03/08/2025
ထေးစားစွာဖြင့် ပြန်လည်မျှဝေပါစသည်
အဘက်ဘက်က ဆုတ်ယုတ်လာပြီး မျှော်လင့်ချက်တွေ ပါးလျလာတဲ့ အခြေအနေမျိုးတွေမှာ ... လူတွေရဲ့ စိတ်က ထိလွယ်ရှလွယ် ဖြစ်လာတတ်ပါတယ် ... တစ်ခုခုဆို စိုးရိမ်လွယ်တာ, ဝမ်းနည်းလွယ်တာ, ဒေါသဖြစ်လွယ်တာ, ဆတ်ဆတ်ထိ မခံနိုင်တာမျိုးတွေ ဖြစ်လာတော့ပါတယ် ...
ဒီလို အချိန်အခါမျိုးတွေမှာ ကိုယ့်ရဲ့ ခံစားချက် Emotion တွေကို သတိထားပြီး သေသေချာချာ ကိုင်တွယ် နိုင်ကာ ပြင်ပ အခြေအနေတွေကို တုန့်ပြန်နိုင်ဖို့ လိုအပ်ပါတယ် ...
ဒါ့အပြင် လက်ရှိအခြေအနေတွေနဲ့ ပတ်သတ်ပြီး မှန်ကန်တဲ့ အတွေးနဲ့ အမြင် Right Thought & Right View ရှိနေမှ ရပါမယ် ... သို့မှသာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ တုန့်ပြန်မှု Right Decision & Right Action ထွက်လာမှာပဲ ဖြစ်ပါတယ် ... ဒါ့ကြောင့် ...
1. ဖြစ်ပျက်နေတဲ့ အရာအားလုံးဟာ မမြဲပါဘူး ... Temporary ပါပဲ ဆိုတာကို အမြဲ Remind လုပ်နေဖို့ လိုအပ်ပါတယ် ... အနာဂါတ်ကို စိုးရိမ်ပူပန်နေတာထက် တစ်နေ့ချင်းစီ ကိုယ်လုပ်ရမည့် အရာတွေကို အာရုံစိုက်ပြီး ကိုယ် တတ်နိုင်သလောက် အကောင်းဆုံးပြုလုပ် နေထိုင်ပါ ...
2. ကိုယ့်ကိုယ်ကိုရော ... ရင်ဆိုင်နေရတဲ့ အရာ အပေါ်မှာပါ ... ကောင်းတာတွေ, ဆိုးတာတွေ, အားသာချက်တွေ, အားနည်းချက်တွေကို သေသေချာချာလေး ပြန်လည် ခြုံငုံသုံးသပ်ပြီး ပြသနာ ပုစ္ဆာရဲ့ အဖြေ Solution ကို အာရုံစိုက် Focus လုပ်ပါ ...
3. ကိုယ်တစ်ယောက်တည်း ဒီအခြေအနေကို ကျော်ဖြတ်စရာမလိုပါဘူး ... ကိုယ့်ကို ချစ်ခင် ဂရုစိုက်သူတွေရဲ့ အကူအညီကို ယူပါ ... ကိုယ့်ကို အကူအညီ အထောက်အပံ့ ပေးနိုင်မည့် လူတွေကို ရင်ဖွင့်ပါ ... တိုင်ပင်ပါ ... လိုအပ်ရင် အကူအညီတောင်းခံပါ ... ကိုယ် ချစ်ခင်ရတဲ့ မိသားစု, မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်း Community နဲ့ Connect လုပ်ထားကာ အတူရှိဖို့ အချိန်ပေးပါ ...
~ Randy
4. စိတ်ဓါတ်ကျနေတာတွေ, စိတ်ပျက်ဖွယ်ရာတွေ, အားငယ်တာတွေ, ဝမ်းနည်းတာတွေ အစရှိတဲ့ ကိုယ့်ရဲ့ ခံစားချက် Emotion တွေကို လက်ခံပါ ... ဒီခံစားချက်တွေ အားလုံးကို It’s Ok လို့ အသိအမှတ်ပြုပါ ... Emotion ဆိုတာက လူသားဖြစ်တည်မှု Human Being ရဲ့ တစ်စိတ် တစ်ပိုင်းပဲမို့ It’s All Ok ပါ ...
5. ဒီလို အခြေအနေ အချိန်အခါမျိုးတွေမှာ Self Care Practice တွေကို အလေးထား ပြုလုပ်ပေးပါ ... အိပ်ရေးဝအောင် အိပ်တာ, အချိန်မှန် စားတာ, ကိုယ်လက်လှုပ်ရှားမှု ရှိအောင် နေထိုင်တာ ... စသည်ဖြင့် ကိုယ့်ကိုယ်ကို သေသေချာချာ ဂရုစိုက်ပါ ...
6. ကိုယ့်ရဲ့ စိုးရိမ်ပူပန်နေတဲ့ အတွေးတွေဟာ တကယ် ဖြစ်မလာနိုင်ဘူး ဆိုတာကိုလဲ Remind လုပ်ပေးပါ ... ဘာလို့လဲ ဆိုတော့ အတွေးတွေက ကြောက်စိတ်နဲ့ သံသယတွေကို ကြီးထွားလာအောင် ပုံကြီး ချဲ့ကားပေးနေလို့ပဲ ဖြစ်ပါတယ် ...
7. ကိုယ့်ကိုယ်ကို Support ဘယ်လို ပြန်လုပ်ပေးလို့ ရမလဲ ဆိုတဲ့ မေးခွန်းကို သေသေချာချာ မေးကြည့်ပါ ... ကိုယ် အခုအချိန်မှာ ဘာအလိုအပ်ဆုံး ဖြစ်နေတာလဲ ...
ဉပမာ ... Deep Breathing လုပ်တာ, Emotional Releasing Practice လုပ်တာ, Journaling ရေးတာ, Meditation လုပ်တာ စသည်ဖြင့် ကိုယ့်အတွက် စိတ်ပိုင်းဆိုင်ရာ Mental , ခံစားချက်ပိုင်း ဆိုင်ရာ Emotional … ကျန်းမာ ချမ်းသာရေး Well Being အတွက် အထောက်အကူ ဖြစ်စေမည့် အရာမျိုးကို ကိုယ့်ရဲ့ အတွင်းကို သေချာ မေးပြီး ကိုယ့်ကိုယ်ကို ပြန် Support လုပ်ပေးတာမျိုးပါ ...
8. အဓိက,က Nervous System ကို ချိန်ညှိကာ ကိုယ်, စိတ်, နှလုံး သုံးပါကို Calm ဖြစ်အောင် ကြိုးစားပြီး ... ကိုယ့်ကိုယ်ကို ဂရုဏာ မေတ္တာနဲ့ စောင့်ရှောက်ရမှာပဲ ဖြစ်ပါတယ် ... ဒါ့အပြင် ကိုယ့်ကိုယ်ကို နားလည်ပြီး ခွင့်လွတ်ပေးခြင်း တွေနဲ့လဲ ဒီအခြေအနေ တွေကို ကျော်ဖြတ်ရမှာပဲ ဖြစ်ပါတယ် ...
Have A Nice Day! ♥️♥️♥️
#မျိုးသီဟကျော် ~
⭐️ Life & Relationships Coach
⭐️ Healer & Spiritual Mentor