယ်။
ကိုယ်တွေက အားနေရင် အိမ်ထဲတင် အရှေ့အနောက် ခေါက်တုံ့ ခေါက်ပြန် လမ်းလျောက်လိုက်တာဘဲ။
ပင်ပန်းလာရင် သတိကပ်ပြီး ဖြေဖြေးလျောက်တယ် (mindful practice) ရတာပါ့။
မောလာရင် ရပ်/ထိုင်နားရင် အသက်ရှူလ့ကျင့်ခန်းလုပ်တယ်။

မနက်စော အမြဲစက်ဘီးနင်းတဲ့လူနာလည်း တနေ့ တနာရီခွဲ နှစ်ပေါက်အောင်နင်းရင်း ဆီးချို , သွေးတိုးကျ‌ ဆေးတွေ လျော့ ပေးနေရပြီ။ (အရင်က နိုင်ငံခြား ဆေးတွေ မတိုးတော့ဘူး တိုင်းရင်းဆေးပါ သောက်တယ် ဆိုတဲ့တယောက်ပါ့)။
နင်းစက နှစ်လမ်း သုံးလမ်း လောက်နင်းပြီးရင် လျာထွက် နေသတဲ့၊ အခုက မနက်စက်ဘီးစီးလိုက်မှ တနေကုန် နေလို့ ကောင်း စား ကောင်း အိပ်ကောင်းသတဲ့။
ကြုံဖူးလား?

 #ဒူးနာအဆစ်ရောင်ရောဂါ (Osteoarthritis) ရှိသူများသိထားရမည့်  #ကာကွယ်ကုသနည်းများ**  ပြီးခဲ့တဲ့စနေက ထိုင်းဆေးရုံ နာခွန်ထွန်...
10/06/2025

#ဒူးနာအဆစ်ရောင်ရောဂါ (Osteoarthritis) ရှိသူများသိထားရမည့် #ကာကွယ်ကုသနည်းများ**
ပြီးခဲ့တဲ့စနေက ထိုင်းဆေးရုံ နာခွန်ထွန်းရဲ့ဟောပြောဆွေးနွေးပွဲ သွားတက်ခဲ့ပါတယ်။
အရိုးအကြောဆရာဝန်ကြီးနှစ်ဦးက ကျန်းမာရေးအတွက် ရှင်းလင်းတင်ပြကြပါတယ်။
အဖြစ်များနေတဲ့ဒူးနာ အကြောင်းလည်းပါတယ်။ ဒါက အိုနာ အိုအေ (OA)ကြောင့်ဖြစ်ရတာပါ။
ခွဲတဲ့ အဆင့်ထိ မရောက်ရအောင် အောက်မှာ ပညာပေး ဆောင်းပါး လိုတိုရှင်းတင်ဆက်လိုက်ပါတယ်။

Osteoarthritis (OA) သည် အဆစ်များတွင် အရွတ်၊ အရိုးနုနှင့် အရိုးများ ပျက်စီးခြင်းကြောင့် နာကျင်ကိုက်ခဲမှုကို ဖြစ်စေသော နာတာရှည်ရောဂါတစ်ခုဖြစ်သည်။ အထူးသဖြင့် ဒူးဆစ်တွင် အဖြစ်များပြီး အသက်ကြီးသူများ၊ အဝလွန်သူများနှင့် အဆစ်ဒဏ်ဖြစ်ဖူးသူများတွင် ပိုမိုဖြစ်ပွားလေ့ရှိသည် ။

** #ရောဂါလက္ခဏာများ**
- ဒူးဆစ်နာခြင်း၊ အထူးသဖြင့် လှုပ်ရှားပါက ပိုဆိုးခြင်း။
- အဆစ်တောင့်တင်းခြင်း၊ လှုပ်ရှားရခက်ခြင်း။
- အဆစ်မှ အသံမြည်ခြင်း။
- နာကျင်မှုကြောင့် ပုံမှန်လှုပ်ရှားမှုများ မလုပ်နိုင်ခြင်း ။

* #ကာကွယ်ရန်နည်းလမ်းများ**
1. **ကိုယ်အလေးချိန်ထိန်းခြင်း**
- အဝလွန်ခြင်းသည် ဒူးဆစ်ကို ဖိအားပိုဖြစ်စေသောကြောင့် ကျန်းမာရေးနှင့်ညီညွတ်သော ကိုယ်အလေးချိန်ထိန်းပါ ။

2. **အားကစားနှင့် လေ့ကျင့်ခန်း**
- ဒူးကို ဖိအားမပေးသော လေ့ကျင့်ခန်းများ (ဥပမာ - ရေကူးခြင်း၊ စက်ဘီးစီးခြင်း) ပြုလုပ်ပါ။
- ဒူးနှင့် ပေါင်ကြွက်သားများကို သန်မာစေသော လေ့ကျင့်ခန်းများ (ဥပမာ - ခြေထောက်မြှောက်ခြင်း) လုပ်ဆောင်ပါ ။

3. **ထိခိုက်ဒဏ်ရာမှ ကာကွယ်ခြင်း**
- အားကစားလုပ်သည့်အခါ ဒူးကို အကာအကွယ်ပစ္စည်းများ အသုံးပြုပါ။
- အဆစ်ကို အလွန်အကျွံသုံးခြင်း (ဥပမာ - အကြာကြီးထိုင်ခြင်း၊ ဒူးထောက်ခြင်း) ကို ရှောင်ကြဉ်ပါ ။

---

#ကုသရန်နည်းလမ်းများ (ခွဲစိတ်မှုမလိုဘဲ)**
1. **ဆေးဝါးသုံးစွဲခြင်း**
- အကိုက်အခဲပျောက်ဆေးများ (ဥပမာ - Paracetamol, NSAIDs) ကို ဆရာဝန်ညွှန်ကြားချက်နှင့် သောက်သုံးနိုင်သည်။
- အဆစ်အတွင်း ထိုးဆေးများ (ဥပမာ - Steroid, Hyaluronic acid) ဖြင့် နာကျင်မှုကို သက်သာစေနိုင်သည် ။

2. **ရုပ်ပိုင်းဆိုင်ရာကုထုံးများ (Physiotherapy)**
- အဆစ်လှုပ်ရှားမှုကို ကောင်းမွန်စေရန် လေ့ကျင့်ခန်းများနှင့် အပူ/အေးကုထုံးများ အသုံးပြုနိုင်သည် ။

3. **ဘဝနေထိုင်မှုပုံစံပြောင်းလဲခြင်း**
- ဒူးကို ဖိအားလျော့ချရန် လမ်းလျှောက်သည့်အခါ တုတ်ကောက် (Cane) သုံးပါ။
- သက်တောင့်သက်သာရှိသော ဖိနပ်များနှင့် ဒူးအတွက် အထောက်အကူပြုပစ္စည်းများ (ဥပမာ - Knee brace) ကို အသုံးပြုပါ ။

4. **သဘာဝနည်းလမ်းများ**
- Omega-3 fatty acids (ငါးကြီးဆီ)၊ Glucosamine၊ Chondroitin စသော ဖြည့်စွက်စာများ စားသုံးခြင်းဖြင့် အရိုးနုပျက်စီးမှုကို နှေးကွေးစေနိုင်သည် ။

---

#ဘယ်အချိန်မှာခွဲစိတ်ကုသမှုလိုအပ်သလဲ?**
- အဆစ်ပျက်စီးမှု အလွန်ဆိုးရွားပြီး နာကျင်မှုကို ဆေးဝါးနှင့် အခြားကုထုံးများဖြင့် မထိန်းနိုင်တော့ပါက ခွဲစိတ်ကုသမှု (ဥပမာ - အဆစ်အစားထိုးကုသခြင်း) လိုအပ်နိုင်သည် ။

ဒူးနာခြင်းကို အချိန်မီကာကွယ်ကုသနိုင်ပါက ခွဲစိတ်ကုသမှုမလိုဘဲ နာတာရှည်နာကျင်မှုမှ ကင်းဝေးနိုင်ပါသည်။ ဆရာဝန်နှင့် မဖြစ်မနေတိုင်ပင်ပါ။

ထိုင်းမှာသွားကုချင်ရင် မသွားခင် Foreign Medical Service မှ အထူးဝန်ဆောင်မှုပေးနေပါတယ်။ မသွားခင် FMS မှ Dr Min Lifestyle နဲ့ လည်းအခမဲ့တိုင်ပင်နိုင်ပါတယ်။

Viber phone: 09797239686


Photo credits: Nakontoon international hospital

 #ကျောရိုးစောင်းခြင်း Scoliosis (ကျောရိုးစောင်းခြင်း) ကို ကုသမှုများသည် ခွဲစိတ်မှုမဟုတ်သော ကုသမှု သို့မဟုတ် ခွဲစိတ်မှုပြ...
05/06/2025

#ကျောရိုးစောင်းခြင်း
Scoliosis (ကျောရိုးစောင်းခြင်း) ကို ကုသမှုများသည် ခွဲစိတ်မှုမဟုတ်သော ကုသမှု သို့မဟုတ် ခွဲစိတ်မှုပြုလုပ်နိုင်ပြီး၊ လေ့ကျင့်ခန်းများ နှင့် ဆေးဝါးများ ပါဝင်ပါသည်။

#ခွဲစိတ်မှုမဟုတ်သောကုသမှုများတွင်

၁။ Braces - ကျောရိုးကို ဖိအားသက်ရောက်စေပြီး ကျောရိုးစောင်းခြင်း ကို ပိုဆိုးလာခြင်းမှ ကာကွယ်ရန် brace ကို ဝတ်ဆင်နိုင်သည်။

၂။ လေ့ကျင့်ခန်းများသည် ပင်မကြွက်သားများကို အားကောင်းစေပြီး ပျော့ပြောင်းမှုကို မြှင့်တင်ပေးနိုင်ပါသည်။ ယောဂ နှင့် Pilates ကုနည်းတို့သည်လည်း ခါးနာခြင်းကို သက်သာစေနိုင်သည်။

၃။ အကိုက်အခဲပျောက်ဆေးများ သို့မဟုတ် ရောင်ရမ်းမှုကို ဆန့်ကျင်သောဆေးများသည် နာကျင်မှုကို သက်သာစေနိုင်သည်။

၄။ အာဟာရ- အဆီများသောငါးများ၊ ပဲဆီစေ့များ၊ နနွင်း၊ ဂျင်းနှင့် လက်ဖက်စိမ်းလက်ဖက်ရည်ကဲ့သို့သော အစားအစာများသည် ရောင်ရမ်းမှုကို လျှော့ချပေးနိုင်သည်။

#ခွဲစိတ်ကုသမှုများ

ကျောရိုးစောင်းခြင်းသည် 40 ဒီဂရီထက်မကျော်ပါက လေ့ကျင့်ခန်းလုပ်ခြင်း၊ ကိုယ်ကာယကုထုံးဖြင့်ကုသခြင်း၊ ကျောရိုးထိန်းခါးပတ်ဝတ်ဆင်ခြင်း စသောနည်းလမ်းများသုံးနိုင်ပါသည်။
သို့သော် ကျောရိုးစောင်းခြင်းသည် 40-45 ဒီဂရီကျော်စောင်းနေပါက ခွဲစိတ်ရမည့်အခြေအနေဖြစ်ပါသည်။

ဘန်ကောက်က နာခွန်ထွန်ဆေးရုံကြီးမှာ ကုသခံယူလိုပါက အဆင်ပြေအာင်စီစဉ်ပေးနေ ပါတယ်။

ခွဲစိတ်မှုအား (TLIF) လို့ခေါ်တဲ့ကျောရိုးဆစ်များအားဆက်ခြင်းနည်းဖြင့် ခွဲစိတ်ကုသရမည်ဖြစ်သည်။ ထိုနည်းသည်ကျောရိုးလမ်းကြောင်းအားပုံမှန်ကျောရိုးလမ်းကြောင်းအတည့်အတိုင်းအကောင်းဆုံးဖြစ်အောင်ကုသပေးသည့်နည်းဖြစ်ပါသည်။ ရောဂါအခြအ‌နေပါ်မူတည်ပြီး အခြားသင့်တော်သည့် ခွဲစိတ်နည်းလမ်းများလည်း လုပ်နိုင်ပါသည်။

📞Viber: 09797239686 ကနေလည်းမေးမြန်းစုံစမ်းနိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက်ကောင်းများ လက်မလွတ်စေရန်အတွက် likeနဲ့ follow’ လုပ်ထားပါနော် 💞

Address

Baya Kyawthu Street, Next To Thitsar Road, South Okkalapa
Yangon

Telephone

+959797239673

Website

Alerts

Be the first to know and let us send you an email when Foreign Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Foreign Medical Service:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram