Serenity Counseling & Mental Health Services

Serenity Counseling & Mental Health Services Serenity စိတ်ကျန်းမာရေးတိုင်ပင်ဆွေးနွေးခြင်း (Counseling)နှင့် စိတ်လူမှုဆက်ဆံရေးအထောက်အပံ့ဝန်ဆောင်မှု

“Friday Emotional Support Session”
22/08/2025

“Friday Emotional Support Session”

“အဆိပ်အတောက် ဆက်ဆံရေးအတွက် အဆိပ်ဖြေဆေး”

ကျွန်တော်တို့တွေဟာ ရှိရင်းစွဲအရာတွေကနေ ရုန်းထွက်ဖို့၊ အသစ်တဖန်ပြန်လည်စတင်ဖို့ လုပ်ဆောင်ရမှာတွေကို ကြောက်ရွံ့ကြပါတယ်။ အဲ့နောက်ဆက်တွဲ ဆုံးရှုံးရမယ့် အရာတွေအပေါ်ကိုလည်း ခံနိုင်ရည်ရှိဖို့ ကြိုးစားရတာတွေကလည်း ကျွန်တော်တို့ အတွက် ပင်ပန်းလှေစေပါတယ်။

ကျွန်တော်တို့တွေဟာ ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ ရပ်ဝန်းတွေကနေ မထွက်ခွာဘဲ အဆိပ်အတောက်ဖြစ်နေတဲ့ ဆက်ဆံရေးတစ်ခုကို ကောင်းလာနိုးနိုး မျှော်လင့်ရင်း ရှေ့ဆက်နေကြမိပါတယ်။ ရှေ့ဆက်လာတာနဲ့အမျှ ကျွန်တော်တို့ရဲ့ စိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ကြုံတွေ့ခံစားလာရပါတယ်။

အဲ့တာကြောင့် ဒီအပတ် Friday Emotional Support Session မှာ အဆိပ်အတောက်ဖြစ်စေတဲ့ ရပ်ဝန်းကနေ ဘယ်လို ရုန်းထွက်မလဲ၊ ဘယ်လိုမျိုး ကိုယ့်စိတ်ကို အကောင်းမွန်ဆုံးပြန်လည်တည်ဆောက်မလဲ၊ အဆိပ်အတောက်တွေအတွက် ဘယ်လိုဖြေဆေးမျိုးလေးတွေလုပ်ဆောင်လို့ရလဲဆိုတဲ့ အကြောင်းအရာတွေကို Trauma Specialist, EMDR Therapist, Serenity Founder & Counseling Psychologist ဖြစ်တဲ့ Ms. Agnes Mary က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Date - 22 Aug 2025 (Friday)
Time - 8 PM - 9 PM (Myanmar Time)
Medium - ZOOM Application

စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် သောကြာနေ့ ၈ နာရီအချိန်ကို ပါဝင်ပေးနိုင်ပါတယ်ခင်ဗျာ။

Telegram Link: https://t.me/mudramentalhealthforall (Mudra Telegram Channel)

In Mudra, We Care!




#အဆိပ်အတောက်ဆက်ဆံရေးအတွက်အဆိပ်ဖြေဆေး

FYI 🍀
20/08/2025

FYI 🍀

အားလုံးပဲ မင်္ဂလာပါ 🍀
ကျွန်မတို့ Serenity ကနေ အသစ်လုပ်မယ့် Program တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

အဲ့တာကတော့ စိတ်ကျန်းမာရေးနယ်ပယ်မှာ Practice လုပ်နေတဲ့သူတွေ နဲ့ practice လုပ်ဖို့စိတ်ဝင်စားတဲ့သူတွေအတွက် continued learning အနေနဲ့ Reading Club ပြုလုပ်မယ့် အစီအစဉ်ပဲဖြစ်ပါတယ် ….

ဒီအစီအစဉ်လေးမစခင်မှာ အများစုရဲ့ အားလပ်ချိန်နဲ့ အများစုပါဝင်နိုင်မယ့် နေ့ရက်တွေကို ပြုလုပ်ပေးသွားမှာဖြစ်တဲ့အတွက် အောက်ပါ survey link လေး ဖြည့်ပြီး ပါဝင်ပေးကြပါဦးနော် ….

Preliminary Survey for Mental Health Focused Reading Club - https://forms.gle/792CvYbXXBGgMMZTA

In Serenity, We Care!

“You Are Not Alone” Session
19/08/2025

“You Are Not Alone” Session

Serenity ရဲ့"You Are Not Alone" Sharing Circle အစီအစဉ်လေးမှာ ကိုယ့်ရဲ့စိတ်တွေကို လေးလံထိုင်းမှိုင်းစေတဲ့အရာတွေ၊ စိတ်ညစ်စရာတွေ နဲ့ စိတ်မသက်မသာ ဖြစ်စေတဲ့ အရာတွေကို ဖွင့်ဟပြောဆိုနိုင်မှာဖြစ်ပါတယ်။

အပတ်စဉ် ဒီအစီအစဉ်လေးရဲ့ ရည်ရွယ်ချက်ကတော့ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာစေဖို့ပဲ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကြုံတွေ့ခံစားနေရတဲ့ စိတ်ဖိစီးမှုတွေ နဲ့စိတ်ညစ်စရာတွေကို အပြည့်အဝ လုံခြုံစိတ်ချရပြီး သက်တောင့်သက်သာဖြစ်ဖြစ်နဲ့ ဒီ Sharing Circle မှာ ရင်ဖွင့်ပြောပြနိုင်မှာဖြစ်ပါတယ်။

"You Are Not Alone" Sharing Circle (Group Support) ကို အင်္ဂါနေ့တိုင်း အပတ်စဉ် ပြုလုပ်ပေးမှာဖြစ်ပြီး ဒီတစ်ပတ်အတွက် ဦးဆောင်မယ့်သူကတော့ Ms. Agnes Mary (Serenity Founder & Counseling Psychologist) ဖြစ်ပါတယ် ….

စာရင်းပေးသွင်းရန်
👉 https://forms.gle/PVGpkaJEbxkV5F7p9

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် မြန်မာစံတော်ချိန် ည ၈ နာရီအချိန်၌ ပါဝင်ပေးနိုင်ပါတယ်ခင်ဗျာ။

Telegram Link
👉 https://t.me/mudramentalhealthforall (Mudra Telegram Channel)

ရက်စွဲ - ၁၉ ရက် သြဂုတ်လ ၂၀၂၅ ခုနှစ် (အင်္ဂါနေ့)
အချိန် - ည ၈:၀၀ မှ ၉:၀၀ (မြန်မာစံတော်ချိန်)
Platform - ZOOM Application

မှတ်ချက် - တစ်ကြိမ်လျှင် အများဆုံး ၈ ယောက်သာ ကန့်သတ်ထားသောကြောင့်၊ ရင်ဖွင့်ပြောကြားလိုသူများသာ စာရင်းပေးသွင်းဖို့ မေတ္တာရပ်ခံပါသည်။

In Mudra, We Care!



“Child Psychology Training” အတွက် စာရင်းမြန်မြန်လေး သွင်းပေးကြပါနော် 📢
15/08/2025

“Child Psychology Training” အတွက် စာရင်းမြန်မြန်လေး သွင်းပေးကြပါနော် 📢

Call for Application: Child Psychology Training [Serenity Counseling & Mental Health Services] 📢

🌿ကလေးတစ်ဦးရဲ့စိတ်ကို နားလည်ခြင်းက မျိုးဆက်တစ်ခုရဲ့အနာဂတ်ကို တည်‌ဆောက်ပေးခြင်းပဲ ဖြစ်ပါတယ်။

ကလေးတစ်ဦးရဲ့ လူမှုစိတ်ကျန်းမာရေးဟာ သူတို့ရဲ့အနာဂတ်ဘ၀တစ်ခုလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။

မိဘတစ်ယောက်အနေနဲ့ ဖြစ်စေ၊ ဆရာ/ဆရာမတစ်ယောက်အနေ နဲ့ဖြစ်စေ၊ကလေးများနဲ့ဆိုင်တဲ့ လုပ်ငန်းခွင်မှာအလုပ်လုပ်နေသူများဖြစ်စေ ကလေးတစ်ဦး၏စိတ်အခြေအနေကိုလည်း နားလည်ဖို့က အရေးကြီးတဲ့ အချက်တစ်ချက်ပါပဲ။

အဲ့လိုနားလည်ပြီး ပြုစုပျိုးထောင်ခြင်းဟာ သူတို့လေးတွေရဲ့ အကောင်းဆုံးသော ဖြစ်တန်စွမ်းတွေကို မြှင့်တင်နိုင်ပြီးတော့ ကလေးတစ်ယောက် ရဲ့ဘဝ ၊ အနာဂတ်ကို ပြောင်းလဲပေးနိုင်စွမ်းရှိပါတယ်။

ဒီသင်တန်းလေးမှာ ပါဝင်တက်ရောက်ခြင်းဟာ ကလေးများရဲ့ ဖွံ့ဖြိုးမှု၊ သူတို့လေးတွေရဲ့ စိတ်ခံစားမှုဆိုင်ရာ အကြောင်းအရာတွေကို နားလည်မှုအသစ်၊ ခံစားမှုအသစ်တွေနဲ့ စဉ်းစားပုံအသစ်တွေဖန်တီးနိုင်စေမယ့်အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်။

မိမိကလေးများရဲ့ ဘက်စုံဖွံ့ဖြိုးမှုကို ပိုမိုနားလည်ချင်တယ်ဆိုရင်တော့ ဒီအခွင့်အရေးကို လက်လွှတ်မခံဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီသင်တန်းကိုဘယ်သူတွေတက်ရောက်သင့်ပါသလဲ။
*မိဘများ၊
*ဆရာ/ဆရာမများ
*သားသမီးယူရန်ပြင်ဆင်နေသူများ
*ကလေးများနှင့်ပတ်သက်သော လုပ်ငန်းခွင်တွင် လုပ်ကိုင်နေကြသူများ
*ကလေးစိတ်ပညာကို စိတ်ဝင်စားသူများ

🌟 ဒီတစ်လတာ သင်တန်းကို ဆရာကြီး ဒေါက်တာမြင့်လွင် (စိတ်ပညာ) ကနေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ ဆရာကြီးက ကျောက်ဆည် တက္ကသိုလ်က ပါမောက္ခချုပ် (ငြိမ်း) တစ်ယောက်လည်း ဖြစ်ပါတယ်။

🌟 သင်တန်းတွင်‌ ဆွေးနွေးမည့် ခေါင်းစဉ်တွေကတော့

အပိုင်း ၁။ ကလေးဘ၀ဖွံ့ဖြိုးမှုနှင့် ဖွံ့ဖြိုးမှုဆိုင်ရာ စိတ်ပညာသီအိုရီများ

အပိုင်း ၂။ မိဘအုပ်ထိန်းမှု နှင့် စိတ်ကျန်းမာရေး

အပိုင်း ၃။ ပင်ကိုယ်စွမ်းရည်ဖွံဖြိုးမှု

📌 သင်တန်းကာလ
ဩဂုတ်လ(၁၆ )ရက်နေ့ မှ စက်တင်ဘာလ (၇)ရက်
အပတ်စဉ် စနေ နှင့် တနင်္ဂနွေနေ့များ

📌 သင်ကြားမည့်ပုံစံ
Pre-Recorded Video များကို Telegram Learning Platform ကနေ တဆင့် ကိုယ်တိုင် လေ့လာသွားရမှာ ဖြစ်ပါတယ်။

Recorded Video သင်ခန်းစာတွေ၊ သင်တန်း Resources ဖိုင်တွေကို ကြိုတင်ပြီး တင်ထားပေးမှာဖြစ်တဲ့အတွက် အချိန်မရွေး၊ နေရာမရွေး မိမိအဆင်ပြေတဲ့အချိန်ကို လိုက်ပြီး လေ့လာနိုင်မှာဖြစ်ပါတယ်။

Recorded Video တွေကို လေ့လာတဲ့အခါမှာ တစ်ပတ်တစ်ခါ ပြီးအောင်လုပ်ရမယ့် သင်ခန်းစာတွေကို အစီအစဉ်ချထားပေးမှာပါတယ်။ (အချိန်အားဖြင့် တစ်ပတ်ကို ၃ - ၄ နာရီ ခန့်ပေးဖို့ လိုအပ်ပါမယ်။)

ကိုယ်တိုင်ရဲ့ သင်ကြားသင်ယူမှုကို အကဲဖြတ်စစ်ဆေးပေးမယ့် အပတ်စဉ် Quiz (Google Form) ရှိပါမယ်။

လေ့လာနေစဉ် တစ်ခုခုမေးမြန်းလိုပါက Learning Chat လည်း ပြုလုပ်ပေးထားတာမို့ အချိန်မရွေးမေးမြန်းနိုင်ပါတယ်။

ဒါ့အပြင် ဆရာကြီးနဲ့ တစ်လ တစ်ကြိမ် Zoom Discussion Session လည်းရှိတာမို့ သင်ခန်းစာတွေ၊ မေးခွန်းတွေကို မေးမြန်းဆွေးနွေးလို့ရနိုင်ပါတယ်။

📌 သင်တန်းကြေး အနေဖြင့် မြန်မာကျပ်ငွေ ၁၇၀၀၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။

📝 စာရင်းပေးသွင်းရန် - https://forms.gle/pu1ENwvvkQmeibBf6

အသေးစိတ် ထပ်မံသိရှိလိုပါက Serenity page ကနေ message ဖြင့် ဖြစ်စေ၊ ဖုန်းနံပါတ် ၀၉-၇၇၆ ၈၈၄ ၂၇၅ ကို ဆက်သွယ်၍ ဖြစ်စေ (ရုံးချိန် မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း) စုံစမ်းမေးမြန်းနိုင်ပါတယ်။

In Sereniity, We Care!


“Relationship Counseling ဆိုတာ ဘာလဲ?”
15/08/2025

“Relationship Counseling ဆိုတာ ဘာလဲ?”

💬 Relationship Counseling ဆိုတာဘာလဲ?

လူရယ်လို့ဖြစ်လာရင် ကျွန်တော်တို့တွေဟာ အသင်းအဖွဲ့နဲ့ ရှင်သန်ကြရပါတယ်။

အဲ့တာကြောင့် ကျွန်တော်တို့မှာ သူငယ်ချင်း၊ မိသားစု နဲ့ မိတ်ဆွေအပေါင်းအသင်းရယ်လို့ ဆက်နွယ်မှုများ ရှိကြပါတယ်။ အခုလိုမျိုး ဆက်နွယ်မှုတွေရှိကြတာကြောင့်လဲ ကျွန်တော်တို့တွေဟာ ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတဲ့ စကားလေးလိုပဲ ရံဖန်ရံခါမှာ အဆင်မပြေမှုတွေ၊ အဓိပ္ပာယ်လွဲမှားမှုတွေ ကြုံတွေ့ကြရပါတယ်။

အဲ့လိုအဆင်မပြေမှုတွေကို တိုင်ပင်ဆွေးနွေးနိုင်ဖို့ Individual Counseling ယူကြတာတွေ၊ Couple Counseling ယူကြတာတွေနဲ့ Family Counseling ယူကြတာတွေ ပြုလုပ်လာကြပါတယ်။

အဲ့တာကြောင့် ဒီအပတ် Friday Emotional Support Session မှာ Relationship Counseling က Individual Counseling နဲ့ ဘယ်လိုမျိုး ကွာခြားမှုရှိလဲ၊ Relationship Counseling ဆိုတာ ဘာလဲ၊ ဘယ်လိုနည်းလမ်းလေးတွေကို အသုံးပြုပြီး လုပ်ဆောင်သလဲဆိုတဲ့ အကြောင်းအရာတွေကို Trauma Specialist, EMDR Therapist, Serenity Founder & Counseling Psychologist ဖြစ်တဲ့ Ms. Agnes Mary က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Date - 15 Aug 2025 (Friday)
Time - 8 PM - 9 PM (Myanmar Time)
Medium - ZOOM Application

စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် သောကြာနေ့ ၈ နာရီအချိန်ကို ပါဝင်ပေးနိုင်ပါတယ်ခင်ဗျာ။
Telegram Link: https://t.me/mudramentalhealthforall (Mudra Telegram Channel)

In Mudra, We Care!




Call for Application: Lay Counselor Training (Level-1) [Serenity Counseling & Mental Health Services]  Serenity ကနေ မကြာ...
14/08/2025

Call for Application: Lay Counselor Training (Level-1) [Serenity Counseling & Mental Health Services]

Serenity ကနေ မကြာမီမှာ Lay Counselor Training (Level 1), Batch 2 သင်တန်းကို ဖွင့်လှစ်သွားဖို့ရှိပါတယ်။

ရှုပ်ထွေးမှုတွေ ကြောင့်ကြမှုတွေကြား ကြုံတွေ့နေရတဲ့ စိတ်ကျန်းမာရေးကို ဘယ်လို ဂရုပြု စောင့်ရှောက်သင့်လဲ၊ အထိရောက်ဆုံး ကူညီပံ့ပိုးပေးနိုင်မလဲ ဆိုတာတွေကို အခြေခံကစပြီး လေ့လာနိုင်မယ့် သင်တန်းဖြစ်ပါတယ်။

ဒီသင်တန်းက -
စိတ်လူမှုပံ့ပိုးမှုပိုင်းဆိုင်ရာကို စိတ်ဝင်စားပြီး အခြေခံ နားလည်ထားချင်သူတွေ လက်ရှိလူမှုပတ်ဝန်းကျင်ကို အကူအညီ ပေးနေသူ/ ပေးလိုသူတွေ စိတ်ပညာ ကို ထပ်မံဖြည့်စွက် ထိတွေ့လိုပြီး intern အဖြစ် ပါဝင်လိုသူတွေ မိမိကိုယ်တိုင်အတွက်ဖြစ်စေ မိမိချစ်ခင်ရသူတွေအတွက်ဖြစ်စေ လေ့လာလိုသူတွေ အပြင် မိမိ သက်ဆိုင်ရာ ကျွမ်းကျင်ရာ နယ်ပယ်အတွင်းမှာ စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုကို ထည့်သွင်း ပြုလုပ်ပေးချင်သူတွေ အတွက် အသင့်လျော်ဆုံး သင်တန်းဖြစ်ပါတယ်။

သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ -
၁) အခြေခံစိတ်ကျန်းမာရေး ပံ့ပိုးမှုကို ထိထိရောက်ရောက် ကူညီပေးနိုင်ရန်။

၂) ဘဝရဲ့အခက်အခဲ၊ အကြပ်အတည်း၊ အပြောင်းအလဲတွေ ဖြစ်လာတဲ့အခါ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုများကို မှန်ကန်စွာသိရှိနားလည်ပြီး နည်းလမ်းမှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းနိုင်ရုံသာမက ကိုယ့်ပတ်ဝန်းကျင်ကိုပါ အခြေခံကျကျ လမ်းညွှန်ကူညီပေးနိုင်ရန်။

၃) စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးနယ်ပယ်၏ လုပ်ဆောင်ချက်များကို ကိုယ်တိုင် ကျယ်ကျယ်ပြန့်ပြန့် သဘောပေါက်နားလည်ပြီး ကျင့်ဝတ်နှင့်ညီညီ ထိရောက်စွာ ကူညီထောက်ပံ့ပေးနိုင်ရန်။

ဘယ်သူတွေတက်သင့်တာလဲ??
၁) စိတ်ကျန်းမာရေးနှင့် Counseling နယ်ပယ်ကို အခြေခံကစပြီး ထဲထဲဝင်ဝင် လေ့လာလိုသူများ။
၂) လူထုကို စိတ်ပိုင်းဆိုင်ရာ အကူအညီပေးရာမှာ နည်းစနစ်ကျကျအပြင် ကျင့်ဝတ်တွေ၊ စံချိန်စံနှုန်းတွေနဲ့ အညီ အကူအညီပေးလိုသူများ။
၃) Career Pathway အဖြစ် ရွေးချယ်ရာမှာ အခြေခံစိတ်ကျန်းမာရေး စောင့်ရှောက်မှုနယ်ပယ်ကို သိရှိနားလည်လိုသူများ။
၄) စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးနယ်ပယ်မှာ ဘွဲ့လွန် တက်ရောက်ချင်သော်လည်း အခြေအနေအရပ်ရပ် အကြောင်းအမျိုးမျိုးကြောင့် တက်ရောက်ဖို့ အခွင့်မသာနေစဉ် Lay Counselor အဖြစ် အသက်မွေးဝမ်းကြောင်းပြုလိုသူများ။..
သင်တန်းတက်ပြီးရင် ဘာတွေရမှာလဲ?
၁) စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးပညာရပ်ကို အခြေခံကစပြီး သိရှိနားလည်ခြင်း။
၂) လူမှုအဖွဲ့စည်းနှင့် NGO များတွင် လုပ်ကိုင်လိုသူများအတွက် Credible and Qualified ဖြစ်သော Certificate ရရှိနိုင်ခြင်း။
၃) IASC မှ ချမှတ်ထားသော နိုင်ငံတကာစံနှုန်း၊ ကျင့်ဝတ်များနှင့်အညီ Lay Counselor တစ်ယောက် အဖြစ် လူထုကို အကူအညီပေးနိုင်ခြင်း။

Trainer
Level 1 ကို ပို့ချပေးမယ့် Trainer ကတော့ Ma Agnes Mary ဖြစ်ပါတယ်။ သူမသည် စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးသူ (Counseling Psychologist) တစ်ယောက်ဖြစ်ပြီး Serenity ရဲ့ တည်ထောင်သူ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ Assumption University မှ Master of Science in Counseling Psychology ကို ရရှိခဲ့ပြီး Truama-focused EMDR Therapist တစ်ယောက်လည်း ဖြစ်ပါတယ်။ ရန်ကုန်တက္ကသိုလ်တွင် အသုံးချစိတ်ပညာ ဒီပလိုမာဘွဲ့ကို ရရှိထားသူဖြစ်ပါတယ်။ New York, Fordham University မှ Mental Health in Complex Emergencies သင်တန်းကို ပြီးမြောက်ထားသူလည်းဖြစ်ပါတယ်။ လက်ရှိတွင် Chiang Mai တက္ကသိုလ်၌ Women’s Gender and Sexuality Program တွင် PhD. Program တက်ရောက်လျက်ရှိတယ်။

Training Profile: https://drive.google.com/file/d/14rHoDxfgs-SuuzVqHhJECHpJLtjxrmzF/view?usp=sharing..
Level-1 သင်တန်းမှာ ပါဝင်မယ့် အကြောင်းအရာတွေကတော့ -
- Introduction to MHPSS & Principles
- Self Awareness & Self-care
- Community-based MHPSS
- Psychological First Aids
- Grief and Bereavement
- Gender-based Violence
- Normal and Abnormal Stress Reactions
- Understanding Trauma
- Active Listening
- Stabilization Techniques
အစရှိတဲ့ သင်ခန်းစာများကို Presentation, Discussion, Self reflection, Role-play practice, Regular Supervision များဖြင့် လေ့လာရမှာဖြစ်ပါတယ်။..
Training Details
သင်တန်းသူ/သား ဦးရေ ၂၀ ယောက်သာ လက်ခံမှာ ဖြစ်ပါတယ်။
သင်တန်းချိန်ကတော့ မနက် ၉ နာရီ - နေ့လည် ၁၂ နာရီကို အပတ်စဉ် စနေ၊ တနင်္ဂနွေ (၅ ပတ်) တက်ရမှာ ဖြစ်ပြီး ၁၃ ရက်၊ စက်တင်ဘာလ၊ ၂၀၂၅ (စနေနေ့) ကနေ ၁၂ ရက်၊အောက်တိုဘာလ၊ ၂၀၂၅ (တနင်္ဂနွေနေ့) အထိ ဖြစ်ပါတယ်။
သင်တန်းတလျှောက် Zoom platform + Google Classroom ကနေ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
သင်တန်းက ၁၃ ရက် စက်တင်ဘာလ၊ ၂၀၂၅ (စနေနေ့) တွင် စတင်ပါမည်။ ..
Training Fees (Level - 1)
သင်တန်းကြေးကတော့ မြန်မာငွေ ၃ သိန်း ကျပ်ပါ။
(သင်တန်းကြေးကို အရစ်ကျ ပေးသွင်းနိုင်ပါတယ်။ အသေးစိတ်အတွက် page ကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။)..
စာရင်းပေးသွင်းရန် [https://forms.gle/4HmDPsVHZymomcCP8]

Registration Deadline: ၁၂ ရက် စက်တင်ဘာလ (သောကြာနေ့) မတိုင်ခင် စာရင်းပေးသွင်းပေးပါရန်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Serenity ကို ဆက်သွယ်လိုပါက page ကနေ message ဖြင့် ဖြစ်စေ၊ (Telegram) အား ဆက်သွယ်၍ ဖြစ်စေ (ရုံးချိန် မနက် ၉ နာရီ မှ ညနေ ၅ နာရီ အတွင်း) စုံစမ်းမေးမြန်းနိုင်ပါသည်။

In Serenity, We Care!



 - Youtube Channel မှာလဲ Emotional Support Session တွေမှာ မျှဝေဆွေးနွေးပေးသွားတဲ့ အကြောင်းအရာတွေကို သွားရောက်ကြည့်ရှုနို...
13/08/2025

- Youtube Channel မှာလဲ Emotional Support Session တွေမှာ မျှဝေဆွေးနွေးပေးသွားတဲ့ အကြောင်းအရာတွေကို သွားရောက်ကြည့်ရှုနိုင်ပြီနော် 📢

မင်္ဂလာပါခင်ဗျာ 🍀
မုဒြာ- Mental Health for All ၏ ပင်မကြောရိုးဖြစ်တဲ့ Serenity Counseling & Mental Health Services မှ အပတ်စဉ် သောကြာနေ့တိုင်း ပြုလုပ်ပေးနေကြ Emotional Support Session တွေကို Serenity YouTube Channel များလဲ ပြန်လည်ဝေမျှပေးထားတာဖြစ်တဲ့အတွက် အောက်ပါလင့်(ခ်)များ၌ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ 📢

https://youtu.be/D1NQl6iDZbE
စစ်မှန်သောလိုအင်များ ရှာဖွေတည်ဆောက်ခြင်း

https://youtu.be/lucjIKHPaoE
မိမိကိုယ်ကို တကယ်ချစ်တတ်ပြီလား” - How To Improve Self - Love

https://youtu.be/P6U-g9Q9aGU
ပြန်လည်သုံးသပ်ခြင်း

https://youtu.be/nLVKiY4Qh10
ဖြစ်လာမှု နှင့် သက်ဆိုင်ခြင်း

https://youtu.be/u21t2yfVbDw
စိတ်ကျန်းမာရေး တိုင်ပင်ဆွေးနွေးခြင်း သိကောင်းစရာ

https://youtu.be/V1Vy6JXdyZY
မိမိအရိပ် နှင့် စကားစမြည်

https://youtu.be/t3XnwUT2dbw
နည်းပညာခေတ် ချစ်ခြင်း၊ ယုံကြည်ခြင်း နှင့် ချိတ်ဆက်ခြင်း

Telegram Link
👉 https://t.me/mudramentalhealthforall (Mudra Telegram Channel)



Supervision Session 📢
13/08/2025

Supervision Session 📢

Serenity's Supervision Session

ကျွန်တော်တို့ Serenity ရဲ့ အပတ်စဉ် Monday တိုင်း အခမဲ့ပြုလုပ်ပေးနေတဲ့ Supervision Session လေးကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့ ၂၀၂၅ ခုနှစ်မှစ၍ အပတ်စဉ် Wednesday တိုင်း ပြောင်းလဲပြုလုပ်ပေးခဲ့ပါတယ်။

ဒီနေ့ ဗုဒ္ဓဟူးနေ့ ( ၁၃ ရက်နေ့ ဩဂုတ်လ၂၀၂၅ ခုနှစ်) ည ၈ - ၉ ခွဲ (မြန်မာအချိန်) မှာ Supervision အချိန်ရှိပါတယ်ခင်ဗျာ။

Serenity ရဲ့ သင်တန်းသူ/သားတွေ လက်ရှိမှာ Case ကြည့်ဖြစ်နေပြီး Counseling လေ့ကျင့်ဖြစ်နေသူတွေ ပါဝင်နိုင်ပါတယ်။

Serenity Alumni (ကျောင်းသူ/သားဟောင်း) မဟုတ်ပါက Observe လုပ်ခွင့်မပြုပါ ။

စာရင်းပေးသွင်းရန် - https://forms.gle/m7EtN4hwgJE9Atnk9

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် ည ၈ နာရီအချိန်လေး
ကို ပါဝင်ပေးနိုင်ပါတယ်ခင်ဗျာ။

Telegram Link
👉 https://t.me/mudramentalhealthforall (Mudra Telegram Channel)

----------------------------------------
အသေးစိတ်သိရှိလိုပါက Serenity Team ကို +959776884275 (ရုံးချိန် မနက် ၉ နာရီ မှ ညနေ ၅ နာရီ) ကနေဖြစ်စေ၊ page ကနေဖြစ်စေ ကနေ ဆက်သွယ်နိုင်ပါတယ် ။

In Mudra, We Care !



မင်္ဂလာပါ အမျိုးတို့ရေ 🎉ဒီနေ့ 10 Aug (Sun) မြန်မာစံတော်ချိန် မနက် ၁၀:၃၀ မှာ Free Webinar လေးရှိတယ်နော် …..စာရင်းမြန်မြန်...
10/08/2025

မင်္ဂလာပါ အမျိုးတို့ရေ 🎉

ဒီနေ့ 10 Aug (Sun) မြန်မာစံတော်ချိန် မနက် ၁၀:၃၀ မှာ Free Webinar လေးရှိတယ်နော် …..

စာရင်းမြန်မြန်လေး ပေးသွင်းပြီး ပါဝင်လိုက်ကြရအောင်ဗျာ 📢

Serenity Counseling & Mental Health Services မှ စိတ်ကျန်းမာရေး အသိပညာပေး လုပ်ငန်းစဉ်များအား အစဉ်တစိုက်လုပ်ဆောင်လျက်ရှိပါသည်။

Professional Development စွမ်းရည်မြှင့်တင်နိုင်ရန် Lecture Series အမှတ်စဉ် (၄) အား “Awareness to Action: Supporting Sexual and Reproductive Health(SRH) in Communities During Emergencies” ခေါင်းစဉ်ဖြင့် ဒေါက်တာ Dr. Kyaw Wai Aung မှ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ဒေါက်တာ Kyaw Wai Aung သည် အရေးပေါ်အခြေအနေများအတွင်း လိင်နှင့် မျိုးဆက်ပွါးကျန်းမာရေး (SRH) ဝန်ဆောင်မှုလိုအပ်ချက်၊ အရေးပါမှုများအကြောင်း ပိုမိုသိရှိ နားလည်စေရန်၊ ထိုလိုအပ်ချက်များအား ရပ်ရွာထဲတွင် ကူညီပံ့ပိုးမှုပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။

ဆရာသည် လိင်နှင့် မျိုးဆက်ပွါး ကျန်းမာရေး (SRH) ကို အရေးပေါ်အခြေအနေများအတွင်း ပံ့ပိုးကူညီခြင်းတွင် INGO များအပါအဝင် UNFPA ဖြင့် ၁၅ နှစ်ကျော် ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံရှိသော ကျန်းမာရေးပညာရှင် တစ်ဦးဖြစ်ပါသည်။

M.B.B.S (University of Medicine Magway) နှင့် MSC (Public Health) University of Bedfordshire မှ ရရှိထားသူဖြစ်ပါသည်။

ထို့ကြောင့် ၉ ရက် သြဂုတ်လ ည ၁၂ နာရီမတိုင်ခင် စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာရင်းပေးသွင်းရန် - https://forms.gle/HW7ME7wDimJsAV977

နေ့ရက် - ၁၀ သြဂုတ်လ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့)
အချိန် - မနက် ၁၀:၃၀ - ၁၂:၀၀ (မြန်မာစံတော်ချိန်)
‌နေရာ - Zoom Application

Dr. Kyaw Wai Aung ၏ အတန်းအား ဝင်ကြေး (အခမဲ့) ဖြင့် တက်ရောက်နိုင်ပါသည်။



မင်္ဂလာပါ အမျိုးတို့ရေ 🍀ဒီနေ့ 9 Aug (စနေနေ့) မြန်မာစံတော်ချိန် ညနေ ၅:၀၀ နာရီမှာ Perinatal Mental Health Workshop ရှိပါတယ...
09/08/2025

မင်္ဂလာပါ အမျိုးတို့ရေ 🍀
ဒီနေ့ 9 Aug (စနေနေ့) မြန်မာစံတော်ချိန် ညနေ ၅:၀၀ နာရီမှာ Perinatal Mental Health Workshop ရှိပါတယ်ခင်ဗျာ 📢

မြန်မြန်လေး စာရင်းပေးသွင်းပြီး ပါဝင်လိုက်ကြစို့ 🎉

Women’s Mental Wellness Circle ရဲ့ တတိယအပတ် Workshop လေးရောက်ရှိလို့လာပါပြီရှင်..... 📢

Perinatal Mental Health Workshop အား မိခင် စိတ်ကျန်းမာရေးနဲ့ ပတ်သက်၍ အသိပညာတွေ၊ အတွေ့အကြုံတွေကို ဆရာ JJ {Music Therapist} — ဂီတကုထုံးပညာရှင် နှင့် အတူ Dr. Khaing Phyu Sin {M.B.B.S (YGN)}, MRCP, Part (2) (UK), Senior Medical Officer တို့မှကူညီပြီးမျှဝေသွားမှာဖြစ်ပါတယ်ရှင်။

Perinatal Mental Health Workshop ပြုလုပ်ရခြင်းကတော့-
ကိုယ်ဝန်ဆောင်ကာလမှ မွေးပြီးနောက်ကာလအတွင်း မိခင်များတွင် ဖြစ်ပေါ်နိုင်သော စိတ်ပိုင်းဆိုင်ရာ ပြဿနာများကို ကြိုတင်ကာကွယ်ရန်၊ သတိပြုနိုင်ရန်နှင့် ကူညီပံ့ပိုးမှုများပေးနိုင်ရန်အတွက် ဖြစ်ပါတယ်ရှင်။

၉ ရက်နေ့ သြဂုတ်လ မှာ ပြုလုပ်မဲ့Workshop အား Register Fee - ၂၅၀၀၀ ကျပ် ပေးသွင်းခြင်းဖြင့် တက်ရောက်နိုင်ပါတယ်ရှင်။

Perinatal Mental Health Workshop

📅 Date – 9/8/2025(Tuesday)
🕙 Time –5:00 - 6:30 PM (Myanmar time)
📍 Venue – Zoom Application

🔗 Perinatal Mental Health Workshop အတွက် စာရင်းပေးသွင်းရန် - https://forms.gle/uTZ7kAqwrdTWS55A7

Telegram Link: https://t.me/serenitycounselingservices (Serenity Telegram Channel)



’sMentalWellnessCircle

“ချစ်ခြင်း၊ လူမှုဝန်းကျင် နှင့် မိသားစုဖိအား”
08/08/2025

“ချစ်ခြင်း၊ လူမှုဝန်းကျင် နှင့် မိသားစုဖိအား”

"ချစ်ခြင်း၊လူမှုဝန်းကျင် နှင့် မိသားစုဖိအား"

ချစ်ခြင်းမေတ္တာဆိုတာ ကျွန်တော်တို့ လူသားတိုင်းနဲ့ မစိမ်းတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ချစ်ခြင်းကြောင့် ကျွန်တော်တို့တွေဟာ ပျော်ရွှင်မှုတွေ ခံစားစေရသလို တခါတလေမှာ ခြစ်ခြင်းနဲ့အတူ တင်းမာမှုတွေ၊ ဖိအားတွေလဲ ရောထွေးပါလာတတ်ပါတယ်။

ကျွန်တော်တို့ အားလုံးဟာ သက်ရှိစက်ရုပ်သဖွယ် နေ့စဉ်နဲ့အမျှ ရုန်းကန်လှုပ်ရှားနေကြရပါတယ်။

ဘဝမှာ အောင်မြင်ဖို့၊ မိသားစုကို လိုလေးသေးမရှိအောင် ထားနိုင်ဖို့ ကျွန်တော်တို့တွေအားလုံးရဲ့ ဆန္ဒတွေပဲမဟုတ်လား? ဟိုသီချင်းလေးအတိုင်းပါပဲ “အချစ်ထက် အရေးကြီးတာတွေ ရှိသေးတယ်” ဆိုတဲ့အတိုင်းပါပဲ ကျွန်တော်တို့ဟာ အဖက်ဖက်က ဖိအားများစွာကိုလဲ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။

အဲ့တာကြောင့် ဒီကနေ Friday Emotional Support Session မှာတော့ -

🔸 ချစ်ခြင်းနဲ့ ဖိအားကြားမှာရှိနိုင်တဲ့ နူးညံ့မှုတွေ
🔸 မိသားစုနဲ့ လူမှုဖိအားအောက်မှာ ကိုယ့်ကိုယ်ကိုဘယ်လိုမျှတစွာရှင်သန်နေထိုင်မလဲ
🔸 ကိုယ့်စိတ်ခံစားမှုကို လေးနက်စွာနားလည်ဖို့အတွက် ဘယ်လိုပြုမူရမလဲဆိုတဲ့ အကြောင်းအရာတွေကို Trauma Specialist, EMDR Therapist, Serenity Founder & Counseling Psychologist ဖြစ်တဲ့ Ms. Agnes Mary က ဆွေးနွေးပေးသွားမှာဖြစ်ပါတယ်။

Date - 8 Aug 2025 (Friday)
Time - 8 PM - 9 PM (Myanmar Time)
Medium - ZOOM Application

စာရင်းပေးသွင်းရန် - https://forms.gle/k2QnrdTpcS5DBtYu5

စာရင်းပေးသွင်းပြီးပါက Google Form တွင်ပါသော Zoom Link အား Screenshot ရိုက်၍ ထိုလင့်ခ်မှတစ်ဆင့် သောကြာနေ့ ၈ နာရီအချိန်ကို ပါဝင်ပေးနိုင်ပါတယ်ခင်ဗျာ။

Telegram Link: https://t.me/mudramentalhealthforall (Mudra Telegram Channel)





#မုဒြာ_MentalHealthforAll
#ချစ်ခြင်း၊လူမှုဝန်းကျင်နှင့်မိသားစုဖိအား

Serenity Counseling & Mental Health Services မှ စိတ်ကျန်းမာရေး အသိပညာပေး လုပ်ငန်းစဉ်များအား အစဉ်တစိုက်လုပ်ဆောင်လျက်ရှိပါ...
07/08/2025

Serenity Counseling & Mental Health Services မှ စိတ်ကျန်းမာရေး အသိပညာပေး လုပ်ငန်းစဉ်များအား အစဉ်တစိုက်လုပ်ဆောင်လျက်ရှိပါသည်။

Professional Development စွမ်းရည်မြှင့်တင်နိုင်ရန် Lecture Series အမှတ်စဉ် (၄) အား “Awareness to Action: Supporting Sexual and Reproductive Health(SRH) in Communities During Emergencies” ခေါင်းစဉ်ဖြင့် ဒေါက်တာ Dr. Kyaw Wai Aung မှ ဆွေးနွေးပို့ချသွားမည်ဖြစ်သည်။

ဒေါက်တာ Kyaw Wai Aung သည် အရေးပေါ်အခြေအနေများအတွင်း လိင်နှင့် မျိုးဆက်ပွါးကျန်းမာရေး (SRH) ဝန်ဆောင်မှုလိုအပ်ချက်၊ အရေးပါမှုများအကြောင်း ပိုမိုသိရှိ နားလည်စေရန်၊ ထိုလိုအပ်ချက်များအား ရပ်ရွာထဲတွင် ကူညီပံ့ပိုးမှုပေးနိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပို့ချပေးသွားမည်ဖြစ်သည်။

ဆရာသည် လိင်နှင့် မျိုးဆက်ပွါး ကျန်းမာရေး (SRH) ကို အရေးပေါ်အခြေအနေများအတွင်း ပံ့ပိုးကူညီခြင်းတွင် INGO များအပါအဝင် UNFPA ဖြင့် ၁၅ နှစ်ကျော် ပြည်တွင်း၊ ပြည်ပ အတွေ့အကြုံရှိသော ကျန်းမာရေးပညာရှင် တစ်ဦးဖြစ်ပါသည်။

M.B.B.S (University of Medicine Magway) နှင့် MSC (Public Health) University of Bedfordshire မှ ရရှိထားသူဖြစ်ပါသည်။

ထို့ကြောင့် ၉ ရက် သြဂုတ်လ ည ၁၂ နာရီမတိုင်ခင် စာရင်းပေးသွင်းကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စာရင်းပေးသွင်းရန် - https://forms.gle/HW7ME7wDimJsAV977

နေ့ရက် - ၁၀ သြဂုတ်လ ၂၀၂၅ ခုနှစ် (တနင်္ဂနွေနေ့)
အချိန် - မနက် ၁၀:၃၀ - ၁၂:၀၀ (မြန်မာစံတော်ချိန်)
‌နေရာ - Zoom Application

Dr. Kyaw Wai Aung ၏ အတန်းအား ဝင်ကြေး (အခမဲ့) ဖြင့် တက်ရောက်နိုင်ပါသည်။



Address

Yangon
11111

Alerts

Be the first to know and let us send you an email when Serenity Counseling & Mental Health Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram