Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer

  • Home
  • Myanmar
  • Yangon
  • Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer

Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer Glucose Monitoring System

ဆီးချိုသွေးချိုနှင့် အစားအသောက်🍛ဆီးချိုသွေးချိုရောဂါကုသရာတွင် အစားအသောက်၏ ကဏ္ဍသည်လည်း အရေးကြီးပါသည်။ 🍓ဆီးချိုသွေးချိုရော...
13/10/2025

ဆီးချိုသွေးချိုနှင့် အစားအသောက်🍛

ဆီးချိုသွေးချိုရောဂါကုသရာတွင် အစားအသောက်၏ ကဏ္ဍသည်လည်း အရေးကြီးပါသည်။ 🍓

ဆီးချိုသွေးချိုရောဂါရှိသူများ ထမင်းစားရာတွင် ထမင်းပန်းကန်တွင် ကစီဓါတ်(ထမင်း/ခေါက်ဆွဲ) ၂၅%၊ အသားဓါတ် (အသား၊ ပဲ) ၂၅% နှင့် အသီးအရွက် ၅၀% ပြင်ဆင်၍ စားသောက်ပေးသင့်ပါသည်။🍽

ဤနေရာတွင် သကြားဓါတ်ပါဝင်နှုန်း အစာတခုနှင့်တခုမတူကြ၍ မိမိနှင့် သင့်တော်သည့် သန့်ရှင်းကောင်းမွန်သော အစားအသောက်များကို လိုအပ်သလို မျှတအောင် စားသောက်သင့်ပါသည်။👌

အစာစားရာတွင် အချိန်မှန် စားသုံးပေးသင့်သလို၊ ကျန်းမာရေးနှင့် မညီညွတ်သည့် အစားအသောက်များ၊ သကြားဓါတ်များသော အစာများကို ရှောင်ကျဥ်ရမည်ဖြစ်ပါသည်။ ရေကိုလုံလောက်အောင် သောက်ပေးရမည်ဖြစ်သော်လည်း အချိုရည်များကို ရှောင်သင့်ပါသည်။ ☝

သွေးချိုဓါတ်ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေရန် မိမိ၏ သွေးချိုဓါတ်ပမာဏကိုလည်း သွေးချိုတိုင်းကိရိယာဖြင့် ပုံမှန်စစ်ဆေးသင့်ပါသည်။👈

ဆီးချိုသွေးချိုနှင့် သစ်သီးများ 🍎အသီးအရွက်များသည် ကျန်းမာရေးအတွက် အရေးပါပါသည်။ သို့သော်အချို့သော အသီးများသည် သကြားဓါတ်ပိ...
12/10/2025

ဆီးချိုသွေးချိုနှင့် သစ်သီးများ 🍎

အသီးအရွက်များသည် ကျန်းမာရေးအတွက် အရေးပါပါသည်။ သို့သော်အချို့သော အသီးများသည် သကြားဓါတ်ပိုများနေတတ်၍ ဆီးချိုသွေးချိုရောဂါရှိသူများ ဆင်ခြင်စားသောက်သင့်ပါသည်။ ☝

ဤနေရာတွင် သစ်သီးများတွင် သကြားဓါတ်ပါဝင်မှု မတူသည်ကို သတိချပ်သင့်ပါသည်။ အချို့သော သစ်သီးများတွင် သကြားဓါတ်များပြီး၊ အချို့မှာ သကြားဓါတ်အသင့်အတင့်နှင့် အချို့တွင် သကြားဓါတ်ပါဝင်မှု နည်းသည်ကို တွေ့ရပါသည်။👈

ထိုကြောင့် ဆီးချိုသွေးချိုရှိသူများအနေဖြင့် အချိုဓါတ်များသော အသီးများကို လျော့စားရန်၊ အချိုဓါတ် အသင့်အတင့်ပါသော အသီးများကို သင့်တင့်သလောက်သာစားပြီး၊ အချိုဓါတ် နည်းသည့်အသီးများကို ပိုမိုစားသုံးနိုင်ပါသည်။ 👍

ဆီးချိုသွေးချိုရောဂါရှိသူများ အစားအသောက်ကို ဆင်ခြင်စားသောက်ရုံသာမက ဆရာဝန်ညွှန်ကြားချက်အတိုင်း ဆေးသောက်ခြင်းအပြင်၊ လေ့ကျင်ခန်း ပုံမှန်လုပ်ပေးဖို့လည်း အရေးကြီးပါသည်။ မိမိ၏ သွေးချိုဓါတ်ပမာကိုလည်း သွေးချိုတိုင်းစက်ဖြင့် ပုံမှန်တိုင်းတာကြည့်သင့်ပါသည်။ 🩸

ဆီးချိုသွေးချိုနှင့် လေဖြတ်ရောဂါ 💥-----------------------------------------------ဆီးချိုသွေးချိုရောဂါနှင့် လေဖြတ်ရောဂါ ဆ...
11/10/2025

ဆီးချိုသွေးချိုနှင့် လေဖြတ်ရောဂါ 💥
-----------------------------------------------
ဆီးချိုသွေးချိုရောဂါနှင့် လေဖြတ်ရောဂါ ဆက်စပ်မှုရှိသည်။ 🧠

ဆီးချိုသွေးချိုရှိသူများတွင် သွေးများ စေးပျစ်လာပြီး သွေးတိုးရောဂါပါ ဝင်လာတတ်သည့်အတွက် ရေရှည်တွင် သွေးကြောကျဥ်းလာရုံမျှမက၊ သွေးကြောအတွင်း အဆီခဲများလည်း ဖြစ်ပေါ်လာပါသည်။ ယင်းအဆီခဲများ ပြုတ်ထွက်ပြီး ဦးနှောက်အတွင်းရှိသွေးကြောတွင် ပိတ်ဆို့မိပါက လေဖြတ်ရောဂါကို ခံစားရမည် ဖြစ်သည်။⚡

ဆီးချိုသွေးချိုရောဂါရှိပါက လေဖြတ်ရောဂါရောဂါဖြစ်နိုင်ခြေ ၂-၄ဆ ပိုများလာတတ်ပါသည်။ နှလုံးရောဂါလည်း ဖြစ်ပေါ်လာစေနိုင်ပါသည်။ 🛏

ထိုကြောင့် ဆီးချိုသွေးချိုရောဂါကို ဆရာဝန်နှင့် သေချာစွာဆွေးနွေးကုသမှုခံယူရမည်ဖြစ်ပြီး၊ ဆေးဝါးများအပြင်၊ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း အပါအဝင် လူနေမှုပုံစံပြောင်းလဲပြုပြင်ခြင်းတို့ကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။🩺

သွေးချိုဓါတ်ကိုလည်း ပုံမှန်စစ်ဆေးဖို့ လိုအပ်ပါသည်။ i-Sens သည် ကိုရီယားနိုင်ငံရှိ အကြီးမားဆုံး သွေးချိုတိုင်းကိရိယာများ ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်ပါသည်။🇰🇷

ဆီးချိုသွေးချိုနှင့် မျက်စိ----------------------------------ဆီးချိုသွေးချိုကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲပြဿနာတွေမှာ မျက်လ...
10/10/2025

ဆီးချိုသွေးချိုနှင့် မျက်စိ
----------------------------------
ဆီးချိုသွေးချိုကြောင့်ဖြစ်ရတဲ့ နောက်ဆက်တွဲပြဿနာတွေမှာ မျက်လုံးဟာ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။

(၁) အမြင်အာရုံဝေဝါးခြင်း
အမြင်အာရုံဝေဝါးခြင်းကို ခံစားရတဲ့ အခါ အများစုဟာ မျက်စိပါဝါကြောင့်လို့ ထင်တတ်ကြပါတယ်။ ဆီးချိုသွေးချိုရောဂါရှိသူ တစ်ယောက်ဆိုရင်တော့ မျက်မှန်အသစ်ဝယ်ဖို့ စိတ်ကူးမည့်အစား ဆီးချိုဖောက်ကြည့်လိုက်ဖို့ကိုသာ ပိုမို တိုက်တွန်းချင်ပါတယ်။ ဒါဟာ ဆီးချိုတက်နေခြင်း (သို့မဟုတ်) ဆီးချိုကျနေခြင်းတို့ကြောင့် ဖြစ်ရတဲ့ အသေးစား ပြသနာလေးတစ်ခုပါပဲ။ မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူး ယောင်နေခြင်းကြောင့် အမြင်အာရုံကို ဝေဝါးစေတာ ဖြစ်ပါတယ်။ ဒီပြသနာကို ဖြေရှင်းနိုင်ဖို့ကတော့ သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတိုင်းအတာထဲရောက်အောင် ထိန်းထားနိုင်ဖို့လိုပြီး အချိန်ကာလ အားဖြင့် ၃ လ လောက်ထိ ကြာမြင့်နိုင်ပါတယ်။

(၂) တိမ်စွဲခြင်း
မျက်လုံးထဲမှာရှိတဲ့ မှန်ဘီလူးခုံးလေးဟာ မျက်လုံးမြင်စေဖို့နဲ့ ပုံရိပ်တွေပြတ်သားကြည်လင်ဖို့ကို ကင်မရာများကဲ့သို့ လုပ်ဆောင်ပါတယ်။ ကင်မရာမှာ ဖုန်တက်နေသကဲ့သို့ မျက်လုံးထဲရှိ မှန်ဘီလူးခုံးလေးရှေ့မှာ ညစ်ပေသော အရာများ စုဝေးအနည်ထိုင်လာပြီဆိုရင်တော့ တိမ်စွဲတယ်လို့ ဆိုနိုင်ပါတယ်။ ဒါဟာ လူတိုင်းမှာ အသက်အရွယ်အရ ဖြစ်လာနိုင်တဲ့ အရာတစ်ခု ဖြစ်ပြီး ဆီးချိုသမားများမှာတော့ ပိုပြီး စောလျင်စွာနှင့် ပိုမိုဆိုးရွားသော အခြေအနေဖြင့် တွေ့ရနိုင်ပါတယ်။

(၃) အမြင်အာရုံကြော ပျက်စီးခြင်း
ဆီးချိုရောဂါရှင်များဟာ အမြင်အာရုံကြောပျက်စီးခြင်းကို နည်းလမ်းအမျိုးမျိုးဖြင့် ကြုံတွေ့ရနိုင်ပါတယ်။ အများစုဟာ မျက်လုံးထဲမှာရှိတဲ့ အရည်ဖိအားများလာခြင်းဖြင့်မျက်လုံးအတွင်းရှိ သွေးကြောများ နှင့် အာရုံကြောများကို ပျက်စီးစေပါတယ်။

(၄) မျက်ကြည်လွှာပျက်ဆီးခြင်း
မျက်လုံးအတွင်းရှိ သွေးကြောငယ်များ ထိခိုက်ခြင်းဟာ မျက်ကြည်လွှာ ပျက်ဆီးခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါဟာ သွေးတွင်းသကြားဓာတ် မြင့်မားခြင်းကြောင့်ဖြစ်ပြီး စောဦးစွာကုသမှူ မခံယူခဲ့ရင်တော့ အမြင်အာရုံဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။ ဆီးချိုသွေးချိုရောဂါကို ထိန်းချုပ်မှု ကောင်းသည်နှင့်အမျှ မျက်ကြည်လွှာ ဆုံးရှူံးနိုင်ချေကိုလည်း လျှော့ချနိုင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုရလျှင် အမြင်အာရုံဝေဝါးခြင်းဟာ ဆီးချိုကြောင့် မျက်လုံးမှာပြသည့် ကနဦး လက္ခဏာတစ်ခုသာဖြစ်ပြီး၊ ဆီးချိုသွေးချိုရောဂါကို မထိန်းချုပ်နိုင်ပါက အခြားသော နောက်ဆက်တွဲ ထိခိုက်မှုများ ရှိလာနိုင်ပါတယ်။ သို့သော်လည်း ရောဂါ အများစုဟာ အခြေအနေဆိုးရွားမှသာ လက္ခဏာပြလေ့ရှိတတ်တာမို့ မျက်လုံးစစ်ဆေးခြင်းကို ပုံမှန်လုပ်ဆောင်သင့်ပါတယ်။ နှစ်စဉ် မျက်စ်ိပုံမှန်စစ်ဆေးခြင်းဖြင့် ဆေးဝါးများအပါအဝင် လိုအပ်သောကုသမှုများကို စောလျင်စွာရရှိနိုင်ပြီး ဆိုးရွားသော အခြေအနေများကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ဆီးချိုသွေးချိုနှင့် နှလုံးရောဂါ🩸-----------------------------------------ဆီးချိုသွေးချိုရောဂါသည် သွေးကြောများကို ပျက်စီ...
09/10/2025

ဆီးချိုသွေးချိုနှင့် နှလုံးရောဂါ🩸
-----------------------------------------
ဆီးချိုသွေးချိုရောဂါသည် သွေးကြောများကို ပျက်စီးစေသည့်အပြင်၊ နှလုံးရောဂါဖြစ်စေသည့် အခြေခံအကြောင်းများနှင့်လည်း ဆက်စပ်နေခြင်းကြောင့် နှလုံးရောဂါကို ၂-၄ဆ ပိုဖြစ်စေနိုင်ပါသည်။🫀

ထိုကြောင့် ဆီးချိုသွေးချိုမဖြစ်အောင် ကြိုတင်ကာကွယ်ရမည်ဖြစ်သလို၊ ဖြစ်နေပါကလည်း ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကုသပြီး ကောင်းစွာ ထိန်းသိမ်းရမည် ဖြစ်ပါသည်။ သွေးချိုဓါတ်ကိုလည်း ပုံမှန်စစ်ပေးဖို့လိုအပ်ပါသည်။👨‍⚕️

Caresens-N သွေးချိုတိုင်းကိရိယာ ကို Korea နိုင်ငံမှ သွေးချိုတိုင်းကိရိယာများ ထုတ်လုပ်သော အကြီးဆုံးကုမ္ပဏီဖြစ်သည့် i-Sens မှ အဆင့်မြင့်နည်းပညာများဖြင့် အရည်အသွေးအဆင့်အတန်းမြင့်မားစွာ ထုတ်လုပ်သည်။🇰🇷

ဆီးချိုသွေးချိုနှင့် Sleep Apnea 💤သင်အိပ်နေစဥ် ဟောက်တတ်ပါသလား❓နေ့ဘက်တွင် မလန်းဆန်းပဲ နုံးချိနေပါလား❓ညဘက်တွင် မကြာခဏ နိုး...
08/10/2025

ဆီးချိုသွေးချိုနှင့် Sleep Apnea 💤

သင်အိပ်နေစဥ် ဟောက်တတ်ပါသလား❓
နေ့ဘက်တွင် မလန်းဆန်းပဲ နုံးချိနေပါလား❓
ညဘက်တွင် မကြာခဏ နိုးတတ်ပါလား❓

ထိုအရာများသည် အိပ်ပျော်စဥ် အသက်ရူလမ်းကြောင်းပိတ်ဆို့ခြင်းကြောင့် အသက်ရှူရခက်ခြင်း၊ အသက်ရှူရပ်တန့်ခြင်းများကြောင့်ဖြစ်နိုင်သည်။ ဆီးချိုသွေးချိုရောဂါရှိသူများသည် ညဘက်တွင် အသက်ရှူရပ်ခြင်း (Sleep Apnea) ပိုမိုဖြစ်တတ်ပြီး မပေါ့ဆသင့်ပါ။☝

အဘယ့်ကြောင့်ဆိုသော် Sleep Apnea သည် ဆီးချိုသွေးချိုရောဂါကုသရာတွင် သွေးတွင်းသကြားဓာတ် ထိန်းညှိနိုင်ရန် ခက်ခဲစေတတ်သောကြောင့်ဖြစ်သည်။ အိပ်နေစဉ် အသက်ရှူရပ်သောအခါ သွေးအတွင်း အောက်စီဂျင်ပမာဏကို လျော့ကျစေပြီး ကာဗွန်အောက်ဆိုဒ်ကို မြင့်တက်စေပါသည်။ ထိုသို့ ကာဗွန်ဒိုင် အောက်ဆိုဒ် ပမာဏ သွေးထဲတွင် များပြားလာခြင်းသည် အောက်ပါ အခြေအနေများသို့ ဦးတည် ဖြစ်ပေါ်စေနိုင်ပါသည်။ 💢
🔘အင်ဆူလင်မတိုးခြင်း
🔘သွေးတိုးခြင်း
🔘နှလုံးရောဂါများ
🔘မနက်ခင်း ခေါင်းကိုက်ခြင်း။

ထို့အပြင် ဆီးချိုသွေးချိုရောဂါရှိသူများတွင် Sleep Apnea ရှိပါက အောက်ပါဆိုးကျိူးများကိုလည်း ဖြစ်စေနိုင်ပါသည်။👈

💣 သွေးတွင်းသကြားဓာတ် ထိန်းရခက်ခြင်း၊
ခန္ဓာကိုယ်အတွက် လုံလောက်သော အောက်စီဂျင် မရဘဲ မလိုအပ်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များ ပိုလျှံများပြားနေသောအခါ ကစီဓာတ်အား ဖြိုခွဲရာတွင် အင်ဆူလင်အား ထိရောက်စွာ အသုံးချနိုင်ခြင်းကို အနှောက်အယှက် ဖြစ်စေပါသည်။ ထိုအခြေနေသည် သွေးတွင်းသကြားဓာတ်အား မြင့်တက်လာစေပြီး သကြားဓာတ်ကို ထိန်းသိမ်းရာတွင် ခက်ခဲစေနိုင်ပါသည်။

💣 အဝလွန်ခြင်း၊
Sleep Apnea နှင့် တွဲဖြစ်သော ဆီးချ်ိုသွေးချိုသမားများတွင် အဝလွန်ခြင်း ပိုဖြစ်စေတတ်သည်။ အဘယ့်ကြောင့် ဆိုသော် အိပ်စက်ရာတွင် အချိန် မလုံလောက်ခြင်း၊ ကောင်းစွာ အိပ်မပျော်ခြင်း စသည်တို့သည် ဟော်မုန်းမညီမျှမှုအားဖြစ်စေပြီး ခန္ဓာကိူယ်အလေးချိန်တိုးခြင်းကိုလည်း ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။

💣ကိုယ်လက်လှုပ်ရှားရန် အားအင်ကုန်ခမ်းခြင်း၊
ဆီးချိုသွေးချိုရောဂါရှိသူများသည် လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် သွေးတွင်းသကြားဓာတ်အား ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်စေနိုင်မည်ဖြစ်သည်။ သိူ့သော် Sleep Apnea သည် ညဘက်တွင် ကောင်းစွာ အိပ်မပျော်နိုင်သောကြောင့် နေ့လည်ဘက်တွင် နုံးချိနေတတ်ပြီး ကိုယ်လက်လှုပ်ရှားရန် အားမရှိခြင်းများ ဖြစ်စေနိုင်ပါသည်။

💣နှလုံးရောဂါဖြစ်နိုင်ချေ ပ်ိုများခြင်း၊
Sleep Apnea သည် သွေးတွင်းအောက်စီဂျင် ကျဆင်းခြင်းကြောင့် နှလုံးအား ဝန်ပိစေပြီး နှလုံးရောဂါဖြစ်ရန် အလားအလာ ပိုများစေပါသည်။ ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲများတွင်လည်း နှလုံးနှင့်ဆိုင်သော ပြဿနာများသည် အဓိကဖြစ်လေ့ရှိသောကြောင့် ထိုရောဂါ နှစ်ခုလုံးရှိသူများအနေဖြင့် နှလုံးအား ပို၍ ဂရုစိုက်ရန် လိုအပ်ပါသည်။

အချုပ်အားဖြင့် Sleep Apnea နှင့် ဆီးချိုသွေးချိုရောဂါသည် ယှဉ်တွဲဖြစ်ပေါ်လေ့ရှိသော်လည်း 80 % ခန့်သည် Sleep Apnea ရှိနေသည်ကို မသိရှိကြပါ။ ယနေ့အခါတွင် Sleep Apnea အား စစ်ဆေးရန် Sleep Test အား ဆေးရုံကြီးများတွင် စစ်ဆေးနိုင်ပြီဖြစ်ပြီး စံကုထုံး ဖြစ်သည့် CPAP စက်များအားလည်း အလွယ်တကူ သုံးစွဲနိုင်ပြီ ဖြစ်ပါသည်။ Sleep Apnea အား ကုသခြင်းသည်လည်း သွေးတွင်းသကြားဓာတ်အား လျော့ချရာတွင် အထောက်အကူ ဖြစ်စေမည်ဖြစ်ကြောင်း တင်ပြလိုက်ပါသည်။👌

ဆီးချိုသွေးချိုကြောင့်အာရုံကြောပျက်စီးခြင်း❗ဆီးချိုသွေးချိုကြောင့် အာရုံကြောပျက်စီးခြင်း(Diabetes Neuropathy)သည် ဆီးချို...
07/10/2025

ဆီးချိုသွေးချိုကြောင့်အာရုံကြောပျက်စီးခြင်း❗

ဆီးချိုသွေးချိုကြောင့် အာရုံကြောပျက်စီးခြင်း(Diabetes Neuropathy)သည် ဆီးချိုသွေးချိုရောဂါရှင် ၅၀% ခန့်တွင် အဖြစ်များသော ရောဂါဖြစ်ပြီး ခြေထောက်ရှိ အာရုံကြောများ အာရုံခံစားမှု တဖြည်းဖြည်း လျော့၍ ပျောက်သွားခြင်းဖြစ်သည်။ 🦵🏻

ဖြစ်ပွားရသည့် အဓိကအကြောင်းမှ ဆီးချိုသွေးချို ကြာရှည်စွာဖြစ်ခြင်း၏ နောက်ဆက်တွဲ အာရုံကြောနှင့်သွေးကြောများ ပျက်စီးစေခြင်းကြောင့်ဖြစ်သည်။ အာရုံကြောများကို ထောက်ပို့ပေးသော သွေးကြောမျှင်လေးများ ဆီးချိုကြောင့် ပျက်စီးလာသည့်အတွက်၊ ယင်းအာရုံကြောများ သွေးမရပဲ ပျက်စီးပြီး အလုပ်မလုပ်နိုင်တော့ခြင်းဖြစ်ပါသည်။ 〽️

ခန္ဓာကိုယ်အလိုအလျာက်တုံ့ပြန်မှု စနစ်ကြောင့် အာရုံကြောရောင်ယမ်းခြင်း၊ မျိုးရိုးလိုက်ခြင်း၊ ဆေးလိပ်နှင့်အရက် အလွန်အကျွံသောက်ခြင်းများကလည်း ပိုဆိုးစေတတ်ပါသည်။🩸

ရုတ်တရက်နာကျင်မှု ဝေဒနာကို ခြေဖဝါးနှင့် ခြေထောက်တွင်ခံစားရလေ့ရှိပြီး ရက်အနည်းငယ် အကြာတွင် ပျောက်သွားတတ်သည်။ လက်၊ လက်မောင်းတွင်ပါ ဖြစ်နိုင်သည်။ 🦿

ထုံခြင်း၊ ထိလိုက်တာနှင့်နာခြင်း၊ စူးခြင်း၊ ကြွက်တက်ခြင်း၊ အားနည်းခြင်း၊ ကိုယ်ခန္ဓာဟန်ချက် မထိန်းနိုင်ခြင်း၊ ခြေထောက်ရောဂါပိုးဝင်ကာ အနာဖြစ်ခြင်း၊ ဆီးမထိန်းနိုင်ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊အစာမျိုချခြင်း၊ ကိုယ်အလေးချိန်ကျခြင်း တို့ပါတွဲ၍တွေ့ရတတ်သည်။ 🦶🏻🖐🏻

သွေးချိုဆီးချိုကို ဆရာဝန်နှင့် စနစ်တကျ ကုသရမည်ဖြစ်ပြီး၊ သွေးတွင်း သကြားဓာတ်ပုံမှန်တိုင်းခြင်း၊ ဆေးများ ပုံမှန်သောက်ခြင်း၊ လေ့ကျင်ခန်း လုပ်ခြင်း၊အစားအသောက် ဂရုစိုက်ဆင်ခြင်၍ စားခြင်းတို့အပြင်၊ ခြေထောက်ကို သန့်ရှင်းခြောက်သွေ့နေအောင် ထားခြင်း၊ ခြေသည်းပုံမှန်ညှပ်ခြင်းတို့ ပုံမှန်ပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချို နောက်ဆက်တွဲ ရောဂါများကို သက်သာစေနိုင်ပါသည်။ 👨‍⚕️

ဆီးချိုသွေးချို အမျိုးအစား ၁ နှင့်၂ ကွာခြားချက်💢စားလိုက်သောအစာမှ ထမင်း၊ ဂျုံစသည့် ကစီဓါတ်ကို အသည်းမှ Glucose သကြားအဖြစ်ခ...
06/10/2025

ဆီးချိုသွေးချို အမျိုးအစား ၁ နှင့်၂ ကွာခြားချက်💢

စားလိုက်သောအစာမှ ထမင်း၊ ဂျုံစသည့် ကစီဓါတ်ကို အသည်းမှ Glucose သကြားအဖြစ်ချက်လုပ်ပေးပါသည်။ သကြားဓါတ်များ ခန္ဓာကိုယ်အနှံ့အပြားရှိ Cell များဆီသို့ရောက်အောင် သွေးမှ ပို့ဆောင်ပေးပါသည်။💧

သွေးအတွင်းရှိ သကြားဓါတ် Cell များအတွင်းသို့ ဝင်ရောက်နိုင်ရန် Pancreas (ပန်ကရိယ)မှထုတ်လုပ်ပေးသည့် Insulin (အင်ဆူလင်) လိုအပ်သည်။💧

အမျိုးအစား ၁
--------------------
ပန်ကရိယမှ အင်ဆူလင် မထုတ်နိုင်ခြင်း (သို့မဟုတ်) အနည်းငယ်သာ ထုတ်နိုင်ခြင်းကြောင့် သွေးအတွင်းရှိသကြားဓါတ် Cell များအတွင်းသို့ မဝင်နိုင်၍ သွေးအတွင်း အချိုဓါတ်များခြင်းကို အမျိုးအစား ၁ ဆီးချိုသွေးချိုဟု ခေါ်သည်❌

အမျိုးအစား ၂
---------------------
ပန်ကရိယမှထုတ်သော အင်ဆူလင်ကို Cell များ၌ တုန့်ပြန်မှုလျော့နည်းပြီး အင်ဆူလင်မတိုးတော့ခြင်းကြောင့် သွေးအတွင်းရှိ သကြားဓါတ် Cell များအတွင်းသို့ မဝင်နိုင်၍ သွေးအတွင်း သကြားဓါတ်များလာခြင်းကို အမျိုးအစား ၂ ဆီးချိုသွေးချိုဟု ခေါ်ပါသည်။

ဆီးချိုသွေးချို အကြိုအဆင့်မှ ရောဂါအဆင့်ထိ မရောက်စေရန် ☝ဆီးချိုသွေးချိုရောဂါမဖြစ်မှီ ဆီးချိုသွေးချိုအကြိုအဆင့်ရှိပါသည်။ အ...
05/10/2025

ဆီးချိုသွေးချို အကြိုအဆင့်မှ ရောဂါအဆင့်ထိ မရောက်စေရန် ☝

ဆီးချိုသွေးချိုရောဂါမဖြစ်မှီ ဆီးချိုသွေးချိုအကြိုအဆင့်ရှိပါသည်။ အစာစားပြီး ၈နာရီအကြာတိုင်းတာသည့် သွေးတွင်းသကြားဓါတ် ၁၀၀-၁၂၅mg/dL ရှိပါက ဆီးချိုအကြိုအဆင့်ဟုခေါ်ပါသည်။ ဤအဆင့်တွင် သွေးတွင်းသကြားဓါတ်ကို မထိန်းနိုင်ပါက ဆီးချိုသွေးချိုရောဂါ အနှေးနှင့်အမြန် ဖြစ်ပေါ်လာမည်ဖြစ်သည်။🩸

ဆီးချိုသွေးချို အကြိုအဆင့်တွင် သွေးတွင်းသကြားဓာတ် များနေသောကြောင့် ဆီးချိုရောဂါဖြစ်ခြင်းမှ ကာကွယ်ရန် အောက်ပါ နည်းလမ်းများကို လုပ်ဆောင်သင့်ပါသည်။ 👈

🔘ကိုယ်အလေးချိန်ထိန်းပါ။
အဝလွန်ခြင်းသည် ဆီးချိုသွေးချို ဖြစ်နိုင်ခြေများရုံသာမက အခြားကျန်းမာရေး ဆိုးကျိုးနှင့်ရောဂါများ ဖြစ်စေသောကြောင့် ကိုယ်အလေးချိန် ပုံမှန်ရောက်အောင် ထိန်းထားရမည်ဖြစ်သည်။

🔘လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။
လေ့ကျင့်ခန်းလုပ်ခြင်းသည် ခန္ဓာကိုယ်ကို ကြံ့ခိုင်စေပြီး ကျန်းမာစေသောကြောင့် နေ့စဉ်ပုံမှန်ပြေးခြင်း၊ လမ်းလျှောက်ခြင်း၊ စက်ဘီးစီးခြင်း၊ ရေကူးခြင်း အစရှိသော လေ့ကျင့်ခန်းများ ပုံမှန် လုပ်သင့်ပါသည်။ 🏃🏻‍♀️🏊🏻‍♀️

🔘အစားအသောက် ဆင်ခြင်ပါ။
ဆီးချိုသွေးချို မဖြစ်စေရန် ကျန်းမာစေသော အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တို့ကို စုံလင်အောင်စားပြီး အချိုဓာတ်များသော ရေခဲမုန့်၊ အချိုရည်၊ ဒိုးနတ်၊ အသင့်စား အစာများဖြစ်သော ပီဇာ၊ ဘာဂါ၊ အာလူးကြော် အစရှိသည်တို့ရှောင်ရမည်ဖြစ်သည်။ 🍗🥦🥬

🔘ဆေးလိပ်ဖြတ်ပါ။
ဆေးလိပ် သောက်သူများတွင် ပုံမှန်ထက် အမျိုးအစား ၂ ဆီးချိုသွေးချိုဖြစ်နှုန်း ၃၀-၄၀ % ခန့် ပိုများစေသည်။ ဆေးလိပ်တွင် ပါဝင်သော နီကိုတင်းဓာတ်သည် သွေးတွင်းသကြားဓာတ် ထိန်းပေးသော အင်ဆူလင် အာနိသင်ကျစေသဖြင့် ဆေးလိပ်ဖြတ်ရမည် ဖြစ်သည်။ 🚭

🔘ဖြည့်စွက်စာ သောက်ပါ။
သွေးတွင်းသကြားဓာတ် ထိန်းပေးသော ဂျင်ဆင်း၊ သစ်ကြံပိုးခေါက်၊ ရှားစောင်းလက်ပတ်၊ ဗီတာမင် D၊ မဂ္ဂနီဆီယမ်ပါသော ဖြည့်စွက်စာများ သောက်နိုင်ပါသည်။ 💊

အထက်ပါအချက်များ ပြုလုပ်ရုံသာမက သွေးတွင်းသကြားဓာတ်ကို ပုံမှန်စစ်ဆေးခြင်း၊ ဆရာဝန်နှင့် ပုံမှန်ပြသခြင်းများ၊ ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ခြင်းတို့ဖြင့် ဆီးချိုသွေးချိုရောဂါ အဆင့်မရောက်အောင် ကာကွယ်လုပ်ဆောင်ရမည် ဖြစ်ပါသည်။ 🙅🏼

ဆီးချိုသွေးချို ကောင်းစွာထိန်းပါ❗ဆီးချိုသွေးချိုသည် သွေးကြောမျှင်လေးများကိုသာမက၊ ကြာလာသောအခါ သွေးကြောကြီးများကိုပါ ထိခို...
04/10/2025

ဆီးချိုသွေးချို ကောင်းစွာထိန်းပါ❗

ဆီးချိုသွေးချိုသည် သွေးကြောမျှင်လေးများကိုသာမက၊ ကြာလာသောအခါ သွေးကြောကြီးများကိုပါ ထိခိုက်ပျက်စီးစေပြီး၊ နောက်ဆက်တွဲ ဆိုးကျိုးများကို ဆက်လက်ဖြစ်ပေါ်စေပါသည်။ 🔆

🧿လေဖြတ်သူ ၅ယောက်လျှင် ၂ယောက်
🧿နှလုံးသွေးကြောပိတ်သူ ၂ယောက်လျှင် ၁ ယောက်
🧿ကျောက်ကပ်ပျက်စီးသူ ၃ယောက်လျှင် ၂ယောက်
. သည် သွေးချိုဆီးချိုရောဂါနှင့် ဆက်စပ်မှုရှိသည်။ ☝

ထို့ကြောင့် ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိူများ မဖြစ်စေရန် သွေးချိုဓါတ်ကို ကောင်းစွာ ထိန်းနိုင်ဖို့လိုအပ်ပါသည်။ 🩸

🧿ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပါ။
🧿ဆရာဝန်ညွှန်သောဆေးများ တိတိကျကျ သောက်ပါ။
🧿အားကစား ပုံမှန်လုပ်ပါ။
🧿ကျန်းမာရေးနှင့်အညီစားသောက်နေထိုင်ပါ။
🧿သွေးချိုဓါတ် ပုံမှန် စစ်ဆေးပေးပါ။

i-Sens သည် သွေးချိုတိုင်းကိရိယာများထုတ်လုပ်သည့် ကိုရီးယားနိုင်ငံ၏ အကြီးဆုံး ကုမ္မဏီဖြစ်ပါသည်။ အရည်အသွေးမြင့်မားသည့် Caresens-N သွေးချိုတိုင်းကိရိယာများကို ကမ္ဘာတဝှမ်း နိုင်ငံပေါင်း ၁၀၀ကျော်တွင် အသုံးပြုလျှက် ရှိပါသည်။ 👍

ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဆက်စပ်မှုရှိသည်။☝ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါတို့ ဖြစ်စေသောအကြောင်းရင်းခံများ တူသေ...
02/10/2025

ဆီးချိုရောဂါနှင့် သွေးတိုးရောဂါ ဆက်စပ်မှုရှိသည်။☝

ဆီးချိုသွေးချိုနှင့် သွေးတိုးရောဂါတို့ ဖြစ်စေသောအကြောင်းရင်းခံများ တူသောကြောင့် ဆီးချိုသွေးချိုရောဂါရှိပါက သွေးတိုးရောဂါဖြစ်နိုင်ခြေ ၂ဆ ပိုများလာပါသည်။ ထို့အတူ သွေးတိုးရောဂါရှိပါကလည်း ဆီးချိုသွေးချိုရောဂါ ဖြစ်နိုင်ခြေများလာပါသည်။✌

ဆီးချိုသွေးချိုရောဂါကို ဆရာဝန်နှင့် သေချာစွာဆွေးနွေးကုသမှုခံယူရမည်ဖြစ်ပြီး၊ ဆေးဝါးများအပြင်၊ အစားအသောက် ဆင်ခြင်ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း အပါအဝင် လူနေမှုပုံစံပြောင်းလဲပြုပြင်ခြင်းတို့ကို ပြုလုပ်ပေးရမည် ဖြစ်ပါသည်။🩺

သွေးချိုဓါတ်ကိုလည်း ပုံမှန်တိုင်းတာ စစ်ဆေးသင့်ပါသည်။ i-Sens သည် ကိုရီယားနိုင်ငံရှိ အကြီးဆုံး သွေးချိုတိုင်းကိရိယာများ ထုတ်လုပ်သည့် ကုမ္ပဏီကြီး ဖြစ်ပါသည်။🇰🇷

ဆီးချိုနှင့် အဖြစ်များသော ပိုးကူးစက်မှုများ🦠---------------------------------------------------------ဆီးချိုသွေးချိုရောဂ...
01/10/2025

ဆီးချိုနှင့် အဖြစ်များသော ပိုးကူးစက်မှုများ🦠
---------------------------------------------------------
ဆီးချိုသွေးချိုရောဂါရှိသူများသည် သာမန်လူများထက် ပိုးကူးစက်နှုန်း ပိုမိုဖြစ်ပေါ်နိုင်သည်။ အကြောင်းမှာ သွေးတွင်းသကြားဓာတ် မြင့်မားခြင်းသည် ပိုးများကို အလွယ်တကူ ပေါက်ပွားစေနိုင်သည့်အပြင် ခန္ဓာကိုယ်ခုခံအားစွမ်းရည်ကိုလည်း ကျဆင်းစေနိုင်သောကြောင့် ဖြစ်သည်။🛡

ထို့အတူ ဆီးချိုသွေးချိုရောဂါနှင့် ဆက်စပ်ဖြစ်ပွားလေ့ရှိသည့် အာရုံကြောပျက်စီးခြင်းနှင့် ခြေလက်များဆီသို့ သွေးရောက်ရှိနှုန်း ကျဆင်းခြင်းကြောင့်လည်း ပိုးကူးစက်နှုန်းကို ပိုမိုမြင့်မားစေနိုင်ပါသည်။🦿

အထူးအားဖြင့် ဖြစ်နိုင်သော ပိုးကူးစက်မှုများမှာ-
🔘ခြေထောက်များတွင် ပ်ိုးဝင်ခြင်း၊
🔘မှိုစွဲကပ်ခြင်း၊
🔘ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊
🔘ခွဲစိတ်ထားသောနေရာများတွင် ပိုးဝင်ခြင်း. တို့ ဖြစ်ပါသည်။

ခြေထောက်တွင် ပိုးဝင်ခြင်း
-------------------------------------
ဆီးချိုသွေးချိုရောဂါရှိသူများသည် ခြေထောက်သို့ သွေးရောက်မှုနည်းခြင်းနှင့်အတူ ဝင်ရောက်လာသော ပိုးများအား ပြန်လည်တိုက်ခိုက်နိုင်စွမ်းလည်း လျော့နည်းလာခြင်းကြောင့် ခြေထောက်ဒဏ်ရာမှတဆင့် ဘက်တီးရီးယားပိုးများ၏ ကူးစက်ခြင်းကို ခံရတတ်ပါသည်။ ဘက်တီးရီးယားများ ကူးစက်ခံရသောအခါ အနာအနီးရှိ အသားအရေသည် နီခြင်း၊ ယောင်ခြင်း နှင့် နာကျဉ်ခြင်းများ ခံစားရနိုင်ပါသည်။ တစ်ခါတစ်ရံ အဝါရောင် သို့မဟုတ် အစိမ်းရောင်ရှိသော ပြည်များ ထွက်တတ်လေ့ရှိသည်။💦

မှိုစွဲကပ်ခြင်း
---------------
မှိုစွဲကပ်ခြင်း ဆိုသည်မှာ Candida ဟုခေါ်သော ပိုးတစ်မျိုးကြောင့် ဖြစ်သည်။ ထိုပိုးသည် သာမန်အားဖြင့် အမျိုးသမီးများ၏ မျိုးပွားအင်္ဂါတွင်ရှိပြီး ခန္ဓာကိုယ်အား အန္တရာယ်မဖြစ်စေပါ။ သ်ို့သော် ပိုးသတ်ဆေးသောက်သုံးနေသူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ သန္ဓေတားဆေး သောက်သုံးသူများ၊ ဟော်မုန်းကုထုံး ခံယူနေသူများနှင့် ဆီးချိုသွေးချိုရောဂါရှိသူများတွင် မိန်းမကိုယ်ရှိ အက်စစ်ပါဝင်နှုန်း အပြောင်းအလဲများကြောင့် Candida မှိုပ်ိုးများ ပိုမိုပွားများလာပြီး မှိုစွဲကပ်ခြင်းရောဂါ ဖြစ်ပေါ်လာတတ်သည်။ မြင့်တက်နေသော သွေးတွင်းသကြားဓာတ်သည် မှိုများ မျိုးပွားရန် အကောင်းဆုံးသော အာဟာရပင် ဖြစ်သည်။ 🍄

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း
--------------------------------------
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းသည် ဆီးသွားရာတွင် အခဲများ၊ ပြည်ပုပ်များ ပါဝင်သော အခြေအနေဖြစ်သည်။ ရောဂါနုစဉ်ကာလကပင် ဆီးသွားရာတွင် နာကျဉ်မှု ဝေဒနာကို ခံစားရတတ်ပြီး၊ လွန်စွာ ခံရခက်သော ရောဂါဖြစ်သည်။ ပိုးဝင်ခြင်းသည် ကျောက်ကပ်နှင့် ဆီးအိမ်များဆီသို့ပါ ရောက်ရှိကူးစက်သွားပါက ပိုမိုဆိုရွားသော အခြေအနေ ဖြစ်ပေါ်နိုင်စေပြီး၊ နောက်ကျောအောင့်ခြင်း၊ အော့အန်ခြင်းတို့ပါ ဖြစ်စေနိုင်သည့်အပြင် အချို့သောအခြေနေများတွင် ကျောက်ကပ် ပျက်စီးသည်အထိ ဖြစ်စေနိုင်သည်။ 🧪

ခွဲစိတ်ထားသောနေရာ ပိုးဝင်ခြင်း
---------------------------------------------
ဆီးချိုသွေးချိုရောဂါရှိသူများ၌ ပိုးဝင်ခြင်းသည် ခွဲစိတ်ကုသခြင်းများတွင် ဖြစ်တတ်သည့် နောက်ဆက်တွဲတစ်ခု ဖြစ်သည်။ ခွဲစိတ်ဒဏ်ရာ ပိုးဝင်န်ိုင်ခြေသည် အချက်အချို့များပေါ်တွင် မူတည်ပြီး၊ ထိုအချက်များထဲမှ တစ်ခုမှာ ဆီးချိုသွေးချိုရောဂါရှိခြင်းဖြစ်သည်။ ထို့ကြောင့် ဆီးချိုသွေးချိုရောဂါရှိသူများအား ခွဲစိတ်ရန်လိုအပ်ပါက ပထမဦးစွာ သွေးချိုဓါတ်ထိန်းရန် အရေးတကြီး လိုအပ်ပါသည်။ ခွဲစိတ်ထားသောနေရာတွင် ပိုးဝင်ပါက အဖျားတက်ခြင်း၊ ချမ်းတုန်ခြင်းနှင့် ခွဲကြောင်းတစ်လျှောက် နီရဲ၍ ယောင်ရမ်းခြင်းများ ဖြစ်စေတတ်ပါသည်။ ချုပ်ရိုးနေရာမှ အရည်များစိမ့်ထွက်ခြင်းသည် ပုံမှန်ဖြစ်နိုင်သော်လည်း ပြည်ပုပ်များ အဆက်မပြတ်ထွက်နေပါက ပ်ိုးဝင်ခြင်းဟု သိရှိနိုင်ပါသည်။ 🩹

ထို့ကြောင့် ဆီးချိုသွေးချိုရောဂါ ရှိသူများ အနေဖြင့် ပိုးကူးစက်ခံရမှုအား တားဆီးနိုင်ရန် မိမိခန္ဓာကိုယ်အား ထိခိုက်မှုများမှ ကာကွယ်ရန် လိုအပ်ပြီး၊ သွေးတွင်းသကြားဓာတ်အားလည်းနေ့စဉ် ပုံမှန်ထိန်းသိမ်းနိုင်ရန် အရေးကြီးပါသည်။🩸

Address

No. 218, Bogyoke Road, Botahtaung Tsp
Yangon

Alerts

Be the first to know and let us send you an email when Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Caresens-N သွေးချိုတိုင်း ကိရိယာ Glucometer:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category