𝗞𝗮𝘆 𝗧𝗵𝘄𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗵𝗼𝗽

  • Home
  • Myanmar
  • Yangon
  • 𝗞𝗮𝘆 𝗧𝗵𝘄𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗵𝗼𝗽

𝗞𝗮𝘆 𝗧𝗵𝘄𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗵𝗼𝗽 🍓

ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ အရင်းနှီးဆုံးတွေက အနာကျင်ရဆုံးတွေ ပေးတဲ့အခါ ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့ခွင့်လွှတ်ပေး၍ မေ...
18/09/2025

ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ

အရင်းနှီးဆုံးတွေက
အနာကျင်ရဆုံးတွေ ပေးတဲ့အခါ
ရင်ထဲကဒဏ်ရာတွေ မပိုပါစေနဲ့တော့

ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။



အယုံကြည်ရဆုံးတွေက
ရင်နာစရာတွေ လုပ်သွားတဲ့အခါ
ပူလောင်စွာ နာကြည်းမှုတွေ မခံယူပါနဲ့တော့

ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။



အချစ်ရဆုံးတွေက

ရက်ရက်စက်စက် လုပ်ရက်ခဲ့တဲ့အခါ
မျက်ရည်စတွေနဲ့ မုန်းတီးလို့ မနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။



နောက်ထပ်

ပြန်ဆုံနိုင်စရာအကြောင်းလည်းမရှိတဲ့
ရင်ဘတ်ချင်း မနီးစပ်တဲ့သူတွေအတွက်
နောက်ထပ်တစ်ခါ ရင်ဘတ်ကြီးနဲ့ရင်းပြီး
ရှုံးနိမ့်ခြင်းတွေနဲ့ ဘဝမှာ နစ်မွန်းမနေပါနဲ့တော့
ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။



စိတ်တိုစရာတွေ၊ စိတ်နာစရာတွေ

စိတ်ဒဏ်ရာတွေဆိုတာ
ခံစားရသူသာ အသိဆုံးဖြစ်သော်လည်း
လောကမှာ ခွင့်မလွှတ်နိုင်စရာကို
ခွင့်လွှတ်ပေးနိုင် ခြင်းကသာ
စိတ်ချမ်းသာရမှာပါ။



ဘဝမှာ…

သာယာလှပပြီး စိတ်ငြိမ်အေးချမ်းသော
ဘဝကို ပိုင်ဆိုင်ချင်တယ်ဆိုလျှင်
ရိုးရှင်းစွာနဲ့ စိတ်ပင်ပန်း ပူလောင်ဆင်းရဲစရာတွေကို

ခွင့်လွှတ်ပေး၍ မေ့ပစ်လိုက်ပါ။


သိထားဖို့က…
လောကဓံကို ရင်ဆိုင်တဲ့အခါမှာ
လက်ထဲမှာ "ဓား" ရှိဖို့ မလိုဘူး
ရင်ထဲမှာ "တရား" ရှိဖို့ပဲ လိုတာပါ။


#ဗန်းမော်သိန်းဖေ

21/07/2025

...

03/07/2025

အချစ်ဆိုတာ
တကယ်တော့ စေတနာပါပဲ။

တစ်ဦးနဲ့တစ်ဦးချစ်ပြီဆို စေတနာက
အလိုလိုထားပြီးသား ဖြစ်နေတယ်။

ကိုယ့်ချစ်သူ ကောင်းတာလေးတွေ
သုံးနေရင် မုဒိတာ ဖြစ်တယ်။
ကိုယ့်ချစ်သူ လိုအပ်တာမှန်သမျှ
အကုန်ဖြည့်ဆည်းပေးချင်တယ်။

အစားကောင်း စားရရင်
သူ့ကို သတိရတယ်။
ပစ္စည်းအသစ်လေး သုံးရရင်
သူ့ကိုလည်း သုံးစေချင်တယ်။

အရာရာ စေတနာက ဖြစ်နေတော့
ကိုယ်ကောင်းတာ တွေ့ကြုံနေရသ၍
သူ့ကိုလဲ ကိုယ်နဲ့ထပ်တူ ရရှိခံစားစေချင်တယ်။

ဒါကို ပြန်ကြည့်မယ်ဆိုရင်
အချစ်ဆိုတာ
ရယူခြင်းလည်း မဟုတ်
ပေးဆပ်ခြင်းလည်း မဟုတ်

တကယ်တော့ အချစ်ဆိုတာ
တစ်ဦးအပေါ်တစ်ဦးထားတဲ့ စေတနာပါပဲ။

မိန်းမတစ်ယောက်ရဲ့တန်ဖိုးကသိက္ခာနဲ့ ကိုယ်ကျင့်တရားပါ။မိန်းမချင်းတူပေမဲ့ သိက္ခာနဲ့ကိုယ်ကျင့်တရားနဲ့မတူရင်တန်ဖိုးချင်းလည်း ...
22/05/2025

မိန်းမတစ်ယောက်ရဲ့တန်ဖိုးက
သိက္ခာနဲ့ ကိုယ်ကျင့်တရားပါ။

မိန်းမချင်းတူပေမဲ့ သိက္ခာနဲ့
ကိုယ်ကျင့်တရားနဲ့မတူရင်

တန်ဖိုးချင်းလည်း မတူနိုင်ပါ ဘူး...!

Crd

ဒီလောက်ကောင်းပေးခဲ့တာတောင် ငါ့အပေါ်ဘာလို့လုပ်ရက်ကြရတာလဲဆိုတဲ့စိတ်နဲ့ သိပီးသားအဖြေတစ်ခုကို စိတ်အပင်ပန်းခံတွေးပြီး ဝမ်းနည်...
07/01/2025

ဒီလောက်ကောင်းပေးခဲ့တာတောင် ငါ့အပေါ်
ဘာလို့လုပ်ရက်ကြရတာလဲဆိုတဲ့စိတ်နဲ့
သိပီးသားအဖြေတစ်ခုကို စိတ်အပင်ပန်းခံတွေးပြီး
ဝမ်းနည်းမနေချင်တော့ဘူး
"အရာရာဟာ ငါဖြစ်နေလို့....ငါ့မို့လို့"လုပ်ရက်ကြတာလို့တွေးပီးပဲ
ပြုံးနေလိုက်တော့တယ်

30/12/2024

စော်တစ်ကာနဲ့ ရောရင်
ဘဲတစ်ကာနဲ့ ရောတဲ့ စော်ပဲရမယ်
တန်ရာတန်ရာပဲ သဘောပေါက်

ဖောက်ပြန်ခံရဖူးတဲ့သူရဲ့ စိတ်ဒဏ်ရာကိုနားလည်ပေးနိုင်တဲ့သူဆိုတာ အင်မတန်ရှားပါတယ်။ ယုံယုံကြည်ကြည် ဖက်တွယ်ထားမိတဲ့လူတစ်ယောက်ဆ...
30/12/2024

ဖောက်ပြန်ခံရဖူးတဲ့သူရဲ့
စိတ်ဒဏ်ရာကို
နားလည်ပေးနိုင်တဲ့သူဆိုတာ
အင်မတန်ရှားပါတယ်။

ယုံယုံကြည်ကြည်
ဖက်တွယ်ထားမိတဲ့လူတစ်ယောက်ဆီက
သစ္စာမဲ့တာကို ခံထားရသူမို့
အခြားသူတွေထက်
ထိရှလွယ်ပါတယ် ။

Overthinking တွေ
သံသယတွေ စိတ်မလုံခြုံမှုတွေ
အားငယ်ခြင်းတွေ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိတော့တာတွေ
အသေးအဖွဲကအစ
အကြီးကြီး ခံစားမိတတ်သူမို့
ဖောက်ပြန်ခံရတဲ့သူတွေဟာ
နောက်တစ်ကြိမ် ပြန်ချစ်နိုင်ဖို့အတွက်
အချိန်တွေ အကြာကြီး ယူရပါတယ် ။

တစ်ဖက်ကတော့ ဖောက်ပြန်လိုက်ရုံပါပဲ
ဒါပေမယ့် တစ်ဖက်မှာတော့
မရူးသွားရုံတစ်မယ်ပဲ
စိတ်ဒဏ်ရာတွေ တစ်ဘဝစာ ရလိုက်တာ ။

‌အဲဒါကြောင့်
လောက်ငတဲ့ မေတ္တာမျိုး မပေးနိုင်ရင်
အချစ်တစ်ခုကို ဘယ်သူ့ဆီမှာမှ
အစ မပျိုးစေချင်ပါဘူး ။

တစ်ချို့တွေက မစစ်မှန်တဲ့အချစ်တစ်ခုကြောင့်
နောက်ထပ် ချစ်ဖို့ မရဲ ကြတဲ့သူတွေမို့ပါ ။

#သက်ထားခင်THK
#မေတ္တာစစ်ကိုပေးနိုင်မှချစ်တယ်လို့ပြောပါ
Crd

Relationship မှာtoxic trait တစ်ခုရှိတယ် တစ်ဖက်ကပြတ်ချင်နေပြီ ဒါပေမဲ့ဒဲ့ဖြတ်လိုက်ရင်ရိုင်းတယ်ဖြစ်မယ် ကွိုင်တွေတက်မယ် အဲ့တ...
17/12/2024

Relationship မှာtoxic trait တစ်ခုရှိတယ် တစ်ဖက်ကပြတ်ချင်နေပြီ ဒါပေမဲ့ဒဲ့ဖြတ်လိုက်ရင်ရိုင်းတယ်ဖြစ်မယ် ကွိုင်တွေတက်မယ် အဲ့တော့ဖြည်းဖြည်းချင်းအပြုမှုတွေလျှော့ချ bare minimum တွေပေးပြီး တစ်ဖက်ကစိတ်ကုန်သွားအောင်လုပ်တာမျိုးပေါ့။
နောက်ဆုံးပြတ်ကြမလားဆိုပြီးဖြစ်တော့မှ အိုကေပြတ်ကြတာပေါ့ဆိုပြီး အဆုံးသတ်သွားရော။

ပြောရရင်တော့ ရိုင်းတာပါပဲ၊ တစ်ဖက်ကအင်မတန်ပူလောင်ရတယ် ချစ်တဲ့သူဆိုပိုခံရတယ် တမင်တကာလျှော့ချလာတဲ့ အချစ်တွေအပြုမူတွေကို ကိုယ့်ကြောင့်များလားဆိုပြီး ဘာမှမသိပဲ fix ဖို့ကြိုးစားရင်း နောက်ဆုံးခြေကုန်လက်ပမ်းကျ trauma တွေနဲ့ကျန်ခဲ့တာမျိုးပဲ။
အဲ့လိုကြုံနေရရင်တော့ဘာမှမကြိုးစားပါနဲ့တော့ ပြတ်ချင်လို့ဥာဏ်ဆင်နေပြီဆို ဘာနဲ့မှဆွဲမရတော့ပါဘူး လက်လွှတ်ပေးလိုက်ပြီး ကိုယ့်ဘာကိုယ်ပြန်တည်ဆောက်တာပိုကောင်းပါလိမ့်မယ်။

နောင်တရလားလို့မေးလာခဲ့ရင် နောင်တရတယ်...အဲ့ဒီလူတစ်ယောက်ထဲအတွက်နဲ့ လူတွေအများကြီးကို လျစ်လျူရှု့ခဲ့ဖူးတယ်။အစစ်အမှန်လို့ထင်...
16/12/2024

နောင်တရလားလို့မေးလာခဲ့ရင် နောင်တရတယ်...
အဲ့ဒီလူတစ်ယောက်ထဲအတွက်နဲ့ လူတွေအများကြီးကို လျစ်လျူရှု့ခဲ့ဖူးတယ်။

အစစ်အမှန်လို့ထင်ထားတဲ့အရာတွေ...
အတုအယောင်တွေဖြစ်နေတာလောက် ရင်နာဖို့ကောင်းတာမရှိဘူး
တချို့လူတွေက အစတည်းကမတွေ့ခဲ့သင့်တာ....။ 💔

16/12/2024

ချစ်တာ အပြစ်မဟုတ်သလို
မချစ်တာလဲ အပြစ်မဟုတ်ပါဘူး
ဒါပေမဲ့ မချစ်ဘဲနဲ့
သိပ်ချစ်ချင်ယောင်ဆောင်ခဲ့တာတော့
မင်းလွန်တာပေါ့

#ဘုန်းပြည့်စုံမင်း

ချေနိုင်လေကောင်းလေပဲကိုယ့်အတွက်မဟုတ်ရင်မသိမသာလေးတောင်မကြည့်နဲ့...။ပိတ်ထားတဲ့တံခါးတွေကိုလည်းလက်အနာခံပြီးမခေါက်နဲ့....။စိတ...
10/12/2024

ချေနိုင်လေကောင်းလေပဲ
ကိုယ့်အတွက်မဟုတ်ရင်
မသိမသာလေးတောင်မကြည့်နဲ့...။

ပိတ်ထားတဲ့တံခါးတွေကိုလည်း
လက်အနာခံပြီးမခေါက်နဲ့....။
စိတ်လည်းမဝင်စားနဲ့...။

မချိုတဲ့မျက်နှာတွေကိုမပြုံးပြနဲ့
မလိုတဲ့တံခါးရှေ့လည်းမရပ်နဲ့
လူတချို့ပြတ်တယ်ဆိုတာထက်
ပိုပြတ်နိုင်တဲ့လုပ်ရပ်မျိုးကို
ပိုလုပ်နိုင်တဲ့သူဖြစ်ရင်
ပိုကောင်းတယ်...။

စိတ်တိုင်းမကျရင်
စိတ်အမောမခံနဲ့
သဘောမကျရင်မရောနဲ့....။
အပေါစားဆန်စရာ
ဘာအကြောင်းမှမရှိဘူး..။

အေးအေးလေးပဲနေ..
ရိုးရိုးရှင်းရှင်းလေးပဲစိတ်ကိုထား
မာနထားတတ်အောင်လည်းကြိုးစား..။

တစ်ခါတစ်ရံမှာ..
မာနထားလိုက်ခြင်းက
ကိုယ့်အတွက်..
အဆိုးတွေကိုဖယ်ရှားပေးပါတယ်။

# ဆုမြတ်နွေး (စာပေရနံ့ )
# အေးမြငြိမ်း (ရသစုံလင်)

#သံသာရှင်းထက်

05/12/2024

လက်တွဲဖော်ရွေးတဲ့အခါ...
ကောင်းတဲ့အချက်တွေပဲရှိနေတဲ့သူကို ပိုနှစ်သက်ကြတယ်။
ဥပမာ..သူ့တို့ကို နားလည်ပေးတဲ့လူ၊
သည်းခံတဲ့လူ၊ ဂရုစိုက်ပေးတဲ့လူ၊ အမြဲစိတ်ခွန်အားဖြစ်စေတဲ့လူ၊ ပံ့ပိုးနိုင်မယ့်လူ၊ သူတို့ကိုချစ်မယ်လူ၊သစ္စာရှိမယ့်လူ။
သူတို့မိသားစုနဲ့ကိုက်ညီနိုင်မယ့်လူ။
အဲ့လိုလူကိုပဲ ရွေးချယ်ကြတယ်။
အဲ့မှာ..ကိုယ်ရွေးလိုက်တဲ့လူက
ကိုယ့်ကို သည်းခံမခံ တွဲနေရင်းသိနိုင်သလို..
ဂရုစိုက်ပေးမပေး တွဲနေရင်း သိနိုင်ပြန်တယ်။
စိတ်ခွန်အားရမရ တွဲကြရင်း သိနိုင်သလို
ချစ်မချစ်လည်း သိနိုင်တယ်။
ဒါပေမယ့်...တွဲနေရင်း၊အတူလျှောက်လှမ်းနေရင်းမသိနိုင်တာကတော့
ကိုယ်ရွေးလိုက်တဲ့လူဟာ..ကိုယ့်အပေါ်အမြဲသစ္စာစောင့်သိခြင်း ရှိမရှိပဲ။
ကိုယ်တစ်ယောက်ထဲနဲ့ လုံလောက်ခြင်းရှိမရှိရယ်၊
အပ်ဒိတ်ဖြစ်နေတဲ့ အသစ်အစမ်းတွေအပေါ်
ဥပေက္ခာပြုနိုင်ပြီး..ကိုယ့်ဘက်ကြီးပဲ
အဆုံးထိ မျက်နှာမူမမူရယ်...
အစက ကိုယ့်ကိုရွေးချယ်သလို အဆုံးထိကိုယ်တစ်ယောက်ကိုပဲ ဆက်ရွေးချယ်မချယ်
လုံးဝ မသိနိုင်ဘူး။
ဆိုပါစို့....
ဘယ်လောက်ပဲချစ်တတ်၊အကုန်ကောင်းမွန်နေပါစေ
သစ္စာမရှိခဲ့ရင်ရော....
ဘာဆက်လုပ်မလဲ😊😊။
အဲ့တစ်ချက်ထဲနဲ့ အကုန်ပျက်စီးနိုင်စွမ်းရှိတယ်နော်။
စရိုက်မကောင်းတာ နားလည်လို့ရပေမယ့်
သန္ဓေစိတ်မကောင်းတာ နားလည်ပေးရခက်တယ်။
မပြောတတ်တာ၊ မလုပ်တတ်တာ
မချစ်တတ်တာ၊ မသိတာ၊ ဂရုမစိုက်တတ်တာ
ဒေါသထွက်တာ၊စရိုက်မကောင်းတာ ဆွဲခေါ်သွားလို့ရတယ်...
ဖောက်ပြားတတ်တာ၊သစ္စာမဲ့တတ်တာကိုတော့
ဆွဲခေါ်သွားလို့မရဘူး။
ကျနော့ခံယူချက်ကရှင်းတယ်
အရာအားလုံးကို စောက်တလွဲလုပ်ပစေ
သစ္စာတရားကို စောက်တလွဲမလုပ်ရင်ရပြီ။
သစ္စာသာရှိမယ်ပြော ကျန်တဲ့မကောင်းတဲ့အချက်တွေဟာ
ဖွဲနဲ့ဆန်ကွဲပဲ။
သစ္စာဖောက်တာကလွဲရင် ကျန်တာအကုန်နားလည်ပေးလို့ရတာကြီးပါပဲ။
ရှေ့သွားလို့မှနောက်မဖြောင့်ရရင်
ဘာလို့ချစ်နေမှာလဲ။
လူချင်းမတူလို့ စဥ်းစားကြပုံချင်းမတူဘူး။

ဘဝမှာ အကုန်လွဲလည်းရတယ်၊ ဖြစ်တယ်။
ကိုယ့်အပေါ်သစ္စာရှိမှာသေချာတဲ့လူနဲ့တော့
ကိုယ့်ကိုပဲ အဆုံးထွက်သက်ထိ တည်တည်ငြိမ်ငြိမ်ရွေးချယ်မယ့်လူနဲ့တော့ လွဲလို့မရဘူး လွဲလို့မဖြစ်ဘူး။
လွဲရင်...အကြီးစားဆုံးရှုံးခြင်းပဲ။😊😊😊

#ရဲသူလွင်(အင်ပင်မြို့)

Address

Yangon
11241

Telephone

+959975022790

Website

Alerts

Be the first to know and let us send you an email when 𝗞𝗮𝘆 𝗧𝗵𝘄𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗵𝗼𝗽 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝗞𝗮𝘆 𝗧𝗵𝘄𝗲 𝗢𝗻𝗹𝗶𝗻𝗲 𝗦𝗵𝗼𝗽:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram