APT-Menopause

APT-Menopause Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from APT-Menopause, Vitamins/Supplements, No. 32, Manawhari Road, Dagon Township, Yangon.

ဆောင်းရာသီမှာ Hot Flash (အသားပူတာ) နဲ့ Night Sweats(ညဘက်ချွေးထွက်တာ) သက်သာစေဖို့သွေးဆုံးကာလမှာ Estrogen ဟော်မုန်းကျဆင်းမ...
08/12/2025

ဆောင်းရာသီမှာ Hot Flash (အသားပူတာ) နဲ့ Night Sweats(ညဘက်ချွေးထွက်တာ) သက်သာစေဖို့

သွေးဆုံးကာလမှာ Estrogen ဟော်မုန်းကျဆင်းမှု‌ကြောင့် အသားပူတာနဲ့ ညဘက်ချွေးထွက်တဲ့လက္ခဏာတွေဖြစ်လာနိုင်ပါတယ်။
ဆောင်းရာသီမှာတော့ အအေးဓာတ်က အနည်းငယ် ကူညီပေးနိုင်ပေမယ့် အတွင်းပိုင်းကနေ အပူချိန် ရုတ်တရက်တက်လာတာကတော့ ဆက်ရှိနေနိုင်တာမလို့ သက်သာစေမယ့် နည်းလမ်းလေးတွေကို မျှဝေပေးလိုက်ပါတယ်ရှင် 💜

❄️ဆောင်းရာသီမှာ အပြင်ကအေးနေပေမယ့် အိမ်တွင်းအပူချိန်များနေတာ (သို့) အနွေးထည်အထူကြီးတွေကို ဝတ်တာကြောင့် Hot Flash နဲ့ Night Sweat က ပိုဆိုးနိုင်ပါတယ်။

🛏️ညအိပ်တဲ့အခါစောင်အထူကြီးတွေခြုံမယ့်အစား ပါးလွှာတဲ့စောင် (သို့မဟုတ်) လိုအပ်ရင် စောင်အပါးနှစ်ထည်ကို အသုံးပြုပြီး ပူလာရင် ချက်ချင်း ဖယ်ရှားပစ်လို့ရအောင် ကြိုပြင်ပြီးမှအိပ်ပါ။ အိပ်ယာခင်းကိုလည်း ချည်သားသာအသုံးပြုပေးပါ။

🌃 ညအိပ်ဝတ်စုံကို ချည်သားသို့မဟုတ် Linen (လီနင်) လိုမျိုး အသက်ရှုချောင်တဲ့ ခပ်ပွပွအဝတ်အစားကို ဝတ်ဆင်ပါ။ အနွေးထည်ဝတ်အိပ်ရင်လည်း ခပ်ပါးပါးကိုသာ ရွေးချယ်ပါ။ အပြင်ထွက်တဲ့အခါလည်း အေးတဲ့အခါ အဝတ်အထူကြီးအစား အနွေးထည်အပါး ၊ ဦးထုပ်၊ မာဖလာစတဲ့ အပူချိန်တက်လာရင် အလွယ်တကူ ဖယ်ရှားပစ်လို့ရတဲ့ အဝတ်အထည်များကို ရွေးချယ်ပေးပါ။

ဆောင်းရာသီမှာ ☕ ကော်ဖီပူပူ၊ ဟင်းရည်ပူပူကို သောက်‌လေ့ရှိပေမယ့် အရမ်းပူတဲ့ အစားအစာတွေဟာ Hot Flash ကို ချက်ချင်း လှုံ့ဆော်နိုင်လို့ အပူချိန်ကို အနည်းငယ်‌လျော့အောင်လုပ်ပြီးမှ ဖြည်းဖြည်းချင်း သောက်ပါ။

🍷🥃ဝိုင်နဲ့အရက်စတာတွေက သွေးကြောတွေကို ကျယ်စေပြီး Hot Flash ကို ညဘက်မှာ ပိုဖြစ်စေနိုင်တာမလို့ အရက်သောက်သုံးခြင်းကို လျှော့ချပါ❗

🌡️Hot Flash စဖြစ်ပြီလို့ ခံစားရတာနဲ့ ချက်ချင်း ရေအေးအေးလေးကို ဖြည်းဖြည်းချင်း သောက်ပေးပါ။

🧘🏻‍♀️ဆောင်းရာသီဖြစ်ဖြစ်၊ နွေရာသီဖြစ်ဖြစ် စိတ်ဖိစီးမှုက Hot Flash ကို ပိုဆိုးစေတာကြောင့် အသက်ရှူလေ့ကျင့်ခန်း၊ ယောဂ၊ တရားထိုင်ခြင်းတို့ကို ပုံမှန် ပြုလုပ်ပေးပါ...

💁🏻‍♀️ခန္ဓာကိုယ်ရဲ့ အပူချိန်ထိန်းညှိမှုကို ကောင်းမွန်စေဖို့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးပါနော်

Hot Flash နဲ့ Night Sweat ဖြစ်တာတွေကို ကာကွယ်ထိန်းချုပ်ဖို့က အပူချိန်ကို အလွှာလိုက်ထိန်းချုပ်တာကအဓိကကျသလို

✔️APT Menopause မှာပါဝင်တဲ့ Soybean Extract ကြောင့် Estrogen ဟော်မုန်းလျော့နည်းမှုကို အထိုက်အလျောက်ကာကွယ်ပေးနိုင်တာမလို့ ညဘက် ချွေးထွက်တာနဲ့ အသားတွေပူတာစတဲ့ မီးယပ်လက္ခဏာရပ်တွေကို လျော့နည်းသက်သာစေနိုင်ပါတယ်ရှင်...

Hot Flash နဲ့ Night Sweat လက္ခဏာတွေကို APT နဲ့အတူ ကာကွယ်လိုက်ကြရအောင် 🤗💜


✨ လှပကျန်းမာ APT Menopause ကြောင့် စိတ်ချမ်းသာ ✨မီးယပ်ကာလဟာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပါ်လာလေ့ရှိပေ...
07/12/2025

✨ လှပကျန်းမာ APT Menopause ကြောင့် စိတ်ချမ်းသာ ✨

မီးယပ်ကာလဟာ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ၊ စိတ်ဖိစီးမှုတွေ ဖြစ်ပါ်လာလေ့ရှိပေမယ့် APT Menopause နဲ့ဆို ပိုမိုသက်သာပြီး မိမိကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ပြန်လည်နေထိုင်နိုင်ပါပြီ။

💛 APT Menopause မှာ ပါဝင်တဲ့
• Magnesium
• Lemon Balm
• Soybean Extract
• Vitamin C
• Thiamine တို့က သွက်လက်တဲ့ တနေ့တာအတွက် အားအင်မြှင့်ပေးပြီး 🌿 မီးယပ်ကာလကို အပူပင်ကင်းကင်းနဲ့ အလှပနဲ့ ကျန်းမာရေးကို ထိန်းသိမ်းနိုင်စေတဲ့ ထောက်ပံ့မှုတစ်ခုအဖြစ် ရှိနေပေးမှာပါ 🤍

✨ APT Menopause — မီးယပ်ကာလကို ပျော်ရွှင်ဖွယ်ရာ အတွေ့အကြုံတစ်ခုအဖြစ် ပြောင်းလဲပေးပါတယ်✨

✨ သင့်တင့်တဲ့ ကျန်းမာရေး APT နဲ့ ဂရုစိုက်ပေး ✨ပြောင်းလဲနေတဲ့ ဟော်မုန်းတွေကြောင့်😩 စိတ်မတည်ငြိမ်တာ🥵 ရင်ပူတာ💤 အိပ်ရေးပျက် ...
03/12/2025

✨ သင့်တင့်တဲ့ ကျန်းမာရေး APT နဲ့ ဂရုစိုက်ပေး ✨

ပြောင်းလဲနေတဲ့ ဟော်မုန်းတွေကြောင့်
😩 စိတ်မတည်ငြိမ်တာ
🥵 ရင်ပူတာ
💤 အိပ်ရေးပျက် အိပ်မပျော်တာ
💪 အင်အားများ လျော့နည်းလာတာတွေကို
တစ်ယောက်တည်း ရင်ဆိုင်စရာမလိုတော့ပါဘူး…

APT က သင့်ကို တစ်နေ့တာလုံး ကိုယ်စိတ်သက်သာပေါ့ပါးပြီး သင့်တင့်စွာ ပျော်ရွှင်ကျန်းမာနေစေဖို့
လိုအပ်တဲ့ ဓာတ်များနဲ့ ဖြည့်တင်းပေးထားပါတယ်။

✔️ Magnesium – စိတ်တည်ငြိမ်စေပြီး အိပ်ပျော်စေတယ်
✔️ Vitamin C & Thiamine – ကိုယ်ခံအားကောင်းစေပြီး မောပန်းလွယ်တာ လျော့စေတယ်။
✔️ Soybean Extract – Hormone balance အတွက် အထူးကောင်းမွန်တယ်
✔️ Lemon Balm – စိတ်အေးအေးလေးနဲ့ တည်ငြိမ်စေတယ်။

မျှတကောင်းမွန်တဲ့ဖော်မြူလာနဲ့ မီးယပ်ကျန်းမာရေးကို APT နဲ့ ဂရုစိုက်လိုက်ပါ ❤️

ရာသီအကူးအပြောင်းနဲ့ အမျိုးသမီးကျန်းမာရေး ဆောင်းရာသီအတွင်း အအေးဒဏ်က မီးယပ်ဆိုင်ရာ ကျန်းမာရေး အပါအဝင် ကျန်းမာရေးရဲ့ အစိတ်အ...
02/12/2025

ရာသီအကူးအပြောင်းနဲ့ အမျိုးသမီးကျန်းမာရေး

ဆောင်းရာသီအတွင်း အအေးဒဏ်က မီးယပ်ဆိုင်ရာ ကျန်းမာရေး အပါအဝင် ကျန်းမာရေးရဲ့ အစိတ်အပိုင်းများစွာကို ထိခိုက်စေနိုင်ပါတယ်။ ဆောင်းရာသီမှာ အမျိုးသမီးတွေ ကြုံတွေ့ရနိုင်တဲ့ မီးယပ်ဆိုင်ရာ ပြောင်းလဲမှုတွေကတော့
✅ရာသီလာချိန် ပြောင်းလဲမှုတွေ၊
✅မိန်းမကိုယ် ခြောက်သွေ့မှု တိုးလာခြင်းနဲ့
✅ဆီးလမ်းကြောင်း ပိုးဝင်ခြင်း (UTIs) တို့ပဲ ဖြစ်ပါတယ်။

၁။ ရာသီစက်ဝန်းပြောင်းလဲမှုများ

အမျိုးသမီးအများစုက ရာသီမမှန်တတ်ပြီး တစ်ခါတစ်ရံမှာ ရာသီလာတဲ့ရက်များက တစ်လထက်ပိုပြီးကြာရှည်နိုင်ပါတယ်။ စိတ်ဖိစီးမှု၊ လူနေမှုပုံစံပြောင်းလဲမှုများ သို့မဟုတ် ဟော်မုန်းမညီမျှမှုတွေကြောင့် ပြင်းထန်သောနာကျင်မှုကို ခံစားရနိုင်ပါတယ်။

၂။ မိန်းမကိုယ်ခြောက်သွေ့မှု မြင့်တက်လာခြင်း

စိုထိုင်းဆ လျော့နည်းခြင်း- ဆောင်းရာသီမှာ အအေးဓာတ်နဲ့ ခြောက်သွေ့တဲ့အပူကြောင့် မိန်းမကိုယ်တစ်ရှူးများက ပိုမိုခြောက်သွေ့လာတတ်ပြီး ယားယံခြင်းနဲ့ မသက်မသာဖြစ်ခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

၃။ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs)

အရည်သောက်သုံးမှုနည်းခြင်း- အမျိုးသမီးများက နွေရာသီထက် ဆောင်းရာသီမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုမိုဖြစ်ပွါးနိုင်ခြေရှိပါတယ်။ ရေသောက်သုံးမှုနည်းခြင်းက ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေနိုင်ပြီး ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTIs) ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။

ဆောင်းရာသီအတွင်း အမျိုးသမီးများအနေနဲ့ မီးယပ်ဆိုင်ရာ ပြောင်းလဲမှုအမျိုးမျိုးကို ကြုံတွေ့ရနိုင်ပြီး ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ သင့်တင့်တဲ့ အာဟာရ၊ ဖြည့်စွက်စာနဲ့ ကိုယ်ခန္ဓာလေ့ကျင့်ခန်းများက ကျန်းမာရေးအတွက် အထောက်အကူပြုစေမှာပါ။

ကျန်းမာလှပ အမျိုးသမီးတို့ဘဝ APT နဲ့မှ …

#သွေးဆုံးမခက်ဆေးစွမ်းတစ်လက်

✨ ကျန်းမာနုပျို APT Menopause နဲ့ဆို…မီးယပ်ဝင်ချိန်‌ရောက်တဲ့အခါ➡️ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ➡️ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော...
27/11/2025

✨ ကျန်းမာနုပျို APT Menopause နဲ့ဆို…

မီးယပ်ဝင်ချိန်‌ရောက်တဲ့အခါ
➡️ ခန္ဓာကိုယ်ပြောင်းလဲမှုတွေ
➡️ စိတ်ဓာတ်ကျခြင်း၊ အိပ်မပျော်ခြင်း
➡️ ကိုင်တွယ်ရခက်တဲ့ ခန္ဓာကိုယ်ရဲ့ ပြောင်းလဲမှုတွေက မလွဲမသွေတွေ့ကြုံရမှာပါပဲ။

ဒါပေမယ့်…APT Menopause နဲ့ဆို သွေးဆုံးကာလကို ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ရင်ဆိုင်နိုင်ပါတယ်။

💊 APT Menopause မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေက ဘာတွေကိုကူညီပေးလဲ?

✔ Magnesium + Calcium
အရိုးသန်စွမ်း‌မှုကောင်းစေပြီး မှတ်ဉာဏ်အား၊ အာရုံစူးစိုက်မှာအားကို တိုးစေပါတယ်။

✔ Lemon Balm
စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှု‌တွေကို သက်သာစေပြီး အိပ်ရာဝင်လွယ်တယ်။

✔ Soybean Extract (သဘာဝ Phytoestrogen)
မီးယပ်ဝင်ချိန်ရဲ့ Estrogen လျော့သွားခြင်းကို သဘာဝနည်းလမ်းနဲ့ ထောက်ပံ့ပေးပါတယ်။

✔ Vitamin C နဲ့ Thiamine (B1)
ဦးနှောက်ပင်ပန်းမှု လျော့စေပြီး immune system ကိုပါ တိုးတက်စေပါတယ်။

🌿 နေ့စဉ် Energy ပြန်ရကာ
🌿 စိတ်ချမ်းသာပြီး အိပ်‌ပျော်စေပြီး
🌿 ခန္ဓာကိုယ်လှပသန်စွမ်းသူ

တစ်ယောက်ဖြစ်စေဖို့ APT Menopause ကို သောက်သုံးကြစို့…

မီးယပ်ကျန်းမာရေး အသိကပ်ပေး မီးယပ်သွေးဆုံးခြင်း (Menopause) ဆိုတာ အမျိုးသမီးတိုင်း အသက်အရွယ်တခုရောက်လာတဲ့အခါ ကြုံကိုကြုံတ...
22/11/2025

မီးယပ်ကျန်းမာရေး အသိကပ်ပေး

မီးယပ်သွေးဆုံးခြင်း (Menopause) ဆိုတာ အမျိုးသမီးတိုင်း အသက်အရွယ်တခုရောက်လာတဲ့အခါ ကြုံကိုကြုံတွေ့ရမယ့် စက်ဝန်းတစ်ခုပါ။
ဒီလို အချိန်မှာ ❌ “အိုမင်းရင့်ရော်လာပြီ” ဆိုတဲ့အတွေးတွေကို ဖယ်ထုတ်ပြီး ✔️ ကိုယ့်ကိုယ်ကို ပိုကောင်းအောင် upgrade လုပ်နိုင်တဲ့ Second Spring တစ်ခုအနေနဲ့ လက်ခံသင့်ပါတယ်ရှင်

အမျိုးသမီးဘဝရဲ့ ဒုတိယနွေဦးကာလလေးဖြစ်တဲ့ မီးယပ်သွေးဆုံးကာလမှာ ဖြစ်တတ်တဲ့ ပြောင်းလဲမှုတွေက

🔥 ကိုယ်သားကိုယ်ရေ ပူပြင်းလာခြင်း
😔 ထိလွယ်ရှလွယ်ခြင်း
😴 အိပ်လို့မပျော်ခြင်း
💧 မိန်းမကိုယ်ခြောက်သွားခြင်း
🦴 အရိုးသိပ်သည်းဆကျဆင်းခြင်း တွေဖြစ်လာနိုင်ပါတယ်။

အစာလည်းဆေး ဆေးလည်းအစာအနေနဲ့ သွေးဆုံးကာလမှာ အဓိကအားဖြည့်သင့်တဲ့အစားစာတွေကတော့

✔ အရိုးသန်မာစေဖို့ Calcium + Vitamin D
✔ မှတ်ဉာဏ်နဲ့ အာရုံကြောအားကောင်းဖို့အတွက် Omega 3
✔ ရင်ပူခြင်းအတွက် Soy Beans
✔ အိပ်စက်ရာမှာအထောက်အကူပြုတဲ့ Magnesium
✔ စိတ်ညစ်စရာတွေ လျှော့ချပေးမယ့် Lemon Balm / Vitamins B တွေကို စားသုံးသင့်ပါတယ်။

လိုအပ်သမျှ အာဟာရကို တခါတည်းစားသုံးနိုင်ဖို့ အခက်ခဲရှိတဲ့အခါ ဖြည့်စွက်ဓာတ်စာ APT Menopause ကို သောက်သုံးနိုင်ပါတယ်ရှင်
APT Menopause မှာ
Ⓜ️ဟော်မုန်းအတက်အကျကို ထိန်းညှိပေးကာ စိတ်အာဟာရဖြည့်ပေးတဲ့ မဂ္ဂနီဆီယမ်
🍋 အာရုံစူးစိုက်မှုကိုကောင်းမွန်စေပြီး အိပ်စက်ခြင်းကိုအထောက်အကူပြုတဲ့ Lemon Balm ဆေးပင်နဲ့
🥛အရိုးကျန်းမာရေးအတွက် ပဲပိစပ်
🔠 အာရုံကြောစနစ်ကိုကောင်းမွန်စေတဲ့ ဗီတာမင် C၊B1၊ B6 ၊ Thiamine

တို့အချိုးကျနစွာပါဝင်ပါတဲ့အတွက် ၁ နေ့ ၁ လုံးပုံမှန်သုံးစွဲရုံနဲ့ ကျန်းမာပျော်ရွှင်တဲ့ မိန်းမသားဘဝ ဒုတိယနွေဦးကို ကျော်ဖြတ်လိုက်ပါ ။

ကျန်းမာလှပ အမျိုးသမီးတို့ဘဝ APT နဲ့မှ …

#သွေးဆုံးမခက်ဆေးစွမ်းတစ်လက်

ကျန်းမာလှပအမျိုးသမီးတို့ဘဝ APT Menopause နဲ့မှကျန်းမာခြင်းကိုမှ လှပခြင်းနဲ့ယှဉ်တွဲပိုင်ဆိုင်နိုင်ဖို့က အမျိုးသမီးတိုင်းရ...
15/11/2025

ကျန်းမာလှပအမျိုးသမီးတို့ဘဝ APT Menopause နဲ့မှ

ကျန်းမာခြင်းကိုမှ လှပခြင်းနဲ့ယှဉ်တွဲပိုင်ဆိုင်နိုင်ဖို့က အမျိုးသမီးတိုင်းရဲ့ အိမ်မက်ပါ။ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေမရှိတော့ ရုပ်ရဲ့နုပျိုခြင်းတွေကိုလည်းမထိခိုက်နိုင်ပါဘူး။

APT Menopause မှာ🩸ရာသီသွေးဆုံးခြင်းနဲ့ ပတ်သက်တဲ့ ပြင်းထန်လက္ခဏာများကို ကာကွယ်ပေးပြီး စိတ်အတက်အကျကိုထိန်းညှိ၊ အရိုးကျန်းမာရေးကို တိုးမြှင့်ပေးပြီး အမျိုးသမီးများနေ့စဉ် 💪🏻အာဟာရဖြည့်စွက်ရန်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေ အချိုးကျနစွာပါဝင်ပါတယ်။

ဒါကြောင့် အသက်ရလာတဲ့အမျိုးသမီးတွေအနေနဲ့ မီးယပ်ကျန်းမာရေးအဆင်ပြေပြီး လှပတဲ့ဘဝကို ပိုင်ဆိုင်နိုင်ဖို့ APT Menopause နဲ့ Life Quality ကို မြှင့်တင်လိုက်ပါ။

သွေးဆုံးမခက် ဆေးစွမ်းတစ်လက် 💊

🌸 သားအိမ်ရေအိတ်တည်ခြင်း 👩‍⚕️ သားအိမ်အတွင်းမှာ ဖြစ်တတ်တဲ့ “ရေအိတ်” တည်ခြင်းသည် သားသမီးမရနိုင်ခြင်းတဲ့အထိ ဖြစ်နိုင်တဲ့အတွက...
14/11/2025

🌸 သားအိမ်ရေအိတ်တည်ခြင်း

👩‍⚕️ သားအိမ်အတွင်းမှာ ဖြစ်တတ်တဲ့ “ရေအိတ်” တည်ခြင်းသည် သားသမီးမရနိုင်ခြင်းတဲ့အထိ ဖြစ်နိုင်တဲ့အတွက် သတိထားကာ ပုံမှန် Check up လုပ်ကြည့်သင့်တဲ့ ကျန်းမာရေးပြဿနာပဲဖြစ်ပါတယ်။

💡 သားအိမ်ရေအိတ်တည်ခြင်း ဖြစ်နိုင်တဲ့အကြောင်းများမှာ

🩸 ဟော်မုန်းမညီမျှခြင်း (Estrogen ပိုခြင်း)
👩‍👩‍👧 မိသားစု၊ မျိုးရိုးနဲ့ ဆက်နွယ်မှုရှိခြင်း
🍔 အဝလွန်ခြင်း
😥Stress များခြင်း
များကြောင့်ဖြစ်နိုင်ပါတယ်။

သားအိမ်ရေအိတ်တည်ခြင်း ကို ဆောလျင်စွာ သိရှိနိုင်ရန်အတွက် ⚠️ သတိထားရမယ့် လက္ခဏာများ
🔹 ရာသီစက်ဝန်းအတွင်း သွေးဆင်းများခြင်း
🔹 ဝမ်းဗိုက်အောင့်ခြင်း / နာခြင်း
🔹 သားအိမ်ရောင်လာခြင်း
🔹 ကလေးရဖို့မလွယ်ကူခြင်း

သားအိမ်ရေအိတ်တည်မှု ဖြစ်နိုင်ခြေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေကတော့...

🥦 အသီးအရွက်နဲ့ ပရိုတင်းပါဝင်တဲ့အစားအစာ များများစားပါ
🚫 သကြားနဲ့ Processed Food လျှော့စားပါ
💧 Stress တွေလျှော့ဖို့ တရားထိုင်ခြင်း Yoga ကစားခြင်း လုပ်ပါ
🏃‍♀️ လေ့ကျင့်ခန်း အမြဲတမ်းလုပ်ပါ။

ပုံမှန်ထက် သွေးဆင်းများခြင်း၊ မကြာခဏ ဆီးစပ်ကိုက်ခြင်း၊ ဝမ်းဗိုက်နာခြင်းများ ဖြစ်လာခဲ့လျှင် 👩‍⚕️ နီးစပ်ရာ ဆရာဝန်နှင့် ဆွေးနွေးပြသရန် အကြံပြုလိုပါတယ်ရှင်
APT-Menopause မှာ ပါဝင်တဲ့ အစွမ်းထက် ဗီတာမင်နဲ့ အာဟာရတန်ဖိုးတွေက အမျိုးသမီးတွေရဲ့ ဓမ္မတာသွေးဆုံးချိန်မှာ ဖြစ်တတ်တဲ့ ဝေဒနာတွေကို 🧘‍♀️စိတ်စွမ်းအင်ပြည့်ဝ 💪🏻ကိုယ်ခန္ဓာအာဟာရရှိစွာ ခုခံကာကွယ်နိုင်စေဖို့ အထောက်အကူလည်းပြုပေးပါတယ်။

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းညတန်ဆောင်မုန်းလပြည့်နေ့  🙏ဒီနေ့လေးဟာ ဆေးတို့အစွမ်းထက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ရက်မဟာပဲဖြစ်ပ...
04/11/2025

ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းည
တန်ဆောင်မုန်းလပြည့်နေ့ 🙏

ဒီနေ့လေးဟာ ဆေးတို့အစွမ်းထက်တဲ့ တန်ဆောင်မုန်းလပြည့်နေ့ ရက်မဟာပဲဖြစ်ပါတယ်။ ကျန်းမာပျော်ရွှင်ပြီး လှပတဲ့နေ့ရက်တိုင်းကို တန်ဆောင်မုန်းလပြည့်မှစ၍ ပိုင်ဆိုင်နိုင်ကြပါစေလို့ APT Family မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ဟော်မုန်းမျှတကျန်းမာဖို့အတွက် အမျိုးသမီးတစ်ဉီးရဲ့ ကိုယ်စိတ် ခန္ဓာ ကျန်းမာနေဖို့ရာအတွက် ဟော်မုန်းမျှတဖို့က အရေးကြီးတဲ့ အခ...
28/10/2025

ဟော်မုန်းမျှတကျန်းမာဖို့အတွက်

အမျိုးသမီးတစ်ဉီးရဲ့ ကိုယ်စိတ် ခန္ဓာ ကျန်းမာနေဖို့ရာအတွက် ဟော်မုန်းမျှတဖို့က အရေးကြီးတဲ့ အခန်း ကဏ္ဍမှာပါဝင်နေပါတယ်ရှင်
ဒါကြောင့် အရွယ် ၃ ပါး မိန်းမသား အားလုံးကို ပျော်ရွှင် ကျန်းမာစေချင်တဲ့ APT-Menopause က အသက်အရွယ်မရွေး 🌿 ဟော်မုန်း Balance ဖြစ်စေဖို့ သဘာဝနည်းလမ်း ၉ ချက် ကိုဖော်ပြပေးလိုက်ပါတယ်ရှင်...

1️⃣ စိတ်ရော ကိုယ်ပါ ကျန်းမာပြည့်ဝနေဖို့အတွက် အသားဓာတ် (Protein ) ကို လုံလောက်ကြွယ်ဝစွာစားဖို့ လိုအပ်ပါတယ်။

ဥပမာ – ငါး၊ ကြက်သား၊ ငရုပ်သီးနဲ့ပဲပုပ်တို့ စားပါ။

2️⃣ ကျန်းမာတဲ့အဆီတွေကို စားသုံးပါ။

ဥပမာ – ထောပတ်သီး၊ နွားနို့၊ အချိုမပါသော nuts။

3️⃣ သကြား/ အချိုများကို လျှော့စားပါ 🚫🍭

ဥပမာ – Soft drinksနဲ့ အသင့်စားများ၊ အချိုလွန်ကဲတဲ့ အစားစာများကို လျှော့စားပါ။

4️⃣ ဝမ်းတွင်းကြည်လင်သန့်စင်ဖို့အတွက် အမျှင်ဓာတ် (fiber) ပါဝင်တာလေးတွေစားပါ

ဥပမာ – အသီးအနှံ၊ အစိမ်းရောင်အရွက်များ။

5️⃣ပရိုဘိုင်အိုတစ် ကြွယ်ဝစွာ ပါဝင်တဲ့အစားအစာ စားပါ 🥣

ဥပမာ – ငပိ၊ yogurt, kimchi, kombucha စတာတွေ။

6️⃣ ကျန်းမာတဲ့ ကိုယ်အလေးချိန် ထိန်းသိမ်းပါ ⚖️
ဥပမာ – အစားအစာအချိုးကျ စားပြီး လေ့ကျင့်ခန်းလည်း တဖြည်းဖြည်း လုပ်ပါ။

7️⃣အာဟာရဖြည့်စွက်ပစ္စည်း သုံးပါ 💊
ဥပမာ – Omega-3 oil, ဗီတာမင် D, B-complex, Magnesium ကြွယ်ဝစွာပါဝင်တဲ့ APT-Menopause ကဲ့သို့ အားဆေးဓါတ်စာ မှီဝဲပါ။

8️⃣ကောင်းစွာ အိပ်စက် အနားယူပါ 😴
ဥပမာ – တစ်ည ၇ နာရီကျော် အိပ်စက်အနားယူဖို့ ကြိုးစားပါ။

9️⃣စိတ်ဖိစီးမှု လျှော့ပါ 🧘‍♀️
ဥပမာ – Meditation, yoga, သီချင်းနားထောင်ခြင်း စိတ်အပန်းဖြေပါ

ပျော်ရွှင်လှပ အမျိုးသမီးတို့ဘဝအတွက် APT-Menopause

#သွေးဆုံးမခက်ဆေးစွမ်းတစ်လက်

APT Menopause ကပေးသော နှလုံးကျန်းမာရေး🌹🥀သွေးဆုံးပြီး 🫀အမျိုးသမီးများမှာနှလုံးရောဂါဖြစနိုင်ခြေ ပိုများလာပါတယ်။ APT Menopa...
27/10/2025

APT Menopause ကပေးသော နှလုံးကျန်းမာရေး

🌹🥀သွေးဆုံးပြီး 🫀အမျိုးသမီးများမှာနှလုံးရောဂါဖြစနိုင်ခြေ ပိုများလာပါတယ်။ APT Menopause မှာပါဝင်တဲ့ ဖောလစ်အက်ဆစ်က နှလုံးသွေးကြောဆိုင်ရာရောဂါအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့ homocysteine ကို လျှော့ချပေးနိုင်ပါတယ်။

ဒါ့အပြင် APT Menopause ရဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်တဲ့ ပဲပိစပ်မှာက အရည်အသွေးမြင့် ပရိုတင်း၊ နှလုံးကျန်းမာစေတဲ့အဆီများ၊ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်ကဲ့သို့သော မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များစွာလည်း ပါဝင်ပြန်ပါတယ်။

သွေးဆုံးခြင်းရဲ့ နောက်ဆက်တွဲအနေနဲ့
🚫အဝလွန်ခြင်း
🚫နှလုံးနဲ့ဆက်စပ်တဲ့ရောဂါများ
🚫အရိုးပွ ၊ အရိုးကျွတ်ခြင်းနဲ့
🚫ရင်သားကျန်းမာရေးကိုပါ ထိခိုက်လာနိုင်ပါတယ်။

ဒါတွေကို ကာကွယ်ပြီး ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ဖို့ APT Menopause နဲ့အတူ Life Quality ကို မြှင့်တင်လိုက်ပါ ❤️

ကျန်းမာလှပ အမျိုးသမီးတို့ဘဝ APT နဲ့မှ …

#သွေးဆုံးမခက်ဆေးစွမ်းတစ်လက်

18/10/2025

🥀"သွေးဆုံးတယ်"ဆိုတာ
အမျိုးသမီးတစ်ယောက်ရဲ့ 💪အချိုးကွေ့တစ်ခုသာ ဖြစ်ပါတယ်နော်
အချို့ကွေ့လေးမှာ ဟော်မုန်း အပြောင်းအလဲတွေကြောင့် 😤အနည်းငယ် ကသိကအောင့်နိုင်ပေမယ့် စိတ်ဓာတ်ကျစရာ ဝမ်းနည်းစရာမဟုတ်ပါဘူးနော်

APT Menopause ရှိနေရင် သွေးဆုံးချိန်မှာလည်း လုံးဝမခက်ခဲစေရပါဘူးနော်

သွေးဆုံးမခက်တဲ့ ဆေးစွမ်းတလက်ဖြစ်တဲ့ APT Menopause နဲ့ အတူ 😊ပျော်ရွှင်ကျန်းမာ ကြံ့ခိုင်သန်မာစွာ အမျိုးသမီးတိုင်း သွေးဆုံးချိန်ကို ဖြတ်သန်းနိုင်ကြပါစေလို့ ကမ္ဘာ့ Menopause နေ့မှာ APT Menopause မှ ဆန္ဒပြုလိုက်ရပါတယ်ရှင် 🙏

APT Menopause နဲ့လက်တွဲပြီး ကောင်းမွန်တဲ့နေ့ရက်တွေကို ဖြတ်ကျော်ကြရအောင်လားရှင် 💪🏻

Address

No. 32, Manawhari Road, Dagon Township
Yangon
11191

Website

Alerts

Be the first to know and let us send you an email when APT-Menopause posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram