Dr. Nyein ကလေးဆေးခန်း

Dr. Nyein ကလေးဆေးခန်း ၁၂၃(က)၊ တပင်ရွှေထီးလမ်းမကြီး၊ နတ်စင်မှတ်တိုင် အနီး၊ ရှင်စောပုလမ်းသွယ်၊ ၁ ထိပ်၊ လှိုင်သာယာ၊ ရန်ကုန်မြို့။

21/08/2025

ရင်ကျပ်တဲ့ကလေးတွေအတွက်မှာနေကြပါ။

14/08/2025

#ကလေးကျန်းမာရေး

09/08/2025

၂ရက်ပဲအချိန်ရလို့ တတ်နိုင်သလောက်စုံလင်အောင်ပြောပြပေးခဲ့ပါတယ်။နယ်ပယ်စုံကလာ တက်တဲ့သူတွေကိုလဲ ကျေဇူးတင်ပါတယ်ရှင့်။

🍀Special needs ကလေးလေးတွေကိုပြုစုပေးနေရတဲ့ Caregiver တွေအတွက်ဖွင့်ပေးတဲ့ Free Class လေးပါ။🍀(၂.၈.၂၀၂၅ နဲ့ ၉.၈.၂၀၂၅ ) ၂ ရက...
29/07/2025

🍀Special needs ကလေးလေးတွေကိုပြုစုပေးနေရတဲ့ Caregiver တွေအတွက်ဖွင့်ပေးတဲ့ Free Class လေးပါ။

🍀(၂.၈.၂၀၂၅ နဲ့ ၉.၈.၂၀၂၅ ) ၂ ရက်သင်တန်းလေးဖြစ်ပါတယ်။

🍀စိတ်ဝင်စားသူများတက်ရောက်နိုင်ပါတယ်။

ဒီတပတ်အတွက် အခမဲ့တက်လို့ရတဲ့ Skill Up program လေးကတော့ -

✅ "Special needs ကလေးငယ်များအတွက် ဘက်စုံကျန်းမာရေး စောင့်ရှောက်မှု အခြေခံ သင်တန်း "✅

Special needs ကလေးငယ်တွေကို စောင့်ရှောက်ပေးနေရတဲ့ Caregiver တွေနဲ့ သူနာပြုအကူများအတွက် ရည်ရွယ်ပါတယ်။

Special needs ကလေးတွေရဲ့ကျန်းမာရေးကို ဘက်စုံထောင့်စုံကနေ ဘယ်လိုဂရုစိုက်ရမယ်ဆိုတာကို လက်တွေ့ကျကျ လေ့လာနိုင်ဖို့ ရည်ရွယ်ပါတယ်။

SN ကလေးတွေကိုပြုစုပေးနေရတဲ့ Nurse aide များနဲ့ Caregiver များအတွက် skillup programme အနေနဲ့ ဖွင့်လှစ်ပေးသော အခမဲ့ သင်တန်းဖြစ်ပါတယ်။

သင်တန်းကာလ ၂ရက်ကြာပါမယ်

2.8.2025 (စနေနေ့ )နှင့် 9.8.2025 (စနေနေ့ )

နေ့လည် ၁နာရီခွဲမှ ၃နာရီခွဲထိပါ။

လူဦးရေ ကန့်သတ်ထားပါသဖြင့် တက်ရောက်လိုသူများ messenger မှတဆင့် စာရင်း ပေးသွင်းနိုင်ပါပြီနော်။

Skill Up Program လေးအကြောင်းသိချင်ရင် အစောပိုင်းပိုစ့်လေးတွေဝင်ဖတ်ကြည့်လို့ရပါတယ်။


#အခမဲ့သင်တန်း

May May Club နဲ့ပူးပေါင်းစီစဉ်တဲ့ Online class လေးမှာ အချိန်ပေးတက်ရောက်ကြတဲ့မေမေတို့အားလုံးကိုကျေးဇူးတင်ပါတယ်။ တက်ရောက်သ...
28/07/2025

May May Club နဲ့ပူးပေါင်းစီစဉ်တဲ့ Online class လေးမှာ အချိန်ပေးတက်ရောက်ကြတဲ့မေမေတို့အားလုံးကိုကျေးဇူးတင်ပါတယ်။

တက်ရောက်သူများအကျိုးရှိကြတယ်ဆိုတာသိရလို့ဝမ်းသာရပါတယ်ရှင့်။

မေမေတို့ရဲ့ရင်သွေးလေးတွေကိုစိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်တဲ့သူလေးတွေအဖြစ်ပြုစုပျိုးထောင်ပေးနိုင်ကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။

27/07/2025

ကလေးတွေဘာကြောင့်ဗိုက်နာကြသလဲ….???

မနက်ဖန် ၂၆.၇.၂၀၂၅ (စနေနေ့) နေ့လည် ၂ နာရီမှာတွေ့ကြမယ်နော်…….🩷
25/07/2025

မနက်ဖန် ၂၆.၇.၂၀၂၅ (စနေနေ့) နေ့လည် ၂ နာရီမှာတွေ့ကြမယ်နော်…….🩷

Parenting ကောင်းမွန်ဖို့၊ သွန်သင်ဆုံးမတာထိရောက်ဖို့အတွက် မိဘနဲ့ သားသမီး သံယောဇဉ်ဖွဲ့နှောင်မှု (Emotional attachment) ကော...
23/07/2025

Parenting ကောင်းမွန်ဖို့၊ သွန်သင်ဆုံးမတာထိရောက်ဖို့အတွက် မိဘနဲ့ သားသမီး သံယောဇဉ်ဖွဲ့နှောင်မှု (Emotional attachment) ကောင်းအောင်လုပ်ဖို့လိုတာကြောင့် ကလေးလေးတွေအပေါ်နွေးထွေးချစ်ခင်ကြင်နာပေးတာ၊ သူတို့လေးတွေအပေါ်နားလည်လက်ခံပေးတာတွေလုပ်ဖို့ဆရာမတို့တိုက်တွန်းကြပါတယ်။ အဲဒါကတော့ အခြေခံအကျဆုံးဖြစ်တဲ့အတွက်အမြဲမပြတ်ထည့်ပြောဖြစ်ပါတယ်။

အဲလိုဆိုရင်….ကလေးကကောင်းတာတွေပဲသွန်သင်ခံ၊ ချစ်ခင်ယုယခံနေရတော့လောကကြီးမှာ သူ့ဘေးကလူတွေလိုပဲထင်ပြီး ပြင်ပလောကနဲ့ကင်းကွာသွားမှာကိုလဲထည့်သွင်းစဉ်းစားကြရမှာပါ။

Jean Piaget ဆိုတဲ့ စိတ်ပညာရှင်ရဲ့ သိမြင်မှုပိုင်းဆိုင်ရာတိုးတက်မှု (Cognitive development) သီအိုရီအရကလေးတွေဟာသူတို့ရဲ့ပတ်ဝန်းကျင်နဲ့အပြန်အလှန်ထိတွေ့ဆက်ဆံရင်း သူတို့ဘာသာလေ့လာသင်ယူနေကြပါတယ်။ ကလေးဘဝအစမှာအတ္တဗဟိုပြုစိတ်(Egocentric)နဲ့ စခဲ့ပေမယ့်အချက်အလက်အသစ်တွေကို အမြဲစုစောင်းနေကြပြီး ဟန်ချက်ညီအောင်အမြဲလုပ်နေကြပါတယ်။ တချို့ကလေးတွေဟာ သိပ်ငယ်ငယ်ကထဲက မိဘအပေါ်သိတတ်တယ်ဆိုတာမျိုးလေးတွေက Cognitive development ကောင်းပြီး Egocentrism ကိုစောစောဖြတ်ကျော်ခဲ့တာပါပဲ။

မေမေတို့အနေနဲ့ ကလေးကိုနွေးထွေးကြင်နာယုယပေးရမှာအပြင် ဘဝတလျှောက်လုံးအတွက်အရေးကြီးတဲ့ လက်တွေ့ကျကျတွေးခေါ်စဉ်းစားနိုင်ခြင်း (Critical thinking) နဲ့ ပြဿနာဖြေရှင်းခြင်း (Problem solving) တွေပါလေ့ကျင့်သင်ကြားပေးရမှာပါ။ လွယ်လွယ်ပြောရင်တော့ ဘာ့ကြောင့်ဖြစ်တာလဲဆိုတာနဲ့ ဘယ်လိုဖြေရှင်းမလဲဆိုတာပါပဲ။ စာကိုဘယ်အချိန်မှာစသင်ရလဲဆိုတာသတ်မှတ်ထားတာရှိပေမယ့် Critical thinking နဲ့ problem solving ကတော့စသင်ရမယ့်အရွယ်သတ်မှတ်မထားပါဘူး။
အမှန်တကယ်တော့ မွေးကတည်းက စပြီး သူတို့ပတ်ဝန်းကျင်က အရာတွေကို စူးစမ်းလေ့လာရင်းနဲ့ ဒီစွမ်းရည်တွေဟာ တဖြည်းဖြည်းချင်း ဖွံ့ဖြိုးလာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အသက် ၃ နှစ်ကနေ ၅ နှစ်ကြားအရွယ်ကစပြီး ရည်ရွယ်ချက်ရှိရှိနဲ့ ပိုပြီးသင်ကြားပေးလို့ ရနေပါပြီ။ အခုခေတ်ကျောင်းတွေမှာ မူကြိုလေးတွေကစပြီး အဲဒါတွေကိုထည့်သွင်းသင်ကြားနေကြပေမယ့် လက်ဦးဆရာမိဘတွေအနေနဲ့လဲ လေ့လာပံ့ပိုးပေးနိုင်ရင် သူတို့လေးတွေမှာ အရာရာကိုရင်ဆိုင်နိုင်စွမ်းတွေပြည့်ဝလာမှာဖြစ်ပါတယ်မေမေတို့။

🍀မိသားစုတွေအားလုံးကျန်းမာဘေးကင်းပျော်ရွှင်ကြပါစေ။
🍀မေမေဖေဖေတို့ရဲ့ Parenting Journey လေးအမြဲပျော်ရွှင်စရာတွေနဲ့ပြည့်ဝနေပါစေ။


#သားသားမီးမီးလေးတွေရဲ့ဆရာမ
ြိမ်း

22/07/2025

ခွေးရူးရောဂါကာကွယ်ဆေးအကြောင်းမေးတဲ့ မေမေတို့အတွက်ပါ...❤️

20/07/2025

ကလေးလေးတွ နေ့နဲ့ညလွဲပြီးအိပ်နေကြတာကို ဘယ်လိုလုပ်ပေးရမလဲ????

17/07/2025

မေမေတို့အတွက်ဒီဗီဒီယိုလေးမှာ…
💦ကလေးတွေက ဘာကြောင့် ရေဓာတ်ခန်းခြောက်ခြင်း ဖြစ်တတ်သလဲ၊
💦ကလေး ရေဓာတ်ခန်းခြောက်ရင် ဘယ်လိုလက္ခဏာပြတတ်သလဲ၊
💦ဘယ်လိုအရည်မျိုးတွေ တိုက်ကျွေးဖို့လိုပါသလဲ၊ အရည်ပမာဏ ဘယ်လောက်တိုက်ဖို့ လိုသလဲ၊
🧻ဝမ်းပျက်ဝမ်းလျှောဖြစ်နေရင် ဓာတ်ဆားတိုက်ဖို့ ဘာကြောင့်အရေးကြီးတာလဲ၊
🦟သွေးလွန်တုပ်ကွေးရောဂါမှာ ဓာတ်ဆားတိုက်ဖို့ လိုအပ်ပါသလား၊
🧂ဓာတ်ဆားနဲ့ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်…အစရှိတဲ့ သိကောင်းစရာကျန်းမာရေးဗဟုသုတတွေကို ပြည့်ပြည့်စုံစုံ ပြောထားပါတယ်။

#ကလေးကျန်းမာရေး

ဗီဇကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား???"ဒီကလေးက ဗီဇကိုမကောင်းဘူး" ဆိုပြီးတချို့တွေပြောကြတာကြားဖူးမှာပါ…ဆိုးတဲ့ကလေး ပြောမရ...
15/07/2025

ဗီဇကြောင့်လား ပတ်ဝန်းကျင်ကြောင့်လား???

"ဒီကလေးက ဗီဇကိုမကောင်းဘူး" ဆိုပြီးတချို့တွေပြောကြတာကြားဖူးမှာပါ…
ဆိုးတဲ့ကလေး ပြောမရတဲ့ကလေးလေးတွေကို ညွှန်းပြီးပြောကြတာပေါ့…🥲။

ကျေးညီနောင်ပုံပြင်လေးကိုအားလုံးကြားဖူးကြပါတယ်နော်…အဲဒါကတော့ပတ်ဝန်းကျင်ရဲ့လွှမ်းမိုးမှုကြောင့်ဖြစ်သွားတဲ့ အကျိုးဆက်ကိုဖော်ညွှန်းကြတာပါ…။ ဒါ့ကြောင့် လူမိုက်ကိုမပေါင်းသင်းဖို့ဆုံးမကြပါတယ်..။

ဗီဇကြောင့်လား ပတ်ဝန်းကျင်ကြောင့်လားဆိုတာကတော့ စိတ်ပညာရပ်မှာ နှစ်ပေါင်းများစွာ ငြင်းခုံပြောဆိုလာကြပါတယ်…။ ခေတ်သစ်အတွေးအခေါ်အနေနဲ့ နှစ်ခုလုံးကအပြန်အလှန်သက်ရောက်မှုရှိတယ်ဆိုတဲ့ရှုထောင့်နဲ့အစားထိုးလိုက်ကြပါတယ်…။ ဗီဇကြောင့်လားပတ်ဝန်းကျင်ကြောင့်လားဆိုတာခွဲခြားရခက်တဲ့အခြေအနေတွေရှိနေဆဲပါပဲ။

“ဗီဇ” (Nature) ဆိုတာကတော့ ရွေးချယ်လို့မရတဲ့မွေးရာပါကိစ္စလေးတွေပါ…ဥာဏ်ရည်ဥာဏ်သွေး၊ စိတ်နေသဘောထား၊ မျိုးရိုးလိုက်တတ်တဲ့ရောဂါ စတာတွေက ကလေးတယောက်ရဲ့ ဘဝကိုပြောင်းလဲစေပါတယ်။

နောက်တခုဖြစ်တဲ့ “ပတ်ဝန်းကျင်” (Nurture) ဆိုတာကတော့ မိဘတွေရဲ့ parenting ပုံစံ၊ ပညာရေး၊ ထိတွေ့ရတဲ့လူမှုပတ်ဝန်းကျင်၊ ယဉ်ကျေးမှုပုံစံ၊ ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုအတွက်အရေးကြီးတဲ့ စားသောက်နေထိုင်မှုပုံစံတွေပါ။

မွေးရာပါဒေါသကြီးတဲ့ကလေးကို နားလည်လက်ခံပေးတတ်တဲ့ပတ်ဝန်းကျင်မှာကြီးပြင်းစေရင်တော့ သူကဒေါသလျှော့တတ်တဲ့အကျင့်စရိုက်ရှိလာနိုင်ပါတယ်။ မွေးရာပါဉာဏ်ကောင်းပေမယ့် သင်ယူလေ့လာမှုတွေကိုလှုံ့ဆော်မပေးတဲ့ပတ်ဝန်းကျင်မှာရှိနေရင်တော့ သူ့ရဲ့အစွမ်းအစကိုအသုံးပြုနိုင်မှာမဟုတ်ပါဘူး။

အဲဒီတော့……ပတ်ဝန်းကျင်ကောင်းရှိဖို့ကအရေးကြီးတယ်ဆိုတဲ့ ထင်သာမြင်သာရှိတဲ့ကိစ္စတွေရှိနေပေမယ့် နှစ်ခုလုံးရဲ့သက်ရောက်မှုကကြီးမားလို့ ကလေးတယောက်ကိုနည်းမှန်လမ်းမှန်ပြုစုပျိုးထောင်ဖို့ဆိုရင် ပတ်ဝန်းကျင်ကောင်းတွေကိုသာဖန်တီးပေးနေရုံမရဘဲ သူ့ရဲ့ဗီဇကိုပါလေ့လာနားလည်ထားဖို့လဲလိုအပ်ပါတယ်မေမေတို့…..🥰။

🍀မိသားစုတွေအားလုံးကျန်းမာဘေးကင်းပျော်ရွှင်ကြပါစေ။
🍀မေမေဖေဖေတို့ရဲ့ Parenting Journey လေးအမြဲပျော်ရွှင်စရာတွေနဲ့ပြည့်ဝနေပါစေ။

#သားသားမီးမီးလေးတွေရဲ့ဆရာမ
ြိမ်း

Address

No. 123(A) Shin Saw Pu Street, Ta Pin Shwe Htee Road
Yangon

Opening Hours

Monday 07:00 - 18:00
Tuesday 07:00 - 18:00
Wednesday 07:00 - 18:00
Thursday 07:00 - 18:00
Friday 07:00 - 18:00
Saturday 07:00 - 18:00
Sunday 07:00 - 14:00

Telephone

09444883510

Website

Alerts

Be the first to know and let us send you an email when Dr. Nyein ကလေးဆေးခန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category