Foreign Medical Service

Foreign Medical Service ထိုင်း၊ မလေးရှား နှင့် အိန္ဒိယ သို့သွား၍ ဆေးစစ်ဆေးကုရာတွင် အပိုကုန်ကျစရိတ်သက်သာအောင် အခမဲ့ အကြံ‌ပေးကူညီနေပါတယ်။

📣 ဘတ် တစ်သောင်းလောက် သက်သာမယ့် ပရိုမိုးရှင်း👨‍⚕️ကင်ဆာ စစ်ဆေး ကာကွယ်ကြပါစို့⚕️ Bangkok က နာခွန်ထွန်ဆေးရုံကြီးမှာ ဝန်ဆောင်...
13/03/2026

📣 ဘတ် တစ်သောင်းလောက် သက်သာမယ့် ပရိုမိုးရှင်း

👨‍⚕️ကင်ဆာ စစ်ဆေး ကာကွယ်ကြပါစို့

⚕️ Bangkok က နာခွန်ထွန်ဆေးရုံကြီးမှာ ဝန်ဆောင်မှုအပြည့်နဲ့ စိတ်ချမ်းသာစွာစစ်ဆေးကုသဖို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်
📱09797239686

💞 Come as a Pair, Pay for 1 🎉☝️တယောက်စာဘဲပေး!📣  ဘန်ကောက်ကို အလည်သွားရင်းနဲ့ဖြစ်ဖြစ်၊ သီးသန့်ကျန်းမာရေး စစ်ဆေးချင်ရင်ဘဲဖြ...
02/03/2026

💞 Come as a Pair, Pay for 1 🎉
☝️တယောက်စာဘဲပေး!
📣 ဘန်ကောက်ကို အလည်သွားရင်းနဲ့ဖြစ်ဖြစ်၊ သီးသန့်ကျန်းမာရေး စစ်ဆေးချင်ရင်ဘဲဖြစ်ဖြစ် ဈေးနှုန်းအထူးသင့်တော်တဲ့ တစ်ယောက်ဆေးစစ်ရင် နောက်တစ်ယောက်စာ free ရမယ့် အရမ်းတန်တဲ့ Package တွေလာပါပြီနော်။

🏥 ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရှိတဲ့ Nakornthon Hospital ရဲ့ အထူးအစီအစဥ်တွေစတင်ပါပြီ။

➡️ Package 1
Package တွင်ပါဝင်သောဆေးစစ်ချက်များကို စစ်ဆေးပြီးပါက ဆေးစစ်ပြီးအဖြေများကို သားဖွားမီးယပ်အထူးကုနှင့် အထွေထွေ ရောဂါကုဆရာဝန်တို့မှ ပြန်လည်ရှင်းပြပေးပါမယ်။

➡️ Package 2
Package 1တွင်ပါသောအစီအစဥ်များအပြင် မိမိနှစ်သက်ရာ အထူးကုဆရာဝန်ကြီးနှင့် သီးသန့်ပြသဆွေးနွေးခွင့်ရရှိမှာဖြစ်ပါတယ်။

အသက်၅၀နှစ်အထက်ဆို နှစ်မျိုးလုံးထဲက ကြိုက်ရာရွေးစစ်လို့ရပါတယ်။
ဆရာဝန်နှင့်တိုင်ပင်ပြီး မိမိနှင့်သင့်တော်ရာ Package ကိုရွေးနိုင်ပါတယ်။ အသက်အရွယ်/ရောဂါအခံပေါ်မူတည်ပြီး စစ်ရမယ့်ကုန်ကျငွေ ချိန်လို့ရအောင် Package နှစ်မျိုး ခွဲပြထားတာပါ။

💥 Nakornthon ဆေးရုံသို့ဆေးလာစစ်မည့်သူများအတွက် ဆေးရုံမှ ကြိုပို့ စီစဥ်ပေးပါတယ်။ မြန်မာစကားပြန်များရှိသည့်အတွက် ဆက်သွယ်ရေးအဆင်ပြေပါတယ်။ ဆေးမစစ်ခင် လိုအပ်တဲ့ ကျန်းမာရေးကိစ္စများကိုလည်း ကျွန်မတို့ FMS မှ Dr Min Htet Zaw နှင့်ကြိုတင် တိုင်ပင် ဆွေးနွေးလို့ ရပါတယ်ရှင့်။

☎️ Viber +959797239686 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။



https://www.facebook.com/share/p/1AdLLx7B5T/
20/02/2026

https://www.facebook.com/share/p/1AdLLx7B5T/

ဆီးချိုသွေးချိုသမားတွေမှာ အဖြစ်များတဲ့ ဆီးလမ်းကြောင်း ပိုးဝင်ခြင်း အကြောင်းကို ရှင်းပြပါမယ်။

ဆီးချိုရောဂါရှိသူတွေဟာ သာမန်လူတွေထက် ဆီးပိုးဝင်ခြင်း (Urinary Tract Infection - UTI) ဖြစ်ပွားဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါဟာ မတော်တဆဖြစ်ရပ်မျိုး မဟုတ်ဘဲ ဆီးချိုနဲ့ ဆီးပိုးဝင်ခြင်းကြားမှာ ခိုင်မာတဲ့ ဆက်စပ်မှုတွေ ရှိနေလို့ပါ။

​ဒီအကြောင်းနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်အလက်တွေကို အောက်ပါအတိုင်း အနှစ်ချုပ် တင်ပြပေးလိုက်ပါတယ်။

​၁။ ဆီးချိုရှိသူတွေမှာ ဘာလို့ ဆီးပိုး ခဏခဏဝင်ရတာလဲ။

🍬သကြားဓာတ် မြင့်မားခြင်း

သွေးထဲမှာ သကြားဓာတ်များနေရင် ဆီးထဲမှာလည်း သကြားဓာတ်တွေ ပါလာတတ်ပါတယ်။ ဒီသကြားဓာတ်ဟာ ဘက်တီးရီးယားတွေ ပွားများဖို့အတွက် အကောင်းဆုံး "အစားအစာ" ဖြစ်နေတာကြောင့်ပါ။

🤧ကိုယ်ခံအား စနစ် အားနည်းခြင်း

ဆီးချိုကြောင့် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပိုးမွှားတွေကို တိုက်ထုတ်နိုင်စွမ်း လျော့ကျသွားပါတယ်။

​⚡️ဆီးအိမ် အာရုံကြော ထိခိုက်ခြင်း

ဆီးချိုကြာလာရင် ဆီးအိမ်အာရုံကြောတွေ ပျက်စီးပြီး ဆီးအိမ်ထဲမှာ ဆီးတွေ ကျန်နေတတ်ပါတယ်။ ကျန်နေတဲ့ ဆီးဟောင်းတွေက ပိုးမွှားတွေ အောင်းဖို့ အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။

​၂။ သတိထားရမယ့် လက္ခဏာများ

👌​ဆီးပိုးဝင်ပြီဆိုရင် အောက်ပါလက္ခဏာတွေ ပြတတ်ပါတယ်-
• ​ဆီးသွားရင် ပူခြင်း၊ ကျဉ်ခြင်း (သို့) နာကျင်ခြင်း။
• ​ဆီး ခဏခဏ သွားချင်ခြင်း (သွားလိုက်ရင်လည်း အနည်းငယ်သာ ထွက်ခြင်း)။
• ​ဆီးအရောင် နောက်ကျိခြင်း၊ သွေးပါခြင်း (သို့) အနံ့ ပြင်းခြင်း။
• ​ဆီးစပ် ကိုက်ခြင်း။
• ​ပိုဆိုးလာပါက ချမ်းတုန်ဖျားခြင်း၊ ခါးနာခြင်း (ကျောက်ကပ်အထိ ပိုးရောက်သွားနိုင်တဲ့ လက္ခဏာဖြစ်လို့ အရေးကြီးပါတယ်)။

​၃။ ဘယ်လို ကာကွယ်မလဲ။
​ဆီးချိုသမားတွေအတွက် ဆီးပိုးမဝင်အောင် နေထိုင်နည်းက အရေးကြီးဆုံးပါ။

👉သွေးချို ထိန်းပါ
သွေးချိုကို ပုံမှန်အတိုင်း ထိန်းထားခြင်းက အဓိက အကျဆုံး အချက်ပါ။

👉ရေများများသောက်ပါ
တစ်နေ့ကို ရေ ၈ ခွက်ခန့် သောက်ခြင်းဖြင့် ဘက်တီးရီးယားတွေကို ဆေးချပစ်ပါ။

👉ဆီးအောင့်မထားပါနဲ့
ဆီးသွားချင်တဲ့ စိတ်ရှိလာရင် ချက်ချင်းသွားပါ။

👉သန့်ရှင်းရေး
အိမ်သာတက်ပြီးတိုင်း ရှေ့မှ နောက်သို့ သန့်ရှင်းရေး လုပ်ပေးပါ။

💥အရေးကြီးသော မှတ်ချက်💥

ဆီးချိုရှိသူတွေမှာ ဆီးပိုးဝင်ခြင်းဟာ သာမန်လူတွေထက် ပိုပြီး ပြင်းထန်တတ်သလို ကျောက်ကပ်ထိ ပိုးပျံ့နှံ့ဖို့ လွယ်ကူပါတယ်။ ဒါကြောင့် လက္ခဏာ အနည်းငယ်ပြတာနဲ့ ဆရာဝန်နဲ့ ပြသပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။
ဆရာဝန်မှ သင့်တော်သော ပိုးသတ်ဆေး သို့မဟုတ် နောက်တစ်ကြိမ်မဖြစ်အောင် ကာကွယ်ဆေး ပေးပါလိမ့်မယ်။

ကိုယ်စိတ်နှလုံး ရွှင်ပြုံးအေးချမ်းနိုင်ကြပါစေ💞


#ဆီးချိုနှင့် ဆီးပိုးဝင်ခြင်း

09797239686

https://www.facebook.com/share/1DLuHz7oKg/
17/02/2026

https://www.facebook.com/share/1DLuHz7oKg/

17 February 2026 | Chinese New Year 🧧🐴
Chinese New Year marks the beginning of the new year according to the Chinese lunar calendar. It is a time of new beginnings, good fortune, and family reunions 🏮. Important traditions on this day include paying respect to ancestors, cleaning the house, giving red envelopes (Ang Pao), and exchanging well wishes for happiness, good health, and prosperity throughout the year ✨.
On the occasion of Chinese New Year, Nakornthon Hospital would like to extend our best wishes to everyone for strong health and well-being in both body and mind 🩺💖. Start the new year by taking care of your health—choose a balanced diet and have regular health check-ups for prosperity and a good quality of life throughout this Chinese New Year 🎊.

နိုင်ငခြားသွားစရာမလို ဒီမှာတင်ရနေပြီ
15/02/2026

နိုင်ငခြားသွားစရာမလို ဒီမှာတင်ရနေပြီ

#ဝိတ်ချဆေးထိုးပြီးဝိတ်မကျတာ ဘာကြောင့်လဲ?
ဆေးထိုးတိုင်းမအောင်မြင်ပါ။ ဘာလို့လဲ? ဘာလုပ်ရမလဲ?

☝️ဝိတ်တကယ်ကျချင်ရင် အရေးကြီးတဲ့ ဒီတခု သေချာလုပ်ပါ။ ဒို့မြန်မာတွေမှာ
🍚 ကာဗိုဟိုက်ဒြိတ် လျှော့စားရန် အရေးကြီးဆုံးပါ။ #ကာဗိုဟိုက်ဒြိတ် (ဆန်၊ ဂျုံ၊ ပြောင်း၊ အာလူး) အစားများ နေလို့!

၁။ အဓိက သိထားရမည့် အချက်

· ပိန်ဆေးထိုးနေစဉ် ခန္ဓာကိုယ်က အင်ဆူလင်အထွက်များပြီး ကာဗိုဟိုက်ဒြိတ်ကို အဆီအဖြစ် သိမ်းဆည်းလွယ်သည်။
· ကာဗိုဟိုက်ဒြိတ်များလျှင် ဆေး၏အာနိသင်လျော့ပါးသည်။ ဝိတ်ကျနှေးခြင်း သို့မဟုတ် ဝိတ်မကျခြင်း ဖြစ်နိုင်သည်။

၂။ ဘာတွေလျှော့စားရမလဲ?

```
❌ ရှောင်သင့်သော အစားအစာများ:
├── ဆန်အဖြူ (ထမင်းဖြူ)
├── ပေါင်မုန့်အဖြူ
├── ခေါက်ဆွဲ၊ မြူစုံ၊ ရေထမင်း
├── အာလူးကြော်၊ အာလူးပြုတ်
├── သကြားများသော အစားအစာများ
└── ပြုပြင်ထားသော ကွတ်ကီး၊ ကိတ်မုန့်များ
```

၃။ ဒါဆို ဘာအစားထိုးစားရမလဲ။ Whole Grain, Whole Meal စားပါ။ အဲတာဘာလဲ?
(အပြည့်အစုံနောက်တပုဒ်တင်ပါမယ်)
လောလောဆယ် ဂျုံကြမ်း / လုံးတီးဆန်လို့ အလွယ်မှတ်လို့ရမယ်။
နမူနာ
✅ စားသုံးသင့်သော အစားအစာများ:
├── ဆန်လုံးညို (Brown Rice)
├── ပေါင်မုန့်ညို (Whole Wheat Bread)
├── အုတ်ဂျုံ (Oats) - သကြားမပါသော
├── ကွေကာ (Whole Grain Cereal)
├── ပဲအမျိုးမျိုး
├── မုယောစပါး (Barley)
└── ပန်းဂျုံ (Quinoa)
```

🌾 Whole Grain vs Refined Grain ကွာခြားချက်

Whole Grain (စားသင့်) >. < Refined Grain (နူးညံ့အောင်ပြုပြင်ထားအစားအစာဖြစ်တယ်။ လျော့စားသင့်)
• အမျှင်ဓာတ် များ > < အမျှင်ဓာတ် နည်း
• ဗီတာမင်နှင့် သတ္တုဓာတ် ပြည့်ဝ > < အာဟာရဓာတ် နည်း
• သွေးတွင်းသကြားဓာတ် တဖြည်းဖြည်းတက် > < သွေးတွင်းသကြားဓာတ် မြန်မြန်တက်
• ဗိုက်ပြည့်ချိန် ကြာ > < ဗိုက်ပြည့်ချိန် တို

🍽️ လက်တွေ့အသုံးချနည်း

၁။ ထမင်းစားရင်

· ဆန်အဖြူအစား ဆန်လုံးညို (brown rice) ပြောင်းစားပါ
· ပမာဏလျှော့ပါ (ပန်းကန်လုံး ၁/၃ ခန့်)
· ဟင်းသီးဟင်းရွက် + ပရိုတင်း ကို အဓိကထားပါ။

၂။ မနက်စာ

· ပေါင်မုန့်အဖြူအစား ပေါင်မုန့်ညို
· ထမင်းကြော်အစား အုတ်ဂျုံပြုတ် (Oatmeal)
· ကြက်ဥပြုတ်၊ ပဲပြား တွဲစားပါ။

၃။ Whole Grain ရွေးချယ်နည်း

· ပါဝင်ပစ္စည်း ကြည့်ပါ - "whole wheat", "whole grain" ပါရပါမယ်
· သကြားပါဝင်မှု ကြည့်ပါ - သကြားနည်းရပါမယ်
· အမျှင်ဓာတ် - တစ်ပိုင်းလျှင် ၃ ဂရမ်အထက်ပါရပါမယ်

⚖️ အချိုးအစား ညီမျှအောင်

ပန်းကန်တစ်ချပ်ကို:

```
၅၀% - ဟင်းသီးဟင်းရွက်
၂၅% - ပရိုတင်း (အသား၊ ငါး၊ ပဲ)
၂၅% - Whole Grain
```

💡 အရေးကြီးသော အကြံပြုချက်

1. ရုတ်တရက် မဖြတ်ပါနှင့် - တဖြည်းဖြည်းလျှော့ပါ
2. အစားထိုးပါ - ဆန်အဖြူအစား ဆန်လုံးညို၊ ပေါင်မုန့်အဖြူအစား ပေါင်မုန့်ညို
3. အချိန်ရွေးစားပါ - ကာဗိုဟိုက်ဒြိတ်ကို နေ့လည်စာအထိ စားပါ၊ ညစာတွင် လျှော့ပါ
4. ရေများများသောက်ပါ - အမျှင်ဓာတ်များလျှင် ရေပိုလိုအပ်သည်။

⚠️ သတိထားရန်

· Whole Grain လည်း ပမာဏထိန်းပါ - များလွန်းလျှင်လည်း ဝိတ်တက်နိုင်တယ်။
· ဆရာဝန်ညွှန်ကြားချက်နှင့် ကိုက်ညီအောင် စားပါ။
· ကိုယ်လက်လှုပ်ရှားမှု နှင့် တွဲဖက်ပါ။

အဓိကကတော့ ကိုယ့်ရဲ့နေ့စဉ်အလေ့အထတွေကို မပြောင်းလဲလို့ပါ။ အရင်လို စားမြဲတိုင်းစား အိပ်မြဲတိုင်းအိပ် စိတ်ဖိစီးမြဲ ဝမ်းချုပ်မြဲဆိုရင် 👉 ဝမြဲတိုင်းဝနေပါလိမ့်တယ်။

အရေးအကြီးဆုံးမှာ - ပိန်ဆေးထိုးကုထုံးသည် ကာဗိုဟိုက်ဒြိတ်လျှော့စားခြင်း + Whole Grain ရွေးချယ်ခြင်း + Lifestyle ပြောင်းလဲခြင်း သုံးခုပေါင်းမှသာ အောင်မြင်ပါသည်။

#ပိန်ဆေးထိုးဆေး အကြောင်း အလွယ်တကူသိဖို့နဲ့ ဝိတ်တကယ်ကျဖို့
🔍 ပိန်ဆေးထိုးဆေးဆိုတာ ဘာလဲ? ပို့စ်မနေ့ကတင်ထားတာကော ဖတ်ပြီးပြီလား?

သိချင်တာရှိလည်းမန့်မှာ မေးထားလို့ရပါတယ်။
အများသူငါ သတိထားနိုင်အောင် ကျန်းမာရေးပညာ မျှဝေ share ပေးကြဖို့လည်း တောင်းဆိုပါတယ်။

ကိုယ်စိတ်နှလုံးရွှင်ပြုံးနိုင်ကြပါစေ 💞
Dr Min Lifestyle Online clinic

fans




Thanks to Chatgpt
Photo credit: Gemini

ဒီနှစ်ခု ရှောင်ပါ
08/02/2026

ဒီနှစ်ခု ရှောင်ပါ

📢📢 ကျွန်တော်တို့ မြန်မာလူနာတွေအတွက် ကျန်းမာရေးစစ်ဆေး/ ဆေးကုသမှု အဆင်‌ပြေတဲ့ နခွန်သွန် ၂ ဆေးရုံ (Nakornthon 2 hospital) က...
05/02/2026

📢📢 ကျွန်တော်တို့ မြန်မာလူနာတွေအတွက် ကျန်းမာရေးစစ်ဆေး/ ဆေးကုသမှု အဆင်‌ပြေတဲ့ နခွန်သွန် ၂ ဆေးရုံ (Nakornthon 2 hospital) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် တရားဝင် ဖွင့်လှစ်လ်ိုက်ပါပြီ။

🏥 နခွန်သွန် ၂ ဆေးရုံသည် ကုတင် ၁၅၁ လုံးဆံ့ ဆေးရုံတစ်ခုဖြစ်ပါတယ်။

✨️✨️" ကျွန်တော်တို့လူနာများအတွက် ကျန်းမာရေးစောင့်ရှောက်မှု ရွေးချယ်စရာများကို တိုးချဲ့ရန် တည်ထောင်ခဲ့ပါသည်။ "ဘဝ၏ အဆင့်တိုင်းတွင် ယုံကြည်မှုဖြင့် ဂရုစိုက်ခြင်း" ဟူသော အယူအဆဖြင့် မိသားစုဝင်တိုင်းအတွက် ယုံကြည်စိတ်ချရသော၊ ဂရုတစိုက် စောင့်ရှောက်မှုနှင့် ကုသမှုကို ပေးအပ်ရန် ကျွန်ုပ်တို့၏ ကတိကဝတ်ကို ထပ်မံအတည်ပြုပါသည်။" ✨️✨️တဲ့

ကဲ

👉👉FMS ကမိတ်ဆွေတို့ သွားချင်ရင်
ဖုန်းဆက်/ စာပို့လိုက်နော်။
📞 Viber+959797239686


Hospital

Nakornthon hospital
22/01/2026

Nakornthon hospital

နာခွန်ထွန်းက 2026 အတွက် package medical check up အသစ်ထွက်လာပါပြီ။ကျား/ မ အလိုက်ကော အသက်အရွယ်အရကော စစ်တာ မတူတာအချို့ရှိလိ...
01/01/2026

နာခွန်ထွန်းက 2026 အတွက် package medical check up အသစ်ထွက်လာပါပြီ။
ကျား/ မ အလိုက်ကော အသက်အရွယ်အရကော စစ်တာ မတူတာအချို့ရှိလို့ ဈေးနှုန်းပုံမှာကြည့်ပါ။
FMS က ဆရာဝန်နဲ့ အခမဲ့တိုင်ပင်ပြီး မိမိအတွက်သင့်တော်တာ စစ်ဆေးကုသလို့ရပါတယ်။



Churchill hospital
29/12/2025

Churchill hospital

29/12/2025

သားက သူ့ရဲ့ NHS registration ထုတ်ပြတယ်။
ကျောင်းမဖွင့်ခင် ရောက်စကထဲက လုပ်ထားတာ။
နေမကောင်းရင် အခမဲ့ကုလို့ရသလို ဆေးဝါးပါ အခမဲ့တဲ့။ ဒီမှာကျောင်းတက် အလုပ်လုပ်နေသူအတွက်က အဆင်ပြေပါတယ်။
(ပို့စ်တခုမှာ ဗီဒီယိုတခုဘဲတင်ရလို့ ကွန်မန့်မှာ ထပ်တင်ပေးပါမယ်)

ကိုယ့်လူနာတွေကိုတော့ ယူကေက ဆေးရုံတွေနဲ့ ဆေးကုဖို့ချိတ်လို့မဖြစ်ဘူး။ ဝေးတဲ့အပြင် သူ့စနစ်မှာမပါဝင်တဲ့သူတွေ အတွက် ဈေးကကြီးတယ်။
မြန်မာလူနာတွေကို အကြံဘဲပေးတာပါ ကိုယ်သွားချင်တဲ့နေရာသွားပါ။
FMS က စင်ကာပူ နဲ့မလေးရှားက ဆေးရုံတွေနဲ့ ချိတ်ခဲ့ဖူးတယ်။ လက်ရှိမှာတော့ အိန္ဒိယနဲ့ ထိုင်းဆေးရုံတွေနဲ့ ချိတ်ဆက်လူနာပို့ပေးနေပါတယ်။
မမှားရအောင် အဆင်ပြေအောင် မြန်မာပြည်ကထဲက ကြိုတင်စီစဉ်ရတာပါ။
ကိုယ်ကျန်းမာစိတ်ချမ်းသာကြပါစေ🙏

Address

Baya Kyawthu Street, Next To Thitsar Road, South Okkalapa
Yangon

Telephone

+959797239673

Website

Alerts

Be the first to know and let us send you an email when Foreign Medical Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Foreign Medical Service:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram