25/09/2025
လူတိုင်းနီးပါး အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်ဖူးကြမှာပါ…
ဒါကြောင့် ဝမ်းဗိုက်အောင့်ပြီး နေရထိုင်ရ မသက်မသာဖြစ်စေတဲ့ အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အခါ သက်သာစေမယ့် သဘာဝနည်းလမ်းလေးတွေကို ဝေမျှပေးပါမယ်နော်…
အစာမကြေခြင်း ဖြစ်စေတဲ့ အကြောင်းအရာများ
❗ အစာ အများကြီး စားမိတာ
❗ မြန်မြန်စားမိတာ
❗ အစပ်ကဲတာတွေ စားမိတာ
❗ အက်ဆစကဲတာတွေ စားမိတာ
❗ စိတ်ဖိစီးတာ
❗ ကဖင်းဓာတ်များတာတွေ သောက်တာ
❗ ဆေးလိပ်သောက်တာ
❗ အမျှင်ဓာတ်များတာတွေ စားမိတာကြောင့် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်စေနိုင်ပါတယ်။
အစာမကြေဖြစ်ပြီဆိုရင်တော့ လေပွ၊ မအီမသာဖြစ်ပြီး ဝမ်းဗိုက်မှာ တင်းတင်းကြီး ခံစားရနိုင်ပါတယ်။
ဒါကြောင့် အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်နေပြီဆိုရင်
✔ ရေသောက်ပါ
✔ ပန်းသီးရှာလကာရည်ကို ရေနဲ့ဖျော်သောက်ပေးပါ
✔ ရေနွေးဆူဆူထဲ ချင်း (ဂျင်း) တစ်ပြားလောက်ထည့်စိမ်ပြီး သောက်ပေးပါ
✔ သံပုရာရည်သောက်ပါ
✔ ငှက်ပျောသီးစားပါ
✔ အုန်းစိမ်းရည်သောက်ပါ
အစာမကြေတာက မကြာခဏ ဖြစ်လေ့ဖြစ်ထရှိတယ်ဆိုပေမယ့် အစာမပြေဖြစ်တာက အရမ်းနာကျင်ပြီး အချိန်လည်း ကြာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြတာက အကောင်းဆုံးနဲ့ အမြန်ဆုံးသက်သာစေမယ့် နည်းလမ်းပဲဖြစ်ပါတယ်ရှင်…
ကျွန်မတို့ ❝ နန်းတော်ဝင် တိုင်းရင်းဆေးခန်း ❞ ကနေ ထုတ်လုပ်ထားတဲ့ အစာကြေလျက်ဆားကို အိမ်တိုင်းမှာ ဆောင်ထားမယ်ဆိုရင်လည်း အခုလိုမျိုး အစာမကြေ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့ ပြဿနာတွေကနေ ကင်းဝေးစေမှာပါရှင်…
☎ 𝟬𝟵 - 𝟰𝟬𝟰 𝟲𝟱𝟯 𝟱𝟮𝟭
☎ 𝟬𝟵 - 𝟴𝟴𝟱 𝟱𝟲𝟲 𝟴𝟴𝟵
လိပ်စာ - အမှတ် (၂၉၀ က)၊ မုံရွာလမ်း၊ (၁၀) ရပ်ကွက်၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ (BOC မှတ်တိုင်၊ ဆင်ဖြူလမ်းအနီး)
💢 နန်းတော်ဝင်တိုင်းရင်းဆေးကုခန်းကို ပိတ်ရက်မရှိဖွင့်လှစ်ထားပါတယ်… 💢
𝗧𝗶𝗸𝘁𝗼𝗸 𝗟𝗶𝗻𝗸 ➤ https://tinyurl.com/2ch8j926
𝗩𝗶𝗯𝗲𝗿 𝗟𝗶𝗻𝗸 ➤ https://tinyurl.com/2maev6pt
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗟𝗶𝗻𝗸 ➤ https://tinyurl.com/md74trfs
#အစာမကြေရင်ပြည့်ရင်ကယ် #နန်းတော်ဝင် #တိုင်းရင်းဆေးခန်း