08/01/2026
အသက် ၄၀ကျော်အရွယ် ကနေစပြီး ခန္ဓာကိုယ်ရဲ့ မီတာဘောလစ်ဇမ်း (metabolism) လျော့လာတာ၊ ကြွက်သားနည်းလာတာ၊ သွေးချို ၊ သွေးတိုး စတဲ့ရောဂါတွေ လွယ်ကူလာတာကြောင့်
အစားအသောက် , အပြုအမူ , အနေအထိုင် ကို သေချာဂရုစိုက်ရပါမယ်နော်။ အောက်မှာ လိုက်နာသင့်တဲ့အချက်တွေကို Sharingလုပ်ပေးထားပါတယ်နော်...
🥗 အစားအသောက် (Diet)
✅ လိုက်နာသင့်တာတွေ
🥦ဟင်းသီးဟင်းရွက်များများစားပါ
*************************************
အရွက်စိမ်း၊ မုန်လာဥ၊ ခရမ်းချဉ်သီး၊ သခွားသီး
အဆီနည်းသော ပရိုတင်း
***************************
အရေခွံဖယ်ထားတဲ့ ငါး၊ ကြက်သား စားပါ။
ပဲ၊ တိုဖူး၊ ကြက်ဥ နှင့် အာဟာရပြည့်ဝသော
ဆန်လုံးညို၊ ဂျုံ၊ အာလူးတို့ကို စားပေးရပါမယ်။
💦ရေများများသောက်ပါ
***********************
အချိုရည်အစား ရေကို တစ်နေ့ (၈ ခွက် မှ ၁၀ ခွက် ) သောက်ပေးသင့်ပါတယ်။
❌ လျော့သင့်တာတွေ
**************************
အချိုများတဲ့အစာ (သကြားပါဝင်မှုများတဲ့ မုန့်နှင့် အချိုရည်များ )
အဆီများပြီး ကြော်လှော်ထားတဲ့အစားအစာများ
ဆားအလွန်အကျွံပါတဲ့ အစားအသောက်များ
အရက်၊ ဆေးလိပ် 🚭
🏃 လိုအပ်သောကိုယ်လက်လှုပ်ရှားမှု (Exercise)
☘️နေ့စဉ် ၃၀ မိနစ်လမ်းလျှောက်ပါ
☘️တစ်ပတ်ကို ၃–၄ ရက်ခန့် လက်တံနှင့် ခြေထောက် ကြွက်သားများကိုအားပေးတဲ့လေ့ကျင့်ခန်းပြုလုပ်ပေးပါ
→ အဆစ်အမြစ်ကောင်းစေဖို့ ယောဂါ၊ တိုင်ချီ (Tai Chi) ကစားပါ
☘️ အနေအထိုင် & အပြုအမူ (Lifestyle)
😴အိပ်ရေးဝဝအိပ်ပါ (တစ်နေ့ကို ၆နာရီ မှ ၈နာရီ)
😇စိတ်ဖိစီးမှု လျော့ချပါ
တရားထိုင်ခြင်း နှင့် အသက်ရှူလေ့ကျင့်ခန်းကိုလုပ်ပါ
🙂အချိန်မှန် စား၊ အချိန်မှန် အိပ်ပါ
👉 နှစ်စဉ် ကျန်းမာရေး စစ်ဆေးမှု လုပ်ပါ
(သွေးပေါင်ချိန်၊ ဆီးချို၊ သွေးချို၊ ကိုလက်စထရော)
⚠️ အထူးဂရုစိုက်သင့်တာ
ဒူးနာ၊ ခါးနာဝေဒနာများဖြစ်လာရင် စောစီးစွာ ဆရာဝန်နဲ့တိုင်ပင်ပါ
#ဆေးရုံသုံးကုတင် TTAZY