Your Doctor-Health Education

Your Doctor-Health Education Empowering minds for a healthier tomorrow 🩺🥼

31/12/2025

2025 မှရခဲ့သောသင်ခန်းစာတစ်ချို့…

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ

“ သကြားမဖြတ်ခင်နဲ့သကြားဖြတ်ပြီး ဘာတွေကွာသွားလဲ “ 💁🏻‍♂️🔹 ခုရက်ပိုင်း social media ပေါ်မှာ သကြားမဖြတ်ခင်က ပုံဆိုးပန်းဆိုးဖ...
27/12/2025

“ သကြားမဖြတ်ခင်နဲ့သကြားဖြတ်ပြီး ဘာတွေကွာသွားလဲ “ 💁🏻‍♂️

🔹 ခုရက်ပိုင်း social media ပေါ်မှာ သကြားမဖြတ်ခင်က ပုံဆိုးပန်းဆိုးဖြစ်နေတယ် သကြားဖြတ်ပြီးတဲ့အခါ ပိုကြည့်ကောင်းသွားတယ် ချောသွားတယ် စတဲ့ post တွေတွေ့နေရတယ်ပေါ့နော်

🔹 ဆိုတော့.သကြားဖြတ်လိုက်ရင် တကယ်ပဲရုပ်ချောသွားတာလား သကြားကလုံးဝဖြတ်လို့ရလား ဆိုတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာကို ဒီနေ့ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

🔹 သကြားကလုံးဝဖြတ်လို့ရလားဆိုတဲ့အဖြေကိုပြောရမယ်ဆိုရင် လုံးဝဖြတ်လို့ရတယ်လို့ ပြောလို့ရသလို မရဘူးလို့လဲပြောလို့ရပါတယ်ဗျ

🔹 ကဲ..နည်းနည်းရှုပ်သွားကြမယ်ထင်တယ် သေချာရှင်းပြပေးမယ်နော်

🔹 သကြားမှာ added sugar လို့ခေါ်တဲ့ ချိုဖို့ထပ်ထည့်တဲ့ ကျွန်တော်တို့ ဟင်းချက်တဲ့အခါတို့၊ ဖျော်ရည်တွေ၊ ချိုချဉ်တွေမှာပါတဲ့ သကြားနဲ့ သဘာဝ သစ်သီးဝလံတွေ ကနေ ရတဲ့ သဘာဝသကြား (natural sugar) ဆိုပြီး နှစ်မျိုးရှိပါတယ်

🔹 ဒီနှစ်မျိုးမှာ ကျွန်တော်တို့အစားအသောက်တွေကို ချိုဖို့ထပ်ထည့်ကြတဲ့ added sugar ဆိုတာကိုတော့ လုံးဝဖြတ်လို့ရပါတယ်

🔹 added sugar ကိုလုံးဝဖြတ်လိုက်ပေမဲ့ ဆန်၊ဂျုံ၊သစ်သီး စတာတွေကိုတော့ စားပေးဖို့လိုပါတယ်ဗျ သူတို့မှာပါတဲ့ သဘာဝသကြား (natural sugar) က ကျွန်တော်တို့ ခန္ဓာကိုယ်အတွက်လိုအပ်ပါတယ်နော်

🔹ကဲ..အဲ့တာဆိုနောက်တစ်ခုအနေနဲ့ added sugar ကိုဖြတ်လိုက်ရင် ဘာတွေအကျိုးကျေးဇူးရမလဲဆိုတာနဲ့ သဘာဝသကြားပါတဲ့ အစားအသောက်တွေကိုတော့ ဘာ့လို့စားပေးသင့်လဲဆိုတာကို ဆက်ပြီး ပြောပြပေးသွားပါမယ်ဗျ

🔹 Added sugar ဖြတ်မယ်ဆိုရင် ခန္ဓာကိုယ်ထဲ အချိုဓာတ်တွေ၊ calories တွေနည်းသွားတော့ ခန္ဓာကိုယ်အလေးချိန်ထိန်းပြီးသားဖြစ်သလို သွေးတွင်းအချိုဓာတ်များလို့ဖြစ်တဲ့ ဆီးချိုရောဂါ၊ သွေးတိုးနဲ့ နှလုံးရောဂါတွေကို ကာကွယ်ပြီးသားဖြစ်ပါတယ်

🔹နောက်ပြီး အသားအရည်လဲပိုလှစေသလို နုပျိုစေတဲ့အာနိသင်လဲရှိပါတယ်ဗျ

🔹 ဒါပေမဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်(energy) ကို အဓိကအားဖြင့် အချိုဓာတ် (glucose) ကနေရတာကြောင့် သကြားကိုလုံးဝဖြတ်လိုက်လို့တော့မရဘူးပေါ့နော် သဘာဝသကြားဓာတ်၊ အချိုဓာတ်တွေပါတဲ့ အစားအစာတွေတော့ စားပေးဖို့လိုပါတယ်ဗျ

🔹 သကြားဓာတ်လုံးဝဖြတ်လိုက်ပြီးကျွန်တော်တိူ့ ခန္ဓာကိုယ်မှာ သကြားဓာတ်နည်းလာပြီ ချို့တဲ့လာပြီ hypoglycemia ဖြစ်သွားပြီဆိုရင် ချွေးတွေထွက်ပြီး လူက ဆောက်တည်ရာမရတာ၊ ရင်တုန်တာ၊ စိတ်သောက်ကရောက်ပြီးစိတ်မငြိမ်တာတွေ၊ အာရုံမစိုက်နိုင်တာတွေ ဖြစ်တတ်ပါတယ်ဗျ

🔹 နောက်ပြီး ခေါင်းမူးတာ၊ အမြင်တွေဝေဝါးတာ၊ အာရုံမစူးစိုက်နိုင်တာတွေဖြစ်နိုင်သလို အဆိုးဆုံးအခြေအနေမှာဆိုရင် တက်တာ၊ သတိလစ်တာ၊ coma ဝင်တာထိပါ ဖြစ်သွားနိုင်ပါတယ်ဗျ

🔹 အဲ့တာကြောင့် social media မှာတွေ့တဲ့အတိုင်း ငါလဲ သူများလိုလှသွားအောင် သကြားဖြတ်လိုက်မယ်ဆိုပြီး လုံးလုံး အချိုဓာတ်ဖြတ်လိုက်တာမျိုး မလုပ်သင့်ပါဘူးနော်

🔹 အအေးတွေ၊ အချိုမုန့်တွေ ရှောင်မယ်၊ ဟင်းချက်တဲ့အခါ သကြားထည့်တာတွေလျှော့ပြီးတော့ သဘာဝ အချိုဓာတ်ပါတဲ့ အစားအစာတွေ စားမယ်ဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်ပြီး အသားအရည်လဲလှ တဲ့ဘဝလေးကိုပိုင်ဆိုင်န်ိုင်မှာပဲ ဖြစ်ပါတယ်ဗျ

🔹 ကဲ..ခုဆိုရင်တော့ သကြားဖြတ်တာနဲ့ပတ်သတ်ပြီး စိတ်ထဲမရှင်းတာတွေ နားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခု post ကနေ သင့်အတွက်တစ်စုံတစ်ရာ အကျိုးရှိသွားခဲ့တယ်ဆိုရင် တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော်

🔹 နောက်နေ့တွေမှာလဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #သကြား

22/12/2025

သကြားမဖြတ်ခင်နဲ့သကြားဖြတ်ပြီး ဘာကွာသွားလဲ ⁉️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #သကြား

“ ဆီးချိုရောဂါက အသက်ကြီးမှဖြစ်တာလား “ 🤔🔹 ဆီးချိုသွေးချိုဆိုတာ မကြားချင်မှအဆုံး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အရမ်းအဖြစ်မျာ...
20/12/2025

“ ဆီးချိုရောဂါက အသက်ကြီးမှဖြစ်တာလား “ 🤔

🔹 ဆီးချိုသွေးချိုဆိုတာ မကြားချင်မှအဆုံး ကျွန်တော်တို့ပတ်ဝန်းကျင်မှာ အရမ်းအဖြစ်များကြတဲ့ရောဂါ တစ်ခုဖြစ်ပါတယ်ဗျ

🔹 အများအားဖြင့်တွေ့ရတာက အသက်ကြီးတဲ့သူတွေ၊ ဘိုးဘိုး ဘွားဘွားတွေမှာ ဆီးချိုရှိကြတာများတယ်ပေါ့နော်

🔹 ဒါဆို ဆီးချိုက အသက်ကြီးတဲ့သူတွေမှာလဲ ဖြစ်တာလားဆိုတဲ့ မေးခွန်းကလဲ မေးစရာရှိလာပြန်ပါတယ် ❓

🔹 ကဲ..ဒီနေ့မှာတော့ စောန မေးခွန်းရဲ့အဖြေနဲ့အတူ ဆီးချိုသွေးချိုအကြောင်းကို သေချာလေးရှင်းပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

🔹 ဆီးချိုသွေးချိုရောဂါဆိုတာက ကျွန်တော်တို့ ခန္ဓာကိုယ်ထဲမှာ သကြားဓာတ်ဖြစ်တဲ့ glucose တွေ များလာတဲ့ အခြေအနေကိုခေါ်တာပဲဖြစ်ပါတယ်

🔹 ပုံမှန်ဆိုရင် ကျွန်တော်တို့ အစာတွေစားတာကနေ ရလာတဲ့ အချိုဓာတ်တွေကို insulin ကနေ ခန္ဓာကိုယ်ရဲ့ cell တွေထဲကို ထည့်ပေးတယ်ပေါ့နော်

🔹 အဲ့ insulin ဆိုတာ မရှိရင်ဖြစ်ဖြစ်၊ insulin ရှိနေပေမဲ့ သူ့အာနိသင်ဓာတ်မတိုးတာ resistance ဖြစ်နေရင် ဖြစ်ဖြစ် စားလိုက်တဲ့ အချိုဓာတ်တွေဟာ cell တွေထဲကိုမဝင်နိုင်တော့ဘဲ cell အပြင် သွေးထဲမှာမှာပုံလာပါတယ်

🔹 အဲ့လိုကနေ ဆီးချိုသွေးချိုဆိုတာဖြစ်လာတာပဲ ဖြစ်ပါတယ်ဗျ

🔹 ဆီးချိုရောဂါမှာလဲ type 1 နဲ့ type 2 ဆိုပြီး အမျိုးအစား နှစ်မျိုးရှိပါတယ်ဗျ

🔹 type 1 ဆီးချိုရောဂါတွေဟာဆိုရင် အသက်ငယ်ငယ်တွေမှာ ဖြစ်ကြပါတယ်ဗျ အများအားဖြင့် အသက် (40) အောက်တွေပေါ့နော်

🔹 သူက ခန္ဓာကိုယ်ထဲမှာ insulin လုံးဝမရှိတာကြောင့် ဆီးချိုရောဂါ ဖြစ်လာတာဖြစ်ပြီး ရောဂါလက္ခဏာတွေ စောစောစီးစီးပေါ်တတ်ပါတယ်ဗျ

🔹 သူကတော့ မိသားစုမျိုးရိုးလိုက်တာနဲ့တော့မသက်ဆိုင်ဘူးပေါ့နော်

🔹 နောက်တစ်ခု type 2 ဆီးချိုရောဂါကတော့ ကျွန်တော်တို့တွေ့ရများတဲ့ အသက် (50) ကျော်တွေ၊ ဘိုးဘိုးဘွားဘွားတွေမှာ ဖြစ်ကြပါတယ်ဗျ

🔹 ခု type 2 ကတော့ insulin ဓာတ်ရှိတော့ရှိနေသေးတယ် ဒါပေမဲ့ သူ့အာနိသင်က မတိုးတော့ဘူး resistance ဖြစ်သွားတာပဲဖြစ်ပါတယ်

🔹 သူကတော့ ရောဂါလက္ခဏာတွေပြလာဖို့ အချိန်လပိုင်းကနေ နှစ်အထိ ကြာတတ်ပြီးတော့ ခန္ဓာကိုယ်အလေးချိန်များတာ ဝတာတို့နဲ့တွေ့ရတတ်ပါတယ်ဗျ

🔹 နောက်ပြီးတော့ ခု type 2 ဆီးချိုက မိသားစုမျိုးရိုးလိုက်တတ်ပါတယ်နော်

🔹 ဆီးချိုရောဂါအမျိုးအစားတွေအကြောင်းပြောပြပြီးပြီဆိုတော့ သူ့ရဲ့ရောဂါလက္ခဏာတွေအကြောင်းကိုဆက်ပြီးပြောပြပေးသွားပါမယ်ဗျ

🔹 ဆီးချိုလက္ခဏာတွေကတော့ ဆီးသွားများမယ်၊ ရေခနခနဆာမယ်၊ ရေဓာတ်နည်းပြီး နှုတ်ခမ်းတွေခြောက်နေမယ်၊ ညအခါဆီးခနခနထသွားနေရတာတွေရှိမယ်၊ ပင်ပန်းပြီးနုန်းနေမယ်၊ အမြင်အာရုံတွေဝေဝါးတာတွေ၊ စိတ်ဂနာမငြိမ်ဖြစ်တာ၊စိတ်တိုလွယ်တာ၊ အာရုံမစိုက်နိုင်တာမျိုးတွေရှိတတ်ပါတယ်ဗျ

🔹 နောက်ပြီး အစာပုံမှန်တိုင်းစားပေမဲ့ ကိုယ်အလေးချိန်သိသိသာသာပြောင်းလဲသွားတာမျိုးတွေရှိမယ်၊ အချိုတွေအရမ်းစားချင်ပြီး အစာကြီးလာတာတွေရှိမယ်၊ မိန်းကလေးတွေမှာဆို မိန်းမကိုယ်ယားယံတာမျိုးတွေ လဲ ဖြစ်တတ်ပါတယ်ဗျ

🔹 ခုလို လက္ခဏာတွေကြုံနေရပြီဆိုရင်တော့ ဒါဆီးချိုစစ်ကြည့်သင့်တယ်ပေါ့နော်

🔹 ဆိုတော့..ဆီးချိုက ကျွန်တော်တို့ပတ်ဝန်းကျင်မှာလဲ တွေ့နေမြင်နေရတာပဲ ဒီရောဂါက စိတ်ပူစရာလိုလို့လားလို့ တွေးမိကောင်းတွေးနေပါလိမ့်မယ်ဗျ

🔹 ဆီးချိုရောဂါကိုယ်တိုင်က အရမ်းဆိုးဝါးတာမဟုတ်ပေမဲ့ သေချာထိန်းချုပ်မကုသဘူးဆိုရင် နောက်ဆက်တွဲဝင်လာနိုင်တဲ့ ရောဂါဆိုးတွေရှိပါတယ်နော်

🔹 သေချာမကုသသွားဘူးဆိုရင် မျက်လုံး၊ ကျောက်ကပ်၊ အာရုံကြောနဲ့ နှလုံးတွေကိုထိခိုက်န်ိုင်ပါတယ်ဗျ

🔹 လေဖြတ်တာ၊ coma ဝင်သွားတာတွေလဲ ဖြစ်နိုင်သလို ပိုးမွှားတွေဆိုတာက အချိုဓာတ်ကြိုက်တာကြောင့် ဆီးချိုရှိတဲ့သူဟာဆိုရင် ရောဂါပိုးမွှားတွေပိုမိုကူးစက်နိုင်ပါတယ်နော်

🔹 အဲ့တာကြောင့်ခုလို နောက်ဆက်တွဲရောဂါဆိုးတွေ ဖြစ်မလာအောင် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို စနစ်တကျ သူ့အချိန်နဲ့သူ သေချာသောက်သုံပေးသင့်ပြီး insulin ထိုးဖို့လိုတဲ့သူတွေကလဲ သေချာ ထိုးသင့်ပါတယ်ဗျ

🔹 နောက်ဆုံးတစ်ခုအနေနဲ့ပြောချင်တာက ကိုယ့်မှာ ဆီးချိုရောဂါစရှိပြီဆိုတာနဲ့ ဒီရောဂါက တသက်လုံး ကိုယ်နဲ့တွဲပြီး ဖြစ်နေမှာဆိုတာကိုသိထားဖို့လိုပါတယ်

🔹 အဲ့တာမို့ အချိုတွေ ၊အဆီအဆိမ့်ရှောင်ပြီးဂရုတစိုက်စားသောက်ဖို့လိုသလို၊ ကိုယ်လက်လှုပ်ရှားလုပ်ပေးရပါမယ်ဗျ

🔹 ခုပြောသလို နေထိုင်စားသောက်မှုပုံစံလဲ ဂရုစိုက်မယ် ဆေးလဲ သေချာစနစ်တကျသောက်သုံးသွားမယ်ဆိုရင်တော့ အရမ်းပူပင်သောကရောက်ဖို့မလိုပါဘူးဗျ

🔹 ကဲ..ခုဆိုရင်တော့ ဆီးချိုရောဂါနဲ့ပတ်သတ်ပြီး သေချာနားလည်သွားပြီလို့ယုံကြည်ပါတယ်

🔹 ခု post ကနေသင့်အတွက် တစ်စုံတစ်ရာအကျိုးကျေးဇူးရသွားခဲ့တယ်ဆိုရင် တခြားသူတွေလဲသိသွားအောင် share သွားပေးပါဦးနော် 👉🏻

🔹 နောက်နေ့တွေမှာလဲပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျ

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #ဆီးချို

17/12/2025

အသက်ကြီးမှဆီးချိုဖြစ်တာလား 🧐

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #ဆီးချို

13/12/2025

အားဖြည့်အချိုရည်တွေက တကယ်အားဖြစ်စေတာလား ⁉️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #အားဖြည့်အချိုရည်

“ အေးလာရင် ဘာ့လို့နှာစေးနှာပိတ်တာလဲ “😷🔹 ခုချိန်က ဆောင်းလဲ စဝင်လာပြီဆိုတော့ အများစု နှာစေးနှာပိတ်ဖြစ်တတ်ကြတဲ့အချိန်ဖြစ်ပါ...
10/12/2025

“ အေးလာရင် ဘာ့လို့နှာစေးနှာပိတ်တာလဲ “😷

🔹 ခုချိန်က ဆောင်းလဲ စဝင်လာပြီဆိုတော့ အများစု နှာစေးနှာပိတ်ဖြစ်တတ်ကြတဲ့အချိန်ဖြစ်ပါတယ်

🔹 အားလုံးလဲ ခုလိုချိန်မျိုးမှာဆို နှာလေးတရှုံ့ရှုံ့နဲ့ဖြစ်နေကြမှာပါ

🔹 ဆိုတော့…ဘာ့လို့ ခုလိုအေးလာရင် နှာစေးနှာပိတ်ဖြစ်ရတာလဲဆိုပြီးတော့ရော တွေးမိကြလားဗျ

🔹 ဒီနေ့မှာတော့ ရာသီဥတုအေးလာရင် နှာစေးနှာပိတ်ဖြစ်လာရတဲ့အကြောင်းအရင်းနဲ့ ဘယ်လို ကာကွယ်လို့ရလဲ ကုသလို့ရလဲဆိုတဲ့ အကြောင်းအရာအပြည့်စုံကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 💁🏻‍♂️

🔹 ရာသီဥတုအေးလာတော့ တိုက်တဲ့လေတွေကလဲ အေးလာတယ်ပေါ့နော် အဲ့တော့ ကျွန်တော်တို့ အသက်ရှုလိုက်ပြီး နှာခေါင်းထဲဝင်လာတဲ့ လေတွေကလဲ လေအေးတွေ ဖြစ်ပါတယ်ဗျ

🔹 ဆိုတော့..ရှုသွင်းမိလိုက်တဲ့ အဲ့လေအေးတွေက နှာခေါင်းအမြှေးပါး ကိုသွားထိပြီး လှုံဆော်လိုက်သလိုဖြစ်သွားတယ် သွားဆွသလိုဖြစ်သွားတယ်ပေါ့နော်

🔹 အဲ့ဒီအခါမှာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုစနစ်တစ်ခုဖြစ်တဲ့ parasympathetic reflex နဲ့ နှာခေါင်းမှာရှိတဲ့ gland ကနေ အကျိအချွဲတွေ ၊ နှပ်တွေ ပိုများများထုတ်ပေးလိုက်တာပဲဖြစ်ပါတယ်

🔹 အဓိကရည်ရွယ်ချက်ကတော့ ဝင်လာတဲ့လေအေးတွေကို နွေးသွားအောင်လုပ်တဲ့အနေနဲ့ နှပ်တွေထုတ်လိုက်တယ်ပေါ့နော်

🔹 ဒါက ခန္ဓာကိုယ်ရဲ့ အလိုအလျောက်တုန့်ပြန်တဲ့ ခုခံကာကွယ်ရေး စနစ်တစ်ခုပဲဖြစ်ပါတယ်ဗျ

🔹 အဲ့လိုနဲ့ နှာခေါင်းထဲမှာ mucus တွေ၊ နှပ်တွေ များလာပြီး နှာစေးနှာပိတ်တာ၊ နှာရည်ယိုတာတွေ ဖြစ်လာတာပဲ ဖြစ်ပါတယ်

🔹 ပုံမှန်ဆိုရင်တော့ အေးလာတဲ့ချိန်နှာစေးတာက ပိုးတွေဘာတွေဝင်တာကြောင့်မဟုတ်ပဲ လေအေးတွေကိုရှုမိတာ၊ထိတွေ့မိတာကြောင့်ဖြစ်တာပေါ့နော်

🔹ဒါပေမဲ့ ကိုယ်ကလဲ ကိုယ်ခံအားနည်းနေတယ် နှာစေးနှာပိတ်တာလဲ ကြာလာပြီဆိုရင် ပိုးမွှားတွေဝင်လာတတ်ပါတယ်ဗျ

🔹 Common cold virus တွေဖြစ်တဲ့ rhinovirus လို့ခေါ်တဲ့ ဗိုင်းရက်စ်ပိုးမွှားတွေ ဝင်လာတတ်တယ်ပေါ့နော်

🔹 အဲ့တော့ ပိုးဝင်နေလား ဒီတိုင်းအေးလို့ နှာစေးတာလား ဘယ်လိုခွဲရမလဲဆိုရင် ပိုးဝင်နေပြီဆို နှပ်တွေက ဝါစိမ်းစိမ်းနဲ့ ပိုပြီးပြစ်ပြစ်ချွဲချွဲတွေ ထွက်တတ်တယ်ပေါ့နော်

🔹 ဒီတိုင်းအေးလို့ နှာစေးတယ်ဆိုရင် နှပ်က အရည်ကျဲကျဲ အဖြူရောင်တွေပဲ ထွက်လေ့ရှိပါတယ်ဗျ

🔹 နောက်ပြီး ဖျားတာတို့၊ ခေါင်းကိုက်တာတို့ပါတွဲလာပြီဆိုရင်တော့ ဒါ ဗိုင်းရက်စ်ပိုးပါဝင်နေတာကြောင့်ပဲဖြစ်ပါတယ်

🔹အဲ့တော့..နောက်တစ်ခုအနေနဲ့ ခုလိုနှာစေး နှာပိတ်တာတွေ မဖြစ်အောင် ဘယ်လိုကာကွယ်လို့ရလဲ၊ ဖြစ်လာရင်ရော ဘယ်လိုကုသလို့ရလဲဆိုတာကို ဆက်ပြီးကြည့်လိုက်ရအောင်နော်

🔹 ခုလိုနှာစေးတာက လေအေးတွေကြောင့်ဖြစ်တာမို့ နွေးနွေးထွေးထွေးနေပေးဖို့ အရေးကြီးပါတယ် အနွေးထည်ဝတ်မယ် ရေကိုဂရုစိုက်ချိုးတာတို့ လုပ်ပေးဖို့လိုပါတယ်

🔹 နှာစေး နှာပိတ်လာပြီ ဆေးလဲ မသောက်ချင်သေးဘူးဆိုရင်တော့ ရေနွေးငွေ့ရှုပေးတာက သက်သာစေပါတယ်နော်

🔹 ဆေးသောက်မယ်ဆိုရင်တော့ anti-histamine ဆေးအမျိုးအစားဖြစ်တဲ့ cetirizine ကို တစ်ရက်တစ်လုံးသောက်ပေးရပါမယ်ဗျ

🔹 သူက သောက်ပြီးရင်တော့ အနည်းငယ် အိပ်ချင်စေတာကြောင့် ညဘက်အိပ်ခါနီးသောက်တာက ပိုကောင်းပါတယ်

🔹 နှာစေးတာတင်မဟုတ်ဘဲ ဖျားတာ၊ ခေါင်းကိုက်တာတွေပါတွဲဖြစ်လာရင်တော့ paracetamol တို့ Decolgen တို့ပါသောက်ပေးဖို့လိုပါတယ်ဗျ

🔹 ကဲ…ခုဆိုရင်တော့ နှာစေး၊နှာပိတ်တာနဲ့ပတ်သတ်လို့သေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခုချိန်က နှာစေးနှာပိတ် အဖြစ်များနေတဲ့အချိန်မို့ တခြားသူတွေလဲ သိသွားအောင် ခု post လေးကို share သွားပေးပါဦးနော်

🔹 နောက်နေ့တွေမှာလဲပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်ဗျ 👨‍⚕️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေး #နှာစေး #နှာပိတ်

07/12/2025

အေးလာရင် ဘာ့လို့နှာစေးနှာပိတ်တာလဲ 😷

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #နှာစေး #နှာပိတ်

“ တိတ်တဆိတ်လူသတ်ရောဂါ (သွေးတိုးရောဂါ) “ 😈 🔹 သွေးတိုးရောဂါလို့ပြောလိုက်တာနဲ့ လူတိုင်းသိကြသလို ခုခေတ်လူတော်တော်များများမှာ...
04/12/2025

“ တိတ်တဆိတ်လူသတ်ရောဂါ (သွေးတိုးရောဂါ) “ 😈

🔹 သွေးတိုးရောဂါလို့ပြောလိုက်တာနဲ့ လူတိုင်းသိကြသလို ခုခေတ်လူတော်တော်များများမှာလဲ ရှိနေကြတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်

🔹 သွေးတိုးတာကို သိပ်စိုးရိမ်စရာမရှိဘူးလို့ ထင်ကြပေမဲ့ တိတ်တဆိတ်လူသတ်ရောဂါ (silent killer) ဆိုပြီး နာမည်ရထားတာ အကြောင်းမဲ့တော့မဟုတ်ပြန်ပါဘူးဗျ 🙅🏻‍♂️

🔹 ဆိုတော့..အဲ့လို သွေးတိုးရောဂါကို တိတ်တဆိတ်လူသတ်ရောဂါလို့ခေါ်ရတဲ့ နောက်ကွယ်က အကြောင်းအရင်းဘာရှိမလဲဆိုတာနဲ့ သွေးတိုးရောဂါအကြောင်းအပြည့်အစုံကို ဒီနေ့ပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဗျ 👨‍⚕️

🔹 အရင်ဦးဆုံး သွေးတိုးရောဂါဆိုတာက ဘာလဲပေါ့နော် 🤔

🔹 ကျွန်တော်တို့ ခန္ဓာကိုယ်ထဲက သွေးကြောတွေထဲမှာ ဖိအားများလာတာကို သွေးတိုးတယ်လို့ ခေါ်ပါတယ်

🔹 ပုံမှန်သွေးပေါင်ချ်ိန်ဟာဆိုရင် အပေါ်သွေး 120 နဲ့ အောက်သွေး 80 ဝန်းကျင်မှာ ရှိပါတယ်ဗျ

🔹အပေါ်သွေး 140 နဲ့ အောက်သွေး 90 ဖြစ်နေပြီဆိုရင် ဒါသွေးစတိုးနေပြီပဲဖြစ်ပါတယ် grade 1 hypertension ပေါ့နော်

🔹 အပေါ်သွေး 160 နဲ့ အောက်သွေး 100 ဖြစ်နေပြီဆိုရင် grade 2 hypertension နဲ့ နောက်ဆုံး အပြင်းထန်ဆုံး grade 3 hypertension ကတော့ အပေါ်သွေး 180 နဲ့ အောက်သွေး 110 ကျော်ရင် သတ်မှတ်တာပဲ ဖြစ်ပါတယ်ဗျ

🔹 ဆိုတော့..ကိုယ်မှာသွေးတိုးနေလား ဆိုတာ ဘယ်လိုသိနိုင်လဲပေါ့နော်

🔹 များသောအားဖြင့် နောက်ဆက်တွဲရောဂါလက္ခဏာတွေမပြခင်ထိ သွေးတိုးနေလား မတိုးနေလားဆိုတာ သွေးပေါင်ချိန်မကြည့်ရင် မသိနိုင်ပါဘူးခင်ဗျ

🔹 အဲ့တာကြောင့်မို့ပဲ သွေးတိုးရောဂါကို silent killer တိတ်တဆိတ်သတ်နေတဲ့ရောဂါဆိုပြီး ခေါ်ကြတာပဲ ဖြစ်ပါတယ်

🔹 ဆိုတော့..အဲ့ဒီနောက်ဆက်တွဲရောဂါလက္ခဏာတွေဆိုတာက ဘာတွေလဲပေါ့

🔹 ခေါင်းမူးမယ်၊ မျက်လုံးတွေဝါးလာမယ်၊ ရင်ဘတ်အောင့်မယ်၊ရင်တုန်မယ်၊ မောမယ်၊ ခြေလက်တွေဖောလာမယ်၊ ခြေလက်တွေအားနည်းပြီးထုံကျဉ်လာမယ် စတဲ့ နောက်ဆက်တွဲရောဂါလက္ခဏာတွေဖြစ်လာမှသာ တော်တော်များများက သွေးပေါင်ချိန်ကြည့်မိပြီး သွေးတိုးရှိတယ်ဆိုတာ သိကြတာများပါတယ်

🔹 တကယ်တော့ သွေးတိုးရောဂါဆိုတာက ရှိတာစောစောသိလေ မြန်မြန်ထိန်းချုပ်ကုသနိုင်လေ အကောင်းဆုံးပဲဖြစ်ပါတယ်ဗျ

🔹 အဲ့တာကြောင့် သွေးတိုးရောဂါဖြစ်စေနိုင်တဲ့ အချက်တွေ ဖြစ်တဲ့ ကိုယ့်မိသားစုမျိုးရိုးထဲမှာ သွေးတိုးရောဂါရှိတဲ့သူတွေ၊ အသက်ကြီးတဲ့သူ၊ ဝိတ်များတဲ့သူမျိုးတွေ၊ အငန်တွေအစားများပြီး အလှုပ်အရှားနည်းသူတွေ၊ ဆေးလိပ်၊ အရက်သောက်သူတွေဟာဆိုရင် စောစောစီးစီး ကိုယ့်မှာ သွေးတိုးရှိ၊မရှိစစ်ကြည့်ထားဖို့လိုပါတယ်ဗျ

🔹 တကယ်လို့ သွေးတိုးရောဂါရှိတာစောစောသိပြီး သေချာ ထိန်းချုပ်ကုသသွားမယ်ဆိုရင် ပုံမှန်လူတွေလို နေထိုင်သွားလာနိုင်တယ်ပေါ့နော် အရမ်းကြီးစိတ်ပူစရာမလိုပါဘူး

🔹 ဆိုတော့..သေချာထိန်းချုပ်ကုသသွားရမယ်ဆိုတာက ဘယ်လိုကုရမလဲပေါ့နော်

🔹 ဆရာဝန်က ညွှန်ကြားလိုက်တဲ့ဆေးကို မပြတ်ပဲ နေ့တိုင်း မှန်မှန်သောက်သွားမယ် ဆေးခန်းပြန်ပြဖို့ရက်ချိန်းရင် မပျက်မကွက်ပဲ မှန်မှန်ပြန်ပြပြီး ကုသမှုခံယူသွားဖို့လိုပါတယ်နော်

🔹 နောက်ပြီး လေ့ကျင့်ခန်းမှန်မှန်လုပ်မယ်၊ အငန်တွေလျှော့စားမယ်၊ ဆေးလိပ် အရက်ဖြတ်မယ် စတဲ့ နေထိုင်မှုပုံစံပါဂရုတစိုက်ပြုပြင်နေထိုင်ဖို့လဲလိုပါတယ်ဗျ

🔹 ဒါ့အပြင် မြန်မာတိုင်းရင်းဆေးတွေကို ကိုယ့်ဟာကိုယ်ဟိုလျှောက်သောက် ဒီလျှောက်သောက် မလုပ်နဲ့ပေါ့နော် နောက်ပြီး အကိုက်အခဲပျောက်ဆေးတွေလဲ ကိုယ့်ဟာကိုယ် လျှောက်ဝယ်သောက်တာမျိုးတွေ မလုပ်သင့်ပါဘူးဗျ

🔹 ဒါတွေက သွေးတိုးရောဂါကို ထိန်းချုပ်မှုမရလဲ ပိုပြီးဆိုးစေနိုင်လို့ပါ

🔹 တစ်ခုခုဆိုဆရာဝန်ညွှန်ကြားတဲ့ဆေးတွေသာသောက်သုံးသင့်ပါတယ်ဗျ

🔹သွေးတိုးရောဂါက စိုးရိမ်စရာမရှိဘူးဆိုပေမဲ့ သေချာ မထိန်းချုပ်ဘူးဆိုရင် နောက်ဆက်တွဲရောဂါကြီးတွေ ဖြစ်လာနိုင်ပါတယ်ဗျ

🔹 နှလုံးရောဂါ၊ လေဖြတ်ရောဂါ နဲ့ ကျောက်ကပ်၊ မျက်လုံး၊ သွေးကြော စတာတွေကို ထိခိုက်န်ိုင်ပါတယ်ဗျ

🔹 အဲ့တာကြောင့် ဆေးမှန်မှန်သောက်မယ် သွေးပေါင်ချိန်မှန်မှန်တိုင်းမယ် နေထိုင်မှုပုံစံပြုပြင်ပြောင်းလဲ နေထိုင်ပေးဖို့တော့ အထူးလိုအပ်ပါတယ်နော်

🔹 ကဲ..ခုဆိုရင်တော့ သွေးတိုးရောဂါအကြောင်း သေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်ဗျ

🔹 ခု post လေးကနေသင့်အတွက်တစ်စုံတစ်ရာအကျိုးရှိသွားခဲ့တယ်ဆိုရင် တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော် 👉🏻

🔹 နောက်နေ့တွေမှာလဲ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတ အကြောင်းအရာတွေနဲ့အတူပြန်လာခဲ့ပါမယ်ဗျ ❤️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#

30/11/2025

တိတ်တဆိတ်လူသတ်ရောဂါ (သွေးတိုးရောဂါ) 😨

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

#ကျန်းမာရေးဗဟုသုတ #သွေးတိုး

“အားဖြည့်အချိုရည်တွေက တကယ်ပဲ အားဖြစ်စေတာလား “ ❓🔹 ခုခေတ်မှာဆိုရင် energy drink လို့ခေါ်တဲ့ အားဖြည့်အချိုရည်တွေဟာ လူတိုင်း...
25/10/2025

“အားဖြည့်အချိုရည်တွေက တကယ်ပဲ အားဖြစ်စေတာလား “ ❓

🔹 ခုခေတ်မှာဆိုရင် energy drink လို့ခေါ်တဲ့ အားဖြည့်အချိုရည်တွေဟာ လူတိုင်း ကြိုက်လဲကြိုက်ကြသလို သောက်လဲ သောက်နေကြပါတယ်

🔹 ဆိုတော့..သူ့ရဲ့နာမည်အတိုင်း တကယ်ပဲ အားဖြစ်စေတာလား၊ energy drink ထဲမှာဘာပါဝင်ပစ္စည်းတွေပါလဲ၊ ဘာဘေးထွက်ဆိုးကျိုးတွေရန်ိုင်လဲ၊ အရက်နဲ့တွဲသောက်တာရော ကောင်းရဲ့လား၊ တစ်ရက်မှာ ဘယ်လောက်ထိပဲ သောက်သင့်လဲ၊ ဘယ်သူတွေက လုံးဝ မသောက်သင့်ဘူးလဲစတဲ့ အကြောင်းအရာ အပြည့်အစုံကိုပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ

🔹 အရင်ဦးဆုံး energy drink တွေဆိုတာ ဘယ်လိုမျိုးဟာတွေကို ခေါ်လဲပေါ့

🔹 အမြင်သာဆုံးပြောပြမယ်ဆိုရင်တော့ လူသောက်များတဲ့ shark, ကျွဲရိုင်း, ကျွဲစိမ်း, lipo စတာတွေကို energy drink လို့ခေါ်ပါတယ်

🔹 Energy drink နဲ့ တခြားသာမန် အချိုရည်တွေနဲ့ကမတူဘူးပေါ့နော်

🔹 သာမန်အချိုရည်တွေဆိုတာ ဘာလဲဆိုရင် Coca Cola တို့ sprite တို့ ကိုပြောတာပေါ့

🔹 နောက်အမျိုးအစားတစ်မျိုးဖြစ်တဲ့ pocari sweat တို့ royal D တို့လို ဓာတ်ဆားအချိုရည်အမျိုးအစားလဲရှိပါသေးတယ်

🔹 ဒီအမျိုးအစား သုံးမျိုးဖြစ်တဲ့ energy drink, ရိုးရိုးအချိုရည်, ဓာတ်ဆားအချိုရည်တွေထဲမှာဆိုရင် ဓာတ်ဆားအချိုရည်ကတော့ ကျန်းမာရေးနဲ့အသင့်တော်ဆုံးပဲလို့ပြောလို့ရပါတယ်

🔹 ဒီထဲမှာ energy drink ကတော့ အချိုဓာတ်အများဆုံးနဲ့ ကျန်းမာရေးကို အထိခိုက်နိုင်ဆုံးပဲ ဖြစ်ပါတယ်ဗျ

🔹 ကဲ..အဲ့တာဆို energy drink တွေက တကယ်ပဲ အားဖြစ်စေတာလား သူ့ထဲမှာ ဘာတွေပါတာလဲဆိုတာ ဆက်ပြီးကြည့်လိုက်ရအောင်ဗျ

🔹 အားဖြည့်အချိုရည်တွေထဲမှာဆိုရင် အများဆုံးကတော့ သကြားဓာတ်ပေါ့ energy drink တွေထဲမှာ ပါတဲ့ သကြားဓာတ်ပမာဏဟာ တခြားအချိုရည်တွေဖြစ်တဲ့ cola တို့ Pepsi တို့ထဲပါတာထက်တောင် များနေပါသေးတယ်

🔹 နောက်ပြီးတော့ ကော်ဖီတွေထဲမှာပါတဲ့ caffeine ဓာတ်လဲ energy drink တွေထဲမှာပါပါသေးတယ် ဒီမှာလဲ energy drink တွေထဲမှာပါတဲ့ caffeine ဓာတ်က ကော်ဖီမှာပါတာထက် အများကြီးပိုများတယ်ပေါ့နော်

🔹 ဒါ့အပြင် amino acid တစ်မျိုးဖြစ်ပြီး အာရုံကြောနဲ့ကြွက်သားတွေကို ထောက်ပံ့ပေးတဲ့ taurine ဓာတ်တွေ ၊ vitamin B တွေ၊ Carnitine ဓာတ်တွေ၊ Ginseng ဓာတ်တွေလဲပါပါသေးတယ်ဗျ

🔹 ဆိုတော့..သကြားဓာတ်တွေလဲပါတယ် ၊ စိတ်ကိုနိုးကြားစေတဲ့ caffeine ဓာတ်တွေလဲပါတယ်၊ တခြား vitamin ဓာတ်တွေတို့ Ginseng တွေလဲပါတော့ အားကတော့ ဖြစ်စေတယ်ပေါ့နော်

🔹 စိတ်ကိုလန်းဆန်းတက်ကြွစေတယ်၊ အားဖြစ်စေတယ် စတဲ့ ကောင်းကျိုးတွေ ရှိတယ်ဆိုပေမဲ့ ဆိုးကျိုးတွေလဲရှိသေးပါတယ်

🔹 ဆိုတော့…ဘာဆိုးကျိုးတွေရှိလဲဆိုတာ ဆက်ပြီးပြောပြပေးမယ်နော်

🔹 energy drink တွေဆိုတာဟာ သောက်ပြီးပြီးချင်းမှာ အားရှိတယ် လန်းတယ်ဆိုတာမှန်ပေမဲ့ သူ့အာနိသင်ကုန်သွားတဲ့အခါ နုံးတာ၊ မောပန်းတာတွေ ဖြစ်စေနိုင်ပါတယ်ဗျ

🔹 နောက်ပြီး သူ့မှာ သကြားဓာတ်တွေ အများကြီးပါနေတဲ့အတွက် သောက်လိုက်တာနဲ့ သွေးတွင်း သကြားဓာတ်တွေ တဟုန်ထိုး ဆောင့်တက်သွားတာကြောင့် ဆီးချိုရောဂါ၊ အဝလွန်တာတွေလဲ ဖြစ်စေနိုင်ပါတယ်နော်

🔹 နောက်တစ်ခု caffeine ဓာတ်လဲပါနေတာကြောင့် ကော်ဖီသောက်ရင် လက်တုန်၊ ရင်တုန်တယ်၊ ညအိပ်ခါနီးသောက်ရင် အိပ်မရဘူး မျက်လုံးကြောင်နေတယ် စတဲ့ ဆိုးကျိုးတွေက energy drink တွေသောက်တာကနေလဲ ရနိုင်ပါတယ်

🔹 Energy drink တွေကပိုတောင်ဆိုးစေနိုင်ပါတယ် ဘာ့လို့လဲဆိုတော့ သူ့မှာ caffeine ဓာတ်တွေ အများကြီးပိုပါနေတာကို အဲ့တာမို့ စွဲလဲစွဲနိုင်ပါတယ်

🔹 ရင်ခနခနတုန်တာဖြစ်တယ်ဆိုရင် နောက်ပိုင်းကြာလာရင် နှလုံးရောဂါထိပါ ဖြစ်သွားစေနိုင်ပါတယ်ဗျ

🔹 ဒါ့အပြင် သူ့မှာ အရောင်၊ အနံ့၊ အရသာအတွက် chemical တွေပါနေတာကြောင့် ရေရှည်မှာ ကျောက်ကပ်ပြဿနာတွေလဲ ဖြစ်လာနိုင်ပါတယ်နော်

🔹 ခုလို အားဖြည့်အချိုရည်တွေကို တချို့ကလဲ အရက်နဲ့တွဲသောက်တတ်ကြပါတယ် အရက်က လူကို မိန်းမောစေတယ် energy drink တွေက လူကိုလန်းဆန်းတက်ကြွစေတယ်

🔹 သူတို့နှစ်ခုရဲ့ အာနိသင်က ဆန့်ကျင်ဘက်တွေ ဖြစ်နေတော့ အရက်သိပ်မမူးအောင်၊ ပိုသောက်နိုင်အောင်ဆိုပြီး အရက်နဲ့တွဲသောက်တတ်ကြပါတယ်

🔹 တကယ်တော့ ဒီလိုလုပ်တာ အန္တရာယ်များပါတယ်ဗျ

🔹 ဘာ့လို့လဲဆိုတော့ အရက်နဲ့ energy drink တွဲသောက်တော့ တော်ရုံမမူးတော့ဘူး အဲ့တော့ ဆက်ဆက်သောက်ရင်းနဲ့ သောက်တာ အရမ်းများသွားတယ်ပေါ့နော်

🔹 အဲ့လိုနဲ့ energy drink တွေရဲ့ အာနိသင်ကုန်သွားတဲ့ချိန်ကျ ဒုက္ခရောက်တော့တာပဲ ဖြစ်ပါတယ်

🔹 အဲ့တာမို့ အရက်နဲ့ energy drink တွဲသောက်တာမျိုးက မလုပ်သင့်ပါဘူးခင်ဗျ

🔹 ဆိုတော့…ခုလို အားဖြည့်အချိုရည်တွေကို ဘယ်လောက်ပဲသောက်သင့်လဲပေါ့နော်

🔹 တစ်ရက်ကို ဘယ်နှဘူးပဲသောက် စသဖြင့်ကတော့ ပြောဖို့ခက်ပါတယ်

🔹 တံဆိပ်တစ်ခုနဲ့တစ်ခုက ပါဝင်ပစ္စည်း ပမာဏက တစ်ခုနဲ့တစ်ခု တူမှမတူပဲကို

🔹 ဒါပေမဲ့ ဘယ်အားဖြည့်အချိုရည်မဆို တခါတလေ မှသာသောက်သင့်ပါတယ် တခါတလေဆိုတာက ကိုယ်ကစာမေးပွဲရှိလို့၊ ဒီည အလုပ်လုပ်ရမှာမို့၊ ခရီးဝေးကားမောင်းရမှာမို့ စသဖြင့် တကယ်သောက်ဖို့လိုအပ်တဲ့ အချိန် တခါတရံမှသာသောက်သင့်ပါတယ်ဗျ

🔹 အကြမ်းအားဖြင့် တစ်ပတ်ကို နှစ်ဘူး သုံးဘူး အများဆုံးပဲပေါ့နော် နေ့တိုင်းလဲ မသောက်သင့်ပါဘူးဗျ

🔹 ခုပြောသလို တခါတရံပဲသောက်ရင်တော့ ဒါကောင်းတယ်ပေါ့နော် လူကို သိပ်ထိခိုက်စေမှာ မဟုတ်ပါဘူးဗျ

🔹 နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ ခုလို အားဖြည့်အချိုရည်တွေကို ဘယ်လိုမျိုးလူတွေက လုံးဝ မသောက်သင့်ဘူးလဲဆိုတာပေါ့ 🙅🏻‍♂️

🔹 သူ့မှာ အချိုဓာတ်တွေအများကြီးပါတော့ ဆီးချိုရှိသူတွေ လုံးဝ လုံးဝ မသောက်သင့်ပါဘူး ဒါတော့ လူဆိုင်း သိပြီးသားဖြစ်ကြမှာပါ

🔹 နောက်ထပ်ကတော့ ကလေးတွေပေါ့နော် အကြမ်းအားဖြင့် အသက် ဆယ့်လေးနှစ်အောက် ကလေးတွေဆိုရင် မသောက်သင့်ပါဘူး

🔹 အဲ့အရွယ်တည်းက အားဖြည့်အချိုရည်တွေသောက်လာမယ်ဆိုရင် စွဲနိုင်ခြေပိုများပြီး ကျန်းမာရေးလဲ ထိခိုက်စေန်ိုင်ပါတယ်ဗျ

🔹 နောက်တစ်ယောက်ကတော့ ကိုယ်ဝန်သည်တွေပေါ့နော် ဗိုက်ထဲက ကလေးငယ်ဆိုတာက မိခင်ဆီကနေ အာဟာရဓာတ်ယူပြီးရှင်သန်နေရတာမို့ မိခင်စားသောက်သမျှက ရင်သွေးငယ်ဆီလဲရောက်သွားနိုင်ပြီး အန္တရာယ် ဖြစ်စေနိုင်လို့ပဲဖြစ်ပါတယ်ဗျ

🔹 ကဲ..ခုဆိုရင်တော့ အားဖြည့်အချိုရည်ဖြစ်တဲ့ energy drink တွေ အကြောင်းကိုသေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခုလိုအကြောင်းအရာတွေဆိုတာက လူတိုင်းသိထားသင့်တာမို့ တခြားသူတွေလဲ သိသွားအောင် share သွားပေးပါဦးနော်

🔹 နောက်နေ့တွေမှာလဲ ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတဲ့ကျန်းမာရေးဗဟုသုတတွေနဲ့အတူ ပြန်လာခဲ့ပါမယ်နော်

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

“ထိခိုက်ဒဏ်ရာ ရနေသူတစ်ယောက်တွေ့ရင် ဘယ်လို ပြုစုပေးလို့ရလဲ “ 👨‍⚕️ကိုယ်ရှေ့မှာ ယာဉ်တိုက်မှုတစ်ခုခုဖြစ်သွားလို့ပဲဖြစ်စေ တစ်...
17/09/2025

“ထိခိုက်ဒဏ်ရာ ရနေသူတစ်ယောက်တွေ့ရင် ဘယ်လို ပြုစုပေးလို့ရလဲ “ 👨‍⚕️

ကိုယ်ရှေ့မှာ ယာဉ်တိုက်မှုတစ်ခုခုဖြစ်သွားလို့ပဲဖြစ်စေ တစ်ခုခုကြောင့်ထိခိုက်မိလို့ပဲဖြစ်စေ လူတစ်ယောက် ထိခိုက်ဒဏ်ရာရနေတာကို မြင်ခဲ့ရင်ဒီတိုင်းကြီးပဲ ရပ်ကြည့်နေကြမှာလား 🤔

အဲ့လိုကိုယ့်ရှေ့မှာ accident တစ်ခုခုဖြစ်တဲ့အခါ ကယ်ဆယ်ရေးအဖွဲ့ကိုခေါ်ထားတယ် လူနာတင်ယာဉ်ကိုခေါ်တော့ခေါ်ထားတယ် ဒါမဲ့ သူတို့ဒီနေရာကို ရောက်လာဖို့ဆိုတာ အချိန်တစ်ခုတော့ပေးရပါတယ် 🕦

ခေါ်ထားတာ ရောက်လဲမလာကြသေးဘူး ထိခိုက်မိထားတဲ့လူကလဲ နာလို့ အော်ပြီး ကူပါကယ်ပါ တဆာဆာ အော်နေပြီ အဲ့တော့ ကျန်းမာရေးဘက်နဲ့ သိပ်အကျွမ်းတဝင်မရှိတဲ့ အပြင်သာမန်လူတွေအနေနဲ့ ဘာတွေလုပ်ပေးလို့ရမလဲပေါ့နော် 🧐

ဒီနေ့မှာတော့ အဲ့လို ထိခိုက်ဒဏ်ရာ ဖြစ်ပွါးတဲ့နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ၊ လူနာတင်ယာဉ်တွေ၊ ကျန်းမာရေးဆိုင်ရာအဖွဲ့အစည်းက လူတွေရောက်မလာနိုင်သေးခင်အချိန်မှာ ထိခိုက်ထားတဲ့လူကို သက်သာအောင် ဘယ်လိုတွေလုပ်ပေးလို့ရလဲ ၊သူ့အသက်မဆုံးရှုံးရအောင် ဘာတွေလုပ်ပေးလို့ရလဲ စတဲ့ လူတိုင်း လုပ်ပေးနိုင်မဲ့ အချက်တွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်ဗျ 💁🏻‍♂️

🔹 ပထမဆုံးအချက်အနေနဲ့လူတစ်ယောက် အသက်မသေဆုံးစေဖို့ အဓိက အရေးကြီးဆုံးကတော့ အသက်ရှူလမ်းကြောင်း ကောင်းကောင်းပွင့်နေဖို့လိုပါတယ်

🔹 အသက်မရှုနိုင်တော့ဘူးဆိုရင် အဲ့လူက 3 min အတွင်း oxygen ဆုံးရှုံးပြီး သေဆုံးနိုင်တယ်ပေါ့နော်

🔹 အဲ့တာမို့ ကိုယ့်ရှေ့မှာ ထိခိုက်ဒဏ်ရာ ရနေသူတစ်ယောက်တွေ့ရင် သူအသက်ကောင်းကောင်းရှုနိုင်ရဲ့လားဆိုတာ ပထမဆုံး ကြည့်ဖို့လိုပါတယ်ဗျ

🔹 ထိခိုက်ဒဏ်ရာရထားတာဆိုတော့ သူ့ပါးစပ်ထဲတို့ နှာခေါင်းထဲတို့မှာ သွေးတွေ၊ သွေးခဲတွေ စတာတွေနဲ့ ပိတ်နေတတ်တယ်ပေါ့နော် အရင်ဆုံးတတ်နိုင်သလောက် အဲ့တာတွေကို ထုတ်ပေး၊ ရှင်းပေးပြီး အသက်ရှုနိုင်အောင်လုပ်ပေးဖို့လိုပါတယ်ဗျ

🔹 နောက်ပြီး သူကောင်းကောင်းရှုနိုင်အောင် သူ့ရဲ့မေးထိပ်ကနေ အပေါ်ကိုဆွဲမော့ပေးထားတာ၊ သူ့ရဲ့မေးရိုးနောက်ကနေ အပေါ်ကိုဆွဲဆန့်ပေးတာမျိုးတွေ လုပ်ပေးရမယ်ပေါ့နော်

🔹 ခုလို လုပ်တာကို chin lift,jaw thrust လုပ်တယ်လို့ခေါ်ပါတယ်

🔹 အဲ..ဒီလိုလုပ်နေချိန်မှာ တစ်ခုသတိထားစရာရှိတာက နောက်လူတစ်ယောက်ကနေပြီးတော့ ထိခိုက်ဒဏ်ရာရထားတဲ့ လူရဲ့ ဂုတ်အောက်ကနေ လက်တစ်ဖက်နဲ့ ထိန်းထားပေးဖို့လိုပါတယ်

🔹 ဘာ့လို့လိုတာလဲဆိုတော့ လည်ပင်းရိုးဖြစ်တဲ့ cervical spine ထိခိုက်ထားန်ိုင်တဲ့အတွက် ထိန်းထားပေးတဲ့ သဘောဖြစ်ပါတယ်

🔹 နောက်တစ်ခုအနေနဲ့ကတော့ လူတစ်ယောက် ထိခိုက်မိတယ်ဆိုရင် သွေးကတော့ ထွက်မှာ သေချာတယ်ပေါ့နော်

🔹 တကယ်လို့ ဒဏ်ရာကကြီးပြီး သွေးအများကြီး အချိန်အကြာကြီးထွက်နေတယ်ဆိုရင်တော့ shock ဝင်သွားမှာစိုးရိမ်ရပါတယ်ဗျ

🔹 အဲ့တာမို့ သွေးထွက်တာကို ထိန်းထားနိုင်ဖို့ သွေးထွက်နေတဲ့ နေရာကို အဝတ်စနဲ့ဖြစ်စေ စောင်နဲ့ဖြစ်စေ တစ်ခုခုနဲ့ ပတ်ပြီးစည်းထားပေးရပါမယ်ဗျ

🔹 နောက်ပြီးတော့ အဲ့လူက အရိုးတစ်ခုခုကျိုးသွားခဲ့တယ်ဆိုရင် အဲ့ကျိုးနေတဲ့နေရာကို သစ်သားချောင်းဖြစ်စေ တစ်ခုခုနဲ့ညှပ်ပြီး ကျပ်စည်းထားပေးဖို့လိုပါတယ်

🔹 ကျိုးနေတဲ့နေရာကိုလှုပ်မိရင် ပိုပြီး ဆိုးသွားနိုင်လို့ပါ

🔹 ဒါ့အပြင် ထိခိုက်ဒဏ်ရာရထားတဲ့သူရဲ့ အခြေအနေ ကိုလဲ ပျမ်းမျှ ဆန်းစစ်ပေးနိုင်ရင်ပိုကောင်းပါတယ်

🔹 လူနာက ကောင်းကောင်း သတိရှိသေးလား alert ဖြစ်သေးလားပေါ့နော် ကောင်းကောင်း သတိရှိသေးတယ်ဆိုရင် ဒါ အရမ်းကြီးစိုးရိမ်ရမဲ့ အခြေအနေမဟုတ်သေးပါဘူး

🔹 ဒါမှမဟုတ် လူနာက ကောင်းကောင်းသတိတော့မရတော့ဘူး က်ိုယ်က တစ်ခုခုမေးလိုက်တော့ ပြောလိုက် တော့မှ တုံ့ပြန်တာလား

🔹 ကိုယ်က တစ်ခုခုထိလိုက်မှ သူကတုံ့ပြန်တာလား

🔹 ဒါမှမဟုတ် ကိုယ်ဘယ်လိုလုပ်လုပ် သူက လုံးဝ မတုံ့ပြန်တော့ဘူးလား

🔹 အဲဒါဆိုရင်တော့ လုံးဝ အရေးပေါ်ဖြစ်နေပြီပေါ့နော် လူနာတင်ယာဉ် အမြန်ရောက်လာဖို့လိုတဲ့ အခြေအနေဖြစ်ပါတယ်

🔹 လူအသက်မဆုံးရှုံးစေဖို့၊ အခြေအနေပိုမဆိုးရွားလာအောင် ထိန်းထားန်ိုင်ဖို့ဆိုတာက တစ်မိနစ်၊ တစ်နာရီ ကအစ အရေးကြီးတာမို့ ခုလိုဟာတွေကို လူတိုင်း သိထားရင်တော့ အကောင်းဆုံးပဲဖြစ်ပါတယ်

🔹 ကဲ..ခုဆိုရင်တော့ ထိခိုက်ဒဏ်ရာရနေတဲ့ လူတစ်ယောက်ကို သာမန်အပြင်လူတွေအနေနဲ့ ဘာတွေလုပ်ပေးနိုင်လဲဆိုတာကို သေချာနားလည်သွားပြီလို့ ယုံကြည်ပါတယ်

🔹 ခုလို အကြောင်းအရာတွေဆိုတာက လူတိုင်းသိထားသင့်တာမို့ လူများများဆီရောက်အောင် share သွားပေးပါဦးနော်👉🏻

🔹 နောက်နေ့တွေမှာလဲ ပိုပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ အကြောင်းအရာတွေနဲ့အတူ ပြန်လာခဲ့ပါမယ်နော် 🙆🏻‍♂️

🔹 ခုလို စိတ်ဝင်စားဖို့ကောင်းတဲ့ ကျန်းမာရေးဗဟုသုတတွေ သိရဖို့ Your Doctor page, YouTube Channel တွေကို follow & subscribe လုပ်ထားဖို့လဲ မမေ့ပါနဲ့ဦးနော် 👨‍⚕️🩺

👉🏻 Facebook - https://www.facebook.com/share/F9dLHzsSeYSTkafk/?mibextid=LQQJ4d

👉🏻YouTube Channel - https://youtube.com/?si=QzuOcV5Z6fi13Dbx

Address

North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when Your Doctor-Health Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram