ပရိုတက်နိုင်တင်း

ပရိုတက်နိုင်တင်း ကျန်းမာပျော်ရွှင်ပြီး အောင်မြင်တဲ့ လူနေမှု ဘဝဆီသို့

အိမ်တိုင်း မိသားစုတိုင်း ဆောင်ထားသင့်တဲ့ ဆေးများအကြောင်း💊💉ဝေဒနာတစ်ခုခုခံစားရတဲ့အခါ အရေးပေါ်အနေနဲ့ အိမ်မှာ ဆေးဝါးမရှိဘူးဆ...
18/05/2022

အိမ်တိုင်း မိသားစုတိုင်း ဆောင်ထားသင့်တဲ့ ဆေးများအကြောင်း💊💉

ဝေဒနာတစ်ခုခုခံစားရတဲ့အခါ အရေးပေါ်အနေနဲ့ အိမ်မှာ ဆေးဝါးမရှိဘူးဆိုရင် အခက်အခဲတွေ ကြုံတွေ့ရနိုင်ပါတယ်။ ဒါကြောင့် အိမ်တစ်အိမ်မှာ ရှိသင့်တဲ့ ဆေးဝါးတွေကို ပရိုတက်နိုင်တင်း မှ စုစည်းဝေမျှပေးလိုက်ပါတယ်ရှင်။😇

၁။ ဖျားနာ ကိုက်ခဲပျောက်ဆေး
၂။ ဓာတ်ဆား
၃။ နှာစေးနှာပိတ်ပျောက်ဆေး
၄။ ချောင်းဆိုးပျောက်ဆေး
၅။ ဝမ်းပျက်ဝမ်းလျောပျောက်ဆေး
၆။ အစာအိမ် လေဆေး
၇။ အမူးအမော်ပျောက်ဆေး
၈။ အနာကပ်ပလာစတာ ၊ ဆေးဝါရည် နဲ့ အရက်ပြန်၊ ဂွမ်း၊ ပတ်တီး
၉။ ဒဏ်ကြေလိမ်းဆေး
၁၀။ ယားနာလိမ်းဆေး

ဒီအရေးပေါ်ဆေးတွေကို အိမ်မှာ ဆေးသေတ္တာအနေနဲ့ စုစည်းပြီးထားမယ်ဆိုရင် ဝေဒနာတစ်ခုခုခံစားရတဲ့အခါ သက်သာအောင် အရေးပေါ်ကုသနိုင်ပြီမို့ ဆောင်ထားကြဖို့တိုက်တွန်းလိုက်ပါတယ်ရှင်။🤗

အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာများ👉အပူလျှပ်ခြင်းဆိုတာ ပူရာကနေ ရုတ်တရက် အေးသွားတဲ့အခြေအနေတွေကြောင့် သွေးကြောတွေရဲ့ တု...
07/04/2022

အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာများ

👉အပူလျှပ်ခြင်းဆိုတာ ပူရာကနေ ရုတ်တရက် အေးသွားတဲ့အခြေအနေတွေကြောင့် သွေးကြောတွေရဲ့ တုန့်ပြန်မှုတွေမမှန်တော့တဲ့ အခြေအနေမျိုးကို ဆိုလိုတာဖြစ်ပါတယ်။ များသောအားဖြင့် လူတွေက နေပူထဲကပြန်လာပြီး ရေချိုးလိုက်လို့ အပူလျှပ်တယ်ဆိုပြီး ထင်တတ်ကြပါတယ်။
တကယ်က ရေဓာတ် နဲ့ ဓာတ်ဆားဓာတ်တွေ ချို့တဲ့ပြီး မမျှတတဲ့အခါမျိုးမှာ Heat Stroke လို့ခေါ်တဲ့ အပူလျှပ်ခြင်း ဖြစ်တတ်တာပါ။ အခုလို ပူပြင်းတဲ့ နွေရာသီမှာဆိုရင် ပိုပြီး အဖြစ်များလေ့ရှိပါတယ်။ အပူဒဏ်ကြောင့် ချွေးတွေထွက်တဲ့အခါ ချွေးထဲကနေ ဆားဓာတ်တွေပါသွားပြီး ဆီးသွားတဲ့အခါ ဆီးအရောင်ရင့်လာတာကို ကြုံလာရမှာပါ။ ဒါကြောင့် ရေများများသောက်ဖို့လိုအပ်ပါတယ်။🥛

🍶ရေဓာတ်ကို လုံလောက်စွာ မဖြည့်တင်းပေးရင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်နဲ့ ဆားဓာတ်တွေ မမျှတဘဲ အပူလျှပ်ခြင်းဖြစ်ဖို့ ပိုမိုလွယ်ကူစေနိုင်လို့ပါ။

🔴အပူလျှပ်ခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဦးနှောက်၊ နှလုံး၊ ကျောက်ကပ်နဲ့ ကြွက်သားတွေကို ထိခိုက်ပျက်စီးစေနိုင်တဲ့အတွက် မိမိကိုယ်ကို ပိုမိုဂရုစိုက်ကာကွယ်ကြဖို့လိုအပ်ပါတယ်။ အဝလွန်သူများ၊ နာတာရှည်ရောဂါရှင်များနဲ့ အဆုတ်ရောဂါခံစားနေရသူတွေအနေနဲ့ အပူလျှပ်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။

ဒီလိုအပူလျှပ်တဲ့အခါမှာလည်း အပူကြီးပြီး ဖျားနေသူကို ✖အဓိကအားဖြင့် စောင်အထူတွေ အနွေးထည်အထူတွေမဝတ်ပေးဖို့ ကိုသတိပြုသင့်ပါတယ်။
✅သက်သောင့်သက်သာရှိစေမယ့် အဝတ်အစားမျိုးကို ဝတ်ဆင်ပေးပြီး ရေပတ်တိုက်ပေးဖို့လည်းလိုအပ်ပါတယ်။ အိမ်မှာကုသဖို့မလုံလောက်တဲ့အခြေအနေတွေအတွက် ဆေးရုံဆေးခန်းများကို သွားဖို့​အကြံပြုလိုပါတယ်။

အပူလျှပ်ခြင်းကို ကြိုတင်ကာကွယ်ဖို့အတွက်ကတော့
✅ဓာတ်ဆားရည်သောက်ခြင်း၊
✅သွေးတိုးရှိသူတွေကတော့ ရေကိုများများသောက်ပြီး ချောင်ချောင်လည်လည်ရှိစေမယ့် အဝတ်အစားတွေကို ဝတ်ဆင်သင့်တာပါပဲ။

အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားမှ ပိုကျန်းမာနိုင်မှာနော်…💪ဒါကြောင့် ဒီကာလအတွင်းမှာ စားသောက်သင့်တဲ့ ကိုယ်ခံအားကိ...
20/03/2022

အာဟာရပြည့်ဝတဲ့ အစားအစာတွေကို များများစားမှ ပိုကျန်းမာနိုင်မှာနော်…💪
ဒါကြောင့် ဒီကာလအတွင်းမှာ စားသောက်သင့်တဲ့ ကိုယ်ခံအားကို မြှင့်တင်ပေးနိုင်မယ့် အစားအစာတွေကို ဝေမျှပေးလိုက်ပါတယ်ရှင့်…🤗

✨Vitamin A, B, C, D, E နဲ့ Zinc ဓာတ်ပါဝင်တဲ့ အမဲသား ,ငါး, ကြက်ဥ, စွပ်ပြုတ် နဲ့ အသီးအရွက်တွေကို အဓိကထားစားသုံးသင့်ပါတယ်။

ဉပမာ -

🍐ဗီတာမင် စီ များစွာပါဝင်ပြီး အစာချေစနစ်အတွက်အထောက်အကူဖြစ်စေတဲ့ သင်္ဘောသီး
🍌ပိုတက်ဆီယမ်ဓာတ် များစွာပါဝင်တဲ့ ငှက်ပျောသီး
🌿သွေးအားနည်းခြင်းကို အထောက်အကူဖြစ်စေတဲ့ ဟင်းနုနွယ်
🍶ဗီတာမင် ဒီ ဓာတ်ပါဝင်တဲ့ သကြားမပါတဲ့ ဒိန်ချဉ်
🥒ပိုတက်ဆီယမ်၊ ဗီတာမင်အေ၊ ဗီတာမင် စီ ၊ ကယ်လ်ဆီယမ်ဓာတ် နဲ့ ဗီတာမင် များစွာပါ
ဝင်တဲ့ ဒန့်ဒလွန်သီး
🥛အရိုးအကျောကျန်းမာရေးအတွက် နွားနို့ တို့ကို အထူးပြုပြီး စနစ်တကျ စားသုံးသင့်ပါတယ်နော်။

အာဟာရဓာတ်မျိုးစုံကိုရရှိဖို့အတွက် အသီးအရွက်၊ အသား၊ ငါးတွေ စားခြင်းအပြင်
ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်ဓာတ်တွေအချိုးကျပါဝင်ထုတ်လုပ်ထားတဲ့
သဘာဝဖြည့်စွက်စာနဲ့ ဗီတာမင်အားဆေးတွေကိုလည်း နေ့စဉ်ပုံမှန်မှီဝဲမယ်ဆိုရင် ကိုယ်ခံအားကောင်းမွန်လို့ ကျန်းမာပျော်ရွှင်နိုင်မှာ အသေအချာပဲပေါ့ရှင် ။ 🤗

အိုမီခရွန်ဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ဘာတွေဖြစ်နိုင်လဲ?🧐အိုမီခရွန်ကသိပ်မပြင်းထန်ပေမယ့် ရောဂါပိုး ကူးစက်ခံရပြီးနောက်မှာ ပြ...
14/03/2022

အိုမီခရွန်ဖြစ်ပြီး နောက်ဆက်တွဲ အနေနဲ့ဘာတွေဖြစ်နိုင်လဲ?🧐

အိုမီခရွန်ကသိပ်မပြင်းထန်ပေမယ့် ရောဂါပိုး ကူးစက်ခံရပြီးနောက်မှာ ပြန်လည် နေမကောင်းတာမျိုး ဖြစ်နိုင်ပါသေးတယ်။
အိုမီခရွန်ဖြစ်ပြီးတဲ့နောက်မှာ များသောအားဖြင့် ပုံမှန်မဟုတ်တဲ့ အတွင်းဓာတ်ခံနဲ့ နေရထိုင်ရ မသက်မသာဖြစ်တာမျိုးကို အခုလို ကြုံရတတ်ကြောင်း သိရှိရသမျှ ပြန်လည် ဝေမျှပေးလိုပါတယ်နော်။🤗

- ပါးစပ်ပျက်မယ်၊ ထမင်းစားချင်စိတ်မရှိသလိုဖြစ်မယ်။
- ညဘက်တွေအိပ်မပျော်ဘူး။
- ခေါင်းကိုက်၊ခေါင်းမူး ရက်ကြာရှည်ခံစားရမယ်။
- အာရုံစူးစိုက်မှုတွေလျော့နည်းပြီး မေ့တာတွေများလာမယ်။
- စိတ်နဲ့လူနဲ့မကပ်တာကြောင့် စိတ်ပိုင်းဆိုင်ရာမှာလည်း ပင်ပန်းမှုတွေရှိလာမယ်။

ဒါကြောင့် အိုမီခရွန်ဖြစ်ပြီးတဲ့နောက်မှာလည်း နေမကောင်းထပ်မဖြစ်နိုင်တော့ဘူးအထင်နဲ့ ပေါ့ပေါ့ဆဆနေထိုင်တာမျိုး မလုပ်သင့်ပါဘူး။🙅
ဒီလို လက္ခဏာရပ်တွေကြောင့် အားနည်းရာကနေ နေမကောင်းပြန်ဖြစ်နိုင်တဲ့အတွက် ကိုယ်ခံအားကောင်းမွန်စေမယ့် အစားအစာနဲ့ ဆေးတို့ကို မှီဝဲ စားသောက်ပြီး ကျန်းမာရေးနဲ့ညီညွတ်စွာ နေထိုင် ပြုမူသင့်ကြောင်း သတိပြုရင်း ကျန်းမာစွာနေထိုင်နိုင်ကြပါစေရှင်…🤗

ရာသီအကူးအပြောင်း ကာလဖြစ်တဲ့အလျောက် ကိုဗစ်ရောဂါပိုးတွေကလည်း ပြန့်နှံ့နေတုန်းဖြစ်တာကြောင့် ဖျားနာခြင်းတွေဖြစ်တဲ့အခါ ရာသီတု...
07/03/2022

ရာသီအကူးအပြောင်း ကာလဖြစ်တဲ့အလျောက် ကိုဗစ်ရောဂါပိုးတွေကလည်း ပြန့်နှံ့နေတုန်းဖြစ်တာကြောင့် ဖျားနာခြင်းတွေဖြစ်တဲ့အခါ ရာသီတုတ်ကွေးလား? ကိုဗစ်လား? ခွဲခြားသိနိုင်ဖို့ အချက်အလက်တစ်ချို့ကို လေ့လာကြည့်ရအောင်နော်…🙌

🔴ရာသီတုတ်ကွေးဖြစ်တဲ့အခါ

- အဖျားတက်ပြီး ချမ်းတုန်မယ်။
- နှာစေးတာနည်းပေမယ့် ချောင်းဆိုးတာ သလိပ်ပါမယ်။
- လည်ချောင်းနာပြီး နုံးခွေမယ်။
- ကိုယ်လက် ကိုက်ခဲပြီး ကြွက်သားနာတာမျိုးလည်း ဖြစ်လေ့ရှိပါတယ်။
👉ဒါပေမယ့် ပျောက်တာမြန်သလို ဝေဒနာခံစားရတာလည်း အရမ်းမပြင်းထန်နိုင်ပါဘူး။

🔴ကိုဗစ်ဖြစ်တဲ့အခါမှာတော့

- အဖျားက ဖြေးဖြေးချင်းတက်ပြီး နှာစေးတာထက် ချောင်းခြောက်ဆိုးပြီး ပျောက်ဖို့ရက်ကလည်း ကြာပါမယ်။
- ပုံမှန်ဆို ချမ်းတုန်တာမျိုးဖြစ်လေ့မရှိပါဘူး။
- လည်ချောင်းနာပြီး နုံးချိတဲ့အပြင် အသက်ရှူကြပ် မောဟိုက်တာမျိုးဖြစ်မယ်။
- ပျို့ချင် အန်ချင်တာမျိုးဖြစ်မယ်။
- နမိုးနီးယား အဆုတ်ယောင်ဖြစ်မယ်။
- ခေါင်းကိုက်ပြီး ခန္ဓာကိုယ်နာကျင်မှုကို ရက်ကြာရှည်ခံစားရနိုင်ပါတယ်။
👉ရောဂါဝေဒနာတွေက ဖြေးဖြေးစီဖြစ်ပြီး ရောဂါပျောက်ပြီးနောက်မှာလည်း နောက်ဆက်တွဲတွေရှိနိုင်တဲ့အတွက် အချိန်လုံလောက်စွာ အနားယူဖို့လိုအပ်ပါတယ်။

ကိုဗစ်ဖြစ်စေ၊ ရာသီတုတ်ကွေးဖြစ်စေ ရောဂါပိုးတွေက ကိုယ်ခံအားနည်းတဲ့အချိန်မှာ ဝင်ရောက်လာနိုင်တာကြောင့် ဒီလိုဖျားနာ ရောဂါတွေကို ကာကွယ်နိုင်ဖို့ ကိုယ်ခံအားကောင်းနေဖို့အထူးလိုအပ်လှပါတယ််။
ဒါကြောင့် ကိုယ်ခံအားကောင်းမွန်စေမယ့် အစားအသောက် အနေအထိုင်တွေကို ပြုမူနေထိုင်ကြရင်း Mask ကိုအမြဲတပ်၊ လက်ကို ခဏခဏဆေးရင်း ကာကွယ်ကြဖို့တိုက်တွန်းပါတယ်နော်။💪

Oxygen မလုံလောက်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲတွေကြုံတွေ့ရတဲ့အခါ Oxygen အလုံအလောက်ပေးနိုင်တဲ့ စက်ပစ္စည်းဖြစ...
03/03/2022

Oxygen မလုံလောက်တာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ အခက်အခဲတွေကြုံတွေ့ရတဲ့အခါ Oxygen အလုံအလောက်ပေးနိုင်တဲ့ စက်ပစ္စည်းဖြစ်တဲ့ Medical Grade Oxygen Concentrator 10 L (Europe Export Quality) များ ကို ပရိုတက်နိုင်တင်း မှာ Instock ဝယ်ယူရရှိနိုင်ပါပြီ…👍

- Oxygen Purity 90-96 % ထွက်နှုန်းရှိပြီး USA နိုင်ငံမှ တင်သွင်းထားတဲ့လေထုစိုထိုင်းစ ထိန်းညှိမှုစနစ်၊✨
- ၂၄ နာရီ / ၃၆၅ ရက် အဆက်မပြတ် ဖော်ပြလုပ်ဆောင်နိုင်စွမ်းရှိတဲ့ အရွယ်အစားကြီးမားတဲ့ LCD မျက်နှာပြင် နဲ့ ပုံမှန် 600W ဝန်းကျင်အထက်ကနေ 880W compraser အထိ အသုံးပြုနိုင်လို့ Oxygen အရမ်းကျနေသူတွေအတွက်လည်း စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပါတယ်။💯
ဒါအပြင် ဆန်းသစ်တဲ့ အအေးခံနည်းပညာစနစ်ကို အသုံးပြုထားတာကြောင့် စက်ကို သက်တမ်းကြာမြင့်စွာ အသုံးပြုနိုင်လို့ ပိုပြီး အဆင်ပြေစေမှာပါ။

✅အဆုတ်မကောင်းသူများ၊ သက်ကြီးရွယ်အိုများ၊ ရောဂါအခံရှိသူများ နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါခံစားနေရသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ ကျန်းမာရေးအထောက်အကူပြုပစ္စည်းအနေနဲ့ Medical Grade Oxygen Concentrator ကို အိမ်တိုင်းမှာ ဆောင်ထားသင့်ဖို့ အကြံပြုလိုက်ပါတယ်နော်။

☎ဖုန်းဆက်ပြီးမှာယူလိုပါက- 09792111981, 09420042927 ကို ဆက်သွယ် ဝယ်ယူနိုင်ပါတယ်။


oncentrator10L

အဆုတ်ရောဂါလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါဆိုးမှ ကျော်လွှားနိုင်ရန် Oxygen လုံလောက်စွာ ရရှိနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ ကိစ္စရပ...
15/02/2022

အဆုတ်ရောဂါလမ်းကြောင်းဆိုင်ရာ ကပ်ရောဂါဆိုးမှ ကျော်လွှားနိုင်ရန် Oxygen လုံလောက်စွာ ရရှိနိုင်ဖို့ဆိုတာ အရေးကြီးတဲ့ ကိစ္စရပ်တစ်ခုပါပဲ ။
Oxygen ကျလာတဲ့အခါ လုံလောက်တဲ့ Oxygen ကို အချိန်မှီ ပြန်လည်ရရှိနိုင်ဖို့အတွက် အဓိကအားဖြင့် Oxygen အိုးတွေရဲ့အကူအညီ ကို ရယူမှဖြစ်မှာပါ။
ဒါကြောင့် သင်ဟာ ပိုးကူးစက်ခံရသူ (သို့မဟုတ်) ဖျားနာ လက္ခဏာတွေကို စတင်ခံစားနေရပြီး Oxygen လျော့နည်းနေပြီဆိုရင် Oxygen အိုး နဲ့ လိုအပ်တဲ့ Accessories တွေကို ဆောင်ထားသင့်ပြီဖြစ်ပါတယ်။

အသက်ရှူရခက်ခဲနေတာကြောင့် Oxygen အိုး လိုအပ်ရင်ဖြစ်စေ၊
အိမ်မှာ ကြိုတင်ဆောင်ထားဖို့အတွက်ဖြစ်စေ

✨Oxygen Cylinder 47 L (Singapore) - 250,000 Ks
✨Oxygen Cylinder 40L (China) - 150,000 Ks
✨Oxygen Cylinder 10L (China) - 75,000 Ks နှုန်းထားများဖြင့်
Medical Use Oxygen Cylinder အိုးများကို
ပရိုတက်နိုင်တင်း မှ Instock ရောင်းချပေးနေပါပြီ။

ဒါ့အပြင်
Oxygen Cylinder အိုးများနဲ့တွဲဖက်အသုံးပြုဖို့ Accessories တွေဖြစ်တဲ့
✨Flow Meter (Male/Female) - 15,000 Ks
✨Oxygen Bag (35L) with Oxygen Inhalator - 10,000 Ks
✨Oxygen Mask with Tubing (1.5M) - 2000 Ks တို့ကိုလည်း
သင့်တင့်တဲ့ နှုန်းထားများနဲ့ ရောင်းချပေးနေတာမို့ သင်နဲ့ သင့်မိသားစုကျန်းမာရေးအတွက် စိတ်ချ လက်ချ ဝယ်ယူနိုင်ပါတယ်ခင်ဗျာ…

အသေးစိတ်သိရှိလိုမှုများနဲ့ ဝယ်ယူစုံစမ်းရန်အတွက်
☎Office Phone: 01 394 571, 09 400 558 181
Hotline: 09 406 591 115, 09 406 591 116 တို့ကို ဆက်သွယ်နိုင်ပါတယ် ခင်ဗျ…






Omicron (အိုမီခရွန်) ရောဂါ ကပ်ဆိုး အဆင့် (၃) မျိုးမြန်မာနိုင်ငံမှာ ဝင်ရောက်လာပြီဖြစ်တဲ့ Omicron (အိုမီခရွန်) ဗိုင်းရပ်စ်...
07/02/2022

Omicron (အိုမီခရွန်) ရောဂါ ကပ်ဆိုး အဆင့် (၃) မျိုး

မြန်မာနိုင်ငံမှာ ဝင်ရောက်လာပြီဖြစ်တဲ့ Omicron (အိုမီခရွန်) ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး ဖြစ်ပေါ်လေ့ရှိတဲ့ ယျေဘုယျလက္ခဏာများကိုတော့ ယခင်ပို့စ်မှာ ဝေမျှခဲ့ပြီးဖြစ်ပါတယ်။
ဆေးပညာဆိုင်ရာ ကျွမ်းကျင်သူများ ရဲ့ ယူဆချက်များအရ အိုမီခရွန် လက္ခဏာတွေထဲမှာမှ ကွဲပြားတဲ့ ရောဂါအဆင့်တွေကိုလည်း ခွဲခြားသိရှိနိုင်အောင် ပရိုတက်နိုင်တင်း မှ ထပ်မံဝေမျှလိုက်ပါတယ်ရှင်…

🍀အပျော့စား လက္ခဏာမှာဆိုရင်
ဖျားနာ၊ ချောင်းဆိုး၊ ကိုယ်လက်မအီမသာ ဖြစ်တတ်ပြီး ကိုယ်ခံအားကောင်းတဲ့သူတွေအနေနဲ့ဆိုရင် ဗိုင်းရပ်စ် ဝင်လာတာကိုတောင် မသိလိုက်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။

🍀အလယ်အလတ် လက္ခဏာကတော့
မျက်စိနာ၊ လည်ချောင်းနာ၊ ခေါင်းကိုက်၊ ကိုယ်လက်ကိုက် တာတွေ ဖြစ်နိုင်ပြီး Recovery ပြန်ဖြစ်ဖို့မြန်ဆန်သလို အသက်ဆုံးရှုံးနိုင်ချေ နည်းပါတယ်။

🍀အပြင်းစားလက္ခဏာမှာတော့
အသက်ရှူရခက်ပြီး Oxygen ကျမယ်၊ မောမယ်၊ စကားမပြောနိုင်တဲ့ထိ ချောင်းဆိုးပြီး အဆုတ်ကိုပါထိနိုင်တာကြောင့် အသက်အန္တရာယ်စိုးရိမ်စရာရှိနိုင်ပါတယ်။

ဒါကြောင့် ဒီလိုလက္ခဏာတွေကို ခံစားနေရပြီဆိုရင် မိမိခံစားရတဲ့ လက္ခဏာအလိုက် ဆရာဝန်ညွှန်ကြားချက်ကိုယူပြီး ဆေးဝါးသောက်သုံးရမှာဖြစ်သလို နီးစပ်ရာ ဆေးရုံများမှာ ကုသမှုခံယူဖို့လည်း လိုအပ်ပါတယ်။

ဒါအပြင် ကာကွယ်မှုအနေနဲ့ဆိုရင်လည်း Omicron (အိုမီခရွန်) ဗိုင်းရပ်စ်က ကိုဗစ်ကာကွယ်ဆေးထိုးပြီး သူတွေလည်း ပြန်ဖြစ်နိုင်တာကြောင့် ကိုဗစ်ကိုကာကွယ်ခဲ့ကြသလိုပဲ လူတိုင်း မိမိကိုယ်ကို အထူးဂရုစိုက်ကာကွယ်ကြဖို့လိုအပ်ပါတယ်။ ဒါပေမယ့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူတွေအနေနဲ့ Omicron (အိုမီခရွန်) ဖြစ်တဲ့အခါ ကိုယ်ခံအားက သာမန်လူတွေထက် ပိုပြီး ခံနိုင်ရည်ရှိတာကြောင့် ပြင်းထန်ဝေဒနာတွေခံစားရလေ့မရှိဘူးလို့ ဖော်ပြချက်တွေအရလည်း ကြားသိရှိရပါတယ်၊ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေး ထိုးထားသင့်သလို၊ ဆေးထိုးပြီးသူတွေအနေနဲ့လည်း booster ကို ထပ်မံထိုးသင့်ပါတယ်။ ဒီလိုမှသာ ရောဂါပိုးဝင်လာခဲ့ရင်လည်း Recovery ပြန်ဖြစ်လွယ်ပြီး ရောဂါဝေဒနာ ခံစားရသက်သာမှာဖြစ်ပါတယ်။

💉ကိုဗစ် ဒုတိယဆေးထိုးအပြီး Booster အတွက် ဘယ်ဆေးကိုထိုးသင့်ပြီး၊ ဘယ်အချိန်မှာထိုးသင့်လဲ ဆိုတဲ့ နိုင်ငံတကာ လမ်းညွှန်ချက်တွေအရ

💉Sinovac (သို့မဟုတ်) Sinopham ထိုးထားပြီး သူတွေအတွက်
Booster အနေနဲ့ Sinovac, Covishield, Covaxin ထိုးဆေးများကို
အသက် ၁၆ အထက် (၃ လ ခွာပြီးထိုးပါရန်)
အသက် ၅၀ အထက် (၆ လ ခွာပြီးထိုးပါရန်)
တကယ်လို့ သင်က Sinopham ဆေးထိုးထားတဲ့ အသက် ၁၆ အထက် ဆိုရင်တော့ (၆လ ခွာပြီးထိုးဖို့ သတိပြုရန်)

💉Covishield ဆေးထိုးပြီးတဲ့ သူတွေအတွက်တော့ Booster အနေနဲ့ Covishield, Covaxin ထိုးဆေးများကို
အသက် ၁၈ အထက် (၃ လ ခွာပြီးထိုးပါရန်) တိုက်တွန်းအကြံပြုလိုပါတယ်။

အခုလို မိမိကိုယ်ကိုကာကွယ်ရင်း နိုင်ငံတကာကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းများရဲ့ညွှန်ကြားချက်တွေကိုလည်း ဖတ်ရှူလိုက်နာပြီး ရောဂါကပ်ဆိုးရန်ကနေ ကျော်ဖြတ်နိုင်ကြပါစေရှင်…

#ပရိုတက်နိုင်တင်း

ပြည်တွင်းမှာ ကူးစက်မှုများပြားလာတဲ့ Omicron (အိုမီခရွန်) ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီးဖြစ်ပေါ်လေ့ရှိတဲ့ လက္ခဏာများကို သတိပြုန...
05/02/2022

ပြည်တွင်းမှာ ကူးစက်မှုများပြားလာတဲ့ Omicron (အိုမီခရွန်) ဗိုင်းရပ်စ်နဲ့ပတ်သတ်ပြီး
ဖြစ်ပေါ်လေ့ရှိတဲ့ လက္ခဏာများကို သတိပြုနိုင်အောင်
ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်အဖွဲ့အစည်းများရဲ့ဖော်ပြချက်များအရ ပရိုတက်နိုင်တင်း မှ ဝေမျှဖော်ပြပေးလိုက်ပါတယ်ရှင်…

Omicron (အိုမီခရွန်) ဗိုင်းရပ်စ်ကူးစက်ခံရတဲ့အခါ…
ယျေဘုယျအားဖြင့် ၄၈ နာရီအတွင်း လက္ခဏာပြလေ့ရှိတတ်ပြီး
- နှာစေး၊ နှာချေခြင်း၊
- အားမရှိဘဲ ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရခြင်း၊
- ကိုယ်လက်ညောင်းညာကိုက်ခဲခြင်း၊
- ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊
- လည်ချောင်းယားပြီး ချောင်းခြောက်ဆိုးခြင်း၊
- အစာစားချင်စိတ်မရှိခြင်း၊
- ချမ်းတုန်မောဟိုက်ခြင်း လက္ခဏာတွေ ဖြစ်လေ့ရှိပါတယ်။

ယခင်ကလို အနံ့ပျောက်ခြင်း သိပ်မဖြစ်တတ်သလို တုတ်ကွေး လက္ခဏာနဲ့ဆင်တူပြီး ထူးခြားတဲ့ ရောဂါလက္ခဏာများပြလေ့မရှိတတ်တာကြောင့် ရောဂါလက္ခဏာရပ်များနဲ့ပတ်သတ်ပြီး မိမိကိုယ်ကို သံသယရှိပါက နီးစပ်ရာ ဆရာဝန်များနဲ့ တိုင်ပင်ပြီး စနစ်တကျ ကုသစစ်ဆေးမှုခံယူဖို့ အကြံပြုတိုက်တွန်းလိုပါတယ်ရှင်..


#ပရိုတက်နိုင်တင်း

ကိုရိုနာရောဂါပိုးက ဗီဇကွဲမျိုးကွဲ အိုမီခရွန်ဆိုတဲ့ ဗိုင်းရပ်ပေါ်လာတဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး ကိုပိုမိုဂရုစိုက်သင့်...
17/12/2021

ကိုရိုနာရောဂါပိုးက ဗီဇကွဲမျိုးကွဲ အိုမီခရွန်ဆိုတဲ့ ဗိုင်းရပ်ပေါ်လာတဲ့အတွက် တစ်ကိုယ်ရည်သန့်ရှင်းရေး ကိုပိုမိုဂရုစိုက်သင့်ပါတယ်

1.လူစုလူဝေး လူများသောနေရာများကို mask မတပ်ဘဲသွားခြင်းမှရှောင်ကြည်ရန်❎
2.အပြင်သွားတိုင်း mask 😷တပ်ပါ
3.အိမ်မှာနေပါ
4.အသီးအရွက် အသားငါးများကို ဆေးကြောပြီးမှ ချက်ပြုတ်ပါ🐟🥒🍎
5.တစ်ယောက်နှင့် တစ်ယောက် 6ပေအခွာမှ စကားပြောပါ
6.တစ်ခုခု ကိုင်ပြီးတိုင်းလက်ကိုဆပ်ပြာနှင့်ပြောင်အောင်ဆေးကြောပါ🧽
7.မျက်နှာနှင့် နှာခေါင်းကို လက်နှင့် မကုတ်ခြစ်ပါနှင့် ❎
8.တစ်ခုခုကိုင်မယ်ဆို အရာဝထ္ထုများကို ပိုးသတ်ဆေးဖြန်းပြီးမှ ကိုင်တွယ်ပါ 👍

#ပရိုတတ်နိုင်တင်း

အခုလို ❄️🥶ဆောင်းတွင်းဘက် အအေးမိ ၊ နှာစေး၊ ချောင်းဆိုးလွယ်သောရာသီဖြစ်တဲ့အတွက် ကာလပေါ် ကိုဗစ်ရောဂါလက္ခဏာနဲ့ ဆင်တူတဲ့အတွက် ...
12/12/2021

အခုလို ❄️🥶ဆောင်းတွင်းဘက် အအေးမိ ၊ နှာစေး၊ ချောင်းဆိုးလွယ်သောရာသီဖြစ်တဲ့အတွက် ကာလပေါ် ကိုဗစ်ရောဂါလက္ခဏာနဲ့ ဆင်တူတဲ့အတွက် ရောထွေးပြီး မှားနိုင်ပါတယ် ❎

အဲ့လိုမမှားရအောင် လူတစ်ယောက် ပုံမှန် ကိုယ်အပူချိန် ရှိဖို့လိုပါတယ် 👉လူတစ်ယောက်ရဲ့ ပုံမှန် ကိုယ်အပူချိန်က 98.6°F (37°C) ရှိပါတယ်။ အဲ့လို တိုင်းတာနိုင်ဖို့ သိဖို့ဆို အပူချိန်တိုင်း ကိရိယာတစ်ခုလိုအပ်ပါတယ် ☝️

🧍‍♂️လူတစ်ယောက် ပုံမှန် ကိုယ်အပူချိန်ကို တိတိကျကျ လျှင်လျှင်မြန်မြန်သိရဖို့ လေဆာဖြင့်တိုင်းတာနိုင်သော Digital အပူချိန်တိုင်းကိရိယာ Control T နဲ့ မိတ်ဆက်ပေးပါမယ် ။

🌡️Control T သည် လေဆာဖြင့်တိုင်းတာနိုင်သော Digital အပူချိန်တိုင်း ကိရိယာဖြစ်သည်။

🌡️လူ့ခန္ဓာကိုယ်တွင်သာမက အရာဝထ္ထုများ၏အပူချိန်ကိုပါ တိုင်းတာနိုင်သည် ။

🌡️တိုင်းတာမည့်အရာကို ထိတွေ့စရာမလိုပဲ တိုင်းတာနိုင်သည့်အတွက် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်နိုင်သည့်အပြင် မိသားစုအတွက် များစွာ အထောက်အကူ ပြုသည် ။

🌡️အဖျားရှိပါက သတိပေးချက်ပါသည့်အပြင် အပူချိန်ကို စင်တီဂရိတ်နှင့်သော်လည်းကောင်း၊ ဖာရင်ဟိုက်နှင့်သော်လည်းကောင်း နှစ်မျိုးလုံးဖြင့် ကြည့်ရှုနိုင်သည် ။

🌡️အ‌ဖြေကို အသံဖြင့်ပါဖော်ပြသည့်အပြင် ရလဒ်ပေါင်း 64ခုကို သိမ်းဆည်းထားနိုင်သည့်အတွက် ဆေးကုသရာတွင် အထောက်အကူပြုသည်။

🌡️အောက်ခံအထိုင်ခွက်ပါသည့်အတွက်လည်း ထားသိုရန်လွယ်ကူသည် ။

🌡️တိုင်းတာပြီးပါက အလိုအလျောက်ပြန်ပိတ်သည့်အပြင် အမှောင်ထဲတွင်ပါ ကြည့်ရှုနိုင်မည့် LCD မျက်နှာပြင် အလင်းပါရှိသည် ။

အသေးစိတ်သိရှိချင်ရင် ☎️ph no - 01-8203434သို့ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။
💌Massage Box မှလဲလာရောက်မှာယူနိုင်ပါတယ်ရှင်

#ပရိုတတ်နိုင်တင်း

အခု ခေတ်လူငယ်တွေကြားမှာ ခန္ဓာကိုယ် fit ဖြစ်အောင်လုပ်ပြီးကျန်းမာရေးလိုက်စားလာကြတာ တော်တော်များများတွေ့ရမှာပါ။မိန်းခလေး ၊ ...
07/12/2021

အခု ခေတ်လူငယ်တွေကြားမှာ ခန္ဓာကိုယ် fit ဖြစ်အောင်လုပ်ပြီး
ကျန်းမာရေးလိုက်စားလာကြတာ တော်တော်များများတွေ့ရမှာပါ။

မိန်းခလေး ၊ ယောကျ်ားလေးမရွေး 🏋️GYM တွေဆော့ပြီး ကိုယ်အလေးချိန် ထိန်းလာကြပါတယ် ။

အဲ့တော့ အိမ်မှာကိုယ့် ကိုယ်အလေးချိန်သိရဖို့ ပေါင်ချိန်စက်လေးတစ်လုံးလောက်ရှိသင့်ပါတယ် ။ လူကြီးမိဘရှိတဲ့အိမ်တွေလဲ လိုအပ်ပါတယ်။👴

📈ကိုယ်အလေးချိန်ကျလို့ပဲဖြစ်ဖြစ် ၊ အလေးချိန်တိုးလာလို့ပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ကိုယ့် ကိုယ်အလေးချိန်ကို သိသင့်ပါတယ် ။💭💬

အားလုံးအတွက် အဆင်ပြေလွယ်ကူစေမဲ့
Digital Weight Machine ကိုယ်အလေးချိန်တိုင်းစက်
⬛Control W လေး နဲ့မိတ်ဆက်ပေးပါရစေ 🙏🏻

⬛Control W သည် အဆင်မြင့် Digital ကိုယ်အလေးချိန်စက်ဖြစ်ပါတယ် ။ စက်ပေါ်တက်လိုက်သည်နှင့် အလိုအလျောက်တိုင်းတာပေးပါတယ် ။
⬛ lbs (သို့) kg နှစ်မျိုးလုံးဖြင့်တိုင်းနိုင်ခြင်း
⬛ အများဆုံး 400lbs နှင့် 180kg ထိတိုင်းနိုင်ခြင်း
⬛Control Wသည် ကိုယ်အလေးချိန်တစ်ခုတည်း မဟုတ်ဘဲ WHO နှင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းမှ စံထားအသုံးပြုသော Body Mass Index ခေါ် BMI ကိုပါဖော်ပြပေးသည့်အတွက် မိမိခန္ဓာကိုယ် ဝခြင်း ပိန်ခြင်း ကြံ့ခိုင်ခြင်းကို သိသာစေခြင်း
⬛ထူးခြားချက်မှာ မိမိ၏ကိုယ်အလေးချိန် BMI တို့ကို ကိုယ်အလေးချိန်စက်အား Bluetooth ဖြင့်ချိတ်ဆက်၍ iWellness App ဖြင့်ကူးယူနိုင်သည့်အတွက် မိမိကျန်းမာ‌ရေးအချက်အလက်များကို ဖုန်းထဲတွင် သိမ်းဆည်းအသုံးပြုနိုင်ခြင်း
⬛ IOS သာမက Android ဖုန်းများတွင်ပါ အသုံးပြုနိုင်ခြင်း
စက်၏ အပေါ်ယံမျက်နှာပြင်အား Tempered Glass ဖြင့် ဖုံးအုပ်ထားသည့်အတွက် ညစ်ပေရေမှု နည်းပါးခြင်းကြောင့် သန့်ရှင်းမှုကောင်းခြင်း ကျစ်လစ်လှပသော အသွင်အပြင်သစ်ရှိခြင်း စတဲ့ အချက်တွေလုပ်ဆောင်နိုင်ပါတယ် ။

Control W ကိုကြိုက်နှစ်သက်လို့ မှာယူချင်လို့ပဲဖြစ်ဖြစ်
📞Ph no - 01- 8203434 ဖုန်းဆက်ပြီးတော့မေးမြန်းနိုင်သလို
Cb ကနေမှာယူမေးမြန်းနိုင်ပါတယ် ။
#ပရိုတတ်နိုင်တင်း

Address

No. 83, Yae Kyaw Road, Mingalar Taungnyunt Township
Yangon

Telephone

+9518203434

Website

Alerts

Be the first to know and let us send you an email when ပရိုတက်နိုင်တင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram