Tun Tauk

Tun Tauk Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tun Tauk, Medical and health, Yangon.

10/06/2025
11/02/2023
28/10/2022

အလှူရှင်ဖြစ်သော ထွန်းတောက် (ဆေးဆိုင်) မိသားစု မင်္ဂလာလမ်းမှစမ်းချောင်းမြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့သို့ ပြည်သူ့အကျိုးပြု လူမှူဂရုဏာ လုပ်ငန်းများကူညီ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက်အလှူတော်ငွေ (၃) သိန်းကျပ်အားလာရောက်လှူဒါန်းပေးခဲ့ပါသည်...
အလှူရှင်မိသားစုများလည်း စိတ်ချမ်းသာ ကိုယ်ကျန်းမာ၍ စီးပွားဥစ္စာ ဒီရေအလား တိုးတက်ပါစေကြောင်း စမ်းချောင်းမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် ခင်ဗျာ.................................
အရေးပေါ်လူနာတင်ယာဥ်လိုအပ်ပါက ၂၄ နာရီ အခမဲ့ပို့ဆောင်ကူညီပေးလျှက်ရှိပါသည် .......
ဆက်သွယ်ရန်..........
၀၉ ၄၂၀၀၅၆၂၉၃
၀၉ ၄၂၂၄၄၇၅၇၇
၀၉ ၇၉၁၆၇၄၈၁၃

08/05/2022

စကားပြောနည်း
--------------------

အရေးကြီးသည့်ကိစ္စ - ရှင်းရှင်းလင်းလင်းပြောပါ။
အရေးမကြီးသည့်ကိစ္စ - ဟာသနှော၍ ပြောပါ။

မပိုင်နိုင်သောကိစ္စ - ဆင်ဆင်ခြင်ခြင် ပြောပါ။
ပိုင်နိုင်သောကိစ္စ - အကိုးအကားနှင့် ပြောပါ။

ပျော်ရွှင်ဖွယ်ကိစ္စ - အချိန်နှင့် အခါကို ကြည့်ပြောပါ။
မပျော်ရွှင်ဖွယ်ကိစ္စ - လူနှင့် နေရာကို ကြည့်ပြောပါ။

သူတစ်ပါးကိစ္စ - သတိထားပြီးပြောပါ။
ကိုယ့်ကိစ္စ - သူများပြောတာနားထောင်ပါ။

မဖြစ်ပျက်သေးသည့်ကိစ္စ - လက်လွတ်စပယ်မပြောသင့်။
မလုပ်နိုင်သေးသည့်ကိစ္စ - ကတိလွယ်လွယ်မပေးသင့်။
အကျိုးယုတ်မည့်ကိစ္စ - လုံးဝမပြောသင့်။

မသိနိုင်သည့်ကိစ္စ - လစ်လျူရှုပါ။
မဖြစ်နိုင်သည့်ကိစ္စ - လစ်လျူရှုပါ။

မကူနိုင်သည့်ကိစ္စ - လမ်းပြပါ။
မတတ်နိုင်သည့်ကိစ္စ - အရှုံးပေးပါ။

သူတစ်ပါးစကားမှားသော် - ဖော့ပေးပါ။
မိမိစကားမှားသော် - ထောက်ခိုင်းပါ။

သူတစ်ပါးစကားလမ်းလွဲသော် - ပြန်တည့်ပေးပါ။
မိမိစကားလမ်းလွဲသော် - တောင်းပန်ပါ။

မပြောမှီစဉ်းစား.....စဉ်းစားပီးမှပြော......
ပြောပီးစကား.........ပြန်စဉ်းစား..........
အမှားတကာ..အမှားထဲ...စကားမှားခြင်းက.....
ချစ်ခင်မှု...အရာရာပျက်ပြားစေပါတယ်.........

တစ်ပါးသူနားမခံသာ...
စိတ်ထိအောင်မပြောရ....ကိုယ့်စကားကြောင့်....
တပါးသူအကျိုးရှိစေက....မဖြစ်မနေပြောပါ.......

အမှန်စကားခါးသည်....သို့သော်...ချိုသာသော....
မုသားသုံးပြောဆိုပါက.....တရားပါသည်။
မသိသောစကား..နှုတ်ဆိတ်နေခြင်းက......
မင်္ဂလာ တရားနှင့်ညီပါသည်........

ငါသာသိ...ငါသာတတ်..ဟူ၍...မပြောပါနှင့်...
စကားကိုမျှပါ...စကားကိုလု မပြောပါနှင့်.......
သူစကားဆုံးပီးမှ..ကိုယ်စကားစပြောပါ.........

စကားသည်အမှားပါတတ်၍....ထိမ်းပြောခြင်း.....
ဖြင့်...လိုသလောက်သာပြောပါ......
သူတပါးသည်....ကိုယ့်စကားနားမဝင်ပုံထောက်....
လျှင်အပြောရပ်၍..လမ်းကြောင်းလွှဲကာ..နှုတ်ဆက်ပါ..

စကားကြောင့်ပြုံး....စကားကြောင့်မုန်း။
တတ်သောကြောင့်..ချိုသာစွာပြောတတ်ပါစေ...

ဆရာ လယ်တွင်းသားစောချစ်✍️

https://www.facebook.com/profile.php?id=100076538203394

25/03/2022

ကုမ္ပဏီတခုထူထောင်ပြီးပါက လုပ်လို့ရတဲ့လုပ်ငန်း ၉၉မျိုး များဖြစ်ပါတယ်။

အရမ်းသိချင်ကြတဲ့ ကုမ္ပဏီတော့ ထောင်ပြီးပြီ အခွန်ကိစ္စဘယ်လိုဆောင်ရွက်ရမလဲဆိုတာရောဖော်ပြပေးထားပါတယ်။

မေး - ကျွန်တော် ကုမ္ပဏီထောင်ထားတာ တစ်နှစ်ပြည့်တော့မယ် အခုထိ ဘာအလုပ်မှ မလုပ်ရသေးပါဘူး။ကျွန်တော်သိချင်တာက အခွန်ဆောင်တာတွေက ဘယ်တော့ဆောင်ရမလဲ အလုပ်လုပ်မှ ဆောင်ရမှာလား ကုမ္ပဏီထောင်ခါစမှာ အခွန်ကင်းလွတ်ခွင့်က ဘယ်နှစ်နှစ်ပေးလဲ ဘာတွေဆက်လုပ်ရမလဲ သိတဲ့ဆရာများပြောပေးကြပါအုံး 🙏

✔️✔️✔️✔️✔️✔️✔️✔️✔️✔️✔️✔️✔️✔️✔️
ဖြေ၁- မည်သည့် Company အမျိုးအစားမဆို ပြည်တွင်းအခွန် ကောက် ဥပဒေအရ Company တည်ထောင်သည်မှစ၍ နှစ်စဉ် ဘဏ္ဍာနှစ် တစ်နှစ် ပြည့်တိုင်း ပြည့်တိုင်း မိမိ လုပ်ငန်းမှ ဝင်ငွေ ရှိသည်ဖြစ်စေ ၊မရှိသည်ဖြစ်စေ Audit Report ကို တစ်နှစ်တစ်ခါ မဖြစ်မနေ အခွန်ရုံးသို့ တင်ပြရပါမယ်၊

ဝင်ငွေမရှိ စာရင်းဆွဲတင်ပြခဲ့လျှင် ဝင်ငွေ ခွန်အတွက် အခွန် ကျသင့်မည်မဟုတ်ပါ၊ကုန်သွယ်ခွန်သာ ကျသင့်ပါမည်။

ဝင်ငွေ ရှိ စာရင်း တင်ပြခဲ့လျှင် အရှုံး အမြတ် စာရင်း ပေါ်မူတည်ပြီး ရှုံးခဲ့လျှင် အမြတ်ခွန် မဆောင်ရဘဲ ကုန်သွယ်ခွန်သာ ကျသင့်ပါမည်၊
အမြတ်ရှိခဲ့လျှင် အမြတ်ငွေ ရဲ့ 25% ဆောင်ရမည်ဖြစ်ပြီး ကုန်သွယ်ခွန် ပါဆောင်ရပါမည်။
အခွန်ကင်းလွတ်ခွင့်ဆိုတာ မရှိပါဘူး။
Credit May Zin Myo Myint

ဖြေ ၂- company မှတ်ပုံတင်ပြီးတာ နဲ့ အခွန်ထမ်းမှတ်ပုံတင်ရတာပါ ပြီးရင် နှစ်ချုပ်တင်ရပါတယ် မတင် ရင် ဒဏ်ကြေးထိပါတယ်နော်
Credit - San Thida Myo Lat
👉👉👉👉👉👉👉👉👉👉👉👉👉👉👉👉

Company တစ်ခုလည်ပတ်​လုပ်ကိုင်ရာတွင် ရင်ဆိုင်ရမည့် အခွန် အခများ အကြောင်း

➡️ Company တွေ ဆိုတဲ့ နေရာမှာ Trading Company တွေ
စက်ရုံအလုပ်ရုံ Company တွေ Travel & လုပ်ငန်းစုတွေ စသည်ဖြင့် အမျိုးစားပေါင်း ၃၀ လောက်ပါဝင်တယ် CMP(Cutting, Making, Packaging) စနစ်တွေ၊ အစိုးရအကျိုးတူ MIC Company တွေ ၊ နိင်ငံခြား Company တွေ ၊ ကုန်ထုတ်လုပ်ငန်းတွေ Mining တွေ စုံညီစွာရှိပါတယ်

➡️ အများစုကတော့ Trading လုပ်ငန်းစဉ်ဘက်ကဖြစ်လို့ Trade ဘက်ကနေ ပြောသွားပါ့မယ် Company ဆိုတာဟာ Private Company တွေ ဖြစ်ပြီး နိင်ငံခြားကနေ တင်သွင်းမယ်ဆိုရင် Customs Duty နဲ့ Commercial tax နောက် ကြိုတင်ဝင်ငွေခွန်ဆိုတာဆောင်ရပါတယ် ပစ္စည်းစတင်သွင်းကတည်းက အကောက်ခွန်ဘက်က ကောက်ထားပါတယ် ASEAN Agreement တို့ ဘာတို့ ပါရင် Custom Duty ကင်းလွတ်တာရှိပီး Commercial tax က ကုန်သွယ်ခွန်ဥပ​ဒေအရ ကင်းလွတ်ခွင့်ရတာ​တွေဘာတွေ ရှိပါတယ်

➡️ EXPORT ဆိုရင်တာ့ တော်တော်များ customs Duty ရော ကုန်သွယ်ခွန်ရော ကင်းလွတ်တာမို့ ကြိုတင်ခွန် ၂ % သာဆောင်ရပါတယ်

➡️ ပုံမှန်အားဖြင့် နိင်ငံခြားက ပစ္စည်းတခုခု တင်သွင်းမယ်ဆိုရင်
Customs Duty ( CD)
Commercial Tax ( CT )
ကြိုတင်ခွန် ( 2% )
စတဲ့ အခွန် ၃ ရပ်ကို တင်သွင်း/ တင်ပို့ ရန်ကုန်ဆိပ်ကမ်းအရောက်စျေးပေါ်မှာဆောင်ရမှာဖြစ်ပါတယ်

➡️ CD ( Import Duty )ကိုဆောင်ဖို့ကတော့ အ​​ကောက်ခွန်ဌာန ကနေ ထုတ်ထားတဲ့ myanmar customs tariff 2012 Book မှာသတ်မှတ်ထားတဲ့ အခွန်နူန်းတွေ အတိုင်းဆောင်ရပါတယ်

➡️ CT ( Commercial Tax ) ကတော့ အခုဆိုရင် ၂၀၁၉ အခွန်ကောက် ဥပဒေအရ ဆောင်ရမှာဖြစ်ပါတယ်

➡️ ဒါ့အပြင် ကြိုတင်ဝင်ငွေ ခွန် ၂ % ဆိုတာကတော့ ၂၀၁၀ လောက်မှာ ပေါ်ပေါက်လာပီး ရောင်းရပြီး အမြတ်ခွန် တန်ဖိုးပေါ် ၂% ကောက်ခံတာဖြစ်ပါတယ် နှစ်ကုန်ပြီး အမှန်ရောင်းချပြီးမှ သာလျှင် ကောက်သင့်ပါ​​သော်လည်း ယခုလို နှစ်ကုန်ရှင်းတန်း အမြတ်ဝင်ငွေ ပေါ် ကြိုကောက်ခြင်းဟာ(အမြတ်ပေါ်မဟုတ်ပဲ တန်ဖိုးပေါ်တွက်ချက် ကောက်ခံခြင်းဖြစ်ပါတယ်) တိုင်းပြည်၏ အခွန်​ဘဏ္ဍာ​လေလွင့်ဆုံးရှုံးမှု မရှိစေရန် ရည်ရွယ်နိုင်ပါတယ် ။ ​တောင်ကိုရီးယား အစိုးရလဲ ဒီစနစ်ကို ကျင့်သုံးပါတယ်။

➡️ ဆက်ရရင်ဖြင့် ထိုအခွန် ၃ ခု ဆောင်ပြီးလျှင် Customs.ဌာန ကနေ Import - ID ပေးပါတယ် အဲဒီမှာအခွန် ၃ ရပ်စလုံးပါဝင်ပါတယ် နောက် နီးကပ်တဲ့ ဘဏ္ဏာရေး နှစ်ကုန်ဆုံးချိန်မှာ အရူံးမြတ်စာရင်းဆွဲပြီး ၀င်ငွေခွန် ကြေငြာလွာသွင်းရပါတယ် ကုမ္ပဏီ အနေနဲ့ အသားတင်အမြတ်ပေါ်မှာ ၂၅ % အခွန် စည်း​ကြပ်ပါတယ် ပထမ ပစ္စည်းတင်သွင်း / တင်ပို့ တုန်းက ဆောင်ထားတဲ့ အခွန် ငွေ ၂% ကို ခုနှိမ်ပေးပါတယ်

➡️ ဥပမာ
၁၀၀၀ တန်ပစ္စည်းကိုတင်သွင်းရင် ၂ % ကြိုတင်ခွန် ၂၀ ဆောင်ထားပီးဖြစ်ပါတယ် နောက် နှစ်ချုပ်မှာ အထွေထွေ နူတ်ပီး အရူံးအမြတ်တင်ရင် ဆိုပါဆို ၁၀၀၀ ရင်းတယ် ၁၀၀ မြတ်တယ်ဆိုရင် ၁၀၀ ပေါ် ၂၅ % အဖြစ် ၂၅ ကျပ်ပေးရပါမယ် ပထမ ကြိုတင်ခွန် ၂၀ ဆောင်ထားတာဖြစ်လို့ ၅ % သာပေးဆောင်ရမှာပါ ဒါက ၁၀၀ မြတ်လို့ပါ ၅၀ အမြတ်သာသေချာပြနိင်ရင် အခွန်ရူံးက အခွန်ပြန်အမ်းရမှာပါ ဒါပေမယ့် အမ်းဖိုမ​သေချာပါဘူး။ နောက်နှစ်ကိုသယ်ဆောင်ပြီး​​ပြန်လည်ခုနှိမ်ခွင်ပြုဖို့သာများပါတယ် ။

➡️ ဒါ့အပြင် လုပ်ငန်းအနေနဲ့
တစုံတရာမှားရင် ကာစတန် ဒဏ်ကြေး
စည်ပင်ခွန်
ဆိုင်းဘုတ်ခွန်
ရေခွန် / မိတာခွန်
Company ကားအတွက် သက်တမ်းတိုးအခွန်
လစာမှ ဝင်ငွေခွန်
မီးသတ်ခွန်
လိုင်စင်ခွန်တွေလည်းဆောင်ရနိုင်ပါသေးတယ်

➡️ လု​ပ်ငန်းတစ်ခုဟာ တစ်ခါတလေ ပြည်တွင်းမှာပဲ ယူရောင်းတဲ့ ကုန်စည်တွေလဲ ရှိ Company အနေနဲ့ ဝန်ဆောင်မှုလဲ လုပ် ကုန်လဲ ထုတ်ဆို အားလုံးအတွက် ကုန်သွယ်ခွန် 5% ကောက်ခံပေးဆောင်ရမယ့် အနေထားပါ နောက် Company စတင် တည်ထောင်ခြင်း မှာ ပြရတဲ့ ဝင်ငွေ ခွန် များလဲ ရှိပါသေးတယ်

➡️ ပါဝင်တဲ့ MD တွေ GM တွေ CEO လစာတွေကလဲ လစ Personal တဦးချင်းဝင်ငွေခွန် အဖြစ်ရှိနေပြန်ပါတယ်။

➡️ လုပ်ငန်း အများစုအတွက် နှစ်ကုန်လို့ စာရင်းရှင်းတဲ့ အခါမှာ CPA လက်မှတ်ရ Auditor တစ်ယောက်က စစ်ဆေး​ပြီးမှသာ အခွန်ရုံးကို တင်လို့ ရမှာဖြစ်ပါတယ်။

Credit

🎁ဝန်ဆောင်ခနှုန်းထားများ

👉ကုမ္ပဏီ မှတ်ပုံတင်ပြီး အခွန်ထမ်းမှတ်ပုံတင် တင်ပေးခြင်း အပြီးအစီး - 80000 ကျပ်။

👉 Mini Budget အတွက် အခွန်ရှင်းတမ်းရေးဆွဲပေးခြင်း CPA လက်မှတ်အပါ -
350000+++

📌CRS consultant မှ
လူကြီးမင်းတို့Company ပိုင်းဆိုင်ရာကိစ္စရပ်များဖြစ်သော

♦️ကုမ္ပဏီအသစ်ဖွဲ့စည်းမှတ်ပုံတင်ခြင်း
New Company Registration(Local/Foreign)
♦️ဒါရိုက်တာအပြောင်းအလဲများပြုလုပ်ပေးခြင်း( Director Change Application )
♦️ကုမ္ပဏီရုံးလိပ်စာပြောင်းခြင်း
(Company Address Change)
♦️ကုမ္ပဏီအမည်ပြောင်းခြင်း
(Company Name Change)
♦️မတည်ငွေ အတိုး/အလျော့ပြုလုပ်ပေးခြင်း (The Capital increase/decrease)
♦️ဒါရိုက်တာများ၏အစုရှယ်ယာများပြောင်းပေးခြင်း(Director Share Changes)
♦️နှစ်စဉ်အစီရင်ခံစာများတင်ပေးခြင်း
( Annual Return)
♦️Share Transfer များအခွန်ဆောင်ပေးခြင်း
♦️စာချုပ်စာတန်းများမှတ်ပုံတင်ခြင်း
( Contracts Registration )
♦️သတင်းစာတွင် ​ရှေ့နေဖြင့် ကြော်ငြာပေးခြင်း။
♦️ကုမ္ပဏီသင်းဖွဲ့စည်းမျဥ်းစည်းမျဥ်းဖွဲ့စည်းခြင်းကို တရားလွှတ်တော်ရှေ့နေဖြင့် တရား၀င်ဖွဲ့စည်းပေးခြင်း
♦️ကုမ္ပဏီအတွက်ဘဏ်စာရင်းများဖွင့်လှစ်ရန်ဆောင်ရွက်ပေးခြင်း
( Company Bank Account Setup Assistance)
♦️ထသက ကဒ်လျောက်ခြင်း
( Export / Import Licenses)
♦️Smart Card လျောက်ခြင်း
♦️IE Code လျောက်ခြင်း
♦️HS Code လျောက်ခြင်း
♦️UMFCCI Member ၀င်ပေးခြင်း
♦️Travel & Tour လိုင်စင်လျှောက်ပေးခြင်း
♦️ဆောက်လုပ်ရေးကုမ္ပဏီ တင်ဒါများအတွက် Company Profile ရေးဆွဲပေးခြင်း
♦️RE, RSE လက်မှတ်များ / Estimate များရေးဆွဲပေးခြင်း
♦️FDA လက်မှတ်ရရန်အတွက် စက်ရုံများတည်ဆောက်ပေးခြင်း ပြင်ဆင်ပေးခြင်း

အစရှိသည်တို့ကို CRS Consultant မှ
ဥပဒေနှင့်အညီ တရားလွှတ်တော်ရှေ့နေများ အထက်တန်းရှေ့နေများ, အင်ဂျင်နီယာများ အပြင် ကျွမ်းကျင်ဝန်ထမ်းများမှပို၍တိကျမြန်ဆန်ကောင်းမွန်အောင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

👥 ဆက်သွယ်လိုပါက ..

☎ 09975126525
☎️ 09265753079
☎️ 09400010257
👉Address - No (30 A) Thiri Street, Sanchung Township, Yangon.


#𝐋𝐨𝐠𝐨𝐓𝐫𝐚𝐝𝐞𝐦𝐚𝐫𝐤𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧

&Tour
Member

Address

Yangon

Telephone

+95 9 509 8985

Website

Alerts

Be the first to know and let us send you an email when Tun Tauk posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram