Dr.Patho Specialist Clinic

Dr.Patho Specialist Clinic Best Vaccination Clinic For Your Family

🦠ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာကမ္ဘာပေါ်မှာ နှစ်စဉ်လူသန်းပေါင်းများစွာဟာ တုပ်ကွေး ရောဂါကူးစက်ခံကြရပါတယ်။ အဲ့ထဲကမှ...
15/05/2024

🦠ရာသီတုပ်ကွေးရောဂါအကြောင်း သိကောင်းစရာ

ကမ္ဘာပေါ်မှာ နှစ်စဉ်လူသန်းပေါင်းများစွာဟာ တုပ်ကွေး ရောဂါကူးစက်ခံကြရပါတယ်။ အဲ့ထဲကမှတစ်ချို့ဟာ ဆေးရုံ ဆေးခန်းတက်ရောက်ကုသရသည်အထိဖြစ်တတ်ကြပြီး အနည်းငယ်ဟာ အသက်သေဆုံးသည်အထိပါဖြစ်နိုင်ပါတယ်။ တုပ်ကွေးရောဂါဟာအဓိက ကတော့ ကူးစက်စေတတ်သောတုပ်ကွေးရောဂါ ဗိုင်းရပ်စ်ပိုး ( Influenza Virus) များကြောင့်ဖြစ်ပွားသော အသက် ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတစ်မျိုးဖြစ်ပါတယ်။

✔️ ရောဂါလက္ခဏာတွေကတော့ အများအားဖြင့်
▪️ဖျားခြင်း ချမ်းတုန်ခြင်း
▪️နှာရည်ယို နှာပိတ်ခြင်း
▪️ကိုယ်လက်ကိုက်ခဲခြင်း
▪️ချောင်းဆိုးခြင်း
▪️လည်ချောင်းနာခြင်း
▪️ခေါင်းကိုက်ခြင်း
▪️မောပန်းနွမ်းနယ်ခြင်းနှင့်
▪️ကလေးငယ်များတွင် အန်ခြင်း၊ဝမ်းပျက် ဝမ်းလျှောခြင်းတို့ဖြစ်တတ်ပါတယ်

🔎တုပ်ကွေးဖြစ်ရင် အချိန်ဘယ်လောက်ကြာတတ်လဲ❓

ရာသီတုပ်ကွေးဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တာမို့ အမြန်ပျောက်ကင်းအောင်ကုသလို့မရလို့ မရဘဲပုံမှန်အား ဖြင့်တော့ (၃)ရက်နေ (၁)ပတ်လောက်နေရင်သက်သာပျောက်ကင်းတတ်ပါတယ်။
ကိုယ်ခံအားနည်းသူတွေကတော့ ပျောက်ကင်းချိန်ဒီထက်ပိုကြာနိုင်ပါတယ်။ဒီနောက်ပိုင်းနှစ်တွေမှာတော့ ရာသီတုပ်ကွေးဆိုပေမယ့် အရင်ကထက်ရက်ကြာတတ်ပြီးဝေဒနာပိုခံစားကြရတာ တွေ့လာရပါတယ်။

🔎 ရာသီတုပ်ကွေးဟာ ဘယ်လိုကူးစက်တတ်လဲ ❓

👉ရောဂါကူးစက်နိုင်သည့်နည်းလမ်းကတော့ ရောဂါပိုးရှိသူမှ နှာချေ၊ချောင်းဆိုးရာမှ လေထဲသို့ပျံ့နှံ့ကာ တခြားသူသို့ လျင်မြန်စွာကူးစက်တတ်ပါတယ်။
👉တခါတရံ ရောဂါပိုးကပ်ကျန်နေသော အရာဝတ္ထုများကိုင်တွယ်ပြီး မိမိ၏ပါးစပ်၊ နှာခေါင်းနှင့်မျက်စိတို့ဖြင့်ထိတွေ့မိခြင်းမှလည်း ကူးစက်နိုင်ပါတယ်။

🔎 ဒါဆို ရာသီတုပ်ကွေးမဖြစ်အောင်ဘယ်လိုကာကွယ်ကြမလဲ ❓

◾လက်ကို ရေ၊ ဆပ်ပြာ၊အယ်လ်ကိုဟောပါဝင်သော လက်သန့်ဆေးရည် တို့ဖြင့် မကြာခဏဆေးကြောပါ။
◾ဖျားနာနေသူများနှင့်နီးကပ်စွာနေထိုင်ခြင်းရှောင်ပါ
◾နှာစေး ချောင်းဆိုးတိုင်း ပါးစပ်နှင့်နှာခေါင်းအား လက်ကိုင်ပုဝါ၊ တစ်ရှူးများဖြင့် လုံခြုံစွာဖုံးအုပ်ပါ။
◾အမြဲ Mask တပ်ပါ။
◾ကောင်းစွာအိပ်စက်အနားယူပါ။
◾အာဟာရပြည့်ဝစွာစားပါ။
◾ရေများများသောက်ပါ။
◾လေဝင်လေထွက်ကောင်းသောနေရာများတွင်နေထိုင်ပါ၊ အိမ်ပြတင်းပေါက်များအားဖွင့်ထားပါ။
◾ပွဲလမ်းသဘင်နှင့် လူစုလူဝေးအား တတ်နိုင်သမျှရှောင်ကျဉ်ပါ။

✅ အကောင်းဆုံးနည်းလမ်းကတော့ ရောဂါမကူးစက်ခံရခင်ထဲက ရာသီတုပ်ကွေးကာကွယ်ဆေးများ ကြိုတင်ထိုးနှံထားရမှာဖြစ်ပါတယ်။

💉 ဘယ်လိုလူတွေထိုးသင့်လဲ ❓

မိသားစုဝင်အားလုံး ထိုးသင့်ပါတယ်။အဓိက ကတော့ 🔹သက်ကြီးရွယ်အို ဖိုးဖိုးဖွားဖွားတွေ
🔹အသက် (၅)နှစ်အောက် ကလေးငယ်တွေ
🔹ကိုယ်ဝန်ဆောင်မေမေတွေနဲ့
🔹ရောဂါအခံတစ်ခုခုကြောင့် ကိုယ်ခံအားနည်းနေသူ၊ ခုခံအားကျဆင်းစေတဲ့ဆေးမျိုးသောက်သုံးနေရသူတွေ မဖြစ်မနေထိုးနှံသင့်ပါတယ်။

🔹လူငယ်လူရွယ်တွေအတွက်လည်း ရောဂါမပြင်းထန်နိုင်ပေမယ့် မိမိကတစ်ဆင့်အိမ်သားတွေကို ကူးစက်စေနိုင်တာကြောင့် အိမ်မှာ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါအခံရှိတဲ့သူတွေ ရှိရင် ကြိုတင်ထိုးနှံထားသင့်ပါတယ်။

Vaxigrip Tetra လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေးဟာဆိုရင်...
◾ 2024 အတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတယ်၊
◾ ဗိုင်းရပ်စ် လေးမျိုးစလုံးကို ကာကွယ်ပေးနိုင်တယ်၊
◾ FDA အသိအမှတ်ပြုပြီးသားဖြစ်တယ်၊
◾ ပြင်သစ်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ ပြင်သစ်ဆေးဖြစ်တယ်၊

စတာတွေအပြင် Cold Chain စနစ်နဲ့ နည်းစနစ်တကျ အအေးခံသိုလှောင်ထားတာမလို့ အရည်အသွေးပြည့်မီကြောင်း အာမခံပါတယ်။

ကျွန်မတို့ Doctor Patho Specialist Clinic မှ Vaxigrip လေးမျိုးစပ်ကာကွယ်ဆေးသာမက Covid Booster များကိုလည်း အိမ်တိုင်ရာရောက် လာရောက်ထိုးနှံပေးလျက်ရှိပါတယ်။

💁🏻‍♀️ကာကွယ်ဆေးထိုးတော့မယ်ဆို သင့်မိသားစုအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးမယ့် Dr.Patho Specialist Clinic ကို သတိရလိုက်ပါနော်

👨‍⚕️Best Vaccination Clinic For Your Family 👩‍❤️‍👨

အသေးစိတ်သိရှိလိုပါက Page Messenger တွင် လာရောက်မေးမြန်းနိုင်သလို
☎️09976363263
☎️09960863081 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်


#ရာသီတုပ်ကွေး
#ကာကွယ်ဆေး

MAY   PROMOTION ကြီးရောက်ရှိလို့လာပါပြီရှင် ☄️☂️🌧️ ကဲ မကြာခင်မှာ မိုးရာသီရောက်တော့မယ်ဆိုတော့ ဒုက္ခအပေးဆုံးဇာတ်လိုက်ကျော်...
22/06/2023

MAY PROMOTION ကြီးရောက်ရှိလို့လာပါပြီရှင် ☄️

☂️🌧️ ကဲ မကြာခင်မှာ မိုးရာသီရောက်တော့မယ်ဆိုတော့ ဒုက္ခအပေးဆုံးဇာတ်လိုက်ကျော်ကြီးဖြစ်တဲ့ ရာသီတုပ်ကွေးအချိန်ကျရောက်လို့လာပါပြီပေါ့နော်

🦠 ရာသီတုပ်ကွေးဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုး (၄)မျိုးရှိပြီး တစ်နှစ်နဲ့တစ်နှစ်ကို အနည်းငယ်ပြောင်းလဲတတ်တာကြောင့် မိသားစုဝင်တိုင်း နှစ်စဉ် တစ်ကြိမ်တော့ ထိုးထားသင့်ပါတယ်။

🤧 ရာသီတုပ်ကွေးလက္ခဏာတွေဖြစ်ကြတဲ့ နှာစေး၊နှာရည်ယိုခြင်း၊လည်ချောင်းနာခြင်း၊ ချောင်းခြောက် ဆိုးခြင်း၊ ကိုယ်လက်ကိုက်ခဲ နုံးခွေခြင်း၊ခေါင်းကိုက်ခြင်း စတာတွေဟာလည်း အရင်လိုရက်တိုမဟုတ်ဘဲ ဒီနောက်ပိုင်းနှစ်တွေမှာ ရက်ပိုကြာတတ်ပြီး ပိုခံစားရတာကို အားလုံးသတိထားမိကြမှာပါ။

💪 အဲ့လိုမဖြစ်အောင် အာဟာရဖြစ်စေတဲ့အစားအသောက်တွေစားတာ၊ ရေဓါတ်ပြည့်ဝဖို့ ရေများများသောက်ပြီး လုံလောက်တဲ့အိပ်စက်အနားယူမှုတွေနဲ့ ကိုယ်ခံအားကောင်းအောင် နေထိုင်ကြဖို့လိုပါတယ်။

💉✅ ကြိုတင်ကာကွယ်ခြင်းသည်ကုသခြင်းထက်ကောင်း၏" ဆိုတဲ့ဆိုရိုးအတိုင်း ကြိုတင်ကာကွယ်နိုင်ဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ညွှန်ကြားချက်နဲ့အတူ မိုးရာသီမတိုင်ခင်မှာ ကြိုတင်ထိုးနှံထားဖို့တော့ လိုအပ်နေပါပြီနော်။

👉 သတိထားဖို့အချက်က ဆေးထိုးပြီးပြီးချင်း တန်းကာကွယ်နိုင်တာမဟုတ်ဘဲ ခန္ဓာကိုယ်မှ ရောဂါကာကွယ်နိုင်အားထွက်ဖို့ (၁၀) ရက်ကနေ (၂)ပတ်အထိလိုတာကြောင့် စောစောထိုးနိုင်လေ ကာကွယ်နိုင်လေ ဖြစ်ပါတယ်။

အထူးသဖြင့် မိမိတို့အိမ်မှာရှိနေတဲ့
👦 အသက်ငယ်ရွယ်တဲ့သားသားမီးမီးလေးတွေ
👵သက်ကြီးရွယ်အို ဖိုးဖိုး၊ဖွားဖွားတွေ
🤰ကိုယ်ဝန်ဆောင်မေမေတွေနဲ့
💊သွေးတိုး၊ဆီးချို၊ကျောက်ကပ်၊ပန်းနာရင်ကျပ်စသဖြင့်ရောဂါအခံတစ်ခုခုရှိတဲ့သူတွေ၊ ခုခံအားကျဆင်းစေတဲ့ဆေးမျိုးသောက်သုံးနေရသူတွေက ကိုယ်ခံအားနည်းသူတွေဖြစ်လို့ ရာသီတုပ်ကွေး ခံစားရတဲ့လက္ခဏာ သာမာန်ထက် ပိုမိုပြင်းထန်နိုင်တာကြောင့် မဖြစ်မနေထိုးထားဖို့လိုအပ်ပါတယ်နော် 💉

👨‍⚕️ကျွန်မတို့ရဲ့ဆေးခန်းမှာတော့ နည်းစနစ်ကျတဲ့ သိုလောင်မှု မှန်ကန်တဲ့ Cold Chain နဲ့ထားရှိတဲ့ရာသီတုပ်ကွေးကာကွယ်ဆေးအပြင် ကိုဗစ်နဲ့ပတ်သတ်သောကာကွယ်ဆေးများနှင့် အခြားသောကာကွယ်ဆေး အမျိုးမျိုးကို ထိုးနှံပေးလျက်ရှိတာမို့ ယုံကြည်စိတ်ချစွာအခုပဲကြိုတင်စာရင်းပေးလိုက်ပါရှင်

Vaxigrip Tetra လေးမျိုးစပ် ရာသီတုပ်ကွေးကာကွယ်ဆေးဟာဆိုရင်...
◾ 2024 အတွက်ရည်ရွယ်ပြီးထုတ်လုပ်ထားတယ်၊
◾ ဗိုင်းရပ်စ် လေးမျိုးစလုံးကို ကာကွယ်ပေးနိုင်တယ်၊
◾ FDA အသိအမှတ်ပြုပြီးသားဖြစ်တယ်၊
◾ ပြင်သစ်နည်းပညာနဲ့ထုတ်လုပ်ထားတဲ့ ပြင်သစ်ဆေးဖြစ်တယ်၊

စတာတွေအပြင် Cold Chain စနစ်နဲ့ နည်းစနစ်တကျ အအေးခံသိုလှောင်ထားတာမလို့ အရည်အသွေးပြည့်မီကြောင်း အာမခံပါတယ်။

ကျွန်မတို့ Doctor Patho Specialist Clinic မှ Vaxigrip လေးမျိုးစပ်ကာကွယ်ဆေးသာမက Covid Booster များကိုလည်း အိမ်တိုင်ရာရောက် လာရောက်ထိုးနှံပေးလျက်ရှိပါတယ်။

💊Price - 45000+ (transportation fees-++++)🧰

💁🏻‍♀️ကာကွယ်ဆေးထိုးတော့မယ်ဆို သင့်မိသားစုအတွက် အကောင်းဆုံးဝန်ဆောင်မှု ပေးမယ့် Dr.Patho Specialist Clinic ကို သတိရလိုက်ပါနော်

Best Vaccination Clinic For Your Family 👩‍❤️‍👨

အသေးစိတ်သိရှိလိုပါက Page Messenger တွင် လာရောက်မေးမြန်းနိုင်သလို
☎️09976363263
☎️09960863081 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ


#ရာသီတုပ်ကွေး
#ကာကွယ်ဆေး

သင်္ဘောသားများအတွက် ဆေးစွမ်းကောင်းတစ်လက်🦠နိုင်ငံပေါင်းစုံမှ လူပေါင်းစုံဖြင့် ထိတွေ့ဆက်ဆံရတော့မယ့် ပင်လယ်ပြင်ကြီးထဲမှာ ကူ...
15/06/2023

သင်္ဘောသားများအတွက် ဆေးစွမ်းကောင်းတစ်လက်

🦠နိုင်ငံပေါင်းစုံမှ လူပေါင်းစုံဖြင့် ထိတွေ့ဆက်ဆံရတော့မယ့် ပင်လယ်ပြင်ကြီးထဲမှာ ကူးစက်ရောဂါပိုးဆိုတာ အလွယ်တကူကပ်တွယ်နိုင်ပါတယ်။

🦠သွေးမှတစ်ဆင့်ကူးစက်၍ဖြစ်စေ၊ ခန္ဓာကိုယ်မှထွက်သောအရည်များမှဖြစ်စေ၊ ပစ္စည်းများကိုမျှဝေသုံံးစွဲခြင်းမှဖြစ်စေ ရောဂါပိုးများကူးစက်လာသည့်အခါတွင် အခန့်မသင့်ရင်အသက်ဆုံးရှုံးနိုင်ပါတယ်။

ဒါဆို သင်္ဘောမတက်ခင် ရောဂါကြိုတင်ကာကွယ်ဖို့အတွက် ဘယ်လိုကာကွယ်ဆေးတွေထိုးရမလဲ❓

🛑ဝက်သက်၊ ပါးချိတ်ရောင်၊ ဂျိုက်သိုး၊ ရေကျောက် စတဲ့ရောဂါများမှ ကာကွယ်နိုင်ရန်အတွက် M-M-R ဆေးရှိပြီး နှစ်ကြိမ်ထိုးသွင်းပေးဖို့လိုအပ်ပါတယ်။ M-M-R ကို ပထမအကြိမ်ထိုးသွင်းပြီး ၂၈ရက်အကြာမှာ ဒုတိယအကြိမ်ထိုးပေးဖို့ မမေ့ကြနဲ့နော်။

🛑ငန်းဝါအဖျားရောဂါလို့ခေါ်တဲ့ Yellow Fever ကတော့ များသောအားဖြင့် အာဖရိကနှင့်တောင်အမေရိကမှာ ဖြစ်တတ်ပေမယ့်လို့ အချို့နိုင်ငံတွေမှာ ငန်းဝါအဖျားရောဂါအတွက် ကာကွယ်ဆေးမရှိပါဘူး။ ဒီအတွက်ကြောင့် ကိုယ့်ဘက်ကသင်္ဘောတက်မယ်လို့စိတ်ကူးထားရင် မဖြစ်မနေ Yellow Fever ဆေးထိုးပေးဖို့လိုပါတယ်။

🛑အသည်းရောင်အသားဝါ A,B အတွက် ကာကွယ်ဆေးထိုးပေးဖို့လိုအပ်တဲ့အပြင် မေးခိုင်ရောဂါပိုးကို ကာကွယ်နိုင်ရန်အတွက် Bio-TT ဆေးကိုလည်း ထိုးပေးဖို့လိုအပ်ပါတယ်။

ဒီဆေးတွေကို ဘယ်မှာရှာရမှာလဲ❓
⛴သင်္ဘောကလည်းတက်ခါနီးပြီ...

🙅🏻‍♀️ဒီအတွက်တော့ စိတ်မပူပါနဲ့...
💁🏻‍♀️ပင်လယ်ပြင်ကြီးထဲရွက်လွှင့်ဖို့ ပြင်ဆင်နေကြတဲ့ သင်္ဘောသားတို့အတွက် အကောင်းဆုံးဆေးတစ်လက် Dr.Patho မှာ ရယူနိုင်ပါပြီ။

ဆေးရဲ့ ဈေးနှုန်းလေးကတော့

💠M-M-R...45000 MMK
💠Bio TT...15000 MMK
💠Hepatitis A...80000MMK
💠Hepatitis B…15000 MMK
💠Yellow Fever... 100000MMK ဖြစ်ပြီး

👩🏻‍⚕️ဆေးခန်းတစ်ခါတစ်ခါသွားဖို့ အချိန်မယူချင်တဲ့ သင်္ဘောသားများအတွက် အလိုအပ်ဆုံးသော ကာကွယ်ဆေးများကို ကျွန်မတို့ Dr.Patho Specialist Clinic မှ အိမ်အရောက်လိုက်လံထိုးနှံပေးခြင်း ဝန်ဆောင်မှုကို ပြုလုပ်ပေးလျက်ရှိပါတယ်။

ဒါတင်သာမကသေးဘူးနော်...
✅၃ယောက်နှင့်အထက် ကာကွယ်ဆေးထိုးနှံမယ်ဆို Home Service ကို FREE ပေးသွားမှာဆိုတော့

💁🏻‍♀️ကာကွယ်ဆေးထိုးတော့မယ်ဆို ကျွန်မတို့ Dr.Patho Specialist Clinic ကို သတိရလိုက်ပါ။

အသေးစိတ်သိရှိလိုပါက Page Messenger တွင် လာရောက်မေးမြန်းနိုင်သလို
📱09976363263
📱09960863081 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်



သင့်နဲ့သင့်မိသားစုကို ကာကွယ်ဖို့ Booster ထိုးပြီးပြီလား⁉️🦠ကိုယ်တွေကတော့ COVID Vaccine ထိုးပြီးပြီ ....Booster ထိုးဖို့လိ...
07/06/2023

သင့်နဲ့သင့်မိသားစုကို ကာကွယ်ဖို့ Booster ထိုးပြီးပြီလား⁉️

🦠ကိုယ်တွေကတော့ COVID Vaccine ထိုးပြီးပြီ ....
Booster ထိုးဖို့လိုလို့လားဆိုရင် လိုကိုလိုပါတယ်။
ဖြစ်မှကုသခြင်းထက် မဖြစ်ခင်ကြိုတင်ကာကွယ်သင့်တာကြောင့်
ဘာကာကွယ်ဆေးထိုးပြီးပြီး 2 လကျော်တာနဲ့ Booster ထိုးလို့ရပါပြီ။

ဒါဆို ဘယ် Booster ကို ထိုးကြမလဲ❓
ကိုဗစ်မာယာ သဲကိုးဖြာကို ဒိုင်းကာသဖွယ် အပြည့်အဝကာကွယ်ပေးနိုင်ဖို့ Bivalent Booster ရှိပါတယ်။

🦠Bivalent Booster မှာဆို Moderna နဲ့ Pfizer နှစ်မျိုးရှိပြီး MRNA vaccine အမျိုးအစားဖြစ်တဲ့အတွက်ကြောင့်် ကိုဗစ်ရောဂါ ကူးစက်မှုကို 94.1 ရာခိုင်နှုန်းအထိ ထိရောက်စွာ ကာကွယ်ပေးနိုင်တဲ့အပြင် ကိုဗစ်ကြောင့်ဖြစ်တဲ့ သေဆုံးမှုကိုလည်း ရာနှုန်းပြည့်လျှော့ချပေးပါတယ်။

🦠အသက်အရွယ်အပိုင်းအခြားအနေဖြင့် အသက်(၁၃)နှစ်မှစ၍ သက်ကြီးရွယ်အိုများထိ ထိုးနှံနိုင်ပါတယ်။

💉ဒါကြောင့် COVID-19 ကို အထိရောက်ဆုံးကာကွယ်ဖို့ နိုင်ငံတကာအသိအမှတ်ပြုပြီး အရည်အသွေးပြည့်မီတဲ့ Bivalent Booster ကို Doctor Patho Specialist Clinic မှ အိမ်တိုင်ရာရောက်ထိုးနှံပေးလျက်ရှိပါတယ်ရှင်။

အသေးစိတ်သိရှိလိုပါက Page Messenger တွင် လာရောက်မေးမြန်းနိုင်သလို
☎️09976363263
☎️09960863081 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်




Dr. Patho ရဲ့(Family Package ) ဝန်ဆောင်ခအခမဲ့ အိမ်အရောက် မိသားစုကျန်းမာရေး ဝန်ဆောင်မှုခုချိန်မှာ မြန်မာနိုင်ငံတွင်းနဲ့ န...
03/05/2023

Dr. Patho ရဲ့(Family Package ) ဝန်ဆောင်ခအခမဲ့ အိမ်အရောက် မိသားစုကျန်းမာရေး
ဝန်ဆောင်မှု

ခုချိန်မှာ မြန်မာနိုင်ငံတွင်းနဲ့ နိုင်ငံအတော်များများမှာ
Omicron မျိုးစိတ်ရဲ့ မျိုးကွဲတွေ ပြန်ဖြစ်ပေါ်နေကြတာကို တွေ့ရပါတယ်။
အိုမီခရွန်ကို ကာကွယ်နိုင်ဖို့ဆိုရင် အရင် 1st Generation- Monovalent ဆေးတွေက ထိရောက်မှု နည်းသွားပါပြီ။
2nd Generation ကာကွယ်ဆေးဖြစ်တဲ့ Bivalent Booster ထိုးထားမှသာ အိုမီခရွန်ကို အထိရောက်ဆုံး ကာကွယ်နိုင်တော့မှာပါ။
သင်္ဘောသားမိတ်ဆွေများအတွက်လဲ Bivalent Booster ထိုးနှံခြင်းဟာ သက်တမ်း တနှစ်ပေးထားတဲ့အတွက် ရိုးရိုး Sinopharm/Sinovac/ Covishield လိုမျိုး Monovalent vaccine တွေလို ၆လကျော်တာနဲ့ ပြန်ထိုးစရာမလိုတော့ပါဘူးခင်ဗျာ။
Dr. Patho ရဲ့ အထူး ကျန်းမာရေးဝန်ဆောင်မှု အနေနဲ့ မိတ်ဆွေတို့ရဲ့ မိသားစုဘဝ ကျန်းမာစေရေး
အတွက် Family Package ကို သတ်မှတ်ပေးလိုက်ပါပြီ။
***Bivalent Booster 1 dose- 90000 mmk
*** Family Package( 6 persons) - 500,000 mmk + Transportation Charges (FOC)
မိသားစုအလိုက် ဆေးထိုးနှံလိုပါက ရန်ကုန်မြို့တွင်း မည်သည့် မြို့နယ်မဆို ဝန်ဆောင်ခ အခမဲ့ဖြင့်
အိမ်အရောက် ဝန်ဆောင်မှုပေးနေပါပြီ။
နိုင်ငံခြားထွက်မည့်သူများ၊ သင်္ဘောသား မိသားစုများ အတွက်လဲ၊ International QR Certificate တပါတည်း ပေးမှာမလို့ စိတ်ပူစရာမလိုတော့ဘူးနော်။
Cold Chain စိတ်ချစွာဖြင့် တတ်ကျွမ်းတဲ့ အထူးကုဆရာဝန်ကြီးများကိုယ်တိုင် အိမ်အရောက် ကျန်းမာရေး ဝန်ဆောင်မှု ပေးမှာဖြစ်တဲ့အတွက် မည်သည့်
မိသားစုမဆို ၆ ဦး ပြည့်ပါက အိမ်အရောက်
ဝန်ဆောင်မှုကို အခမဲ့ ရယူလိုက်ပါ။



Address

Pearl Condominium, Bahan Tsp
Yangon
11201

Telephone

+959976363263

Website

Alerts

Be the first to know and let us send you an email when Dr.Patho Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr.Patho Specialist Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram