Royal Maungmakan General Hospital

Royal Maungmakan General Hospital We Take Care Of Your Health

29/12/2025

‎မကြာခင်မှာ 𝗡𝗲𝘄 𝗬𝗲𝗮𝗿 ကာလကို ရောက်ရှိလာတော့မှာမို့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြတဲ့ လူကြီးမင်းတို့အတွက် -

‎" ပျော်လည်းပျော် ၊ ကျန်းမာရေးလည်း မထိခိုက်ရလေအောင် " ကျွန်တော်တို့ရဲ့ 𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကုဆေးရုံကြီးက နည်းနည်းလောက် " မှာတမ်း " ခြွေလိုက်ပါတယ်ဗျို့ 🥰

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383

‎📍 Google Map
https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး

‎ #မှာတမ်း

‎" ယနေ့ ဒီဇင်ဘာ ( 25 ) ရက်နေ့မှာ ကျရောက်တဲ့ ခရစ္စမတ်အခါကာလမှာ မြန်မာပြည်သူအပေါင်း ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှစ်ဖြာ ရ...
25/12/2025

‎" ယနေ့ ဒီဇင်ဘာ ( 25 ) ရက်နေ့မှာ ကျရောက်တဲ့ ခရစ္စမတ်အခါကာလမှာ မြန်မာပြည်သူအပေါင်း ကျန်းမာ ချမ်းသာပြီး ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းကြပါစေ ၊ ကံကောင်းခြင်းတွေသာ ပိုင်ဆိုင်ကြပါစေ "

‎𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကု ဆေးရုံကြီးကနေ ခရစ္စမတ်ဆုတောင်း မေတ္တာ ပို့သ လိုက်ပါတယ်ခင်ဗျာ 😇

‎ ောင်းမကန်အထူးကုဆေးရုံ



ပန်းနာရင်ကြပ်ရောဂါ (𝐀𝐬𝐭𝐡𝐦𝐚) ဆိုတာကတော့‎အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေ...
20/12/2025

ပန်းနာရင်ကြပ်ရောဂါ (𝐀𝐬𝐭𝐡𝐦𝐚) ဆိုတာကတော့
‎အသက်ရှူလမ်းကြောင်းဆိုင်ရာ နာတာရှည် ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာတစ်ဝန်းရှိ လူသန်းပေါင်းများစွာကို သက်ရောက်စေလျက် ရှိပါတယ် 🙁

‎ရောဂါကို ကောင်းစွာ ထိန်းချုပ်ထားနိုင်ပါက ပုံမှန်လူနေမှုပုံစံအတိုင်း လှုပ်ရှား နေထိုင်နိုင်သလို ဂရုမစိုက်ဘဲ လျစ်လျူရှုပါက အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါတယ် 💥

‎ဒီနေ့မှာတော့ ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးကနေ ပန်းနာရင်ကြပ်ရောဂါနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ​တွေကို မျှဝေပေးသွားပါမယ်နော် 😍

‎​ပန်းနာရင်ကြပ်ရောဂါ (𝐀𝐬𝐭𝐡𝐦𝐚) ဆိုတာ အဆုတ်အတွင်းမှာ လေပြွန်များ ရောင်ရမ်းကျဉ်းမြောင်းနေခြင်းနဲ့ အချွဲများ ပိုမိုထွက်ရှိခြင်းတွေကြောင့် အသက်ရှူရ ခက်ခဲစေတဲ့ အခြေအနေကို ခေါ်ဆိုတာဖြစ်ပြီး အချိန် အတိုင်းအတာတစ်ခုအထိကို ကောင်းသွားလိုက်၊ ပိုဆိုးလာလိုက် ဖြစ်နေတတ်တဲ့ နာတာရှည်ရောဂါ ဖြစ်ပါတယ် ။

‎ပန်းနာရင်ကြပ်ရောဂါ ဖြစ်လာပြီဆိုရင် အောက်ပါ လက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ် 👇

‎▶ ​ရင်ဘတ်အောင့်ခြင်း သို့မဟုတ် တင်းကျပ်ခြင်း

‎▶​ အသက်ရှူစဉ်နေမှာ တရွှီရွှီမြည်သံ ထွက်ခြင်း ( အထူးသဖြင့် ကလေးငယ်များမှာ ဖြစ်လေ့ရှိပါတယ် )

‎▶ ​အသက်ရှူမဝခြင်း သို့မဟုတ် မောပန်းခြင်း

‎▶ ​ချောင်းဆိုးခြင်း ( ညဘက် (သို့) လေ့ကျင့်ခန်းလုပ်ပြီးနောက် ပိုဆိုးတတ်ပါတယ် )

‎​ပန်းနာရင်ကြပ် လက္ခဏာများကို ပိုမိုဆိုးရွားစေနိုင်သော သို့မဟုတ် ရုတ်တရက် ဖြစ်ပွားစေနိုင်သော အကြောင်းအရင်းတွေကတော့ -

‎▶ ​ဓာတ်မတည့်မှု ဖြစ်စေသည့်အရာများ ( ဖုန်မှုန့်၊ မှိုများ၊ အိမ်မွေးတိရစ္ဆာန်အမွေးများ၊ ဝတ်မှုန်များ )

‎▶ ​လေထုညစ်ညမ်းမှုနှင့် အငွေ့များ ( ဆေးလိပ်ငွေ့၊ မီးခိုးငွေ့၊ ဓာတုပစ္စည်းအငွေ့များ၊ လေထုညစ်ညမ်းမှု )

‎▶ ​အအေးမိခြင်း / တုပ်ကွေးရောဂါ ( အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းများ )

‎▶ ​ကိုယ်လက်လှုပ်ရှားမှုများ ( အချို့သူများတွင် အားကစားပြုလုပ်ခြင်းကြောင့် ပန်းနာရင်ကြပ် ဖြစ်တတ်ပါတယ် )

‎▶ ​ရာသီဥတုအပြောင်းအလဲများ ( အေးသောလေ၊ ခြောက်သွေ့သောလေ )

‎▶ ​စိတ်ဖိစီးမှုနှင့် စိတ်ခံစားမှုပြောင်းလဲမှုများ ( စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ပန်းနာရင်ကြပ် ဖြစ်စေပါတယ် )

‎​ပန်းနာရင်ကြပ်ရောဂါ (𝐀𝐬𝐭𝐡𝐦𝐚) ဟာဆို လုံးဝ ပျောက်ကင်းအောင် ကုသလို့မရပေမယ့်လည်း ဆေးဝါးများဖြင့် ထိရောက်စွာ ထိန်းချုပ်ထားနိုင်ပါတယ် ခင်ဗျာ 😇

‎ဒါကြောင့် လူကြီးမင်းတို့အနေနဲ့ ပန်းနာရင်ကြပ် ရောဂါ ခံစားနေရပြီဆိုရင် ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးမှာ -
‎​
‎အသက်ရှူလမ်းကြောင်း အထူးကုဆရာဝန်ကြီးများနဲ့အတူ အသေးစိတ် စစ်ဆေးမှုများ ခံယူပြီး အသက်ရှူလမ်းကြောင်း ကျန်းမာရေးအတွက် လိုအပ်တဲ့ အကြံဉာဏ်နဲ့ ကုသမှုတွေကို ခံယူနိုင်ပါတယ် ခင်ဗျာ 😍

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်

‎☎ 09 405 333 383

‎📍 Google Map

https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး

‎ #ပန်းနာရင်ကြပ်

လူကြီးမင်းတို့အနေနဲ့ လက်တလော ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဒီပိုစ့်လေးအောက်မှာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မန့်ရင်း အဖြေရှာလို့ ရပြီနော်...
17/12/2025

လူကြီးမင်းတို့အနေနဲ့ လက်တလော ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကို ဒီပိုစ့်လေးအောက်မှာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မန့်ရင်း အဖြေရှာလို့ ရပြီနော် 🥰

‎လူကြီးမင်းတို့ ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လို ဝေဒနာတွေကို ခံစားနေရလဲ..

‎ဘယ်လို ကျန်းမာရေး စောင့်ရှောက်မှုတွေ ခံယူသင့်လဲ...

‎ဘယ်လို ဂရုစိုက်မှုတွေနဲ့ ဆောင်ရန် / ရှောင်ရန်တွေကို လိုက်နာသင့်လဲ...

‎..စတဲ့ ကျန်းမာရေးဆိုင်ရာ မေးခွန်းတွေကို မေးလို့ရပြီး 𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကု ဆေးရုံကနေ " မေးသူ " တစ်ယောက်ချင်းစီတိုင်းကို 𝐑𝐞𝐩𝐥𝐲 လုပ်ရင်း အဖြေရှာပေးသွားမှာပါ 🥰

‎ဒီတော့ ကိုယ့်ကြုံနေရတဲ့ ကျန်းမာရေး ပြဿနာတွေကိုအဖြေရှာဖို့ အခုပဲ ဒီပိုစ့်လေး အောက်မှာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မန့်လိုက်ပါ ခင်ဗျာ 😍

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်

‎☎ 09 405 333 383

‎📍 Google Map

https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး

‎ #ကျန်းမာရေးပြဿနာ #အဖြေရှာ

ကိုယ်ဝန်ဆောင်ချိန်က မိခင်လောင်းတို့အတွက် အာဟာရကို အထူးဂရုစိုက်ရမယ့် အချိန်ဆိုပေမယ့်လည်း ရိုးရာအယူအဆတွေ ၊ နားလည်မှုလွဲမှု...
15/12/2025

ကိုယ်ဝန်ဆောင်ချိန်က မိခင်လောင်းတို့အတွက် အာဟာရကို အထူးဂရုစိုက်ရမယ့် အချိန်ဆိုပေမယ့်လည်း ရိုးရာအယူအဆတွေ ၊ နားလည်မှုလွဲမှုတွေကြောင့် အရေးကြီးတဲ့ အာဟာရဓာတ်တွေကို လျစ်လျူရှုမိခြင်း၊ ရှောင်ကြဉ်မိခြင်းတွေ ရှိတတ်ပါတယ် 😇

‎ဒါကြောင့် ​ကျွန်တော်တို့ရဲ့ 𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကုဆေးရုံကြီးကနေ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အစားအသောက်ပိုင်းမှာ အမှတ်မှားနေတာတွေနဲ့ ပတ်သက်ပြီး ရှင်းလင်း ပြောပြပေးပါမယ် ခင်ဗျာ 🥰

‎​❌ "နှစ်ယောက်စာ စားရမယ်" ဆိုတဲ့ အယူအဆအမှား

‎ကိုယ်ဝန် ပထမ ( ၃ ) လတာ ကာလအတွင်းမှာ ပိုပြီး စားသုံးဖို့ လိုအပ်တဲ့ ကယ်လိုရီ ပမာဏက မရှိသလောက်ပါပဲ ။ နောက်ပိုင်း ကာလတွေမှာဆိုရင်လည်း တစ်နေ့ကို နောက်ထပ် ကယ်လိုရီနည်း နည်းသာ ပိုစားဖို့လိုပါတယ် ။

‎ဒီတော့ နှစ်ဆစားဖို့ မလိုအပ်ဘဲ အာဟာရပြည့်ဝပြီး အရည်အသွေး ကောင်းတဲ့ အစားအစာတွေကိုသာ လုံလောက်အောင် ရွေးချယ်စားသုံးကြဖို့ ပိုအရေးကြီးပါတယ် ။ လိုအပ်တာထက် ပိုမိုစားတာက ကိုယ်အလေးချိန် လွန်ကဲစွာ တက်လာစေပြီး ကိုယ်ဝန်ဆောင်ချိန်မှာ " ဆီးချို၊ သွေးတိုး " စတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ် ။

‎​❌ " အချို့သော အသီးအနှံ၊ ဟင်းသီးဟင်းရွက်တွေကို ရှောင်ရမယ် " ဆိုတဲ့ အယူအဆမှား

‎" ငှက်ပျောသီးစားရင် ကလေးကြီးထွားလွန်းပြီး မွေးရခက်မယ်၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်နဲ့ အချို့အသီးအနှံများ ( သင်္ဘောသီးအစိမ်း ၊ နာနတ်သီး ) စားလျှင် ကလေးပျက်ကျနိုင်တယ် ၊ အအေးမိနိုင်တယ် " စတဲ့ အယူအဆမျိုးတွေကလည်း မှားယွင်းပါတယ် ။

‎​ကျန်းမာရေးနှင့် ညီညွတ်တဲ့ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံ အမျိုးမျိုးကို စားသုံးမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်နဲ့ ကလေးငယ်အတွက် အလွန်အရေးကြီးဆဲ့ ဗီတာမင်ဓာတ် သတ္တုဓာတ်နဲ့ အမျှင်ဓာတ်တို့ကို ရရှိစေပါတယ် ။

‎ငှက်ပျောသီး၊ ပဲအမျိုးမျိုးတို့မှာဆို ကယ်လ်ဆီယမ်၊ ပရိုတင်းနှင့် သံဓာတ်တို့ ပါဝင်တာကြောင့် လိုအပ်ပါက စားသုံးသင့်ပါတယ် ။ ဒါပေမယ့် သင်္ဘောသီးအစိမ်းမှညတော့ Oxytocin လိုမျိုး သားအိမ်ကျုံ့စေနိုင်တဲ့ Papain ဓာတ် ပါဝင်နိုင်လို့ သတိထားသင့်ပြီး၊ အခြားသော ရင့်မှည့်နေတဲ့ အသီးအနှံများ ကိုတော့ မျှမျှတတ စားသုံးနိုင်တယ်လို့ ကျန်းမာရေး လမ်းညွှန်ချက်တွေမှာ ဖော်ပြထားပါတယ် ။

‎❌ " ဆားအငန်ဓာတ်နဲ့ အဆီဓာတ်ကို လုံးဝဖြတ်တောက်ရမယ် " ဆိုတဲ့ အယူအဆမှား

‎ဆား၊ အဆီ၊ အချိုဓာတ် လွန်ကဲတဲ့ အစားအစာတွေကို ကန့်သတ် စားသုံးသင့်တယ်ဆိုပေမယ့် လုံးဝဖြတ်တောက်ဖို့​အထိတော့ မလိုအပ်ပါဘူး ။ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ Omega - 3 Fatty Acids ( ဥပမာ- ဆယ်လ်မွန်ငါး၊ ဥများ ) ကဲ့သို့ အဆီဓာတ်တွေ ၊ အိုင်အိုဒင်းဆားပါဝင်တဲ့ သတ္တုဓာတ်တွေကို မျှတစွာ စားသုံးဖို့ လိုအပ်ပါတယ် ။

‎ဆားများလွန်းတဲ့ အစားအစာတွေက သွေးတိုးကို ဖြစ်စေနိုင်လို့ အလွန်အကျွံ မစားသုံးမိစေဖို့တော့ ဂရုစိုက်ရပါမယ် ။

‎ဒီလောက်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အစားအသောက်ပိုင်းဆိုင်ရာ အယူအဆမှားတွေကို သိသွားလောက်ပြီ ထင်ပါတယ်နော် 🥰

‎ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိတို့ ရင်သွေးငယ်လေးတွေကို ရိုးရိုးမွေးဖို့ပဲ ဖြစ်ဖြစ် ၊ ခွဲမွေးဖို့ပဲဖြစ်ဖြစ် 𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကုဆေးရုံကြီးမှာ -

‎မီးဖွား 𝐏𝐚𝐜𝐤𝐚𝐠𝐞 တွေဝယ်ယူပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေနဲ့အတူ မီးဖွားနိုင်ပြီဖြစ်ကြောင်းသတင်းကောင်း ပါးလိုက်ရပါတယ်ခင်ဗျာ 😍

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်

‎☎ 09 405 333 383

‎📍 Google Map

https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး
‎ #မီးဖွားPackage #အယူအဆမှား
‎ #ကိုယ်ဝန်ဆောင်

ဒီနေ့ ဒီဇင်ဘာလ ( ၁၂ ) ရက်နေ့ဟာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ များစွာသော ပြည်သူပြည်သားတွေအတွက် - ‎‎အရည်အသွေးမြင့်ပြီး တတ်နိ...
12/12/2025

ဒီနေ့ ဒီဇင်ဘာလ ( ၁၂ ) ရက်နေ့ဟာဆိုရင် တစ်ကမ္ဘာလုံးမှာရှိတဲ့ များစွာသော ပြည်သူပြည်သားတွေအတွက် -

‎အရည်အသွေးမြင့်ပြီး တတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရရှိစေဖို့ တိုက်တွန်းနှိုးဆော်တဲ့ " အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေးနေ့ / 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐯𝐞𝐫𝐚𝐠𝐞 𝐃𝐚𝐲 " ဖြစ်ပါတယ် 🤗

‎​𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐯𝐞𝐫𝐚𝐠𝐞 ဆိုတာ ​လူတိုင်း / နေရာတိုင်းမှာ လိုအပ်တဲ့ အရည်အသွေးပြည့်ဝသော ကျန်းမာရေး ဝန်ဆောင်မှုများကို ငွေကြေးအခက်အခဲ မရှိစေဘဲနဲ့ ရယူနိုင်ခြင်းကို ဆိုလိုပါတယ် ခင်ဗျာ 🥰

‎​ကျန်းမာရေးစောင့်ရှောက်မှု ကုန်ကျစရိတ် မြင့်မားမှုကြောင့် လူမှုအသိုက်အဝန်းများ ဆင်းရဲမွဲတေမှု ၊ ပညာရေး၊ စားနပ်ရိက္ခာနှင့် အခြားသော အခြေခံလိုအပ်ချက်များ ပျက်ပြားမှုတို့ကို မဖြစ်စေဖို့ ရည်ရွယ်ပြီး ဒီနေ့လေးကို သတ်မှတ်ခဲ့တာပဲ ဖြစ်ပါတယ်နော် 📃

‎ကျွန်တော်တို့ရဲ့ 𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကု ဆေးရုံကြီးဟာဆိုရင်လည်း ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေးရဲ့ အရေးပါမှုကို နားလည်ပြီး မိမိတို့ရဲ့ ဆောင်ရွက်နိုင်တဲ့ ကဏ္ဍမှ အစွမ်းကုန် ပံ့ပိုးလျက်ရှိပါတယ်ခင်ဗျာ 😍

‎𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကု ဆေးရုံကြီးဟာဆိုရင် -

‎▶ အဆင့်မြင့် နည်းပညာ ၊ ခေတ်မီစက်ပစ္စည်းများနှင့် အတွေ့အကြုံရင့် အထူးကုဆရာဝန်ကြီးများဖြင့် ပြည်သူလူထုအား အကောင်းဆုံးသော ကျန်းမာရေး စောင့်ရှောက်မှုများကို ပေးအပ်ရန် အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်နေခြင်း

‎​▶ ကြိုတင်ကာကွယ်ခြင်းသည် အကောင်းဆုံး ကုသမှုဖြစ်သောကြောင့် ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးမှုများကိုလည်း အခါအားလျော်စွာ မျှဝေပေးလျက်ရှိခြင်း

‎​▶ လူနာရှင်များ စိတ်ပူပန်မှု လျော့ကျစေရေးအတွက် တတ်နိုင်တဲ့ ဝန်ဆောင်မှုစရိတ်များဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်အောင် အစဥ်အမြဲ အလေးထား ဆောင်ရွက်နေခြင်း

‎..စတဲ့ လုပ်ဆောင်ချက်တွေနဲ့အတူ လူသားတိုင်း ကျန်းမာရေးကောင်းမွန်ပြီး၊ ဘဝလုံခြုံမှုရှိစေရန် ရည်ရွယ်ရင်း အကောင်းဆုံး ဝန်ဆောင်မှုတွေကို ပုံမှန်ပေးနေပါတယ် ခင်ဗျာ 😇

‎​ဒါကြောင့် ဒီနေ့မှာ ကျရောက်တဲ့ 𝐈𝐧𝐭𝐞𝐫𝐧𝐚𝐭𝐢𝐨𝐧𝐚𝐥 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐚𝐥 𝐇𝐞𝐚𝐥𝐭𝐡 𝐂𝐨𝐯𝐞𝐫𝐚𝐠𝐞 𝐃𝐚𝐲 မှာ ပြည်သူ ၊ ပြည်သားအပေါင်း ကျန်းမာရေးကောင်းမွန်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း -

‎ကျန်းမာရေး စောင့်ရှောက်မှုလိုအပ်လာတိုင်းမှာလည်း ကျွန်တော်တို့ 𝗥𝗼𝘆𝗮𝗹 မောင်းမကန် အထူးကု ဆေးရုံကြီးကို အရောက်လာခဲ့ဖို့ တိုက်တွန်း လိုက်ရပါတယ်ခင်ဗျာ 😍

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်

‎☎ 09 405 333 383

‎📍 Google Map

https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး

‎ #ကျန်းမာရေးစောင့်ရှောက်မှု

02/12/2025

📢 တောင်ဒဂုံမြို့နယ်အတွင်းရှိ
Royal မောင်းမကန် အထူးကုဆေးရုံတွင်
တာဝန်ထမ်းဆောင်ရန်အတွက် အောက်ဖော်ပြပါ ဝန်ထမ်းများ အလိုရှိသည်။

၁။💰 Cashier (၂) ဦး

-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းကိစ္စကင်းရှင်းသူ
-စေ့စပ်သေချာပြီး ငွေစာရင်းကိုတိကျစွာ ကိုင်တွယ်နိုင်သူ
-စကားပြောချိုသာ၍ ရင်းနှီးဖော်ရွေသောအပြုံးဖြင့် Customer service ပေးနိုင်သူ
-ဆေးရုံ၊ ဆေးခန်းတစ်ခုခုတွင် cashier လုပ်ကိုင်ဖူးသူ ဖြစ်ပါက ဦးစားပေးမည်။

၂။ ခွဲခန်းသူနာပြုအကူ (၅)ဦး

- သူနာပြုအကူ သင်တန်းဆင်းလက်မှတ်ရှိရမည်။
-ခွဲစိတ်ခန်း အတွေ့အကြုံ ရှိသူ
(သို့) အတွေ့အကြုံ မရှိသော်လည်းစိတ်၀င်စားသူများလည်း လျောက်ထားနိုင်သည်။
- ဆေးရုံ၊ဆေးခန်း၊ဆေးဆိုင် တစ်ခုခုတွင် လုပ်သက်ရှိသူ ဦးစားပေးမည်။

၃။ 👷 အထွေထွေလုပ်သား ကျား/မ (၂) ဦး

-အသက် ၁၈နှစ်မှ ၆၅နှစ်အတွင်းဖြစ်ရမည်။
-ကျန်းမာသန်စွမ်းသူ ဖြစ်ရမည်။
-အလုပ်ချိန်အတွင်း အသောက်စား ကင်းရမည်။

၄။ Office Staff (၂) ဦး

-တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရပြီးသူ (သို့) တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းကိစ္စကင်းရှင်းသူ
-စေ့စပ်သေချာပြီး စာရင်းကိုတိကျစွာ ကိုင်တွယ်နိုင်သူ
- Excel, Microsoft, Google နှင့် တခြား software များအားအသုံးပြုနိုင်ရမည်။
-အသင်းအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ရမည်။

💡 အဖွဲ့အစည်းနှင့်ပူးပေါင်းဆောင်ရွက်နိုင်ပြီး သင်ယူချင်စိတ်ရှိသူဖြစ်ရပါမည်။

လျှောက်ထားလိုပါက...
📍အမှတ် (၉၃၈)၊ မောင်းမကန်ကမ်းသာလမ်း၊ ၁၉ရပ်ကွက်၊ ၁၈ ကွေ့ မှတ်တိုင်အနီး ၊ ဒဂုံမြို့သစ်တောင်ပိုင်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။
09762152024 ( Viber ) နှင့်
📩page messenger မှလည်း တိုက်ရိုက်ပေးပို့ လျှောက်ထားနိုင်ပါသည်။

‎🤝 𝐓𝐨𝐝𝐚𝐲 𝐢𝐬 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 🤝‎‎ယနေ့ ဒီဇင်ဘာလ ( 1 ) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 - ( ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက...
01/12/2025

‎🤝 𝐓𝐨𝐝𝐚𝐲 𝐢𝐬 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 🤝

‎ယနေ့ ဒီဇင်ဘာလ ( 1 ) ရက်နေ့မှာ ကျရောက်တဲ့ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 - ( ကမ္ဘာ့ ခုခံအား ကျဆင်းမှု ကူးစက်ရောဂါ တိုက်ဖျက်ရေးနေ့ ) လေးဟာဆိုရင်တော့ -

‎𝗛𝗜𝗩 ပိုးကူးစက်ခံရသူများကို အောက်မေ့သတိရပြီး 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ကူးစက်ပြန့်ပွားမှုကို တိုက်ဖျက်နိုင်ဖို့ ကမ္ဘာတစ်ဝှမ်းက လူအများစုစည်းညီညွတ်စွာ လှုပ်ရှားမှုတွေ ပြုလုပ်ကြတဲ့နေ့လေး တစ်နေ့ပဲ ဖြစ်ပါတယ် 😇

‎𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ကို 𝐖𝐇𝐎 နဲ့ 𝐔𝐍𝐀𝐈𝐃𝐒 တို့က ဦးဆောင်ကျင်းပခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ 𝐔𝐍𝐀𝐈𝐃𝐒 က ကမကထပြုမှုတာဝန်ကို လွှဲပြောင်းယူခဲ့ရင်း နှစ်စဉ် ဆောင်ပုဒ်များ သတ်မှတ်ကာ ကမ္ဘာတစ်ဝှမ်း စည်းလုံးညီညွတ်စွာ ဆောင်ရွက်နိုင်စေရေး စီစဉ်ပေးခဲ့ပါတယ် 🥰

‎𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကို လူအများသိရှိစေဖို့အတွက် ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက ပြန်လည်မျှဝေလိုက်ပါတယ် ခင်ဗျာ 🖐

‎💥 အောက်မေ့ခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါကြောင် ကွယ်လွန်သွားသူများအား အောက်မေ့ သတိရခြင်း ။

‎💥 သတိပြုရန် - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါတွေက လူ့အသိုင်းအဝိုင်းအတွင်းမှာ တည်ရှိနေဆဲ ဆိုတာကို သတိပေးခြင်း ။

‎💥 ပညာပေးခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ရောဂါ ကူးစက်ပုံ၊ ကာကွယ်နည်း ၊ ကုသရေးဆိုင်ရာ ပညာပေးခြင်း ။

‎💥 သုံးသပ်ခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ဆိုင်ရာ မူဝါဒများ၊ ရန်ပုံငွေများ လုံလောက်မှုရှိမရှိ သုံးသပ်ခြင်း ။

‎💥 ခွဲခြားဆက်ဆံမှုကို တိုက်ဖျက်ခြင်း - 𝐇𝐈𝐕/𝐀𝐈𝐃𝐒 ပိုး ရှိသူများအပေါ် ခွဲခြားဆက်ဆံမူ များ ပပျောက်စေရန် ။

‎စတဲ့ ရည်ရွယ်ချက်တွေနဲ့ 𝐖𝐨𝐫𝐥𝐝 𝐀𝐈𝐃𝐒 𝐃𝐚𝐲 ကို သတ်မှတ်ထားတာမို့ လူသားအားဆုံး ခွဲခြားမှုမရှိဘဲ အားလုံးပူးပေါင်းပါ၀င်ရင်း ကျန်းမာ ပျော်ရွှင် အေးချမ်းသော နေထိုင်မူ ပုံစံတွေကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း -

‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးမှ ဆုတောင်း ဆန္ဒပြုလိုက် ရပါတယ်ခင်ဗျာ 🙏



‎ #ကမ္ဘာ့ခုခံအားကျဆင်းမှုရောဂါတိုက်ဖျက်ရေး

နွေရာသီပဲဖြစ်ဖြစ်၊ နေရောင်ခြည် ပြင်းထန်တဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အသားအရေကို ဂ...
24/11/2025

နွေရာသီပဲဖြစ်ဖြစ်၊ နေရောင်ခြည် ပြင်းထန်တဲ့ အချိန်မျိုးမှာပဲဖြစ်ဖြစ် အပြင်ထွက်တဲ့အခါ ကိုယ့်ရဲ့ ကျန်းမာရေးနဲ့ အသားအရေကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ် 💯

‎ဒီတော့ အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်မှု မဖြစ်ရအောင် သတိထားသင့်တဲ့ အချက်လေးတွေကို ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက မျှဝေပေးသွားပါမယ်နော် 💁🏻

‎​🧴 နေရောင်ကာခရင်မ် ( Sunscreen ) မဖြစ်မနေ လိမ်းပါ

‎အပြင်မထွက်ခင်မှာ SPF 30 နှင့်အထက် ရှိတဲ့ နေရောင်ကာခရင်မ်ကို ခန္ဓာကိုယ်ရဲ့ နေရောင်ထိတွေ့နိုင်တဲ့ နေရာတွေအားလုံး ( မျက်နှာ၊ လက် ၊ လည်ပင်း၊ ခြေထောက်) မှာ လိမ်းပြီးမှ ထွက်သင့်ပါတယ် ။ နေရောင်ကာခရင်မ်က အရေပြားကင်ဆာနဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ပေးပါတယ် ။
‎​
‎💧 ရေဓာတ်ပြည့်ဝအောင် ဂရုစိုက်ပါ

‎နေပူထဲမှာ လှုပ်ရှားသွားလာတဲ့အခါ ချွေးထွက်များပြီး ရေဓာတ်ဆုံးရှုံးလွယ်ပါတယ် ။ ရေ သို့မဟုတ် Electrolyte ပါဝင်သော အချိုရည်များ ကို အပြင်မထွက်ခင်၊ အပြင်သွားနေစဉ်နဲ့ ပြန်လာပြီးနောက် ပုံမှန်သောက်ပေးပါ။ ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည် ( သို့ ) အရက်ကို အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ၊ ၎င်းတို့က ရေဓာတ် ပိုမိုဆုံးရှုံးစေနိုင်ပါတယ် ။
‎​
‎🧢 အကာအကွယ်ပစ္စည်းများ အသုံးပြုပါ

‎ဦးရေပြားနဲ့ မျက်နှာကို နေရောင်ခြည် တိုက်ရိုက်မထိအောင် ဦးထုပ် (သို့မဟုတ်) ထီး ဆောင်းပါ။ မျက်လုံးကို ကာကွယ်ဖို့ နေကာမျက်မှန် (UV Protection ပါသော) တပ်ပါ။ ပူအိုက်မှုကို လျှော့ချဖို့အတွက် အရောင်ဖျော့ပြီး ချောင်ချိတဲ့ အဝတ်အစားတွေ၊ နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်တဲ့ လက်ရှည်၊ ဘောင်းဘီရှည်တို့ကို ဝတ်ဆင်သင့်ပါတယ် ။

‎​🕛 အပူချိန် အမြင့်ဆုံးအချိန်ကို ရှောင်ပါ

‎​နေရောင်ခြည် အပြင်းထန်ဆုံးဖြစ်တဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီ အတွင်း အပြင်ထွက်တာကို တတ်နိုင်သမျှ ရှောင်ရပါမယ် ။ မလွှဲမရှောင်သာ ထွက်ရမယ်ဆို အရိပ်ရတဲ့နေရာတွေမှာ ခဏတာ နားနားနေနေ သွားလာပါ။

‎​⚠️ အပူဒဏ်လွန်ကဲမှု လက္ခဏာများကို သတိပြုပါ

‎ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ ပျို့အန်ချင်စိတ်ဖြစ်ခြင်း၊ အလွန်အမင်း ချွေးထွက်ခြင်း သို့မဟုတ် ချွေးလုံးဝမထွက်ဘဲ ကိုယ်ပူချိန်တက်လာခြင်း စတဲ့ လက္ခဏာတွေဟာ အပူဒဏ်ကြောင့် ကျန်းမာရေး ထိခိုက်နိုင်တဲ့ လက္ခဏာတွေဖြစ်တာမို့လို့ သတိထားရှောင်ကြဥ်သင့်ပါတယ် ။

‎လက်ရှိကာလက နေအလွန်ပူပြင်းတဲ့ ရာသီဥတု ဖြစ်တာမို့လို့ အပြင်သွားလာတဲ့အခါ ဒီအချက်လေးတွေကို ဂရုစိုက်သင့်ကြောင်း ကျွန်တော်တို့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန်က သတိပေးလိုက်ရပါတယ်ခင်ဗျာ 🤗

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383

‎📍 Google Map
https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး




💥 မဖြစ်မနေ ထိန်းသိမ်းရတော့မယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး 💥‎‎ဒီခေါင်းစဥ်လေးကို မြင်မြင်ချင်းမှာဆို သဘာဝ ပတ်ဝန်းကျင် ...
21/11/2025

💥 မဖြစ်မနေ ထိန်းသိမ်းရတော့မယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ ကျန်းမာရေး 💥

‎ဒီခေါင်းစဥ်လေးကို မြင်မြင်ချင်းမှာဆို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းတာနဲ့ ကျန်းမာရေးက ဘယ်လို ဆက်စပ်တာလဲဆိုတဲ့ အတွေးမျိုး ဝင်လာနိုင်ပါတယ်နော် 🤔

‎ဒါကြောင့် ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကုဆေးရုံကြီးက သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနဲ့ ကျန်းမာရေးရဲ့ ဆက်စပ်ပုံကို ဒီပိုစ့်လေးနဲ့အတူ ရှင်းပြပေးသွားပါမယ်ခင်ဗျာ 💁🏻

‎သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဟာဆိုရင် ကျွန်တော်တို့ ကမ္ဘာမြေကြီးအတွက်သာမကဘဲ လူသားတိုင်းရဲ့ ကျန်းမာပျော်ရွှင်သော ဘဝတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ အခန်းကဏ္ဍတစ်ခု ဖြစ်ပြီးတော့ သန့်ရှင်းမှုရှိနေတဲ့ ပတ်ဝန်းကျင်က ကျန်းမာတဲ့ဘဝကို ပိုမို ပိုင်ဆိုင်စေပါတယ် 😇

‎​💥 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းသင့်သော အဓိကအချက်များ

‎​သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းတာက ကမ္ဘာကြီးအတွက်သာမက လူသားတွေရဲ့ နေ့စဉ်ဘဝအတွက်ပါ အကျိုးကျေးဇူးများစွာကို ယူဆောင်လာစေပါတယ် 🤗

‎▶ ​သယံဇာတ ထိန်းသိမ်းရေး

‎သစ်တော၊ ရေ၊ လေ၊ ဓာတ်သတ္တု .....အစရှိတဲ့ သယံဇာတတွေက ကုန်ဆုံးနိုင်တာမို့ နောင်လာနောက်သားတွေအတွက် ရေရှည်တည်တံ့စေရန် ထိန်းသိမ်းရပါမယ် ။

‎▶ ​ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး

‎သစ်ပင်များ စိုက်ပျိုးခြင်း၊ စွမ်းအင် ချွေတာခြင်းဟာဆို ကမ္ဘာကြီး ပူနွေးလာမှုနှင့် ရာသီဥတု ဖောက်ပြန်မှုများကို ဟန့်တားနိုင်ပါတယ် ။

‎▶ ​ဇီဝမျိုးကွဲ ထိန်းသိမ်းရေး

‎သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းက သက်ရှိမျိုးစိတ်ပေါင်းစုံရဲ့ နေထိုင်ရာများကို ကာကွယ်ပေးနိုင်ပြီး ဂေဟစနစ် မျှတမှုကို ထိန်းသိမ်းနိုင်ပါတယ် ။

‎▶ ​ညစ်ညမ်းမှု လျှော့ချရေး

‎ရေ၊ လေနှင့် မြေဆီလွှာတို့ ထိန်းသိမ်းနိုင်မယ်ဆိုရင် ညစ်ညမ်းမှုကို လျှော့ချနိုင်ပြီး ပတ်ဝန်းကျင်ကို သန့်ရှင်းစေနိုင်ပါတယ် ။

‎​💥 သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းတွေကဲ ကျန်းမာရေးကို ဘယ်လို အထောက်အကူပြုစေလဲ 🤔

‎​သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ကိုယ့်ရဲ့ ကျန်းမာရေးက တစ်ခုနဲ့တစ်ခု အပြန်အလှန် ဆက်စပ်နေတဲ့အရာတွေ ဖြစ်ပါတယ် ။ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်က လူသားတွေရဲ့ ကျန်းမာရေးကို နည်းလမ်းများစွာဖြင့် တိုက်ရိုက် ပံ့ပိုးပေးနိုင်ပါတယ် 🤗

‎​▶ လေထုအရည်အသွေး ကောင်းမွန်စေခြင်း

‎​သစ်ပင်စိုက်ပျိုးခြင်းနဲ့ စက်မှုလုပ်ငန်းတွေကနေ ထွက်တဲ့ ညစ်ညမ်းမှုများကို ထိန်းချုပ်နိုင်ခြင်းက လေထုကို သန့်စင်စေတာကြောင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ (ဥပမာ- ပန်းနာရင်ကျပ်၊ အဆုတ်ရောင်) နဲ့ နှလုံးရောဂါ ဖြစ်ပွားမှုနှုန်းကို သိသာစွာ လျှော့ချပေးနိုင်ပါတယ် ။

‎​▶ သန့်ရှင်းတဲ့ ရေနဲ့ အစားအစာ ရရှိစေခြင်း

‎​မြစ်ချောင်းများ၊ ရေအရင်းအမြစ်များကို ကာကွယ်ထိန်းသိမ်းခြင်းက သောက်သုံးရေ သန့်ရှင်းမှုကို ရရှိစေနိုင်ပြီး ဝမ်းပျက်ဝမ်းလျှောရောဂါများ ၊ ကာလဝမ်း၊ အသည်းရောင်အသားဝါ စတဲ့ ရေမှတစ်ဆင့် ကူးစက်သောရောဂါများ ကို ကာကွယ်ပေးနိုင်ပါတယ် ။

‎​▶ စိတ်ကျန်းမာရေးနဲ့ စိတ်သက်သာရာရစေခြင်း

‎​သစ်တောများ၊ ပန်းခြံများ စတဲ့ စိမ်းလန်းသော နေရာများ ကို ထိန်းသိမ်းထားခြင်းက လူသားတွေအတွက် စိတ်ဖိစီးမှုများ လျော့ကျခြင်း၊ စိတ်ဓာတ်ကျခြင်းမှ ကာကွယ်ပေးခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ငြိမ်းချမ်းမှုနှင့် ရွှင်လန်းတက်ကြွမှု ကို ပိုမိုရရှိစေပါတယ် ။

‎​▶ ရောဂါကူးစက်မှု အန္တရာယ် လျှော့ချခြင်း

‎​သစ်တောပြုန်းတီးမှုနဲ့ နေထိုင်ရာဒေသ ပျက်စီးမှုတွေက တိရစ္ဆာန်များမှ လူသို့ ကူးစက်သော ရောဂါများကို ပိုမိုဖြစ်ပွားစေနိုင်ပြီး ကျန်းမာတဲ့ ဂေဟစနစ်က ရောဂါပိုးများ ပြန့်ပွားမှုကို သဘာဝအလျောက် ထိန်းချုပ်ပေးပါတယ် ။

‎ဒါကြောင့် လူသားများရဲ့ ကျန်းမာရေးကို ပိုမိုကောင်းမွန်စေပြီး ကျန်းမာတဲ့ လူမှုဘဝကို ရရှိစေဖို့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေကို ဂရုစိုက်လုပ်ဆောင်သင့်ကြောင်း -

‎ကျွန်တော်တို့ရဲ့ 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက တိုက်တွန်း အကြံပြုလိုက်ရပါတယ် ခင်ဗျာ 😍

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383

‎📍 Google Map
https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး

‎ ‎

17/11/2025

လတ်တလော ရာသီဥတုက အပူရှိန်ပြင်းလွန်းတဲ့ အချိန်တွေကို ဖြတ်သန်းနေရတာမို့
လူကြီးမင်းတို့အနေနဲ့ ရေများများသောက်ဖို့ လိုအပ်ပါတယ် 🤗

‎ရေများများသောက်တဲ့အခါ ရာသီဥတုကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို
ပြန်လည် ဖြည့်တင်းပေးနိုင်သလို

လူခန္ဓာကိုယ်ရဲ့ ကျန်းမာရေးကိုလည်း များစွာ အထောက်အကူ ဖြစ်စေတာကြောင့်...
ဒီလို ရာသီမှာ ရေများများသောက်သင့်ကြောင်း 𝐑𝐨𝐲𝐚𝐥 မောင်းမကန် အထူးကု ဆေးရုံကြီးက
အကြုံပြုလိုက်ရပါတယ် ခင်ဗျာ 😇

‎💟 We Take Care Of Your Health 💟

‎▶ အသေးစိတ်စုံစမ်းရန်နှင့် Booking တင်ရန်
‎☎ 09 405 333 383

‎📍 Google Map
https://maps.app.goo.gl/upTX5Q7aU8bLPjwn6?g_st=iv

‎📌 လိပ်စာ - အမှတ် ( ၉၃၈ ) ၊ မောင်းမကန် ကမ်းသာလမ်း ၊ ( ၁၉ ) ရပ်ကွက် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ရန်ကုန်မြို့ ။

‎ ောင်းမကန်
‎ #အထူးကုဆေးရုံကြီး


‎ #ရေသောက်ခြင်း

Day 6 Medical Cover
16/11/2025

Day 6
Medical Cover

Address

No. 938, Maungmakan Kanthar Street, South Dagon Township
Yangon
11431

Telephone

+959405333383

Website

Alerts

Be the first to know and let us send you an email when Royal Maungmakan General Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Royal Maungmakan General Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram