Empress Tarot

Empress Tarot Welcome To The Empress Tarot
�Tarot Reader�
🎇အကြားအမြင်ပညာ
🔮ဝိညာဥ်ဟောပညာ
☸️ ယတြာ အင်း စမ အစီအရင်

✨️သင့်အတွက် (မတ်လ) ✨️ ☸️သင့်ရဲ့ Zodiac Sign က ဘာများလဲ ?????☸️ ရွေးချယ်ဖတ်ရှုပါ ..........🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿♈ Aries (မတ...
28/02/2026

✨️သင့်အတွက် (မတ်လ) ✨️
☸️သင့်ရဲ့ Zodiac Sign က ဘာများလဲ ?????
☸️ ရွေးချယ်ဖတ်ရှုပါ ..........
🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿✨️🌿
♈ Aries (မတ် 21 – ဧပြီ 19)
မတ်လမှာ စိတ်မြန်မှုကြောင့် ဆုံးဖြတ်ချက်တွေ အလျင်စလို မချပါနဲ့။
အလုပ် – အခွင့်အလမ်းသစ်တွေ ရလာနိုင်ပါတယ်။ ခေါင်းဆောင်မှုအခန်းကဏ္ဍ တိုးတက်မယ်။
အချစ်ရေး – စိတ်မြန်မှုကြောင့် အငြင်းပွားမှုရှိနိုင်လို့ ... နားထောင်ပေးဖို့နဲ့ နားလည်မှုလိုအပ်ပါတယ်။
ငွေကြေး – ဝင်ငွေတိုးနိုင်ပေမယ့် အသုံးစရိတ်များနိုင်ပါတယ်။စီမံခန့်ခွဲပါ။
ကျန်းမာရေး – စိတ်ဖိစီးမှုကြောင့် ခေါင်းကိုက်ခြင်း ဖြစ်နိုင်ပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♉ Ta**us (ဧပြီ 20 – မေ 20)
ငွေကြေးကိစ္စ သတိထားစီမံပါ။ ရင်းနှီးမြှုပ်နှံမှုအသစ်လုပ်ချင်ရင် အကြံဉာဏ်ယူပါ။ မိသားစုဘက်က အကူအညီရနိုင်ပါတယ်။
အလုပ် – တည်ငြိမ်မှုရှိပြီး လုပ်ငန်းတိုးတက်မှု နည်းနည်းချင်း ဖြစ်မယ်။
အချစ်ရေး – မိတ်ဖက်နဲ့ သဘောတူညီမှုကောင်းမယ်။ Single ဆိုရင် လူသစ်တွေ့နိုင်ပါတယ်။
ငွေကြေး – ရင်းနှီးမြှုပ်နှံမှုသစ် စတင်ဖို့ သင့်တော်တဲ့အချိန်ပါ။
ကျန်းမာရေး – အစားအသောက်စားသုံးမှု သတိထားပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♊ Gemini (မေ 21 – ဇွန် 20)
ဆက်သွယ်ရေးကောင်းမွန်ပြီး လူမှုဆက်ဆံရေးကဏ္ဍ တိုးတက်မယ်။ အလုပ်သစ်၊ ပရောဂျက်သစ်တွေ စတင်ဖို့ သင့်တော်တဲ့လ ဖြစ်ပါတယ်။
အလုပ် – ဆက်သွယ်ရေးကောင်းလို့ အောင်မြင်မှုရနိုင်ပါတယ်။
အချစ်ရေး – စကားများမှုကြောင့် နားလည်မှုလွဲနိုင်ပါတယ်။
ငွေကြေး – အပိုဝင်ငွေရနိုင်ချေ ရှိပါတယ်။
ကျန်းမာရေး – အိပ်ရေးမဝခြင်း သတိထားပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♋ Cancer (ဇွန် 21 – ဇူလိုင် 22)
စိတ်ခံစားချက် အလွန်ထိခိုက်လွယ်တတ်ပါတယ်။ ကျန်းမာရေးကို ဂရုစိုက်ပါ။ သာယာမယ့် အချိန်လေးတွေ ရှိနိုင်ပါတယ်။
အလုပ် – စိတ်အားမကောင်းရင် အလုပ်အပေါ် သက်ရောက်နိုင်ပါတယ်။
အချစ်ရေး – မိသားစုဘက် အချိန်ပိုပေးရင် သာယာပါလိမ့်မယ်။
ငွေကြေး – အသုံးစရိတ်ကို ထိန်းချုပ်ပါ။
ကျန်းမာရေး – အစာအိမ်ဆိုင်ရာ ပြဿနာသေးသေးလေးများ ဖြစ်နိုင်လို့ သတိထားပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♌ Leo (ဇူလိုင် 23 – ဩဂုတ် 22)
ခေါင်းဆောင်မှုအရည်အချင်း ပိုမိုထင်ရှားမယ်။ အလုပ်အကိုင်တိုးတက်မှုရနိုင်ပါတယ်။ သို့သော် မိမိအတ္တကို ထိန်းချုပ်ဖို့လိုပါတယ်။
အလုပ် – တာဝန်ကြီးများ ရနိုင်သော်လည်း အောင်မြင်နိုင်ပါတယ်။
အချစ်ရေး – မိမိကိုယ်ကို ယုံကြည်မှုမြင့်မားခြင်းကြောင့် ဆွဲဆောင်မှုရှိမယ်။
ငွေကြေး – အပိုဆုနဲ့ အမြတ်ရနိုင်ချေ ရှိပါတယ်။
ကျန်းမာရေး – လေ့ကျင့်ခန်းလုပ်ရန် လိုအပ်ပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♍ Virgo (ဩဂုတ် 23 – စက်တင်ဘာ 22)
စီမံခန့်ခွဲမှုကောင်းပြီး အလုပ်တွေအောင်မြင်နိုင်ပါတယ်။ အသေးစိတ်အချက်တွေကို လွန်လွန်ကဲကဲ စိုးရိမ်မနေပါနဲ့။
အလုပ် – အသေးစိတ်ဂရုစိုက်မှုကြောင့် ချီးကျူးခံရနိုင်ပါတယ်။
အချစ်ရေး – လွန်ကဲတဲ့ ဝေဖန်မှုတွေမလုပ်ပါနဲ့။
ငွေကြေး – စုဆောင်းငွေ တိုးနိုင်ပါတယ်။
ကျန်းမာရေး – စိတ်ဖိစီးမှု လျော့ချဖို့ မိမိနှစ်သက်ရာ လေ့ကျင့်ခန်းလုပ်ပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♎ Libra (စက်တင်ဘာ 23 – အောက်တိုဘာ 22)
အချစ်ရေးမှာ ဆုံးဖြတ်ချက်ချရမယ့် အချိန် ဖြစ်နိုင်ပါတယ်။ မိတ်ဖက်နဲ့ ဆွေးနွေးပြီး လိုက်လျောညီထွေဖြေရှင်းပါ။
အလုပ် – ပူးပေါင်းဆောင်ရွက်မှုကောင်းမှ အောင်မြင်မယ်။
အချစ်ရေး – ဘဝရှေ့ရေးအတွက် ဆုံးဖြတ်ချက်ချရနိုင်။
ငွေကြေး – မမျှော်လင့်ထားတဲ့ အသုံးစရိတ်ရှိနိုင်လို့ ကြိုတင်ပြင်ဆင်ပါ။
ကျန်းမာရေး – သွားလာလှုပ်ရှားမှု ပိုလုပ်ပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♏ Scorpio (အောက်တိုဘာ 23 – နိုဝင်ဘာ 21)
အတွေးအခေါ်အသစ်တွေ ပေါ်ပေါက်နိုင်ပါတယ်။ လုပ်ငန်းပိုင်းမှာ ပြိုင်ဆိုင်မှုရှိနိုင်သော်လည်း အောင်မြင်နိုင်ပါတယ်။
အလုပ် – ပြိုင်ဆိုင်မှုများပေမယ့် အနိုင်ရနိုင်။
အချစ်ရေး – စိတ်လှုပ်ရှားမှု ၊ပျော်ရွှင်ရမှုတွေ များနေမယ်။
ငွေကြေး – ငွေဝင်ကောင်းနိုင်တဲ့လပါ။
ကျန်းမာရေး – အနားယူချိန်ယူဖို့ လိုပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♐ Sagittarius (နိုဝင်ဘာ 22 – ဒီဇင်ဘာ 21)
ခရီးသွားခွင့်၊ လေ့လာသင်ယူမှုအခွင့်အလမ်းတွေ ရနိုင်ပါတယ်။ စိတ်အားထက်သန်မှု မြင့်မားမယ်။
အလုပ် – ခရီးသွားလုပ်ငန်း (သို့မဟုတ်) လေ့လာရေးတွေ အဆင်ပြေနေမယ်။
အချစ်ရေး – ပျော်ရွှင်စရာကောင်းနေမှာပါ။
ငွေကြေး – စွန့်စားမှုများ မလုပ်သင့်သေးပါဘူး။
ကျန်းမာရေး – လေ့ကျင့်ခန်းပြုလုပ်မှုတွေ မရပ်ထားပါနဲ့။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♑ Capricorn (ဒီဇင်ဘာ 22 – ဇန်နဝါရီ 19)
အလုပ်ပိုင်း တာဝန်ပိုများနိုင်ပါတယ်။ သို့သော် ကြိုးစားအားထုတ်မှုအတွက် အကျိုးကျေးဇူး ရရှိမယ်။
အလုပ် – ကြိုးစားမှုအတွက် အကျိုး ကျေးဇူးတွေ ပြန်ရနိုင်ပါတယ်။
အချစ်ရေး – အလုပ်ကြောင့် အချိန်မပေးနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
ငွေကြေး – တည်ငြိမ်ပြီး စုဆောင်းနိုင်မဲ့လပါ။
ကျန်းမာရေး – အလုပ်ပင်ပန်းမှုကြောင့် အနားယူဖို့လိုအပ်ပါတယ်။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♒ Aquarius (ဇန်နဝါရီ 20 – ဖေဖော်ဝါရီ 18)
ဖန်တီးမှုအရည်အချင်း ပိုမိုထင်ရှားမယ်။ မိတ်ဆွေသစ်တွေ ရနိုင်ပါတယ်။
အလုပ် – ဖန်တီးမှုအသစ်များ လုပ်နိုင်မယ်။
အချစ်ရေး – မိတ်ဆွေကနေ အချစ်ဖြစ်နိုင်ပါတယ်။
ငွေကြေး – အသုံးစရိတ်စီမံဖို့ လိုပါတယ်။
ကျန်းမာရေး – စိတ်ပိုင်းဆိုင်ရာ အနားယူပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
♓ Pisces (ဖေဖော်ဝါရီ 19 – မတ် 20)
အတွင်းစိတ်အားကောင်းပြီး အနုပညာပိုင်း တိုးတက်မယ်။ စိတ်ကူးယဉ်မှုများသော်လည်း လက်တွေ့ဘဝကို မမေ့ပါနဲ့။
အလုပ် – အနုပညာ၊ ဖန်တီးမှုလုပ်ငန်းကောင်းမယ်။
အချစ်ရေး – ရိုမန်တစ်ဆန်မှုတွေ ကြုံရမယ်။
ငွေကြေး – ငွေသုံးစွဲမှု ထိန်းချုပ်ပါ။
ကျန်းမာရေး – အားကစား၊ ယောဂလေ့ကျင့်ခန်းများ ပြုလုပ်ပေးပါ။
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
#ဆောင်းထီးဖြူဓါတ်နန်း
#ဆရာမနွယ်ဇေဝါလင်း

#ဝိညာဥ်ဟောပညာ

☸️ ဆောင်းထီးဖြူ ဓါတ်နန်း☸️ ☸️သင့်အတွက်တဲရော့စကား☸️                                   ☸️🍀မတ်လ🍀☸️ #တနင်္လာသားသမီးအတွက်    ...
22/02/2026

☸️ ဆောင်းထီးဖြူ ဓါတ်နန်း☸️
☸️သင့်အတွက်တဲရော့စကား☸️
☸️🍀မတ်လ🍀☸️
#တနင်္လာသားသမီးအတွက်
ဒီလဟာ တနင်္လာများအဖို့ ချုပ်နှောင်မှုများ ၊ စိတ်ပိုင်းဆိုင်ရာ ပိတ်ဆို့မှုများ၊ စွဲလမ်းမှုများ နဲ့ ဆက်နွယ်နေတဲ့ လ ဖြစ်နိုင်ပါတယ်။ မကောင်းတဲ့အရာပဲဆိုလိုတာ မဟုတ်ပါဘူး။သတိပေးချက်တစ်ခုလည်း ဖြစ်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
💼 အလုပ် / စီးပွား
မလိုအပ်တဲ့ စာချုပ်၊ အကြွေး၊ တာဝန်များနဲ့ ချုပ်နှောင်ခံနေရသလို ခံစားရနိုင်ပါတယ်။ ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်တွေမှာ လောဘမဖြစ်ပါနဲ့။ သင့်အတွက် အလွန်ဆွဲဆောင်မှုရှိတဲ့ အခွင့်အရေးတစ်ခု ရှိလာနိုင်ပေမယ့် နောက်ကွယ်မှာ အန္တရာယ်ရှိနိုင်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
👉 အကြံပြုချက်
စာချုပ်တစ်ခုခုမှာ လက်မှတ်ထိုးမယ်ဆိုရင် သေချာစစ်ဆေးပါ။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
❤️ အချစ်ရေး
မကောင်းတဲ့ ဆက်ဆံရေးတစ်ခုထဲမှာ ပိတ်မိနေသလို ဖြစ်တတ်ပါတယ်။
စွဲလမ်းမှု၊ မနာလိုမှုများ ဖြစ်လာနိုင်ပါတယ်။လက်ရှိရည်းစား/အိမ်ထောင်ဖက်နဲ့ ပိုမိုဆွေးနွေးဖို့ လိုပါတယ်။
👉 သင့်ကို မကောင်းတဲ့ စိတ်ခံစားချက်တွေ ဖြစ်စေတဲ့ လူတစ်ယောက်ရှိရင် သင့်ဘက်က ကန့်သတ်ထားဖို့ လိုပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
🧠 စိတ်ပိုင်းဆိုင်ရာ
ကိုယ့်စိတ်ကို ကိုယ်ပဲ ချုပ်နှောင်ထားနေတာ ဖြစ်နိုင်ပါတယ်။
“မဖြစ်နိုင်ဘူး” လို့ထင်နေတဲ့ အတွေးတွေက အမှန် မဟုတ်နိုင်ပါဘူး။
မကောင်းတဲ့ အလေ့အထတွေ... အထူးသဖြင့် (သောက်စားမှု ၊ အွန်လိုင်းစွဲလမ်းမှု စသည်) တွေကို လျှော့ချဖို့လိုအပ်တဲ့ လ ဖြစ်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀 🍀
🌟 မတ်လဟာ
👉 ကိုယ့်အမှားတွေကို သိမြင်ဖို့....
👉 မကောင်းတဲ့ အလေ့အထကို ဖြတ်တောက်ဖို့....
👉 ကိုယ့်တန်ဖိုးကို ပြန်လည်သိမြင်ဖို့........
#အကောင်းဆုံးအချိန် ဖြစ်ပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
#သင့်အတွက်ကံကောင်းစေသောတစ်လတာဖြစ်ပါစေ
✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️✨️
#ဗေဒင်အကြားအမြင်နှင့်ယတြာအစီအရင်ကိစ္စမေးမြန်းစုံစမ်းရန်
☎️ 09425815671 , 09250289425
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

 #နေ့မဟာဘုတ် #အထွန်းကိုဆောင် #အပုပ်ကိုရှောင် #အရေးကြီးကိစ္စများဆောင်ရွက်မည်ဆိုပါက #မည်သူမဆို_မည်သည့်နေ့သားမဆို.... #တနင်...
17/02/2026

#နေ့မဟာဘုတ်
#အထွန်းကိုဆောင်
#အပုပ်ကိုရှောင်
#အရေးကြီးကိစ္စများဆောင်ရွက်မည်ဆိုပါက
#မည်သူမဆို_မည်သည့်နေ့သားမဆို....

#တနင်္ဂနွေနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အဖြူရောင်ပါဝင်သော အသုံး အဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အရှေ့အရပ်သို့ ခရီးယာယီ မသွားသင့်။ အနီရောင်၊အနက်ရောင် ပါရှိသော အသုံး အဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အနောက် တောင်ထောင့်အရပ် အကျိုးပြုသည်။

#တနင်္လာနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အစိမ်းရောင်ပါဝင်သော အသုံး အဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အရှေ့တောင်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အညိုရောင် ပါရှိသောအသုံး အဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့မြောက်ထောင့်အရပ် အကျိုးပြုသည်။

#အင်္ဂါနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အဝါရောင်ပါဝင်သော အသုံး အဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ တောင်အရပ် နှင့် အနောက်မြောက်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အဖြူရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့အရပ် အကျိုးပြုသည်။

#ဗုဒ္ဓဟူးနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အပြာရောင် နှင့် အရောင်မှိုင်းများ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အနောက် အရပ်သို့ ခရီးယာယီ မသွားသင့်။ အစိမ်းရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့ တောင်ထောင့်အရပ် အကျိုးပြုသည်။

#ကြာသပတေးနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အဖြူရောင် နှင့် အဖြူမှိုင်းရောင်များ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ မြောက်ဘက် အရပ်သို့ ခရီးယာယီ မသွားသင့်။ အဝါရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် တောင်အရပ် ၊ အနောက် မြောက်ထောင့်အရပ် အကျိုးပြုသည်။

#သောကြာနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အနီရောင် နှင့် အနက်ရောင်များ ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အနောက်တောင်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အပြာရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အနောက်အရပ် အကျိုးပြုသည်။

#စနေနေ့တွင် ဆောင်ရွက်မည်ဆိုပါက... အညိုရောင် ပါဝင်သော အသုံးအဆောင်ပစ္စည်းများကို ရှောင်သင့်သည်။ အရှေ့မြောက်ထောင့်အရပ်သို့ ခရီးယာယီ မသွားသင့်။ အဖြူဖျော့ရောင် ပါရှိသောအသုံးအဆောင်ပစ္စည်းများကို ဆောင်သင့်သည်။ ခရီးယာယီအဖြစ် အရှေ့တောင်ထောင့်အရပ် အကျိုးပြုသည်။
☸️အဆင်ပြေအောင်မြင်ကြပါစေ ☸️
#စေတီတစ်ထောင်စမတစ်ထောင်
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိဇ္ဇာပညာ
#ဆောင်းထီးဖြူဓါတ်နန်း

 #ဘေးကင်းလာဘ်ရအဓိဌာန်ကျင့်စဥ်☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️နံနက်စောစော အိပ်ရာမှ ထပါ။ ရေဖြည့်ထားတဲ့ ရေဖလားကို လက်နှစ်ဘက်ဖြင့် က...
14/02/2026

#ဘေးကင်းလာဘ်ရအဓိဌာန်ကျင့်စဥ်
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
နံနက်စောစော အိပ်ရာမှ ထပါ။ ရေဖြည့်ထားတဲ့ ရေဖလားကို လက်နှစ်ဘက်ဖြင့် ကိုင်ထားပါ။
"နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဒဿ " ၉ ကြိမ်ရွတ်ပါ။
"ဗုဒ္ဓေါ မေ သရဏံ အညံနတ္ထိ ၊ ဓမ္မော မေ သရဏံ အညံနတ္တိ ၊ သံဃော မေ သရဏံ အညံနတ္ထိ" ၉ ကြိမ် ရွတ်ပါ။
"ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ" ၉ကြိမ် ရွတ်ပါ။
#လာဘ်လာဘလိုချင်ရင် ....
ရေထဲကို လက်ညှိုးဖြင့် ညာဘက်ရစ် မွှေပါ။
#ဘေးရန်ကင်းချင်ရင်.....
ရေထဲကို လက်ညှိုးဖြင့် ဘယ်ဘက်ရစ် မွှေပါ။
အဆိုပါ ရေဖြင့် မျက်နှာသစ် ၊ သွားတိုက် ၊ ခံတွင်းဆေးပါ။ ၄၉ ရက် ဆက်တိုက် ဆောင်ရွက်ကြည့်ပါ... ထူးခြားမှုကို ကြုံတွေ့ ရပါလိမ့်မယ်။
မည်သည့်အလုပ်မဆို .... အပြိုင်အဆိုင် ၊ အတိုက်အခိုက် ၊ လာဘ်လာဘပိတ်ဆို့မှု ၊ နိမ့်ကျမှု .... အစရှိသဖြင့် ဆောင်ရွက်နိုင်ပါတယ်။ ။
☸️အဆင်ပြေအောင်မြင်ကြပါစေ ☸️
#စေတီတစ်ထောင်စမတစ်ထောင်
#ဆရာမနွယ်ဇေဝါလင်း
#အကြားအမြင်ဝိဇ္ဇာပညာ
#ဆောင်းထီးဖြူဓါတ်နန်း

🔮🌻ဆောင်းထီးဖြူဓါတ်နန်း🌻🔮🪷ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်တာ 🪷 #နွယ်ဇေဝါလင်း #ဆောင်းထီးဖြူ
11/02/2026

🔮🌻ဆောင်းထီးဖြူဓါတ်နန်း🌻🔮
🪷ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်တာ 🪷
#နွယ်ဇေဝါလင်း
#ဆောင်းထီးဖြူ

🍀 အိမ်တွင်းရေးအပူ ၊ သားရေး သမီးရေးအပူ ၊ အလုပ်ကိစ္စအပူ .... ဘယ်လိုအပူတွေပဲကြုံကြုံ အိမ်ကမြတ်စွာဘုရားကို ရေလှူပါ။ နေ့တိုင်...
10/02/2026

🍀 အိမ်တွင်းရေးအပူ ၊ သားရေး သမီးရေးအပူ ၊ အလုပ်ကိစ္စအပူ .... ဘယ်လိုအပူတွေပဲကြုံကြုံ အိမ်ကမြတ်စွာဘုရားကို ရေလှူပါ။ နေ့တိုင်းလှူနေတာပဲလို့ ပြန်မေးလာရင် ရေအိုးလေးနဲ့ လှူပါ လို့ ပြောချင်ပါတယ်။
🍀ရေအိုးအကြီးကြီး မဟုတ်ပါဘူး။ ညောင်ရေ သွန်းတဲ့အိုးလေးထဲမှာ သောက်ရေ ထည့်ပါ၊ အဖုံးလေးအုပ်ပြီး ရေခွက်လေးတင်ပြီး ကပ်လှူပါ။မိတ်ဆွေတို့ ရေသောက်တိုင်း အိုးထဲက ရေကိုခပ်ပြီး ဘုရားကို လှူပါ။
အလုပ်သွားနေရတဲ့သူများအတွက် အလုပ်မသွားခင်နဲ့ အိမ်ပြန်ရောက်တဲ့အချိန်တွေမှာ လှူပါ။ တစ်နေ့ သုံးကြိမ်ရအောင်ကပ်လှူပါ။ ပူပင်သောကတွေ ငြိမ်းအေးသွားပါလိမ့်မယ်။ ။
#နွယ်ဇေဝါလင်း
#ဆောင်းထီးဖြူဓါတ်နန်း

နေအိမ်မှာ အညံ့အခိုက်တွေရှိတတ်ပါတယ်။ အညံ့အခိုက်တွေရှိနေရင် အိမ်သားချင်း စကားများတာတွေ ၊ ကြည့်မရတာတွေ အစရှိသဖြင့် ဖြစ်တတ်ပ...
03/02/2026

နေအိမ်မှာ အညံ့အခိုက်တွေရှိတတ်ပါတယ်။ အညံ့အခိုက်တွေရှိနေရင် အိမ်သားချင်း စကားများတာတွေ ၊ ကြည့်မရတာတွေ အစရှိသဖြင့် ဖြစ်တတ်ပါတယ်။
အလွယ်ဆုံးနည်းလမ်းက‌တော့ နံ့သာခဲလေးတွေ စုပုံပြီး မီးရှို့ပေးပါ။ အညံ့အခိုက်တွေပြေပျောက်ပြီး ၊ ကောင်းသောလာဘ်လာဘတွေ ဝင်ရောက်လာစေဖို့ ဆုတောင်းပါ။
အိမ်မှာ ရှိနေတတ်တဲ့ ဖိနပ်စုတ် ၊နာရီအစုတ် အစရှိတဲ့ အသုံးမလိုတဲ့ အဟောင်းတွေကိုစွန့်ပစ်ပါ။
အမွှေးနံ့သာများ (စံပယ်အနံ့ပါသောရေမွှေး)ကို ပက်ဖျန်းပေးပါ။
#ဆရာမနွယ်ဇေဝါလင်း
#ဆောင်းထီးဖြူဓါတ်နန်း

🔮🌻ဆောင်းထီးဖြူဓါတ်နန်း🌻🔮🪷ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်တာ အမှာစကား🪷 #နွယ်ဇေဝါလင်း
01/02/2026

🔮🌻ဆောင်းထီးဖြူဓါတ်နန်း🌻🔮🪷ခုနစ်ရက်သားသမီးများအတွက် တစ်ပတ်တာ အမှာစကား🪷
#နွယ်ဇေဝါလင်း

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️      ☸️ တစ်ပတ်တာကံကြမ္မာ☸️☸️(၂၆.၁.၂၀၂၆ မှ ၁.၂.၂၀၂၆ အထိ) ☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ကြိုက်နှစ...
25/01/2026

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️
☸️ တစ်ပတ်တာကံကြမ္မာ☸️
☸️(၂၆.၁.၂၀၂၆ မှ ၁.၂.၂၀၂၆ အထိ) ☸️
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ် ဖတ်ရှုပါ။ ။
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

🎇Sunday Oracle Reading 🎇🔮နှစ်သက်ရာ ပုံတစ်ပုံတည်းကို ရွေးချယ်ပါ🔮🍀မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန် အမှာစကားမျ...
18/01/2026

🎇Sunday Oracle Reading 🎇
🔮နှစ်သက်ရာ ပုံတစ်ပုံတည်းကို ရွေးချယ်ပါ🔮
🍀မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန် အမှာစကားများကို ဖတ်ရှုပါ 🍀
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
#ဆရာမနွယ်ဇေဝါလင်း

#ဗေဒင်_အကြားအမြင်_ယတြာ_အစီအရင်
#ဆောင်းထီးဖြူဓါတ်နန်း

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️      ☸️ တစ်ပတ်တာကံကြမ္မာ☸️☸️၁၇.၁.၂၀၂၆ မှ၂၄.၁.၂၀၂၆  အထိ☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ကြိုက်နှစ်သက်...
16/01/2026

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️
☸️ တစ်ပတ်တာကံကြမ္မာ☸️
☸️၁၇.၁.၂၀၂၆ မှ၂၄.၁.၂၀၂၆ အထိ☸️
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
ကြိုက်နှစ်သက်ရာ တစ်ပုံတည်းကို ရွေးချယ် ဖတ်ရှုပါ။ ။
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Empress Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram