Dr Khin Moe Oo-GP,Special Interest in Dermatology

Dr Khin Moe Oo-GP,Special Interest in Dermatology Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dr Khin Moe Oo-GP,Special Interest in Dermatology, Medical and health, Yankin, Yangon.

Dr. Khin Moe Oo | Medical Educator
🎓 Transforming Skin Disease Knowledge into Clinical Success.
💡 Simplified Dermatology Learning for Busy Practitioners.
🏥 Empowering GPs to Treat Skin Diseases with Confidence.

21/03/2026

ကလေး တယောက် အနီစက်တွေနဲ့ ဆေးခန်းလာပြတဲ့အခါ "rash" ရဲ့ morphology ပေါ်မူတည်ပြီး စဉ်းစားရမယ့် Differential Diagnosis



✅ဆံပင်ကျွတ်တာကို မပြောခင် ဆံပင်ပေါက်တဲ့ သဘာဝကို အရင်သိဖို့ လိုပါတယ်။ ဆံပင်တစ်ပင်ဟာ အမြဲတမ်း ပေါက်နေတာ မဟုတ်ပါဘူး။ အဆင့် ...
13/03/2026

✅ဆံပင်ကျွတ်တာကို မပြောခင် ဆံပင်ပေါက်တဲ့ သဘာဝကို အရင်သိဖို့ လိုပါတယ်။ ဆံပင်တစ်ပင်ဟာ အမြဲတမ်း ပေါက်နေတာ မဟုတ်ပါဘူး။ အဆင့် ၃ ဆင့် ရှိပါတယ်။

🔺Anagen: ဒါက ကြီးထွားတဲ့အဆင့်ပါ။ ဆံပင် ၉၀% က ဒီအဆင့်မှာ ရှိပြီး ၃ နှစ်ကနေ ၆ နှစ်အထိ ကြာတတ်ပါတယ်။

🔺Catagen: ဒါက အနားယူတဲ့အဆင့် (၁-၂ ပတ်) ပါ။

🔺Telogen: ဒါက ဆံပင်ကျွတ်တဲ့အဆင့် (၅-၆ ပတ်) ပါ။

✔️တစ်နေ့ကို ဆံပင် ၅၀ ကနေ ၁၀၀ ကြား ကျွတ်တာက ပုံမှန်ပါပဲ။ လူနာက ဆံပင်ကျွတ်တယ်လို့ လာရင် ဒါဟာ ပုံမှန် သဘာဝကျွတ်တာလား၊ ရောဂါကြောင့်လားဆိုတာ ဒီ Cycle ကို ကြည့်ပြီး ခွဲခြားရမှာ ဖြစ်ပါတယ်။"✔️

🩸Vasculitis (Small vessel vasculitis) တွေရဲ့ 60%လောက်က primary (no cause ) ဖြစ်ပါတယ်✅ကျန်တဲ့ cause တွေက တော့ ✔️Infection...
04/03/2026

🩸Vasculitis (Small vessel vasculitis) တွေရဲ့ 60%လောက်က primary (no cause ) ဖြစ်ပါတယ်
✅ကျန်တဲ့ cause တွေက တော့
✔️Infection
✔️Drugs induced
✔️Connective Tissue Disorder
✔️Malignancy တို့ပါဝင်ပါတယ်
Skin Features တွေ အနေနဲ့က



02/03/2026

📌ကလေး တယောက် rash နဲ့ လာပြရင် ဘယ်လိုစဉ်းစားရမလဲ
✔️Approach to a child with a rash
skin problems in children

BSI DERMATOLOGY MEETING စနေပါပြီ
27/02/2026

BSI DERMATOLOGY MEETING စနေပါပြီ



အပင်စိုက်တဲ့သူတွေ ပန်းအလှဆင်တဲ့ သူတွေ မှာ Plant Related Dermatitis  တွေ့ရတတ်ပါတယ် စိုက်ပျိုးရေးမှာသုံးတဲ့(arsenic လို ၊M...
26/02/2026

အပင်စိုက်တဲ့သူတွေ
ပန်းအလှဆင်တဲ့ သူတွေ မှာ Plant Related Dermatitis တွေ့ရတတ်ပါတယ်

စိုက်ပျိုးရေးမှာသုံးတဲ့(arsenic လို ၊Malathion လို )ပိုးသတ်ဆေးတွေက အရေပြားရောင်ရမ်းမှုကို ဖြစ်စေပါတယ်

25/02/2026

📌Psoriasis တိုင်း က တော့ silver scales မရှိဘူး
📌Inverse psoriasis typically presents as smooth, shiny, and bright red patches in skin folds (armpits, groin, under breasts) rather than the thick, silvery scales found in plaque psoriasis. Due to the moist environment of skin folds, scaling is usually absent, though fine scaling may occur. It is often accompanied by itching, pain, and sometimes skin fissure.


#ဆရာဝန်များအတွက်အရေပြားရောဂါသင်တန်း

🍀လက်ဖဝါး ခြေဖဝါး တွေမှာ အမည်းကွက် သို့မဟုတ် အညိုကွက်အနေနဲ့ တွေ့ရပြီဆိုရင် "Tinea Nigra" ဖြစ်နိုင်ပါတယ်၁။ ဖြစ်ပွားရသည့်အက...
24/02/2026

🍀လက်ဖဝါး ခြေဖဝါး တွေမှာ အမည်းကွက် သို့မဟုတ် အညိုကွက်အနေနဲ့ တွေ့ရပြီဆိုရင် "Tinea Nigra" ဖြစ်နိုင်ပါတယ်

၁။ ဖြစ်ပွားရသည့်အကြောင်းရင်း (Etiology)
===============================
✅​ဒီရောဂါကို ဖြစ်စေတဲ့ အဓိကမှိုကတော့" Hortaea werneckii" ဖြစ်ပါတယ်။
✅မြေဆီလွှာ၊ ရေနဲ့ ဆွေးမြည့်နေတဲ့ အပင်တွေမှာ တွေ့ရတတ်ပြီး အပူပိုင်းဒေသ (Tropical areas) တွေမှာ ပိုအဖြစ်များပါတယ်။

​၂။ ရောဂါလက္ခဏာများ (Clinical Features)
==============================
✅ နာကျင်တာ၊ ယားယံတာမျိုး မရှိဘဲ ပုံမှန်အရေပြားအတိုင်းပါပဲ။
​✅မှိုကထုတ်တဲ့ Melanin ကြောင့် မီးခိုးရောင်၊ အညိုရောင် ကနေ အမည်းရောင်အထိ ရှိနိုင်ပါတယ်။
✅​နေရာ: လက်ဖဝါး (Palms) မှာ အဖြစ်အများဆုံးဖြစ်ပြီး၊ ခြေဖဝါး (Soles) မှာလည်း ဖြစ်တတ်ပါတယ်။
✅​ပုံသဏ္ဍာန်: အနားသတ်က သဲသဲကွဲကွဲ မရှိဘဲ ပျံ့နှံ့နေတတ်တဲ့ အကွက် (Irregular macule) ပုံစံမျိုးပါ။




23/02/2026

ECZEMA
**le eczema


Atopic Dermatitis မှာ Diagnosis အတွက်သုံးတဲ့ criteria တွေထဲမှာ  Clinician တွေအတွက်ကတော့ UK working party criteria က အသုံ...
23/02/2026

Atopic Dermatitis မှာ Diagnosis အတွက်သုံးတဲ့ criteria တွေထဲမှာ Clinician တွေအတွက်ကတော့ UK working party criteria က အသုံးများတယ်

UK Working Party Diagnostic Criteria
➖➖➖➖➖➖➖➖➖➖➖➖➖➖
✅ဤစနစ်သည် လက်တွေ့ကုသမှုတွင် ပိုမိုလွယ်ကူမြန်ဆန်ပါသည်။

🍀လူနာတွင် အရေပြားယားယံခြင်း (Itchy skin condition) ရှိရမည့်အပြင် အောက်ပါအချက်များထဲမှ ၃ ချက် (သို့မဟုတ်) ၃ ချက်ထက်ပို၍ ကိုက်ညီရပါမည်။

✔️History of skin crease involvement: တံတောင်ဆစ်ကွေး၊ ဒူးခေါင်းကွေး၊ လည်ပင်း (သို့မဟုတ်) မျက်လုံးတစ်ဝိုက်တွင် ဖြစ်ဖူးသည့် ရာဇဝင်ရှိခြင်း။

✔️Personal history of asthma or hay fever: ပန်းနာရင်ကျပ် သို့မဟုတ် ဓာတ်မတည့်နှာစေးရောဂါရှိခြင်း (အသက် ၄ နှစ်အောက်ဖြစ်ပါက မျိုးရိုးထဲတွင် ရှိခြင်း)။
✔️History of general dry skin: လွန်ခဲ့သော ၁ နှစ်အတွင်း အရေပြားတစ်ခုလုံး ခြောက်သွေ့သည့် ရာဇဝင်ရှိခြင်း။
✔️Visible flexural eczema: စစ်ဆေးကြည့်ရှုချိန်တွင် အရေပြားအကွေးအဆန့်နေရာများ၌ နှင်းခူလက္ခဏာ တွေ့ရှိရခြင်း။

✔️Onset under age 2: အသက် ၂ နှစ်မတိုင်မီကတည်းက စတင်ဖြစ်ပွားခြင်း။

🍀 အခြားသိသာထင်ရှားသော လက္ခဏာငယ်များ
(Minor Features)
ရောဂါရှာဖွေရာတွင် အထောက်အကူပြုသော အချက်များမှာ-
✔️Xerosis: အရေပြား အလွန်အမင်း ခြောက်သွေ့ခြင်း။
Dennie-Morgan fold: မျက်တောင်အောက်ဘက်တွင် အရေပြားအတွန့်များရှိခြင်း။

✔️Hyperlinear palms: လက်ဖဝါးတွင် အရေးအကြောင်းများ ပိုမိုထင်ရှားနေခြင်း။

✔️Keratosis pilaris: လက်မောင်းနှင့် ပေါင်တို့တွင် ကြက်အရေခွံကဲ့သို့ အဖုလေးများဖြစ်ခြင်း။

Seborrhoeic Dermatitis ရဲ့ features ရော Psoriasis ရဲ့ features တွေရော ရှိနေတာမျိုးကို,"Sebo psoriasis "✅Some cases of ps...
21/02/2026

Seborrhoeic Dermatitis ရဲ့ features ရော Psoriasis ရဲ့ features တွေရော ရှိနေတာမျိုးကို
,"Sebo psoriasis "

✅Some cases of psoriasis overlap with seborrheic dermatitis.
✅Seborrheic lesions may predominate on the face, under the breasts, and in the scalp, flexures, and axillae
✅Lesions in these areas are moist and erythematous, with yellow, greasy, soft scales, rather than dry and micaceous scales.




Happy Chinese New Year 2026
17/02/2026

Happy Chinese New Year 2026

Address

Yankin
Yangon
24

Telephone

+959450063998

Website

Alerts

Be the first to know and let us send you an email when Dr Khin Moe Oo-GP,Special Interest in Dermatology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr Khin Moe Oo-GP,Special Interest in Dermatology:

Share