APT-Menopause

APT-Menopause Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from APT-Menopause, Vitamins/Supplements, No. 32, Manawhari Road, Dagon Township, Yangon.

🎉မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့လေးမှာ ကောင်းမှုအဖြာဖြာနဲ့ပြည့်စုံပြီး ကြည်ရွှင်ကြပါစေကြောင်း APT- Menopaus...
17/04/2026

🎉မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ် နှစ်ဆန်းတစ်ရက်နေ့လေးမှာ ကောင်းမှုအဖြာဖြာနဲ့ပြည့်စုံပြီး ကြည်ရွှင်ကြပါစေကြောင်း APT- Menopause မိသားစုမှ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်🙏🏻💜

မင်္ဂလာနှစ်သစ်မှ စတင်ကာ စီးပွားလာဘ်လာဘများလည်း ဆထက်တန်ပိုး တိုးပွားအောင်မြင်ပြီး ကိုယ်စိတ်ချမ်းသာကျန်းမာကြပါစေရှင်🙏🏻🙏🏻


နေပူပူမှာ စိတ်ရှုပ်ထွေးရတဲ့ သွေးဆုံးချိန်ခါ ❗ပူပြင်းတဲ့ရာသီဥတုက သွေးဆုံးခါနီး (သို့မဟုတ်) သွေးဆုံးပြီး အမျိုးသမီးတွေမှာ ...
31/03/2026

နေပူပူမှာ စိတ်ရှုပ်ထွေးရတဲ့ သွေးဆုံးချိန်ခါ ❗

ပူပြင်းတဲ့ရာသီဥတုက သွေးဆုံးခါနီး (သို့မဟုတ်) သွေးဆုံးပြီး အမျိုးသမီးတွေမှာ ခံစားရလေ့ရှိတဲ့ Hot Flashes နဲ့ စိတ်ရှုပ်‌ထွေးမကြည်လင်မှုကို ပိုမိုဆိုးရွားစေနိုင်ပါတယ်။ ဒီလိုအချိန်မှာ စိတ်ရောကိုယ်ပါ သက်သာစေဖို့ လိုက်နာသင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်များကို ဖော်ပြပေးလိုက်ပါတယ်ရှင် 💜

✅ အခုလို ပူအိုက်တဲ့ရာသီမှာ ချွေးစုပ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားအင်္ကျီပွပွလေးတွေကို ရွေးချယ်ဝတ်ဆင်ပါ။ အရောင်ရင့်တာထက် အရောင်ဖျော့တာတွေက အပူဒဏ်ကို ပိုခံနိုင်ရည်ရှိစေပါတယ်။

💦ရေဓာတ်ဖြည့်တင်းဖို့ကလည်း အဓ်ိကလိုအပ်ပြီး ရေခဲရေအေးအေးထက် သာမန်အပူချိန်ရှိတဲ့ရေ (သို့မဟုတ်) အခန်းအပူချိန်ရေကို မကြာခဏသောက်ပေးပါ။ အုန်းစိမ်းရည်သောက်ပေးခြင်းကလည်း ခန္ဓာကိုယ်အပူရှိန်ကို လျော့ကျစေပါတယ်။

🔥ပူအိုက်လို့ စိတ်တို၊ စိတ်ရှုပ်လာတဲ့အခါ မျက်စိမှိတ်ပြီး အသက်ကို ပြင်းပြင်းရှူသွင်း၊ ဖြည်းဖြည်းချင်း ပြန်ထုတ်ပုံနည်းလမ်းကို ၅ မိနစ်ခန့် ပြုလုပ်ပေးပါ။ ဒီလိုလုပ်‌ပေးခြင်းက အာရုံကြောစနစ်ကို ငြိမ်သက်စေပါတယ်။

❌ Hot Flashes (အပူဟပ်ခြင်း)ကို ပိုဆိုးစေတဲ့ စပ်လွန်းတဲ့အစားအစာများ၊ ငရုတ်သီး၊ ဆီကြော်မုန့်များ ကို ရှောင်ပါ။

❌ကော်ဖီ၊ လက်ဖက်ရည်နဲ့ အရက်သောက်ခြင်းက ခန္ဓာကိုယ်အပူချိန်ကို မြင့်တက်စေပြီး ညဘက် အိပ်မပျော်ခြင်းနဲ့ စိတ်တိုခြင်းကို ပိုဖြစ်စေပါတယ်။

❌မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း နေပူထဲထွက်ခြင်းကို တတ်နိုင်သမျှ ရှောင်ပေးပါ။

❗တင်းကျပ်လွန်းတဲ့အဝတ်အထည်တွေ၊ ကိုယ်ကျပ်အင်္ကျီတွေနဲ့ နိုင်လွန်သားစတာတွေက အပူကို အထဲမှာ ပိတ်မိစေတဲ့အတွက် စိတ်ကို ပိုပြီး မွန်းကျပ်စေပါတယ်။

✅သွေးဆုံးချိန်မှာ စိတ်ဖိစီးမှု လျော့ကျဖို့အတွက် ညနေစောင်း အပူရှိန်လျော့တဲ့အချိန်မှာ လမ်းလျှောက်ခြင်း (သို့မဟုတ်) ယောဂ (Yoga) လေ့ကျင့်ခြင်းလို အကြောလျှော့လေ့ကျင့်ခန်းလေးတွေ လုပ်ပေးတာကလည်း စိတ်အခြေအနေ (Mood Swings) ကို အများကြီး ပြန်လည်ကောင်းမွန်စေနိုင်ပါတယ်။

အခုလို ပူတဲ့‌နွေရာသီမှာ စိတ်ရှုပ်ထွေးတတ်တာ သဘာဝပဲမို့ မိမိကိုယ်ကို အပြစ်မမြင်ဘဲ လုပ်ဆောင်သင့်တဲ့အချက်လေးတွေကို လုပ်ဆောင်ကြည့်ရင်း စိတ်လေးကိုကြည်လင်အောင်အတတ်နိုင်ဆုံးထားကာ နွေဥတုမှာ ပျော်ရွှင်ကျန်းမာလှပစွာ နေထိုင်လိုက်ကြစို့လားရှင် 🥰

ပါးလျလျဆံသားအတွက် ဒါလေးတွေစားပါ✅💁🏻‍♀️မီးယပ်သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင် (Estrogen) ဟော်မုန်းလျော့နည...
28/03/2026

ပါးလျလျဆံသားအတွက် ဒါလေးတွေစားပါ✅

💁🏻‍♀️မီးယပ်သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးချိန်မှာ အီစထရိုဂျင် (Estrogen) ဟော်မုန်းလျော့နည်းသွားတာကြောင့် ဆံသားပါးလျခြင်းနဲ့ ဆံပင်ကျွတ်ခြင်းကို အမျိုးသမီးတော်တော်များများ ခံစားရလေ့ရှိပါတယ်။ ဒီအပြောင်းအလဲကို ထိန်းညှိပေးနိုင်ပြီး ဆံကေသာပြန်လည်သန်စွမ်းစေမယ့် စားသုံးရမယ့် အာဟာရဓာတ်တွေကို အောက်ပါအတိုင်း အကြံပြုဖော်ပြပေးလိုက်ပါတယ်ရှင်...

✅ဟော်မုန်းမျှတစေတဲ့ ဖိုက်တိုအီစထရိုဂျင် (Phytoestrogens)ဟာ
ခန္ဓာကိုယ်ထဲက လျော့နည်းသွားတဲ့ အီစထရိုဂျင်ကို သဘာဝအတိုင်း အစားထိုးပေးနိုင်တဲ့ အပင်ထွက်ဓာတ်များဖြစ်လို့ ပဲနို့၊ တို့ဖူး၊ ပဲပိစပ်၊ နှမ်းကြတ်စေ့ နဲ့ နှမ်းစေ့ စတာတွေကို စားသုံးပေးမယ်ဆိုရင် ဆံပင်ကျွတ်ခြင်းကို လျှော့ချပေးရုံသာမက သွေးဆုံးကိုင်ဝေဒနာတွေကိုပါ သက်သာစေပါတယ်။

✅အသက်အရွယ်အရ ကော်လာဂျင်ထုတ်လုပ်မှု လျော့နည်းလာတာကြောင့် ဆံသားက ပိုပြီးကျိုးပဲ့လွယ်လာတာမလို့ ကြက်စွပ်ပြုတ် (သို့) အရိုးပြုတ်ရည်၊ ငါးအရေခွံ၊ ကြက်ဥအကာစတာတွေကိုလည်း အဓိက စားသုံးပေးပါ။ ပရိုတင်းနဲ့ ကော်လဂျင်ဓာတ်ပြည့်ဝမှသာ ဆံသားခိုင်မာပြီး ဆံပင်အသစ်မြန်မြန်ပေါက်နိုင်မှာမို့ပဲဖြစ်ပါတယ်။

✅သွေးဆုံးပြီးချိန်မှာ ဗီတာမင်ဒီ ချို့တဲ့ရင် ဆံပင်ပါးတာ ပိုသိသာတတ်ပါတယ်။ Vitamin D ဟာ ဆံပင်အိတ် (Hair Follicles) အသစ်လေးတွေ ဖြစ်ပေါ်ဖို့ ကူညီပေးပါတယ်။ ငါးကြီးဆီ၊ အဆီများတဲ့ငါး (ဥပမာ: ငါးသလောက်၊ ဆယ်လ်မွန်ငါး)၊ မှိုအမျိုးမျိုးနဲ့ နံနက်ခင်း နေရောင်ခြည်ခံယူခြင်း စတာတွေကို စားသုံးလုပ်ဆောင်ပေးသင့်ပါတယ်

✅Zincဓာတ်ဟာလည်း ဆံပင်ဆဲလ်တွေ အသစ်ဖြစ်ပေါ်ဖို့နဲ့ ဆံပင်မှာရှိတဲ့ အဆီဂလင်းလေးတွေ ပုံမှန်အလုပ်လုပ်ဖို့ ကူညီပေးတဲ့အတွက် Zinc ဓာတ်ပါဝင်တဲ့ ကမာ၊ ခရု၊ အမဲသား၊ ဂျုံကြမ်းနှင့် ဒိန်ချဉ်စသည်တို့ကိုလည်း စားပေးဖို့လိုအပ်ပါတယ်။

✅သွေးဆုံးချိန်မှာ ဦးရေပြား ခြောက်သွေ့တာနဲ့ ဆံသားကြမ်းတာတွေကို ကာကွယ်ပေးတဲ့Omega 3 နဲ့ ကျန်းမာ‌စေတဲ့အဆီများဖြစ်တဲ့ သစ်ကြားသီး၊ ထောပတ်သီး၊ သံလွင်ဆီစသည်တို့ကလည်း ဆံသားကို သဘာဝအတိုင်း စိုပြေတောက်ပစေပါတယ်။

✅Biotin ဟာ ဆံပင်သန်စွမ်းဖို့အတွက် မရှိမဖြစ်လိုအပ်ပြီး ဆံသား ကျိုးပဲ့လွယ်ခြင်းမှ ကာကွယ်ပေးတာဖြစ်လို့ အစေ့အဆံများဖြစ်တဲ့ (နေကြာစေ့၊ ဖရုံစေ့)၊ ဗာဒံစေ့ (Almond) နှင့် ကန်စွန်းဥစတာတွေကို စားသုံးပေးဖို့လိုပါတယ်။

✅အိုမင်းရင့်ရော်မှုဖြစ်စေတဲ့ Free Radicals တွေကို တိုက်ဖျက်ပေးပြီး ဆံ‌ကေသာကျန်းမာရေးကို ကာကွယ်ပေးတဲ့ Antioxidantsကြွယ်ဝတဲ့အသီးအနှံများဖြစ်တဲ့ ဘယ်ရီသီးများ (Blueberries, Strawberries)၊ ဟင်းနုနွယ်၊ ကိုက်လန်နှင့် ဗီတာမင်စီ ကြွယ်ဝပြီး အချဉ်ဓာတ်ရှိတဲ့ အသီးအနှံများကိုစားသုံးပေးပါ။

✅သွေးဆုံးပြီးချိန်မှာတောင် ခန္ဓာကိုယ်ထဲ သံဓာတ် (Iron) လုံလောက်ဖို့ လိုအပ်တာမို့ ပဲနီလေးနဲ့ နီရဲတဲ့အသားတွေကိုလည်း သင့်တင့်ရုံ စားပေးဖို့ လိုပါတယ်။

❣️သွေးဆုံးချိန် စိတ်ဖိစီးမှုကလည်း Cortisol ဟော်မုန်းကို မြင့်တက်စေပြီး ဆံပင်ကို ပိုကျွတ်စေလို့ ယောဂကျင့်ခြင်း ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းက ကူညီပေးနိုင်ပါတယ်။

သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီးကာလများမှာဖြစ်တတ်တဲ့ ဆံပင်ပါးလျခြင်းကို အထက်ကအကြံပြုဖော်ပြထားတဲ့ အာဟာရဓာတ်တွေကို ပိုမို အလေးထားစားသုံးပြီး စား‌သောက်နေထိုင်မှုပုံစံလေးကို အနည်းငယ်လေး ပြောင်းလဲလိုက်ရုံနဲ့ အကောင်းဆုံး ကာကွယ်ကျော်ဖြတ်နိုင်မှာပဲဖြစ်ပါတယ်ရှင် 🥰💜

သတိပြုရမယ့် အပျော့စား စိတ်ကျဝေဒနာ..သွေးဆုံးခါနီး (Perimenopause) နဲ့ သွေးဆုံးပြီး (Postmenopause) ကာလတွေဟာ အမျိုးသမီးတစ်...
16/03/2026

သတိပြုရမယ့် အပျော့စား စိတ်ကျဝေဒနာ..

သွေးဆုံးခါနီး (Perimenopause) နဲ့ သွေးဆုံးပြီး (Postmenopause) ကာလတွေဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ ဟော်မုန်းအပြောင်းအလဲ အကြီးမားဆုံးဖြစ်တဲ့ အချိန်ဖြစ်လို့ စိတ်ပိုင်းဆိုင်ရာ ရိုက်ခတ်မှုတွေ ရှိတတ်ပါတယ်။ အထူးသဖြင့် အပျော့စား စိတ်ကျဝေဒနာ (Mild Depression) ဟာ သတိမထားမိဘဲ ဖြစ်သွားတတ်တဲ့အတွက် အောက်ပါအချက်တွေကို သတိပြုဖို့ လိုအပ်ပါတယ်ရှင်...

ဒါဟာ ပြင်းထန်တဲ့ စိတ်ကျရောဂါမဟုတ်ပေမဲ့ နေ့စဉ်ဘဝကို အနှောင့်အယှက် ပေးနိုင်တာမို့ သတိထားကာကွယ်ထားဖို့လိုအပ်ပါတယ်။

အပျော့စားစိတ်ကျဝေ‌ဒနာရဲ့ လက္ခဏာတွေကတော့
စိတ်အတက်အကျ မြန်ခြင်း - အကြောင်းရင်းမရှိဘဲ ဝမ်းနည်းတာ၊ ဒေါသထွက်လွယ်တာ။
စိတ်ဝင်စားမှု လျော့နည်းခြင်း-အရင်က ပျော်ပျော်ပါးပါး လုပ်ခဲ့တဲ့ ဝါသနာပါရာ အလုပ်တွေကို စိတ်မပါတော့တာ။
ပင်ပန်းနွမ်းနယ်ခြင်း-အိပ်ရေးဝပေမဲ့ အားအင်ကုန်ခမ်းနေသလို ခံစားရတာ
အာရုံစူးစိုက်မှု ခက်ခဲခြင်း-အလုပ်လုပ်တဲ့အခါ ဒါမှမဟုတ် စာဖတ်တဲ့အခါ အာရုံမရဘဲ မေ့လျော့တတ်ခြင်း။
အိပ်စက်မှု ပုံစံပြောင်းခြင်း-ညဘက် အိပ်မပျော်တာ ဒါမှမဟုတ် အိပ်ရာက နိုးရခက်တာ စတဲ့ လက္ခဏာရပ်တွေပြတတ်ပါတယ်။

ဖြစ်ပေါ်ရခြင်းအကြောင်းရင်းတွေက‌တော့ အသက်ရလာတာနဲ့အမျှ Estrogen ဟော်မုန်းလျော့နည်းခြင်းက စိတ်ခံစားမှုကို ထိန်းချုပ်ပေးတဲ့ Serotonin နဲ့ Dopamine ဓာတ်တွေအပေါ် ဟော်မုန်းလျော့နည်းမှုကလည်း သွားရောက် သက်ရောက်စေပြီး ညဘက် ချွေးထွက်တာ၊ အပူဟပ်တာ (Hot flashes) တွေကြောင့် အိပ်ရေးပျက်ပြီး စိတ်ပင်ပန်းလာလို့ပဲဖြစ်ဖြစ်၊ အသက်အရွယ်အရ တာဝန်ဝတ္တရားတွေ များလာတာ၊ မိသားစု အပြောင်းအလဲတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒီလို အပျော့စားစိတ်ကျဝေဒနာမဖြစ်စေဖို့ ကာကွယ်ဖို့အတွက်ဆိုရင် 👇💜

✅ပဲနို့၊ တို့ဟူး၊ နှမ်း စတဲ့ အပင်ထွက် အီစရိုဂျင်ဟော်မုန်းဓာတ်ပါတာတွေက ဟော်မုန်းမျှတမှုကို ကူညီပေးပါတယ်။

❌ အယ်လ်ကိုဟောနှင့် ကဖင်းဓာတ် (ကော်ဖီ၊ လက်ဖက်ရည်) လျှော့‌သောက်ပါ။ ဒါတွေက အိပ်စက်မှုကို အနှောင့်အယှက်ပေးပြီး စိတ်ပူပန်မှုကို ပိုဆိုးစေလို့ပါပဲ။

✅ဗီတာမင် B12၊ Vitamin D, Magnesium နဲ့ Omega-3 တို့ဟာ ဦးနှောက်ကျန်းမာရေးနဲ့ စိတ်‌ပျော်ရွှင်ကြည်လင်မှုအတွက် အထောက်အကူပြုတာမလို့ Supplement တွေကို စနစ်တကျ သောက်သုံးပေးပါ။

✅လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ဥပမာ-တစ်နေ့ကို မိနစ် ၂၀ ခန့် လမ်းလျှောက်တာ၊ ယောဂ (Yoga) ကျင့်တာက စိတ်ပျော်ရွှင်စေတဲ့ ဟော်မုန်းကို ထွက်ပေါ်လာစေပါတယ်။

✅စိတ်တိုတာ ဒါမှမဟုတ် ဝမ်းနည်းတာမျိုး ဖြစ်လာရင် အသက်ကို ပြင်းပြင်းရှူသွင်း ရှူထုတ်လုပ်တဲ့ကျင့်စဉ်ကလည်း အများကြီး ထိရောက်ပါတယ်။

✅ကိုယ့်ရဲ့ ခံစားချက်ကို မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်းတွေကို ပြောပြထားပါ။ ဒါဟာ သဘာဝဖြစ်စဉ်တစ်ခုဖြစ်လို့ ဖုံးကွယ်မထားစရာမလိုတာမို့ပါ။

✅စိတ်ကို လန်းဆန်းစေမယ့် ဝါသနာပါရာတစ်ခုခု (ဥပမာ- ပန်းပင်စိုက်တာ၊ ဟင်းချက်တာ၊ စာအုပ်ဖတ်တာ) ကို အာရုံပြောင်းလုပ်ပေးပါ။

✅အသက် (၃၀) ကျော် (၄၀) ဝန်းကျင်ကတည်းက ကြွက်သားနဲ့ အရိုးအဆစ် သန်မာအောင် လေ့ကျင့်ခန်းလုပ်ထားခြင်းကလည်း သွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို အများကြီး လျော့ကျစေတာမလို့

🎉လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပြီး အာဟာရပြည့်ဝစွာစားသုံးပေးကာ စိတ်ပျော်ရွှင်ကြည်လင်စွာနေထိုင်ရင်း သွေးဆုံးခါနီးနဲ့ သွေးဆုံးပြီး ဖြစ်တတ်တဲ့ အပျော့စားစိတ်ကျဝေဒနာကို ကာကွယ်ကျော်ဖြတ်ကြရအောင်နော် 💜🫶🏻

နွေးထွေးမျှဝေပါ အမျိုးသမီးများနေ့မှာ..💜အမျိုးသမီးတစ်ယောက်ရဲ့ ဘဝခရီးလမ်းမှာ အသက် ၄၀ကစလို့ ၅၀ နဲ့ ၆၀ ဆိုတာ ဝေဖန်ပိုင်းခြား...
08/03/2026

နွေးထွေးမျှဝေပါ အမျိုးသမီးများနေ့မှာ..💜

အမျိုးသမီးတစ်ယောက်ရဲ့ ဘဝခရီးလမ်းမှာ အသက် ၄၀ကစလို့ ၅၀ နဲ့ ၆၀ ဆိုတာ ဝေဖန်ပိုင်းခြားနိုင်မှု အမြင့်ဆုံးနဲ့ ရင့်ကျက်မှုအရှိဆုံး "ရွှေရောင်ကာလ" တွေပဲ ဖြစ်ပါတယ်။

အမျိုးသမီးတွေဟာ ဆယ်စုနှစ်များစွာတိုင်အောင် မိသားစုနဲ့ အလုပ်အကြား နပန်းလုံးရင်း ခွန်အားတွေ ပေးဆပ်ခဲ့တဲ့အပြင် အသက် ၄၀ ကျော် ၅၀ ကစလို့ သွေးဆုံးကိုင်ဝေဒနာနဲ့ ခန္ဓာကိုယ်အပြောင်းအလဲတွေကို ကြံ့ကြံ့ခံရင်း နားလည်မှုတွေနဲ့အတူ အေးချမ်းတဲ့ မေတ္တာရိပ်မြုံကို တည်ဆောက်ပေးခဲ့ကြပါတယ်...

ကိုယ်ပေးခဲ့သမျှ မေတ္တာနဲ့ စောင့်ရှောက်မှုတိုင်းဟာ အလဟဿမဖြစ်ဘဲ မိမိဘဝရဲ့ "တန်ဖိုး" တွေအဖြစ် တည်ရှိနေမှာပါ ❣️

အခုအချိန်မှာတော့ ပေးဆပ်ခြင်း (Give) တင်မကဘဲ မိမိကိုယ်ကိုယ် ပြန်လည်ဂရုစိုက်ခြင်းကနေ ရရှိလာမယ့် အကျိုးကျေးဇူး (Gain) တွေကို အာရုံစိုက်ရမယ့်အချိန် ရောက်ရှိလာတာဖြစ်လို့ 👇

🌷 ပုံမှန်ဆေးစစ်ခြင်း၊ သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုနဲ့ အာဟာရပြည့်ဝတဲ့ အစားအစာတွေကြောင့် ပိုမိုပေါ့ပါးလန်းဆန်းတဲ့ ခန္ဓာကိုယ်ကို ရရှိစေမှာမလို့ ကျန်းမာရေးကို ပြန်လည်ရယူပါ...

🌷မိမိယုံကြည်ကိုးကွယ်ရာ တရားဓမ္မအားထုတ်ခြင်း၊ ဝါသနာပါရာ အနုပညာတစ်ခုခု လုပ်ဆောင်ခြင်းကလည်း ငြိမ်းချမ်းတဲ့ စိတ်ဓာတ်ခွန်အားတွေရရှိစေမှာပါ။

🌷 အသားအရေ ထိန်းသိမ်းတာကအစ၊ ကိုယ်ကြိုက်တဲ့ အဝတ်အစားလေး ဝတ်တာအထိ မိမိကိုယ်ကိုယ် ပျော်ရွှင်အောင် ထားခြင်းဟာ ဘဝရဲ့ အနှစ်သာရပဲမို့ ကိုယ့်ကိုယ်ကို ပြန်ချစ်ပေးပါ။

🌷ချစ်ခင်ရတဲ့ မိတ်ဆွေ၊သူငယ်ချင်းများနဲ့ အားလပ်ချိန်အတူအချိန်ကုန်ဆုံးပေးတာကလည်း စိတ်ပျော်ရွှင်မှုရရှိစေမှာပါ။

ဒီအမျိုးသမီးများနေ့မှာ အတိတ်မှာ(Give)ပေးဆပ်ခဲ့သမျှအတွက် ဂုဏ်ယူရင်း ရှေ့ဆက်မယ့် ဘဝခရီးလမ်းမှာ ပိုမိုကျန်းမာ၊ ပျော်ရွှင်ပြီး လှပတဲ့ ဘဝသစ်ကို ပြန်လည်ရယူ (Gain) ဖို့ အားပေးလိုက်ရင်း🌹 Happy International Women’s Day! 🌹လေး ဖြစ်ပါစေရှင် 🥰🫶🏻


မတ်လ ၂ရက် ၂၀၂၆ ခုနှစ်တွင်ကျရောက်သော (၆၅) ကြိမ်မြောက် တောင်သူလယ်သမားနေ့အား APT မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်ရှင် 💜တ...
02/03/2026

မတ်လ ၂ရက် ၂၀၂၆ ခုနှစ်တွင်ကျရောက်သော (၆၅) ကြိမ်မြောက် တောင်သူလယ်သမားနေ့အား APT မိသားစုမှ ဂုဏ်ပြုကြိုဆိုလိုက်ရပါတယ်ရှင် 💜

တောင်သူလယ်သမားနေ့ ပိတ်ရက်လေးမှာ APT ချစ်သူအားလုံး ကိုယ်စိတ်ကြည်သာရွှင်လန်းစွာ ဖြတ်သန်းနိုင်ကြပါစေရှင် 🙏🏻🙏🏻

ပူပြင်းတဲ့ရာသီမှာ Menopause ဝေဒနာသက်သာစေနည်းများ 💡နွေရာသီရဲ့အပူရှိန်နဲ့ သွေးဆုံးကိုင်ဝေဒနာ (Menopause Symptoms) တို့ ပေါ...
01/03/2026

ပူပြင်းတဲ့ရာသီမှာ Menopause ဝေဒနာသက်သာစေနည်းများ 💡

နွေရာသီရဲ့အပူရှိန်နဲ့ သွေးဆုံးကိုင်ဝေဒနာ (Menopause Symptoms) တို့ ပေါင်းစပ်လိုက်တဲ့အခါ အမျိုးသမီးများအတွက် ခံစားရခက်ပြီးနေမထိထိုင်မသာ ဖြစ်စေနိုင်သလို အထူးသဖြင့် ရုတ်တရက် အပူဟပ်ခြင်း (Hot Flashes) နဲ့ ညဘက် ချွေးထွက်ခြင်း (Night Sweats)တွေက ပိုဆိုးလာတတ်ပါတယ်။
ဒီဝေဒနာတွေကို သက်သာစေဖို့ အောက်ပါနည်းလမ်းကောင်းလေးတွေကို ကျင့်သုံးလုပ်‌ဆောင်ကြည့်ပါနော် 💜

✅အစားအသောက်နဲ့ ရေဓာတ်ပြည့်ဝ‌ဖို့ကို ဂရုစိုက်ပါ - ခန္ဓာကိုယ်အပူချိန်ကို ထိန်းညှိဖို့ ရေအေးအေး (သို့) အခန်းအပူချိန်ရှိတဲ့ ရေကို တစ်နေလုံး ပုံမှန်သောက်ပေးပါ။
- ကဖင်းဓာတ်ပါဝင်တဲ့ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သေစာနဲ့ စပ်လွန်းတဲ့ အစားအစာတွေက Hot Flashes ကို ပိုဆိုးစေလို့ နွေရာသီမှာ လျှော့စားသင့်ပါတယ်။
-ပဲနို့၊ တို့ဟူး စတဲ့ ပဲအမျိုးမျိုးကို ရွေးချယ်စားသုံးခြင်းကတော့ ဟော်မုန်းဓာတ်ကို အနည်းငယ်မျှတစေပြီး အပူဟပ်ခြင်းကို သက်သာစေပါတယ်။

✅ဝတ်စားဆင်ယင်မှုနဲ့ နေထိုင်မှုပုံစံတို့ကို အပြောင်းအလဲလုပ်ပေးပါ။ လေဝင်လေထွက်ကောင်းပြီး ချွေးစုပ်ယူမှုအားကောင်းတဲ့ ချည်သားအဝတ်အစားပွပွလေးတွေကို ဦးစားပေးဝတ်ဆင်ပါ။
-အပြင်သွားတဲ့အခါ အင်္ကျီပါးပါးလေးတွေကို ထပ်ဝတ်သွားရင် အပူဟပ်လာတဲ့အခါ အလွယ်တကူ ချွတ်ထားနိုင်မှာ ဖြစ်ပါတယ်။
- ရုတ်တရက် အပူချိန်တက်လာတဲ့အခါ ချက်ချင်း အအေးခံနိုင်ဖို့ လိုတာကြောင့် ယပ်တောင် (သို့) လက်ကိုင်ပန်ကာလေးကို ဆောင်ထားပါ💡

✅Night Sweats မဖြစ်ဘဲကောင်းမွန်စွာ အိပ်စက်နိုင်ဖို့ ပိုးသား (သို့) ချည်သား အိပ်ရာခင်းတွေကို အသုံးပြုပေးပြီး အိပ်ခန်းကို တတ်နိုင်သမျှ လေဝင်လေထွက်ကောင်းအောင် ထားပါ။

✅Hot Flashes ဖြစ်လာပြီ၊ အပူဟပ်လာပြီလို့ ခံစားရတာနဲ့ အသက်ကို ခပ်မှန်မှန်နဲ့ ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပေးခြင်းကလည်း အာရုံကြောကို ငြိမ်သက်စေပြီး အပူရှိန်ကို လျော့ကျစေပါတယ်။

✅ယောဂကျင့်ခြင်းလိုမျိုး နူးညံ့တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကလည်း ဟော်မုန်းအပြောင်းအလဲကြောင့်ဖြစ်တဲ့ စိတ်တိုတာ၊ စိုးရိမ်ပူပန်တာတွေကို သက်သာစေပါတယ်။

👩🏻အမျိုးသမီးတိုင်း ပူပြင်းတဲ့နွေရာသီမှာ ‌မီးယပ်သွေးဆုံးကိုင် လက္ခဏာတွေကင်းဝေးသက်သာပြီး ပျော်ရွှင်လှပတဲ့ နွေရာသီကာလလေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင် 🙏🏻🥰

တစ်နေ့တာလုံးလန်းဆန်းဖို့ မနက်ခင်း Routineမီးယပ်သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ပင်ပန်းနွမ်းနယ်တာ၊ စိတ်ကြည်လ...
25/02/2026

တစ်နေ့တာလုံးလန်းဆန်းဖို့ မနက်ခင်း Routine

မီးယပ်သွေးဆုံးချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် ပင်ပန်းနွမ်းနယ်တာ၊ စိတ်ကြည်လင်မှုမရှိတာနဲ့ ခန္ဓာကိုယ်မအီမသာဖြစ်တာတွေကို အမျိုးသမီးတော်တော်များများ ခံစားရလေ့ရှိတာမို့ တစ်နေ့တာလုံး လန်းဆန်းတက်ကြွနေစေဖို့အတွက် အောက်ပါ မနက်ခင်း Routine လေးကို စတင် လုပ်ဆောင်ကြည့်ဖို့ အကြံပြုလိုက်ပါရစေရှင် 💜

💧ညဘက်မှာ ချွေးထွက်တာ (Night Sweats) ကြောင့် ခန္ဓာကိုယ်က ရေဓာတ်ကုန်ခမ်းနေတတ်တာမလို့ အိပ်ရာထထချင်းမှာ ရေတစ်ခွက်သောက်ပေးခြင်းက ဇီဝကမ္မဖြစ်စဉ်ကို ပြန်လည်နှိုးဆွပေးပြီး ဦးနှောက်ကို ကြည်လင်စေပါတယ်။

🌞အိပ်ရာထပြီး ၁၅ မိနစ်အတွင်း နေရောင်ခြည်နုနုနဲ့ ထိတွေ့ပေးတာကလည်း ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်စဉ်လုပ်ဆောင်မှုကို ထိန်းညှိပေးပြီး ညဘက်မှာ ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေသလို၊ မနက်ခင်းမှာလည်း စိတ်ကို တက်ကြွလန်းဆန်းစေပါတယ်။

🧘🏻‍♀️သွေးဆုံးချိန်မှာ အရိုးအဆစ်တွေ တောင့်တင်းနေတတ်တာကြောင့် အပြင်းအထန်မဟုတ်တောင်မှ Stretch (အကြောဆန့်)လုပ်တာ ဒါမှမဟုတ် Yoga ကျင့်တာမျိုးကို ၁၀ မိနစ်လောက် လုပ်ပေးပါ။

🚶🏻‍♀️နေရောင်အောက်မှာ လမ်းလျှောက်တာက ဗီတာမင် D ကိုရရှိစေပြီး စိတ်ဖိစီးမှုကို လျော့ကျစေသလို ဖြည်းဖြည်းချင်း အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်တာကလည်း စိတ်ပူပန်မှုကို သိသိသာသာ လျော့ကျစေပါတယ်။

🥚🍗မီးယပ်သွေးဆုံးချိန်မှာ ကြွက်သားထု လျော့နည်းလာတတ်တာကြောင့် မနက်စာမှာ ပရိုတင်း (Protein) ပါဝင်ဖို့ အလွန်အရေးကြီးတာမလို့
ဥအမျိုးမျိုး၊ ပဲနို့၊ သစ်သီးဝလံများနှင့် ဒိန်ချဉ် တို့ကို စားသုံးပေးပြီး
သကြားဓာတ် အလွန်အကျွံပါတဲ့ အစားအစာများကို ရှောင်ပေးပါ။ ဒါမှသာ တစ်နေ့တာလုံး သွေးတွင်းသကြားဓာတ် တည်ငြိမ်ပြီး စွမ်းအင်မကျဘဲ ရှိနေမှာပါ။

🎉မနက်ခင်းမှာ ဖုန်းမကြည့်ခင် မိနစ်အနည်းငယ်လောက် ငြိမ်ငြိမ်လေးထိုင်ပြီး မိမိကိုယ်ကို အပြုသဘောဆောင်တဲ့ (Affirmation) စကားလုံးလေးတွေ ပြောပေးပါ။ "ဒီနေ့ ငါ့ခန္ဓာကိုယ်က ကျန်းမာသန်စွမ်းတယ်၊ အကောင်းဆုံး ဖြတ်သန်းမယ်" ဆိုတဲ့ စိတ်မျိုးက တစ်နေ့တာလုံးရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲပေးနိုင်ပါတယ်။

☕ ကော်ဖီကို အလွန်အကျွံသောက်ခြင်းက ရင်တုန်တာနဲ့ Hot flashes ဖြစ်တာကို ပိုဆိုးစေနိုင်လို့ အကန့်အသတ်နဲ့ သောက်ဖို့ အကြံပြုပါရစေရှင် ‼️

မနက်ခင်းမှာ ဒီ Routine လေးထဲက မိမိအတွက် အဆင်ပြေဆုံးဖြစ်မယ့် အချက်လေးတွေကို စတင်ကျင့်သုံးကြည့်ရင်းနဲ့ တစ်နေ့တာလုံး တက်ကြွလန်းဆန်းစွာ နေထိုင်ကြရအောင်နော် 💁🏻‍♀️💜

ရာသီဆည်းဆာ အဆစ်အမြစ်ကိုက်ခဲနာ‼️အသက် ၄၀ကျော်မီးယပ်‌သွေးဆုံးချိန်ကစလို့ အမျိုးသမီးတို့မှာခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလ...
22/02/2026

ရာသီဆည်းဆာ အဆစ်အမြစ်ကိုက်ခဲနာ‼️

အသက် ၄၀ကျော်မီးယပ်‌သွေးဆုံးချိန်ကစလို့ အမျိုးသမီးတို့မှာခန္ဓာကိုယ်ရဲ့ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်လာတတ်တဲ့ လက္ခဏာ‌တွေထဲမှာ အဆစ်အမြစ် ကိုက်ခဲခြင်း (Joint Pain) ကတော့ အဖြစ်အများဆုံးနဲ့
ခံစားရခက်တဲ့ လက္ခဏာတစ်ရပ်ပါပဲ...

အဆစ်အမြစ်ကိုက်ခဲတာဖြစ်ရခြင်းက ခန္ဓာကိုယ်ထဲမှာ အရိုးအဆစ်တွေကို ကာကွယ်ပေးပြီး ရောင်ရမ်းမှုကို လျှော့ချပေးတဲ့ Estrogen (အီစထရိုဂျင်) ဟော်မုန်းပမာဏက သွေးဆုံးချိန်ကစပြီး လျော့နည်းသွားလို့ ဖြစ်ပါတယ်။

အဆစ်အမြစ်ကိုက်ခဲမှုဝေဒနာကို လုံးဝပျောက်ကင်းအောင် လုပ်ဖို့ခက်ပေမယ့် နေထိုင်မှုပုံစံ ပြောင်းလဲခြင်းနဲ့ သိသိသာသာ သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။ အဆစ်အမြစ် ကိုက်ခဲမှုကို လျော့ပါးသက်သာစေမယ့် နည်းလမ်းတွေကတော့

✅အာဟာရပြည့်ဝစွာ စားသုံးပါ -
အရိုးအဆစ်သန်မာဖို့ အဓိက လိုအပ်ချက်ဖြစ်တဲ့ ကယ်လ်ဆီယမ် (Calcium) ဓာတ်လုံလောက်စွာရရှိဖို့အတွက် နွားနို့၊ ဒိန်ချဉ်၊ ပဲပြား၊ ငါးသေးသေးလေးများနဲ့ အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေကို စားသုံးပေးပါ။
ကယ်လ်ဆီယမ်ကို စုပ်ယူနိုင်ဖို့ Vitamin Dကိုလည်း လိုအပ်တာမလို့ မနက်ခင်း နေပူစာလှုံတာ ဒါမှမဟုတ် ဖြည့်စွက်စာ သောက်သုံးတာမျိုး လုပ်သင့်ပြီး
Omega-3 ငါးကြီးဆီဟာလည်း အရိုးအဆစ် ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်...

✅ပုံမှန် လေ့ကျင့်ခန်းလုပ်ပါ- အဆစ်တွေကို ဒဏ်မဖြစ်စေတဲ့ လမ်းလျှောက်ခြင်း၊ ရေကူးခြင်း၊ ယောဂ (Yoga) ကျင့်ခြင်းတွေက အဆစ်အမြစ် တောင့်တင်းမှုကို ပြေလျော့စေသလို ကိုယ်အလေးချိန် ထိန်းညှိခြင်းကလည်း ဒူးဆစ်နဲ့ ခါးအဆစ်တွေပေါ် သက်ရောက်တဲ့ ဖိအားကို လျော့ကျစေပါတယ်။

✅ရေဓာတ် လုံလောက်စွာ ဖြည့်တင်းပါ-
ခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်ရင် အဆစ်တွေကြားက Lubricant တွေ လျော့နည်းလာပြီး ပိုမိုကိုက်ခဲတတ်ပါတယ်။ ဒါ့ကြောင့်💧တစ်နေ့ကို ရေ (၂) လီတာခန့် သောက်ပေးပါ။

✅အဆစ်တွေ ကိုက်ခဲတောင့်တင်းနေရင် ရေနွေးအိတ် ကပ်ပေးလို့ရသလို ရောင်ရမ်းပြီး ပူနေရင်တော့ ရေခဲ‌လေးကပ်ပေးခြင်းက နာကျင်မှုကို သက်သာစေပါတယ်။

✅စိတ်ဖိစီးမှုများရင် ခန္ဓာကိုယ်က Cortisol ဟော်မုန်း ထွက်လာပြီး ရောင်ရမ်းမှုကို ပိုဆိုးစေလို့ တရားထိုင်တာ ဒါမှမဟုတ် အသက်ရှူလေ့ကျင့်ခန်း လုပ်ပေးပါ။

‼️ကိုက်ခဲတာက ရေရှည်ကြာနေရင်တော့ ဆရာဝန်နဲ့ပြသပြီး ဆွေးနွေးမှုခံယူကုသသင့်ပါတယ်ရှင်

ဒီအချက်‌လေးတွေကို ဖြည်းဖြည်းချင်း ကျင့်သုံးလုပ်ဆောင်ကြည့်ပြီး အမျိုးသမီးများအားလုံး အဆစ်အမြစ်ကိုက်ခဲနာတွေကနေ ကင်းဝေးကာ ရာသီဆည်းဆာအချိန်ကို အလှပဆုံးနဲ့ ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေရှင် 🥰💜

မီးယပ်သွေးဆုံးချိန်မှာ ခါးနဲ့ ဗိုက်မှာ အဆီစုလာတာဟာ အမျိုးသမီးတော်တော်များများ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး "Men...
18/02/2026

မီးယပ်သွေးဆုံးချိန်မှာ ခါးနဲ့ ဗိုက်မှာ အဆီစုလာတာဟာ အမျိုးသမီးတော်တော်များများ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး "Menopause Belly" လို့တောင် တင်စားခေါ်ဝေါ်လေ့ရှိပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းတွေနဲ့ ပြန်လည်ထိန်းညှိနိုင်မယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 🤗

ဝမ်းဗိုက်ပူလာရတဲ့ အဓိကအကြောင်းရင်းတွေကတော့..
👉🏻အီစထရိုဂျင် (Estrogen) ဟော်မုန်းပမာဏ ကျဆင်းသွားတဲ့အခါ ခန္ဓာကိုယ်က အဆီတွေကို တင်ပါးနဲ့ ပေါင်မှာ မစုတော့ဘဲ ဝမ်းဗိုက်ပိုင်းဆီကို ပြောင်းလဲစုဆောင်းလာတာကြောင့်ပါ။
👉🏻 အသက်အရွယ်ရလာတာနဲ့အမျှ
ဇီဝကမ္မဖြစ်စဉ် (Metabolism) နှေးကွေးလာပြီး ခန္ဓာကိုယ်ရဲ့ ကယ်လိုရီလောင်ကျွမ်းနှုန်းက ကျဆင်းသွားပါတယ်။
👉🏻အသက်ရလာရင် ကြွက်သားတွေ လျော့နည်းလာပြီး အဆီထုက ပိုများလာတတ်တာမလို့ ကြွက်သားနည်းလေ ကယ်လိုရီလောင်ကျွမ်းမှု နည်းလေဖြစ်တာကြောင့် ဝမ်းဗိုက်က တဖြည်းဖြည်းပိုပူလာရခြင်းပါပဲ...
👉🏻ကိုယ့်ရဲ့အ‌မေ ဒါမှမဟုတ် အဖွားဖြစ်သူတွေမှာလည်း သွေးဆုံးချိန် ဗိုက်ပူတဲ့အလေ့အထရှိရင် ကိုယ့်ဆီမှာလည်း ဖြစ်နိုင်ခြေ ပိုများပါတယ်။

✅ဝမ်းဗိုက်အဆီကို လျှော့ချဖို့ဆိုရင် စားသောက်မှုပုံစံရော၊ နေထိုင်မှုပုံစံပါ ပြောင်းလဲဖို့ လိုအပ်ပါတယ်။

🥕🥬🍅ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနဲ့ အစေ့အဆန်တွေဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်ပြည့်ရုံတင်မကဘဲ အဆီစုခြင်းကို လျော့နည်းစေတာမလို့ အမျှင်ဓာတ် (Fiber)ကို ပိုစားသုံးပေးပါ။

💪🏻ကြွက်သားထု မလျော့သွားအောင် ကြက်ဥ၊ ငါး၊ ပဲအမျိုးမျိုးနဲ့ အဆီမပါတဲ့ အသားတွေကို စားပေးပြီး အသားဓာတ် (Protein)ကို အလေးထားပေးပါ။

❌သကြားဓာတ်များတဲ့ အချိုရည်တွေ၊ မုန့်တွေဟာ ဝမ်းဗိုက်အဆီကို တိုက်ရိုက် တိုးပွားစေလို့ သကြားနဲ့ အချိုဓာတ်ကို ရှောင်နိုင်သလောက်ရှောင်ပေးပါ..

🥑ထောပတ်သီး၊ သံလွင်ဆီနဲ့ အခွံမာသီးတွေမှာပါတဲ့ ခန္ဓာကိုယ်အတွက် ကောင်းမွန်တဲ့ အဆီများကို အသင့်အတင့် စားသုံးပေးပါ။

ဝမ်းဗိုက်လေးချပ်နေဖို့ဆိုရင် လေ့ကျင့်ခန်းလုပ်ဆောင်ခြင်းကလည်း အရေးပါပါတယ်✅

🚶🏻‍♀️🚴🏻‍♀️အေရိုးဗစ်၊ လမ်းသွက်သွက်လျှောက်ခြင်း၊ ရေကူးခြင်း သို့မဟုတ် စက်ဘီးစီးခြင်းတို့ကို တစ်နေ့ မိနစ် ၃၀ ခန့် ပုံမှန်လုပ်ပေးပါ။

🧎🏻‍♀️ကြွက်သားတက်စေတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့ အလေးမတာ၊ ဒါမှမဟုတ် ကိုယ်အလေးချိန်ကို အသုံးပြုတဲ့ လေ့ကျင့်ခန်းတွေက ကြွက်သားထုကို ထိန်းသိမ်းပေးပြီး ဇီဝကမ္မဖြစ်စဥ် Metabolism ကို မြှင့်တင်ပေးပါတယ်။

💤 အိပ်ရေးပျက်ရင် ဗိုက်ဆာစေတဲ့ ဟော်မုန်းတွေ ထွက်လာတတ်တာကြောင့် တစ်ညကို အနည်းဆုံး ၇-၈ နာရီ ပြည့်ဝအောင် အိပ်ပေးပါ။

😞စိတ်ဖိစီးမှုများရင် "Cortisol" လို့ခေါ်တဲ့ ဟော်မုန်းထွက်လာပြီး အဲ့ဟော်မုန်းက ဗိုက်မှာ အဆီစုစေလို့ တရားထိုင်တာ ဒါမှမဟုတ် ဝါသနာပါရာ တစ်ခုခုလုပ်ပြီး စိတ်ကို အပန်းဖြေပါ။

💁🏻‍♀️သွေးဆုံးချိန်မှာ ခန္ဓာကိုယ်အပြောင်းအလဲက သဘာဝဖြစ်စဉ်တစ်ခုဆိုတာကို အပြုသဘောနဲ့ လက်ခံပြီး ဝမ်းဗိုက်အဆီက အလှအပတင်မကဘဲ နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့နဲ့လည်း ဆက်စပ်နေတာကြောင့် အခုကစလို့ အထက်ပါအချက်လေးတွေကို စတင်လုပ်ဆောင်ကြည့်ပြီး တဖြည်းဖြည်းချင်း ပြောင်းလဲကာ ဗိုက်ကလေးချပ်ပြီး ကျန်းမာလှပတဲ့ အမျိုးသမီးများအဖြစ် နေထိုင်သွားကြစို့နော် 🥰💜

၇၉ ကြိမ်မြောက်ကျရောက်တဲ့ "ပြည်ထောင်စုနေ့"ကို လေးစားစွာ ဂုဏ်ပြုကြိုဆိုရင်း စိတ်ချမ်းမြေ့ဖွယ်ရာ အားလပ်ရက်လေးဖြစ်ပါစေကြောင်...
12/02/2026

၇၉ ကြိမ်မြောက်ကျရောက်တဲ့ "ပြည်ထောင်စုနေ့"ကို လေးစားစွာ ဂုဏ်ပြုကြိုဆိုရင်း စိတ်ချမ်းမြေ့ဖွယ်ရာ အားလပ်ရက်လေးဖြစ်ပါစေကြောင်း APT Menopause မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်🙏🏻💜

APT ချစ်သူအမျိုးသမီးတိုင်း‌ ပျော်ရွှင်၊ကျန်းမာ၊လှပပြီး လုပ်ငန်းဆောင်တာများလည်း အောင်မြင်ကြပါစေရှင် 🥰

မိမိကိုယ်ကို ပိုချစ်ရမယ့် ရာသီဆည်းဆာဒီချိန်ခါ 💜"ဆည်းဆာချိန်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ မီးယပ်သွေးဆုံးချိန်ဟာ အမျိုးသမီးတစ...
08/02/2026

မိမိကိုယ်ကို ပိုချစ်ရမယ့် ရာသီဆည်းဆာဒီချိန်ခါ 💜

"ဆည်းဆာချိန်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ မီးယပ်သွေးဆုံးချိန်ဟာ အမျိုးသမီးတစ်ယောက်ရဲ့ ဘဝမှာ အဆုံးသတ်တစ်ခုမဟုတ်ဘဲ "မိမိကိုယ်ကို ပိုဂရုစိုက်ပြီး အသစ်ကပြန်စရမယ့် အခန်းကဏ္ဍသစ်တစ်ခု" သာ ဖြစ်ပါတယ်ရှင် 🥰

မီးယပ်သွေးဆုံးတာဟာ အိုမင်းခြင်းရဲ့ လက္ခဏာမဟုတ်ဘဲ ခန္ဓာကိုယ်က "အနားယူဖို့နဲ့ မိမိကိုယ်ကို ပြန်ချစ်ပေးဖို့" သတိပေးလိုက်တဲ့ နူးညံ့တဲ့ ဖိတ်ခေါ်သံလေးဖြစ်လို့

🌷ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်တိုတာ၊ အိပ်မပျော်တာ၊ ပူကနဲအေးကနဲ ဖြစ်တာတွေဟာ မိမိအပြစ်မဟုတ်ဘဲ သဘာဝဖြစ်စဥ်သာဖြစ်တာကို လက်ခံပြီး ဒီပြောင်းလဲမှုတွေကို စိတ်ရှည်ရှည်နဲ့ နားလည်လက်ခံပေးတာဟာ ကိုယ့်ကိုယ်ကိုယ် ချစ်ခြင်းရဲ့ ပထမဆုံးခြေလှမ်းပါပဲ.

🌷ကိုယ်တိုင်ကျန်းမာမှ ချစ်ရတဲ့သူတွေကို ဆက်လက် စောင့်ရှောက်နိုင်မှာမလို့ ဒီအချိန်မှာ အရိုးအဆစ်နဲ့ နှလုံးကျန်းမာရေးက အရေးကြီးဆုံးဖြစ်လို့ အာဟာရပြည့်ဝတာလေးတွေ ရွေးချယ်စားပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ဆောင်ပေးပါ..

🌷 တစ်သက်လုံး မိသားစုနဲ့ ပတ်ဝန်းကျင်အတွက် ပေးဆပ်ခဲ့ပြီးအခုအချိန်ဟာ ကိုယ်ဝါသနာပါတာလေးတွေ ပြန်လုပ်ဖို့၊ ကိုယ်ပျော်တဲ့အရာလေးတွေကို ရွေးချယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်လို့ မိမိစိတ်ချမ်းသာမှုကို ရှေ့တန်းတင်ပေးပါ။

💡လက်တွေ့လုပ်ဆောင်နိုင်မယ့် အချက်လေးတွေကတော့
💁🏻‍♀️Hot flashes ဖြစ်ခြင်းကို သက်သာစေဖို့ ရေများများသောက်ပေးပြီး အေးမြတဲ့ ဝတ်စုံတွေကို ရွေးချယ်ပါ။
💁🏻‍♀️စိတ်ဖိစီးမှုကို လျှော့ချပေးဖို့တရားမှတ်ပါ သို့မဟုတ် ဝါသနာပါရာ စာဖတ်ပါ။
💁🏻‍♀️တစ်ဦးတည်း အထီးကျန်တယ်လို့ မခံစားရ‌အောင် အားလပ်ချိန်မှာအပေါင်းအသင်း၊ သူငယ်ချင်းတွေနဲ့ စကားပြောပြီး အချိန်ကုန်ဆုံးပါ။

နေဝင်ချိန်ဟာ လှပသလို၊ သွေးဆုံးချိန်ဆိုတဲ့ ဆည်းဆာကာလဟာလည်း ရင့်ကျက်တည်ငြိမ်တဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေတာမလို့ ကိုယ့်ကိုယ်ကိုယ် ပြန်လည်ရှာဖွေတွေ့ရှိတဲ့ ဒီခရီးစဉ်မှာ မိမိကိုယ်ကို ဂရုစိုက်ပြီး ပိုချစ်ပေးတာကလည်း အရေးပါလို့ အမျိုးသမီးတိုင်း ကျန်းမာလှပစိတ်ချမ်းသာစေမှာအမှန်ပါပဲရှင် 🥰💜

Address

No. 32, Manawhari Road, Dagon Township
Yangon
11191

Website

Alerts

Be the first to know and let us send you an email when APT-Menopause posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share