JBS Youth Development & Coaching Center

JBS Youth Development & Coaching Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from JBS Youth Development & Coaching Center, Mental Health Service, Yangon.

19/09/2024
အမေရိကားမှာ ယောက်ျားကျောင်းတက်တာကို နှစ်နှစ်ကြာ အဖော်လုပ် နေထိုင်ပြီးတဲ့နောက် တစ်နှစ်သား သားလေးနဲ့အတူ ကျွန်မတို့ ပြည်တော...
08/09/2024

အမေရိကားမှာ ယောက်ျားကျောင်းတက်တာကို နှစ်နှစ်ကြာ အဖော်လုပ် နေထိုင်ပြီးတဲ့နောက် တစ်နှစ်သား သားလေးနဲ့အတူ ကျွန်မတို့ ပြည်တော်ပြန်ခဲ့ကြတယ်။

မိသားစု ပြန်လည်ဆုံဆည်းရလို့ ပျော်နေတဲ့ ကျွန်မဟာ ကျောင်းအဆောင်ကနေ အိမ်ပြန်လာတဲ့ သမီးကြောင့် အပျော်ပျောက်ပြီး စကားတောင် မပြောနိုင်လောက်အောင် တအံ့တဩ ဖြစ်သွားရတယ်။

မိဘနဲ့ပြန်ဆုံတဲ့ သမီးကြီးရဲ့လက်ဆောင်က အသွင်သစ်ဖြစ်နေတယ်။ သမီးဟာ နား ၈ ပေါက်ဖောက်ထားပြီး နားကပ်မျိုးစုံ ချိတ်ထားတယ်။ ပိုအံ့ဩစရာကောင်းတာက တစ်ခေါင်းလုံး ငွေရောင်နဲ့ မီးခိုးရောင် ရောဆိုးထားတာပဲ။

"သမီးကို ဆုံးမဖို့ မကြံနဲ့နော်။ သမီးက ဖေတို့ မေတို့ကို စိတ်ဆိုးအောင် တမင်လုပ်တာ မဟုတ်ဘူး။ လွတ်လပ်တဲ့အရသာကို ခဏခံချင်လို့ပါ။ ဆံပင်ဆေးမဆိုးရ၊ ဆံပင်မကောက်ရ၊ အလှမပြင်ရ၊ စကပ်မဝတ်ရနဲ့ ... ဘာလို့ လူကြီးတွေကျတော့ လုပ်လို့ရပြီး သမီးတို့ကျ လုပ်လို့ မရတာလဲ"

သမီးရဲ့မျက်နှာပေါ်မှာ စည်းမျဉ်းစည်းကမ်းတွေကို မထီမဲ့မြင်ပြုမှုတွေနဲ့ ပြည့်နေတယ်။

သမီးရဲ့ ငွေရောင်ဆံပင်တွေကို ကြည့်ပြီး သမီးရဲ့ဆရာမက ဘယ်လိုတုံ့ပြန်မလဲဆိုတာကို ကျွန်မ စဉ်းစားမတတ်ခဲ့ဘူး။

တကယ်ပဲ တနင်္လာနေ့မှာ ဆရာမဆီက ဖုန်းလာပါတယ်။

"ဆံပင်ဆေးဆိုးတာက မိဘနဲ့ နှစ်နှစ်လောက် ခွဲနေပြီးနောက် မိဘကိုပေးတဲ့ လက်ဆောင်လို့ သမီးကပြောပါတယ်... ဒါကြောင့် ကျွန်မက သူ့ကို နောက်အတန်းမှာ "ခွဲခွာခြင်းက ကျွန်မကို ကြီးပြင်းစေတယ်" ဆိုတဲ့ခေါင်းစဉ် တက်ပြောဖို့ အကြံပေးထားပါတယ်။ အစ်မတို့ ဘယ်လိုသဘောရလဲ" လို့ ဆရာမပြောတော့ ကျွန်မ ရုတ်တရက် စိတ်ပေါ့သွားပြီး နည်းနည်း ပြုံးလိုက်မိတယ်။

ဆရာမက ဖုန်းတစ်ဘက်ကနေပြီး " ပညာရေးလောကမှာ ပြောနေကျ စကားတစ်ခွန်းရှိတယ် "သိမ်မွေ့တဲ့ အဖော်ပြုမှု တစ်မျိုးရှိတယ်" တဲ့.... အဲဒါက ဆယ်ကျော်သက်အရွယ်မှာ ကလေးတွေဟာ ထူးခြားတဲ့အရာတွေကို လုပ်တဲ့အခါ မိဘတွေက ဘာမှ သွားမပြောတာပဲဖြစ်တယ်။ ကလေးရဲ့ မိမိကိုယ်ကို အသိစိတ်နဲ့ မိမိကိုယ်ကို ထိန်းသိမ်းမှု နိုးကြားလာဖို့က စောင့်ဆိုင်းဖို့ လိုပါတယ်။ ဒီစောင့်ဆိုင်းမှုက ကျွန်မတို့အတွက် ညှဉ်းပန်းမှုတစ်မျိုးဆိုလည်း စောင့်ရမှာပါ" လို့ သတိပေးတယ်။

ဟုတ်ပါတယ်... ကျွန်မ စောင့်နေရမှာပါ။ ပြင်းထန်တဲ့ ဆန့်ကျင်ကန့်ကွက်မှုကို ခံရမယ်လို့ သမီး ထင်ခဲ့ပေမယ့် မထင်မှတ်ဘဲ ဆရာမနဲ့ အမေဖြစ်သူက သူ့ကို လွှတ်ပေးထားပါတယ်။

သမီးရဲ့ ငွေရောင်ဆံပင်အောက်က ဆံပင်နက်တွေ ပေါ်လာတာကို ကျွန်မ တွေ့နေပေမယ့် သမီးကို အနက်ရောင်ပြန်ဆိုးဖို့ အမိန့်မပေးနိုင်ခဲ့ဘူး။ လွှတ်ခနဲပြောလိုက်ဖို့ ကြံတိုင်း ဆရာမပြောတဲ့ "သိမ်မွေ့တဲ့ အဖော်ပြုမှုတစ်မျိုးရှိတယ်... အဲဒါက ဘာမှမပြော ဘာမှမလုပ်တာပဲ" ဆိုတဲ့စကားကို ကြားယောင်နေမိတယ်။

တစ်နေ့မှာ သမီးက သူ့ဆံပင် အနက်ရောင် ပြန်ဆိုးမယ်လို့ ကြေညာလာပါတယ်။ ကျွန်မ တအံ့တဩဖြစ်သွားတယ်။ သမီးက သူကြုံရတဲ့အဖြစ်ကို ပြောပြတယ်။

ရပ်ကွက်က မိဘမဲ့ကလေးကို အင်္ဂလိပ်စာပြဖို့ သူသွားကူညီတော့ ကလေးရဲ့ သက်ကြီးရွယ်အိုအဘွားက သူ့ကို တစ်ချိန်လုံး စိုးရိမ်တကြီး ကြည့်နေတယ်။ စာပြပြီး ပြန်မယ်လုပ်တော့ အဘွားအိုက သူ့တစ်ယောက်တည်းကို ခေါ်ပြီး ခုတင်ခေါင်းရင်းက ဘီရိုထဲကနေ အထုပ်လေးတစ်ထုပ်ကို ကတုန်ကယင် ထုတ်ပေးတယ်။

အဲဒီအထုပ်ကို သမီးလွယ်အိတ်ထဲ ထိုးထည့်ပေးရင်း အဘွားအိုက "စိတ်ရှုပ်စရာတွေကို စိတ်ထဲ ထည့်မထားနဲ့ ... ကြည့်စမ်း အခု အဘွားမှာ ဒီမြေးလေးပဲ ကျန်တာတောင် အဘွားဆံပင်က သမီးစိတ်ညစ်တာလောက် ဖြူမသွားဘူး" လို့ ပြောတယ်။

အဲဒီညက အဘွားအိုပေးလိုက်တဲ့ အထုပ်ကို ဖွင့်ကြည့်ပြီး သမီး မျက်ရည်ကျပါတယ်။ အဲဒီအထုပ်က အထုပ်ထက်ဝက်သာပါတဲ့ နှမ်းမည်းမုန့်ဖြစ်ပြီး ရှေးရိုးစဉ်လာအပြောအရ ဆံပင်ဖြူတွေကို မည်းနက်စေနိုင်တယ်ဆိုတဲ့ သရေစာအချိုဖြစ်ပါတယ်။

( တရုတ်လူမျိုးတွေက နှမ်းအမည်းစားရင် ဆံပင်နက်တယ်လို့ ပြောလေ့ရှိပါတယ်)

မူရင်း -- Hua Mingyue ( The Reader magazine)

ကလေးများရဲ့စွမ်းဆောင်မှု (Children Empowerment) ဒီနေ့ ကလေးတွေရဲ့ progress ကိုကြည့်ရင်းသူတို့ရဲ့တိုးတက်မှုကဘယ်အရာတွေမှာမူ...
25/05/2023

ကလေးများရဲ့စွမ်းဆောင်မှု (Children Empowerment)

ဒီနေ့ ကလေးတွေရဲ့ progress ကိုကြည့်ရင်းသူတို့ရဲ့တိုးတက်မှုကဘယ်အရာတွေမှာမူတည်နေလဲဆိုတာကို analyse လုပ်ခဲ့မိပါတယ်။ တွေ့ရတာလေးတွေကို share လုပ်ပေးချင်လို့ဒီ post လေးကိုရေးလိုက်တာပါ။

SME စထောင်ထဲကဘယ်တော့မှကလေးတွေကိုနားမလည်တဲ့ စာတွေအလွတ်ကျက်ပြီးရတဲ့အမှတ်မျိုးမလိုချင်ခဲ့ဘူး။ ကလေးတွေရဲ့ရေရှည် progress ကိုပိုတန်ဖိုးထားမိတယ်။ Children Empowerment (ကလေးများရဲ့ကိုယ်ပိုင်စွမ်းဆောင်မှု) ကိုပိုပြီးအလေးထားတယ်။ အဲ့ဒါကြောင့် Scholars လေးများ confident ဖြစ်ပြီးစာလုပ်ရတာကို ကြိုက်နှစ်သက်အောင် ဆွဲဆောင်ခေါ်ယူနိုင်တဲ့အနုပညာကိုနှစ်သက်တယ်။ အဲ့ဒါကြောင့် SME team ကဆရာမတွေကလဲ ကလေးတွေကို ကိုယ်ချင်းစာမှု၊ ချစ်ခင်မှု၊ လေးစားမှုနဲ့အမြဲဆက်ဆံကြတယ်။

တချို့မိဘတွေနဲ့စကားပြောတဲ့အချိန်မှာတွေ့ရှိခဲ့ရတာကတော့ သူတို့ရဲ့ကလေးအပေါ်မှာယုံကြည်မှုသိပ်နည်းလွန်းတယ်။ ကလေးရဲ့ potential ပြခွင့်မရှိအောင်ကို guide ဆရာမတွေရော၊ ကျူရှင်တွေရောနဲ့ အချိန်ပြည့်စာကျက်ခိုင်းတယ်။ ဒါပေမယ့်သူတို့သတိမထားမိတာက တစ်ဘာသာကို ကျောင်းကတစ်မျိုး၊ ကျူရှင် ဆရာမ ကတစ်မျိုး၊ guide ကတစ်မျိုးသင်မှတော့ ဒီကလေးအနေနဲ့ဘယ်လို information process လုပ်ဖို့အချိန်ရှိမလဲ? သူတို့စာကိုဘယ်လို enjoy လုပ်တော့မလဲ?

အချိန်အများကြီးသင်မှစာက effective ဖြစ်တာမဟုတ်ပါဘူး။ လိုအပ်တဲ့အချိန်ပိုင်းလောက်စာလုပ်ရင်ရပါပြီ သူ့အရွယ်နဲ့သူလိုက်နိုင်ပါတယ်။ ကလေးရဲ့ progress ကိုစာဘယ်နှစ်နာရီလုပ်တာပေါ်မူတည်ပြီးမတိုင်းစေချင်ဘူး။ Productivity အပေါ်တိုင်းပါ။ တစ်နာရီအတွင်းမှာစာကို effective ဖြစ်အောင်လုပ်နိုင်ရင် ၃ နာရီလောက်ထိုင်ပြီးစိတ်မဝင်စားတာထက်စာရင်အများကြီး effective ဖြစ်ပါတယ်။

ကိုယ့်ကလေးကိုထားတဲ့ safe environment ကိုလဲသေချာရွေးစေချင်ပါတယ်။ ကလေးရဲ့အကြောင်းကိုသေချာသိရှိပြီး guideline ပေးနိုင်တဲ့ ပတ်ဝန်းကျင်မှာထားပေးပါ။ ကလေးတိုင်းကမွေးကတည်းက brain အတူတူပါပဲ။ Smart ဖြစ်တာ၊ မဖြစ်တာက သူ့ကိုထားတဲ့ပတ်ဝန်းကျင်ရယ်၊ မိဘရဲ့ပြုစုပျိုးထောင်မှုရယ်အပေါ်မှာအများမူတည်ပါတယ်။ သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာကိုနားလည်ပေးမယ့် ဆရာ၊ ဆရာမများနဲ့ စကားပြောပြီးဆွေးနွေးကြည့်ပါ။ အဲ့ဒါမှ confident ဖြစ်ပြီး academics မှာပါထူးချွန်လာမှာပါ။ စာတော်ဖို့က ဒီ factors တွေအားလုံးပါဝင်ပါတယ်။ စာကျက်တာတစ်ခုထဲမဟုတ်ပါ။

ကလေးရဲ့အမှတ်တစ်ခုထဲကိုကြည့်ပြီး progress ကိုမဆုံးဖြတ်ပါနဲ့။ သူရဲ့ကြိုးစားမှုကိုကြည့်ပြီးချီးကျူးပေးပါ၊ positive affirmation ပေးပါ။ အခုစာတော်တဲ့ကလေးတွေရဲ့အနောက်မှာ ယုံကြည်မှုပေးနိုင်တဲ့ မိဘတွေရှိပါတယ်။ အေးချမ်းအရမ်းအားကျရတဲ့ Scholars တွေရဲ့မေမေများကနေလဲ သူတို့ပြုစုပြိုးထောင်ပုံလေးတွေကိုလေ့လာလျှက်ပါ။ 🥰

မိဘကကိုယ့်ကလေးကိုယုံကြည်မှုမပေးနိုင်ရင် သူမှာအမြဲအားငယ်စိတ်ဖြစ်နေပါလိမ့်မယ်။ ကိုယ်သာလျှင်ကိုယ့်သားသမီးရဲ့ biggest fan ဖြစ်ပါစေ။ သူတို့မှာခွန်အားတွေတက်လာပါလိမ့်မယ်။ 🤍✨

အချိန်ရတာနဲ့ SME မှာ Children Empowerment နဲ့ပတ်သတ်တဲ့ research articles နှင့် poster လေးတွေ print ထုတ်ထားပေးပါမယ်။

With Love,
Tr Aye Chan

ဆယ်ကျော်သက်အရွယ် ကို ဖြတ်သန်းနေကြတဲ့ အသက် ၁၂ နှစ် မှ ၁၆ နှစ်အရွယ် လူငယ်တွေ မှာ ဟော်မုန်း အပြောင်းအလဲ ကြောင့် ဖြစ်ဖြစ် ပတ...
17/05/2023

ဆယ်ကျော်သက်အရွယ် ကို ဖြတ်သန်းနေကြတဲ့ အသက် ၁၂ နှစ် မှ ၁၆ နှစ်အရွယ် လူငယ်တွေ မှာ ဟော်မုန်း အပြောင်းအလဲ ကြောင့် ဖြစ်ဖြစ် ပတ်ဝန်းကျင်အလေ့အထ များကြောင်​့ ဖြစ်ဖြစ် ပညာသင်ကြားရေး ၊ ကျန်းမာရေး နှင့် လူမှု့ပေါင်းသင်း ဆက်ဆံရေးများကြောင့် တခါတရံ
စိတ်ဖီစီးမှု့ အမျိုးမျိုးနှင့်တွေ့ ​ြကုံ ရတတ်ပါတယ် ...Stress (စိတ်ဖိစီးမှု့) ဆိုတာ အသက်အရွယ်တိုင်းမှာ ရှိကြစမြဲ ဆိုပေမယ့်..... ရင်ဖွင့်ဖော်ထုတ်ခွင့်မရကြသော ဆယ်ကျော်သက် အရွယ် လူငယ် များ အတွက် ... JBS Youth Development & Coaching Center နှင့် Counselling Corner . တို့ ပူးပေါင်းဖွင့်လှစ်သော Work Shop လေး ဖြစ်ပါတယ်။

Healing with Natural Clay

သဘာဝရွှံ့စေး ကိုအသုံးပြုပြီး မိမိတို့ ရဲ့ မသိစိတ်ထဲက ခံစားချက်တွေ မျှော်လင့်ချက်တွေ ယုံကြည်ချက်တွေကို ကိုယ်တိုင်ထုတ်ဖော်ထုတ်မယ်၊ စိတ်ဖိစီးမှုတွေ ပူပင်သောကတွေ ကိုလဲ လျော့ချ ဖို့အတွက် ရွှံ့စေးအလုပ်ရုံ (Clay Workshop) လေးကို ဆယ်ကျော်သက်အရွယ်များ ပါဝင်နိုင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်ရှင်....

ဒီ Workshop လေးရဲ့ ထူးခြားချက်က အိုးခွက်ပန်းကန်တွေ အရုပ်တွေလုပ်တာကို သင်ပေးတာမျိုး မဟုတ်ပဲ မိမိရဲ့ စိတ်ထဲရှိနေတာကို ရွှံ့စေးကနေတဆင့် ကိုယ်တိုင်ပုံဖော်ရမှာဖြစ်ပါတယ်

ကိုယ်နဲ့ စိတ်တူသူတွေနဲ့ ရင်းရင်းနှီးနှီး စကားတွေပြော၊ အချင်းချင်းအားပေးရင်း၊ အေးအေးလူလူ အခန်းကျယ်ထဲမှာ ကိုယ့်စိတ်ထဲရှိတာလေးတွေကို သဘာဝရွံ့စေးနဲ့ ပုံဖော်ပြီး လျော့သွားတဲ့ Positive Vibe တွေ ပြန်ရဖို့ အားယူနိုင်တယ်ဆိုရင် တော့ အရမ်းကို ကောင်းသွားပြီပေါ့။ အဲ့ဒီ Clay workshop တက်အပြီး စိတ်သက်သာရာ ရသွားမယ်။ စိတ်အပြောင်းအလဲဖြစ်သွားမယ်။ ကိုယ့်ကိုယ်ကို ပြန်ပြောနေသလို ရွှံ့စေးရုပ်လေးတွေက ပုံဖော်ပေးနေလိမ့်မယ်။

ဒီ Workshop ကနေတဆင့် Self-awareness, Self-acceptance ရသွားသူတွေရှိသလို Self-esteem နဲ့ Healing process တိုးတက်သွားတဲ့သူတွေလည်း ရှိကြပါတယ်။

သဘာဝ မှ တဆင့် စိတ်ပိုင်းဆိုင်ရာကို ထိတွေ့ချင်သူဆယ်​ကျော်သက်အရွယ်ကလေးငယ်များ ပါဝင်တက်ရောက်သင့်တဲ့ Workshop လေးဖြစ်ပါတယ်။

အသက် ၁၂ နှစ်မှ ၁၆ နှစ် ကျားမ မရွေး...
အခမဲ့ တတ်ရောက်နိုင်ပါသည်။

လူဦးရေကန့်သတ်ထားပါသဖြင့်
viber 09250236164 သို့ ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်။

နေ့ရက် ..... 27. May. 2023
အချိန်..... မနက် (၁၀) နာရီ မှ နေ့လည် (၁၂) နာရီ
နေရာ......အမှတ် (၅/၉) ပထမထပ် ဘိုကလေးဈေးလမ်း (အောက်ဘလောက်) ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ။

*ရွှံစေးနဲ့ပုံဖော်တဲ့Session လေးမတိုင်ခင်တခြား စိတ်ဝင်စားဖို့ကောင်းတဲ့session လေးတွေလည်းရှိတာမို့ မလွတ်သွားရအောင် Workshop စချိန် (၁၀)နာရီထက်နောက်မကျပဲ အရောက်လာပေးဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်

09/04/2023

မောင်နှစ်မတွေ ချစ်တတ်စေချင်ကြတာ မိဘတွေရဲ့ ဆန္ဒပါပဲ။

ကလေးတွေအ ချင်းချင်း ချစ်လာဖို့က အချိန်ယူရပါမယ်။

သားဦးက အရမ်းငယ်နေသေးချိန် အငယ်လေးကို မွေးလာတဲ့အခါ အကြီးကို မအော် မငေါက်ဖို့ အရမ်း အရေးကြီးပါတယ် အတတ်နိုင်ဆုံး စိတ်ရှည်ပေးဖို့ပဲ လိုအပ်ပါတယ်။

မောင်နှစ်မတွေကြားထဲက မနာလိုမှုကိုတားဆီးနိုင်သူက မိခင်ပဲဆိုတာ လုံးဝမမေ့ပါနဲ့။

အရင်မွေးတဲ့ သားဦးအကြီးကို များများချစ်ပေးကြပါ။

အကြီးမို့ အငယ်ကို အနစ်နာခံစရာမလိုအပ်ပါဘူး။

အကြီးနဲ့ အငယ် လေးစားတတ် စာနာတတ် ကိုယ်ချင်းစာတတ်အောင် အကြီးကို လေးစားမှု အရင်ပေးမှ အကြီးဆီက မေတ္တာတရားတွေက အငယ်ဆီကို အလိုလို ရောက်သွားနိုင်မှာမို့ပါ။

အကြီးကလည်း ကလေးပဲ ဆိုတာ မိဘတွေ မေ့မထားပါနဲ့။

အကြီးရဲ့အချစ်ကို အငယ်လုယူမသွားရဘူးဆိုတဲ့ယုံကြည်မှုကို မိဘက တည်ဆောက်ပေးပါ။

အငယ်လေးမွေးလာပေမဲ့ အကြီးနဲ့အတူ ထမင်းစားမြဲစားပါ ရေအတူချိုးပေးပါ အကြီးနဲ့အတူ ကစားပေးပါ အကြီးကို မိခင်နဲ့အတူပဲ သိပ်ပေးဖို့ အရေးကြီးဆုံးအချက်ပါ။

အငယ်ရှိလာတဲ့အခါ အကြီးနဲ့ မိခင်ကို အိပ်ယာ ခွဲမသိပ်ပါနဲ့။

မိခင်ရဲ့ မျှတမှုရှိတဲ့ ချစ်ခြင်းမေတ္တာတရားရယ်

အကြီးရဲ့ မိဘအပေါ်မှာထားတဲ့ ယုံကြည်မှုခိုင်မြဲနေဖို့ရယ်

အေးအတူပူအမျှ အတူတကွ နေထိုင်ရတဲ့ မောင်နှစ်မတွေရဲ့ နေ့ရက်တွေမှာ အချင်းချင်း ချစ်ြကပါလို့ ပြောဖို့မလိုအောင် ချစ်တတ်ကြပါလိမ့်မယ်။

အချိန်ယူပါ စိတ်ရှည်ပေးပါ ကလေးကို ကလေးလိုကြည့်ပေးပါ လို့ မေတ္တာနဲ့ အကြံပြု တိုက်တွန်းရေးသားလိုက်ပါတယ်ရှင့်။

ကလေးရဲ့သဘာဝ ထုကြ လုကြ ချစ်ကြ နပန်းလုံးကြတာကတော့ ကလေးရဲ့ သဘာဝပဲဆိုတာ မိဘတွေ သိနားလည်လာကြပါလိမ့်မယ်။ 😁😅😂😂😂😂




#သားသမီးဆိုတာဝန်ထုပ်ဝန်ပိုးမဟုတ်
#မိဘဆိုတာသားသမီးတွေရဲ့ကမ္ဘာကြီးပါ

Mommy of 3

🙏Crd-Art 🙏

26/03/2023

သူတစ်ထူး၏ ကျေးဇူးကို သိတတ်ခြင်း

မင်္ဂလသုတ်မှာ ပါတဲ့ "ကတညုတာ ဆိုတာ သူတစ်ပါးရဲ့ကျေးဇူးကို သိတတ်ခြင်းလို့ အဓိပ်ပါယျရတယျ။ မင်္ဂလာဆိုတာ အောင်မြင်ဖို့၊ ကြီးပွားဖို့၊ တိုးတက်ဖို့ အကြောင်းတရားများနဲ့ ပြည့်စုံနေခြင်းကို ဆိုလိုတာမို့ သူများရဲ့ ကျေးဇူးကို သိခြင်းဟာ ဘဝကို အောင်မြင်စေ၊ ကြီးပွားစေ၊ တိုးတက်စေတဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။

ပထမဆုံး မိဘကနေ စတာပေါ့။ လူ့လောကထဲ ဝင်ခွင့်ရအောင် တံခါးဖွင့်ပေးတဲ့ တံခါးမှူး ၂ ယောက်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး။ မျက်စိသူငယ် နားသူငယ်နဲ့ ဖြစ်နေတဲ့ ကိုယ်တွေကို ကျွေးမွေးတယ်။ စောင့်ရှောက်တယ်။ လမ်းပြတယ်။ အဲဒီတော့မှ ဒီလူ့လောကထဲမှာ ကျွန်တော်တို့ဟာ နေသားတကျ ဖြစ်လာကြတာပါ။

မွေးပြီး စောင့်ရှောက်ရမှာ သူတို့တာဝန်ပဲ၊ ဒီအတွက် ကျေးဇူးတင်စရာ မရှိဘူး၊ ဒီတာဝန်ကို ပျက်ကွက်မှသာ အပြစ်ဖြစ်တာလို့ မြင်တဲ့လူလည်း ရှိမယ်ပေါ့။ မိဘက ပေးတဲ့ စိတ်ဒဏ်ရာတွေကလည်း အများကြီး ရှိတတ်တာ မဟုတ်လား။

ခုနောက်ပိုင်း စိတ်ပညာကို လေ့လာဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ပတ်သက်တဲ့ ရုပ်ရှင်ကားတွေ၊ စာအုပ်တွေ အကြည့်များ၊ ဖတ်များလာတော့ ပိုသတိထားမိလာတာက လူတစ်ယောက်မှာ ငယ်ဘ၀ အတွေ့အကြုံဟာ သိပ်အရေးကြီးတယ် ဆိုတာပဲ။

ချစ်ခြင်းမေတ္တာနဲ့ ဂရုစိုက်မှု၊ အာရုံစိုက်မှုတွေကို မိဘအုပ်ထိန်းသူဆီက ရခဲ့တဲ့ ကလေးနဲ့၊ မရခဲ့တဲ့ ကလေး အသက်ကြီးလာတဲ့အခါ လောကအပေါ် ရှုမြင်ပုံတွေက ကွာကိုကွာတယ်။ ကွင်းဆက်လူသတ်သမား အယောက် ၁၀၀ မှာ ၉၉.၉ ယောက်လောက်မှာ ဆိုးရွားတဲ့ ငယ်ဘ၀ ရှိခဲ့ကြတယ်။ မိဘက ဂရုမစိုက်တာ၊ အကြမ်းဖက်တာ၊ ပတ်ဝန်းကျင်က ပစ်ပယ်ထားခြင်းကို ခံရတာ စသဖြင့်ပေါ့။ မူးယစ်ဆေးစွဲတာ၊ ရာဇဝတ်သား ဖြစ်သွားတာ၊ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ စတာတွေဟာလည်း မိသားစုနဲ့ တစ်နည်းမဟုတ်တစ်နည်း ဆက်စပ်နေတတ်တယ်။ အရာအားလုံးဟာ အိမ်ကနေ စတယ် လို့တောင် လက်ခံလာမိတယ်။

တကယ်တော့ ငယ်ဘဝဆိုတာ ရွေးလို့ရခဲ့တာမှ မဟုတ်ပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ငယ်ဘဝကို အဲဒီလို ဆိုးဆိုးရွားရွားတွေ မဖြစ်အောင် စောင့်ရှောက်ပေးခဲ့တဲ့၊ အနည်းဆုံး သူတို့တာဝန်သူတို့ ကျေပေးခဲ့တဲ့ မိဘတွေကို ကျေးဇူးတင်မိတယ်။ သူတို့ကြောင့်သာ မဟုတ်ရင် ကိုယ်လည်း ခုချိန် ဘယ်လိုလူ ဖြစ်နေမလဲ မသိနိုင်ဘူးလေ။

မိဘပြီးရင်တော့ ဆရာသမားတွေ။ ပညာသင်ပေးတယ်။ ဆုံးမတယ်။ လမ်းညွှန်တယ်။ တိုက်ရိုက်သင်ပေးမှ မဟုတ်ဘူး၊ သွယ်ဝိုက်ပြီးမှ ပညာယူခဲ့ရတဲ့သူတွေလည်း ကျွန်တော်တို့ဘဝမှာ ဒုနဲ့ဒေးပေါ့။

ကိုယ်ဒုက္ခရောက်ချိန်မှာ ကူညီပေးခဲ့သူတွေလည်း ရှိဦးမယ်။ ငွေလိုနေချိန် ယုံယုံကြည်ကြည်နဲ့ ချေးပေးတာ၊ ပြိုလဲနေချိန် ဘေးမှာ အတူရှိပေးတာ၊ အားလုံးက လက်ညှိုးဝိုင်းထိုးနေချိန် ကိုယ့်ဘက်ကနေ ရပ်တည်ပေးတာ၊ ဒီလိုလူတွေ ရှိမယ်။

နောက်တစ်ခါ၊ ပရော်ဖက်ရှင်နယ် အလုပ်နဲ့ ပတ်သက်လို့ ကျေးဇူးတင်ရမဲ့ လူတွေ။ ဥပမာ စာရေးဆရာနဲ့ စာဖတ်သူ၊ ဘယ်သူက ဘယ်သူ့အပေါ် ကျေးဇူးရှိတာလဲ။

ရေးတဲ့သူက သူ့အသက်မွေးဖို့ စာရေးတယ်။ အဲဒါကို သဘောကျလို့ ဝယ်ဖတ်တယ်။ ဖတ်တော့ သူ ပိုက်ဆံရတယ်။ ပြောရရင် ဘယ်သူ့အပေါ် ဘယ်သူကမှ ကျေးဇူးရှိမနေဘူး။

တစ်ဖက်က စဉ်းစားရင်တော့ အပြန်အလှန် ကျေးဇူးပြုနေတယ် ပြောလို့ရတယ်။ ကျွန်တော်ကတော့ အဲဒီရှုထောင့်ကနေပဲ ကြည့်တယ်။

ကျွန်တော့်စာတွေကြောင့် အကျိုးရှိတယ် ပြောကြတယ်။ ကျေးဇူးတွေ တင်ကြတယ်။ စဉ်းစားကြည့်ပေါ့။ ကျွန်တော်ကသာ စာတွေရေးနေတယ်။ ဖတ်မဲ့သူသာ မရှိရင်၊ စာအုပ်တွေသာ မဝယ်ကြရင် ကျွန်တော့်ဘ၀ ဘယ်လိုသွားရပ်တည်မလဲ။ ဖတ်သူမရှိဘဲ စာရေးဆရာဆိုတာ ဖြစ်မလာနိုင်ဘူးလေ။

ဆရာဝန်နဲ့ လူနာ၊ အနုပညာရှင်နဲ့ ပရိသတ်၊ ရောင်းသူနဲ့ ဝယ်သူ စတဲ့ ဆက်ဆံရေးအားလုံးဟာ အပြန်အလှန် ကျေးဇူးပြုနေကြတာသာ ဖြစ်တယ်။

အဲဒီလို ရှုထောင့်ကနေ တွေးလိုက်တဲ့အခါ ငါက ဘာကောင်ကြီး ဆိုတဲ့ မာန်မာန ကျသွားတယ်။ နှိမ့်ချတတ်လာတယ်။ ရိုကျိုးလာတယ်။ ဆက်ဆံရေး ဖော်ရွေလာတယ်။ ချင်း (ဂျင်း) မထည့်ချင်တော့ဘူး။ စေတနာ ပိုထားနိုင်လာတယ်။

ဒါကြောင့် ဆန်ပေးလို့ ဆီရတာပါ ဆိုတဲ့ ရှုထောင့်အစား အပြန်အလှန် ကျေးဇူးပြုနေကြတာပါလားလို့ ရှုမြင်လိုက်တာက ကိုယ့်အတွက် ပိုကောင်းပါတယ်။

ကျေးဇူးရှိသူတွေကို ထပ်ချဲ့စဉ်းစားရင်တော့ ကုန်တောင် မကုန်နိုင်ဘူး။ လျှပ်စစ်မီး၊ ဖုန်း၊ အင်တာနက်၊ ဖေ့စ်ဘွတ်၊ Zoom တီထွင်သူတွေ၊ စာအုပ်၊ လေယာဉ်ပျံ၊ ကား၊ နာရီ၊ ဆေးဝါးတွေ၊ ကုသနည်းတွေ စသဖြင့် စသဖြင့် ရှာဖွေတွေ့ရှိခဲ့သူတွေရဲ့ ကျေးဇူးဟာ သိပ်ကိုမှ ကြီးတာနော်။ အယူဝါဒပိုင်း၊ အတွေးအခေါ်ပိုင်းဆိုလည်း အများမှ အများကြီး။

ဒီလိုတွေးလိုက်တော့ ကိုယ်လက်ရှိပိုင်ဆိုင် အသုံးပြုနေတဲ့ ဘယ်အရာကိုမှ ခပ်ပေါ့ပေါ့ သဘောမထားတော့ဘူး။ Take for granted မလုပ်ဖြစ်တော့ဘူး။ အသိအမှတ်ပြုတတ်လာတယ်။ တန်ဖိုးထားတတ်လာတယ်။

အဲဒါထက် ပိုအဓိကကျတာက ကိုယ်တိုင်လည်း ကျေးဇူးပြုချင်လာတာပဲ ဖြစ်ပါတယ်။ သြော် ဒီလူတွေကြောင့် ငါတို့ဘဝတွေ ပြောင်းလဲခဲ့ရတယ်၊ ငါတို့လူနေမှုစနစ်တွေ မြင့်မားခဲ့ရတယ်၊ ငါတို့အတွေးအခေါ်တွေ တိုးတက်ခဲ့ရတယ်၊ ဒီတော့ ငါကိုယ်တိုင်လည်း ကြိုးစားအားထုတ်မယ်၊ အများအကျိုးပြုမယ်ဆိုရင် ငါ့ကြောင့် လူပေါင်းများစွာဟာ အဆင်ပြေကြရလိမ့်မယ် ဆိုတဲ့ အတွေးဝင်လာတာပေါ့။

မာတင်လူသာကင်း ဂျူနီယာဟာ အိုဘားမားကို ဘယ်သိပါ့မလဲ။ ဒါပေမဲ့ သူ့ရဲ့ အကျိုးသက်ရောက်မှုအနေနဲ့ နောင်နှစ်တွေ ကြာတဲ့အခါ အမေရိကန်မှာ လူမည်းတစ်ယောက် သမ္မတ ဖြစ်ခွင့်ရခဲ့တယ်။ တခြားသော လူမည်းပေါင်းမြောက်များစွာဟာလည်း အကျိုးကျေးဇူး ခံစားခဲ့ရတယ်။

ခုခေတ် အမျိုးသမီးတွေ မဲပေးခွင့်ရဖို့၊ ကိုယ်ဝန်တားနည်းတွေ သုံးနိုင်ဖို့၊ ပညာသင်ခွင့်ရဖို့အတွက် ရှေးက အမျိုးသမီးပေါင်းများစွာဟာ အသက်တွေ၊ ဘဝတွေ စတေးပြီး တောင်းဆိုခဲ့ကြရတာ ဖြစ်တယ်။

ကျွန်တော်တို့ ပြောချင်တာ ပြော၊ ရေးချင်တာ ရေးခွင့်ရဖို့ကိုလည်း ရှေ့က မျိုးဆက်တွေဟာ အများကြီး အနစ်နာခံ ပေးဆပ်ခဲ့ကြရတာ ဖြစ်ပါတယ်။

ရှေ့က တစ်ယောက်ကြောင့် ကိုယ်ဟာ ပိုလွယ်ကူတဲ့ ဘဝတစ်ခုကို ရခဲ့တယ်ဆို အဲဒါလေးကို အသိအမှတ်ပြု၊ ကျေးဇူးတင်။ ပြီးရင် ကိုယ့်ကြောင့် ကိုယ့်နောက်က လူတွေ ပိုလွယ်ကူတဲ့ ဘဝမျိုး ရအောင် ကျေးဇူးပြု။ ဒါဆို လူဖြစ်ရကျိုး ပိုနပ်ပါလိမ့်မယ်။

ကိုယ့်ကို ဒုက္ခပေးဖူးသူကို ခွင့်လွှတ်ဖို့ဆိုတာ ခက်သလို၊ ကိုယ်မုန်းနေတဲ့ လူတစ်ယောက်ရဲ့ ကောင်းကွက်ကို ရှာဖို့ကလည်း ပြောသလောက် မလွယ်ပါဘူး။

ကိုယ့်အပေါ် ကောင်းတဲ့သူတွေရဲ့ ကျေးဇူးကို မြင်နိုင်ဖို့ကတော့ လွယ်ပါတယ်။ ဒါကြောင့် အဲဒီကနေ စပါ။ တဖြည်းဖြည်း စိတ်တွေ နူးညံ့သိမ်မွေ့လာတဲ့အခါ၊ အကောင်းမြင်နိုင်လာတဲ့အခါ၊ ဘဝအပေါ် ကျေနပ် နှစ်သက်တတ်လာတဲ့အခါ၊ နှိမ့်ချရိုကျိုးလာတဲ့အခါ ခက်ပါတယ်ဆိုတဲ့ အပေါ်က ၂ ခုကိုလည်း လုပ်နိုင်လာပါလိမ့်မယ်။

ဒေါက်တာ ဖြိုးသီဟ
၂၆.၃.၂၀၂၃

Photo credit - Pixabay

23/03/2023

အမြဲ ခေါင်းပွတ်ခံချင်တဲ့စိတ်ကို
ဖျောက်‌နိုင်အောင် ကြိုးစားပါ ။

ဖတ်ကောင်းအောင် ၊ ကြားကောင်းအောင်
ပြောတဲ့ စကား‌တွေ ၊ ပိုစ့်တွေ စားသုံးတာ များရင်
လူက ပျော့တီးပျော့ဖက် ဖြစ်လာတတ်တယ် ။

အမြဲ ကိုယ်က ခံရသူပါ ၊
ဘယ်လိုခံခဲ့ရတယ် ၊ လောကကြီးက ဘယ်လိုယုတ်မာတာ စတဲ့ အတွေးတွေ များလာရင်

လူက victim mentality တွေ ၀င်လာပြီး

ကိုယ့်တာ၀န် ကိုယ်ယူလိုစိတ်တွေ ပျောက်သွားတတ်တယ် ။

ဘာလို့ဆို လူက ကိုယ့်တာ၀န်ကိုယ် ယူရမယ့်အစား
တစ်ခုခု ၊ တစ်ယောက်ယောက်ကို
လက်ညှိုးထိုးလိုက်တာ အဆမတန် ပိုလွယ်ကူလို့ပါ ။

နားလည်ထားစေချင်တာက

မိုးထဲ ရေထဲ ရောက်ရင်
ကိုယ်တစ်ယောက်တည်းပဲ ရှိပါတယ် ၊

သင့်ဘေးက သူငယ်ချင်းတွေဆိုတာလည်း
မကူပေးနိုင်ပါဘူး ၊

သင့် အသုံးမကျမှုတွေကို ဖြေသာရာရအောင်
လုပ်ပေးတဲ့ ပိုစ့်တွေ ၊ snowflake influencers တွေလည်း
မကူပေးနိုင်ပါဘူး ။

နောက်ဆုံး သင့် right person ၊ supportive ဖြစ်ပါတယ်
ဆိုတဲ့ လူတွေလည်း မကူပေးနိုင်ပါဘူး ။

ကျနော်ပြောတာ သင်နားလည်မှာပါ ။

တကယ်တမ်းကျ အတွင်းတိုက်ပွဲတွေမှာ
ကိုယ် ကိုယ်တိုင်ကပဲ ကိုယ် ကိုယ်တိုင်ရဲ့ အားကိုးရာပါ ။

ဒါ့ကြောင့် အခုရောက်နေတဲ့ အရွယ်ထဲက
ခေါင်းပွတ်ခံချင်တဲ့ စိတ်ကို တဖြည်းဖြည်း ဖျောက်ပြီး

ကိုယ့်မှာ အတွင်းထဲက ခိုင်နေအောင်
စည်းကမ်းရှိနေအောင် ၊ စိတ်ဓာတ်မာကျောနေအောင်
ကြိုးစားစေချင်ပါတယ် ။

ဒါမှသာ တကယ် တိုက်ရပြီဆိုရင်
သင့်အနေနဲ့ ဘယ်သူမှကို မလိုတော့ပဲ၊
လူတွေကို "အနားမှာ ရှိပေးပါ" လို့ တောင်းခံနေစရာ
မလိုပဲ တိုက်နိုင်မှာပါ ။

ခေါင်းပွတ်ခံချင်တဲ့စိတ်ထက် စိတ်ဓာတ်မာကျောမှုကို
ပိုမက်မော ဦးစားပေးသင့်ပါတယ်

Credit # # #

13/03/2023

မိဘမပီသတဲ့ မိဘတွေမှ အများကြီး။
မိဘပီသတယ်ဆိုပြီး သူတို့စိတ်ကို သူတို့အတွေးနဲ့ သူတို့အတ္တနဲ့ပေါင်းစပ်ပြီး ၊ ငါမိဘပဲ ဆိုတဲ့ခေါင်းစဥ်နဲ့ ၊သားသမီးကို ချောက်ထဲကျအောင်လုပ်ခဲ့တဲ့ မိဘတွေမှအများကြီး။

ဘုရားလက်ထက်က အမေ့နားရွက်ကို သားဓါးမြက ကိုက်နိုင်တဲ့ အဖြစ်လိုမျိုးတွေ၊
ကျနော်ငယ်ငယ်လေးထဲက ကျနော့်ပတ်ဝန်းကျင်မှာ အများကြီးတွေ့ဖူးတယ်။

ကျနော်ငယ်ငယ်ကနေခဲ့တဲ့ရပ်ကွက်လေးထဲမှာဆိုရင်၊
သားက ခိုးလာတဲ့ ပစ္စည်းမှန်သမျှကိုယူ၊
နောက်ခါထပ်ခိုးလာဖို့ သွန်သင်တဲ့ မိဘတွေကို တွေ့ဖူးတယ်။
အဲ့ဒီသားအရွယ်လေးတွေက ၆နှစ် ၇နှဈအရှယျလေးတှေ။
မိဘက ခိုးတာကိုခွင့်ပြုတဲ့အခါ သားသမီးတွေကလည်း ခိုးတော့ဘာဖြစ်လဲ၊ခိုးမယ်၊ ခိုးပြီးရင် မိဘကိုပေးမယ်ဆိုတဲ့ တလွဲ အကုသိုလ်လုပ်ရပ်တွေကို ရဲရဲတင်းတင်းလုပ်လာကြတော့တာပဲ။

မိဘဆိုတာ တကယ်ကိုလက်ဦးဆရာနဲ့တူပါတယ်။
မိဘတိုင်းသည် သားသမီးတိုင်းကို အမှန်တကယ်ချစ်မြတ်နိုးကြသည်မှာလည်း အမှန်ပါပဲ။
ဘာက မှားနေလည်းလို့ တွေးကြည့်တဲ့အခါ၊
မိဘမဖြစ်သင့်ပဲ ၊ဖြစ်လာကြတာကကို မှားနေတာလို့ကို မြင်မိပါတော့တယ်။
လကျဥိီးဆရာမပီသနိုငျပဲ မိဘဖြစ်လာကြတာကိုက မှားနေခဲ့ကြတာပါ။

ကျနော်ငယ်ငယ်က အရမ်းဆင်းရဲပါတယ်။
အဖေက လခနည်းဝန်ထမ်း၊
အမေက ပညာရေး ခြောက်တန်းထွက်။
ငယ်စဥ်ဘဝက ငွေကြေးမပြည့်စုံခဲ့ပေမယ့်၊
ကောင်းတာမကောင်းတာကို အဖေနဲ့အမေရဲ့ သွန်သင်ဆုံးမမှု့တွေနဲ့ ဖြတ်သန်းနိုင်ခဲ့ပါတယ်။

သူများပေးရင်မယူရဘူး။
သူများကျွေးရင် မိဘစားခိုင်းမှစားရမယ်။
သူများအိမ်မှာသွားဆော့တုန်း သူတို့ထမင်းစားပြီဆို အိမ်ကိုပြန်လာရမယ်။
ထမင်းစားရင် အသံမမြည်ရဘူး၊
လူကြီးသူမရှေ့ ခေါင်းငုံ့သွားရမယ်၊
လက်နှစ်ဖက်နဲ့ ပေး၊ လက်နှစ်ဖက်နဲ့ယူရမယ်၊
သည်းခံရမယ်၊
စာဖတ်ရမယ်၊
မလိမ်ရဘူး၊
မခိုးရဘူး၊
စတဲ့အသိတွေနဲ့ ဖြတ်သန်းခဲ့ရပါတယ်။

ကျနော်ကိုယ်တိုင်သည်ပင် မိဘဆိုဆုံးမတိုင်းနာခံတတ်တဲ့သူတစ်ယောက်မဖြစ်ခဲ့ပေမယ့်၊
မိဘက မကောင်းဘူးလို့ သတ်မှတ်တဲ့အရာတွေကို တော့၊ကျူးလွန်ခဲ့မယ်ဆိုရင်တောင်မှ
သတိထားပြီး ကျူးလွန်တတ်ခဲ့ပါတယ်။
ဥပမာ ၊
ရေမကူးရဘူးလို့ မိဘက ဆုံးမတဲ့အခါ၊
ဘာလို့လည်း ကျနော်ပြန်မေးပါတယ်၊
ရေနစ်မှာဆိုးလို့လို့သူတို့ပြန်ဖြေပါတယ်။
ကျနော်ခိုးပြီးရေသွားကူးပါတယ်။
ရေကူးတတ်ချင်တာက ကျနော့်ဆန္ဒ ၊ရေမနစ်စေချင်တာက မိဘဆန္ဒ။
အဲဒီအတွက် ကျနော်ရေမနစ်အောင်ကြိုးစားရင်း ရေကူးတတ်ခဲ့ရပါတယ်။
ရေကူးတာသိသွားတဲ့မိဘက ရိုက်တဲ့အခါမှာလည်း ရဲရဲဝံ့ဝံ့ အရိုက်ခံခဲ့ပါတယ်။

ကျနော့်မိဘသည်လည်း သားသမီးအပေါ် အလုံးစုံမှန်ကန်နေတာ မဟုတ်ပါဘူး။
သူတို့မှာမှန်ကန်တာက ချစ်ခြင်းမေတ္တာဖြစ်ပြီး၊
အတွေးအခေါ်တစ်ချို့မှာတော့ တော်တော်ကိုလမ်းလွဲနေကြတာမျိုးရှိပါတယ်။
လမ်းလွဲတာချင်းတူတူတောင်မှ ၊ သူများပစ္စည်းကိုခိုးတာကို အားပေးထောက်ခံဖေးကူတဲ့ မိဘထက်၊
ရေမကူးရဘူးဆိုတဲ့မိဘက နည်းနည်းမှန်ကန်သေးတယ်လို့ ဆိုရမှာပါ။

မိဆိုးဖဆိုးကို ရတဲ့သူတွေမှ အများမှအများကြီးရှိပါတယ်။
အဖေအရင်းက သမီးအရင်းကို လိင်ကျွန်လိုဆက်ဆံတာ၊
သားမယားပြုကျင့်တာတွေက ပုံပြင်တွေမှမဟုတ်တာ။

သားသမီးကို အမှိုက်ပုံမှာစွန့်ပြစ်၊
သားသမီးကို ခြေကျိုးလက်ကျိုးရိုက်နှက်တဲ့ မိဘတွေဆိုတာလည်း ဒုနဲ့ဒေး။

သားသမီးတွေကို တပြွတ်ပြွတ်မွေးထုတ်၊
မကျွေးမွေးနိုင်တော့ လူမမယ်ကလေးတွေကို အလုပ်လုပ်ခိုင်း၊
တောင်းကျွေးခိုင်းတဲ့ မိဘတွေဆိုတာ မြင်ဖူးကြမှာပါပဲ။

ခြေသန်လက်သန်မိဘ၂ပါးလုပ်စာလေးနဲ့ ကလေး၁၀ရောက်ကို ဘယ်လိုမှလုပ်မကျွေးနိုင်ပဲ၊
သူတို့လုပ်နိုင်တာပဲ လုပ်နေကြလို့ ကလေးတွေဒုက္ခအကြီးအကျယ်ရောက်ကြရတာပါ။

မိဘက သားသမီးအပေါ်မျှော်လင့်ချက်တွေရှိတယ်ဆိုတာ မြတ်စွာဘုရား ဟောကြားခဲ့ဖူးပါတယ်။
သူတို့အိုမင်းမစွမ်းတဲ့အခါ ပြုစုလုပ်ကျွေးစေချင်တဲ့ မျော်လင့်ချက်မျိုး၊
သူတို့အပေါ် သိတတ်နားလည်စေချင်တဲ့ မျှော်လင့်ချက်မျိုးတွေ ရှိပါတယ်။

တစ်ချို့မိဘတွေရဲ့ မျှော်လင့်ချက်အမှား၊ လုပ်ရပ်အမှားတွေကိုမြင်မိရင်း ၊
မိဘပီသတဲ့ မိဘများသာဖြစ်ကြပါစေကြောင်း ရေးပြချင်တာပါခင်ဗျာ။

အားလုံးပဲ အဆင်ပြေဘေးကင်းကြပါစေ။

(ဂျမ်းတောလေး ဖေဖေ အင်တာဗျူးကိုကြည့်မိရင်း ၊ တွေးမိတာလေးတွေ ရေးချမိတာပါ)

သက်ပန်။

တက်ကျမ်းစာအုပ်ပေါင်းမြောက်များစွာရေးသားခဲ့တဲ့..ဟားဘဒ်ကစ်ဆင်ရဲ့စာအုပ်တွေအများကြီးဖတ်ခဲ့ဘူးပြီး.လိုက်နာကျင့်သုံးခဲ့ပေမယ့်....
12/03/2023

တက်ကျမ်းစာအုပ်ပေါင်းမြောက်များစွာရေးသားခဲ့တဲ့..ဟားဘဒ်ကစ်ဆင်ရဲ့စာအုပ်တွေအများကြီးဖတ်ခဲ့ဘူးပြီး.လိုက်နာကျင့်သုံးခဲ့ပေမယ့်.မမေ့မပျောက်ပဲစွဲစွဲမြဲမြဲမှတ်မိနေတဲ့စကားစုကတော့လူငယ်ဘဝတုံးကထူးထူးခြားခြားစကားတခွန်းမို့ယနေ့အထိသတိရနေဆဲ.

သူက.သူ့အသက်.၆၀.ဝန်းကျင်လောက်မှာလူငယ်များအတွက်ခံစားပြီးရေးခဲ့တဲ့စာပိုဒ်တို.ပို့စ်ကလေးတခုပါ.

သူရည်ရွယ်သည်ကတော့အသက်.၂၀.ဝန်းကျင်လူငယ်လေးများအချိန်ကိုအကျိုးရှိစွာသုံးစေဖို့ရည်ရွယ်ရေးခဲ့ဟန်တူတာပါ.

ဒီနေ့ခေတ်မှာတော့အသက်.၁၀.နှစ်ဝန်းကျင်လူငယ်များသည်ပင်အချိန်းဖြုန်းနေကြတာကိုတွေ့နေကြရပါပြီ.ရှောင်တိမ်းလို့မရတော့တဲ့နည်းပညာတိုးတက်မှုတရပ်ပါပဲ.

တကယ်ကတော့.ကစားနည်းပြောင်းလာတဲ့ခေတ်စနစ်နဲ့.၁၀.ကျော်သက်လူငယ်တွေရဲ့အမှားချည်းတော့မဟုတ်.ကလေးတွေရဲ့ကိုယ်လက်လှုပ်ရှားကစားချိန်တွေကိုပညာရေးအကြောင်းပြခိုးယူသွားတဲ့လူကြီးမိဘတွေရဲ့ပယောဂပူးနေတဲ့လောဘကလည်းတာဝန်တော့မကင်းလှ.

ကိုယ်လက်လှုပ်ရှားကစားချိန်မရှိလို့ကျန်းမာရေးညီညွတ်မှုမရှိရတဲ့အထဲသွားလေရာသည်ပိုးကစားနိုင်တဲ့.ဂိန်းကစားနည်းတွေက.အဖိုးတန်ဗဟုသုတရှာဖွေရမဲ့အချိန်တွေနှုတ်ယူလို့သွားခဲ့ပြီ.

ခေတ်သစ်ရဲ့ကစားနည်းတွေတီထွင်သူတွေကိုပဲအပြစ်တင်ရလေမလား.ပညာလောဘကြီးနေကြတဲ့.မိဘတွေပဲ.လွှဲချရတော့မှာလားမသိ.တမျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကြွေးကြော်သံလည်းပျက်ရယ်ပြုခြင်းခံနေရပြီ.

ကိုယ်လက်ကျန်းမာကြံ့ခိုင်မှုရှိရလေအောင်.ကမ္ဘာအရပ်ရပ်ကတိုးတက်တဲ့.စနစ်သစ်ပညာရေးမှန်သမျှမှာ.မရှိမဖြစ်တကူးတကထည့်သွင်းရေးဆွဲထားရတဲ့.ကာယလှုပ်ရှားချိန်မှာကစားခွင့်မရတဲ့.ကလေးငယ်တွေကလည်းရသမျှကစားနည်းနဲ့ကစားနေကြတာကိုတော့အပြစ်မဆိုသာ.

သို့ပေမဲ့.မိဘတွေကိုယ်တိုင်ခံယူထားတဲ့.ပညာရေးမူဝါဒက.ချွတ်ခြုံကျနေဆဲဆိုတာကို.ဒီနေ့အထိ.မောနင်းကျူရှင်.နိုက်ကျူရှင်တွေ
နဲ့ပြေးလွှားနေကြရတဲ့ကလေးများကသက်သေပြနေကြသည်ပင်.

ဗီတာမင်.ဓာတ်သတ္တု.ပရိုတင်းတွေအပြည့်တိုက်ကျွေးပြီး.ထွားကြိုင်းအောင်ငွေကုန်ခံကြပေမယ့်.ကိုယ်ကာယလေးမှလှုပ်ရှားခွင့်မရခဲ့ရင်.လူသားသဘာဝကထည့်ပေးလိုက်တဲ့.ဘယ်နဲ့ညာခြေထောက်.ဆရာဝန်နှစ်ဦးလည်းအလုပ်မလုပ်နိုင်တော့သလို.လက်ထောက်ဆရာဝန်ညာလက်နဲ့ဘယ်လက်တွေလည်းမကယ်မနိုင်တော့ပြီ.

သည်အနေအထားကမွေးထုတ်ထားတဲ့.ပညာရှင်ပေါက်စတွေလည်းညောင်နာနာကုတ်ချောင်းချောင်းညှက်စိလေးတွေဖြစ်ခဲ့ရသလို.အားကစားသမားတွေလည်းပုတိုက်တိုက်သေးသေးကွေးကွေးတွေချည်း.တခြားသူအတွန်းအတိုက်ပင်မခံနိုင်ကြတော့.

ငယ်စဥ်ကမှအာဟာရနဲ့အားကစားမျှတမှုမရှိခဲ့ကြတာပဲ.ဒီအတိုင်းဆက်သွားကြရင်.အရင်တုံးကကိုယ်ခေါ်ခဲ့တဲ့ဂျပန်ငပုဘဝအဖြစ်ပင်.ပြန်ဝဋ်လည်သွားနိုင်လောက်ပါရဲ့.

အားကစားနယ်ပယ်မှာ.တချိန်ကဂုဏ်ယူခဲ့ရတဲ့မြန်မာဘောလုံးသမားတွေကစ.ဂျပုလေးတွေ.အရှေ့တောင်အာရှမှာပင်.အတွန်းအတိုက်မခံနိုင်ကြတာကိုတော့.ဘောလုံးပွဲတိုင်းရှုံးနေတာကအများသူငါမျက်မြင်.

ကာယကိုယ်မဖွံ့ထွားလို့.အသိနဲ့အတတ်ပညာရေးပိုင်းကြည့်တော့လည်း.မြန်မာတွေနားလည်တဲ့စကားနဲ့မသင်ကြားပဲ.ကိုယ်မကျွမ်းတဲ့ဘာသာနဲ့သင်ကြားပေးခဲ့တာမို့.ယောင်ဝါးဝါးနဲ့ဘွဲ့တွေရခဲ့.ဘာမှသေချာတတ်ကြတော့မဟုတ်.

ကမ္ဘာ့ထိပ်တန်းနိုင်ငံကြီးတွေပင်.သူနိုင်ငံသားတွေနားလည်တတ်ကျွမ်းစေဖို့.သူတို့ဘာသာစကားနဲ့သင်ကြားပေးနေကြတာ.ကိုယ်ကဘာတွေ.တွေဝေနေကြသလဲ.

ဒီပညာတွေလုပ်ငန်းခွင်မှာသင်ယူလို့တတ်မြောက်သွားခဲ့ရင်တောင်.အတော်ဆုံးဖြစ်ပြီးအောင်မြင်သွားဖို့.လူမှုဆက်ဆံရေးအသိပညာတရပ်ကလိုနေသေး.

နိုင်ငံရပ်ခြားသွားပညာသင်နိုင်သူကဘယ်နှစ်ယောက်မို့လို့.ပညာရေးအဆင့်အတင်းတွန်းတင်နေကြသလဲ.

တခါတုံးက.ပညာရှင်တယောက်ကပြောဘူးတယ်.(ဆယ်စုနှစ်ပေါင်းများစွာကြာပါပြီ).ကျောင်းတွေမှာ.လူငယ်တွေရဲ့ဘဝတသက်တာ.လက်တွေ့အသုံးချလို့ရတဲ့လူမှုဆက်ဆံရေးပညာရပ်တွေကိုပူးတွဲ.အထူးသင်ကြားမပေးပဲ.

ကျောင်းပြီးရင်.မေ့ပစ်လိုက်ကြမယ့်.ဘရာဇီးနိုင်ငံရဲ့.မိုးရေချိန်က.ဘယ်လောက်.အမေရိကန်ရဲ့ကားလမ်းအရှည်မိုင်ကဘယ်မျှ.အိန္ဒိယနိုင်ငံရဲ့.ထွက်ကုန်တွေက.ဘာတွေ.စတဲ့အချက်အလက်တွေသာအချိန်တကူးတကနဲ့သင်ပေးနေကြတယ်.တဲ့.

တချို့နိုင်ငံတွေကလည်းခေတ်သစ်မှာ.လူငယ်တွေကိုအတွေးအခေါ်သစ်တွေထုံမွှမ်းရမယ့်အစားကျောက်ခေတ်ကဘာသာရေးဒဿနအထွေထွေ.ဝေငှနေကြတယ်.တလွဲဆံပင်ကောင်းနေကြပြီလား.တဲ့.

ဟားဘတ်စီးပွားရေးတက္ကသိုလ်မှာ.၄.နှစ်.ပညာ.သင်ကြားရတာထက်လက်တွေ့ဘဝမှာအသုံးဝင်.ကြွယ်ဝစေတဲ့.လူမှုဆက်ဆံရေးပညာတွေ.၄.ပတ်လောက်သင်ကြားပေးဖို့ပင်.ပညာရှင်တွေပျက်ကွက်နေကြပြီလားမေးခွန်းတွေထုတ်တာခံခဲ့ရ.

~~~~~~~~~~~~

ငယ်ငယ်ကထက်.ပိုရင့်ကျက်လာတယ်.ထင်တာနဲ့အမျှ.သူ့လိုပိုပြီးခံစားတတ်လာပြီမို့ယင်းစာပိုဒ်ကလေးကိုမျှဝေလိုက်ရပါတယ်.

~~~~~~~~~~~~

".ယနေ့.အသက်.၂၀.ဝန်းကျင်လူငယ်များ..သို့."

".သင်တို့ယခုပိုင်ဆိုင်ထားကြတဲ့အချိန်အားလုံးကိုအသက်.၆၀.နှစ်နှင့်အထက်ရှိလူကြီးအားလုံးဟာ.

သူ့တို့မှာရှိနေကြတဲ့ပစ္စည်းဥစ္စာတိုက်တာရွှေငွေများနှင့်လဲလှယ်ရန်အသင့်ရှိနေကြသည်.သင်တို့ဘာ့ကြောင့်ဤအချက်ကိုမစဉ်းစားမိကြပါသလဲ."

~~~~~~~~~~~~

ကစ်ဆင်လွန်ခဲ့.နှစ်.၅၀.ဝန်းကျင်ကရေးခဲ့တဲ့စာစုလေးပါ.ငယ်ငယ်ကဖတ်ခဲ့ရလို့..စိတ်အားတက်ကြွခဲ့ရပြီးအချိန်ကိုတန်ဖိုးထားအသုံးချနိုင်ခဲ့တဲ့စာစုလေးပါပဲ.

တိုးတက်လာတဲ့ဒီနေ့လိုအချိန်မျိုးမှာတော့.လူသားအရင်းအမြစ်ကိုတန်ဖိုးထားရကောင်းမှန်းသိလာကြပြီမို့.

မိဘများအနေနဲ့ငွေကြေးချမ်းသာသူရော.နွမ်းပါးသူပါ.ပညာကိုတန်ဖိုးထားလာကြပြီး.အချိန်နဲ့ငွေကိုအကျိုးရှိအောင်အသုံးပြုလာကြလို့.အထိုက်အလျောက်ပညာတတ်များထွက်ပေါ်ခဲ့ကြသော်လည်း.

ပညာရေးစနစ်နိမ့်ပါးမှုနဲ့.မဖွံ့ဖြိုးသောစီးပွားရေးစနစ်ကြောင့်လူငယ်အများစုနှင့်ထိုက်တန်သောအခြေအနေ.တခုအဖြစ်.မတွေ့မြင်ခဲ့ရပေ.

ပြည်တွင်းမှာထိုက်တန်တဲ့နေရာနဲ့လျော်ကန်တဲ့ငွေကြေး.မရရှိလို့ပြည်ပထွက်.အလုပ်လုပ်နေကြတဲ့လူငယ်တွေအနေနဲ့ပြည်ပမှာထိုက်တန်တဲ့ငွေကြေးအပြင်.

အလုပ်ကိုအချိန်နဲ့အမျှ..အကျိုးရှိအောင်ဘယ်လိုလုပ်ကြသလဲ.ဆိုတဲ့.အလေ့အကျင့်ကိုပါရရှိခဲ့ကြလို့အချိန်ကိုတန်ဖိုးထားတဲ့.အလေ့အကျင့်အတွက်ကျေနပ်မိခဲ့.

ပြန်လာကြတဲ့လူငယ်အချို့.ပြည်ပကအလေ့အကျင့်အတိုင်းကြိုးစားလုပ်ကိုင်ကြလို့တိုးတက်ကြီးပွားနေတာတွေ့ကြရသလို.တချို့ကလည်းထုံးစံအတိုင်း.ပိုနေမြဲ.ကျားနေမြဲ.အချိန်ဖြုန်းမြဲသာ.

မိဘချမ်းသာသောလူငယ်များကပို၍.အချိန်နဲ့ငွေကိုဖြုန်းတီးကြသလို.နွမ်းပါးသောလူငယ်များကလည်းပညာသင်ချိန်မှာပညာမရှာပဲ.ကြင်ယာရှာခဲ့ကြလေတော့ဘဝတိုက်ပွဲ.နွံအတွင်းကရုန်းမထွက်နိုင်ကြတော့.

အထင်က.သုခ.သက်သက်.၊ရလာတာက.ကြိုတင်စဉ်းစားမထားလို့.တွဲပါလာတဲ့.မမြင်ရတဲ့.ဒုက္ခဖြစ်လေတော့.ဒုက္ခကလွတ်မြောက်ရာ.ရှာလေသောအခါ.အချိန်တန်ဖိုးမထားပဲဖြုန်းတီးသူများဖြစ်လာကြ.

အသက်.၂၀.ဝန်းကျင်အရွယ်ဟာ.ကောက်ရိတ်ချိန်မဟုတ်ပဲကောက်စိုက်ချိန်သာဖြစ်မှန်းမသိကြသောအခါ.အဖိုးတန်သောအချိန်များ.အလဟသတ်ဖြစ်ခဲ့ရ.

သူတို့ငယ်ရွယ်နုပျိုမှုဟာဘယ်လောက်တန်ဖိုးရှိနေမှန်းသိမနေတာက.လူငယ်တွေအတွက်.အကြီးအကျယ်နစ်နာဆုံးရှုံးမှုတွေပါပဲ.

သူတို့ငယ်ရွယ်နုပျိုခြင်းဟာ.မကြာခင်မှာကွယ်ပျောက်သွားလိမ့်မယ်ဆိုတာ.လေးလေးနက်နက်မစဉ်းစားကြလေတော့အချိန်ဖြုန်းမြဲသာ.

ဟားဗတ်ကစ်ဆင်.က.အခြားတနိုင်ငံကိုသွားပြီးပညာသင်ယူမယ့်.သူသားကိုမှာကြားလိုက်တဲ့စကားလေးလဲသွားသတိရမိတယ်.

အချိန်တိုင်းမှာ.ပညာ..ဥစ္စာနဲ့ဟာဒယ.ဆိုတဲ့ပျော်ရွှင်မှုကိုရအောင်.လုပ်ခဲ့ရမယ်တဲ့.ဒါမှသာနောင်တချိန်ကြရင်.အဲဒီအချက်အလက်တွေဟာ..မင်းရဲ့ဘဝမှန်.ပဲ.ဆိုတာမင်းသိလာမှာ.တဲ့.

ဒီကနေ့မှာ.တချို့လူငယ်တွေကလည်း.အသက်.၂၀.နှင့်.၃၀.ဝန်းကျင်.လူငယ်လေးများပီပီ.ခေတ်သစ်မှာတိုးတက်နေတဲ့.အတွေးသစ်.အလုပ်သစ်တွေရှာဖွေလုပ်ကိုင်ရမယ့်အစား.ခေတ်ဟောင်းကနည်းလမ်းဟောင်းတွေ.လေ့လာနေကြသလို.

လူကြီးတွေကလည်း.လက်တွေ့ဘဝမှာ.ရှေ့လူတွေ.အောင်မြင်စွာ.ရင်ဆိုင်တွေ့ကြုံဖြေရှင်းကြသည့်.အတွေ့အကြုံတွေကို.သင်ကြားပြသဝေငှရမယ့်နေရာမဲ့အစား.တလွဲတချော်ဝေငှသူတွေဖြစ်ကုန်ကြတာမို့.

ငယ်ငယ်ရွယ်ရွယ်ကတဲကတင်.အယူဟောင်းတွေမှာ.မူမပြောင်းနိုင်ပဲ.တလည်လည်ဖြစ်နေကြရသည်အခြေအနေဖြစ်နေတာကိုမေးခွန်းထုတ်ကြည်ချင်တာက.မည်သူ့မှာတာဝန်ရှိသလဲ.လို့.

မျက်စေ့မှိတ်ယုံကြည်ထားခဲ့တဲ့.အယူဟောင်းတွေ.လက်ဆင့်ကမ်းလိုက်တဲ့.လူကြီးတွေမှာလား.အဖက်ဖက်ကလေ့လာမှုရပ်တန့်လိုက်တဲ့.လူငယ်တွေမှာလား.

လူငယ်တွေ.ကိုစဉ်းစားတွေးခေါ်မှုတွေသင်မပေးပဲ.ကိုယ်ထည့်ချင်တဲ့.အယူဟောင်းတွေမှာ.မူသစ်တွေမပြောင်းလည်းပဲ.ဆက်လက်ရပ်တန့်နေဆဲ.ဒဿန.အထွေထွေ.အလွတ်ကျက်သင်ယူစေတဲ့.ပညာရေးစနစ်ကြောင့်လား.

အမှန်စင်စစ်ကတော့.ပညာဗဟုသုတမှန်သမျှကမ္ဘာလုံးဆိုင်ရာ.အင်ဆိုင်ကလိုပီဒီးယားဘဏ်မှာအခမဲ့ထုတ်ယူလို့ရနိုင်တဲ့ဒီနေ့ခေတ်က.ဘိန်းကျွေးသလိုစွဲလန်းစေတဲ့.ဂိန်းအမျိုးတီထွင်ပေးသူတွေ.ပညာသုတအစုံစုံပေးတဲ့.နည်းနာနိဿယတွေပြောင်းလည်းသင့်နေပြီလား.မေးခွန်းထုတ်ချင်မိ.

(အဖိုးတန်တဲ့..အချိန်တွေကို..ဖြုန်းတီးပစ်နေတဲ့..လူငယ်လေးများသို့.)

04/03/2023

ကလေးတွေအတွက် ....
မိဘတစ်ယောက်အနေနဲ့
အမွေပေးနိုင်တာ
ပညာရေး မဟုတ်ဘူး.....
ငွေကြေးမဟုတ်ဘူး ....
emotional resilience ဆိုတာ
အကျိုးအမြတ်ကိုသိထားတဲ့
လူတစ်ယောက်အနေနဲ့
ခက်ခဲပေမယ့် ဒီရေဆန်လမ်းကို
ဆက်လျှောက်ရမယ်...
အတူလည်း တတ်နိုင်သမျှ
လက်တွဲခေါ်သွားမယ်....

04/03/2023

စိတ်ထားကောင်းတဲ့လူတွေမှာ
တွေ့ရတဲ့အချက်များ

(5 Signs you have a good heart)

1.မနာလိုစိတ်နည်းခြင်း (Don't have jealousy)

လူတိုင်းမှာ မနာလိုစိတ်ဆိုတာ
မွေးကတည်းက ရှိပါတယ်။
အဲဒီစိတ်ကို မကြီးထွားလာအောင်
သတိကပ်ပြီးနေတယ်။မနာလိုစိတ်ဟာ
မကောင်းတဲ့အရာမှန်း သိတာကြောင့်
သူတစ်ပါးအပေါ်
မနာလိုစိတ်နည်းအောင်နေတယ်။
အားကျတာနဲ့ မနာလိုတာ မတူဘူး။
မနာလိုဝန်တိုမှုနည်းတဲ့လူတွေဟာ
စိတ်ထားလှကြတယ်။

2.သူတစ်ပါးပျော်ရင် ကိုယ်ပါ ပျော်တာမျိုး

(Seeing other people happy
makes you happy too)

သူများပျော်တာကို ကြည့်ပြီး
ကိုယ်ပါသူတို့အတွက်ပျော်ပေးတယ်။
ကြည်နူးပေးတယ်။
သူတို့ဆီက အပျော်တွေ
ကိုယ့်ဆီကူးစက်သွားတယ်။
လူတွေကို ပျော်ရွှင်စေချင်တယ်။
ဥပမာ မွေးနေ့ဆုတောင်းကို ရင်ထဲကနေ
စိတ်ပါလက်ပါ တောင်းပေးတယ်။
ဒီနေ့သူဝတ်ထားတဲ့ဖက်ရှင်က
သူနဲ့သိပ်လိုက်နေရင်
သိပ်ကြည့်လို့ကောင်းကြောင်း ပြောပေးတာ
စသဖြင့် အများကြီးပါပဲ။

3.ကူညီပေးတတ်ခြင်း

(Always try to help others)

လူတွေဆီက ဘာပြန်ရမလဲလို့
တွေးနေတာထက်
ငါ့ဘက်က ဘာပြန်ပေးနိုင်မလဲ
ငါဘာကူညီပေးနိုင်မလဲဘဲ
တွေးတတ်တယ်။
ကိုယ့်မှာ တစ်ထောင်ရှိရင်
ငါးရာ ပေးချင်တယ်။
လူတွေကို ကူညီခွင့်ရတာကို
ကျေနပ်နေတတ်တယ်။
သူတို့ရဲ့မေတ္တာကို
တန်ဖိုးထားတတ်ဖို့လိုပါတယ်။
ရယူခြင်းထက်
ပေးကမ်းခြင်းသည် သာ၍ကောင်း၏ ။

4.ကျေးဇူးတင်တတ်ခြင်း

(You are grateful for everything you have)

ကိုယ့်မှာရှိတာကို ကျေးဇူးတင်ပြီး
ရှင်သန်တတ်တယ်။
တစ်နည်းအားဖြင့်
ကျေနပ်ရောင့်ရဲတတ်တယ်။ဥပမာ
ဒီနေ့စားချင်တဲ့ ရေခဲမုန့်လေး
စားရတာနဲ့ပဲ စားခွင့်ရလို့
ကျေးဇူးတင်တယ်။
ကျေးဇူးတင်စကားပြောဖို့
ဝန်မလေးဘူး။
ဘဝကို ကျေးဇူးတင်ရင်း
နေထိုင်တတ်ဖို့လိုပါတယ်။

5.လူတွေရဲ့ကောင်းကွက်ကို မြင်ပေးခြင်း

(You see the good in everyone)

လူတစ်ယောက်ကို
အပေါ်ယံကြည့်ပြီး မဝေဖန်ဘူး
အားနည်းချက်တွေ အရင်မကြည့်ဘဲ
သူဘယ်မှာ အားသန်လဲ
ဘာတွေ ကောင်းကွက်ရှိလဲဆိုတာကို
အရင်ကြည့်တယ်။
လူတိုင်းမပြည့်စုံနိုင်ဘူးဆိုတာ
လက်ခံထားတယ်။
လူတွေရဲ့ကောင်းကွက်ကိုပဲ
ရှာဖွေပြီးချီးကျူးပေးတယ်။
ချီးမွမ်းစကားပြောပေးတယ်။
အကောင်းမြင်စိတ်ရှိခြင်းသည်
ကိုယ့်စိတ်ကိုအကြည်ဓာတ်ပေးတယ်။
ဘဝကို အဆင်ပြေပြေ
ရှင်သန်တတ်ဖို့ ခွန်အားပေးတယ်။

ခုစာကို အကြိုက်ဆုံး စကားတစ်ခွန်းနဲ့
နိဂုံးချုပ်လိုက်ပါရစေ။

ကံကောင်းခြင်းဆိုတာ
စိတ်ထားလှတဲ့လူတွေအတွက်ပါ တဲ့။

#နူးနူးအောင်
3 March // 23

20/02/2023

စိတ်ဓါတ်ကျခဲ့ရင်
၃စင်တီမီတာကိုသတိရပါ...
ဝါးပင်တစ်ပင်က ၃ စင်တီမီတာ ကြီးဖို့
၄ နှစ်အချိန်ပေးရပါတယ်။

အဲ့ဒီ ၄ နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ
၁ ရက် ကို ၃၀ စင်တီမီတာ အထိ
ကြီးထွားနိုင်ပါတယ်။
၆ ပတ်အတွင်း ၁၅ မီတာ
လောက်အမြင့်ကိုရောက်နိုင်တယ်။

ဒါဟာ ဘာလို့လဲဆိုတော့
ပထမဆုံး ၄ နှစ် မှာ အဲ့ဒီဝါးပင်က အမြစ်မှာ
အခြေခိုင်အောင်အားစိုက်နေလို့ပဲဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်
မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက်
အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာ
ဝါးပင်လေးကို သတိရစေချင်ပါတယ်။

ကိုယ်က ၁၀ မီတာ မြင့်ချင်ရင် ၁၀ မီတာ အတွက် အခြေခိုင်အောင်လုပ်ရမယ်။
အဲဒီတော့ အချိန်က ၁ နှစ် ကြာချင်ကြာမယ်။

ကိုယ်က၁၀၀ မီတာ မြင့်ချင်ရင်
၁၀၀ မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။
အဲဒီတော့ ၁၀ နှစ် အချိန်ပေးရင် ပေးရမယ်။

ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လဲစိတ်ဓာတ်ကျပြီးတော့
နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။

ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊
ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကို
ရောက်နိုင်ပါလိမ့်မယ်။

ဘာဖြစ်လို့လဲဆိုတော့ လူအများစုက
အဲ့ဒီ ၃ စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။
အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်
များနေတာပေါ့ ။

ကိုယ့်ရဲ့ ၃ စင်တီမီတာ ကို ကျော်ဖြတ်နိုင်ရင်တော့
သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။

စိတ်ဓာတ်ကျရင် ၃ စင်တီမီတာ ကိုသတိရပါ ။
ငါ့ရဲ့ ၃ စင်တီမီတာ ပဲလို့ ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။......
ူရင်းရေးသားသူ
လေးစားစွာဖြင့်ပြန်လည်မျှဝေပါသည်။

Address

Yangon

Telephone

+959407322200

Website

Alerts

Be the first to know and let us send you an email when JBS Youth Development & Coaching Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to JBS Youth Development & Coaching Center:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram