Empress Tarot

Empress Tarot Welcome To The Empress Tarot
�Tarot Reader�
�Tarot Class����

 #တနင်္လာသားသမီးများအတွက်ဘေးအန္တရာယ်လွတ်ကင်းပြီးလုပ်ငန်းရာထူးတိုးတက်စေနိုင်သောဝိဇ္ဇာယတြာ☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️၁။ ရေထည်...
17/07/2025

#တနင်္လာသားသမီးများအတွက်ဘေးအန္တရာယ်လွတ်ကင်းပြီးလုပ်ငန်းရာထူးတိုးတက်စေနိုင်သောဝိဇ္ဇာယတြာ
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
၁။ ရေထည့်ထားသော ပန်းကန်ပြားထဲသို့ #ကြာပွင့်တစ်ပွင့်ကို ထည့်ပါ။ စေတီတစ်ဆူ၏ အင်္ဂါထောင့်ရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်ထံ လှူပါ။ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး၊ရာထူးလုပ်ငန်းတိုးတက်ရေးတို့အတွက် ဆုတောင်းပါ။ #ရေသက်စေ့ သပ္ပါယ်ပါ။ အသင့်ဝယ်ယူထားသော #ယပ်တောင်အသစ်တစ်ချောင်းဖြင့် (မည်သည့်ယပ်တောင် မဆို) ဘုရားရှင်အား #ယပ်တော်၁၅ချက်တိတိ ယပ်ခပ်ပူဇော်ပါ။ အဆိုပါ ယပ်တောင်ကို #အင်္ဂါထောင့်တွင် ထောင်လျက် ထားရှိလှူဒါန်းခဲ့ပါ။
#ကျောက်ပြားတစ်ချပ်ကို အလှူခံဌာနတွင် လှူပါ။
တနင်္လာသားသမီး မည်သူမဆို တနင်္လာနေ့ နံနက် ၆ နာရီမှ ၉ နာရီအတွင်း ပြုလုပ်ရပါမည်။
တစ်လခြား ပြီးလျင် နောက်ထပ်တစ်ကြိမ် ထပ်မံဆောင်ရွက်လှူဒါန်းပါ။ ပြုလုပ်ရမည့်အချိန်မှာ နံနက် ၉ နာရီမှ ၁၂ နာရီအတွင်း ဖြစ်ပါသည်။
နှစ်လခြားလျင် တစ်ကြိမ်....သုံးလခြားလျင် တစ်ကြိမ် ထပ်မံဆောင်ရွက်ပါ။
လိုအပ်သောနေရာများတွင် #နေပူခံကျောက်ပြားအပါအဝင် လိုအပ်နေသောကျောက်ပြားများကို အဆင်ပြေသလို လှူဒါန်းပေးခြင်းဖြင့်.....
အန္တရာယ်ကင်းလွတ်ခြင်း၊ စီးပွားဥစ္စာတိုးပွားခြင်း၊ ရာထူးတိုးတက်ခြင်း ၊ ကျန်းမာရေးကောင်းမွန်ခြင်း ၊ ရွှေမရှား..ငွေမရှားခြင်း..တို့ဖြင့် ပြီးပြည့်စုံစေသော ဝိဇ္ဇာယတြာကြီး ဖြစ်ပါသည်။
#စေတီတစ်ထောင်စမတစ်ထောင်
#စမမယ်တော်နွယ်ဇေဝါလင်း
#အကြားအမြင်ဝိဇ္ဇာပညာ
#ဆောင်းထီးဖြူဓါတ်နန်း

တနင်္လာသမီး အပြောင်းအရွှေ့ကိစ္စအတွက် အထူးစမအလင်းတိုင်...
14/07/2025

တနင်္လာသမီး အပြောင်းအရွှေ့ကိစ္စအတွက် အထူးစမအလင်းတိုင်...

ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ*******************ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင်...
09/07/2025

ထူးခြား (၉) ဌာနေ ရွှေတိဂုံမြေ
*******************
ရွှေတိဂုံစေတီတော်ကုန်းတော်ပေါ်တွင် ရွှေတိဂုံဘုရားကြီးမှလွဲလျှင် သူ့ထောင့်နှင့်သူ မွန်ဘုရင်များ၊ မြန်မာမင်းများ၊ မှူးမတ်စစ်သေနာပတိများ၊ ထွက်ရပ်လမ်း အားထုတ်သော ဘိုးဘိုးအောင်၊ ဓမ္မစေတီနှင့် တကွ ဘားမဲ့ဆရာတော်၊ ရှင်မထီး၊ ရှင်အဇ္ဖဂေါဏ စသော ပုဂ္ဂိုလ်အကျော် အမော်များ တည်ထားကိုးကွယ်ခဲ့သည့် ဘုရားများစွာ ရှိနေပေသည်။
လောကီပညာ ထွက်ရပ်လမ်းဂိုဏ်းကို လေ့လာလိုက်စားအားထုတ်သော ပုဂ္ဂိုလ်တို့သည် ရွှေတိဂုံဘုရားကုန်းတော်ပေါ်ရှိ ထူးခြားသော ၉-ဌာနသို့ လှည့်ပြီး ပူဇော်အားထုတ်လေ့ရှိကြသည်။ ထူးခြားသော ၉-ဌာနကို မန်လည်ဆရာတော် ဘုရားကြီးနှင့်တကွ ထင်ရှားကျော်ကြားသော ဆရာတော်များလည်း လှည့်လည်ရှိခိုးပူဇော်လေ့ရှိတက်ကြလေသည်။
ထိုထူးခြားသော ၉-ဌာနမှာ ........

(၁) တ၀ဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား
ရွှေတိဂုံစေတီတော် အထက်ပစ္စယံ အေ၇ှ့ ဘက်တည့်တည့်တွင် တည်ရှိသည်။ ထိုတ၀ဂူဘုရားသို့ အမျိုးသားများသာလျှင် တက်ရောက်ဖူးမြော်ခွင့်ရပြီး၊ အမျိုးသမီးများ မဖူးမြော်နိုင်သော ဘုရားဟုလည်း ဆိုလျှင် မှားမည်မဟုတ်ပေ။ တ၀ဂူ ပတ္တမြားမျက်ရှင်ဘုရားဟုလည်းခေါ်တွင်လေသည်။ဆုတောင်းပြည့် တ၀ဂူုဘုရားသည် အလွန်တန်ခိုးကြီးသည့်အတွက် ဆုတောင်းပြည့်သည်ဟု အလွန်ယုံကြည်ကြသည်။ ရှေးအခါက မင်းညီမင်းသားများသည် တ၀ဂူ ဆုတောင်းပြည့် ဘုရားကို တက်ပြီးဆုတောင်းဆုယူပြုလုပ်ကြသည်။ သစ္စာအဓိဌာန်ပြုလုပ်ကြသည်။ ပြုလုပ်သည့်အတိုင်း အောင်မြင်ကြသည်။ အချင်းချင်းသတ်ဖြတ်ပြီး နန်းရပ်ထီးဖြူလုယူကြသည်။ ထီးနန်းအုပ်ချုပ်မင်းလုပ်ကြသည်။ သို့အတွက် အချင်းချင်းမသတ် ဖြတ်စေရန် ကြီးစဉ်ငယ်လိုက် မင်းလုပ်စေရန်အတွက် မင်းညီမင်းသားများ တ၀ဂူဆုတောင်းပြည့်ဘုရား မဖူးမြော်ရဟု ဘုရင်များက အမိန့်စာချွန်တော်ထုတ်ပြန်ခဲ့ရလေသည် ဟုမှတ်သားခဲ့ရဖူးပါသည်။ ထို့ကြောင့် တ၀ဂူဘုရားကို လူတိုင်း အလွယ်တကူ မဖူးမြော်နိုင်စေရန် ဆုမတောင်းနိုင်ကြစေရန် တ၀ဂူဘုရားကို အထက်ပစ္စယံ လူသူအရောက်အပေါက်နည်း သော နေရာတွင်လျှို့ဝှက် တည်ထားကိုးကွယ်ကြသည်ဟု ပြောသမှတ်ပြုကြပါသည်။

(၂) ဝိဇ္ဖာဇော်ဂျီဘုရား
ရွှေတိဂုံကုန်းတော် ရင်ပြင်တော် စနေထောင့်တည့်တည့်တွင် တည်ရှိသည်။ စေတီငယ်ပေါ်တွင် ဇော်ဂျီရုပ်များ ပြုလုပ်ထား သည်ကို တွေ့ရသည်။ လောကီပညာရပ် အစီအမံဖြင့်ပြုလုပ်ထားသည့် ဘုရားဟု သိရှိရလေသည်။

(၃) ဆုတောင်းပြည့်ဘုရား
ရွှေတိဂုံ ရင်ပြင်တော် ရာဟုထောင့် သံတန်ဆောင်းကြီး နံဘေးတွင်တည်ရှိတသည်။ အချို့ က ဘားလးဘားဘုရားဟုခေါ် ကြသည်။ ရှင်စောပုစေတီဟုလည်းတွင်သည်။ ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင်ရှိသည်။

(၄) ရှင်မထီးဘုရား
ရွှေတိဂုံရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရားမြောင်ဘက် အာရုံခံတန်ဆောင်း (ရှင်မထီးတန်ဆောင်း) တွင်းရှိဘုရားဖြစ်သည်။ နှစ်ပေါင်း ၁၀၀၀-ခန့်က ရှင်မထီးဆရာတော် တည်သွားသည့်ဟုပြောသည်။

(၅) ရှင်အဇ္ဖဂေါဏဘုရား
ရွှေတိဂုံဘုရား ရင်ပြင်တော် တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီး ဘုရား၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင်း ရုပ်ပွားတော်ဖြစ်သည်။ ရှင်အဇ္ဖဂေါဏကား ဆိတ်မျက်လုံးတစ်ဖက်၊ နွားမျက်လုံးတစ်ဖက် ရှိသော ကိုယ်တော်ဟု ထင်ရှားသည်။ အဂ္ဂိရပ်တန်ခိုးဖြင့် ပုဂံခေတ်က ရွှေမိုး ငွေမိုး ရွာအောင်စောင်မခဲ့သော ကိုယ်တော်ဟုလည်း ေ၇ှးဟောင်းသမိုင်းစာပေတို့တွင် ဆို၏။ ဆရာတော်က ၄င်းတည်ခဲ့မှန်း လူများသိစေရန် မျက်လုံးတော်တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ်ထုလုပ်သွားကြောင်းအဆိုရှိသည်။ ထိုအာရုံခံတန်ဆောင်း ရာဟုထောင့် (ဝါ) အနောက်မြောက်ထောင့်ရှိ ရုပ်ပွါးတော်မှာ မျက်လုံးတော် တစ်ဖက်ကျဉ်း၊ တစ်ဖက်ကျယ် အရွယ်ချင်းမတူအောင်ပြုလုပ်ထားလေသည်။
(၆) ဆံတော်တွင်းရုပ်ပွားတော်
ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်တွင်ရှိသော ဆံတော်တွင်း တန်ဆောင်းအတွင်းတွင် တည်ရှိသည်။ ဆံတောင်တွင်းတန်ဆောင်းမှာ ဒဂုံခင်ခင်လေး၏ ကောင်းမှုဖြစ်သော မဟာဗောဓိစေတီ၏ အနောက်ဘက် မျက်နှာချင်းဆိုင်တွင် တည်ရှိသည်။ ရွှေတိဂုံစေတီကို တည်စဉ်က ဆံတော်များဆေးကြောသည့် တွင်းဖြစ်သည်ဟု မှတ်သားကြလေသည်။
တန်ဆောင်းတွင်းရုပ်ပွားတော်အနောက်တွင် ယခင်နှစ်ပေါင်း (၅၀)ကျော်က ဆံတော်တွင်းသို့ဆင်းရာ ဥမင်လိုဏ်ခေါင်းရှိသည်ဟု ပြောစမှတ်ရှိသည်။ ဆံတော်တွင်းမှ ရေသည် ဧရာ၀တီမြစ်ရေနှင့် တစ်ကြောတည်းဖြစ်သဖြင့် ဒီရေအတက်အကျရှိတိုင်း ဆံတော်တွင်းတွင်လည်း အတက်အကျရှိသည်ဟုဆိုကြသည်။ ဆံတော်တွင်း အုတ်ပြသာဒ်ကို ငုံပြီး ၁၈၇၉ ခုနှစ်က တန်ဆောင်း ဆောက်လုပ်ခဲ့လေသည်။

(၇) ဘိုးဘိုးအောင်ဘုရား
ရွှေတိဂုံစေတီတော် အရှေ့မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းဘုရားပင်ဖြစ်သည်။ ထိုတန်ဆောင်းအတွင်းရှိ ရုပ်ပွားတော်ကို ဘိုးဘိုးအောင်တည်ရစ်သည်ဟု ပြောစမှတ်ရှိသည်။ ဘိုးဘိုးအောင်တန်ဆောင်းအနောက်ဘက်တွင် ကျောချင်းကပ်လျှက်ရှိသည်ကား ဓမ္မစေတီ၏ ကောင်းမှုတောင်စေတီဖြစ်သည်။ ဓမ္မစေတီဘုရားရှေ့တွင် ခြင်္သေ့နှင့် ကျားရုပ်ရှိသည်။

(၈) လက်ပက်လက်ဘုရား
ရွှေတိဂုံစေတီတော်အရှေ့မုခ် အာရုံခံတန်ဆောင်းအတွင်းတွင် ရှိ၏။ ကကုသန်ရုပ်ပွားတော်ဖြစ်သည်။လိုဏ်အတွင်းရှိ ကကုသန်ဘုရားရှင် ရုပ်ပွားတော်၏ လက်ယာဘက် လက်တော်မှာ အခြားဘုရားများ ထုစဉ်ကဲ့သို့ လက်မှောက်ခုံမဟုတ်ဘဲ လက်တော်ပက်လက်ထားပြီး ထုထားသဖြင့် လက်ပက်လက်ဘုရားဟုခေါ်ဝေါ်လေ့ရှိလေသည်။

(၉) ပြဒါးရှင်ဘုရား
ရွှေတိဂုံရင်ပြင်တော် အရှေ့မုခ်နှင့် အင်္ဂါထောင့်အကြားရှိစေတီတစ်ဆူ၏ တောင်ဘက်မုခ်အတွင်းရှိ ကြေးဆင်းတုတော်ဖြစ်သည်။ အလွန်အချိုးအစားကျနပြေပြစ်လှသည်။ နဖူးတော်တွင် မို့မောက်နေပြီး ပြဒါးရှင်လုံးဌာပနာထားသည်ဟု ပြောစမှတ်ရှိ၏။ ပြဒါးရှင်လုံးရှိသည် မရှိသည်ကား အသေအချာ မသိရသော်လည်း အဆိုပါကြေးဆင်းတုတော်မှာ ရွှေတိဂုံကုန်းတော်ပေါ်ရှိ ဆင်းတုတော်များအနက် အလွန်ကြည်ညိုဖွယ်ကောင်းလှသော ဆင်းတုတော်ဖြစ်ကြောင်းကို ဖူး ဖူးသူတိုင်း ၀န်ခံရပေသည်။
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
Credit : Hla Than Aung..

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️         ☸️ တစ်ပတ်တာကံကြမ္မာ ☸️    (၃.၇.၂၀၂၅  မှ ၁၀.၇.၂၀၂၅ အထိ)☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️ကြိုက်န...
03/07/2025

☸️🍀ဆောင်းထီးဖြူဓါတ်နန်း🍀☸️
☸️ တစ်ပတ်တာကံကြမ္မာ ☸️
(၃.၇.၂၀၂၅ မှ ၁၀.၇.၂၀၂၅ အထိ)
☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️☸️
ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ်ဖတ်ရှုပါ။ ။
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

🔮🎇( Sunday Oracle Reading)🔮🎇❄️နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပါ...❄️မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန် အမှာစက...
22/06/2025

🔮🎇( Sunday Oracle Reading)🔮🎇
❄️နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပါ...
❄️မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန် အမှာစကားများကို ဖတ်ရှုပါ။
#ဆရာမနွယ်ဇေဝါလင်း 🌟
🌟

🍀မိတ်‌ဆွေတို့အတွက်တစ်ပတ်တာကံကြမ္မာ🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ်ဖတ်ရှုပါ။ ။ #ဆရာမနွယ်ဇေဝါလင...
17/06/2025

🍀မိတ်‌ဆွေတို့အတွက်တစ်ပတ်တာကံကြမ္မာ🍀
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ်ဖတ်ရှုပါ။ ။
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

 #ဆောင်းထီးဖြူဓါတ်နန်း☸️တစ်နေ့တာ ဆောင်ရန်/ရှောင်ရန် ☸️        ☸️🪷(၁၂.၆.၂၀၂၅)🪷☸️    ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ (ကြာသပတေ...
11/06/2025

#ဆောင်းထီးဖြူဓါတ်နန်း
☸️တစ်နေ့တာ ဆောင်ရန်/ရှောင်ရန် ☸️
☸️🪷(၁၂.၆.၂၀၂၅)🪷☸️
၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ (ကြာသပတေးနေ့) သည် အင်္ဂါဂြိုဟ်စိုးမိုးသောနေ့ ဖြစ်သဖြင့် စိတ်တိုလွယ်၊ စိတ်လှုပ်ရှားလွယ်တတ်ပါသည်။ စိတ်တို.. စိတ်ဆတ်ခြင်းများ မဖြစ်စေရန်အထူးသတိပြုသင့်ပါသည်။
#ဆောင်ရန်အချက်များ
တစ်နေ့တာအတွက် ကောင်းမှုကုသိုလ်များ ပြုလုပ်ခြင်း ၊ဒါနပြုခြင်း (အထူးသဖြင့် ဆွမ်း၊ ဆေးဝါး၊ ပညာရေး လှူဒါန်းခြင်း)။
ပညာရေး နှင့် စီးပွားရေး လုပ်ငန်း ဆောင်တာများအတွက် ကံကြမ္မာသာသောနေ့ဖြစ်သဖြင့် စာမေးပွဲ ဖြေဆိုခြင်း၊ စာချုပ်လက်မှတ်ရေးထိုးခြင်း၊ လုပ်ငန်းအစည်းအဝေးများ ပြုလုပ်ရန် ကောင်းမွန် သောနေ့ ဖြစ်သည်။
မိသားစုဝင်များနှင့် အခက်အခဲရှိနေသူများအဖို့ ပွင့်လင်းစွာ ဆွေးနွေးနိုင်သော၊ပဋိပက္ခများ ငြိမ်းချမ်းနိုင်သောနေ့ဖြစ်သည်။
သာမန်နေ့များထက် ကျန်းမာရေးကို ပိုဂရုစိုက်ရန် လိုအပ်ပါသည်။ ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပြီး... အာဟာရပြည့်ဝအောင် စားသုံးပါ။

#ရှောင်ရန်အချက်များ
အန္တရာယ်များသော အလုပ်လုပ်ကိုင်သူများ သတိကြီးစွာထားရမည့်နေ့ ဖြစ်သည်။ (မြင့်မားသောနေရာတွင် အလုပ်လုပ်ခြင်း၊ မီးနှင့်သက်ဆိုင်သော လုပ်ငန်းများ)
ရင်းနှီးမြှုပ်နှံမှု၊ အိမ်ခြံမြေ ဝယ်ယူခြင်းကဲ့သို့သော ကိစ္စများကို သေချာစဉ်းစားပြီးမှဆောင်ရွက်ပါ။
ယနေ့တွင် ညအချိန် ခရီးရှည်ထွက်ခြင်းကို ရှောင်ပါ။ မဖြစ်မနေသွားရမည်ဆိုပါက ယာဉ်အန္တရာယ်ကို အထူးသတိပြုပါ။
ယနေ့တွင် ဖြစ်ပေါ်ကြုံတွေ့လာသောအခြေအနေများကို စိတ်ရှည်စွာ ကိုင်တွယ်ပါ။စိတ်လိုက်မာန်ပါ ဆုံးဖြတ်ချက်များ မချပါနှင့်။
လက်တွေ့အခြေအနေအပေါ်မူတည်ပြီး အဓိကထား ဆောင်ရွက်ရမည့်နေ့ ဖြစ်ပါသည်။
#နွယ်ဇေဝါလင်း
#ဆောင်းထီးဖြူဓါတ်နန်း
#အကြားအမြင်ဝိဇ္ဇာပညာ

နယုန်လပြည့်နေ့  🙏🙏🙏
10/06/2025

နယုန်လပြည့်နေ့ 🙏🙏🙏

🔮( Sunday Oracle Reading)🔮🎇နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပါ...🎇မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန်အမှာစကားမျာ...
08/06/2025

🔮( Sunday Oracle Reading)🔮
🎇နှစ်သက်ရာ ပုံတစ်ပုံကို ရွေးချယ်ပါ...
🎇မိတ်ဆွေအတွက် တစ်ပတ်အတွင်း ဆောင်ရန် /ရှောင်ရန်အမှာစကားများကို ဖတ်ရှုပါ။
#ဆရာမနွယ်ဇေဝါလင်း 🌟
🌟

🍀မိတ်‌ဆွေတို့အတွက် တစ်ပတ်တာကံကြမ္မာ🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ်ဖတ်ရှုပါ။ ။ #ဆရာမနွယ်ဇေဝါလင်...
07/06/2025

🍀မိတ်‌ဆွေတို့အတွက် တစ်ပတ်တာကံကြမ္မာ🍀
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
ကြိုက်နှစ်သက်ရာပုံလေး တစ်ပုံတည်းကို ရွေးချယ်ဖတ်ရှုပါ။ ။
#ဆရာမနွယ်ဇေဝါလင်း

#ဆောင်းထီးဖြူဓါတ်နန်း

ငယ်ငယ်က အဘိုးအဘွားများ ပြောတာ ကြားဖူးပါတယ်။ ညနေ နေဝင်ချိန်မှာ ကလေးငယ်‌တွေကို အိမ်ပြင်မခေါ်ရ ဆိုတဲ့စကား။ကလေးသဘာဝ ဆော့ကစား...
07/06/2025

ငယ်ငယ်က အဘိုးအဘွားများ ပြောတာ ကြားဖူးပါတယ်။ ညနေ နေဝင်ချိန်မှာ ကလေးငယ်‌တွေကို အိမ်ပြင်မခေါ်ရ ဆိုတဲ့စကား။ကလေးသဘာဝ ဆော့ကစားနေလည်း နေဝင်ခါနီးရင် မိဘတွေက အော်ကြပြီ ....မှောင်တော့မယ် ...အိမ်ထဲဝင် ...ခြေလက်ဆေးကြ ဆိုတဲ့ စကားတွေ ....။
အခုခေတ်မိဘတွေက ဒီလိုအယူအဆတွေကို သိပ်လက်မခံချင်။ ကလေးချီပြီး သွားချင်ရာတွေသွားကြ ၊ ပြန်လာတော့ ညဉ့်နက်သန်းခေါင် ဖြစ်နေပြီ။ ကလေးက အိမ်ထဲဝင်ကတည်းက ချော့မရအောင် တဗြဲဗြဲနှင့်ငိုပြီ။ မိဘတွေက တနေကုန်လျှောက်သွားရလို့ပင်ပန်းပြီး အိပ်ချင် ...ကလေးက အငိုမတိတ်နှင့် တိုင်တွေ ပတ်ကြတာလည်း မနည်း။
အားကိုးရာ ဆရာသမားတွေဆီ ပြေးကြတော့ မယောင်ရာဆီလူး ယတြာတွေ ပေးကြတယ်။ လုပ်လည်း ခဏပါပဲ။အပြင်ထွက်လိုက် ညကြီးမိုးချုပ်မှ ကလေးကို အကာအကွယ်မပါဘဲ အိမ်ထဲ ပြန်ခေါ်လာလိုက် ၊ ငိုလိုက် ၊ အိပ်ရေးပျက်လိုက်အဖြစ်က ဘဲဥ အစရှာမရသလိုပါပဲ။
ပရလောကကို ထဲထဲဝင်ဝင် ဝိညာဉ်လွှင့်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ ဆာလောင်နေတဲ့ သရဲ တစ္ဆေတွေက ကုသိုလ်ကံအားနည်းတဲ့သူတွေအနား တကောက်ကောက် လိုက်နေကြတာပါ။ အထူးသဖြင့် ကလေးတွေအနားမှာ ရှိနေတတ်ပါတယ်။အများကြီး မရေးပြတော့ပါဘူး ..ဆရာသမားတွေ ပိုသိပါတယ်။
ကလေးတွေ ကို မဖြစ်မနေ ညဘက် အိမ်ပြင်ခေါ်ရမယ် ဆိုရင် ၊ လူသူမနီးတဲ့နေရာ ဖြတ်သွားရမယ်ဆိုရင် ကလေးရဲ့မိခင် (သို့မဟုတ်)ကလေးကို ချီသွားမယ့်သူက ဩဇာညွှန့်ကို ဘုရားဂုဏ်တော်ကိုးပါး ၊ သရဏဂုံ သုံးပါး ရွတ်ဆိုပြီး ခေါင်းမှာ ထိုးသွားပါ။ ဩဇာညွှန့်ကို မြင်သာအောင် ယူဆောင်ပါ။ အိတ်ထဲ မထည့်ရပါ။ကလေး၏ ဖခင်က ကလေးကို ချီမယ်ဆိုရင် အင်္ကျီအိတ်ကပ်မှာ ထိုးထားပါ။ ပရလောကသားများ အနှောင့်အယှက်မှ ကင်းဝေးစေပါတယ်။
ညဘက်အချိန်နောက်ကျမှ အိမ်ပြန်ရောက်ရင်လည်း ဘုရားသောက်တော်ရေကို စွန့်ပြီး ကလေးရဲ့ဦးခေါင်းကို သရဏဂုံရွတ်ပြီး စတိသပ်ချပြီးမှ ကလေးကို အိပ်ခိုင်းပါ။
ပရလောကနှင့် လူ့လောက ‌အဝေးကြီး မဟုတ်ပါဘူး။ မေတ္တာပို့ အမျှပေးဝေပါ 🙏
#နွယ်ဇေဝါလင်း
#ဆောင်းထီးဖြူဓါတ်နန်း

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Empress Tarot posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share