Clinic YanNyein

Clinic YanNyein ​အ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း

Season 2024/2025 အတွက်ရာသီတုပ်​ကွေးကာကွယ်​ဆေး စာရင်း​ပေးသွင်း ထိုးနှံ နိုင်ပါပြီခင်ဗျာစာရင်း​ပေးသွင်းရန် နှင့် စုံစမ်း​မ...
04/11/2024

Season 2024/2025 အတွက်ရာသီတုပ်​ကွေးကာကွယ်​ဆေး စာရင်း​ပေးသွင်း ထိုးနှံ နိုင်ပါပြီခင်ဗျာ

စာရင်း​ပေးသွင်းရန် နှင့် စုံစမ်း​မေးမြန်းရန်

📲 09940508300, 095417663
ဆေးခန်း ဖွင့်ချိန်
⏰ 2:00 pm - 7:00 pm ( Tues - Sun )

💉က​လေး များအတွက် ကာကွယ်​ဆေး အမျိုးမျိုး ကြိုတင် စာရင်း​ပေးကာ ထိုးနှံနိုင်ပါပြီ================================== ရရှိနို...
29/08/2024

💉က​လေး များအတွက် ကာကွယ်​ဆေး အမျိုးမျိုး ကြိုတင် စာရင်း​ပေးကာ ထိုးနှံနိုင်ပါပြီ

==================================

ရရှိနိုင်သည့် ကာကွယ်​ဆေးများ

💉၄ မျိုးစပ် ရာသီတုပ်​ကွေး ကာကွယ်​ဆေး (Flu vaccine)
💉အသည်း​ရောင်အသားဝါ B ပိုး ကာကွယ်​ဆေး
Hepatitis B vaccine
💉အသည်း​ရောင်အသားဝါ Aပိုး ကာကွယ်​ဆေး
Hepatitis A vaccine
💉အသည်း​ရောင်အသားဝါ Aပိုး+Bပိုး ကာကွယ်​ဆေး Hepatitis A+B vaccine
💉တိုက်ဖွိုက် အူ​ရောင်ငန်းဖျား​ရောဂါ ကာကွယ်​ဆေး Typhoid vaccine
💉ဂျပန်ဦး​နှောက်အ​​မြှေးရောင် ကာကွယ်​ဆေး JE vaccine
💉​မေးခိုင်​ရောဂါ ကာကွယ်​ဆေး (ATT)
💉ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ ကာကွယ်​ဆေး (Rota vaccine)
💉Yellow Fever ကာကွယ်​ဆေး
💉အ​ရေး​ပေါ်​ခွေးရူးပြန်ကာကွယ်​ဆေး (Vinrab)
💉​ခွေးရူးပြန် ​ရောဂါ ကာကွယ်​ဆေး Rabies vaccine
💉ပချိတ်​ရောင်၊ ဝက်သက်၊ ဂျိုက်သိုး​ရောဂါ ကာကွယ်​ဆေး (MMR vaccine)
💉ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး (Meningococcal vaccine)
💉ခြောက်မျိုးစပ် ကာကွယ်​ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဘီပိုး၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်) (6 in 1 vaccine)
💉ပြင်းထန်အဆုတ်​ရောင် ကာကွယ်​ဆေး (PCV 10, PCV 15, PPSV 23)
💉ရေကျောက်ရောဂါ ကာကွယ်ဆေး Chickenpox vaccine
💉ရေယုံကြီး ကာကွယ်​ဆေး Shingles vaccine (Recombinant zoster vaccine)
💉ဆုံဆို့၊ ကြက်ညှာ၊ ​မေးခိုင် ​ရောဂါ ကာကွယ်​​ဆေး Tetanus + Diphtheria + Pertussis (Tdap) vaccine
💉ပိုလီယို ကာကွယ်​ဆေး (ထိုး​ဆေး IPV) (Polio vaccine)
💉လက်၊ခြေ၊ပါးစပ်ရောဂါ ကာကွယ်​ဆေး Hand Foot mouth disease vaccine (Entrovac 71)
💉သားအိမ်​ခေါင်း ကင်ဆာ ကာကွယ်​ဆေး (၄မျိုးစပ် | ၉မျိုးစပ်) (HPV vaccine - Gardasil 4, 9)

🔵 Vaccine များအတွက် တာဝန်ယူမှု | တာဝန်ခံမှု ရှိ​သော Cold Chain စနစ်
🔵 FDA အသိအမှတ်ပြုကာကွယ်ဆေးများကိုသာ ထိုးနှံပေးခြင်း
🔵 ကျွမ်းကျင် ဆရာဝန်အဖွဲ့ ကိုယ်တိုင် အိမ်တိုင်ရာ​ရောက် ​ဆေးထိုးနှံ​ခြင်း ဝန်​ဆောင် မှု ရရှိနိုင်ခြင်း

📲 09940508300, 095417663
ဆေးခန်း ဖွင့်ချိန်
⏰ 2:00 pm - 7:00 pm ( Tues - Sun )

ကြီးမှရေကျောက်ပေါက်ရင် အန္တရာယ်ရှိလား??ရေကျောက်ရောဂါဆိုတာ ကျွန်တော်တို့ တော်တော်များများနဲ့ မစိမ်းတဲ့ရောဂါတစ်ခုပါ..။ဟိုလ...
20/04/2024

ကြီးမှရေကျောက်ပေါက်ရင် အန္တရာယ်ရှိလား??

ရေကျောက်ရောဂါဆိုတာ ကျွန်တော်တို့ တော်တော်များများနဲ့ မစိမ်းတဲ့ရောဂါတစ်ခုပါ..။ဟိုလူတော့ ရေကျောက်ပေါက်ပြီ ဒီလူတော့ရေကျောက်ပေါက်ပြီ စသည်ဖြင့် ကြားဖူးကြပါတယ်.။ရေကျောက်တို့ ဝက်သက်တို့ဆိုတာ ကလေးငယ်တွေမှာ ပိုအဖြစ်များပေမယ့် အသက်ကြီးမှ ပေါက်ရင်လည်း တော်တော်ခံရခက်ပါတယ်.။ဒါကြောင့် ကလေးဘဝတည်းက ကာကွယ်ထားသင့်တဲ့ ရေကျောက်ရောဂါနဲ့ ကာကွယ်ဆေး အကြောင်းကို ဒီနေ့ ပြောပြပေးလိုက်ပါတယ်။

🦠 ရေကျောက်ဆိုတာဘာလဲ?

Chicken pox လို့ခေါ်ပါတယ်.။
(varicella zoster virus) လို့ခေါ်တဲ့ ရေယုန်virus တစ်မျိုးကြောင့် ဖြစ်ပွါးပါတယ်.။
အသက်အရွယ်မရွေးမှာ ဖြစ်ပွားနိုင်ပေမယ့် ၁၅ နှစ်အောက် ကလေးငယ်တွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။ များသောအားဖြင့်တော့ ၅-၁၀ အကြား ကျောင်းနေအရွယ် ကလေးတွေမှာ အများဆုံး တွေ့ရတတ်ပါတယ်။

🦠ဘယ်လို ကူးလဲ?

ရေကျောက်ရောဂါဟာ တစ်ဦးနဲ့တစ်ဦး လျှင်မြန်စွာ ကူးစက်နိုင်ပါတယ်။ ရောဂါပိုးရှိသူက နှာချေခြင်း၊ ချောင်းဆိုးခြင်းမှတစ်ဆင့် အသက်ရှုလမ်းကြောင်းမှတစ်ဆင့် ရောဂါကူးစက်နိုင်ပြီး ရောဂါဖြစ်နေသူရဲ့ ရေကျောက်ဘုကထွက်တဲ့ အရည်ကြည်မှသော် လည်းကောင်း၊ ပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းများကို ကိုင်တွယ်မိရာကလည်းကောင်း ရေကျောက်ပေါက်နေတဲ့ကိုယ်ဝန်သည်မှ သန္ဓေသားဆီသို့လည်းကောင်း ကူးစက်နိုင်ပါတယ်.။

🦠ပြင်းထန်မှုရှိလား (အသက်သေဆုံးနိုင်လား?)

ကျန်းမာတဲ့ကလေးတွေမှာ ဖြစ်ရင် များသောအားဖြင့် မပြင်းထန် မစိုးရိမ်ရ ပေမယ့်

-သက်ကြီးရွယ်အိုတွေ
-မွေးကင်းစကလေးတွေ
-ဆယ်ကျော်သက်အရွယ်
-ကိုယ်ဝန်ဆောင်မိခင်တွေ
-ကိုယ်ခံအားလျော့နည်း နေသူတွေ နဲ့ နာတာရှည် ရောဂါအခံရှိသူတွေ
-အရည်ကြည်ဖုမှတစ်ဆင့် ပိုးဝင် secondary bacterial infection ဝင်သူတွေမှာ အသက်အန္တရယ်ရှိနိုင်တာမို့ မပေါ့ဆသင့်ပါဘူး..။

🦠ရေကျောက်ရဲ့ထူးခြားချက်(သို့) ကံကောင်းတဲ့ အရာတစ်ခု

ရေကျောက်တခါပေါက်ပြီးရင် life long immunity လို့ခေါ်တဲ့ ဒီဗိုင်းရပ်စ်ကို ခံနိုင်ရည်ရသွားတာမို့ နောက်တခါထပ်မဖြစ်နိုင်တော့ပါဘူး..။ရေကျောက်လည်းတခါမှ မပေါက်ဖူး၊ကာကွယ်ဆေးလည်းတခါမှ မထိုးထားဖူးသူတွေကတော့ ရေကျောက်ဖြစ်ဖို့ အခွင့်အလမ်းအများဆုံးသူတွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ရေကျောက်အနည်းငယ်သာ ပေါက်ပြီး ပျောက်သွားတဲ့လူတွေမှာ ခုခံအား အပြည့်အဝမရဘဲ ရေကျောက်ရောဂါ ထပ်မံကူးစက်ကာ နောက်တစ်ကြိမ် ပြန်ဖြစ်နိုင်ပါတယ်။

💉 ရေကျောက်ကာကွယ်ဆေး

ရေကျောက်ကာကွယ်ဆေးကို Varicella vaccine အဖြစ် လူသိများပြီး ရေကျောက်မပေါက်ဖူးတဲ့ ကလေး၊လူကြီး မှန်သမျှ ရေကျောက်ကာကွယ်ဆေး ကို ၂ ကြိမ်ထိုးဖို့ လိုအပ်ပါတယ်.။ 2 dose ပြီးသွားတဲ့အခါ ကလေးတွေမှာ ရေကျောက်ရောဂါ မဖြစ်စေဖို့ (၉၅%) ကာကွယ် ပေးပြီး လူကြီးတွေမှာဆိုရင် (၇၅% )ထိ immunity ရနိုင်ပါ တယ်။

သားသားမီးမီးလေးတွေကို ကလေး အသက်(၁) နှစ်ကနေ (၁) နှစ်ခွဲကြားထဲမှာ ပထမတစ်ကြိမ်ထိုးပေးရမှာပါ။
ကလေး အသက် ၁၂ နှစ်အောက်ဆိုရင် 2nd dose ကို အနည်းဆုံး ၃ လ ခြားရပြီး
အသက် ၁၂ နှစ် အထက်နဲ့ လူကြီး များကတော့ အနည်းဆုံး ၁လခြားပြီး နှစ်ကြိမ်ထိုးရပါမယ်.။

💉ထိုးနှံပြီး ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ရှိလဲ??

သာမာန် vaccine/booster များရဲ့ ပုံစံအတိုင်း မပြင်းထန်သော vaccine reaction တစ်ချို့ကို ခံစားရနိုင်ပါတယ်..။

-ဆေးထိုးသည့် နေရာတွင် နီမြန်းရောင်ရမ်းခြင်း၊နာကျင်ခြင်း
-အဖျားငွေ့ငွေ့တက်ခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း တို့ကို ခံစားရနိုင်ပါတယ်..။

ခုလောက်ဆိုရင်တော့ ကြီးမှပေါက်တဲ့အခါ ပြင်းထန်နိုင်တဲ့ ရေကျောက်ရောဂါ အကြောင်း သိရှိသွားလောက်ပါပြီနော်.။
ရေကျောက်ရောဂါ ကာကွယ်ဆေးအကြောင်းဖြစ်စေ.၊အခြားသော ကာကွယ်ဆေးများအကြောင်း
စုံစမ်း ထိုးနှံလိုရင်ဖြစ်စေ ကျွန်တော်တို့ Centrum Yangon ဆီကို ဆက်သွယ်နိုင်ပါကြောင်း သတင်းပါးလိုက်ရပါတယ်ခင်ဗျာ.။

စာရင်း​ပေးသွင်းရန် နှင့် စုံစမ်း​မေးမြန်းရန်

Viber 📲 095417663 , 09940508300
( ဖုန်း​ဖြေကြားချိန် 📞 10am - 7pm )

🕑ဆေးခန်းဖွင့်ချိန် (2pm-7pm)
(Closes every Monday)

💦သက်ြန်ပိတ်ရက် ​​ကြေညာခြင်း💦ကျ​နော်တို့ ရန်ငြိမ်း​ဆေးခန်း ကို ဧပြီ ၁၃ ရက် - ၁၇ရက် ​နေ့ထိ ပိတ်မှာဖြစ်ပြီး ၁၈ရက် ​နေ့တွင် ...
10/04/2024

💦သက်ြန်ပိတ်ရက် ​​ကြေညာခြင်း💦

ကျ​နော်တို့ ရန်ငြိမ်း​ဆေးခန်း ကို
ဧပြီ ၁၃ ရက် - ၁၇ရက် ​နေ့ထိ ပိတ်မှာဖြစ်ပြီး ၁၈ရက် ​နေ့တွင် ပုံမှန် 2pm - 7pm အတိုင်းပြန်လည်ဖွင့်လှစ်သွားပါမယ်ခင်ဗျာ

​ပျော်ရွှင်စရာ သက်ြန်အချိန်ခါ ​လေးဖြစ်ပါ​စေ​ကြောင်း ဆု​မွန်​ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ

သင့်မိသားစုအားလုံး အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေး ထိုးနှံပြီးပြီလား???မထိုးနှံရသေးရင်တော့ တစ်ကမ္ဘာလုံးမှာ သေဆုံးနှုန်...
05/04/2024

သင့်မိသားစုအားလုံး အသည်းရောင်အသားဝါ B ပိုး ကာကွယ်ဆေး ထိုးနှံပြီးပြီလား???

မထိုးနှံရသေးရင်တော့ တစ်ကမ္ဘာလုံးမှာ သေဆုံးနှုန်းအမြင့်ဆုံး ရောဂါတစ်ခုဖြစ်တဲ့ အသည်း​ရောင်အသားဝါ B ရောဂါကို အခုချက်ချင်း ဆေးထိုးနှံခြင်းဖြင့် ကာကွယ်မှုယူသင့်ပါကြောင်း အကြံပြုပါရစေ..။

🦠 🦠 အသည်းရောင် အသားဝါ B ပိုးဆိုတာဘာလဲ???

အသည်းရောင်အသားဝါ B ပိုးရောဂါဆိုတာက အသည်းကိုထိခိုက်စေတတ်သော ဗိုင်းရပ်စ် (ကူးစက်ခံရတဲ့ရောဂါတစ်မျိုးဖြစ်ပြီးအသက်အန္တရာယ်ကိုပါ ထိခိုက်စေတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်.။

အသည်းရောင် အသားဝါ B ပိုးကြောင့် နောက်ဆက်တွဲ ပြဿနာ‌တွေဖြစ်တဲ့ အသည်းပျက်စီးခြင်း .၊အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းကြောင့် ကမ္ဘာပေါ်မှာ နှစ်စဉ်ခန့်မှန်းခြေ လူဦးရေ ၈ သိန်းကနေ တစ်သန်းခန့် သေဆုံးတယ်လို့ လေ့လာတွေ့ရှိချက်အရ ‌သိရပါတယ်။😱

🦠🦠အသည်းရောင်အသားဝါ B ပိုး ဘယ်လိုနည်းနဲ့ကူးစက်တတ်သလဲ??

အသည်းရောင်အသားဝါ ဘီပိုး ‌ကူးစက်ခံထားရသောသွေး ၊ အခြားခန္ဓာကိုယ်အရည်များနှင့် အကြောင်းအမျိုးမျိုးနဲ့ ထိတွေ့ရာကနေ အများဆုံးကူးစက်နိုင်ပါတယ်..။

- လိင်မှတစ်ဆင့်ကူးစက်ခြင်း
- မီးဖွားစဉ် မိခင်မှတစ်ဆင့် ကလေးအားကူးစက်ခြင်း
- ဘီပိုးကူစက်ခံရသူ၏ မုတ်ဆိတ်ရိပ်ဓား..၊သွားတိုက်တံ..၊ဆေးထိုးအပ်အား မျှဝေသုံးစွဲမိခြင်း၊
- ဆေးထိုးအပ် ဖြင့်မတော်တဆ ထိုးထိရှမိခြင်း
- ဘီပိုး ကူးစက်ခံထားသောသွေးနှင့် သွေးပစ္စည်း (blood and blood products)များ အားသွင်းမိခြင်း စတဲ့ နည်းလမ်းများဖြင့်ကူးစက်နိုင်ပါတယ်.။

🦠🦠ဘယ်လိုလူများက ရောဂါပိုးကူးစက်နိုင်ခြေများလဲ
-ရောဂါပိုးရှိသောမိခင်မှ မွေးဖွားလာသောကလေးငယ်များ
-ရောဂါပိုးရှိသူနှင့် လိင်တူလိင်ကွဲဆက်ဆံသူများ
-ရောဂါပိုးရှိသူနှင့် တစ်အိမ်ထဲ နေထိုင်သူများ
-ကျန်းမာရေးဝန်ထမ်း၊ သွေးနှင့်ထိဆက်၍ လုပ်ကိုင်ရသော health care provider ဝန်ထမ်းများ၊
-ကျောက်ကပ်အမြဲ ဆေးနေရသူများ စသည်တို့သဟာ ကူးစက်ခံရနိုင်ခြေများတဲ့ high risk person တွေ ဖြစ်ကြပါတယ်..။

🦠🦠အသည်းရောင်အသားဝါဘီပိုးကူးစက်ခံရလျှင် ခံစားရမည့်လက္ခဏာများ

Acute နဲ့ chronic ဆိုပြီး နှစ်မျိုးဖြစ်နိုင်ပါတယ်.။ခဏတာ ဖျားနာခြင်း၊ အစားအသောက်ပျက်ခြင်း၊ နှုံးခြင်း၊ အသားဝါခြင်း၊ ပျို့ခြင်း၊ ဗိုက်အောင့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲခြင်း စသည်တို့ကနေ
နာတာရှည် chronic အဆင့်ရောက်ရှိကာ အသည်းခြောက်ခြင်း၊ အသည်းကင်ဆာဖြစ်ခြင်းတို့ကိုခံစားရနိုင်ပါတယ်..။

🦠🦠ဘယ်လို ကာကွယ်မလဲ??

ကာကွယ်ဆေးထိုးထားခြင်းဖြင့် အကောင်းဆုံးကာကွယ်နိုင်ပါတယ်..။လေ့လာချက်တွေအရ ကာကွယ်ဆေးထိုးထားခြင်းဟာ B ပိုးကူးစက်ခံရခြင်းကို ၉၈% လောက်ကာကွယ်နိုင်တယ်လို့ နောက်ဆုံးလေ့လာချက်တွေမှာ ဖော်ပြထားပါတယ်..။💉

💉💉ကာကွယ်ဆေးဘယ်ထိုးနှံနိုင်မလဲ..။

ပြောရမယ်ဆိုရင်တော့ အသည်းရောင် အသားဝါ B ပိုးကာကွယ်ဆေးဟာ ကာကွယ်ဆေးတွေထဲမှာ အတော်ကို စျေးသက်သာပြီး ထိရောက်မှုရှိတဲ့ ကာကွယ်ဆေးတစ်မျိုးလို့ပဲ ပြောပါရစေ..။
အရေးအကြီးဆုံးအချက်ကတော့ ကာကွယ်ဆေးမထိုးခင် Bပိုးရှိမရှိအရင်ဆုံးစစ်‌ဆေးသင့်ပါတယ်..။

ကာကွယ်ဆေးဟာ(၃)ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးအမျိုးအစား(0-1-6)ဖြစ်ပြီး ပထမအကြိမ်ထိုးပြီးတစ်လအကြာမှာ ဒုတိယအကြိမ်၊ ပထမအကြိမ်ထိုးပြီးနောက် (၆)လအကြာမှာ တတိယအကြိမ်ထိုးရမှာဖြစ်ပါတယ်။ထိုးပြီးတဲ့နောက်မှာ မိမိရဲ့သွေးထဲမှာ ဘီပိုးအတွက်ခုခံကာကွယ်ပေးနိုင်သော ပစ္စည်း ( Anti HBs ) ထွက်မထွက် စစ်ဆေးပေးရမှာဖြစ်ပါတယ်.။
Anti Hbs ခုခံအား 1000ကျော်တဲ့အခါ-ဆေးအောင်တယ်လို့ သတ်မှတ်ပါတယ်..။နောက်ထပ် (၃-၅) နှစ်အကြာမှာထပ်စစ်ဆေးပြီးလိုအပ်ရင် Booster ထိုးရပါမယ်။နောက်နှစ်တွေမှာလဲ Anti Hbs level ကို တတ်နိုင်ရင်တော့ ၁ နှစ်ခြားတစ်ခါလောက် စစ်ဆေးဖို့ အကြံပေးလိုပါတယ်..။

💉💉Anti Hbs 100 ကနေ 1000 ကြားက တော့ ၁နှစ်အကြာပြန်စစ်ဆေးပြီးလိုရင်ကာကွယ်ဆေးထပ်ထိုးရပါမယ်။
💉💉Anti Hbs 100 အောက်ဆိုရင်တော့ အခုချက်ချင်း ကိုboosterထပ်ဆောင်းကာကွယ်ဆေးထိုးဖို့ လိုနေပါပြီ..။

စစချင်း ၃ ခါထိုးပြီးလို့ Anti Hbs 10 အောက်ပဲရှိရင်တော့ ဆေးမအောင်တဲ့သူတွေလို့သတ်မှတ်ပြီး နောက်ထပ်၃ခါကာကွယ်ဆေးအပြည့်အဝ တစ်ခါပြန်ထိုးနှံရမှာပဲ ဖြစ်ပါတယ်..။

လူကြီးမင်းတို့အတွက် အသည်းရောင်အသားဝါ B ပိုးကာကွယ်ဆေးများကို စိတ်ချရသော အအေးခန်းသို​​လှောင်စနစ် နှင့် သယ်ယူပို့ဆောင်မှုများ.၊ဓာတ်မတည့်မှုများအတွက် AEFI corner/Anti shock measure များနဲ့ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင် ထိုးနှံပေးနေတာ ဖြစ်တဲ့အတွက် စိတ်ချယုံကြည်စွာ စာရင်းပေး ထိုးနှံ နိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ💉💉💉😍😍

================================

🔵 Vaccine များအတွက် တာဝန်ယူမှုရှိ​သော Cold Chain စနစ်

🔵 QR system ပါဝင်သည့် Vaccination Certificate ရရှိနိုင်ခြင်း

🔵 ZADA Wallet ဖြင့် သွား​လေရာ ဖုန်းဖြင့်သယ်​ဆောင်သွားနိုင်တဲ့ verified digital certificate ပြုလုပ်နိုင်ခြင်း

🔵 FDA အသိအမှတ်ပြုကာကွယ်ဆေးများကိုသာ ထိုးနှံပေးခြင်း

🔵 ကျွမ်းကျင်ဆရာဝန်အဖွဲ့ ကိုယ်တိုင် အိမ်တိုင်ရာ​ရောက် ထိုးနှံ​ပေးခြင်း

စာရင်း​ပေးသွင်းရန် နှင့် စုံစမ်း​မေးမြန်းရန်

Viber 📲 09940508300, 095417663
( ဖုန်း​ဖြေကြားချိန် 📞 10am - 7pm )

ဆေးခန်း ဖွင့်ချိန်
⏰ 2pm - 7pm ( Monday တိုင်း ပိတ်ပါသည် )

ရာသီတုပ်​​ကွေး 🗣🗣တုပ်ကွေးကွေးတယ် ဆိုတာ မိုးရာသီမှာ မဆန်းကြယ်တဲ့ အရာဆိုပေမယ့် အချို့သောသူတွေမှာ ရာသီတုပ်ကွေးရောဂါဟာ အသက်အ...
08/03/2024

ရာသီတုပ်​​ကွေး 🗣🗣

တုပ်ကွေးကွေးတယ် ဆိုတာ မိုးရာသီမှာ မဆန်းကြယ်တဲ့ အရာဆိုပေမယ့် အချို့သောသူတွေမှာ ရာသီတုပ်ကွေးရောဂါဟာ အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့အထိ ပြင်းထန်စေနိုင်ပါတယ်👨‍🦳👵

🦠💉ရာသီတုပ်ကွေးရောဂါပိုးဆိုတာ ဘာလဲ??

ရာသီတုပ်ကွေးရောဂါပိုးကို ဆေးပညာ အရတော့ INFLUENZA VIRUS လို့ခေါ်ပါတယ်.။ယေဘုယျအားဖြင့်တော့ A/B/C/D ဆိုပြီး အမျိုးအစားလေးမျိုးရှိပြီး လူသားတွေဆီမှာ အဖြစ်များတတ်တဲ့ အမျိုးအစားတွေကတော့ A နဲ့ B နဲ့ပဲ ဖြစ်ပါတယ်..။
Flu virus ရဲ့ ထူးခြားချက်ဟာ genetic resortment လို့ခေါ်တဲ့ သူရဲ့ပုံပန်းသွင်ပြင်ကို လွယ်ကူစွာ ပြောင်းလဲနိုင်တာပဲဖြစ်ပါတယ်..။ဒါကြောင့် ရာသီတုပ်ကွေးပိုးတွေဟာ တစ်နှစ်နဲ့တစ်နှစ် မျိုးရိုးဗီဇ အသွင်အပြင် ထပ်ကူ ကိုက်ညီမှု မရှိကြပါဘူး..။ဒါကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ် နှစ်တိုင်း yearly ထိုးနှံရတာ ဖြစ်ပါတယ်..။ဥပမာပြောရမယ်ဆိုရင် မနှစ်က ၂၀၂၃ မိုးရာသီအတွက် ထိုးနှံထားတဲ့ ကာကွယ်ဆေးဟာ ယခုနှစ် မိုးရာသီမှာ ဖြစ်ပွါးမယ့် တုပ်ကွေးပိုးတွေကို ကာကွယ်နိုင်စွမ်းမရှိပါဘူး..။🦠

ရာသီတုပ်ကွေးပိုးတွေကို ထပ်မံအမျိုးစားခွဲကြည့်တဲ့အခါ northern hemisphere နဲ့ Southern Hemisphere strain ဆိုပြီး ၂ မျိုးခွဲလေ့ရှိပါတယ်..။အခု ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ထိုးပေးတဲ့ Vaxigrip tetra လေးမျိုးစပ်ကာကွယ်ဆေးဟာ Southern Hemisphere မြန်မာနိုင်ငံရဲ့ မိုးကာလမှာ အဖြစ်များတဲ့ ရာသီတုပ်ကွေး ပိုးလေးမျိုးဖြစ်တဲ့ type A(H1N1,H3N2)နဲ့ type B(Austria/Phuket) တို့ကို ကာကွယ်နိုင်စွမ်းပေးမှာ ဖြစ်ပါတယ်💪💪

🦠💉Flu vaccine ကို ဘယ်လိုလူတွေ ထိုးနှံသင့်လဲ??

Risky person လို့ခေါ်တဲ့ ကူးစက်နိုင်ခြေနဲ့ အသက်အန္တရာယ်စိုးရိမ်ရမှု များပြားတဲ့ အုပ်စုတွေကတော့ လက်လှမ်းမီမယ်ဆိုရင် မဖြစ်မနေ ထိုးနှံသင့်ပါတယ်🙋
-အသက် ၅ နှစ်အောက်ကလေးများ🧒👶
-အသက် ၆၀ နှင့်အထက် လူကြီးမိဘများ👵👨‍🦳
-နာတာရှည် ရောဂါအခံ ကြီးကြီးမားမားရှိသောသူများ(ပန်းနာရင်ကြပ်,ဆီးချို,သွေးတိုး,ကျောက်ကပ်ရောဂါ,ကင်ဆာ)🙇🙇‍♂️
-လူနာများနှင့် နေ့စဉ် ကုသဆက်ဆံနေရပြီး ကူးစက်ခံရနိုင်ခြေ မြင့်မားသော ဆရာဝန်၊ဆရာမ စသည့် ကျန်းမာရေး ဝန်ထမ်း health care personnel များ🧑‍⚕️👩‍⚕️

🦠💉ကိုယ်ဝန်ဆောင် မိခင်တွေရော ထိုးနှံလို့ရလား🤰🤰

✅️ထိုးနှံနိုင်ပါတယ်..။ကိုယ်ဝန်ဆောင်ကာလ မည့်သည့်လ တွင်မဆို ထိုးနှံလို့ရပါတယ်..။ရာသီတုပ်ကွေးဟာ သာမာန်အချိန်မှာ ဆိုးရွားစွာ ပြင်းထန်လေ့မရှိပေမယ့် ကိုယ်ဝန်ဆောင်ကာလမှာ မိခင်ရော ကလေးပါ အသက်အန္တရယ် ရှိနိုင်တာကြောင့် မဖြစ်မနေ ထိုးနှံသင့်တဲ့ သူများထဲမှာ ပါဝင်ပါတယ်..။
ပိုကောင်းတဲ့ အချက်အနေနဲ့လည်း မိခင်ကို ကာကွယ်ဆေးထိုးထားခြင်းဟာ မွေးဖွားလာမယ့် ကလေးကိုလည်း ၆ လအထိ ကာကွယ်မှုပေးနိုင်ပါတယ်🤱🤱

🦠💉ဘယ်အသက်အရွယ်ကနေ စတင်ထိုးနှံလို့ရလဲ?

အသက်အရွယ် အပိုင်းအခြား အရဆိုရင်တော့ အသက် ၆ လအောက်ဆိုရင်တော့ ထိုးနှံလို့ မရပါဘူး..။
၆ လနှင့် အထက်မှာ စတင် ထိုးနှံနိုင်ပြီး ၆ လကနေ ၉ နှစ်အထိ ကလေးငယ်များကတော့ ယခင်က ၁ကြိမ်မှ မထိုးနှံဖူးရင် ၄ ပတ်ခြားပြီး ၂ ခါထိုးနှံရမှာ ပါ..။
၉နှစ်နဲ့ အထက် ကလေးကြီးများနဲ့ လူငယ် လူကြီး တွေ အနေကတော့ တုပ်တွေးကာကွယ်ဆေး ၁ လုံးထိုးရုံနဲ့ လုံလောက်မှု ရှိပါတယ်..။

🦠💉ဘယ်လို ဘေးထွက်ဆိုးကျိုးတွေရှိလဲ.?ဆေးထိုးပြီး ဘာတွေ ခံစားရနိုင်လဲ??

ဘေးထွက် ဆိုးကျိုး အနေနဲ့ကတော့ ကြီးကြီးမားမားမရှိလှပါဘူး..။
Common side effect အနေနဲ့ကတော့ injection site လို့ခေါ်တဲ့ ဆေးထိုးတဲ့နေရာမှာ နာတာ.၊နီတာ..၊ရောင်တာ ဖြစ်နိုင်တယ်.။ဆေးထိုးပြီးညမှာတော့ vaccine reaction အနေနဲ့ ကိုယ်လက်မအီမသာဖြစ်တာ.၊ညောင်းညာကိုက်ခဲတာ..၊အဖျားငွေ့ငွေ့ တက်တာ ဒါမျိုးတွေကိုတော့ အနည်းအကျဉ်း ခံစားရနိုင်ပါတယ်.။

🦠💉မထိုးသင့်တဲ့ သူရောရှိလား??

မထိုးနှံသင့်တဲ့သူများကတော့ ယခင်နှစ်တွေမှာ ကာကွယ်ဆေးထိုးနှံပြီး ဓာတ်မတည့်မှု ဆိုးရွားပြင်းထန်စွာ ဖြစ်ခဲ့တဲ့သူတွေ.၊ကာကွယ်ဆေးမှာ ပါတဲ့ vaccine ingredient ပါဝင်ပစ္စည်းတွေ (ဥပမာပြောမယ်ဆိုရင် egg albumin)ဒါမျိုးတွေနဲ့ ဓာတ်မတည့်မှု ရှိမယ်ဆိုရင်တော့ မထိုးသင့်ပါဘူး..။

လတ်တလော အာဂန္တုအနေနဲ့ ဖျားနာတာ.၊နှာစီးချောင်းဆိုး တာဖြစ်နေတဲ့ သူတွေ အနေကတော့ ခံစားရတာတွေ အရှင်း သက်သာပြီး ၁၀ ရက်ခန့် ကြာတဲ့ အချိန်မှသာ ထိုးနှံသင့်ပါတယ်✅✅

ဒီလောက်ဆိုရင်တော့ ရာသီတုပ်ကွေးပိုးရယ်..၊ရာသီတုပ်ကွေး ကာကွယ်ဆေး အကြောင်းရယ်ကို ဗဟုသုတ ရရှိမယ်လို့ ထင်ပါတယ်ခင်ဗျာ..။

စိတ်ချရသော အအေးခန်းစနစ် သယ်ယူပို့ဆောင်မှုများ.၊ဓာတ်မတည့်မှုများအတွက် AEFI corner/Anti shock measure များနဲ့ ကျွမ်းကျင် ဆရာဝန်များကိုယ်တိုင် ထိုးနှံပေးနေတာ ဖြစ်တဲ့အတွက် ​ကျ​နော်တို့ဆေးခန်းတွင် လာရောက် ကြိုတင် စာရင်းပေးသွင်းနိုင်ပါကြောင်း သတောင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျာ
💉💉💉

စုံစမ်းရန်
Viber 📲 09940508300, 095417663

​ဆေးခန်းဖွင့်ချိန် (2pm-7pm)
Monday တိုင်းပိတ်သည်

📨https://www.m.me/clinicyannyein

Pneumococcal Vaccine ၏ မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှုကို သင်သိပါသလား။ 💉👶👴👵🦠အားလုံးပဲ မင်္ဂလာပါခင်ဗျာ..။ကျန်းမာရေး...
02/03/2024

Pneumococcal Vaccine ၏ မယုံနိုင်လောက်အောင် အကျိုးသက်ရောက်မှုကို သင်သိပါသလား။
💉👶👴👵

🦠အားလုံးပဲ မင်္ဂလာပါခင်ဗျာ..။ကျန်းမာရေးဆောင်းပါးလေးတွေ မရေးတင်ဖြစ်တာ ကြာပြီဆိုတော့ ယနေ့မှာတော့ အားလုံးသိသင့်ပြီး ကြိုတင်ကာကွယ်ထားသင့်တဲ့ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး အကြောင်းကို ပြောပြပေးသွားပါဦးမယ်.။

🦠Pneumococcus bacteria ဆိုတာဘာလဲ?

နမိုးနီးယား (ခေါ်) ပြင်းထန်အဆုတ်ရောင် ရောဂါကို ဖြစ်စေတဲ့ ပိုးမွှားများထဲမှာ Streptococcus Pneumoniae လို့ခေါ်တဲ့ ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွါးရတာဟာ percent အများဆုံးဖြစ်ပါတယ်.။နမိုးနီးယား ရောဂါဟာလည်း အားလုံးသိကြတဲ့အတိုင်း ကျန်းမာသန်စွမ်းတဲ့ လူငယ်တွေမှာ ဖြစ်ပွါးရင် ကုသပျောက်ကင်းနိုင်ကြပေမယ့် ကလေးငယ်များနဲ့ အသက်ကြီးသူများမှာ ဖြစ်ရင်တော့ အသက်အန္တရာယ် ရှိစေတဲ့အထိ ဖြစ်ပွါးနိုင်တဲ့ ရောဂါဖြစ်ပါတယ်.။
ဒီ ဘက်တီးရီးယားဟာ အသက်ရှုလမ်းကြောင်းတိုက်ခိုက်မှုတွေအပြင်

❌ဦးနှောက်အမြှေးရောင်ရောဂါ**(Meningitis)
ဦးနှောက်နှင့် ကျောရိုးပတ်ပတ်လည်ရှိ အမြှေးပါးများ ပိုးဝင်ခြင်း၊ဦးနှောက်ပျက်စီးခြင်း၊ အကြားအာရုံဆုံးရှုံးခြင်းနှင့် သေဆုံးခြင်း

❌ဘက်တီးရီးယားသွေးထဲရောက်ခြင်း**(Bacteraemia) နှင့် သွေးဆိပ်တက်ခြင်း

❌Otitis Media (နားပိုးဝင်ခြင်း):**
နားအလယ်ပိုင်း ယောင်ယမ်းခြင်း၊နားကိုက်ခြင်း၊ အဖျားတက်ခြင်းနှင့် အကြားအာရုံခက်ခဲခြင်း

❌ထိပ်ကပ်နာ-**(sinusitis)
မျက်နှာနာခြင်း၊ နှာခေါင်းပိတ်ခြင်းနှင့် ခေါင်းကိုက်ခြင်း,နှာခေါင်းအမြှေးပါးများပျက်စီးခြင်း

❌Bronchitis:**(လေပြွန်ရောင်ခြင်း)
အစရှိတဲ့ ရောဂါလက္ခဏာပေါင်းစုံကို ခံစားရစေပါတယ်.။ဒီထက်ပိုပြီးပြောရရင် ဒီဘက်တီးရီးယားပိုးရဲ့ မျိုးကွဲတွေထဲမှာ လူကို ရောဂါဖြစ်စေနိုင်တဲ့ မျိုးကွဲပေါင်း ၁၀၀ ကျော်ရှိတဲ့အတွက် ကူးစက်ဖြစ်ပွါးမှု အင်မတန်များပြားတဲ့ ဘက်တီးရီးယားတစ်မျိုးလည်းဖြစ်ပါတယ်။

🦠ဒီလိုပြင်းထန်ပြီး ကြောက်စရာကောင်းတဲ့ ကူးစက်မှုကို ကာကွယ်လို့ရပါသလား..?

ထိရောက်စွာကာကွယ်နိုင်ပါတယ်.။ Pneumococcal vaccine လို့ခေါ်တဲ့ ပြင်းထန်အဆုတ်ရောင်ပိုး ကာကွယ်ဆေးတွေ ကျယ်ပြန့်စွာ ထိုးနှံလို့ရနေပြီဖြစ်ပါတယ်.။ဒီအပြင် အသက်ရှုလမ်းကြောင်းမှ ကူးစက်တဲ့ ပိုးမွှားတွေကို ကာကွယ်ရေး နည်းလမ်းတွေ ဖြစ်တဲ့ လူထုလူဝေးရှောင်ကြဉ်ခြင်း.၊နှာခေါင်းစည်းတပ်ဆင်ခြင်း.၊တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ခြင်း.၊လက်ဆေးခြင်းတို့ဖြင့်လည်း ကာကွယ်ရပါမယ်.။

🦠Pneumococcal vaccine ဘယ်လို အလုပ်လုပ်လဲ?

အထူးသဖြင့် pneumococcal conjugate vaccine ဟာ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို Streptococcus pneumoniae ဘက်တီးရီးယားရဲ့ အန္တရာယ်မရှိသော အစိတ်အပိုင်းများကို မိတ်ဆက်ခြင်းဖြင့် အလုပ်လုပ်ပါတယ်.။ အများအားဖြင့် ဘက်တီးရီးယားဆဲလ်နံရံမှ polysaccharides များကို carrier protein နဲ့ချိတ်ဆက်ထိုးသွင်းပေးတဲ့ conjugation နည်းကို သုံးထားတာဖြစ်ပြီး ဒီအချိတ်အဆက် conjugation ဟာ ကျွန်တော်တို့ ကိုယ်ခန္ဓာရဲ့ ကိုယ်ခံအားကို ထွက်ရှိမြှင့်တင်စေတာဖြစ်ပါတယ်.။

🦠PCV vaccine အမျိုးအစားတွေ ဘာတွေရှိလဲ?
အပေါ်မှာ ပြောပြခဲ့တဲ့ အတိုင်း ဒီ Pneumococcal ပိုးဟာ အမျိုးအစား ၁၀၀ ကျော်ခန့်ရှိပါတယ်..။ဒါကြောင့် ကာကွယ်ဆေးထုတ်လုပ်သူများဟာလည်း အဖြစ်အများဆုံးသော အမျိုးအစားများကို ကာကွယ်ဖို့ အတွက် ပေါင်းစပ်ထုပ်လုပ်ပေးထားကြပါတယ်.။
PCV 7, PCV 10, PCV 13, PCV 15, PCV 20, PPSV 23 ဆိုပြီး အမျိုးအစားများစွာရှိပြီး အနက် မြန်မာနိုင်ငံ အနေနဲ့ ဆိုရင်တော့ PCV 10 - Synflorix ၊PCV 13 - Prevnar 13 နဲ့ PPSV 23 - Pneumovax 23 တို့ဟာ လူသိများထိုးနှံကြပါတယ်.။ PCV အနောက်က 10/13 စတာတွေဟာကာကွယ်ပေးနိုင်တဲ့ PCV ဘက်တီးရီးယား အရေအတွက်ကို ဖော်ပြတာ ဖြစ်လို့ ဥပမာ - PCV 13 ဆိုရင် ကတော့ PCV ဘက်တီးရီးယား (၁၃) မျိုးကို ကာကွယ်ပေးနိုင်တယ်လို့ မှတ်ယူရမှာဖြစ်ပါတယ်.။

🦠ဘယ်သူတွေဟာ ဘယ်အချိန်မှာ PCV vaccine ထိုးနှံသင့်လဲ?

မြန်မာနိုင်ငံရဲ့ EPI schedule မှာတော့ PCV 10 or 13 ကို ၂လ၊၄လ၊၆လ မှာ ၃ ကြိမ် ထိုးနှံရမှာဖြစ်ပါတယ်.။ဒီ program ကိုမီပြီး ဒီအသက် အရွယ်မှာ ၃ ကြိမ်အပြည့်ထိုးထားပြီးရင်တော့ အသက် ၁ နှစ်ကျော်ရင် Booster dose အနေနဲ့ တစ်ကြိမ်ထပ်မံထိုးသင့်ပါတယ်။
အကြောင်း အမျိုးမျိုးကြောင့် EPI schedule မမီတဲ့သူတွေ.၊အသက် ၁ နှစ် အောက်မှာ မထိုးနှံဖြစ်ခဲ့သူတွေကတော့ အသက် ၅ နှစ် မတိုင်မှီ အထိ အနည်းဆုံး ၂ လခြားပြီး PCV 10 or 13 ကို နှစ်ကြိမ် ထိုးနှံသင့်တာဖြစ်ပါတယ်.။
ဒီအပြင် အမေရိကန် နိုင်ငံ CDC ကတော့
အသက် ၆၅ ကျော် လူကြီးမိဘတွေမှာလည်း
မဖြစ်မနေထိုးနှံဖို့ recommended လုပ်ထားပါတယ်.။
အခြားထိုးနှံသင့်သော population တွေ အနေနဲ့တော့
-ရောဂါအခံကြီးကြီးမားမားရှိသူတွေ
-သွေးရောဂါ၊သွေးကင်ဆာရှိသူတွေ
-ခုခံအားကျဆင်းစေတဲ့ အခြေအနေရှိသူတွေ
-ဘေလုံး (Spleen)ဖြတ်ထားရသူ၊ဘေလုံး မကောင်းသူတွေ အနေနဲ့လည်း
သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနှံသင့်ပါတယ်.။

🦠ဆေးထိုးပြီး side effect ဘာတွေရှိလဲ?
ပုံမှန်ကာကွယ်ဆေးများကဲ့သို့ပဲ ကာကွယ်ဆေး ဘေးထွက်သက်ရောက်မှုများ
လူတချို့လောက်မှာ မသိမသာသာခံစားရနိုင်တယ်.။ဆေးထိုးတဲ့နေရာနီရဲနေတာ ၂ ရက်လောက်ကြာမယ်။ ၁% မှာ ကိုယ်ပူဖျားမယ်။ ကြွက်သားတွေနာကိုက်နေမယ်စသည်ဖြင့် minor side effect များရှိနိုင်ပါတယ်.။

ခုလောက်ဆိုရင်တော့ ပြင်းထန်အဆုတ်ရောင်ရောဂါဖြစ်စေတဲ့ Pneumococcal ပိုးနဲ့ ကာကွယ်ဆေးအကြောင်း ဗဟုသုတရလောက်မယ် ယူဆမိပါတယ်.။
ကျွန်တော်တို့ ရန်ငြိမ်း​ဆေးခန်း မှာလည်း အရည်အသွေးပြည့်မီပြီး cold chain စိတ်ချရတဲ့ ကာကွယ်​ဆေး များကို ကျွမ်းကျင်ဆရာဝန်များက နေ့စဉ်ထိုးနှံပေးနေတာဖြစ်လို့ မိမိတို့ ချစ်ခင်ရတဲ့ သားသားမီးမီး၊ ဘိုးဘိုးဘွားဘွားတို့ကို ပြင်းထန်အဆုတ်ရောင်ရောဂါမှ ကာကွယ်ရန် လာရောက်ထိုးနှံနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်ခင်ဗျာ.။

စာရင်း​ပေးသွင်းရန် နှင့် စုံစမ်း​မေးမြန်းရန်

Viber 📲 09940508300, 095417663
( ဖုန်း​ဖြေကြားချိန် 📞 10am - 7pm )

ဆေးခန်း ဖွင့်ချိန်
⏰ 2pm - 7pm ( Monday တိုင်း ပိတ်ပါသည် )

23/02/2024

💉က​လေး များအတွက် ကာကွယ်​ဆေး အမျိုးမျိုး ၁ရက် ကြိုတင် စာရင်း​ပေးကာ ထိုးနှံနိုင်ပါပြီ

==================================

ရရှိနိုင်သည့် ကာကွယ်​ဆေးများ

💉၄ မျိုးစပ် ရာသီတုပ်​ကွေး ကာကွယ်​ဆေး (Flu vaccine)
💉အသည်း​ရောင်အသားဝါ B ပိုး ကာကွယ်​ဆေး
Hepatitis B vaccine
💉အသည်း​ရောင်အသားဝါ Aပိုး ကာကွယ်​ဆေး
Hepatitis A vaccine
💉အသည်း​ရောင်အသားဝါ Aပိုး+Bပိုး ကာကွယ်​ဆေး Hepatitis A+B vaccine
💉တိုက်ဖွိုက် အူ​ရောင်ငန်းဖျား​ရောဂါ ကာကွယ်​ဆေး Typhoid vaccine
💉ဂျပန်ဦး​နှောက်အ​​မြှေးရောင် ကာကွယ်​ဆေး JE vaccine
💉​မေးခိုင်​ရောဂါ ကာကွယ်​ဆေး (ATT)
💉ပြင်းထန်ဝမ်းပျက်ဝမ်း​လျှော​ရောဂါ ကာကွယ်​ဆေး (Rota vaccine)
💉Yellow Fever ကာကွယ်​ဆေး (Stamaril)
💉အ​ရေး​ပေါ်​ခွေးရူးပြန်ကာကွယ်​ဆေး (Vinrab)
💉​ခွေးရူးပြန် ​ရောဂါ ကာကွယ်​ဆေး Rabies vaccine
💉ပချိတ်​ရောင်၊ ဝက်သက်၊ ဂျိုက်သိုး​ရောဂါ ကာကွယ်​ဆေး (MMR vaccine)
💉ကူးစက်မြန်ဦးနှောက်အမြှေးရောင်ရောဂါ ကာကွယ်ဆေး (Meningococcal vaccine)
💉ခြောက်မျိုးစပ် ကာကွယ်​ဆေး (ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဘီပိုး၊ ပိုလီယို၊ ဦးနှောက်အမြှေးရောင်)
(Hexaxim)
💉ပြင်းထန်အဆုတ်​ရောင် ကာကွယ်​ဆေး (PCV 10, PCV 15, PPSV 23) (Synflorix, Vaxneuvance, Pneumovax 23)
💉ရေကျောက်ရောဂါ ကာကွယ်ဆေး Chickenpox vaccine
💉ရေယုံကြီး ကာကွယ်​ဆေး Shingles vaccine (Recombinant zoster vaccine)
💉ဆုံဆို့၊ ကြက်ညှာ၊ ​မေးခိုင် ​ရောဂါ ကာကွယ်​​ဆေး (Boostrix) Tetanus + Diphtheria + Pertussis (Tdap) vaccine
💉ပိုလီယို ကာကွယ်​ဆေး (ထိုး​ဆေး IPV) (Polio vaccine) (Imovax polio)
💉လက်၊ခြေ၊ပါးစပ်ရောဂါ ကာကွယ်​ဆေး Hand Foot mouth disease vaccine (Entrovac 71)
💉သားအိမ်​ခေါင်း ကင်ဆာ ကာကွယ်​ဆေး (၄မျိုးစပ် | ၉မျိုးစပ်) (HPV vaccine - Gardasil 4, 9)

🔵 Vaccine များအတွက် တာဝန်ယူမှု | တာဝန်ခံမှု ရှိ​သော Cold Chain စနစ်
🔵 FDA အသိအမှတ်ပြုကာကွယ်ဆေးများကိုသာ ထိုးနှံပေးခြင်း
🔵 ကျွမ်းကျင် ဆရာဝန်အဖွဲ့ ကိုယ်တိုင် အိမ်တိုင်ရာ​ရောက် ​ဆေးထိုးနှံ​ခြင်း ဝန်​ဆောင် မှု ရရှိနိုင်ခြင်း

📲 09940508300, 095417663
ဆေးခန်း ဖွင့်ချိန်
⏰ 2:00 pm - 7:00 pm ( Tues - Sun )

​အ​ထွေ​ထွေ​ရောဂါကု​ဆေးခန်း

အဖြစ်များတဲ့ ကင်ဆာရောဂါတွေမှာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်လို့ရတဲ့ ကင်ဆာ ရှိတယ်ဆိုတာ သင်သိပါသလား??ဟုတ်ပါတယ်..၊ကင်ဆာတွေ...
18/10/2023

အဖြစ်များတဲ့ ကင်ဆာရောဂါတွေမှာ ကာကွယ်ဆေးထိုးခြင်းဖြင့် ကာကွယ်လို့ရတဲ့ ကင်ဆာ ရှိတယ်ဆိုတာ သင်သိပါသလား??

ဟုတ်ပါတယ်..၊ကင်ဆာတွေမှာ သားအိမ်ခေါင်းကင်ဆာဟာ ကာကွယ်ဆေးထိုးရုံနဲ့ ဖြစ်ပွါးမှုနှုန်းကို သိသာစွာ လျှော့ချနိုင်တဲ့ ရှားရှားပါးပါးကင်ဆာ တစ်မျိုးပဲဖြစ်ပါတယ်..။💉 💉

အာရှမှာ စက္ကန့် ၆၀ တိုင်းမှာ အမျိုးသမီးတစ်ဦးဟာ သားအိမ်ခေါင်းကင်ဆာကြောင့် အသက်ဆုံးရှုံးနေကြရပါတယ်..။
ဒါကြောင့် လက်ထပ်ထိမ်းမြားရာသီလည်း ရောက်လာပြီဖြစ်တဲ့အတွက် ဒီနေ့မှာတော့ လိင်မှ တစ်ဆင့်ကူးစက်တက်သော ရောဂါတစ်မျိုးလည်းဖြစ်ပြီး ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ ကင်ဆာလည်း ဖြစ်တဲ့ သားအိမ်ခေါင်းကင်ဆာ နဲ့ ကာကွယ်ဆေး အကြောင်းကို မင်္ဂလာမောင်နှံတို့ သတိထားဖွယ် မျှဝေပေးလိုက်ပါတယ်ခင်ဗျာ..။🦠

✅သားအိမ်ခေါင်းကင်ဆာရောဂါဖြစ်စေသော အကြောင်းအရင်းများ

🦠သားအိမ်ခေါင်းကင်ဆာရဲ့ ၉၀ ရာခိုင်နှုန်းဟာ Human Papilloma Virus (HPV) လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုး ကြောင့်ဖြစ်ပွါးပါတယ်။
အဓိကအားဖြင့် အိမ်ထောင်ဆက်တစ်ခုထက်ပိုတာ..၊အသက်ငယ်ငယ် နှင့် အိမ်ထောင်ကျတာ စသည့် လိင်ဆက်ဆံနှုန်းများတဲ့ အခြေအနေများကြောင့်ကူးစက်နိုင်တာ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်.။
HPV ဗိုင်းရပ်စ်ပိုးဟာ မိန်းမကိုယ်ကင်ဆာ၊စအိုကင်ဆာနှင့် အစာရေမြို ကင်ဆာတို့ကိုလည်း ဖြစ်စေနိုင်ပါသေးတယ်..။

ဒီအပြင် ဆေးလိပ်သောက်သုံးခြင်း..၊ခုခံအားကျဆင်းခြင်း.ဒါတွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ လေ့လာတွေ့ရှိထားပါတယ်.။

✅ကာကွယ်ရေးနည်းလမ်းများ

- တစ်လင်တစ်မယားစနစ်ကျင့်သုံးတာ.၊
- လိင်ဆက်ဆံစဉ်(အကာအကွယ်)ကွန်ဒုံးသုံးတာ.၊
- သားအိမ်ခေါင်းအကျိအချွဲ(pap smear)ပုံမှန်စစ်ဆေးတာ..၊
- သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး (HPV Vaccination) ထိုးတာ စတဲ့ အချက်တွေနဲ့ ကာကွယ်နိုင်ပါတယ်..။

✅စစ်ဆေးနိုင်သော နည်းလမ်းများ

- သားအိမ်ခေါင်းရှိ ဆဲလ်များကို စစ်ဆေးခြင်း (Pap Smear / Liquid Based Cytology)
သားအိမ်ခေါင်းအပေါ်ယံအလွှာမှ ကြွေကျလာတဲ့ cell တွေရဲ့ ပုံသဏ္ဋာန်ပေါ်မူတညိပြီး စစ်ဆေးခြင်းဖြစ်ပါတယ်..။
အသက် ၂၁ နှစ်မှစပြီး ဆရာဝန်ညွန်ကြားသည့်အတိုင်း စစ်ဆေးသင့်ပါသည်။ ဆေးစစ်ချက်အဖြေ ပုံမှန် ဖြစ်ပါက နောက် ၃ နှစ်အကြာမှ စစ်ဆေးဖို့ လိုပါတယ်။

အခြားသောနည်းလမ်းတွေဆိုရင်လည်း

- ကြွက်နို့ပိုးအမျိုးအစားစစ်ခြင်း (HPV DNA Testing)
- မှန်ပြောင်းနှင့် ကျွမ်းကျင်ဆရာဝန်မှစစ်ဆေးခြင်း Colposcope) ဖြင့်စစ်ဆေးခြင်း
ဒါမျိုးတွေနဲ့လည်း စောစီးစွာ စစ်ဆေးသိရှိနိုင်ပါတယ်..။

💉💉ဒါဆိုရင် သားအိမ်ခေါင်းကင်ဆာ အကြောင်းသိရှိပြီးပြီဆိုတော့ ကားအိမ်ခေါင်းကင်ဆာ ကာကွယ်​ဆေး (HPV vaccine) အကြောင်းကို ဆက်ပြောပြပါ့မယ်နော်..။

💉💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးဆိုတာဟာ သားအိမ်ခေါင်းကင်ဆာကို တိုက်ရိုက်ကာကွယ်တာမဟုတ်ပဲ 90 ရာခိုင်နှုန်းသော ကင်ဆာဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ Human Papilloma Virus ပိုးကို ကာကွယ်ပေးတာဖြစ်ပါတယ်..။

ဆေးထိုးထားတာနဲ့ HPV ပိုးကြောင့်ဖြစ်သော သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းကို ၉၉ % ထိ ကာကွယ်ပေးနိုင်ပါတယ်..။💉

🦠 သို့သော် HPV virus ဟာ virus များထဲမှာ ထူးထူးခြားခြား အမျိုးအစား နံပတ်ရာနဲ့ချီရှိတတ် virus ပိုးဖြစ်ပါတယ်..။
HPV 16 နှင့် 18 ဟာ high risk type တွေဖြစ်ကြပြီး ကင်ဆာ ဖြစ်စေတဲ့ထဲတွင် အများဆုံးဖြစ်ကြပါတယ်🦠
HPV 31, 33, 45, 52, 58 တို့ကလည်း ကင်ဆာ ဖြစ်စေပြီး Low risk တွေဖြစ်တဲ့ နံပတ် 6, 11 တို့ကတော့ လိင်အင်္ဂါကြွက်နို့ ဖြစ်စေပါတယ်🦠

✅✅ကာကွယ်ဆေးအမျိုးအစားများ
လက်ရှိအသုံးမျိုးတာ ကာကွယ်ဆေး ၃ မျိုးရှိပါတယ်.။

💉Cervarix
HPV 16, 18 ကို ကာကွယ်ပေးနိုင်ပါတယ်

💉Gardasil-4
HPV 6, 11, 16, 18 ကို ကာကွယ်ပေးနိုင်ပါတယ်

💉Gadasil-9
သူက ၉ မျိုးစပ် ဖြစ်ပါသည်
HPV 6,11,16,18, 31, 33, 45, 52, 58 ဒီနံပတ်တွေကို ကာကွယ်ပေးနိုင်ပါတယ်..။

အသက် ၉-၁၄နှစ် ကြားထိုးလျှင် အကောင်းဆုံးဖြစ်ပြီး အများသောအားဖြင့် 0, 1 လ ,6 လ ၃ ကြိမ်ထိုးနှံရပါတယ်..။

သက်ဆိုင်ရာ ဆရာဝန်နဲ့ စပ်းသပ်ဆွေးနွေး Pap smear ကြိုတင်စစ်ဆေးပြီး ညွှန်ကြားချက်အတိုင်း အသက်အရွယ်မရွေးလည်း ထိုးနိုင်ပါတယ်။

ဒီလောက်ဆိုရင်တော့ သားအိမ်ခေါင်းကင်ဆာအကြောင်းနဲ့ ကာကွယ်ဆေး အကြောင်းကို တီးမိခေါက်မိ နားလည်သွားကြမယ်လို့ယူဆပါတယ်.။

ကျ​နော်တို့ ရန်ငြိမ်း​ဆေးခန်း တွင်လည်း
WHO အသိမှတ်ပြု Ice-lined refrigerator ဖြင့်သာ ကာကွယ်​ဆေးများကို သိမ်းဆည်းထားတာမို့ cold chain စနစ်မှန်ကန်တဲ့ ကာကွယ်​ဆေး အမျိုးမျိုး ကို ယုံကြည်စိတ်ချစွာ ထိုးနှံ နိုင်ပါတယ် ခင်ဗျာ။

📲 09940508300, 095417663

💉💉သွေးထွက်သံယိုတစ်ခုခုဖြစ်တာနဲ့.၊တစ်ခုခုနဲ့ထိခိုက်မိပြီးပွန်းပဲ့ရှနာဖြစ်တာနဲ့ ဘာလို့ ATT ကိုထိုးခိုင်းကြတာလဲ?ကျွန်တော်တိ...
13/10/2023

💉💉သွေးထွက်သံယိုတစ်ခုခုဖြစ်တာနဲ့.၊တစ်ခုခုနဲ့ထိခိုက်မိပြီးပွန်းပဲ့ရှနာဖြစ်တာနဲ့ ဘာလို့ ATT ကိုထိုးခိုင်းကြတာလဲ?

ကျွန်တော်တို့ငယ်ငယ်ထဲက တစ်ခုခုနဲ့ ထိခိုက်မိတိုင်း..၊ချော်လဲဒူးပြဲတိုင်း ၊သွေးထွက်သံယိုဖြစ်တိုင်းမှာ လူကြီးတွေက ATT သွားထိုးလို့ပြောတာအမြဲကြားဖူးကြပြီး ATT နဲ့မစိမ်းကြဘူးလို့ထင်ပါတယ်။ ဒီကြောင့် ဒီနေ့မှာတော့ အဲ့ဒီ ATT ဆိုတာဘာလဲ၊ ဘာကြောင့်ထိုးရတာလဲဆိုတဲ့အကြောင်းအရာများကိုအားလုံးဗဟုသုတ ရအောင် ပြောပြပေးသွားမှာဖြစ်ပါတယ်..။

💉 ATT ရဲ့အရှည်ကတော့ anti-tetanus toxoid ပဲဖြစ်ပြီးတော့ မေးခိုင်ပိုးကာကွယ်ဆေးဖြစ်ပါတယ်။ ဆက်လက်ပြီး ATT ဘယ်လိုထိုးမလဲ မပြောပြခင်မှာ မေးခိုင်တယ်ဆိုတာ ဘာလဲဆိုတာ အရင်ရှင်းပြပေးပါဦးမယ်..။

🦠 မေးခိုင်ပိုးဝင်ခြင်း ( Tetanus )

မေးခိုင်ရောဂါဆိုတာ Clostridium tetani လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်တာပါ။

ဒီရောဂါပိုးဟာ ဒဏ်ရာရရှိတဲ့ နေရာကနေတစ်ဆင့် ခန္ဓာကိုယ်ထဲဝင်ရောက်လာပြီးနောက် tetanospasmin နဲ့ tétanolysin ဆိုတဲ့ အဆိပ်တွေကို ထုတ်လွှတ်ပါတယ်။

ဒီအဆိပ်တွေဟာ ကြွက်သားလှုပ်ရှားမှုကိုထိန်းချုပ်တဲ့ ပင်မအာရုံကြောမကြီးတွေထိရောက်သွားပြီး တစ်ကိုယ်လုံးက ကြွက်သားတွေကို ထိခိုက်စေပါတယ်.။

🦠သံစူးမိရင် မေးခိုင်ပိုးဝင်တယ်ဆိုတာတကယ်ပေါ့??

ဒီအချက်က တကယ်လားလို့မေးရင် တကယ်ဖြစ်ပါတယ်.။ဆူးတဲ့သံက က သံချေးတက်နေတဲ့အခါ သို့မဟုတ် သံက သန့်ရှင်းသော်လည်း အနာကတစ်ဆင့် ဖုန်တွေ သဲတွေ ဝင်တဲ့အခါ မေးခိုင်ပိုး အလွယ်တကူဝင်နိုင်ပါတယ်။

တကယ်တော့ မေးခိုင်ပိုးဟာ အပေါ်ယံအရေပြားထက်ပိုနက်ပြီး သွေးထွက်သွားတဲ့ ဘယ်ဒဏ်ရာမျိုးမှာဝင်နိုင်ချေ အနည်းနဲ့အများရှိတာဖြစ်ပါတယ်..။သေချာသိအောင် ဆက်ပြီးရှင်းပြရရင်

မေးခိုင်ရောဂါကိုဖြစ်စေတဲ့ colstridium tetani ရဲ့ spore လို့ခေါ်တဲ့ ဥတွေဟာ မြေကြီးတွေ၊ ဖုန်မှုန့်တွေ..၊မျက်နှာပြင်တွေ မှာရှိနေတတ်တာကြောင့် နေရာတော်တော်များများမှာရှိတယ်လို့ ပြောလို့ရပါတယ်။ အဲ့ဒီဥလေးတွေဟာ oxygen မရတဲ့နေရာမှာ ဘတ်တီးရီးယားအဖြစ်ပေါက်ဖွားတတ်ကြတာပါ။ ဒါကြောင့် ထိခိုက်မိတဲ့အခါမှာ ၎င်းဥများဟာ ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီး အရေပြားကိုကျော်ပြီး အနာနက်လို့ oxygen မရတဲ့အခါမျိုးမှာ ဘတ်တီးရီးယားအဖြစ်ပေါက်ဖွားပြီး ခုဏက အဆိပ်တွေကို ထုတ်နိုင်ကြခြင်းဖြစ်ပါတယ်.။

ဒီအပြင် တ်ိရစ္ဆာန်ငယ်လေးတွေ (ခွေး/ကြောင်) တို့ ကိုက်တဲ့ အခါမှာလည်း ခွေးရူးရောဂါကာကွယ်ဆေးအပြင် မေးခိုင်ကာကွယ်ဆေးပါ ထိုးသင့်ပါတယ် ..။မွေးကင်းစကလေးလေးတွေမှာ မသန့်ရှင်းတဲ့ နေရာမှာ မွေးဖွားတာ..၊ချက်ကြိုးဖြတ်ထားတဲ့ နေရာပေါ်ကို အနာမကျက်သေးခင် ပေါင်ဒါမှုန့် ၊နနွင်းမှုန့်တွေ လူးတတ်ကြတာ..ဒီလိုတွေကလည်း
မေးခိုင်ပိုးအလွယ်တကူ ဝင်ရောက်စေနိုင်လို့ သတိထားရပါမယ်.။

🦠မေးခိုင်ဆိုတော့ မေးတကယ်ခိုင်လား..?
မေးခိုင်ရောဂါခံစားရတဲ့လူနာတွေမှာ ဘယ်လိုရောဂါလက္ခဏာတွေ တွေ့ရတတ်လဲဆိုတာ ဆက်ရှင်းပြပါမယ်.။

၃ရက်ကနေ ၂၁ရက်အတွင်းမှာ ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်၊ အများအားဖြင့်တော့ ၁၄ရက်အတွင်းမှာ :-
- မေးရိုးတစ်လျှောက်တောင့်တင်းလာပြီး ပါးစပ်ဖွင့်ဖို့ခက်ခဲလာတာ
-နောက်ကျော၊ဗိုက်နဲ့ လက်ဖျားခြေဖျားကြွက်သားများတောင့်တင်းလာတာ
-အသံတစ်ခုခုကြားရင် ရုတ်တရက်ကြွက်သားများနာကျင်စွာတောင့်လာတာ
-အစာမြိုချဖို့ခက်ခဲလာတာ
-ခေါင်းကိုက်တာ.၊ကိုယ်လက်ကိုက်တာ
-အဖျားတက်လာတာ
စတဲ့ရောဂါလက္ခဏာတွေပြလာတတ်ပါတယ်။

🦠မေးခိုင်ပိုးကို ဘယ်လိုကာကွယ်နိုင်မလဲ?

အကောင်းဆုံးနည်းလမ်းကတော့မေးခိုင်ရောဂါကာကွယ်ဆေးကို ထိုးထားခြင်းပါပဲ.။

အသက် ၂လ၊ ၄လ၊ ၆လ၊ ၁၈ လ၊ ၅ နှစ်တို့မှာ မေးခိုင်ကာကွယ်ဆေးကို (ဆုံစို့ + ကြက်ညာ + မေးခိုင်) ဆိုပြီး (၅)ကြိမ် တိတိ ထိုးရပါတယ်။ ဒီပုံစံအတိုင်းဆေးကို ပြည့်စုံစွာထိုးခဲ့ရင်တော့ ခုခံအားက ၁၀ နှစ်ခံလို့ အသက် ၁၀ နှစ်အတွင်း ဘာဒဏ်ရာပဲ ရရ ထိုးထားတဲ့ ကာကွယ်ဆေးတွေက ကာကွယ်ပေးပြီး သားဖြစ်တဲ့အတွက် ထပ်ထိုးစရာ မလိုပါဘူး။လူတိုင်းဟာ မေးခိုင်ရောဂါကာကွယ်ဆေးကို (၁၀)နှစ်တစ်ကြိမ် booster ထိုးထားခြင်းက ရုတ်တရက် ထိခိူက်မိလျှင်လည်း မေးခိုင်ပိုးဝင်ခြင်းမှ ကာကွယ်နိုင်ပါတယ်။

ထိခိုက်ဒဏ်ရာ တစ်ခုခုရတဲ့အခါမှာလည်း ဆေးရုံဆေးခန်းများမှာ မေးခိုင်ကာကွယ်ဆေး ထိုးနှံရပါမယ်.။ဒီ့အပြင် ကူးစက်နိုင်ခြေများတဲ့ လုပ်သားတွေနဲ့ ကိုယ်ဝန်ဆောင်တွေ အတွက်လည်း TT5/TT3 စတဲ့ schedule တွေရှိနေတာမို့ အဲဒီအတိုင်း ထိုးနှံသင့်ပါတယ်..။

🦠ကာကွယ်ခြင်းက ကုသခြင်းထက်ပိုမိုသာလွန်ပါတယ်.။မေးခိုင်ရောဂါဟာ ဝင်ပြီးသွားရင် ကုသဆေးမရှိတာကြောင့် သံစူးတာလေးဆိုပြီး ပေါ့ဆမနေဘဲ မတော်တဆသွေးထွက်သံယိုဖြစ်လို့ အနာနက်တယ်ဆိုရင် ATT ကာကွယ်ဆေးကို ထိုးပေးဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ..။

📲 09940508300, 095417663

“မနေ့က မျက်စိနာနေတဲ့ သူငယ်ချင်းနဲ့တွေ့လိုက်မိတယ်..ဒီနေ့မနက် အိပ်ရာထတော့ ကိိုယ်ပါမျက်လုံးနာသွားတယ်”…ဒီလို စကားမျိုးကို ဒီ...
06/10/2023

“မနေ့က မျက်စိနာနေတဲ့ သူငယ်ချင်းနဲ့တွေ့လိုက်မိတယ်..ဒီနေ့မနက် အိပ်ရာထတော့ ကိိုယ်ပါမျက်လုံးနာသွားတယ်”…ဒီလို စကားမျိုးကို ဒီရက်ပိုင်း တော်တော်ကြားရလေ့ရှိပါတယ်..။အားလုံးသိကြတဲ့ အတိုင်း ဒီရက်တွေမှာလည်း မျက်စိနာတဲ့သူတွေ များလာပါတယ်..။မျက်စိနာတဲ့သူကို ကြည့်မိတာနဲ့ မျက်စိနာကူးတတ်တယ်လို့ ရှေးရှေးက အယူအဆ တွေလည်း ရှိနေသေးတာကြောင့် ဒီနေ့မှာတော့ အခုရက်ပိုင်းဖြစ်ပွါးနေကြတဲ့ မျက်စိနာခြင်းအကြောင်းကို ဗဟုသုတ ပြောပြပေးချင်ပါတယ်..။

👁️ဒီရက်ပိုင်းဖြစ်ပွါးနေတာကတော့ viral conjunctivitis ပါ..။ Conjunctivitis လို့ခေါ်တဲ့ အပေါ်ယံမျက်မြှေးပါး ရောင်စေခြင်း အမျိုးမျိုးရှိပေမယ့် viral conjunctivitis ဆိုတာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ မျက်စိရောင်ခြင်းနာခြင်းတစ်မျိုးဖြစ်ပါတယ်.။။ ကူစက်မှု့ကြောင့် ဖြစ်ရတာဖြစ်ပြီး ကူးစက်မှု့နှုန်းကလည်း အတော်မြန်တယ်လို့ပြောလို့ရပါတယ်..။
Virus ပိုးတွေ အမျိုးမျိုးရှိတဲ့အနက် ဒီတစ်ခါ
Adenoviral conjunctivitis ဟာ အခုဖြစ်နေကြတဲ့ ကူးစက်တတ်သော မျက်မြှေးရောင်ရောဂါအားလုံးရဲ့ အများဆုံးဖြစ်တယ်လို့ဆိုပါတယ်.။ ရာသီတုပ်ကွေးကဲ့သို့ အအေးမိခြင်း တို့ကို ဖြစ်စေတတ်တဲ့.၊လူသိများတဲ့ adenoviruses
ကြောင့်ဖြစ်ပွါးတာ ဖြစ်ပါတယ်..။

👁️ဘာတွေခံစားရနိုင်လဲ?

မျက်စိတစ်ဖက်က ရုတ်တရက် နီလာတတ်တယ်.
Grittiness လို့ခေါ်တဲ့ ခိုးခုခု sensation မျိုးရမယ်.
မျက်ရည်ပူကျမယ်၊ မျက်ချေးတွေထွက်မယ်
မျက်လုံးထောင့်မှာ မျက်ချေးတွေနဲ့ ပိတ်နေမယ်။ အလင်းရောင် မကြည့်နိုင်တာမျိုးဖြစ်တတ်တယ်.။
နောက်တစ်ရက် နှစ်ရက်ဆိုရင် တခြားမျက်စိတစ်ဖက်ကို ကူးစက်သွားပြီး bilateral ဖြစ်လာတတ်ပါတယ်.။
ရှားရှားပါးပါးနောက်ဆက်တွဲ ဘက်တီးရီးယားပိုး ဝင်တတ်တာမျိုးလည်း ဖြစ်တတ်ပါတယ်.။

👁️အများပြောသလို မျက်လုံးနာတဲ့သူကို သွားကြည့်မိလို့ ကူးမှာလား?

လုံးဝမကူးစက်တတ်ပါ။မျက်လုံးမျက်လုံးခြင်း ကြည့်ရာက ကူးစက်တယ်ဆိုတာ မဖြစ်နိုင်ပါ.။
အဓိက ကတော့ ထိတွေ့ရာမှ တစ်ဆင့် ကူးစက်ခံရခြင်းပဲဖြစ်ပါတယ်.။

👁️ကူးစက်မခံရအောင် ဘယ်လိုနေမလဲ?

မျက်စိနာရောဂါကူးစက်မှုရဲ့ အဓိကလမ်းကြောင်းက လက်ပါ။ မျက်စိနာနေသူ မျက်လုံးပွတ်ထားတဲ့ လက်မှာ ပိုးတွေ ကပ်ပါလာတတ်ပြီး
သူရဲ့ လက်က တိုက်ရိုက်ဖြစ်စေ.၊ကိုင်တွယ်ထားတဲ့ ပစ္စည်းတွေက ဖြစ်စေ ကူးစက်စေတာပါ.။

ဒါကြောင့်
မျက်စိကို မကြာခဏ မပွတ်ပါနဲ့။
ပါးစပ်မှ တစ်ဆင့် အဝတ်နဲ့ ကြပ်ပူထိုးခြင်းကလည်း မလိုအပ်တဲ့ ပိုးမွှားတွေ ထပ်ဝင်စေပါတယ်.။
မျက်စိ မကိုင်ခင်နဲ့ ကိုင်ပြီးတိုင်း လက်ဆေးပါ.။
လူသုံးများတဲ့ လှေကားလက်ရမ်း.၊တံခါးလက်ကိုင်တို့ကို ကိုင်ပြီးတိုင်း လက်ဆေးပါ.။
မျက်စိနာနေတဲ့သူရဲ့ အသုံးအဆောင်တွေကို သတိထားကိုင်တွယ်ပါ..။
လက်ဆွဲနှုတ်ဆက်တာနဲ့ လူစုလူဝေးနေရာတွေကို တတ်နိုင်သလောက်ရှောင်ပါ.။

👁️Virus ကြောင့်မျက်စိနာခံစားရင် ဒါတွေပြုလုပ်ထားနိုင်ပါတယ်...

၁။ ရေခဲ / အ​အေးဝတ် ကပ်ပေးပါ..။ရေခဲကပ်တာက အရောင်ကျစေဖို့ အကောင်းဆုံးနည်းလမ်းပါ..။မိမိကပ်တဲ့ ရေခဲ သို့မဟုတ် ရေခဲကပ်ထားတဲ့ အဝတ်စဟာ အသန့်ရှင်းဆုံးဖြစ်နေဖို့တော့လိုပါတယ်.။

၂။ မျက်စဉ်းခပ်တာမျိုးလုပ်လို့ရပါတယ်..။ မျက်စဥ်း​ဆေးများ အသုံးပြုခြင်းနှင့် ပတ်သက်၍ ဆရာဝန်၏ အကြံပြုချက် ရယူနိုင်ပါတယ်။

၃။ မျက်စိနာတာပိုဆိုးလာတာ.၊သွေးကြောတွေပေါက်တာ.၊အမြင်အာရုံ ဝေဝါးတာ ၊အဝါ အစိမ်း မျက်ဝတ်တွေထွက်လာတာ ဒါတွေရှိလာရင်တော့ မိမိ ကိုယ်ပိုင် ဆုံးဖြတ်ချက်ဖြင့် ​ဆေးမ​သောက်ပါနှင့်။ ဆရာဝန်၏ အကြံပြုချက် ရယူပြီးမှ ​သောက်သင့်ပါတယ်။

ဒီလောက်ဆိုရင်တော့ အားလုံးသိချင်နေကြတဲ့ မျက်စိနာအကြောင်း
သိသွားပြီလို့ထင်ပါတယ်..။

ထိတွေ့ရာမှ အဓိက ကူးစက်တတ်ကြောင်းလည်း သဘောပေါက်သွားပြီမို့ အကြည့်ချင်းဆုံလို့ ကူးတယ်ဆိုတဲ့ အယူအဆကို မေ့လိုက်ပါတော့နော်.။ 😉

တစ်ခုသတိထားရမှာက မျက်စိနာပိုးတွေ အပြင် ဒီရက်ပိုင်း ရာသီ တုပ်ကွေး ဖြစ်ပွါးမှုနဲ့ covid 19 ဖြစ်ပွါးမှုတွေလည်း ပြန်လည် မြင့်တက်နေတာမို့ အားလုံးလည်း ကာကွယ်ရေး စည်းကမ်းတွေကို လိုက်နာ.၊ကာကွယ်ဆေးများ
အပြည့်ဝထိုးနှံထားပြီး ကာကွယ်နိုင်ကြစေဖို့ သတိပေးလိုက်ရပါတယ်ခင်ဗျာ..။

📲09940508300

Address

Yankin
Yangon
11081

Opening Hours

Tuesday 14:00 - 19:00
Wednesday 14:00 - 19:00
Thursday 14:00 - 19:00
Friday 14:00 - 19:00
Saturday 14:00 - 19:00
Sunday 14:00 - 19:00

Telephone

+9595417663

Website

Alerts

Be the first to know and let us send you an email when Clinic YanNyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram