Dr. Hnynn Skin, Aesthetic & Anti-aging Clinic

Dr. Hnynn Skin, Aesthetic & Anti-aging Clinic Achieve your beauty goals
Enjoy life to the fullest.

09/08/2021

ဘယ်သူတွေ covid ကာကွယ်ဆေးထိုးလို့ရလဲ?
အသက်၁၈နှစ်အထက် ဖြစ်ရပါမယ်။
Pfizer တံဆိပ်ဆိုရင် အသက်၁၂နှစ်ကျော်ရင် ရပါပြီ။
Sinovac နဲ့ Sinopharm တံဆိပ်ဆိုရင်တော့ ၁၈-၆၀နှစ်အတွင်း ထိုးဖို့ပဲ သုတေသနလုပ်ပြီးသေးပါတယ်။
ဆီးချို၊ သွေးတိုး၊ ကျောက်ကပ်၊ ပန်းနာရင်ကြပ်လိုနာတာရှည်ရောဂါရှိသူတွေလည်း ထိုးလို့ရပါတယ်။ (Aspirinလို သွေးကျဲဆေး သောက်နေရလည်း ထိုးလို့ရပါတယ်)။

ဘယ်သူတွေ ကာကွယ်ဆေးထိုးလို့မရဘူးလဲ?
ဖျားနေတဲ့သူတွေ
ကိုယ်ဝန်ဆောင် အမျိုးသမီးများ ဆေးထိုးဖို့ သုတေသန မလုံလောက်သေးပါ (နို့တိုက်မိခင် ထိုးလို့ရပါတယ်)
ကာကွယ်ဆေးနဲ့မတည့်သူ
သွေးမတိတ်ရောဂါရှိသူ (bleeding disorders)
HIV သမား CD4 ၂၀၀ အောက်ကျနေတဲ့အခါ
အခြားကာကွယ်ဆေးတစ်မျိုးမျိုးထိုးထားတာ ၂ပတ်မပြည့်သေးတဲ့အခါ

COVID ဖြစ်ပြီးရင် ကာကွယ်ဆေးထိုးဖို့ လိုသေးလား?
COVID ဖြစ်ပြီးရင် ခန္ဓာကိုယ်တွင်းက Antibody ထွက်ပါတယ်၊ ၆-၈လအထိ ခံတာမို့ ပုံမှန်တော့ ထိုးဖို့ ညွှန်းလေ့မရှိပါ။
လူတစ်ယောက်နဲ့တစ်ယောက် Antibody ထွက်တဲ့ပမာဏချင်း မတူနိုင်တာမို့ စိတ်မချလို့ ထပ်ထိုးချင်လည်း ရပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် COVID ပြန်ဖြစ်နိုင်လား?
ပြန်ဖြစ်နိုင်ပါတယ်၊ ကာကွယ်ဆေးက ၁၀၀% အပြည့်မကာကွယ်ပါဘူး၊ အတိုင်းအတာ တစ်ခုအထိ ရောဂါမပြင်းထန်အောင် ကူညီတာပါ၊
ဒါကြောင့် Maskတပ်, လက်ဆေး, ၆ပေခွာနေ ဆက်ကျင့်ကြံရပါမယ်။

ကာကွယ်ဆေးမထိုးခင် ဘာတွေပြင်ဆင်မလဲ?
ကိုယ် ထိုးရမယ့် ကာကွယ်ဆေးအကြောင်း လေ့လာပါ။
နဂို သောက်လက်စ ဆေးတွေရှိရင် ဆက်သောက်ပါ
အိပ်ရေးဝဝအိပ်ပါ၊ ရေများများသောက်ပါ
ဖြစ်နိုင်ရင် ကော်ဖီ, အရက် တစ်ရက် ကြိုရှောင်ပါ

ကာကွယ်ဆေးထိုးပြီး ဘာတွေ သတိထားမလဲ?
ထိုးပြီးပြီးချင်း နာရီဝက်ငြိမ်ငြိမ်နေပါ၊ ဓါတ်မတည့်မှု ရှိမရှိ စောင့်ကြည့်ပါ။
နာကျင်ကိုက်ခဲလျှင် ပါရာစီတမော သောက်လို့ရပါတယ်။
၂ပတ်အတွင်း အခြားကာကွယ်ဆေး မထိုးသင့်ပါ။

ဆေးရဲ့ ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာက ဆေးအောင်တာလား?
မဆိုင်ပါဘူး၊ ဆေးအောင်မအောင် Antibody titre စစ်နိုင်ရင် သိရပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် Antigen ထွက်တာလား, Antibody ထွက်တာလား?
Antibody ထွက်တာပါ။
Antigen ထွက်နေတယ်ဆို အဲဒါ COVID ဖြစ်နေတာပါ၊ ဆေးအောင်တာ မဟုတ်ပါဘူး။

ကာကွယ်ဆေးထိုးပြီးရင် ဘယ်အချိန် Antibody စ,ထွက်လဲ? ဘယ်လောက်ခံလဲ?
ဆေးထိုးပြီး ၂ပတ်လောက်ဆို Antibody စ,ထွက်ပါပြီ၊
ဆေး ၂ကြိမ် အပြည့်ထိုးထားရင် ၆-၈လအထိ ဆေးအာနိသင် ခံလေ့ရှိပါတယ်။

ပထမတစ်ကြိမ်မှာ တံဆိပ်တစ်မျိုးထိုးပြီး နောက်တစ်ကြိမ် အခြားတံဆိပ် ပြောင်းထိုးရင်ကော အာနိသင်ရလား?
တိကျတဲ့သုတေသနအဖြေမထွက်သေးပါဘူး။
ဖြစ်နိုင်ရင် တံဆိပ်တစ်မျိုးတည်းကိုပဲ ၂ကြိမ်အပြည့် ထိုးစေချင်ပါတယ်။

ပြည်သူများ ကပ်ဘေးမှ အမြန်ဆုံး ကျော်လွှားနိုင်ကြပါစေ။

Dr. NI (ဒေါက်တာနီနီ)
Crd

03/05/2021

လက်ဆေး/Mask တပ်ရုံမျှဖြင့်

မလုံလောက်တော့သော

New COVID-19 ကာကွယ်ရေး...။

မူလ D Strain(Aspartic Acid)မှ
G Strain(Glycine) သို့ပြောင်းလဲခဲ့ပြီ
ဖြစ်သောမျိုးဗီဇပြောင်း COVID-19 ၏ အန္တရာယ်မှကာကွယ်ရန်အတွက်
လက်ဆေးခြင်း/Mask တပ်ထားခြင်း
မျှလောက်ဖြင့်ပြီးပြည့်စုံမှုမရှိနိုင်တော့
သည်ကိုသတိပြုကြရမည်ဖြစ်သည်...။

COVID-19 ၏ မူလကူးစက်နိုင်စွမ်းက
တစ်ဦးထံမှ ၃ ဦးကျော်အထိသာ
ရှိခဲ့သော်လည်း၊
မျိုးဗီဇပြောင်းလာသော COVID ကမူ
တစ်ဦးထံမှ ၂၀ ဦးထံသို့အထိ
စွမ်းအားရှိနေပြီဖြစ်သည်...။

စနစ်တကျထိန်းချုပ်ခြင်းမပြုနိုင်ပါက
ရောဂါပိုးရှိသူတစ်ဦးမှ ၂၀ ဦးဆီသို့၊
ထို ၂၀ ဦးမှနောက်ထပ် ၂၀ ဦးစီထံသို့
ထပ်ဆင့်ဆပွားကာ
ကူးစက်ပြန့်ပွားသွားနိုင်သည်...။

လက်ရှိအနေအထားတွင်
စက္ကန့် ၂၀ ကြာလက်ဆေးခြင်းနှင့်
Mask တပ်ခြင်းများအပြင်...

မိမိနေအိမ်အတွင်း၌သာ
နေထိုင်ခြင်း၊

နေအိမ်ပြင်ပသို့အချိန်ကြာမြင့်စွာ
သွားလာခြင်းမှအတတ်နိုင်ဆုံး
ရှောင်ရှားခြင်း၊

နေအိမ်ပြင်ပသို့သွားရောက်ပါက
မျက်နှာအကာအကွယ်အဖြစ်
Face Shield ခေါ်
Anti-Splash Mask ကိုပါ
တပ်ဆင်အသုံးပြုခြင်း၊

အိမ်နီးချင်းများနှင့်
ကူးလူးဆက်သွယ်မှုကိုရှောင်ရှားခြင်း၊

ဧည့်သည်ကိုလက်ခံခြင်းနှင့်
မိမိကိုယ်တိုင်တစ်ပါးသူထံသို့
သွားရောက်လည်ပတ်မှုမှ
ရှောင်ရှားခြင်း၊

အပြင်မှပြန်ရောက်ရောက်ခြင်း
အဝတ်အစားများအားလုံးကို
ဆပ်ပြာဖြင့်လျှော်ဖွတ်/ရေချိုးပြီးမှသာ
မိသားစုနှင့်ထိတွေ့ခြင်း၊

ရုံး/စက်ရုံများ၌
အလုပ်ဆင်းရသူများအနေဖြင့်
ရုံး/စက်ရုံသို့ရောက်ရောက်ခြင်း
တံတောင်ဆစ်မှစ၍
ဆပ်ပြာဖြင့်လက်ဆေးခြင်း၊
ဒူးခေါင်းမှစ၍
ဆပ်ပြာဖြင့်ခြေဆေးခြင်း၊

ညနေအိမ်ပြန်ရောက်လျှင်
အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း
လုပ်ဆောင်ပြီးမှသာ
မိသားစုနှင့်ထိတွေ့ခြင်း၊

ထီးနှင့်ဖိနပ်များကို
နေအိမ်/တိုက်ခန်းအတွင်းသို့
သွင်းခြင်းကိုရှောင်ရှားခြင်း၊

ဟင်းသီးဟင်းရွက်များကို
ဆားရည်ဖြင့်စိမ်ထားပြီးမှသာ...
အသားငါးများကို
ဆားဖြင့်နှံ့အောင်နယ်ပြီးမှသာ...
ချက်ပြုတ်ခြင်း၊

ဟင်းလျာများကိုစီမံသည့်အခါ
အစိမ်းသုပ်စားခြင်းကို
အထူးရှောင်ရှားပြီး၊
ကျက်အောင်ချက်ပြုတ်ပြီးမှသာ
စားသောက်ခြင်း၊

မလွှဲမရှောင်သာသော
အခြေအနေကြောင့်
စားသောက်ဆိုင်များ၌
စားသောက်ရသည့်အခါ
တစ်ဦးချင်းစီအတွက်
ဟင်းပွဲငယ်တစ်ပွဲချင်းစီခွဲ၍
လည်းကောင်း၊
ရေပုလင်းတစ်ပုလင်းချင်းစီခွဲ၍
လည်းကောင်း၊
ရေခွက်တစ်ခွက်ချင်းစီခွဲ၍
လည်းကောင်းစားသုံးခြင်း၊

မည်သည့်အကြောင်းနှင့်မျှ
တစ်ဦးနှင့်တစ်ဦးထိတွေ့မပြု ခြင်း၊

စသည်တို့ကိုလိုက်နာကျင့်သုံးကြရန်
လိုအပ်ပါသည်...

ရောဂါပိုးရှိနေသူက
နှာချေ /ချောင်းဆိုးလျှင်
ဗိုင်းရပ်ပိုးက ၅ ပေကျော်
အကွာအဝေးအထိ
ရောက်ရှိနိုင်သဖြင့်
တစ်ဦးနှင့်တစ်ဦး
၃ ပေအကွာအဝေးက
လုံလောက်မှုမရှိသည်ကို
သတိပြုကြလျက်၊
တစ်ဦးနှင့်တစ်ဦး
အနည်းဆုံးနှစ်မီတာ(၆ ပေခွဲ)ခွာ၍
နေကြရမည်သာဖြစ်ပါသည်...။

မိဘပြည်သူများအားလုံး
ကပ်ရောဂါဆိုးကြီး၏အန္တရာယ်မှ
လွတ်မြောက်ရှင်သန်နိုင်ကြပါစေ...။

Aung Hlaing

12/03/2021

ကလေး ခွဲမွေးချင်သူများကျပ်
၂ထောင်ဖြင့်မွတ်ဆလင်ကုသိုလ်ဖြစ် ဆေးရုံတွင်
မွေးနိုင်ပြီ(လူမျိုးမရွေးဘာသာမရွေး) ပါ
Phone ၀၁၂၅၅၉၆၇
Crd

မျက်ရည်ယိုဗုံး/ ဓာတ်ငွေ့ - လက္ခဏာများနှင့် ရှေးဦးသူနာပြုစုနည်းမျက်ရည်ယိုဓာတ်ငွေ့ ဆိုတာ တကယ်တော့ ဓာတ်ငွေ့ (gas) အစစ် မဟုတ...
05/03/2021

မျက်ရည်ယိုဗုံး/ ဓာတ်ငွေ့ - လက္ခဏာများနှင့် ရှေးဦးသူနာပြုစုနည်း

မျက်ရည်ယိုဓာတ်ငွေ့ ဆိုတာ တကယ်တော့
ဓာတ်ငွေ့ (gas) အစစ် မဟုတ်ပါ။ အရေပြား၊ မျက်လုံးနှင့် အသက်ရှူလမ်းကြောင်းတို့ကို ပူစပ် နာကျင်စေနိုင်သည့် တချို့သောဓာတ်ပစ္စည်းအမှုန့်များကို ဖိအားများများနဲ့ထည့်သွင်းထားပြီး ဖေါက်ခွဲလိုက်ချိန်မှာ aerosol လို့ခေါ်တဲ့ ဓာတ်ပစ္စည်း အမှုန်ဖျန်းဆေးပုံစံထွက်လာတာဖြစ်ပါတယ်။ ပန်းနာရင်ကျပ်ရောဂါမှာ ရှူတဲ့ ရှူဆေးပုံစံမျိုးနဲ့တူပါတယ်။

👉 မျက်ရည်ယိုဓာတ်ငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လက္ခဏာများ

အထက်မှာ ပြောခဲ့သလို အရေပြား၊ မျက်လုံးနှင့် အသက်ရှူလမ်းကြောင်းတို့ကို ထိခိုက်စေနိုင်သည့်လက္ခဏာ အနည်းအများသည် အောက်ပါတို့အပေါ် မူတည်ပါတယ်။

၁၊ ဓာတ်ငွေ့ရည်/အမှုန်ပမာဏ
၂၊ စပေါက်ကွဲတဲ့နေရာနဲ့ ဘယ်လောက်နီးသလဲ
၃၊ မိမိရှိနေတဲ့နေရာဟာ အလုံပိတ်အခန်းလား/လဟာပြင်လား
၄၊ မိမိမှာ နှလုံး၊ အဆုတ်ရောဂါအခံရှိ/မရှိ

အများစုမှာတော့ ပြင်းပြင်းထန်ထန်လက္ခဏာ ကြာရှည်မခံစားရပါဘူး။

👉 မျက်လုံးတွင်ခံစားရနိုင်သည့် လက္ခဏာများ

ဖြစ်ဖြစ်ချင်းမှာ မျက်ရည်ယိုခြင်း၊ ယားယံခြင်း၊ နာခြင်း၊ စပ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်း စသည်တို့ဖြစ်နိုင်ပြီး သိပ်ဆိုးရင် အပူလောင်အနာဖြစ်တတ်ပါတယ်။
အနီးကပ် ဆိုးဆိုးဝါးဝါးထိမိရင်တော့ အမြင်အာရုံချို့တဲ့ခြင်း၊ မျက်ကြည်လွှာထိခိုက်ပျက်စီးခြင်း၊ တိမ်ဖြစ်ခြင်း၊ မျက်စိအာရုံကြော
ထိခိုက်ခြင်း စသည်တို့ ထိဖြစ်ပွားနိုင်ပါတယ်။

👉 အသက်ရှူလမ်းကြောင်းလက္ခဏာများ

နဂိုက အသက်ရှူလမ်းကြောင်းရောဂါအခံရှိရင် ပိုဆိုးနိုင်ပါတယ်။ ဓာတ်ငွေ့ဝင်ရာလမ်းကြောင်းတွေဖြစ်တဲ့ နှာခေါင်း၊ ပါးစပ်၊ လည်ချောင်း၊ အဆုတ်တို့ကို ထိခိုက်နိုင်ပြီး နာကျင်၊ ယားယံ၊ အသက်ရှူမဝ၊ ချောင်းဆိုး​၊ ရင်ကျပ်၊ ပျို့အန် စသည်တို့ဖြစ်နိုင်ပါတယ်။
ဓာတ်ငွေ့ပမာဏများများကို အထူးသဖြင့် အလုံပိတ်အခန်းထဲမှာ ရှူရှိုက်မိရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

👉 အရေပြားလက္ခဏာများ

ဓာတ်ငွေ့နဲ့ အရေပြားတိုက်ရိုက်ထိမိရင် ပူလောင်၊ နာကျင်နိုင်ပါတယ်။ နီရဲလာတာ၊ အရည်ကြည်ဖုပေါက်တာ၊ အပူလောင်အနာဖြစ်တာမျိုးလည်း တွေ့ရတတ်ပါတယ်။

👉 အခြားလက္ခဏာများ

စိုးရိမ်စိတ်ရုတ်တရက်လွန်ကဲခြင်းကြောင့် နှလုံးခုန်မြန်၊ သွေးပေါင်ချိန်တက်တတ်ပြီး နဂိုက နှလုံးရောဂါအခံရှိရင် ရုတ်တရက် နှလုံးရပ်သေဆုံးနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာထိခိုက်တဲ့အတွက် ရေရှည်မှာ post-traumatic stress disorder (PTSD) လို့ခေါ်တဲ့ စိတ်ပိုင်းဆိုင်ရာဝေဒနာတစ်မျိုးခံစားရတတ်ပါတယ်။
အူလမ်းကြောင်းကို ထိခိုက်မှုကြောင့် ဝမ်းပျက်၊ ဗိုက်နာဖြစ်တတ်ပါတယ်။

မျက်ရည်ယိုဓာတ်ငွေ့ကြောင့်ရတဲ့လက္ခဏာတွေ အထူးသဖြင့်အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့လက္ခဏာတွေဟာ ကလေးတွေမှာပိုဆိုးတာတွေ့ရတတ်ပါတယ်။ မျက်ရည်ယိုဓာတ်ငွေ့သဘာဝအရမြေပြင်အနီးမှာပိုမိုများပြားစွာစုစည်းနေတဲ့အတွက်ကြောင့်အရပ်မြင့်တဲ့လူကြီးတွေထက်စာရင်ကလေးတွေရဲ့ အသက်ရှူလမ်းကြောင်းကို ပိုမိုထိခိုက်ရခြင်းက အကြောင်းတစ်ခုဖြစ်ပါတယ်။

👉 ဘယ်လိုကုသမလဲ

သီးသန့်ကုသမှု၊ ဖြေဆေးစသည်တို့ မရှိပါ။ ဖြစ်လာတဲ့ လက္ခဏာပေါ်မူတည်ကုသရပါတယ်။

✳️ ချက်ချင်းသတိထားလုပ်ဆောင်ရမယ့်အပိုင်းတွေကအောက်ပါအတိုင်းဖြစ်ပါတယ်။

၁၊ ကြောက်လန့်ခြင်းမရှိဘဲစိတ်တည်ငြိမ်စွာရင်ဆိုင်ဖို့လိုပါတယ်။

၂၊ မျက်စိအပါအဝင်ခန္ဓာကိုယ်ကိုချက်ချင်းပွတ်သပ်ကိုင်တွယ်မှုမလုပ်ဖို့လိုပါတယ်။

၃၊ ဓာတ်ငွေ့နဲ့ဝေးရာသို့ အမြန်ဆုံးပြေးဖို့လိုပါတယ်။

၄၊ လေကောင်းလေသန့်ရှူရှိုက်ရဖို့ အရေးကြီးပါတယ်။ လုံပိတ်နေတဲ့အခန်းထဲမှာထိခိုက်တယ်ဆိုရင်ပြင်ပလဟာပြင်သို့ထွက်ဖို့လိုပါတယ်။

၅၊ မျက်ရည်ယိုဓာတ်ငွေ့ရဲ့သဘာဝအရ မြေပြင်မှာပိုစုနေတတ်တာမို့ ဖြစ်နိုင်ရင် အမြင့်နေရာမျိုးမှာ နေသင့်ပါတယ်။ အမြင့်ပြောင်းနေလို့ ဓာတ်ငွေ့အန္တရာယ်နည်းပေမဲ့ အခြားအန္တရာယ်ကိုလည်း သတိပြုဖို့လိုပါတယ်။

အများစုဟာဒီလောက်ဆိုရင်သက်သာသွားတတ်ပါတယ်။

✳️ ဓာတ်ငွေ့လွတ်ပြီး စိတ်ချအေးဆေးရတဲ့နေရာတစ်ခု/ အိမ်ရောက်ပြီဆိုလျှင် အောက်ပါတို့ကိုလုပ်ဆောင်ပါ။

၁၊ အဝတ်အစားတွေမှာ ဓာတ်ငွေ့/အမှုန် အကြွင်းအကျန်ရှိနိုင်တာမို့ ချက်ချင်းချွတ်ပါ။ မျက်လုံးနဲ့အသက်ရှူလမ်းကြောင်းကို ဓာတ်ပစ္စည်းထိခိုက်မှုနည်းအောင် ဦးခေါင်းကဆွဲချွတ်ရတဲ့ တီရှပ်၊ဆွယ်တာလိုမျိုးအဝတ်အစားတွေကို ကပ်ကြေးနဲ့ညှပ် ဖယ်ရှားပစ်သင့်ပါတယ်။ ကတ်ကြေးမလွယ်ရင်တော့သတိထားချွတ်သင့်ပါတယ်။ ဒီအဝတ်အစားတွေကိုကိုင်တွယ်တဲ့နေရာမှာလက်အိတ်စွပ်ကိုင်တွယ်သင့်ပါတယ်။

ချွတ်လိုက်တဲ့ အဝတ်အစားတွေကိုပလတ်စတစ်အိတ်ထဲမှာထည့် သေချာစွာပိတ်ပြီး ဖြစ်နိုင်ရင်နောက်ထပ်ပလပ်စတစ်အိတ်ထဲထပ်ထည့်ပြီးစွန့်ပစ်သင့်ပါတယ်။

၂၊ မိမိလက်ကိုဆပ်ပြာ၊ ရေတို့နဲ့သေချာစွာဆေးကြောပါ။ ပြီးမှ တကိုယ်လုံးကို ရေများများနဲ့ ဆပ်ပြာတိုက်ဆေးကြောသင့်ပါတယ်။ဒီလိုရေနဲ့ဆေးကြောတဲ့နေရာမှာခန္ဓာကိုယ်တစ်နေရာမှ ဓာတ်ပစ္စည်းအမှုန်များနောက်တစ်နေရာရောက်မသွားဖို့အရေးကြီးပါတယ်။ဒါကြောင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းအလိုက်ကိုဆေးကြောသင့်ပါတယ်။ ဥပမာဦးခေါင်းပိုင်းကိုဆေးကြောတဲ့နေရာမှာရှေ့ကိုဦးခေါင်းငိုက်ပြီးအနေအထားမျိုးနဲ့ဆေးကြောခြင်းမျိုးပါ။ ခန္ဓာကိုယ်အပေါ်ပိုင်းမှအောက်ပိုင်းသို့တစ်ဆင့်ချင်းဆေးကြောသွားဖို့လိုပါတယ်။

၃၊ မျက်လုံးကိုလည်း ရေသန့်သန့်နဲ့ အနည်းဆုံး ၁၅ မိနစ်ခန့် ဆေးကြောသင့်ပါတယ်။
မျက်ကပ်မှန်ရှိနေရင်အရင်ထုတ်ပစ်သင့်ပါတယ်။ မျက်မှန်ကိုလည်း ဆပ်ပြာနဲ့ သန့်ရှင်းဆေးကြောသင့်ပါတယ်။ ရေအစား saline သုံးနိုင်ပါတယ်။

၄၊ မျက်စိရေဆေးပြီး နောက်ဆက်တွဲ
မျက်စိနီနေ၊စပ်နေ၊နာနေသေးလျှင် မျက်ရည်တု လို့ခေါ်တဲ့ အရည်အကြိမ်များများ လိုသလိုထည့်သင့်ပါတယ်။ ဥပမာ cool eye/ tear natural စတဲ့ ဆေးရည်မျိုးပါ။

၅၊ ချောင်းဆိုး၊ ရင်ကျပ်၊ မောတဲ့သူတွေကတော့ ချက်ချင်း ဆရာဝန်ပြသင့်ပါတယ်။ အောက်ဆီဂျင်၊ ရှူဆေး စသည်တို့ လိုနိုင်ပါတယ်။ နာရီပိုင်းထက်ကျော်ပြီး မျက်စိ၊ အရေပြား၊ အသက်ရှူလမ်းကြောင်းလက္ခဏာတွေရှိနေရင်လည်း အထွေထွေရောဂါကုဆရာဝန်၊ သက်ဆိုင်ရာအထူးကုများ (ဥပမာ မျက်စိအထူးကု) ပြသင့်ပါတယ်။

၆၊ နာကျင်မှုများအတွက်ပါရာစီတမောလိုဆေးမျိုးသောက်သုံးနိုင်ပါတယ်။

၇၊ ကလေးများအတွက် အထက်ပါ ချက်ချင်းသတိထားလုပ်ဆောင်ရမယ့်အပိုင်းတွေ ပြုလုပ်ပြီးရင်​ ပုံမှန်အတိုင်းအစာကျွေး၊ နို့တိုက်လုပ်လို့ရပါတယ်။

👉 ကြိုတင်ကာကွယ်ခြင်း

ဓာတ်ငွေ့/အမှုန်ထိတွေ့နိုင်တဲ့ နေရာတွေဖြစ်တဲ့ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ အရေပြားစသည်တို့ကို ကြိုတင်ကာကွယ်/ဖုံးအုပ်ထားခြင်းသည် ဓာတ်ငွေ့ထိရောက်မှုလက္ခဏာတွေကို လျော့ပါးစေပါတယ်။ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ ခြေအိတ်ရှည်မျိုးဝတ်ဆင်သင့်ပါတယ်။ လွတ်နေတဲ့လည်ပင်းလိုနေရာမျိုးကို အဝတ်ပတ်ထားသင့်ပါတယ်။ ကားထိုင်ခုံတွေကို အမှိုက်အိတ်၊ပလတ်စတစ်အိတ်လိုမျိုး ကြိုစွပ်ထားသင့်ပါတယ်။ ပြီးရင် လွယ်လွယ်ကူကူဖယ်ပစ်လို့ရအောင်ပါ။

ခြုံပြီးပြောရမယ်ဆိုရင် မျက်ရည်ယိုဗုံး/ဓာတ်ငွေ့ကြောင့် အများစုမှာ ပြင်းပြင်းထန်ထန်ထိခိုက်မှု မရှိပေမဲ့ လူကြီးနဲ့ယှဉ်ရင် ကလေးတွေကိုပိုမိုထိခိုက်နိုင်ပါတယ်။ အသက်ရှူလမ်းကြောင်းရောဂါ၊ ရင်ကျပ်ပန်းနာရောဂါ၊ နှလုံးရောဂါအခံရှိသူတွေမှာ ပိုမိုအန္တရာယ်များပါတယ်။

မြန်မာပြည်သူပြည်သားများ အန္တရာယ်ဘေးအမျိုးမျိုးမှ ကင်းဝေးကြပါစေ။

References -
1. US - CDC
2. healthline.com
3. forbes.com
4. Riot control agents: the tear gases CN, CS and OC—a medical review, Leo J Schep et al. J R Army Med Corps. 2015 Jun.

We're committed to being your source for expert health guidance. Come to us in your pursuit of wellness.

အရေးကြီးပါတယ် ခင်ဗျာ။ ကူးယူဖော်ပြပေးပါ။ မက်ဆင်ဂျာကတဆင့် ဖြန့်ဝေပေးပါ။Dear friends,As the Tatmadaw intensifies its effort...
04/03/2021

အရေးကြီးပါတယ် ခင်ဗျာ။ ကူးယူဖော်ပြပေးပါ။ မက်ဆင်ဂျာကတဆင့် ဖြန့်ဝေပေးပါ။

Dear friends,

As the Tatmadaw intensifies its effort to unlawfully hold onto power through the use of lethal and disproportionate force and serious violations of human rights, it is very important that we collect images and videos that can be admissible in legal proceedings. While images and videos uploaded to social media can attract significant attention, there are some extra steps needed to making them admissible as evidence in a court of law. Therefore, to streamline the process, we request that you use eyeWitness app on Android phones to upload images and videos. eyeWitness app is developed by International Bar Association and the images and videos collected through the app have been successfully used as admissible evidence to prosecute war crimes in other countries.

Please see the download link, the website and a brief introduction video about eyeWitness app at the end of this email. The English and Myanmar language versions of the instructions on how to use the app are also attached. We understand that there are many issues with the internet connection since 1 February. The good news is that you do not need to upload the images and videos live. Just make sure that you capture images and videos through the eyeWitness app. These images and videos will be stored in eyeWitness app and you can upload them when you have access to the internet. If you need to use VPN, that's fine. Please spread information about this app in your network so that the app will have geographic coverage across Myanmar.

We will very quickly make more organised efforts to promote the use of the app, including training trainers.

Thank you.

မြန်မာနိုင်ငံကညီအစ်ကိုမောင်နှမများခင်ဗျား။

အခုတပ်မတော်အာဏာသိမ်းပြီးနောက်မှာ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့လူတွေနဲ့ အပြစ်မဲ့ပြည်သူလူထုတွေကို တပ်မတော်နဲ့ ၎င်းရဲ့ဆက်စပ်အဖွဲ့အစည်းတွေဖြစ်တဲ့ ရဲတပ်ဖွဲ့၊ အခြားလုံခြုံရေးအဖွဲ့နဲ့ အရပ်ဝတ်ဒုစရိုက်သမားစတာတွေက ရက်စက်စက် နှိမ်နင်းနေတဲ့ ဓာတ်ပုံနဲ့ဗီဒီယိုတွေကို Facebook နဲ့ Twitter တွေပေါ်မှာ အများကြီးတွေ့ရပါတယ်။ အဲဒီဓာတ်ပုံနဲ့ဗီဒီယိုတွေနဲ့ပတ်သတ်တဲ့ ကိစ္စရပ်တွေကို ကျူးလွန်တဲ့လူတွေကို အပြည်ပြည်ဆိုင်ရာတရားရုံးတွေနဲ့ ခုံရုံးတွေမှာ အရေးယူဖို့ဆောင်ရွက်နေပါပြီ။ အခုထပ်ပြီးနောက်ဖြစ်ပေါ်လာမယ့် ကိစ္စရပ်တွေနဲ့ပတ်သတ်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုများကို ICJ, ICC အပါအဝင် နိုင်ငံတကာတရားရုံးနဲ့ခုံရုံးတွေမှာ သက်သေခံပစ္စည်းများအဖြစ် ချောချောမွေ့မွေ့ ၊ လျင်မြန်စွာနဲ့ အချိန်ကုန်သက်သာစွာ သွင်းနိုင်ဖို့ နိုင်ငံတကာရှေ့နေများအသင်းက တီထွင်ထားတဲ့ eyeWitness လို့ခေါ်တဲ့ App ကို ANDRIOD ဖုန်းတွေကနေတဆင့်တင်ပေးဖို့အကြံပြုလိုပါတယ်။ Facebook နဲ့ Twitter ပေါ်ကဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေကို နိုင်ငံတကာတရားရုံးနဲ့ခုံရုံးတွေမှာ သက်သေခံပစ္စည်းများအဖြစ် တင်သွင်းတဲ့အခါ ဥပဒေလိုအပ်ချက်တွေနဲ့ညီအောင် စီစဉ်ရတော့ နည်းနည်းအလုပ်ရှုပ်ပါတယ်။ ဒါပေမယ့် eyeWitness App ကနေတင်လိုက်တဲ့ ဓာတ်ပုံတွေနဲ့ဗီဒီယိုတွေက ဥပဒေလိုအပ်ချက်တွေကို တိုက်ရိုက်ပြည့်မီတဲ့အတွက် နိုင်ငံတကာတရားရုံးနဲ့ခုံရုံးတွေမှာ သက်သေခံပစ္စည်းများအဖြစ် လွယ်လွယ်ကူကူ အချိန်နဲ့လူအင်အား အကုန်အကျနည်းစွာဖြင့် လျင်မြန်စွာ တင်သွင်းနိုင်မှာဖြစ်တဲ့အတွက် ပြည်သူလူထုအတွက် ပိုအကျိုးရှိပါတယ်။



တချို့နေရာတွေမှာ လိုင်းမမိရင်လည်း ရတယ်။ ချက်ချင်း LIVE တင်စရာမလိုဘူး။ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို eyeWitness App ကိုသုံးပြီးရိုက်ပါက eyeWitness App ထဲမှာဘဲ သိမ်းထားလို့ရတယ်။ အင်တာနက်ပြန်ရတဲ့နေရာ၊ အချိန်ရောက်မှ တင်သွင်းလိုက်ရုံဘဲ။ VPN နဲ့သုံးလည်းဘာမှမဖြစ်ဘူး။ eyeWitness App နဲ့တင်လိုက်တဲ့ဓာတ်ပုံနဲ့ဗီဒီယိုတွေက ဥပဒေပညာရှင်တွေနဲ့ ရှေ့နေတွေဆီ ရောက်သွားမှာဖြစ်ပါတယ်။ အရေးအကြောင်းကြုံတဲ့အခါ eyeWitness App ကိုဖျက်လိုပါက လျင်လျင်မြန်မြန် ဖျက်နိုင်ပါတယ်။ eyeWitness App ကိုဖုန်းထဲကနေဖျက်လိုက်ရင် eyeWitness App ကိုသုံးပြီးရိုက်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ အာလုံးပါပျက်သွားမှာဖြစ်တဲ့အတွက် ဘာမှကျန်မှာမဟုတ်တော့ပါဘူး။ ဘာဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ပို့ခဲ့သလဲ၊ ရိုက်ခဲ့သလည်း ဆိုတာလည်း စစ်လို့မရတော့ပါဘူး။

အောက်မှာ eyeWitness အင်တာနက်လိပ်စာ၊ သူ့အကြောင်းဗီဒီယိုအတိုနဲ့ လမ်းညွန်တို့ကို အင်္ဂလိပ်ဘာသာလို ကြည့်ရှုဖတ်ရှုနိုင်ပါတယ်။ အသုံးပြုလမ်းညွန်ကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာစလုံး ပို့ထားပေးပါတယ်။ တစ်နိုင်ငံလုံးမှာ အဓိကလူငယ်တွေနဲ့ နည်းပညာနားလည်တဲ့လူတွေဦးစားပေးဖြန့်ပေးကြပါ။ ကျန်တဲ့လူတွေလည်း သုံးတက်အောင်သင်ပေးနိုင်ရင်လည်းပိုကောင်းပါတယ်။

အရေးတော်ပုံအောင်ရမည်။

Download Address (ဒေါင်းရန်လိပ်စာ)

(You can also find ‘eyeWitness to Atrocities’ in Google Play Store. Google Play Store မှာ ‘eyeWitness to Atrocities’ ဟုလည်းရိုက်ပြီးရှာနိုင်သည်။)

https://play.google.com/store/apps/details?id=com.camera.easy&hl=en_AU&gl=US

eyeWitness Website (အင်တာနက်လိပ်စာ):

https://www.eyewitness.global/welcome

Introduction Video (ဗီဒီယို):

https://www.youtube.com/watch?v=7fYtTlq4HOQ&t=2s

အားလုံးပဲ မင်္ဂလာပါ 🙋🏻‍♀️Dr.Hnynn Skin, Aesthetic & Anti_aging Clinic မှကြိုဆိုပါတယ်။ ခုခေတ်မှာ ကြည်လင်းဝင်းပတဲ့အသားအရေန...
25/01/2021

အားလုံးပဲ မင်္ဂလာပါ 🙋🏻‍♀️
Dr.Hnynn Skin, Aesthetic & Anti_aging Clinic မှကြိုဆိုပါတယ်။
ခုခေတ်မှာ ကြည်လင်းဝင်းပတဲ့အသားအရေနဲ့ သွယ်လျပြေပြစ်တဲ့ မျက်နှာလေးပိုင်ဆိုင်ဖို့ နိုင်ငံခြားအထိ ငွေကုန်ခံပြီး သွားစရာမလိုတော့ပါဘူးနော်။

🙍🏽‍♀️ Skincare တွေမသုံးတတ်လို့ ဒါမှမဟုတ် ကိုယ့်အသားအရေနဲ့မကိုက်တာတွေ သုံးနေမိလို့ အသားအရေက ကိုယ်လိုချင်သလိုဖြစ်မနေဘူးလား?

🤷🏻‍♀️ တင်းတိတ်၊ဝက်ခြံ နဲ့ အမည်းစက်တွေကြောင့် စိတ်ညစ်နေလား?

🤦🏽‍♀️ အရေးအကြောင်းတွေကြောင့် အိုမင်းနေတဲ့ပုံပေါက်နေလို့ စိတ်ညစ်နေပြီလား?

💃🏻 အခုချိန်ကစပြီး စိတ်အနှောင့်အယှက်ဖြစ်မနေပါနဲ့တော့။ဒါတွေအားလုံးအတွက် အဖြေရှိပါတယ် ။ဒါကတော့ Dr.Hnynn ဆေးခန်းမှာ ကျွမ်းကျင်ဆရာဝန်တွေက အန္တရာယ်အကင်းဆုံးနှင့် စိတ်အချရဆုံးသော နိုင်ငံတကာစံချိန်မှီ ကုထုံးတွေနဲ့ သင့်ပြဿနာတွေကို ဖြေရှင်းပေးမှာပါ။

Dr.Hnynn Aesthetic Clinic တွင်ရရှိနိုင်သောကုထုံးတွေကတော့
📌 PRP treatment (သွေးရည်ကြည်ကုထုံး)

📌 Botox & Fillers for wrinkles & deep lines ( အသားအရေတင်းရင်းပြီး အရေးအကြောင်းပျောက်စေရန်)

📌 Whitening & Brightening Skin Treatment (အသားဖြူပြီးကြည်လင်လာစေရန်)

📌 Pore Tightening Treatment (ချွေးပေါက်ကျဉ်းစေရန်)

📌 V Shape Face/ Lifting Face (မျက်နှာလေး V shape လိုသွယ်လျစေရန်)

📌 Acne Treatment (ဝက်ခြံသက်သာပျောက်ကင်းစေရန်)

📌 Scar Treatment (အမာရွတ်တွေသက်သာစေရန်)

📌 Black heads & Aging Spots Treatment (ဆားဝက်ခြံနဲ့ တင်းတိပ်၊အမည်းစက်တွေ သက်သာစေရန်)

📌 White Spots Treatment (အဖြူကွက်၊ခရုသင်း သက်သာစေရန်)

📌 Under Eyes Treatment (မျက်ကွင်းညိုခြင်း၊မျက်အိတ်ဖောင်းခြင်းနှင့် မျက်လုံးအရေးအကြောင်းသက်သာစေရန်)

📌 Meso Fat Therapy (အဆီကျ၊အသားကျစ်စေရန်)

📌 Skin Tag & Sebaceous Gland Removal (အသားပိုနှင့်အဆီကျိတ်များသက်သာစေရန်)

📌 Hyperhydrosis (ချွေးနံ့ဆိုးတွေပျောက်ကင်းစေရန်)

📌 Others Skin Diseases (အခြားသောအရေပြားရောဂါများအတွက်)
🔹ကျွမ်းကျင်ပညာရှင်ဆရာဝန်တွေနဲ့ အခမဲ့ဆွေးနွေနိုင်ပါတယ်🔹
📣ကြိုတင် Booking ယူထားဖို့ မမေ့နဲ့နော် 😘

ဒေါက်တာမေနှင်းအောင်
M.B.B.S(Ygn)
Dip in Aesthetic Medicine (AAAM)
📞Ph_09 264448455
Email_ drhnynn@gmail.com

🙍🏾‍♀️အသားအရေတွေညစ်နွမ်းနေလို့ skincare တွေလုပ်ဖို့ကလည်း အချိန်မပေးချင်ဘူး မြန်မြန်ဆန်ဆန်နဲ့ အသားအရေဖြူချင်၊ကြည်ချင် တဲ့သ...
12/01/2021

🙍🏾‍♀️အသားအရေတွေညစ်နွမ်းနေလို့ skincare တွေလုပ်ဖို့ကလည်း အချိန်မပေးချင်ဘူး မြန်မြန်ဆန်ဆန်နဲ့ အသားအရေဖြူချင်၊ကြည်ချင် တဲ့သူတွေအတွက် Whitening injection ဆိုတာဘာလဲ ကြည့်ရအောင် 💁🏻‍♀️

Whitening injection ဆိုပေမယ့် တကယ်တော့ Glutathione injection ပါပဲ။ Gluta ဆိုရင် တော်တော်များများ ရင်းနှီးကြပါတယ်။ သောက်ဆေးကိုမှ tablets အနေနဲ့ (သို့) Drinks ပုံစံနဲ့လာတာတွေ စုံနေအောင်ပါပဲ။ ဒါပေမယ့် Glutathione က သောက်ဆေးအနေနဲ့ဆိုရင် အူလမ်းကြောင်းက စုပ်ယူနိုင်မှုနည်းတဲ့အတွက် အာနိသင်ပြဖို့က ကြာပါတယ်။

ဒီတော့ ထိုးဆေးအနေနဲ့ အချိန်မြန်မြန်အတွင်း
_အသားအရေညီပြီး ဖြူ‌လာအောင်
_အမည်းစက်တွေ
_အရေးအကြောင်းတွေ
_breakout ဖြစ်ပြီးကျန်ခဲ့တဲ့ ဝက်ခြံအမာရွတ်‌ တွေ မှိန်အောင်
_Glow effect, skin brightening effect ရအောင် စသဖြင့် Glutathione inj နဲ့ Vit C , Vit E တွေနဲ့တွဲသုံးကြတာမျိုးလည်းရှိပါတယ်။

Glutathione ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ အသည်းကနေထုတ်ပေးတဲ့ antioxidant တစ်မျိုးပါ။ Gluta က skin အတွက်ဘာတွေလုပ်ဆောင်လဲဆိုရင်
_ခန္ဓာကိုယ်ရဲ့ တစ်ရှူးတွေကို ပြန်လည်တည်ဆောက်ပေး၊ပြုပြင်ပေးခြင်း
_ဆဲလ်တွေကိုပျက်စီးစေတဲ့ free radicals တွေကို တိုက်ထုတ်ပေးခြင်း
_အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးခြင်းတွေ လုပ်ဆောင်ပါတယ်။

ဒါ့အပြင် Glutathione က အရေပြားရောင်ခြယ်ပစ္စည်းဖြစ်တဲ့ melanin ထုတ်လုပ်မှုကို နည်းစေပါတယ်။ ဒါကြောင့် whitening injection treatment အနေနဲ့ အသားအရောင်ညီအောင်၊ငယ်ရွယ်နုပျိုတဲ့အသွင်ရအောင် အသုံးပြုလာကြပါတယ်။

Glutathione ကို inj အနေနဲ့ သုံးမယ်ဆိုရင် သုံးတဲ့ product quality နဲ့ dose(ဆေးပမာဏ)ကအရေးကြီးတာမို့ ကျွမ်းကျင်တဲ့ အလှအပဆိုင်ရာ‌ ဆရာဝန်တွေဆီမှာပဲ လုပ်သင့်ပါတယ်။ ဒါမှ ဆရာဝန်က ကိုယ့်အသားအရေ၊ အသားအရောင် ပေါ်မူတည်ပြီး treatment ဘယ်နှစ်ကြိမ်လုပ်ရမယ် ဆိုတာ ဆွေးနွေးပေးပါလိမ့်မယ်။ ‌treatment ယူပြီးနောက်ပိုင်း whitening inj ရဲ့ အာနိသင်ကိုအချိန်ကြာကြာဆက်ထိန်းထားဖို့ အတွက် ဆေးသောက်ချင်ရင်လည်း ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

*နေပူထဲသွားရင် Sun block, Sunscreen ကိုလည်း အမြဲလိမ်းပေးရပါမယ်။

Side effect ကတော့ တစ်ယောက်နဲ့တစ်ယောက် ခန္ဓာကိုယ်ရဲ့ metabolism မတူတဲ့အတွက်မတူနိုင်ပါဘူး။
_အရေပြားယားယံခြင်း၊နီခြင်း စတဲ့ allergic reaction ဖြစ်ပေါ်ခြင်း
_ပျို့အန်ခြင်း၊ဗိုက်အောင့်ခြင်း စတာတွေရှိနိုင်ပါတယ်။

ဒါကြောင့် ကိုယ်သုံးတဲ့ ဆေးပမာဏ မှန်ကန်ဖို့ safe ဖြစ်ဖို့အတွက် ကျွမ်းကျင်တဲ့ ဆရာဝန်တွေဆီမှာပဲ လုပ်ဖို့လိုပါတယ်။

High dose (ပမာဏများများနဲ့ ရေရှည်သုံးမယ်) ဆိုရင်တော့
_အသည်း၊ကျောက်ကပ် နှင့် သိုင်းရွိုက်ဂလင်း တို့ရဲ့ လုပ်ဆောင်ချက်တွေ ကမောက်ကမဖြစ်ခြင်း
_ပြင်းထန် အရေပြားရောဂါဖြစ်ခြင်း ‌တွေဖြစ်နိုင်ပါတယ်။

ဒါကြောင့် အသည်း၊ကျောက်ကပ်မကောင်းသူတွေ၊ သိုင်းရွိုက်ဟော်မုန်းဆေးသောက်နေရသူတွေ တော့မလုပ်ရပါဘူး။
ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်တွေကတော့ မလုပ်တာ ပိုသင့်တော်ပါတယ်။

ပုံမှန်လူတွေမှာတော့ အသားအရေဖြူချင်တယ်၊ တင်းတိပ်၊အမည်းစက်တွေ၊အရေးအကြောင်း‌ တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတယ်ဆိုရင်တော့ စိတ်ချလက်ချ treatment ယူဖို့အတွက်

Dr.Hnynn Aesthetic Clinic ကို လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

မျက်နှာပြင်နဲ့ မျက်ဝန်းတစ်စုံမှာ အရေးအကြောင်းတွေပေါ်နေပြီး ပါးရေနားရေတွေတွန့်နေလို့ကြေးမုံရိပ်တွင် မိမိကိုယ်ကိုရှုမြင်တိ...
30/12/2020

မျက်နှာပြင်နဲ့ မျက်ဝန်းတစ်စုံမှာ အရေးအကြောင်းတွေပေါ်နေပြီး ပါးရေနားရေတွေတွန့်နေလို့
ကြေးမုံရိပ်တွင် မိမိကိုယ်ကိုရှုမြင်တိုင်း စိတ်ညစ်နေပါသလား?

နှင်း ဆေးခန်းမှာ ...
အလှအပဆိုင်ရာခေတ်သစ်ဆေးပညာရဲ့ အသီးအပွင့်တစ်ခုဖြစ်တဲ့ Botox ကုထုံးဖြင့်
တင်းရင်းလှပပြီး အရေးအကြောင်းတွေကင်းတဲ့မျက်နှာနဲ့ သွယ်လျလှပတဲ့မေးရိုးပိုင်ရှင်အဖြစ်ကို ရရှိ ပိုင်ဆိုင်နိုင်ပါပြီ။

Botox ဆိုသည်မှာ...
Botox သည် သန့်စင်သည့်သဘာဝပရိုတိန်းတစ်မျိုးဖြစ်ပြီး ၎င်းကို ၁၉၇၀ လွန်နှစ် အစောပိုင်းကာလများကပင် ဦး‌နှောက်အာရုံကြော၊ မျက်စိနှင့် ကလေးငယ်များကို ကုသပေးခြင်း စသည့်ဆေးပညာနယ်ပယ်များတွင် အသုံးပြုလျက်ရှိကြပြီး ၎င်းသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်းတွင် အလှအပဆိုင်ရာ ဆေးပညာနယ်ပယ်တွင်လည်း ရေပန်းအစားဆုံးဖြစ်လာခဲ့ပြီး ပါးရေးနားရေတွန့်ခြင်းကဲ့သို့ မျက်နှာပြင်အ‌ရေးအကြောင်းများကို ‌ပျောက်ကင်းအောင်ကုသသည့် ကုထုံးတစ်ခု ဖြစ်လာခဲ့ပါသည်။
အမေရိကန်နိုင်ငံတွင်လည်း အမေရိကန်နိုင်ငံ၊ အလှအပဆိုင်ရာ ခွဲစိတ်ကုသမှုဘုတ်အဖွဲ့၏ ထုတ်ပြန်ချက်အရ Botox သည် အမေရိကန်တစ်လွှား ရေပန်းအစားဆုံးသော အလှအပဆိုင်ရာကုသမှုတစ်ခုဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းကပင် အမေရိကန်ရှိ လူ ၇သန်းကျော်သည် Botox နည်းပညာဖြင့် ကုသမှုခံယူကာ လှပသွယ်လျသောမျက်နှာများကို ပိုင်ဆိုင်နေကြပြီ ဖြစ်ပါသည်။

Botox သည် ကြွက်သားအားလျော့ကာ မျက်နှာအမူအရာလှုပ်ရှားမှုကြောင့်ဖြစ်ပေါ် လာသော...
• frown line ဟု ခေါ်သည့် မျက်မှောင်ကျုံ့၍ ဖြစ်ပေါ်လာသော မျက်ခုံးရှိအရေးအကြောင်းများ
• Crow’s feet ဟု ခေါ်သည့် မျက်လုံးတစ်ဝိုက်နှင့် မျက်ထောင့်ရှိ အတွန့်ကြောင်းများ
• နဖူးရှိ အရေးအကြောင်းများ
• ပါးစပ်ထောင့်ရှိ အတွန့်အခေါက်များ
• cobblestone chin ဟုခေါ်သည့် မေးစေ့ရှိချိုင့်ရာများကို သက်သာပျောက်ကင်းစေပါသည်။
၎င်းပြင်...
• V-shape (အင်္ဂလိပ်အက္ခရာ ဗွီ ပုံသဏ္ဌာန်) သွယ်လျလှပစေတဲ့ မေးရိုးပုံရရှိစေနိုင်ပြီး
• အိပ်နေရင်း အံကြိတ်ခြင်းနှင့် ထိုသို့အံကြိတ်ပါများလာသောကြောင့် ဖြစ်‌ပေါ်လာစေနိုင်တဲ့ ခေါင်းကိုက်ခြင်းဝေဒနာကိုပါ သက်သာပျောက်ကင်းစေနိုင်ပါသည်။

Botox ကုထုံးဖြင့် ကုသမှုခံယူပြီး အတွန့်အခေါက် အရေးအကြောင်းကင်းကာ
လှပကျော့ရှင်းတဲ့မျက်နှာကို ပိုင်ဆိုင်လိုပါက...
ဒေါက်တာ မေနှင်းအောင်
M.B.,B.S (Ygn)
Dip. in Aesthetic Medicine (USA)
ကိုယ်တိုင် ကုသပေးနေတဲ့
“နှင်း” ဆေးခန်းတွင် ကုသမှုခံယူနိုင်ပါပြီ။

ဆေးခန်းလိပ်စာ
----------------
အမှတ် (၆၀-၆၄)၊ လမ်း ၁၄၀၊ တာမွေမြို့နယ်၊ ရန်ကုန်။
ဖုန်း - 09 26444 8455
အီးမေးလ် - drhnynn@gmail.com

30/11/2020

တာမွေမြို့နယ်အတွင်း ဖွင့်လှစ်မည်ဖြစ်သော ဆေးခန်း၌ တက်ကြွစွာလုပ်ကိုင်လိုသော
သူနာပြုအကူ/ဆေးခန်းအကူဝန်ထမ်းအမျိုးသမီး (၁) ဦးနှင့် ဆေးအရောင်းဝန်ထမ်း
အမျိုးသမီး (၁) ဦး အလိုရှိသည်။

၁။ ၁၀ တန်းအောင် (သို့မဟုတ်)ဘွဲ့ရ ပြီးသူ ဖြစ်ရမည်။

၂။ ဆေးခန်းလုပ်ငန်းအတွေ့အကြုံ ရှိသူဦးစားပေးမည်။

၃။ ဆရာဝန်များ၊ဝန်ထမ်းများနှင့် အသင်းအဖွဲ့လိုက် တက်ညီလက်ညီလုပ်ကိုင်နိုင်သူ ဖြစ်ရမည်။

၄။ တာမွေမြို့နယ်နှင့် အနီးတဝိုက်တွင် နေထိုင်သူများကို ဦးစားပေးမည်။

၅။ လူနာများနှင့် ယဉ်ကျေးစွာ ဆက်ဆံနိုင်ပြီး
လူနာပြုစုကုသရေးကို အမှန်တကယ် စိတ်ပါဝင်စားစွာလေ့လာသင်ယူ လုပ်ကိုင်လိုသူသာ
ဖြစ်ရမည်။

အလုပ်လျှောက်ရန် စိတ်ဝင်စားသူများသည်
#၁၀ တန်းအောင်လက်မှတ်/ဘွဲ့လက်မှတ်
အပြည့်အစုံနှင့် CV ကို drhnynn@gmail.com (သို့)
Viber (09264448455) သို့ ပေးပို့လျှောက်ထားနိုင်ပါသည်။

ဆက်သွယ်ရန်..
ဖုန်း - 09264448455

ပဏာမအဆင့် ရွေးချယ်ခံရသူများကို
အင်တာဗျူးဖြေဆိုရန် ဆက်သွယ်ပေးပါမည်။ ။

ဆံကေသာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ စာဆိုရှိတဲ့အတိုင်း...မျက်နှာ၊ ဒုတိယမျက်နှာနဲ့ အသားအရေလှပစေဖို့အတွက်... PRP (သွေး...
04/11/2020

ဆံကေသာဟာ လူတစ်ယောက်ရဲ့ ဒုတိယမျက်နှာလို့ စာဆိုရှိတဲ့အတိုင်း...
မျက်နှာ၊ ဒုတိယမျက်နှာနဲ့ အသားအရေလှပစေဖို့အတွက်... PRP (သွေးရည်ကြည်ကုထုံး)
-------------------------------------------------------------------------------------
ဘေးထွက်ဆိုးကျိုးမရှိတဲ့ အလှအပဆိုင်ရာခေတ်သစ်ဆေးပညာရဲ့ အကျိုးကျေးဇူးများကို ရယူခံစားပြီး အပြစ်အနာအဆာမရှိတဲ့ ပြစ်မျိုးမှဲ့မထင်မျက်နှာ၊ သန်စွမ်းကျော့ရှင်းတဲ့ဆံပင်နဲ့
ကြည်လင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်ဖို့အတွက်...
Diploma American Academy of Aesthetic Medicine ရရှိထားတဲ့
Dr. Hnynn ဆေးခန်းမှာ PRP (သွေးရည်ကြည်ကုထုံး)ဖြင့်...
- ဝက်ခြံကြောင့်ဖြစ်ပေါ်တဲ့ အမဲစက်နှင့် ချိုင့်ခွက်များကိုပျောက်ကင်းစေခြင်း
- ပါးရေတွန့်ခြင်းနှင့် အရေးအ‌ကြောင်းများ ပျောက်ကင်းစေခြင်း
- ဆံပင်ကျွတ်ထိပ်ပြောင်ခြင်းမှကာကွယ်ကာ ဆံပင်များကို သဘာဝအတိုင်းပြန်လည်သန်စွမ်းစေခြင်း
- ဗိုက်ကြောပြတ်ခြင်းနှင့် လျော့တိလျော့ရဲဖြစ်နေသော အသားအရေများကို ပြန်လည်တင်းရင်းနုပျိုစေခြင်း
- အဆီဖုများသက်သာပြီး ချွေးပေါက်ကျဥ်းစေခြင်း
- အ‌ရေပြားကျန်းမာရေးကောင်းမွန်ပြီး ကြည်လင်ဝင်းပနုပျိုစေရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါတယ်။

ဘေးထွက်ဆိုးကျိုးမရှိတဲ့ Platelet Rich Plasma (PRP) Treatment ဆိုတာဘာလဲ?
သင့်ရဲ့ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်သွားလာနေတဲ့ သွေးကနေထုတ်ယူထားသည့် အနာကျက်စေသော၊ သွေးတိတ်စေသော၊ ဆဲလ်အသစ်တွေပွားများလာအောင် လှုံ့ဆော်ပေးသော Platelet လို့ခေါ်တဲ့ ဆဲလ်(ကလာပ်စည်း‌)လေးတွေ ကြွယ်ဝစွာပါဝင်တဲ့ Plasma (သွေးရည်ကြည်)ကိုအသုံးပြုပြီး သင့်ကိုယ်ပြန်လည်ကုသပေးမှာဖြစ်ပါတယ်။ သင့်သွေးကရတဲ့သွေးရည်ကြည်နဲ့ သင့်ကိုယ်ပြန်လည်ကုသမှာဖြစ်လို့ ဓာတ်မတည့်ခြင်း အစရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိပါဘူး။

*** သွေးကျဲဆေးသောက်နေရသူများ၊ သွေးရောဂါရှိသူများအနေဖြင့် သွေးရည်ကြည်ကုထုံးနှင့်မကုသခင် ကျွမ်းကျင်ဆရာဝန်နဲ့ သေသေချာချာ ဆွေး‌နွေးတိုင်ပင်ဖို့ လိုပါတယ်။ ။***

အလှအပနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းပြောကြတဲ့အခါ များသောအားဖြင့် မြင်တွေ့ကြားသိရတာက ဓာတုထုတ်ကုန်ပစ္စည်းတွေပါဝင်တဲ့ အလှအပ...
21/10/2020

အလှအပနှင့် ကျန်းမာရေးဆိုင်ရာအကြောင်းပြောကြတဲ့အခါ များသောအားဖြင့် မြင်တွေ့ကြားသိရတာက ဓာတုထုတ်ကုန်ပစ္စည်းတွေပါဝင်တဲ့ အလှအပနှင့် ကျန်းမာရေးဆိုင်ရာ ဆေးဝါးနဲ့ အလှပြင်ပစ္စည်းတွေကို မှီဝဲသုံးစွဲတဲ့အခါ သုံးစွဲသူရဲ့ အရေပြားနဲ့ ခန္ဓာကိုယ်ဆိုင်ရာ ဇီဝကမ္မဖြစ်စဥ်တွေ ဓာတ်မတည့်လို့ ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့် ဥပဒ်ဖြစ်ရတာတွေကို တွေ့မြင်ကြားသိနေရသလို တချို့ကလည်း ဒီလို အလှအပနဲ့ ကျန်းမာရေးဆိုင်ရာ ဆေးပညာတွေဟာ နိုင်ငံရပ်ခြားမှာပဲ ထွန်းကားနေပြီး မြန်မာပြည်မှာ တွင်ကျယ်မှု မရှိသေးဘူးလို့ ထင်မြင်နေတတ်ကြပါတယ်။
တကယ်တော့ လူကိုဥပဒ်မဖြစ်စေဘဲ အမှန်တကယ် ကြည်လင်ခန့်ညားလှပစေတဲ့ အလှအပနှင့် ကျန်းမာရေး ဆိုင်ရာ ဆေးပညာရဲ့အကျိုးကျေးဇူးကို ရယူခံစားလိုသူတွေအနေနဲ့ နိုင်ငံရပ်ခြားအထိ သွားစရာမလိုဘဲ မြန်မာပြည်မှာတင် ကျွမ်းကျင်ပညာရှင်နဲ့တိုင်ပင်ပြီး ကုသမှုခံယူလို့ရနေပါပြီ။
သွက်လက်ကျန်းမာပြီး ပြေပြစ်တဲ့ခန္ဓာ၊ ကြည်လင်ဝင်းပတဲ့ အသားအ‌ရေနဲ့ ရှင်းသန့် သွယ်လျလှပတဲ့မျက်နှာပိုင်ရှင်လေးများဖြစ်လာအောင် အလှအပနှင့်ကျန်းမာရေးဆိုင်ရာ ဆေးပညာရပ်နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံ Diploma American Academy of Aesthetic medicine ရရှိထားတဲ့ Dr. Hnynn ဆေးခန်းမှာ ဥပဒ်ကင်းဘေးရှင်းတဲ့ အရေပြားနှင့် ခန္ဓာကိုယ်အလှအပဆိုင်ရာ နိုင်ငံတကာစံချိန်မီ ကုထုံးများ၊ ဆေးဝါးများဖြင့် ကုသမှုခံယူပြီး ပြင်လျာတင့်မောမှုဆိုင်ရာ ခေတ်သစ်ဆေးပညာရဲ့ အနုအလှများကို ရယူခံစားနိုင်ပါပြီ။

Dr. Hnynn
Skin, Aesthetic & Anti-aging Clinic မှကုသပေးနေသော အရေပြားနှင့် အလှအပရေးရာ ကုသပေးမှုများ
- Whitening & Brightening Skin (အသားအရေဖြူစင်ဝင်းပစေခြင်း)
- White Spot (အဖြူကွက်၊ ခရုသင်း ကုသခြင်း)
- Blacks & Aging Spots (တင်းတိပ်နှင့် အမဲကွက်ကုသခြင်း)
- Pore Tightening (ချွေးပေါက်ကျဥ်းအောင် ကုသခြင်း)
- Scar Treatment (အမာရွတ်ကုသခြင်း)
- Acne Treatment (ဝက်ခြံကုသခြင်း)
- V Shape Face / Lifting Face (သွယ်လျလှပသော မျက်နှာပုံဖော်ခြင်း)
- Under Eye Treatment (ရွှန်းလဲ့လှပသောမျက်ဝန်းဖြစ်အောင်ကုသခြင်း)
- Skin Tag & Sebaceous Gland Removal (အသားပိုနှင့် အဆီဖုများ ဖယ်ရှားကုသခြင်း)
- Hyperhydrosis (ချွေးရနံ့ပျောက်ကင်းအောင် ကုသခြင်း)
- Meso Fat Therapy (အဆီကျ၊ အသားကျစ်အောင် ကုသခြင်း)
- Botox & Filler for Wrinkles and Deep Lines (အရေးအကြောင်းများပျောက်ကင်းအောင်ကုသခြင်း)
- PRP treatment ( သွေးရည်ဖြင့် ကုသခြင်း)
- Other Skin Diseases (အခြားအရေပြားရောဂါအမျိုးမျိုးကုသခြင်း)

* ဆရာဝန်များနှင့် အခမဲ့ဆေး‌‌နွေးနိုင်ပါသည်။ ကြိုတင်ရက်ချိန်းယူနိုင်ပါသည်။

ဒေါက်တာ မေနှင်းအောင်
MBBS (Ygn)
Diploma in Aesthetic Medicine ( AAAM)


ဖုန်း - ၀၉၂၆၄၄၄၈၄၅၅
အီးမေးလ် -drhnynn@gmail.com

23/03/2017

Address

No. 224/226 (501), Bo Aung Kyaw Street, Botataung Township
Yangon
11162

Opening Hours

Monday 10:00 - 20:00
Tuesday 10:00 - 20:00
Wednesday 10:00 - 20:00
Thursday 10:00 - 20:00
Friday 10:00 - 20:00
Saturday 10:00 - 20:00
Sunday 10:00 - 20:00

Telephone

+959264448455

Website

Alerts

Be the first to know and let us send you an email when Dr. Hnynn Skin, Aesthetic & Anti-aging Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Dr. Hnynn Skin, Aesthetic & Anti-aging Clinic:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram