Pulse & Purpose

Pulse & Purpose Pulsing with the Purpose of Medical and Life Sciences

ကိုယ်ဝန်ဆောင်ချိန်မှာ သက်တောင့်သက်သာဖြစ်အောင် ဘယ်လိုထိုင်ကြမလဲ?=========================================မိခင်လောင်းတို့အ...
01/10/2025

ကိုယ်ဝန်ဆောင်ချိန်မှာ သက်တောင့်သက်သာဖြစ်အောင် ဘယ်လိုထိုင်ကြမလဲ?
=========================================

မိခင်လောင်းတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ထိုင်ပုံထိုင်နည်း မမှန်ရင်လည်း ခါးနာတာမျိုး ကြုံတွေ့ရတတ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ထိုင်တဲ့အခါ ပုံစံမကျတာမျိုး ဖြစ်တတ်ပါတယ်။

ဒီတော့ ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတို့အနေနဲ့ ဘယ်လိုပုံစံမျိုး ထိုင်မယ်ဆိုရင် သက်တောင့်သက်သာဖြစ်စေမလဲဆိုတဲ့ အကြောင်းကို မှတ်ရလွယ်ကူအောင် အချက်လေးတွေနဲ့ ရှင်းပြပေးလိုက်ပါတယ်နော်။

(၁) ခါးနဲ့ ကျောကို မတ်မတ်ထားပါ။
(၂) ခါးနောက်မှာ ခေါင်းအုံးအသေး ဒါမှမဟုတ် မျက်နှာသုတ်ပဝါကို လိပ်ပြီး ခုထားပါ။
(၃) တကယ်လို့ ခုစရာမရှိဘူးဆိုရင်တော့ အနောက်တိုးပြီး ခုံနဲ့ ကျောနဲ့ ကပ်ထားပြီး ခါးကို အလိုက်သင့်လေး မတ်မတ်ထားပေးပါ။
(၄) ခန္ဓာကိုယ်ကို အနည်းငယ်ဖြေလျော့ပြီး ထိုင်ပေးပါ။
(၅) ထိုင်တဲ့အခါမှာ တင်ပါးကို ခုံမှာ ထိကပ်နေအောင် ထိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ဝိတ်ကို တင်ပါးမှာထားလိုက်ပါ။
(၆) ခြေထောက်ကို ကြမ်းပြင်နဲ့ထိထားပြီး ထောင့်မှန်ကျရှိနေပါစေ။ ခြေချိတ်မထိုင်ပါနဲ့။
(၇) ပုံစံတစ်မျိုးတည်းနဲ့ အကြာကြီးမထိုင်ပါနဲ့။ နာရီဝက်တစ်ခါလောက် ပုံစံပြောင်းထိုင်ပေးပါ။
(၈) စားပွဲနဲ့ အလုပ်လုပ်တယ်ဆိုရင်လည်း လက်ကိုစားပွဲပေါ် တင်ထားပါ။ ပုခုံးတွေကို ‌ဖြေလျော့ထားပါ။
(၉) ခါးကို စောင်းပြီး အလုပ်မလုပ်ပါနဲ့။
(၁၀) ထိုင်ရာက ထမယ်ဆိုရင် ခုံအစွန်းကို တင်ပါးအရင်ရွှေ့ပါ။ ပြီးရင်တော့ခါးကို အားပြုပြီး မထဘဲ ခြေထောက်ကို ဆန့်ပြီး ဖြည်းဖြည်းချင်းထပါ။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ သက်တောင့်သက်သာဖြစ်အောင် ဘယ်လို ထိုင်ရမလဲ ဆိုတဲ့ အကြောင်းကို သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

📌 Reference:
https://www.webmd.com/baby/posture

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆောင်ထိုင်နည်း #ကိုယ်ဝန်ဆောင်ကျန်းမာရေး



ကိုယ်ဝန်ဆောင်ချိန်မှာ  ဘယ်ဘက်စောင်းအိပ်သင့်တဲ့ အချက်(၇)ချက်==========================================ကိုယ်ဝန်ဆောင်ချိန်ဟ...
30/09/2025

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ဘက်စောင်းအိပ်သင့်တဲ့ အချက်(၇)ချက်
==========================================

ကိုယ်ဝန်ဆောင်ချိန်ဟာ အမျိုးသမီးတိုင်းအတွက် အရေးကြီးပြီး ထူးခြားတဲ့ အချိန်ကာလတစ်ခုပဲဖြစ်ပါတယ်။
တချို့က ကိုယ်ဝန်လနုစဉ်ထဲက ပင်ပန်းသလို ခံစားရတတ်ပြီး တချို့ကတော့ မွေးခါနီးအထိ မခံစားရတတ်ပါဘူး။
ကိုယ်ဝန်ဆောင်ချိန်မှာ ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့ ဟော်မုန်းပြောင်းလဲမှုတွေကို ထိန်းချုပ်နိုင်ဖို့၊ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုတွေကို လျော့နည်းစေဖို့အတွက် အိပ်ရေးဝဝအိပ်ပြီး အနားယူဖို့က အရေးကြီးပါတယ်။

သားဖွားမီးယပ် ကျွမ်းကျင်သူများရဲ့ အကြံပြုချက်အရ ကိုယ်ဝန်ဆောင်ကာလမှာ ဘယ်ဘက်စောင်းအိပ်တတ်ဖို့ လေ့ကျင့်သင့်တယ်လို့ပြောကြပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ကောင်းမွန်စေပြီး ကိုယ်ဝန်ရဲ့ ပုံမှန်မအီမသာဖြစ်မှုကို သက်သာစေတဲ့အတွက် မိခင်ရော ကလေးအတွက်ပါ အကျိုးကျေးဇူးများစွာရရှိမှာ ဖြစ်ပါတယ်။

ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ဘယ်ဘက်စောင်းအိပ်သင့်လဲဆိုတဲ့ အကြောင်းကို အချက်(၇)ချက်နဲ့ ပြောပြပေးလိုက်ပါတယ်နော်။

1- သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး ခြေထောက်နဲ့ ခြေဖဝါးတွေ ရောင်ရမ်းခြင်းကို ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း နှလုံးဟာ မိခင်ရဲ့ကျန်းမာရေးနဲ့ သန္ဓေသားကြီးထွားမှုကို ထောက်ပံ့ပေးဖို့အတွက် ပိုမိုမြန်ဆန်တဲ့နှုန်းနဲ့ အလုပ်လုပ်ရပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းက အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေကို သန္ဓေသားထံ အဆက်မပြတ် ထောက်ပံ့ပေးနိုင်ပြီး ခြေလက်အင်္ဂါများ ရောင်ရမ်းခြင်းကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

2- အစာချေဖျက်မှုကို အားကောင်းစေပြီး အစာအိမ်နဲ့ လေချဥ်တက်ခြင်းကို ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်ဘက်စောင်းအိပ်တာက အစာခြေစနစ်ကို မြှင့်တင်ပေးပြီး လေချဥ်တက်တာကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဘယ်ဘက်စောင်းအိပ်ခြင်း အနေအထားက အစာချေဖျက်မှု၊ အာဟာရစုပ်ယူမှု ပိုမိုကောင်းမွန်လာပြီး ကိုယ်ဝန်ဆောင်ချိန် အက်ဆစ်ပြန်တက်ခြင်းကို လျှော့ချပေးပါတယ်။

3- ဆီးအိမ်ဖိအားကို လျော့ကျစေပါတယ်။

ကိုယ်ဝန်ဆောင်ချိန်အတွင်း ဘယ်ဘက်စောင်းအိပ်ခြင်းက ဆီးအိမ်ဖိအားတွေကို လျော့နည်းစေပြီး စိတ်တိုလွယ်ခြင်း၊ ကိုယ်ဝန်ဆောင်စဉ် မကြာခဏ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို သိသိသာသာ လျှော့ချပေးပါတယ်။ ဒါ့အပြင် ညအချိန်အတွင်း ဆီးသွားတဲ့ အကြိမ်ရေကို လျှော့ချပေးကာ အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။

4- ကျောက်ကပ်ဖိအားကို လျှော့ချပေးပါတယ်။

သားအိမ်ဖိအားက ကျောက်ကပ်ကိုမရောက်တဲ့အတွက် ကျောက်ကပ်ရဲ့ အဓိက လုပ်ဆောင်ချက်တွေဖြစ်တဲ့ ဇီဝဖြစ်စဉ်အညစ်အကြေးများကို စစ်ထုတ်နိုင်ဖို့နဲ့ ဆီးမှတဆင့် စုဆောင်းထားတဲ့ အရည်များကို ဖယ်ရှားနိုင်ဖို့ ပိုမိုထိရောက်စွာ လုပ်ဆောင်နိုင်ပါတယ်။

5- အသည်းဖိအားကို လျှော့ချပေးတယ်။

တိုးပွားလာတဲ့ ဇီဝဖြစ်စဉ်လိုအပ်ချက်များကိုဖြေရှင်းနိုင်ဖို့ ကိုယ်ဝန်ဆောင်စဉ်မှာ အသည်းရဲ့ ပမာဏဟာ 20-50% တိုးလာပါတယ်။ အထူးသဖြင့် နောက်ဆုံးသုံးလပတ်မှာ သားအိမ်ကဖိအားကို ခံစားရပါတယ်။ ဘယ်ဘက်စောင်းအိပ်တာက မိခင်ရော ကလေးကျန်းမာရေးအတွက် အရေးကြီးတဲ့ အင်္ဂါတစ်ခုဖြစ်တဲ့ အသည်းဖိအားများခြင်းကိုလည်း သက်သာစေပါတယ်။

6- ကျောရိုးနာကျင်ခြင်းကို သက်သာစေပါတယ်။

ကိုယ်ဝန်ဆောင်နေစဥ်အတွင်းမှာ ကိုယ်အလေးချိန်တက်လာခြင်း၊ မှားယွင်းတဲ့ ကိုယ်ဟန်အနေအထား စတာတွေကြောင့်လည်း ကျောရိုးနာတတ်ပါတယ်။ ဘယ်ဘက်စောင်းအိပ်ခြင်းကြောင့် နောက်ကျောနဲ့ တင်ပါးပေါ်ရှိ ဖိအားတွေကို လျှော့ချပေးကာ ကျောရိုးနာကျင်ခြင်းကို သက်သာစေပါတယ်။

7- ရိုးရိုးမွေးဖွားမယ့် မိခင်များအတွက် အထောက်အကူပြုခြင်း။

ဘယ်ဘက်စောင်းအိပ်ပြီး ကိုယ်ဝန်ဆောင်ခေါင်းအုံးကို အသုံးပြုခြင်းက ကလေးမွေးဖွားချိန်မှာ ပင်ပန်းမှုနည်းပါးပြီး နာကျင်မှုကို ပိုမိုခံနိုင်ရည်ရှိစေပါတယ်။ နောက်ပြီးတော့ တင်ပါးဆုံတွင်းရှိ အာရုံကြောများနဲ့ သွေးကြောများကို ဖိမိခြင်းမှ ကာကွယ်ပေးနိုင်သလို သန္ဓေသားရဲ့ အနေအထားမှန်ကန်စေဖို့ ကိုလည်း အထောက်အကူပြုတဲ့အတွက်ကြောင့် မီးဖွားတဲ့အခါမှာ လွယ်ကူစေမှာပါ။

အခုဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘာလို့ ဘယ်ဘက်စောင်းအိပ်သင့်လဲဆိုတဲ့ အကြောင်းကို သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

📌 Reference:

https://nuvitababy.com/en/blogs/blog/rest-during-pregnancy-7-reasons-to-choose-the-left-side?srsltid=AfmBOopYuCv-IoDYRor3udAni038AIombaU-yKsxMfQkawKyrneVFrhW

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆောင်ကျန်းမာရေး #ဘယ်ဘက်စောင်းအိပ်ခြင်း



နွားနို့ကြိုက်တဲ့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို နို့တွေကို ရွေးချယ်သောက်သုံးရမလဲ?=========================...
29/09/2025

နွားနို့ကြိုက်တဲ့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို နို့တွေကို ရွေးချယ်သောက်သုံးရမလဲ?
=====================================

ကိုယ်ဝန်ဆောင်ချိန်မှာ ဆောင်ရန်ရှောင်ရန်တွေကလည်း များပြားလှပါတယ်။ ဒီထဲမှာမှ ကိုယ်ဝန်ဆောင်ချိန်မှာ နွားနို့သောက်လို့ရမလားလို့ မေးကြသူတွေကလည်း အများကြီးရှိတဲ့အတွက် ဘယ်လို နို့တွေကို ရွေးချယ်သောက်သုံးရမလဲဆိုတဲ့အကြောင်း ပြောပြပေးလိုက်ပါတယ်နော်။

ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ရေကအကောင်းဆုံးလို့ ပြောလို့ရပေမယ့် နွားနို့ကလည်း ကလေးအတွက်ရော မေမေတို့အတွက်ပါ ပြည့်စုံတဲ့အာဟာရဓာတ်ကို ပေးစွမ်းနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ကယ်လိုရီနဲ့ ခွန်အားတွေပိုလိုအပ်သလို ကယ်လ်ဆီယမ်၊ ဗီတာမင်အေနဲ့ ဗီတာမင်ဒီတွေလည်း နေ့စဉ်လိုအပ်ပါတယ်နော်။ နွားနို့ပဲသောက်သောက်၊ နို့ထွက်ပစ္စည်းတွေပဲစားစား အဓိကလိုရင်းက နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ် ပြည့်ဝနေဖို့ပဲဖြစ်ပါတယ်။

(၁) နွားနို့

နွားနို့ကို အဆီမပါ၊ အဆီလျော့၊ အဆီပြည့် စသဖြင့် အမျိုးမျိုးရရှိနိုင်ပါတယ်။ နွားနို့ (၈)အောင်စတိုင်းမှာ ပရိုတင်းအသားဓာတ် (၈)ဂရမ်၊ ကယ်လ်ဆီယမ် (၂၅%)၊ ဗီတာမင်အေ (၁၀%) ၊ ဖြည့်စွက်ထားတဲ့ ဗီတာမင်ဒီ (၂၅%) ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ အဆီနည်းနွားနို့ကိုသောက်တာ ပိုကောင်းပါတယ်။ အသက်(၁)နှစ်၊ (၂)နှစ်အရွယ် ကလေးတွေအတွက်တော့ အာဟာရလိုအပ်ချက်တွေပြည့်ဝအောင် အဆီပြည့်နို့သောက်ဖို့လိုပါတယ်။

အဆီပြည့်နို့နဲ့ အဆီနည်းနို့တွေမှာ တခြားဓာတ်ပါဝင်နှုန်းတူပေမယ့် အဆီလျော့ချိန်မှာတော့ ဗီတာမင်အေဓာတ် လျော့နည်းသွားတတ်ပါတယ်။ လက်တို့စ်အချိုဓာတ်မတည့်သူတွေအတွက်တော့ နို့မှာပါတဲ့လက်တို့စ်အချိုဓာတ်ကြောင့် ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ အစာမကြေတာ၊ ဝမ်းလျှောတာတွေ ဖြစ်လာတတ်ပါတယ်။ နွားနို့မကြိုက်သူတွေ၊ မတည့်သူတွေအတွက်လည်း နွားနို့အစားထိုး ပဲနို့၊ ဆန်နို့၊ အယ်လ်မွန်နို့၊ သီဟိုဠ်စေ့နို့တွေ၊ ဆိတ်နို့တွေသောက်လို့ရပါတယ်။

(၂) ဆိတ်နို့

ဆိတ်နို့မှာ နွားနို့ထက် ကယ်လ်ဆီယမ်၊ B6၊ ဗီတာမင် A နဲ့ ပိုတက်ဆီယမ်တွေ အပြင် ကယ်လိုရီနဲ့ ပြည့်ဝဆီတွေပိုပါပေမယ့် B12 တော့နည်းပါးတာကြောင့် ဆိတ်နို့ကိုရွေးချယ်မယ်ဆိုရင် ဗီတာမင်B12 ဖြည့်စွက်စားဖို့ လိုပါတယ်။

(၃) သစ်ဥသစ်ဖုနို့

ပဲပိစပ်၊ ဆန်၊ အယ်လ်မွန်စေ့၊ သီဟိုဠ်စေ့ကနေထုတ်လုပ်ထားတဲ့နို့တွေဟာ အခုခေတ်စားလာနေပါပြီ။ ဒီနို့တွေဟာ သဘာဝအရ လက်တို့စ်အချိုဓာတ်မပါဝင်ဘဲ ပါဝင်တဲ့အဆီကလည်း မပြည့်ဝဆီဖြစ်ပါတယ်။ ဒါ့အပြင် သက်သက်လွတ်သမားတွေအတွက်လည်း အဆင်ပြေပါတယ်နော်။ ဒါပေမယ့် ကယ်လ်ဆီယမ်နဲ့ တခြားဓာတ်တွေ ပါဝင်မှုနှုန်း နည်းပါးပါတယ်။

ပဲနို့ - တခြားသစ်ဥသစ်ဖုနို့တွေထက်စာရင် ပရိုတင်းပိုပါဝင်ပြီး အဆီမပါတဲ့အပြင် ဗနီလာ၊ ချောကလက်၊ လက်ဖက်စိမ်းအရသာတွေပါ ဖြည့်စွက်နိုင်ပါတယ်။

လျော်နို့ - နွားနို့လိုပဲ အာဟာရဓာတ်တွေပါဝင်ပြီး ပရိုတင်းတို့၊ အဆီပမာဏတို့တော့ နည်းပါတယ်။ တစ်အောင်စမှာ ကယ်လိုရီ 80 လောက် ပါဝင်ပါတယ်။

ဆန်နို့၊ အယ်လ်မွန်နို့၊ သီဟိုဌ်စေ့နို့ - ပရိုတင်း၊ အဆီ၊ ကယ်လိုရီနဲ့ ဗီတာမင်သတ္တုဓာတ်တွေ အနည်းဆုံးပါပဲ။

နို့တွေထဲမှာ အုတ်ဂျုံတို့၊ ဆီရီရယ်မနက်စာတို့ကို ထည့်စားတာမျိုး လုပ်ပေးပါ။
နို့ကိုတော်ရုံသောက်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို များများစားပေးပါ။ နို့သောက်မယ်ဆိုရင်လည်း သေချာပိုးသတ်ပေါင်းခံထားပြီး အဆီနည်း၊ သကြားမပါတဲ့ အမျိုးအစားကို ရွေးချယ်သောက်သုံးသင့်ပါတယ်။

အခုဆိုရင်တော့ နွားနို့ကြိုက်တဲ့ မေမေတို့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဘယ်လို နို့တွေကို ရွေးချယ်သောက်သုံးရမလဲဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

📌 Reference:
https://www.frisogold.com.my/guides/milk-pregnant-moms-what-drink-during-pregnancy

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#နွားနို့ #ကိုယ်ဝန်ဆောင် #ကိုယ်ဝန်ဆောင်ကျန်းမာရေး


29/09/2025

ကိုယ်ဝန်ရှိကြောင်းသိနိုင်မယ့် လက္ခဏာရပ်တွေက ဘာတွေလဲနော်? 🤰🫶🏻🫶🏻




𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭𝐢𝐧𝐠 ဆိုတာ ဘာလဲ ? ဒီတစ်ပတ်မှာတော့ 𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭𝐢𝐧𝐠 ( 𝐏𝐆𝐓 )  နဲ့ပတ်သက်ပြီး ပြော...
19/09/2025

𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭𝐢𝐧𝐠 ဆိုတာ ဘာလဲ ?

ဒီတစ်ပတ်မှာတော့ 𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭𝐢𝐧𝐠 ( 𝐏𝐆𝐓 ) နဲ့ပတ်သက်ပြီး ပြောပြပေးသွားမှာ ဖြစ်ပါတယ်။
PGT ဆိုတာကတော့ ဖန်ပြွန်သန္ဓေသား (𝐈𝐕𝐅) နည်းနဲ့ ရရှိလာတဲ့ သန္ဓေသားရဲ့ အချင်းဖြစ်မယ့် အသားစကို ယူပြီး မျိုးရိုးဗီဇနဲ့ဆိုင်တဲ့ ရောဂါတွေ ရှိ/ မရှိကို စစ်ဆေးပေးတဲ့ နည်းပညာတစ်ခုဖြစ်ပါတယ်။
မျိုးရိုးဗီဇစစ်ဆေးပြီး ရလဒ်အကောင်းဆုံး သန္ဓေသားလောင်းကို သားအိမ်ထဲ လွှဲပြောင်းပေးခြင်းကြောင့် ပိုမိုကောင်းမွန်တဲ့ ဖန်ပြွန်သန္ဓေသားရလဒ်ကို ရရှိစေမှာ ဖြစ်ပါတယ်။

စစ်ဆေးနိုင်တဲ့ PGT အမျိုးအစားတွေကတော့ 𝐏𝐆𝐓-𝐀, 𝐏𝐆𝐓-𝐒𝐑 နဲ့ 𝐏𝐆𝐓-𝐌 ဆိုပြီးတော့ (၃) မျိုး ရှိပါတယ်။

🧬𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭 𝐅𝐨𝐫 𝐀𝐧𝐞𝐮𝐩𝐥𝐨𝐢𝐝𝐲 ( ခရိုမိုဆုန်း အရေအတွက် မှန်/မမှန် စစ်ဆေးခြင်း)

PGT-A စစ်ဆေးခြင်းကြောင့် ခရိုမိုဆုန်းအရေအတွက် ၂၃စုံ (၄၆)ခု ရှိတဲ့ မျိုးရိုးဗီဇကောင်းတဲ့ သန္ဓေသားလောင်းကို သိရှိနိုင်မှာဖြစ်ပါတယ်။
ဒါ့အပြင် ကျား၊မ ခရိုမိုဆုန်း အရေအတွက် မှန်ကန်မှု ရှိ/ မရှိကိုပါ တပြိုင်နက်တည်း သိရှိနိုင်မှာ ဖြစ်ပါတယ်။

🧬 𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭 𝐟𝐨𝐫 𝐒𝐞𝐠𝐦𝐞𝐧𝐭𝐚𝐥 𝐑𝐞𝐚𝐫𝐫𝐚𝐧𝐠𝐞𝐦𝐞𝐧𝐭
( ခရိုမိုဆုန်း၏ ဖွဲ့စည်းတည်ဆောက်ပုံအား အနုစိတ်စစ်ဆေးခြင်း )

PGT-SR စစ်ဆေးခြင်းကြောင့် ဖန်ပြွန်သန္ဓေသားရလဒ်မကောင်းခြင်းနဲ့ သားပျက်၊သားလျှောဖြစ်ခြင်းတို့ကို လျော့ကျစေနိုင်ပါတယ်။

🧬 𝐏𝐫𝐞𝐢𝐦𝐩𝐥𝐚𝐧𝐭𝐚𝐭𝐢𝐨𝐧 𝐆𝐞𝐧𝐞𝐭𝐢𝐜 𝐓𝐞𝐬𝐭 𝐟𝐨𝐫 𝐌𝐨𝐧𝐨𝐠𝐞𝐧𝐢𝐜 𝐃𝐢𝐬𝐨𝐫𝐝𝐞𝐫
( မျိုးရိုးဗီဇရောဂါများ ပါ/ မပါ စစ်ဆေးခြင်း )

PGT-M ကိုတော့ မျိုးရိုးဗီဇရောဂါ အထင်အရှားတွေ့ရှိခြင်းကြောင့် ကိုယ်ဝန်ရပ်တန့်ထားရသူများ၊ မျိုးရိုးဗီဇရောဂါရှိသော ကလေးရရှိထားသူများ၊ သာလာဆီးမီးယား၊ သွေးနဲ့ပတ်သက်တဲ့ မျိုးရိုးဗီဇရောဂါရှိသောသူများအနေနဲ့ကတော့
ဆရာဝန်ရဲ့ အကြံပြုချက်နဲ့ စစ်ဆေးသင့်ပါတယ်။

ဘယ်သူတွေ စစ်ဆေးသင့်လဲ ?

▫️ခရိုမိုဆုန်း မူမမှန်သော ကလေးမွေးဖွားနိုင်ခြေများတဲ့ အသက် ၃၅နှစ်နဲ့အထက် အမျိုးသမီးများ၊
▫️ခရိုမိုဆုန်း မူမမှန်သော ကလေးမွေးဖွားဖူးသူများ၊
▫️သားပျက်/သားလျှော ဖြစ်ဖူးသူများ၊
▫️မျိုးရိုးဗီဇချို့ယွင်းမှု ရောဂါရာဇဝင်ရှိသူများ၊
▫️IVF နည်းပညာဖြင့် ကုသမှုခံယူနေသော်လည်းအောင်မြင်ခြင်း မရှိသေးသောသူများ၊
▫️ကိုယ်ဝန် ၁၂ပတ်မတိုင်မီ ပျက်ကျမှု ၂ကြိမ်နဲ့အထက် ကြုံတွေ့နေရသူများအနေနဲ့ စစ်ဆေးသင့်ပါတယ်။

PGT ကို စစ်ဆေးခြင်းကြောင့် -
🔹အကောင်းဆုံးသန္ဓေသားဖြင့် ကိုယ်ဝန်ရရှိစေနိုင်ခြင်း၊
🔹ကိုယ်ဝန်ပျက်ကျမှုနှုန်း လျှော့ချပေးခြင်း၊
🔹ကျန်းမာသောရင်သွေး ရရှိနိုင်ခြေ ပိုများခြင်း၊
🔹အကောင်းဆုံးသန္ဓေသားကို သားအိမ်ထဲသို့ လွှဲပြောင်းခြင်းဖြင့် ဖန်ပြွန်သန္ဓေသားရလဒ်ကောင်းများ ရရှိရုံသာမက အချိန်နှင့်ကုန်ကျစရိတ် သက်သာစေခြင်း၊
🔹မျိုးရိုးဗီဇရောဂါကင်းရှင်းမှု အာမခံချက်ရှိသည့် ကျန်းမာသောရင်သွေးကို ရွေးချယ်ခွင့်ရရှိနိုင်ခြင်း စတဲ့ အကျိုးကျေးဇူးတွေရရှိမှာ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ PGT လို့ခေါ်တဲ့ Preimplantation Genetic Testing အကြောင်းကို သေချာသိသွားလောက်ပြီလို့ထင်ပါတယ်။

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡 : 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡 : No 56 Ground Floor, Room No 106, Maha Land Business Centre , Yankin Township ,Yangon.

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦






𝐂𝐨𝐧𝐬𝐭𝐚𝐧𝐭 𝐓𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞 𝐈𝐧𝐜𝐮𝐛𝐚𝐭𝐨𝐫 ကို In-stock ဝယ်ယူရရှိနိုင်ပြီ !သုတေသန ဓာတ်ခွဲခန်းများ၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများ၊  ဆ...
13/09/2025

𝐂𝐨𝐧𝐬𝐭𝐚𝐧𝐭 𝐓𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞 𝐈𝐧𝐜𝐮𝐛𝐚𝐭𝐨𝐫 ကို In-stock ဝယ်ယူရရှိနိုင်ပြီ !

သုတေသန ဓာတ်ခွဲခန်းများ၊ ဆေးဘက်ဆိုင်ရာ ဓာတ်ခွဲခန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ ဓာတ်ခွဲခန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းတွေမှာ Incubator များကို အသုံးပြုကြပါတယ်။
လိုချင်တဲ့ Temperature အတိုင်း တစ်သမတ်တည်းထိန်းညှိပေးနိုင်တဲ့ Medical Equipment တစ်ခုဖြစ်တဲ့ 𝐂𝐨𝐧𝐬𝐭𝐚𝐧𝐭 𝐓𝐞𝐦𝐩𝐞𝐫𝐚𝐭𝐮𝐫𝐞 𝐈𝐧𝐜𝐮𝐛𝐚𝐭𝐨𝐫 ရဲ့ Features တွေကတော့

🔹Microcomputer-based smart temperature controller
🔹LCD displays
🔹Separate temperature limiting and alarming system
🔹UV sterilizing system
🔹RS-485 port, recording variations of temperature parameters
🔹Double door စသဖြင့် ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ 𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ဟာဆိုရင် Biobase Brand ကို မြန်မာပြည်တစ်နိုင်ငံလုံးမှာ Authorized Distributor အဖြစ် Medical Equipment များကို တာဝန်ယူ ဖြန့်ချီရောင်းချပေးနေတာပဲ ဖြစ်ပါတယ်။
𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 မှာ Genetic Testing Service အပြင် ဆေးရုံ၊ဆေးခန်း/ ဓာတ်ခွဲခန်းတွေအတွက် လိုအပ်တဲ့ ဆေးဘက်ဆိုင်ရာ စက်ပစ္စည်းတွေကို ဖြန့်ချီရောင်းချပေးနေရုံသာမကဘဲ After-Sales Service, General Maintenance တွေအပြင် Calibration Services တွေကိုပါ ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့ တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော် …

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥

https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡 : 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon.

🏢𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡 : No 56 Ground Floor, Room No 106, Maha Land Business Centre , Yankin Township ,Yangon.

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/









ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တဲ့ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ ? ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အများစုဟာ အိပ်မပျော်တဲ့ပြဿနာကို...
10/09/2025

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တဲ့ရောဂါ ဘာကြောင့်ဖြစ်ရတာလဲ ?

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အများစုဟာ အိပ်မပျော်တဲ့ပြဿနာကို ကြုံတွေ့ရတတ်ပါတယ်။
ကိုယ်ဝန်လရင့်လာတာနဲ့အမျှ အိပ်မပျော်တဲ့ပြဿနာကို ပိုမိုရင်ဆိုင်ရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင် ပထမ(၃)လပတ်မှာ ကိုယ်ဝန်ဆောင်မိခင် (၄)ယောက်အနက် (၁)ယောက်ခန့်ဟာ အိပ်မပျော်တဲ့ ပြဿနာကို ခံစားရတတ်ပြီး တတိယ(၃)လပတ်ကုန်ဆုံးချိန်မှာတော့ ကိုယ်ဝန်ဆောင်မိခင် ၈၀ ရာခိုင်နှုန်းလောက်က အိပ်မပျော်တဲ့ လက္ခဏာတွေကို ခံစားရတတ်ပါတယ်။

𝐈𝐧𝐬𝐨𝐦𝐧𝐢𝐚 ဘာကြောင့်ဖြစ်တာလဲ ?
ဟော်မုန်းအပြောင်းအလဲတွေ၊ ရုပ်ပိုင်းဆိုင်ရာအပြောင်းအလဲတွေ (ဥပမာ - ကလေးလှုပ်တာ၊ ခါးနာတာ၊ ဆီးခဏခဏသွားချင်တာ) ကြောင့်လည်း အိပ်မပျော် ဖြစ်တတ်ပါတယ်။
နောက်ပြီးတော့ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေအနေနဲ့ ဗိုက်ထဲက ရင်သွေးလေးအတွက် စိုးရိမ်ပူပန်တာ၊ မွေးဖွားဖို့အတွက် စိုးရိမ်တာ၊ စိတ်ဖိစီးတာတွေကြောင့်လည်း ညဘက်မှာ အိပ်ပျော်ဖို့ ခက်ခဲတတ်ပါတယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်တာဟာ မိခင်လောင်းတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုဖြစ်ပေမယ့် ရေရှည်မှာ အိပ်မပျော်တာ ပိုဆိုးလာမယ်ဆိုရင်တော့ အောက်ပါဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

🔹မိခင်ရဲ့ စိတ်ကျန်းမာရေး ထိခိုက်နိုင်ခြင်း၊
🔹နေ့ဓဒူဝ လုပ်ငန်းဆောင်တာတွေပေါ်မှာ ကောင်းကောင်းအာရုံမစိုက်နိုင်ခြင်း၊
🔹𝐏𝐫𝐞-𝐞𝐜𝐥𝐚𝐦𝐩𝐬𝐢𝐚 လို့ခေါ်တဲ့ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေများခြင်း၊
🔹ကိုယ်ဝန်ဆောင်ဆီးချို ( 𝐆𝐞𝐬𝐭𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐃𝐢𝐚𝐛𝐞𝐭𝐞𝐬 ) ဖြစ်နိုင်ခြေများခြင်း၊
🔹လမစေ့ ပေါင်မပြည့်ဘဲ မွေးခြင်း စတဲ့ ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။

ဒါဆိုရင် ညဘက်မှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် ဘယ်လိုလုပ်ရမလဲ ?

▫️အိပ်တဲ့အခါ ဘေးစောင်းအိပ်ပါ၊ ကိုယ်ဝန်ဆောင်ခေါင်းအုံးကို အသုံးပြုပါ။
▫️ရေနွေးနွေးလေးနဲ့ ရေချိုးတာ၊ အသက်ရှုလေ့ကျင့်ခန်း၊ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးတွေကို ပုံမှန်လုပ်ပေးမယ်ဆိုရင်လည်း ညဘက်မှာ အိပ်ပျော်စေမှာပါ။
▫️နေ့ခင်းနေ့လည် တရေးအိပ်တဲ့အခါမှာ မိနစ် ၃၀ထက် ပိုမအိပ်သင့်ပါဘူး။
▫️အိပ်ခါနီးမှာ ကဖိန်းဓာတ်ပါတာတွေ သောက်တာ၊ အရမ်းစပ်တဲ့ အစားအစာတွေနဲ့ အဆီများတဲ့ အစားအစာတွေ စားတာကိုလည်း ရှောင်ကြဥ်ပါ။
▫️အိပ်ချိန်ပုံမှန် သတ်မှတ်ထားပြီး 𝐒𝐨𝐨𝐭𝐡𝐢𝐧𝐠 𝐦𝐮𝐬𝐢𝐜 လေးတွေ ဖွင့်ထားပေးမယ်ဆိုရင်လည်း နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်စေနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ။

ဒီလောက်ဆိုရင်တော့ ညဘက်အိပ်ပျော်ဖို့ခက်ခဲနေတဲ့ မေမေတို့အနေနဲ့ ဘယ်လိုအချက်လေးတွေ လုပ်သင့်တယ်ဆိုတာကို သိသွားလောက်ပြီလို့ ထင်ပါတယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ အိပ်မပျော်ခြင်းကို ကြုံတွေ့ရတတ်ပေမယ့် ဆိုးရွားလာပြီး မိမိရဲ့ နေ့စဥ်ဘဝမှာပါ အခက်အခဲဖြစ်လာစေမယ်ဆိုရင်တော့ မိမိပြသနေတဲ့ ဆရာဝန်ကြီးများနဲ့ တိုင်ပင်ဖို့အတွက် အကြံပြုလိုပါတယ်။

ကိုယ်ဝန်ဆောင်ကာလမှာ မေမေတို့ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ပြီးတော့ ကျန်းမာဖွံ့ဖြိုးတဲ့ ရင်သွေးလေးတွေကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🩷

နောက်ထပ်လည်း ဒီလိုမျိုး 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐏𝐨𝐬𝐭 လေးတွေကို တင်ပေးသွားဦးမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 :
https://my.clevelandclinic.org/health/diseases/pregnancy-insomnia

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡 : 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡 : No 56 Ground Floor, Room No 106, Maha Land Business Centre , Yankin Township ,Yangon.

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦








ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်း သိကောင်းစရာ ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ သတိထားရမယ့် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်...
08/09/2025

ကိုယ်ဝန်ဆိပ်တက်ခြင်းအကြောင်း သိကောင်းစရာ

ဒီနေ့မှာတော့ ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ သတိထားရမယ့် ကျန်းမာရေးအခြေအနေတစ်ခုဖြစ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်း ( 𝐏𝐫𝐞-𝐞𝐜𝐥𝐚𝐦𝐩𝐬𝐢𝐚 ) အကြောင်းကို ပြောပြပေးချင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုဖြစ်ပြီးတော့ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိပါတယ်။

ကိုယ်ဝန်ဆိပ်တက်ခြင်းဆိုတာ ဘာလဲ ?
ကိုယ်ဝန်ဆိပ်တက်တယ်ဆိုတာက မိခင်မှာ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ ဆီးစစ်တဲ့အခါ ဆီးထဲမှာ ပရိုတင်းဓာတ်များနေခြင်း စတဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။
များသောအားဖြင့် ကိုယ်ဝန်အပတ် (၂၀) နောက်ပိုင်းမှာ ဖြစ်တတ်ပြီး ပေါ့ပေါ့ဆဆနေမိမယ်ဆိုရင်တော့ မိခင်ရော ကလေးအတွက်ပါ အန္တရာယ်ရှိနိုင်ပါတယ်။
ကိုယ်ဝန်ဆိပ်တက်ခြင်းဟာ ကလေးမွေးပြီးနောက်ပိုင်းမှာလည်း ဖြစ်နိုင်ပါတယ်။
ဒါကိုတော့ မွေးဖွားပြီးကာလ ကိုယ်ဝန်ဆိပ်တက်ခြင်း
( 𝐏𝐨𝐬𝐭𝐩𝐚𝐫𝐭𝐮𝐦 𝐏𝐫𝐞𝐞𝐜𝐥𝐚𝐦𝐩𝐬𝐢𝐚 ) လို့ ခေါ်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်ရင် ဘယ်လို လက္ခဏာတွေပြလဲ ?
🔹သွေးပေါင်ချိန်တက်ခြင်း၊
🔹ခေါင်းအလွန်ကိုက်ခြင်း၊
🔹အမြင်အာရုံဝေဝါးခြင်း၊
🔹ပျို့အန်ခြင်း၊
🔹မျက်နှာ၊ခြေလက်တွေ ဖောရောင်ခြင်း စတဲ့ လက္ခဏာတွေ ပြလာပြီဆိုရင်တော့ မပေါ့ဆဘဲ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ အမြန်ဆုံးသွားရောက်ကုသမှု ခံယူသင့်ပါတယ်။

ကိုယ်ဝန်ဆိပ်တက်တာက ဘယ်သူတွေမှာ အဖြစ်များလဲ?
▫️ကိုယ်ဝန်မဆောင်ခင်တည်းက ဆီးချိုရောဂါ၊ ▫️သွေးတိုးရောဂါအခံရှိထားသူများနဲ့ ကျောက်ကပ်ရောဂါရှိသူများ၊
▫️အရင်ကိုယ်ဝန်ဆောင်ခဲ့စဥ်က ကိုယ်ဝန်ဆိပ်တက်ဖူးသူများ၊
▫️မိသားစုမျိုးရိုးထဲမှာ ကိုယ်ဝန်ဆိပ်တက်ဖူးသူများ၊
▫️အသက် (၄၀)နဲ့အထက် ကိုယ်ဝန်ဆောင်မိခင်များ၊
▫️အမြွှာကိုယ်ဝန်ဆောင်များနဲ့
▫️အဝလွန်သူများ ( 𝐁𝐌𝐈 𝟑𝟓 နဲ့အထက် ရှိသူများ)ဟာ ကိုယ်ဝန်ဆိပ်တက်နိုင်ခြေများပါတယ်။

ကိုယ်ဝန်ဆိပ်တက်တာကို ကာကွယ်လို့ရမယ့် နည်းလမ်းအတိအကျတော့ မရှိပါဘူး။
ဒါပေမယ့် မေမေတို့အနေနဲ့ ကိုယ်ဝန်စရှိပြီဆိုတာနဲ့ -
🔸ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုကို ပုံမှန်ခံယူပါ။
🔸အာဟာရနဲ့ညီညွတ်တဲ့ အစားအစာတွေကိုစားပေးပါ။
🔸မိမိပြသနေတဲ့ ဆရာဝန်ကြီးများရဲ့ ညွှန်ကြားချက်အတိုင်း ကိုယ်ဝန်ဆောင်အားဆေးတွေကို ပုံမှန်သောက်ပေးပါ။

ဒီလောက်ဆိုရင်တော့ ကိုယ်ဝန်ဆိပ်တက်တာနဲ့ပတ်သက်ပြီး မေမေတို့လည်း သိသွားလောက်ပြီလို့ထင်ပါတယ်။
မေမေတို့အားလုံး ကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းတဲ့ ရင်သွေးလေးတွေကို ချောချောမွေ့မွေ့ မွေးဖွားနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင် 🩷

နောက်ထပ်လည်း ဒီလိုမျိုး 𝐊𝐧𝐨𝐰𝐥𝐞𝐝𝐠𝐞 𝐒𝐡𝐚𝐫𝐢𝐧𝐠 𝐏𝐨𝐬𝐭 လေးတွေကို တင်ပေးသွားဦးမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

𝐑𝐞𝐟𝐞𝐫𝐞𝐧𝐜𝐞 :
https://www.nhs.uk/conditions/pre-eclampsia/
https://www.mayoclinic.org/diseases-conditions/preeclampsia/symptoms-causes/syc-20355745

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡 : 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡 : No 56 Ground Floor, Room No 106, Maha Land Business Centre , Yankin Township ,Yangon.

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦

#ကိုယ်ဝန်ဆိပ်တက်ခြင်း






တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)=============================၁၃၈၇ ခုနှစ်၊စက်တင်ဘာလ (၆) ရက်နေ့တွင် ကျရောက်သော တော်သလင်...
06/09/2025

တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)
=============================

၁၃၈၇ ခုနှစ်၊စက်တင်ဘာလ (၆) ရက်နေ့တွင် ကျရောက်သော တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့) အချိန်အခါ သမယတွင် မြန်မာပြည်သူပြည်သားများအားလုံး စိတ်၏ ချမ်းသာခြင်း ၊ ကိုယ်၏ ကျန်းမာခြင်းတို့နှင့် ပြည့်စုံပြီး မင်္ဂလာရှိသောအချိန်အခါသမယဖြစ်ပါစေကြောင်း Pulse & Purpose မိသားစုမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်ရှင်။🙏🏻🙏🏻🙏🏻



နို့တိုက်မိခင်တွေအတွက် မဖြစ်မနေလိုအပ်မယ့် ဗီတာမင်တွေက ဘာတွေလဲ?==========================================နို့တိုက်မိခင် တ...
30/08/2025

နို့တိုက်မိခင်တွေအတွက် မဖြစ်မနေလိုအပ်မယ့် ဗီတာမင်တွေက ဘာတွေလဲ?
==========================================

နို့တိုက်မိခင် တစ်ယောက်အနေနဲ့ မိမိရဲ့ရင်သွေးလေး ကောင်းမွန်စွာကြီးပြင်းလာနိုင်ဖို့ဆိုရင် အာဟာရပြည့်ဝနေဖို့လိုအပ်ပါတယ်။ မိခင်တွေအနေနဲ့ လိုအပ်တဲ့ ဗီတာမင်တွေပြည့်ဝနေမှသာ ရင်သွေးလေးက ကျန်းမာပျော်ရွှင်စွာကြီးပြင်းလာနိုင်မှာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် မိခင်ရော ရင်သွေးလေးပါ ကျန်းမာစေဖို့အတွက် နို့တိုက်မိခင်တွေ မဖြစ်မနေလိုအပ်မယ့် ဗီတာမင်တွေ အကြောင်း ပြောပြပေးလိုက်ပါတယ်နော်။

ဗီတာမင် A❤️
ရင်သွေးလေးအတွက် အမြင်အာရုံဖွံ့ဖြိုးစေဖို့ နဲ့ အရောင်တွေကိုကွဲပြားစွာသိမြင်နိုင်စေဖို့ အတွက် အထောက်အကူပြုပါတယ်။ အရေပြား ၊ဆံသား တစ်ရှူးတွေနဲ့ ကိုယ်ခံအားကောင်းဖို့အတွက်လည်း ထောက်ပံ့ပေးပါတယ်။

ဗီတာမင် A ကြွယ်ဝစွာပါဝင်နေတဲ့အစားအစာတွေကတော့ ငါး၊ ဥအမျိုးမျိုး၊ အသည်း၊ ကန်စွန်းဥ၊ မုန်လာနီ၊ ရွှေဖရုံသီး၊ ဟင်းနုနွယ်၊ ချိစ်၊ တရုတ်ဇီးသီး၊ သရက်သီးတို့ပဲဖြစ်ပါတယ်။

ဗီတာမင် B1 (Thiamin)❤️
ရင်သွေးလေးအတွက် အရေးပါတဲ့ ဗီတာမင်ဓာတ်တစ်ခုဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း အကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ ဦးနှောက်ဖွံ့ဖြိုးမှုနှင့် မှတ်ဉာဏ်တည်ဆောက်မှု အတွက်လည်းအထောက်အကူပြုပါတယ်။

ဗီတာမင် B1 (Thiamin) ကြွယ်ဝစွာပါဝင်နေတဲ့အစားအစာတွေကတော့ ဂျုံ၊ ဆန်လုံးညို၊ အသား၊ အခွံမာအသီး၊ ပဲပိစပ်၊ ဥအမျိုးမျိုး၊ ပဲတောင့်ရှည်၊ အစေ့အဆန်တို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် B12 (Cobalamin)❤️
ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေပြီး အာရုံကြောဆဲလ်တွေကို ကျန်းမာစေနိုင်သလို သိမြင်မှုစွမ်းရည်ကိုလည်း တိုးတက်စေနိုင်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

ဗီတာမင် B12 (Cobalamin) ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ငါး၊ ဥအမျိုးမျိုး၊ ကမာ၊ နို့ နဲ့ နို့ထွက်ပစ္စည်းတို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် B2 (Riboflavin)❤️
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ သံဓာတ်နဲ့ သွေးဖြူဥပမာဏကို ထိန်းညှိပေးနိုင်သလို သွေးအားနည်းရောဂါ ကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် B2 (Riboflavin)ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ အဆီပြည့်နို့၊ ဂျုံ၊ ဆန်လုံးညို၊ အယ်လ်မွန်စေ့၊ ဥအမျိုးမျိုး၊ ဟင်းနုနွယ်၊ ပဲပိစပ်၊ ပန်းဂေါ်ဖီစိမ်း၊ အသား၊ မှိုတို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် B3 (Niacin)❤️
အာရုံကြောစနစ်ကို အားကောင်းစေနိုင်ပြီး ကိုယ်တွင်းဟော်မုန်းထွက်ရှိမှုကို ထိန်းညှိပေးနိုင်တဲ့အပြင် ကိုယ်ခံအားကောင်းစေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

ဗီတာမင် B3(Niacin) ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ကြက်သား၊ နှမ်း၊ ငါး၊ နေကြာစေ့၊ မြေပဲ၊ ပဲနီလေး၊ နို့ နဲ့ ဥအမျိုးမျိုးတို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် B5 (Pantothenic Acid)❤️
သွေးနီဥဆဲလ်တွေကို ကျန်းမာစေပြီး ဂလင်းတွေကိုလည်း အကောင်းဆုံး ထိန်းညှိပေးနိုင်သလို အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပါတယ်။

ဗီတာမင် B5 (Pantothenic Acid) ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ပဲအမျိုးမျိုး၊ ပန်းဂေါ်ဖီ၊ နေကြာစေ့၊ ငါး၊ ထောပတ်သီး၊ ကန်စွန်းဥ၊ ဥအမျိုးမျိုး၊ ချိစ်၊ ပဲနီလေးတို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် B6 (Pyridoxine)❤️
ဦးနှောက် နဲ့ အာရုံကြော ဖွံ့ဖြိုးစေဖို့ အကောင်းဆုံးအားဖြည့်ပေးနိုင်ပြီး ရင်သွေးလေးရဲ့ အိပ်စက်မှုအတွက်လည်း အထောက်အကူပြုပါတယ်။

ဗီတာမင် B6 (Pyridoxine) ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ငါး၊ အသား၊ ပဲနီလေး၊ ဇီးသီး၊ ငှက်ပျောသီး၊ မုန်လာဥနီ၊ ဟင်းနုနွယ်၊ အာလူး တို့ပဲဖြစ်ပါတယ်။

ဗီတာမင် B9 (Folic Acid/Folate)❤️
ဦးနှောက်ဖွံ့ဖြိုးမှုနှင့် သံဓာတ်စုပ်ယူမှုကို အားကောင်းစေနိုင်တဲ့ ဗီတာမင်ဓာတ်တစ်မျိုးပဲဖြစ်ပါတယ်။

ဗီတာမင် B9 (Folic Acid/Folate) ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ပဲနီလေး၊ ဟင်းနုနွယ်၊ ကညွတ်၊ တရုတ်မုန်လာ၊ ထမင်း၊ လိမ္မော်သီး၊ ထောပတ်သီး၊ နို့၊ ဂျုံ တို့ပဲဖြစ်ပါတယ်။

ဗီတာမင် C (Ascorbic Acid)❤️
ကော်လာဂျင်ထွက်ရှိမှုကို မြှင့်တင်ပေးနိုင်ပြီး ဆံသား၊ အရေပြား နဲ့ သွေးကြောတွေကို ကျန်းမာစေနိုင်တဲ့အပြင် အနာကျက်မြန်စေဖို့အတွက်လည်း အထောက်အကူပြုပါတယ်။

ဗီတာမင် C (Ascorbic Acid) ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ မာလကာသီး၊ ဇီးဖြူသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီ၊ ကီဝီသီး၊ ခရမ်းချဉ်သီး၊ ပန်းဂေါ်ဖီစိမ်း၊ အာလူး၊ ဟင်းနုနွယ် တို့ပဲဖြစ်ပါတယ်။

ဗီတာမင် D ❤️
အရိုးတွေကို သန်မာစေနိုင်တဲ့အပြင် ကိုယ်ခံအားကောင်းစေပြီး အရေပြားပြဿနာတွေမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

ဗီတာမင် D ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ဆာဒင်း၊ တူနာ၊ မက်ကာရယ်၊ ဆယ်လ်မွန်၊ ကြက်ဥအနှစ် တို့ပဲဖြစ်ပါတယ်။

ဗီတာမင် E❤️
ခန္ဓာကိုယ်ရှိ ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့နဲ့ သွေးနီဥဆဲလ်တွေကို အကောင်းဆုံး ဖြစ်ပေါ်လာနိုင်အောင် ကူညီပေးပါတယ်။

ဗီတာမင် E ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ နေကြာဆီ၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ အယ်လ်မွန်စေ့၊ မြေပဲ၊ ထောပတ်သီး၊ ဟင်းနုနွယ်တို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် H❤️
ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေဖို့နဲ့ အရေပြားပြဿနာတွေကို ကာကွယ်ပေးနိုင်သလို ဆံသား၊ အရေပြား ၊လက်သည်းခြေသည်းတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။

ဗီတာမင် H ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ အသား၊ ဥအမျိုးမျိုး၊ ချိစ်၊ ဂျုံ၊ ငါး၊ ပန်းဂေါ်ဖီ၊ ထောပတ်သီး၊ သစ်ကြားသီး၊ မြေပဲ၊ အယ်လ်မွန်စေ့တို့ပဲ ဖြစ်ပါတယ်။

ဗီတာမင် K❤️
သွေးလည်ပတ်မှုကို ကောင်းစေတဲ့အပြင် သွေးခဲခြင်းတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေဖို့ ကူညီပေးပါတယ်။

ဗီတာမင် K ကြွယ်ဝစွာပါဝင်နေတဲ့ အစားအစာတွေကတော့ ဟင်းနုနွယ်၊ ကိုက်လန်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲပိစပ်ဆီ၊ သံလွင်ဆီ၊ ဆလပ်ရွက် ၊ စပျစ်သီးတို့ပဲ ဖြစ်ပါတယ်။

အခုဆိုရင်တော့ နို့တိုက်မိခင်တွေအတွက် မဖြစ်မနေလိုအပ်မယ့် ဗီတာမင်တွေကို သိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

📌 Reference:
https://www.nhs.uk/pregnancy/keeping-well/vitamins-supplements-and-nutrition/

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦




ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်လို့ စိတ်ညစ်နေပြီလား?===================================ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေအန...
28/08/2025

ကိုယ်ဝန်ဆောင်မိခင်များ ဝမ်းချုပ်လို့ စိတ်ညစ်နေပြီလား?
===================================

ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်တွေအနေနဲ့ ပြောင်းလဲမှုတွေအများကြီး ကြုံတွေ့ရနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်း၊ သံဓာတ်အားဖြည့်ဆေးများသောက်ရခြင်း စတဲ့အချက်တွေကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ စိတ်ညစ်စရာကောင်းတဲ့ ဝမ်းချုပ်ခြင်းဝေဒနာကို ခံစားရတတ်ပါတယ်။

“ဝမ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး” ဆိုတဲ့ စကားအတိုင်း စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းတဲ့ ဝမ်းချုပ်ခြင်းကို သက်သာစေဖို့ နည်းလမ်းလေးတွေကို ပြောပြပေးပါမယ်နော်။

𝟏.အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို စားပါ။
အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေ၊ ပဲမျိုးစုံ တို့ကို တစ်နေ့ ၂၅–၃၀ ဂရမ်ခန့် စားပေးနိုင်ပါတယ်။

𝟐. ရေများများ သောက်ပါ။
တစ်နေ့ကို ရေ ၂လီတာလောက် သောက်ပေးပါ။ အသီးဖျော်ရည်တွေ သို့မဟုတ် အရည်ရွှမ်းတဲ့ အသီးအနှံတွေကိုလည်း စားပေးလို့ရပါတယ်။

𝟑. ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။
တစ်နေ့ကို နာရီဝက်ခန့် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးသင့်ပါတယ်။ လမ်းလျှောက်ခြင်း၊ ကိုယ်ဝန်ဆောင် yoga ဆော့ခြင်းတို့ကို လုပ်နိုင်ပါတယ်။ ( အရမ်းပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေတော့ မလုပ်သင့်ပါဘူး။)

𝟒. ဒိန်ချဉ် စားပေးပါ။
သဘာဝနည်းလမ်းအတိုင်း ဝမ်းချုပ်ခြင်းသက်သာအောင် ဒိန်ချဉ်ကိုစားပေးလို့ရပါတယ်။ ဒိန်ချဉ်မှာ ပရိုတင်းကြွယ်ဝစွာပါဝင်နေတဲ့အပြင် အကျိုးပြုဘက်တီးရီးယားတွေလည်း ပါဝင်နေပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ဒိန်ချဉ်စားသုံးမယ်ဆိုရင် မိခင်ရော ကလေးအတွက်ပါ ကျန်းမာစေနိုင်ပါတယ်။

𝟓. သက်ဆိုင်ရာဆရာဝန်ထံ စိတ်ချရတဲ့ ဝမ်းပျော့ဆေးအကြောင်း မေးမြန်းပါ။
ဝမ်းချုပ်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားနေရရင်တော့ သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့အညီ ဝမ်းပျော့ဆေးကို သောက်သုံးနိုင်ပါတယ် ။ ( မိမိသဘောအတိုင်း လုံးဝမသောက်သုံးသင့်ပါဘူး။ ဆရာဝန်ထံ မေးမြန်းပြီးမှသာ သောက်သင့်ပါတယ်။)

အခုဆိုရင်တော့ စိတ်ညစ်စရာကောင်းတဲ့ ဝမ်းချုပ်ခြင်း ဝေဒနာကို သက်သာစေနိုင်မယ့် နည်းလမ်းအချို့ကို သိရှိသွားလောက်ပြီလို့ ထင်ပါတယ်နော်။

နောက်ထပ်လည်း ကိုယ်ဝန်ဆောင်မေမေတို့အတွက် ဒီလိုမျိုး ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေကို တင်ပေးသွားမှာဖြစ်လို့ Page ကို Like & Follow လေး လုပ်ပေးထားကြပါဦးနော်…

📌 Reference:
https://unmhealth.org/stories/2023/06/5-tips-relieve-pregnancy-consumption.html

𝐏𝐮𝐥𝐬𝐞 & 𝐏𝐮𝐫𝐩𝐨𝐬𝐞 ရဲ့ Update များကို အချိန်နဲ့တပြေးညီ သိရှိနိုင်ဖို့အတွက် Viber Channel ကိုပါ Join ပေးထားကြပါဦးနော်…

𝐕𝐢𝐛𝐞𝐫 𝐂𝐡𝐚𝐧𝐧𝐞𝐥
https://invite.viber.com/?g2=AQABkjkdsX9HxFGwWZXP%2BnyIOC2axqwK3znxLvTpZNn0MM7Dbntry64Ua2O0ofSE

🏢 𝐒𝐮𝐥𝐞 𝐁𝐫𝐚𝐧𝐜𝐡: 10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township, Yangon

🏢 𝐘𝐚𝐧𝐤𝐢𝐧 𝐁𝐫𝐚𝐧𝐜𝐡: No 56 Ground Floor, Room No 106, Maha Land Business Centre, Yankin Township, Yangon

📞 𝐇𝐨𝐭𝐥𝐢𝐧𝐞 𝐍𝐮𝐦𝐛𝐞𝐫 : 𝟎𝟗𝟗 𝟓𝟒 𝟐𝟏 𝟐𝟏 𝟐𝟐

🌐 𝐖𝐞𝐛𝐬𝐢𝐭𝐞 : https://pnp.com.mm/

💌 𝐌𝐚𝐢𝐥 : 𝐜𝐨𝐧𝐭𝐚𝐜𝐭@𝐩𝐧𝐩.𝐜𝐨𝐦.𝐦𝐦








Address

#10-01, 10th Floor, Sule Square Office Tower, 221 Sule Pagoda Road, Kyauktada Township
Yangon
11182

Alerts

Be the first to know and let us send you an email when Pulse & Purpose posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Pulse & Purpose:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram