07/04/2026
Call for Application: Lay Counselor Training (Level 2) [Serenity Counseling & Mental Health Services]
Serenity ကနေ မေလထဲမှာ Lay Counselor Training (Level 2) သင်တန်းကို ဖွင့်လှစ်သွားဖို့ရှိပါတယ်။ ယခုသင်တန်းမှာ lay counselor တစ်ယောက်အနေဖြင့် တတ်မြောက်ကျွမ်းကျင်ရမည့် ပညာရပ်ဆိုင်ရာ စွမ်းဆောင်ရည်များကို စာတွေ့၊ လက်တွေ့ သာမက Ongoing Supervision (ကြီးကြပ်မှုအချိန်) တွေနဲ့ပါ တွဲဖက်လေ့လာရမှာ ဖြစ်ပါတယ်။
သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ -
၁) ဘဝရဲ့အခက်အခဲ၊ အကြပ်အတည်း၊ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို မှန်ကန်စွာသိရှိနားလည်ပြီး နည်းလမ်းမှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရုံသာမက ကိုယ့်ပတ်ဝန်းကျင်ကိုပါ လမ်းညွှန်ကူညီပေးနိုင်ရန်။
၂) စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးနယ်ပယ်၏ လုပ်ဆောင်ချက်များကို ကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည်ပြီး ကျင့်ဝတ်နှင့်ညီညီ ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်။
ဘယ်သူတွေတက်သင့်တာလဲ??
၁) စိတ်ကျန်းမာရေးနှင့် Counseling နယ်ပယ်ကို ကျယ်ကျယ်ပြန့်ပြန် လေ့လာလိုပြီး လူထုကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရာမှာ နည်းစနစ်ကျကျအပြင် ကျင့်ဝတ်တွေ၊ စံချိန်စံနှုန်းတွေနဲ့ အညီ အကူအညီပေးလိုသူများ။
၂) Qualified Lay counselor တစ်ယောက်အနေဖြင့် Career Pathway တလျှောက် မိမိ၏ clients များကို ပိုမိုကောင်းမွန်သော စောင့်ရှောက်မှုများ ပေးချင်သူများ။
၃) စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးနယ်ပယ်မှာ ဘွဲ့လွန် တက်ရောက်ချင်သော်လည်း အခြေအနေအရပ်ရပ် အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ဖို့ အခွင့်မသာနေစဉ် Lay Counselor အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ။….
သင်တန်းတက်ပြီးရင် ဘာတွေရမှာလဲ?
၁) စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးပညာရပ်ကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ခြင်း။
၂) လူမှုအဖွဲ့စည်းနှင့် NGO များတွင် လုပ်ကိုင်လိုသူများအတွက် Credible and Qualified ဖြစ်သော Certificate ရရှိနိုင်ခြင်း။
၃) IASC မှ ချမှတ်ထားသော နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ Lay Counselor တစ်ယောက် အဖြစ် လူထုကို အကူအညီပေးနိုင်ခြင်း။..
Trainer
Level 2 ကို အဓိက ပို့ချပေးမယ့် Trainer ကတော့ Ma Agnes Mary ဖြစ်ပါတယ်။ သူမသည် စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးသူ (Counseling Psychologist) တစ်ယောက်ဖြစ်ပြီး Serenity ရဲ့ တည်ထောင်သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Assumption University မှ Master of Science in Counseling Psychology ကို ရရှိခဲ့ပြီး Trauma-focused EMDR Therapist တစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်တွင် အသုံးချစိတ်ပညာ ဒီပလိုမာဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။ New York, Fordham University မှ Mental Health in Complex Emergencies သင်တန်းကို ပြီးမြောက်ထားသူလည်းဖြစ်ပါတယ်။ လက်ရှိတွင် Chiang Mai တက္ကသိုလ်၌ Women’s Gender and Sexuality Program တွင် PhD. Program တက်ရောက်လျက်ရှိတယ်။
Training Profile: https://www.facebook.com/photo/?fbid=122145066242010906&set=a.122098628990010906…
Level-2 သင်တန်းမှာ ပါဝင်မယ့် အကြောင်းအရာတွေကတော့ -
- Multicultural Competence
- Professional Ethics
- Initial Assessment
- Components in Building Therapeutic Relationships
- Case Conceptualization
- Basic Listening Techniques အစရှိတဲ့ သင်ခန်းစာများကို Presentation, Discussion, Self Reflection, Role-play practice, Regular Supervision များဖြင့် လေ့လာရမှာဖြစ်ပါတယ်။…
Training Details
သင်တန်းသူ/သား ဦးရေ ၂၀ ယောက်သာ လက်ခံမှာ ဖြစ်ပါတယ်။
သင်တန်းချိန်ကတော့ နေ့လည် ၁၂ နာရီ - နေ့လည် ၃ နာရီကို အပတ်စဉ် စနေ၊ တနင်္ဂနွေ (၅ ပတ်) တက်ရမှာ ဖြစ်ပြီး ၂ ရက် မေလ၊ ၂၀၂၆ (စနေနေ့) ကနေ ၃၁ ရက်၊ မေလ၊ ၂၀၂၆ (တနင်္ဂနွေနေ့) အထိ ဖြစ်ပါတယ်။
သင်တန်းတလျှောက် Zoom platform ကနေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
၂ ရက်၊ မေလ ၂၀၂၆ (စနေနေ့) သင်တန်း စတင်ပါမည်။ …
Training Fees (Level - 2)
သင်တန်းကြေးကတော့ မြန်မာငွေ ၃ သိန်း ကျပ်ပါ။
(သင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါက page ကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။)…
Criteria for Level-2 Training Applicants
အခြေခံ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေး (MHPSS) ကို လေ့လာပြီးမြောက်ပြီးသူများသည် Level (2) သင်တန်း တက်ရောက်ရန် အင်တာဗျူး ဖြေဆိုဖို့ လိုအပ်ပါတယ်။
Serenity ရဲ့ အခြေခံ စိတ်ကျန်းမာရေးနှင့် စိတ်လူမှုပံ့ပိုးမှုပိုင်းဆိုင်ရာ သင်တန်း တက်ရောက်ပြီးသူများသည် အင်တာဗျူးဖြေဆိုရန် မလိုအပ်ပါ။
သင်တန်းပြီးမြောက်မှသာ Serenity ရဲ့ အသိအမှတ်ပြု လက်မှတ် (Certificate) ရရှိမည် ဖြစ်ပါတယ်။ (သင်တန်းရဲ့ လိုအပ်ချက်တွေဖြစ်တဲ့ Assignments တွေ၊ Case Studies Practices တွေ ပြီးမြောက်ရန် လိုပါတယ်။)
စာရင်းပေးသွင်းရန် - https://forms.gle/aDZ9SUWPSJsarw5U6
Registration Deadline: ၁ ရက် မေလ၊ ၂၀၂၆ (သောကြာနေ့) မတိုင်ခင် စာရင်းပေးသွင်းပေးပါရန်။
Serenity Telegram Channel
https://t.me/serenitycounselingservices
~~~~~~
Serenity ကို ဆက်သွယ်လိုပါက page ကနေ message ဖြင့် ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၇၇၆ ၈၈၄ ၂၇၅ ကို ဆက်သွယ်၍ ဖြစ်စေ (ရုံးချိန် မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း) စုံစမ်းမေးမြန်းနိုင်ပါတယ်။
We care Mental Health!