01/02/2026
တပို့တွဲလပြည့်နေ့
တပို့တွဲလပြည့်နေ့ဟာ မြတ်စွာဘုရားရှင်က သံဃာတော်ပေါင်း (၁၂၅၀) အား သာသနာတော်ရဲ့ အနှစ်ချုပ်ဖြစ်တဲ့ "ဩဝါဒပါတိမောက်" ဒေသနာတော်ကို စတင်ဟောကြားတော်မူခဲ့တဲ့ ထူးမြတ်တဲ့ ဩဝါဒပါတိမောက်အခါတော်နေ့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာ့ရိုးရာဆယ့်နှစ်လရာသီပွဲတော်များအနက် တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့ စည်းလုံးခြင်းသင်္ကေတ "ထမနဲထိုးပွဲ" များ ကျင်းပကာ နှီးနှောဖလှယ်ကြတဲ့ ပျော်ရွှင်စရာကောင်းတဲ့ လရာသီလည်း ဖြစ်ပါတယ်။
ဒီလို နေ့ထူးနေ့မြတ်လေးမှာ ဓမ္မမိတ်ဆွေအပေါင်း
🙏🏻 စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပြီး ကုသိုလ်ကောင်းမှုအစုစုတို့ကို ပွားများအားထုတ်နိုင်ကြပါစေလို့
NutriDaily မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်...🙏🙏🙏
#တပို့တွဲလပြည့်
#ဩဝါဒပါတိမောက်အခါတော်နေ့
#ထမနဲပွဲတော်