Hein San Pharmacy

Hein San Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Hein San Pharmacy, Pharmaceuticals, Yangon.

Daw Su Yin Mon
31/08/2025

Daw Su Yin Mon

ကျွန်မpageက ဆေးဆိုင်ပိုင်ရှင်တွေနဲ့ ဆေးဆိုင်မှာ အလုပ်လုပ်နေသူတွေ ရှိပါလား

ကျွန်မက ဆေးဆိုင်တွေ ဖွင့်ခဲ့တာ ၁၃နှစ်ကျော်ပါ မိရိုးဖလာရော modern tradeပုံစံ ရောဖွင့်တာပါ
ကျွန်မ ပညာကျွန်မ အတွေ့အကြုံနဲ့
online နဲ့ free training ပေးဖို့ရှိပါတယ်

ဒါကြောင့် ဘယ်လိုရက်မျိုး
ဘယ်လိုအချိန်မျိုး
ဘယ်လိုအကြောင်းအရာဆေးမျိုး
ပြောပေးပါနော်
ဒီ post လေးကို fri တစ်ယောက် မန်းရှင်းခေါ်ပြီး publicနဲ့ shareထားသူသာ join ရပါမယ်ရှင့်
PwintPhyuWin_Pharmacist

12/07/2025

📣Medical Content Writing Challenge 📣

Hello everyone 🤗 !!

💁‍♀️ဒီနေ့ပြောပြပေးချင်တာကတော့ "အာနိသင်တူဆေးဝါးတွေ သုံးစွဲလို့ရသလား သို့မဟုတ် သုံးစွဲသင့်သလား"

အခုလိုကာလမှာ ပစ္စည်းပြတ်လပ်မှုတွေကော ဈေးနှုန်းမြင့်တက်လာတာတွေကြောင့်မလို့ ဆေး၀ယ်ရတဲ့အခါမှာ ဈေးကြီးပေး၀ယ်ရတာမျိုးတွေရှိတဲ့အတွက် အာနိသင်တူရှိတဲ့ဆေးဝါးတွေမှာ စျေးသက်သာတာကို သုံးလို့ရတဲ့အကြောင်း၊ ပစ္စည်းပြတ်နေရင် အာနိသင်တူဆေးဝါးတွေကို သုံးစွဲနိုင်ကြောင်းနှင့် အာနိသင် တူသော်လည်း သုံးစွဲ၍မရသော ဆေးများအကြောင်းကို ပြောပြပေးချင်ပါတယ် ရှင့်😍

🤔အာနိသင်တူဆေးဝါးဆိုတာ ဘာလဲ

💁‍♀️အာနိသင်တူဆေးဝါးဆိုတာက chemical name (ဆေးရဲ့ပါဝင်ပစ္စည်း)၊ Strength (ဆေးရဲ့ပါဝင်မှုပြင်းအား) တူပြီး brand name ကွဲသွားတာပေါ့၊ brand name ဆိုတာကတော့ company မှ ပေးထားတဲ့ နာမည် ဖြစ်ပြီး chemical name ဆိုတာကတော့ ဆေးရဲ့အာနိသင်ကို ပေးမဲ့ ဆေးရဲ့မူလနာမည် ဖြစ်ပါတယ်။
ဥပမာအနေဖြင့် အာရုံကြောအားဆေးဖြစ်တဲ့ Betex နှင့် Neurobion Blue(Brand name) တို့တွင်(chemical name) Vitamin B1 = 100mg, B6 = 200mg, B12 = 200mcg တို့ပါ၀င်မှုခြင်းတူညီတဲ့အတွက် တစ်ခုမရှိလျှင် နောက်တစ်ခု ကို သောက်သုံးလို့ရပါတယ်​ရှင်။ ၎င်းတို့ကဲ့သို့ အာနိသင်တူ ပြီး brand name ကွဲတဲ့ အခြားဆေးများလည်း စျေးကွက်ထဲတွင် များစွာ ရှိတဲ့အတွက် စျေးနှုန်း အဆင်ပြေရာကို ဝယ်ယူသုံးစွဲလို့ရပါတယ်ရှင့်။

‼️ဆေးရဲ့ပါ၀င်ပစ္စည်းနှင့် ဆေးရဲ့ပါ၀င်မှုပြင်းအား တူပေမယ့် သောက်လို့မရတာမျိုးတွေ ရှိပါသေးတယ်။ ဥပမာအနေဖြင့် ဆီးချိုဆေးဖြစ်တဲ့ Metformin denk 500 နဲ့ Panfor SR 500 တို့တွင် metformin 500mg ပါဝင်တာ တူပေမဲ့ Metformin SR တွင် SR ဆိုတာက Sustained release (ပုံမှန်အာနိသင်ရချိန်ထက် နှေးစေရန်ပြုလုပ်ထားသော) ပုံစံနှင့် ပြုလုပ်ထားသောကြောင့် အာနိသင်ရရှိချိန် မတူနိုင်ပါ။ အသုံးပြုရန် အဆင်မပြေသည့်အတွက် မိမိသောက်နေကျ ဆေးနာမည်၏နောက်တွင် ပါလာတတ်သော SR, MR, ER, PR ဆိုသည့် သင်္ကေတလေးတွေကိုလည်း မှတ်သားသတိထားသင့်တယ်ဆိုတာလေး သတိပေးချင်ပါတယ်ရှင်။

🙅 ၎င်းအပြင် ဆေးရဲ့ပါဝင်ပစ္စည်းတူသော်လည်း Myanmar Registration Number(မြန်မာနိုင်ငံဆေးဝါးမှတ်ပုံတင်အမှတ်) မပါရှိသောဆေးဝါးများသည် ဆေးအာနိသင်ကို အပြည့်အဝ ပေးနိုင်ရန် မသေချာသည့်အတွက် ဆေးဝယ်ယူရာတွင် သတိထားသင့်တဲ့ အချက်ဖြစ်ပါတယ်ရှင့်။ Register ရှိသော ဆေးများသည် ဆေးဗူး သို့မဟုတ် ဆေးကဒ် ၏ အပေါ်တွင် Myan Reg No: ဂဏန်း၄လုံး AA ဂဏန်း၄လုံး အနေနှင့် ပါရှိပါသည်။ အောက်ဖော်ပြပါပုံတွင် နမူနာပုံကို အသေးစိတ် လေ့လာဖတ်ရှူနိုင်ပါတယ်နော်။

💁 Register ရှိပြီး
အာနိသင်တူဆေးဝါးများ အခြားတို့လိုအပ်သော​ဆေးများဝယ်ယူရာတွင် စိတ်ချသေချာစေရန် ဆေးဆိုင်ရှိ Pharmacists (ဆေးဝါးကျွမ်းကျင်ပညာရှင်များ )နှင့် တိုင်ပင်နိုင်ပါတယ်ရှင့်။
ဗဟုသုတရစေရန် ရည်ရွယ်ပါတယ်ရှင့် 😍။
သိလိုသောအကြောင်းအရာများကို နောက်ထပ်ဝေမျှစေချင်တဲ့ အကြောင်းအရာများရှိလျှင် comments မှာ စာချန်ခဲ့လို့ရပါတယ်ရှင်🤗။ အခုစာလေးကိုဖတ်ရင်း အကျိုးတစ်စုံတစ်ရာ ခံစားရတယ်ဆိုရင် အခြားမိမိနီးစပ်ရာ မိတ်ဆွေ အပေါင်းအသင်းများလည်း ဗဟုသုတရစေရန် like & share လုပ်သွားပေးလို့ ရပါတယ်ရှင့်။ အားလုံးကို ကျေးဇူးတင်ပါတယ် ရှင့်😍။

ကျန်းမာပျော်ရွှင်သော နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ပါစေရှင့်😍.....

By Ansha

MYPG Note:
The original post was removed by Facebook Team due to including medicine photos. Therefore, MYPG repost the content.

For record-keeping and fairness to every participants, we decided to carry over just half of the engagement from the previous post:
• 51 likes (from original 102 likes)
• 27 shares (from original 53 shares)

These will be added to the new post’s current likes and shares.




#အာနိသင်တူဆေးဝါးများသောက်သင့်မသောက်သင့်

🎄Christmas ဆုတောင်း....🎄❄️ အေးမြတဲ့ဒီဇင်ဘာလရဲ့ ဆောင်းရာသီရဲ့အငွေ့အသက်တွေနဲ့အတူ  ကျရောက်လာတဲ့🎅 *ခရစ္စမတ်* အချိန်အခါသမယမှာ...
25/12/2024

🎄Christmas ဆုတောင်း....🎄

❄️ အေးမြတဲ့ဒီဇင်ဘာလရဲ့ ဆောင်းရာသီရဲ့အငွေ့အသက်တွေနဲ့အတူ ကျရောက်လာတဲ့🎅 *ခရစ္စမတ်* အချိန်အခါသမယမှာ....
ပျော်ရွှင်ခြင်း၊ကျန်းမာခြင်း၊ချမ်းသာခြင်း၊‌‌ဘေးဘယာဝေးကွာခြင်းနှင့် ကံကောင်းခြင်းပေါင်းများစွာ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဟိဏ်းစံဆေးဆိုင်မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ရှင့်🙏🎁

🌲ပျော်ရွှင်ကြည်နူးဖွယ်
Christmas အချိန်အခါလေး
ဖြစ်ပါစေ🎁

သီတင်းကျွတ်အခါသမယမှာစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း ဟိဏ်းစံ မိသားစုမှဆုတောင်းမေတ္တာပို့အပ်ပါတယ်ရှင့်🙏🙏🙏
17/10/2024

သီတင်းကျွတ်အခါသမယမှာစိတ်ချမ်းသာကိုယ်ကျန်းမာပါစေကြောင်း ဟိဏ်းစံ မိသားစုမှဆုတောင်းမေတ္တာပို့အပ်ပါတယ်ရှင့်🙏🙏🙏

19/09/2024
12/09/2024

ရေကြီးပြီးနောက် အဲ့ဒေသမှာ ဘယ်လိုဆေးတွေ ပိုလိုအပ်မလဲ ဆိုပြီး မေးနေကြတဲ့ သူတွေအတွက် လိုအပ်နိုင်တဲ့ဆေးတွေ ရေးပေးလိုက်ပါတယ်ရှင်

-ATTလို မေးခိုင်ကာကွယ်ဆေးများ
-Lopamideဝမ်းပိတ်ဆေး နှင့်ORSဓာတ်ဆားထုပ်များ
-miconazole/clotrimazoleအရေပြားပိုးဝင်ယားနာပျောက်လိမ်းဆေး
-Para/Ibuအကိုက်အခဲ အဖျားပျောက်ဆေးများ
-Cetrizineနှာစေး /အလာ့ဂျစ်ပျောက်ဆေး
-ဝမ်းရောဂါ တိုက်ဖွိုက်ရောဂါ ငှက်ဖျားရောဂါများဖြစ်ပွားမှု ပိုများလာနိုင်သောကြောင့် ရေသန့်ဆေးပြားများ
-amoxil/metro/ciproတို့လို ပိုးသတ်ဆေးများ
-ငှက်ဖျားဆေးများ
-povidone /Iodine တို့လို ဆေးဝါရည်မျိုးတွေနဲ့ ပတ်တီးဂွမ်းစတဲ့ First Aid ပစ္စည်းများ

သက်ဆိုင်ရာနာတာရှည်သောက်ရတဲ့ ရောဂါအလိုက်ဆေးများတော့ မရေးပေးထားပါဘူးနော်

အကူအညီရစေဖို့ ရေးပေးလိုက်ပါတယ်ရှင်
PwintPhyuWin_Pharmacist
(Shareလို့ရပါတယ် copy ယူခဲ့လျှင်တော့ credit nameပါ ပေးဖို့ မမေ့ပါနဲ့နော်)

24/03/2024

Address

Yangon
HEINSAN

Website

Alerts

Be the first to know and let us send you an email when Hein San Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram