Mumguard

Mumguard မိခင်ဘဝအတွက် အကောင်းဆုံး အဖော်မွန် ''Mumguard''

👶🏻 မွေးခါစ ကလေးငယ်တွေ သဘာဝအတိုင်း အာဟာရပြည့်ဝပြီး ကျန်းမာဖို့အတွက် မိခင်နို့က အတော်လေး အရေးကြီးပါတယ်။ မွေးကင်းစအရွယ်မှစပ...
14/08/2025

👶🏻 မွေးခါစ ကလေးငယ်တွေ သဘာဝအတိုင်း အာဟာရပြည့်ဝပြီး ကျန်းမာဖို့အတွက် မိခင်နို့က အတော်လေး အရေးကြီးပါတယ်။ မွေးကင်းစအရွယ်မှစပြီး အသက် (၆) လအထိ မိခင်နို့ မသောက်သုံးရတဲ့ ကလေးငယ်လေးတွေဟာ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ အဆုတ်ရောင်ရောဂါနဲ့ အာဟာရချို့တဲ့မှု ရောဂါတွေ ဖြစ်နိုင်ချေ ပိုများတတ်ပါတယ်။

🤱 မိခင်နို့ရည်မှာ ရေဓာတ် ၈၀ ရာခိုင်နှုန်းအပြင် ပရိုတင်း၊ ဗီတာမင်စတဲ့ အာဟာရဓာတ်အားလုံး ပြည့်ဝစွာ ပါဝင်ပြီး ဖြစ်တာကြောင့် ကလေးငယ်တွေအတွက် ကိုယ်ခံအား မြင့်မားစေပြီး ကူးစက်ရောဂါ ဖြစ်ပွားနိုင်ခြေလည်း လျှော့ချပေးကာ ဦးနှောက်ဉာဏ်ရည်ကိုလည်း ကောင်းစွာ ဖွံ့ဖြိုးစေနိုင်ပါတယ်။

ဒါကြောင့် မေမေတို့အနေနဲ့ ဘေဘီလေး အသက် (၆) လအထိ ရေနဲ့ အခြားအစားအစာတွေ မပါဘဲ မိခင်နို့တစ်မျိုးတည်းကိုသာ တိုက်ကျွေးပေးသင့်ကြောင်းနဲ့ မိခင်နို့ တိုက်ကျွေးဖို့ မဖြစ်တဲ့ အခြေအနေမျိုးမှသာ အစားထိုး ဖြည့်စွက်စာကို ဂရုတစိုက် တိုက်ကျွေးဖို့ အကြံပြုလိုက်ပါတယ်နော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 ကိုယ်ဝန်ဆောင်ချိန်မှာ အပူအစပ်တွေ မစားသင့်ဘူး၊ ငရုတ်သီးရှောင်သင့်တယ် စသဖြင့် ပြောတာတွေ ကြားဖူးကြမှာပါ... ဆိုတော့ ပူပူစ...
28/07/2025

🤰🏻 ကိုယ်ဝန်ဆောင်ချိန်မှာ အပူအစပ်တွေ မစားသင့်ဘူး၊ ငရုတ်သီးရှောင်သင့်တယ် စသဖြင့် ပြောတာတွေ ကြားဖူးကြမှာပါ... ဆိုတော့ ပူပူစပ်စပ် စားစရာတွေက ကိုယ်ဝန်ဆောင်မေမေတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေ ဖြစ်စေနိုင်လဲ 🤔

🌶️ အစပ်များလွန်းတဲ့ စားစရာတွေက အစာအိမ်က အစာခြေရည်ကို ပိုထွက်စေပြီး ရင်ပူတာ၊ ဗိုက်အောင့်တာ၊ လေထလေပွနဲ့ ပျို့အန်ချင်တာတွေ ပိုဖြစ်နိုင်တာကြောင့် ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ ဆီးပူ၊ ဝမ်းပူ အခြေအနေတွေ ခံစားနေရတယ်ဆို ဝမ်းဗိုက်ထဲက သန္ဓေသားလေးလည်း နေရခက်စေမှာ ဖြစ်တာကြောင့် ကိုယ်ဝန်ဆောင်ချိန် အပူအစပ်တွေကို ရှောင်ခိုင်းကြတာပါ ❗

ပုံမှန်အချိန်မှာတောင် အစပ်များတဲ့ အစားအစာတွေက ပမာဏလွန်ကဲစွာ စားမိရင် ကျန်းမာရေးကို ထိခိုက်စေလို့ ကိုယ်ဝန်ဆောင်မေမေတွေကတော့ အပူအစပ်ဆို တတ်နိုင်သလောက် ရှောင်ပေးဖို့နဲ့ မဖြစ်မနေ စားချင်တယ်ဆိုပါကလည်း နည်းနည်းချင်း ဖြည်းဖြည်းချင်း စားဖို့ အကြံပေးလိုက်ပါတယ်နော် 🧐

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 ကိုယ်ဝန်ဆောင်ကာလ လရင့်လာတာနဲ့အမျှ ခြေလက်တွေ ဖောရောင်လာတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ သားအိမ်ဟာ သွေးလွှတ...
23/07/2025

🤰🏻 ကိုယ်ဝန်ဆောင်ကာလ လရင့်လာတာနဲ့အမျှ ခြေလက်တွေ ဖောရောင်လာတာမျိုးတွေ ဖြစ်တတ်ကြပါတယ်။ အကြောင်းရင်းကတော့ သားအိမ်ဟာ သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေအပေါ်ကို ဖိမိသလိုဖြစ်ပြီး နှလုံးကို သွေးပြန်စီးဆင်းမှု နည်းသွားတဲ့အတွက် ခြေထောက်တဝိုက်မှာ သွေးစုသလို ဖြစ်ပြီး ဖောရောင်လာတတ်တာပါတဲ့...

⚡️ သန္ဓေသား ထွားလွန်းတဲ့ ကိုယ်ဝန်ဆောင်မေမေတွေနဲ့ အထိုင်များတဲ့ ကိုယ်ဝန်ဆောင်မေမေတွေမှာ ပိုအဖြစ်များပြီး ကိုယ်ဝန်ကြောင့် ခြေထောက်တွေ ဖောရောင်ခြင်းဟာ ပုံမှန်သဘာဝပဲ ဖြစ်လို့ အများကြီး စိုးရိမ်စရာမလိုပါဘူးနော်...

ကိုယ်ဝန်ဆောင်စဉ် ခြေထောက်တွေ ဖောရောင်တာ သက်သာလျော့ပါးစေဖို့ -

▪️အချိန်အကြာကြီး မတ်တပ်ရပ်ခြင်းကို ရှောင်ပါ။
▪️ သက်တောင့်သက်သာ ဖြစ်မဲ့ ဖိနပ်ကို စီးပါ။
▪️ ရေများများ သောက်ပါ။
▪️ အငန်နဲ့ ကဖင်းဓာတ်ပါတဲ့ အစားအသောက်တွေကို လျှော့စားပါ။
▪️ ထိုင်တဲ့အခါ ခြေထောက်အောက်မှာ ခုံအသေးလေး ထားပြီး ထိုင်ပါ။
▪️ နေ့စဉ် ၁၅ မိနစ်ခန့် လမ်းလျှောက်ပေးပါ။

👉 ရိုးရိုးခြေထောက်ဖောရောင်တာက ကလေးမွေးပြီးတာနဲ့ လျော့ပါးသက်သာသွားမှာမို့ စိတ်ပူစရာမလိုပေမဲ့ သွေးတိုး၊ ကျောက်ကပ်ရောဂါတွေကြောင့် ခြေထောက်ဖောရောင်တာတွေလည်း ဖြစ်တတ်လို့ သိသိသာသာ ရောင်ရမ်းလာပြီး နာကျင်မှုတွေပါ ခံစားလာရပြီဆိုရင်တော့ ပြသနေကျ သားဖွားဆရာဝန်နဲ့ အမြန်ဆုံး ပြသစစ်ဆေးဖို့ လိုပါတယ်နော် ❗

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 ကိုယ့်အသိ၊ ဆွေမျိုးတွေထဲ ကိုယ်ဝန် စလွယ်ထားရတဲ့ မေမေလောင်းတို့ဆီ သတင်းမေးသွားတော့မယ်ဆို Mumguard အားဆေးက အကောင်းဆုံး လ...
10/07/2025

🤰🏻 ကိုယ့်အသိ၊ ဆွေမျိုးတွေထဲ ကိုယ်ဝန် စလွယ်ထားရတဲ့ မေမေလောင်းတို့ဆီ သတင်းမေးသွားတော့မယ်ဆို Mumguard အားဆေးက အကောင်းဆုံး လက်ဆောင်ပါပဲ...

Mumguard ကိုယ်ဝန်ဆောင်အားဆေးမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်

⚡️ ရင်သွေးလေးကို ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် DHA (Omega-3 Fatty Acid)

⚡️ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး မွေးရာပါရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးမယ့် Folic Acid

⚡️ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို သက်သာစေတဲ့အပြင် အာရုံကြောစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ Vitamin B Complex အုပ်စု

တို့ စုံလင်မျှတစွာ ပါဝင်တဲ့အတွက် ကိုယ်ဝန်ဆောင်ဆေးစွမ်းကောင်းတစ်လက် Mumguard က မေမေတိုင်းရဲ့ အကောင်းဆုံး အဖော်ကောင်းပဲပေါ့ 💞

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 ကိုယ်ဝန်ဆောင်ကာစ ပထမ သုံးပတ်အတွင်းမှာ ကိုယ်ဝန်ဆောင်မိခင် ၂၅% လောက်က သွေးဆင်းလေ့ ရှိကြပါတယ်တဲ့...⚡️ အကြောင်းကတော့ မျို...
30/06/2025

🤰🏻 ကိုယ်ဝန်ဆောင်ကာစ ပထမ သုံးပတ်အတွင်းမှာ ကိုယ်ဝန်ဆောင်မိခင် ၂၅% လောက်က သွေးဆင်းလေ့ ရှိကြပါတယ်တဲ့...

⚡️ အကြောင်းကတော့ မျိုးအောင်ထားတဲ့ သန္ဓေသားလေးဟာ သားအိမ်နံရံမှာ တွယ်ကပ်ဖို့ ကြိုးစားရပြီး အချင်းကလည်း တည်ဆောက်နေချိန် မိခင်က အသွားအလာ အလှုပ်အရှား များတဲ့အခါမျိုးနဲ့ အချင်းတည်ဆောက်မှု ဖြစ်စေတဲ့ဟော်မုန်းတွေ အားနည်းနေတဲ့ အခါမျိုးမှာ သားအိမ်နဲ့ အချင်းတို့ ကုပ်တွယ်မှု အားနည်းသွားပြီး အချင်းဟတာမျိုး ဖြစ်လာပါတယ်။ ဒီလိုအချိန်မှာ သွေးထွက်ပြီး သွေးခဲလေး ဖြစ်လာရာကနေ ညိုညစ်ညစ် သွေးတွေ ဆင်းလာနိုင်ပါတယ်။

ဒီလို ကိုယ်ဝန်အစောပိုင်းမှာ သွေးအနည်းငယ်လောက် ဆင်းတာမျိုး၊ သွေးဆင်းချိန်မှာလည်း ရာသီလာသလို နာကျင်ကိုက်ခဲတာတွေ မခံစားရဘူးဆိုပါက သာမန်အားဖြင့် အန္တရာယ် မရှိနိုင်တာကြောင့် အရမ်း အစိုးရိမ် မလွန်ကြဘဲ ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုအပ်တဲ့ ဆေးဝါးများ သောက်သုံးပြီး အပြုအမူ၊ အနေအထိုင် ဂရုစိုက်ဆင်ခြင်ဖို့ပါပဲ 🧐

သို့ပေမဲ့ ကိုယ်ဝန်လရင့်လေ သွေးဆင်းတာက စိုးရိမ်ရလေ ဖြစ်ပြီး သွေးအများကြီး ဆင်းနေတယ်ဆိုရင်တော့ အန္တရာယ်ရှိတဲ့ အခြေအနေများစွာ ဖြစ်နိုင်တာကြောင့် လုံးဝတွေဝေမနေဘဲ ပြသနေကျ သားဖွားမီးယပ်ဆရာဝန် (သို့) နီးစပ်ရာ ဆေးရုံကို အမြန်ဆုံး သွားရောက်ပြသဖို့ တိုက်တွန်းလိုက်ပါတယ်နော်❗

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

25/06/2025

Ding D**g! ⏰

Mumguard မေမေတို့ရေ... မေမေရော ဘေဘီလေးပါ ကျန်းမာစေဖို့ သက်တော်စောင့်လေးလို စောင့်ရှောက်ပေးမဲ့ Mumguard သောက်ဖို့ အဆင်သင့်ပဲလား ❓

Mumguard ကိုယ်ဝန်ဆောင်အားဆေးက

✨ ပေါင်ချိန်ပြည့်ဝ ကျန်းမာသန်စွမ်းသော ရင်သွေးလေးကို မွေးဖွားစေခြင်း
✨ ရင်သွေးလေးကို ညဏ်ရည်ထက်မြက်ပြီး အမြင်အာရုံနဲ့ အာရုံကြောစနစ်များ အားကောင်းစေခြင်း
✨ မိခင်နဲ့ ရင်သွေးလေးရဲ့ သွေးလည်ပတ်မှုကို မှန်ကန် ကျန်းမာစေခြင်း
✨ ကိုယ်ဝန်ဆောင် သွေးတိုး၊ ဆီးချိုဖြစ်နှုန်းမှ လျှော့ချပေးခြင်း
✨ ကျန်းမာလန်းဆန်းတဲ့ ကိုယ်ဝန်ဆောင်မိခင်ဘဝကို ရရှိစေခြင်း
✨ ကိုယ်ဝန်ဆောင်ချိန် စိတ်ဖိစီးမှုများမှ လျော့ကျစေခြင်း

စတဲ့ အကျိုးကျေးဇူးတွေ ရရှိစေလို့ ကိုယ်ဝန်ဆောင်ကာလ တစ်လျှောက်လုံး တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့ မမေ့နဲ့နော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤱🏻 Baby Blues ဆိုတာက မီးဖွားပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဟော်မုန်းပြောင်းလဲတာ၊ ပင်ပန်းနေတာ၊ ကလေးကို ပင်ပင်ပန်း...
11/06/2025

🤱🏻 Baby Blues ဆိုတာက မီးဖွားပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ဟော်မုန်းပြောင်းလဲတာ၊ ပင်ပန်းနေတာ၊ ကလေးကို ပင်ပင်ပန်းပန်း ပြုစုစောင့်ရှောက်ရတာတွေကြောင့် ဖြစ်တတ်တဲ့ စိတ်ပြောင်းလဲမှုဖြစ်ပြီး Baby Blues ဝေဒနာတွေကို မေမေ ၇၀% ကနေ ၈၀% ထိ ခံစားရတတ်ပါတယ်တဲ့...

Baby Blues ရဲ့ အဖြစ်များတဲ့ လက္ခဏာတွေက

⚡️ အကြောင်းမဲ့ ငိုချင်စိတ် ပေါ်ခြင်း
⚡️ စိတ်တိုလွယ်ခြင်း
⚡️ အိပ်မပျော်ခြင်း
⚡️ စိုးရိမ်ပူပန်စိတ် များခြင်း
⚡️ အထီးကျန်သလို ခံစားနေရခြင်း စတဲ့ စိတ်အခြေအနေတွေ ဖြစ်တတ်ပါတယ်။

Baby Blues ဖြစ်ခြင်းဟာ ကြာရှည်နေမယ်ဆိုရင် နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါ ဖြစ်နိုင်‌ချေများလို့ မေမေတို့လည်း ဒီလိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ​ ကိုယ့်ကိုယ်ကို အချိန်သေချာပေးပြီး နားလည်ပေးနိုင်မယ့်သူဆီမှာ ကိုယ့်ခံစားချက်တွေကို ရင်ဖွင့်ပြောပြရင်း ကျွမ်းကျင်ပညာရှင်တွေနဲ့ တိုင်ပင်ပြီး အကြံဉာဏ်တောင်းတာ၊ ကုသမှု ခံယူတာတွေ လုပ်ပေးနိုင်ပါတယ်နော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

🤰🏻 Mumguard ကိုယ်ဝန်ဆောင်အားဆေးမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်⚡️ ရ...
20/05/2025

🤰🏻 Mumguard ကိုယ်ဝန်ဆောင်အားဆေးမှာ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင်

⚡️ ရင်သွေးလေးကို ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် DHA (Omega-3 Fatty Acid)

⚡ သွေးအားနည်းခြင်းကို ကာကွယ်ပေးပြီး မွေးရာပါရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးမယ့် Folic Acid

⚡ ကိုယ်ဝန်ဆောင်ချိန် ဖြစ်လေ့ရှိတဲ့ လက္ခဏာတွေကို သက်သာစေတဲ့အပြင် အာရုံကြောစနစ် ကောင်းမွန်အောင် ထောက်ပံ့ပေးနိုင်တဲ့ Vitamin B Complex အုပ်စု

တို့ စုံလင်မျှတစွာ ပါဝင်တဲ့အတွက် ကျန်းမာဖွံ့ဖြိုးပြီး ညဏ်ရည်ထက်မြက်တဲ့ ရင်သွေးလေး မွေးဖွားလာဖို့တော့ Mumguard က အပြည့်အဝ ပံ့ပိုးပေးဖို့ အသင့်ပါပဲနော် 💞

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန် Skin Care သုံးလို့ရလား... ကလေးကို ထိ...
16/05/2025

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ မေးခွန်းတစ်ခုကတော့ ကိုယ်ဝန်ဆောင်ချိန် Skin Care သုံးလို့ရလား... ကလေးကို ထိခိုက်နိုင်လား ဆိုတာပါပဲ 🤔

🤰🏻 ကိုယ်ဝန်ဆောင်နေချိန်မှာလည်း အသားအရေ လှပကျန်းမာဖို့ Skin Care Steps တွေက အရေးကြီးတာကြောင့် ကိုယ်ဝန်ကြောင့်တော့ Skin Care တွေကို ရှောင်စရာမလိုဘဲ ပုံမှန်အတိုင်း ဆက်လုပ်သွားလို့ ရပါတယ်နော် 🥰

သို့ပေမဲ့ ဘေဘီလေး ကောင်းကောင်းမဖွံ့ဖြိုးတာ၊ ဉာဏ်ရည်မမီတာ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းတာတွေ ဖြစ်တတ်စေတဲ့ Retinol, Tazroac, Accutane, Hydroquinone, Aluminum Choloride, Ormaldehyde, Oxybenzone, Avobenzone, Tetracycline, Doxycycline, Minocycline တို့လို Ingredients တွေ မပါဖို့တော့ သတိပြုဖို့ လိုအပ်ပါတယ်။ ❗

ကိုယ်ဝန်ဆောင်မေမေတို့အနေနဲ့ အလှအပကိုလည်း ဂရုစိုက်ရင်း ဗိုက်ထဲက ဘေဘီလေးရဲ့ ကျန်းမာရေးကို မထိခိုက်စေဖို့ ရှောင်ရမယ့် ပါဝင်ပစ္စည်းလေးတွေ မျှဝေပေးလိုက်ပါတယ်နော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ အားကိုးရာ အမေတွေဟာ သားသမီးတိုင်းအတွက်တော့ Superwomen ပါပဲ 🥰အနီးမ...
11/05/2025

ဘယ်အသက်အရွယ်ပဲ ရောက်နေပါစေ နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ အားကိုးရာ အမေတွေဟာ သားသမီးတိုင်းအတွက်တော့ Superwomen ပါပဲ 🥰

အနီးမှာပဲ ဖြစ်စေ၊ အဝေးမှာ ရောက်နေသည်ဖြစ်စေ အကြောင်းကြောင်းကြောင့် အချိန်မပေးနိုင်ရင်တောင်မှ အပြုံးမပျက် မငြိုငြင်ခဲ့ဖူးတဲ့ အမေတွေဟာ ကိုယ်ဝန်လွယ်ထားကတည်းက သင်္ချိုင်းကုန်းကို မျက်စောင်းထိုး၊ မွေးဖွားချိန်မှာ သေမင်းနဲ့ ရင်ကော့ စစ်ခင်းလို့ “အူဝဲ” ဆိုတဲ့ အသံကြားတော့ ပြုံးနေခဲ့ပါတယ်တဲ့

🤰🏻 ကိုယ်ဝန်ဆောင်မေမေလောင်းတို့ အနေနဲ့လည်း ကိုယ်တိုင် နားလည်လာခဲ့တဲ့ မိခင်မေတ္တာတွေနဲ့အတူ ဒီနေ့လို အပြည်ပြည်ဆိုင်ရာ အမေများနေ့မှာ အချိန်လေးတစ်ခုပေးရင်း ကျေးဇူးတင်မှု၊ နားလည်မှုနဲ့အတူ နွေးထွေးတဲ့ အမှတ်တရတို့ ဖန်တီးပေးနိုင်ပါစေကြောင်း Mumguard မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်😇

ပျော်ရွှင်စရာ အမှတ်တရတွေ ပြည့်နေမယ့် အမေများနေ့လေး ဖြစ်ပါစေ 💞

#ကိုယ်ဝန်ဆောင်အားဆေး

🤰 Mumguard ကိုယ်ဝန်ဆောင်အားဆေးက Halal ဖြစ်ရဲ့လား သိချင်နေကြတဲ့ မေမေတို့အတွက် Mumguard ဟာ Halal Certified Product ဖြစ်တာက...
08/05/2025

🤰 Mumguard ကိုယ်ဝန်ဆောင်အားဆေးက Halal ဖြစ်ရဲ့လား သိချင်နေကြတဲ့ မေမေတို့အတွက် Mumguard ဟာ Halal Certified Product ဖြစ်တာကြောင့် လူမျိုးဘာသာမရွေး မေမေတို့အားလုံး စိတ်ချလက်ချ သောက်သုံးနိုင်ပါတယ်။

🤰 ကိုယ်ဝန်ဆောင်မေမေတို့ စိတ်ရော ကိုယ်ပါ ကျန်းမာပြီး ပေါ့ပါးလန်းဆန်းစေဖို့နဲ့ ဘေဘီလေး မွေးဖွားရလွယ်ကူစေဖို့ ဆရာဝန်တွေ ကိုယ်တိုင်ညွှန်း‌နေကျ အကောင်းဆုံး Mumguard ကိုယ်ဝန်ဆောင်အားဆေးလေး ဆောင်ထားလိုက်တော့နော်

မေမေတို့နဲ့ ဘေဘီများအတွက် စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

💦 နွေပူ လေပူ ရာသီဥတုမှာ ကိုယ်ဝန်ဆောင်မေမေတို့လည်း အပူဒဏ်ကြောင့် ရေဓာတ်ကုန်ဆုံးပြီး အပူရှပ်ဖျားနာခြင်းတွေ ဖြစ်နိုင်လို့ အ...
28/04/2025

💦 နွေပူ လေပူ ရာသီဥတုမှာ ကိုယ်ဝန်ဆောင်မေမေတို့လည်း အပူဒဏ်ကြောင့် ရေဓာတ်ကုန်ဆုံးပြီး အပူရှပ်ဖျားနာခြင်းတွေ ဖြစ်နိုင်လို့ အထူးဂရုစိုက်ဖို့ လိုပါတယ်။ ❗

ဒီတော့ နွေခေါင်ခေါင် အပူရှပ်ခြင်းမှ ကာကွယ်နိုင်ဖို့

◾ ပေါ့ပါးချောင်ချိတဲ့ အဝတ်အစားများကိုသာ ရွေးချယ်ဝတ်ဆင်ပါ။

◾ နေပူထဲ အပြင်ထွက်တဲ့အခါ ဦးထုပ်၊ ထီး စသည့် အကာအကွယ်များ မဖြစ်မနေ ယူသွားပါ။

◾ နေအပူချိန်ပြင်းသော အချိန်များတွင် ​လေ့ကျင့်ခန်း ပြင်းထန်စွာ လုပ်ခြင်းကို သတိပြုပါ။

◾ ဝမ်းပျက်ဝမ်းလျှော ဖြစ်စေမယ့် အစားအသောက်များ ရှောင်ကြဉ်ပါ။

◾ အမြဲရေဓာတ်ပြည့်ဝနေအောင် ရေ၊ ဓာတ်ဆားနှင့် ရေဓာတ်ဖြည့် အစားအစာများ မကြာခဏ စားပေးပါ။

အပူဒဏ်နဲ့ ရင်ဆိုင်နေရတဲ့ ကာလမျိုးမှာ မေမေဗိုက်တို့လည်း Heat Stroke မဖြစ်အောင် ကာကွယ်နိုင်ဖို့ မျှဝေပေးလိုက်ပါတယ်နော် 💕

မေမေတို့နဲ့ဘေဘီများအတွက်စိတ်ချယုံကြည်ရတဲ့ Mumguard 💜

#ကိုယ်ဝန်ဆောင်အားဆေး

Address

34, Sabal Street, Corner Of Kantkaw Street, Bolane Aungmingalar Quarter, Tamwe Township
Yangon
11211

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+951299555

Alerts

Be the first to know and let us send you an email when Mumguard posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Mumguard:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

မိခင်ဘဝအတွက် အကောင်းဆုံး အဖော်မွန် ''Mumguard''

Mumguard က ကိုယ်ဝန်မဆောင်ခင် ကိုယ်ဝန်ဆောင်ဖို့ Family Planning စကတည်းက သောက်သုံးပေးမယ်ဆိုရင် သန္ဓေသားလေးနေရာယူမယ့် သားအိမ်ကို အားကောင်းစေပြီး သန္ဓေအောင်ဖို့ အားပေးပါတယ်။ ရင်သွေးရတနာလေးရပြီဆိုရင်လည်း ကိုယ်ဝန်ဆောင်စဉ်ကာလပတ်လုံး သန္ဓေသားလေး ကျန်းမာဖွံ့ဖြိုးမှုအတွက်လိုအပ်တဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ Folic acid နဲ့ ဗီတာမင်၊သတ္တုဓာတ်အစုံကို လုံလုံလောက်လောက်ရရှိအောင် ထောက်ပံ့ပေးနိုင်တဲ့ အားဆေးကောင်းပါ။ ကိုးလလွယ်ဆယ်လဖွားလို့ နို့ချိုတိုက်ကျွေးတဲ့အခါမှာလည်း ရင်သွေးလေး ဖွံ့ဖြိုးထက်မြက်ဖို့ လိုအပ်တဲ့ DHA တွေပါဝင်လို့ သောက်သုံးသင့်ပါတယ်။ ဒါကြောင့် Mumguard က Promise to Guard Before, During & After pregnancy ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ မိခင်နဲ့ ရင်သွေးလေးတွေ အတွက် စွမ်းဆောင်ပေးနေတာပါ။

Mumguard မှာ ပါဝင်တဲ့ အာဟာရဓာတ်တွေ

Mumguard မှာ အဓိကအားဖြင့် ကိုယ်ဝန်ဆောင်စဉ်ဖြစ်တတ်တဲ့ လမစေ့ကလေးမွေးတာ၊ ကိုယ်ဝန်ပျက်ကျတာ၊ ပေါင်မပြည့်ကလေးမွေးတာတွေကို ကာကွယ်ပေးမယ့် Folic Acid

ကလေးရဲ့ ဦးနှောက်၊မျက်စိနဲ့ နှလုံးဖွံ့ဖြိုးကျန်းမာမှုအတွက် ထောက်ပံ့ပေးမယ့် Omega 3 DHA အပြင် Pyridoxine နဲ့ ဗီတာမင်ဘီအုပ်စုအပြည့်အစုံ ပါဝင်ပါတယ်။ ဒါကြောင့် မိခင်လောင်းတို့အတွက် ကိုယ်ဝန်မဆောင်ခင်ကနေ ကိုယ်ဝန်ဆောင်စဉ်အတွင်းရော မီးဖွားပြီးလို့ နို့ချို တိုက်ကျွေးနေတဲ့အချိန်ထိပါ မိခင်ရော ကလေးအတွက်ပါ ယုံကြည်အားထားရတဲ့ ကိုယ်ရံတော်တစ်ပါးလို စောင့်ရှောက်ပေးမယ့် Mumguard ကို အနားမှာ ခေါ်ထားဖို့နဲ့ တစ်နေ့တစ်လုံး မှန်မှန်မှီဝဲသောက်သုံးပါလို့ လက်တို့လိုက်ပါရစေနော်။