ECG

ECG Health

 #နှလုံးသွေးကြောဘာလို့ကျဉ်းတာလဲ #နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်မှဘယ်လိုကာကွယ်နေထိုင်ကြမလဲCredit-      အရင်ဆုံး ကိုယ့်ဆ...
26/05/2024

#နှလုံးသွေးကြောဘာလို့ကျဉ်းတာလဲ
#နှလုံးသွေးကြောကျဉ်းရောဂါအန္တရာယ်မှဘယ်လိုကာကွယ်နေထိုင်ကြမလဲ

Credit-

အရင်ဆုံး ကိုယ့်ဆီမှာ နှလုံးသွေး‌လွှတ်ကြောကျဉ်းစေတဲ့အချက်တွေထဲက ဘယ်အချက်တွေနဲ့ ညိနေလဲဆိုတာ အရင်ဆန်းစစ်ကြည့်ဖို့ လိုအပ်ပါတယ်။

#ဆီးချိုရောဂါ
အားလုံးထဲမှာမှ အန္တရာယ်အရှိဆုံးကတော့ ဆီးချို သွေးချိုရောဂါ ဖြစ်နေခြင်းပါ။ ဆီးချို သေချာမထိန်းနိုင်ရင် နှလုံးသွေးကြောကျဉ်းဖို့က ဗေဒင်ဆရာသွားမေးစရာတောင် မလိုတော့ပါဘူး။ ဒါ့ကြောင့် သွေးတွင်းသကြားဓာတ်နဲ့ သုံးလအတွင်း ပျှမ်းမျှသကြားဓာတ် (HbA1C) ကို သေချာထိန်းထားပါ။

#သွေးတိုးရောဂါ
သွေးတိုးကို သေချာ မကုခြင်း၊ သွေးတအားတိုးနေခြင်းက လေဖြတ်ခြင်းကို ဖြစ်စေသလို နှလုံးသွေးကြောကျဉ်းစေတဲ့ အဓိကတရားခံလည်း ဖြစ်ပါတယ်။ သွေးတိုးရောဂါရှိရင် သွေးပေါင်ချိန် ပုံမှန်ဖြစ်အောင် ထိန်းထားဖို့ အလွန်အရေးကြီးပါတယ်။

#ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တဲ့သူတွေက ဆေးလိပ်မသောက်သူတွေထက် နှလုံးသွေးကြောပိတ်ပြီး အသက်ဆုံးရှုံးဖို့ သုံးဆပိုဖြစ်နိုင်ပါတယ်။ ဆေးလိပ်သောက်နေရင် အခုပဲ ဆေးလိပ်ဖြတ်ဖို့ ကြိုးစားပါ။ ဒီနေ့ ဆေးလိပ်ဖြတ်ရင် ဒီနေ့ စတင် အကျိုးခံစားရမှာပါ။

#သွေးတွင်းအဆီဓာတ်များခြင်း
သွေးတွင်း အဆီဓာတ်များနေခြင်းကလဲ နှလုံးသွေးလွှတ်ကြောနံရံတ‌လျှောက် အဆီများစုပုံ ပိတ်ဆို့မှုကို ဖြစ်စေပါတယ်။ အစားအသောက်မှာ အဆီအဆိမ့်ပါတာ လျှော့စားပါ။ သွေးတွင်း အဆီဓာတ်များနေပြီဆိုရင် သွေးတွင်းအဆီကျဆေးကို ဆရာဝန်ညွှန်ကြားသည့်အတိုင်း သေချာသောက်သုံးပါ။

#မျိုးရိုးထဲမှာနှလုံးသွေးကြောကျဥ်းရောဂါရှိဖူးသူ
မိသားစု ဆွေမျိုးတွေထဲမှာ ငယ်ငယ်ရွယ်ရွယ်နဲ့ နှလုံးသွေးကြောကျဉ်းရောဂါရှိတဲ့သူ၊ နှလုံးသွေးကြောပိတ်လို့ ဆုံးပါးဖူးသူရှိရင် ကိုယ့်မှာလဲ နှလုံးသွေးကြောကျဉ်းဖို့ အခွင့်အရေး ပိုများနိုင်ပါတယ်။

#ကိုယ်လက်လှုပ်ရှားမှုအားနည်းခြင်း
နောက်ဆုံးတစ်ခုကတော့ ကိုယ်လက်လှုပ်ရှားမှုအားနည်းတာ၊ အလုပ်ပင်ပန်းမှု ဒဏ်ခံရမှုတွေကလဲ ကြာလာရင် နှလုံးသွေးကြောကျဉ်းရောဂါကို ဖြစ်ပေါ်လာစေပါတယ်။ အဲ့တာကြောင့် စိတ်ဖိစီးမှုမများအောင် နေထိုင်ပါ။ တရားထိုင်ပါ။ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးပါ။

Credit-

 #အသည်းအဆီဖုံးခြင်း(Fatty Liver)Credit- #ဝိတိုရိယဆေးရုံ      #အသည်းအဆီဖုံးခြင်းရောဂါ သည် ယောကျာ်း ၊မိန်းမမရွေး အသည်းတွင်...
14/01/2024

#အသည်းအဆီဖုံးခြင်း(Fatty Liver)

Credit- #ဝိတိုရိယဆေးရုံ

#အသည်းအဆီဖုံးခြင်းရောဂါ သည် ယောကျာ်း ၊မိန်းမမရွေး အသည်းတွင် လိုအပ်သည်ထက်ပို၍ အဆီများစုသွားသည့်အခါ ထိုပိုလျှံသည့် အဆီများသည် အသည်းတွင်းရှိ ဆဲလ်များအား ရောင်းရမ်းစေပါသည်။
အသည်းအဆီဖုံးခြင်းရောဂါအား သေချာစွာ ဂရုမပြုမိပါက အသည်းရောင်ခြင်း၊ အသည်းခြောက်ခြင်း မှတစ်ဆင့် အသည်းကင်ဆာအထိ ဖြစ်စေနိုင်ပါသည်။ ယေဘုယျအားဖြင့် အသည်းအဆီဖုံးခြင်းသည် ကြိုတင်အချက်ပြ လက္ခဏာများ မတွေ့ရှိရဘဲ ဆိုးရွားသော အခြေအနေသို့ ရောက်ရှိမှသာလျှင် ဝမ်းဗိုက်ဖောယောင်ခြင်း၊ အသားဝါခြင်း နှင့် ဝမ်းဗိုက်အောင့်ခြင်းဝေဒနာ တို့ကို ခံစားရတတ်ပါသည်။
အသည်းအဆီဖုံးခြင်းသည် အရက်သောက်သောသူများ၊ အဝလွန်ကဲသူများ၊ အဆီအဆိမ့်နှင့် အချိုများ စားသုံးသူများ၊ သွေးအတွင်း အဆီများသူများနှင့် ဆီးချိုရောဂါရှိသူများတွင် ပိုမိုဖြစ်ပွားနိုင်ချေရှိပါသည်။ ထို့အပြင် အသည်းအဆီဖုံးခြင်းသည် နာတာရှည်ရောဂါများဖြစ်သည့် ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အိပ်ပျော်နေစဉ် အသက်ရှူရပ်၍ အလွန်အကျွံဟောက်ခြင်းရောဂါ၊ ကင်ဆာရောဂါများနှင့် ဆက်စပ်နေပါသည်။

အသည်းအဆီဖုံးခြင်းကို သက်သာစေရန် လိုက်နာသင့်သည့်အချက်များမှာ-

-အရက်လျှော့သောက်ခြင်း(အသည်းအဆီဖုံးဝေဒနာ ခံစားနေရပါက အရက်ဖြတ်သင့်ပါသည်)
-ချိုသည့် အစားအစာများကို လျော့စားခြင်း
-လတ်ဆတ်သော အသီးအရွက်များကို စားသုံးခြင်း
- အဆီအဆိမ့်များသော အစားအသောက်များကို လျှော့စားခြင်း
-ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများအား ပုံမှန်လုပ်ဆောင်ခြင်း
-ကိုယ်အလေးချိန်ထိန်းခြင်းနှင့် အဝလွန်နေလျှင် ခန္ဓာကိုယ်အလေးချိန် လျှော့ချခြင်း
-သွေးတွင်းသကြားဓာတ်ကိုထိန်းခြင်း တို့ပင်ဖြစ်ပါသည်။

Credit-

 ်ဆေးရာတွင်_ဘာကြောင့်ဆီးတင်းရန်လိုအပ်ပါသလဲCredit-      ဗိုက်အား Ultrasound ရိုက်ခြင်းသည် ယနေ့ခေတ်တွင် ဆရာဝန်များမှ ညွှန်...
10/10/2023

်ဆေးရာတွင်_ဘာကြောင့်ဆီးတင်းရန်လိုအပ်ပါသလဲ

Credit-

ဗိုက်အား Ultrasound ရိုက်ခြင်းသည် ယနေ့ခေတ်တွင် ဆရာဝန်များမှ ညွှန်ကြားချက်ဖြင့်ဖြစ်စေ မိမိဆန္ဒအလျှောက်ဖြစ်စေ စစ်ဆေးမှုများဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ Ultrasoundစစ်ဆေးရာတွင် ပြီးပြည့်စုံသော အချက်အလက်များရရှိရန်အတွက် ဆီးတင်းရန်လိုအပ်ပါသည်။

ဆီးတင်းမှသာလျှင်
၁။ ဆီးအိမ်အားကြည့်ရှုနိုင်မည်ဖြစ်ပါသည်။

၂။ အမျိုးသမီးများတွင် သားအိမ်ကြည့်ရန်အတွက် ဆီးတင်းရန် လိုအပ်ပါသည်။

၃။ အမျိုးသားများတွင် ဆီးကျိတ်ကြည့်ရန်အတွက် ဆီးတင်းရန် လိုအပ်ပါသည်။

Ultrasoundရိုက်ခါနီးမှ ရေသောက်ခြင်းဖြင့် ဆီးအိမ်တွင် ဆီးချက်ချင်းပြည့်မလာပါ။သောက်လိုက်သောရေသည် အစာအိမ်၊ အူလမ်းကြောင်းသို့ အရင်ရောက်ရှိပြီးမှသာ အူများမှ စုပ်ယူပြီး ကျောက်ကပ်မှတစ်ဆင့် ဆီးအိမ်သို့ ရောက်ရှိသည့်အတွက် အချိန်တစ်ခု ကြာမြင့်ပါသည်။

ရေအား တစ်ငုံချင်းသောက်ပါက ဆီးတင်းရန်အလွန်ပင် ကြာမြင့်ပါသည်။ အသက်ကြီးသောသူများတွင် ဆီးတင်းရန်ကြာမြင့်ပါသည်။

ဆီးအိမ်မတင်းပါက Ultrasound ရိုက်ခြင်းသည် ပြီးပြည့်စုံသော အချက်အလက်များ မရနိုင်ပါ။ ပြီးပြည့်စုံသော အချက်အလက်များ ရရှိလိုပါက ဆီးအိမ်တင်းရမည်ဖြစ်ပါသည်။
Ultrasound မလုပ်မီ ၃နာရီ မှ ၅နာရီအတွင်း ဆီးမသွားထားလျှင် ဆီးအိမ်တင်းနိုင်ပါသည်။ဆီးသွားထားပါက ရေတစ်လီတာအား ၅မိနစ်မှ ၁၀မိနစ်အတွင်း ကုန်အောင်သောက်ရန်(အနည်းဆုံး ၁နာရီကြာမှသာ ဆီးအိမ်တင်းသော အနေအထားရရှိနိုင်ပါသည်)။

Credit-

 #တစ်သက်တာသွားနှင့်ခံတွင်းကျန်းမာရေး ၁။ နေ့စဉ်နံနက် (အစာစားပြီးတစ်ကြိမ်)၊ ည (အိပ်ရာမဝင်မီ)တစ်ကြိမ် စနစ်မှန်သွားတိုက်နည်း...
19/09/2023

#တစ်သက်တာသွားနှင့်ခံတွင်းကျန်းမာရေး



၁။ နေ့စဉ်နံနက် (အစာစားပြီးတစ်ကြိမ်)၊ ည (အိပ်ရာမဝင်မီ)တစ်ကြိမ် စနစ်မှန်သွားတိုက်နည်းဖြင့် သွားတိုက်ပါ။

၂။ သွားတိုက်ဆေးသုံးလျှင် ဖလူအိုရွိုဒ်(Fluoride)ပါသော သွားတိုက်ဆေးကိုသုံးပါ။

၃။ ကလေးသွားပေါက်သည်စ၍ လူကြီးသွားပေါက်သည့်အချိန်အတွင်း (၃)လတစ်ကြိမ် သွားဆရာဝန်ဆီ စစ်ဆေး၍
အကြံဉာဏ်တောင်းခံပါ။

၄။ သွားနှုတ်ပြီးနောက် (၃) လကျော်တွင် "သွား” ပြန်စိုက်ပေးသင့်ပါသည်။ အရေးပေါ်အခြေအနေအရ အမြန်စိုက်လိုလျှင်
မိမိသွားဆရာဝန်နှင့် ပြန်လည်ဆွေးနွေး၍ စိုက်နိုင်ပါသည်။

၅။ သွားပြန်လည်မစိုက်ဖြစ်ခဲ့လျှင် သွားများ ရှည်ထွက်လာခြင်း၊သွားကျဲလာခြင်း၊ အစာညပ်ခြင်း၊ သွားပိုးစားလာခြင်း၊မျက်နှာပုံသဏ္ဍာန် ပြောင်းလဲလာခြင်း၊စကားပြောလျှင်အသံထွက်မပီသခြင်း၊ သွားစိုက်လိုသောအခါ နောက်ကျသည့်အတွက် သွားစိုက်ရ ခက်ခဲလာခြင်းတို့ ဖြစ်တတ်ပါသည်။

၆။ သွားစိုက်လျှင် စနစ်မှန်သွားစိုက်နည်းကို သွားဆရာဝန်ဆီမှ အကြံဉာဏ် ရယူပါ။

၇။လူကြီးများ (၆) လတစ်ကြိမ် ပုံမှန်စစ်ဆေးမှု ခံယူပါ။

 #ကျောက်ကပ်သွေးသန့်စင်ခြင်း_Haemodialysis Credit-       ပုံမှန်ကျန်းမာတဲ့ ကျောက်ကပ်များရဲ့ လုပ်ငန်းဆောင်တာများတွင် သွေးစ...
19/09/2023

#ကျောက်ကပ်သွေးသန့်စင်ခြင်း_Haemodialysis

Credit-

ပုံမှန်ကျန်းမာတဲ့ ကျောက်ကပ်များရဲ့ လုပ်ငန်းဆောင်တာများတွင် သွေးစစ်ထုတ်ခြင်းနဲ့ ဆီးပုံစံရှိတဲ့ ပိုလျှံနေတဲ့အရည်များကို ဖယ်ရှားခြင်းတို့ ပါဝင်ပါတယ်။ ပုံမှန်အတိုင်း ကျောက်ကပ် အလုပ်မလုပ်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ ကျောက်ကပ်လုပ်ငန်းဆောင်တာများကို အစားထိုးရန်အတွက် ဆေးဘက်ဆိုင်ရာ ပညာရှင်များအနေနဲ့ hemodialysis ကို အသုံးပြုပြီး ကုသဖို့ အကြံပြုထားကြပါတယ်။

Hemodialysis က သွေးထဲမှ အညစ်အကြေးများနှင့် ပိုလျှံနေတဲ့ အရည်များကို ဖယ်ရှားဖို့ hemodialyzer (ကျောက်ကပ်အတု) အသုံးပြုခြင်း ပါဝင်ပါတယ်။ ကျောက်ကပ်အတုမှတဆင့် သွေးများကို ခန္ဓာကိုယ်မှ စစ်ထုတ်ပေးပြီးနောက် ဒီလို စစ်ထုတ်ထားတဲ့ သွေးများကို dialysis ကိရိယာဖြင့် ခန္ဓာကိုယ်ထဲသို့ ပြန်ထည့်ပေးခြင်း ဖြစ်သလို နာတာရှည် ကျောက်ကပ်ရောဂါ (CKD) ဝေဒနာရှင်များအတွက် အသက်ကယ်ဆေးသွင်းခြင်း ကုသမှုတစ်ခုဖြစ်ပါတယ် ။

#ကျောက်ကပ်ဆေးလူနာများအတွက်သတိပြုရမည့်အချက်များ

၁။ကျောက်ကပ်သန့်စင်ခြင်းကို အချိန်ဇယားအတိုင်းပုံမှန်လုပ်ပါ ။

၂။နေ့စဉ်စားသောက်မှုပုံစံကိုထိန်းညှိရန် ( အသားဓာတ် ၊Electrolytes၊ Sodium ၊ Potassium စားသုံးမှုများအားထိန်းညှိရန် )။

၃။ရေဓာတ်သောက်သုံးမှုကိုထိန်းညှိရန်။

၄။သွေးအားနည်းခြင်းရှိ၊မရှိ လစဉ် စစ်ဆေးရန်။

၅။ကျန်းမာရေးစစ်ဆေးမှုများအားလစဉ်ပြုလုပ်ရန်။

၆။ကျောက်ကပ်အတွက်လိုအပ်သောအားဖြည့်ဓာတ်စာများ၊ ဆေးများကိုပုံမှန်သောက်သုံးရန်။

၇။စိတ်ဓာတ်တတ်ကြွစွာနေရန် ( စိတ်ဖိစီးမှုမဖြစ်စေရန်ဂရုပြုပါ၊ပုံမှန်လမ်းလျှောက်ပါ၊အိပ်ချိန်ပုံမှန်ရှိရန်ဂရုပြုပါ) ။

Credit-

 #သိုင်းရွိုက်ဟော်မုန်းနည်းခြင်း_Hypothyroidism ကိုဂရုစိုက်ပါCredit-      သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်...
06/08/2023

#သိုင်းရွိုက်ဟော်မုန်းနည်းခြင်း_Hypothyroidism ကိုဂရုစိုက်ပါ

Credit-

သိုင်းရွိုက်၏အလုပ်သည် ခန္ဓာကိုယ်၏အရေးပါသောလုပ်ဆောင်မှုများစွာကို ထိန်းချုပ်ပေးသည့် ဟော်မုန်းများကို ထုတ်လွှတ်ပေးခြင်းဖြစ်ပါသည်။ သိုင်းရွိုက်ဟော်မုန်းကို ထုတ်လွှတ်ပေးသောသိုင်းရွိုက်ဂလင်းသည် လည်ပင်း၏အသံအိုးအောက် လေပြွန်ရှေ့နားတွင်ရှိသော လိပ်ပြာပုံစံ သေးငယ်သော သိုင်းရွိုက်ဟော်မုန်းထုတ်လွှတ်ပေးသည် ဂလင်းတစ်ခုဖြစ်ပါသည်။ သိုင်းရွိုက်ဆိုသည်မှာ ကိုယ်တွင်းဟော်မုန်းအားလုံး၏ အချုပ်ဟုတင်စားလို့ရပါသည်။ သိုင်းရွိုက်ကောင်းမွန်စွာအလုပ်မလုပ်ခြင်းသည် ခန္ဓာကိုယ်တွင် (Hyperthyroidism) သိုင်းရွိုက်ဟော်မုန်းများလွန်းခြင်းနှင့် (Hypothyroidism) သိုင်းရွိုက်ဟော်မုန်း နည်းခြင်းများကို ဖြစ်စေနိုင်ပြီး ခန္ဓာကိုယ်တစ်ခုလုံးအတွက် ကျန်းမာရေးကို ပြင်းထန်စွာ ထိခိုက်စေနိုင်ပါသည်။ သိုင်းရွိုက်ချို့ယွင်းခြင်း၏ လက္ခဏာများသည် ကမ္ဘာတစ်ဝန်းတွင် အသက်အရွယ် အသီးသီးပေါ် ရောဂါလက္ခဏာအမျိုးမျိုးနှင့် ပြင်းထန်မှုပေါ်မူတည်၍ အကျိုးသက်ရောက်မှုရှိစေနိုင်ပါသည်။ သိုင်းရွိုက်ဟော်မုန်း (များခြင်း/နည်းခြင်း) မဖြစ်ခြင်းသည် အကောင်းဆုံးဖြစ်ပါသည်။

#သိုင်းရွိုက်ဟော်မုန်းနည်းခြင်း_Hypothyroidism၏ #လက္ခဏာများ

ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အလေးချိန်တိုးလာခြင်း၊ စိတ်ဓာတ်ကျခြင်း၊ အအေးမိသလိုခံစားရခြင်း၊ အားနည်းခြင်း၊ ကိုက်ခဲခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အသားအရေခြောက်သွေ့ခြင်း၊ ချွေးထွက်နည်းခြင်း၊ နှလုံးခုန်နှုန်းနှေးကွေးခြင်း၊ သွေးတွင်းကိုလက်စထရောမြင့်မားခြင်း၊ ကြွက်သားအားနည်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်းနှင့် ဝမ်းချုပ်ခြင်းတို့ ဖြစ်ပါသည်။ (အထက်ပါလက္ခဏာများခံစားရပါက သိုင်းရွိုက်အားနည်းခြင်းရှိ မရှိကို ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသသင့် ပါသည်။ ဤရောဂါလက္ခဏာအများအပြားရှိနေပါက (သို့မဟုတ်)ပိုဆိုးလာပါက Hypothyroidism အတွက် စမ်းသပ် ရန်လိုအပ်ခြင်းရှိမရှိ ဆုံးဖြတ်ရန် ဆရာဝန်နှင့်တိုင်ပင်ပြီး ကုသမှုခံယူသင့်ပါသည်။ အမျိုးသမီးများသည် အမျိုးသားများထက် သိုင်းရွိုက်ရောဂါဖြစ်နိုင်ခြေ ရှစ်ဆပိုများပါသည်။ )

သိုင်းရွိုက်ဟော်မုန်းနည်းခြင်း၏ ဖြစ်နိုင်ခြေအချို့နှင့်နောက်ဆက်တွဲပြဿနာများ

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းသည် ပုံမှန်အားဖြင့် နှေးကွေးပြီး ရောဂါလက္ခဏာ ပြင်းထန်မှုအပေါ်မူတည်၍ လူတစ်ဦးနှင့်တစ်ဦးလက္ခဏာများ ကွဲပြားခြားနားနိုင်ပါသည်။ (Hypothyroidism) အလွန်ပြင်းထန်ပါက (Myxedema Coma) မေ့မြောသွားနိုင်ပြီး အသက်အန္တရာယ်ပါ ထိခိုက်စေနိုင်ပါသည်။ မကုဘဲထားပါက Hypothyroidism ၏အန္တရာယ်နှင့် နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများဖြစ်သော လည်ပင်းကြီးရောဂါ၊ နှလုံးရောဂါ၊ စိတ်ကျရောဂါ၊ မျိုးမပွားနိုင်ခြင်း၊ မွေးကင်းစကလေးများတွင် ကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးခြင်း၊ ဉာဏ်ရည်မသန်စွမ်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ မသန်စွမ်းခြင်း၊ အပျိုဖော်ဝင်ချိန်နောက်ကျခြင်း များကိုဖြစ်စေနိုင်ပါသည်။

သိုင်းရွိုက်ဟော်မုန်းနည်းခြင်းများကိုလျှော့ချရန်အကြံပြုချက်များမှာ

#ရှောင်ရှားသင့်သောအစားအစာများ- ယေဘူယျအားဖြင့် သိုင်းရွိုက်ဟော်မုန်းနည်းသူများအတွက် ရှောင်ရှားသင့်သော အစားအစာများကိုအတိအကျလိုက်နာရန် မလိုအပ်သော်လည်း သတိထားရန်အကြံပြုချက်အချို့မှာ အစိမ်းရောင်ရှိသောဟင်းသီးဟင်းရွက်များနှင့် ပဲပိစပ်မှထွက်သော အစားအစာများကိုရှောင်သင့်ပါသည်။

#မျှတသောအစားအစာများကိုစားပါ- လုံလောက်သော အိုင်အိုဒင်းပမာဏ ရရှိရန်အတွက် အိုင်အိုဒင်းကြွယ်ဝသော အစားအစာများပါဝင်သော အိုင်အိုဒင်းဆား၊ ဒိန်ချဉ် ဒိန်ခဲကဲ့သို့နို့ထွက်ပစ္စည်းများ၊ ကြက်ဥ၊ ပင်လယ်စာများကို စားသုံးသင့်ပါသည်။

#လေ့ကျင့်ခန်းပုံမှန်လုပ်ပါ- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ခြင်းသည် သိုင်းရွိက်လုပ်ဆောင်ချက်နှင့် ဇီဝဖြစ်ပျက်မှုကို တိုးတက်ကောင်းမွန်အောင်ကူညီပေးပြီး အချို့သောသိုင်းရွိုက်ချို့ယွင်းမှုဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါသည်။

#စိတ်ဖိစီးမှုကိုကာကွယ်ပါ- နာတာရှည်စိတ်ဖိစီးမှုသည် သိုင်းရွိုက်လုပ်ငန်းဆောင်တာနှင့် ဟော်မုန်းအဆင့်ကိုထိခိုက်စေ နိုင်ပါသည်။ ထို့ကြောင့် တရားထိုင်ခြင်း၊ ယောဂ (သို့) အသက်ပြင်းပြင်းရှုလေ့ကျင့်ခြင်းသည် စိတ်ဖိစီးမှုကို လျှော့ချနိုင်ပြီး သိုင်းရွိုင်းကျန်းမာရေးကို အထောက်အကူပြုနိုင်ပါသည်။

#လုံလောက်စွာအိပ်စက်ပါ- လုံလောက်သောအိပ်စက်ခြင်းသည် အလုံးစုံသောကျန်းမာရေးအတွက် အရေးကြီးပြီး သိုင်းရွိုက်လုပ်ဆောင်မှုကိုထောက်ပံ့ပေးနိုင်ပါသည်။

#ဆေးလိပ်နှင့်အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ပါ- ဆေးလိပ်နှင့် အရက်အလွန်အကျွံသောက်ခြင်းသည် သိုင်းရွိုက်လုပ်ဆောင်မှုကိုထိခိုက်စေနိုင်ပြီး သိုင်းရွိုင်းရောဂါဖြစ်ပွားမှုကိုပါတိုးမြှင့်စေနိုင်ပါသည်။

#ပုံမှန်ကျန်းမာရေးစစ်ဆေးပါ- ပုံမှန်ကျန်းမာရေးစစ်ဆေးခြင်းနှင့် သိုင်းရွိုက်လုပ်ဆောင်မှုစစ်ဆေးခြင်းများသည် သိုင်း ရွိုက်ချို့ယွင်းချက်များကို စောစီးစွာသိရှိနိုင်ပြီး ကြိုတင်ကာကွယ်မှုများကို ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ (သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးခြင်း၊ ရုပ်ပိုင်းဆိုင်ရာစစ်ဆေးခြင်း)

ထို့ကြောင့် မိမိတွင်သိုင်းရွိုင်းရောဂါနှင့်ပတ်သက်ပြီး သံသယရှိပါက စောစီးစွာရောဂါရှာဖွေခြင်းနှင့် ကုသခြင်းဖြင့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများကို ကာကွယ်နိုင်​ပါသည်။

Credit-

 #အဆုတ်အအေးပတ်ခြင်း ( #ယာယီအဆုတ်လေပြွန်ရောင်ခြင်း)Credit-  #အဆုတ်အအေးပတ်ခြင်း (ယာယီအဆုတ်လေပြွန်ရောင်ရမ်းခြင်း) ဆိုတာဘာလဲ...
17/07/2023

#အဆုတ်အအေးပတ်ခြင်း
( #ယာယီအဆုတ်လေပြွန်ရောင်ခြင်း)

Credit-

#အဆုတ်အအေးပတ်ခြင်း (ယာယီအဆုတ်လေပြွန်ရောင်ရမ်းခြင်း) ဆိုတာဘာလဲ။

အဆုတ်ရှိလေလမ်းကြောင်းလေးတွေ ရောင်ရမ်းနေပြီး အဆုတ်ထဲမှာ အကျိအချွဲတွေဖြစ်လာတဲ့အခါမှာ အဆုတ်လေပြွန်ရောင်ရမ်းခြင်း ဖြစ်ပေါ်လာပါတယ်။

ချောင်းဆိုးခြင်းဖြစ်ပေါ်လာပြီး ယာယီအဆုတ်ရောင်ခြင်းဟာ အနည်းဆုံး (၃) ပတ်ခန့်သာ ကြာနိုင်ပါတယ်။

#ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ

ဗိုင်းရပ်စ်ကြောင့် ယာယီအဆုတ်လေပြွန်ရောင်ရမ်းခြင်း ဖြစ်ပေါ်ရတာပါ။ တစ်ခါတလေမှာ ဘက်တီးရီးယားများကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။

#လက္ခဏာများ
(ယာယီအဆုတ်လေပြွန်ရောင်ရမ်းခြင်း၏ လက္ခဏာများမှာ (၃) ပတ်ခန့်ကြာနိုင်ပါတယ်)။ လက္ခဏာများမှာ
-ချောင်းဆိုးခြင်း (သလိပ်ပါ/မပါ)
-ရင်ဘတ်တင်းကျပ်ခြင်း
-မောပန်းနွမ်းနယ်ခြင်း
-ခေါင်းကိုက်ခြင်း
-ကိုယ်လက်ကိုက်ခဲခြင်း
-လည်ချောင်းနာခြင်း စသည်တို့ ဖြစ်ပါတယ်။

#အောက်ပါလက္ခဏာများဖြစ်နေလျှင်_ဆရာဝန်နဲ့ပြသပါ။
-အပူချိန် (၁၀၀.၄) ဒီဲဂရီဖာရင်ဟိုက်နှင့်အထက် ရှိနေခြင်း
-ချောင်းဆိုးလျှင် သလိပ်တွင်သွေးပါခြင်း
-အသက်ရှူမဝခြင်း
-သုံးပတ်ကြာသည်အထိ မသက်သာသေးလျှင်
-အဆုတ်လေပြွန်ရောင်ရမ်းခြင်း ခဏခဏဖြစ်နေလျှင်

#ယာယီအဆုတ်လေပြွန်ရောင်ရမ်းလျှင်
-ကောင်းစွာအနားယူပါ။
-ရေများများသောက်ပါ။
-အစိုထိန်းစက်ကို အသုံးပြုပါ။
-နှာခေါင်းပိတ်ခြင်း သက်သာစေရန် နှာခေါင်းဖြန်းဆေးအသုံးပြုပါ။
-ရေနွေးငွေ့ရှူပါ။
-အသက် (၁) နှစ်အထက် ကလေးငယ်များနှင့် လူငယ်များတွင် ချောင်းဆိုးသက်သာအောင် ပျားရည်ကို အသုံးပြုပါ။

#ကြိုတင်ကာကွယ်ခြင်း
(ကျန်းမာနေစေဖို့ အကောင်းဆုံးလုပ်ဆောင်သင့်တဲ့အရာကတော့ ရောဂါမဖြစ်ခင် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်)။

ယာယီအဆုတ်လေပြွန်ရောင်ရောဂါ မဖြစ်အောင်
ကြိုတင်ကာကွယ်ရန်
-လက်ကို သန့်ရှင်းအောင် ဆေးကြောပါ။
-တုပ်ကွေးကာကွယ်ဆေး ထိုးနှံပါ။
-ဆေးလိပ်မသောက်ပါနှင့်။ ဆေးလိပ်သောက်သူများအနီးတွင် မနေပါနှင့်။
-နှာချေချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်ကို အုပ်ထားပါ။



Credit-

 #အုံးလွဲခြင်းCredit-  #အုံးလွဲတယ်ဆိုတာဘာလဲ။     အုံးလွဲတယ်ဆိုတာက လည်ပင်းက နာကျင်နေပြီးတော့ တစ်ဖက်ကို လှည့်ဖို့ ခက်ခဲသွာ...
10/07/2023

#အုံးလွဲခြင်း

Credit-

#အုံးလွဲတယ်ဆိုတာဘာလဲ။
အုံးလွဲတယ်ဆိုတာက လည်ပင်းက နာကျင်နေပြီးတော့ တစ်ဖက်ကို လှည့်ဖို့ ခက်ခဲသွားတာမျိုး ဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ရောဂါမဟုတ်ပေမယ့် သိသာတဲ့ လက္ခဏာတစ်ခု ဖြစ်ပါတယ်။
အုံးလွဲခြင်းက လူငယ်တွေမှာ လည်ပင်းနာကျင်ခြင်းရဲ့ အဓိကအကြောင်းအရင်းဖြစ်ပါတယ်။ ယခင်က လည်ပင်းဒဏ်ရာ ရရှိခြင်းတွေနဲ့တော့ ဆက်စပ်မှုမရှိပါဘူး။

#အုံးလွဲခြင်း၏
#လက္ခဏာရပ်များကဘာတွေလဲ။
အုံးလွဲခြင်းက လည်ပင်းတစ်ဖက်ခြမ်း နာကျင်ခြင်းဖြစ်ပါတယ်။ လည်ပင်းအလယ်တည့်တည့်နှင့် ပုခုံးနှင့် ခေါင်းနေရာများမှာ နာကျင်မှုခံစားရနိုင်ပါတယ်။
နာကျင်မှု သက်သာစေဖို့ အဲဒီနေရာကို နှိပ်ပေးတဲ့အခါမှာ လည်ပင်းဟာ အထိမခံနိုင်လောက်အောင် နာကျင်နေပါလိမ့်မယ်။ လည်ပင်း သို့မဟုတ် ခေါင်းဟာလည်း တစ်ဖက်ကို လှည့်ဖို့ တော်တော်လေး ခက်ခဲနေပါလိမ့်မယ်။
လက္ခဏာများဟာ တစ်ပတ်အတွင်းမှာ လုံးဝသက်သာပျောက်ကင်းသွားနိုင်ပါတယ်။ ပုံမှန်အားဖြင့် တစ်ရက် နှစ်ရက်ကြာလျှင် သက်သာသွားတတ်ပါတယ်။( သင့်ရဲ့ လက္ခဏာက ကြာရှည်နေမယ်ဆိုရင်တော့ ဒါက ပုံမှန်လက္ခဏာမျိုး မဟုတ်တော့ပါဘူး)။

#ဘာကြောင့်အုံးလွဲတာလဲ။
ကလေးငယ်များနှင့် အရွယ်ရောက်သူအမျးစုမှာ လည်ပင်းကြွက်သားများ ဒဏ်ရာရရှိခြင်းကြောင့် ဖြစ်လေ့ရှိပါတယ်။ဒဏ်ရာက သင်သတိမထားမိသည့် ဒဏ်ရာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ခါတရံ ဖြစ်ရသည့်အကြောင်းအရင်းမှာ လည်ပင်းတစ်ဝိုက် ရောင်ရမ်းနာကျင်မှုများကြောင့်လည်း ဖြစ်နိုင်ပါတယ်။
သင့်မှာ ကြွက်သားအားချို့ယွင်းခြင်းဟုခေါ်သည့် အာရုံကြောဆိုင်ရာပြဿနာများရှိလျှင်လည်း တစ်ခါတရံ အုံးလွဲခြင်း ဖြစ်စေနိုင်ပါတယ်။

#ဘယ်အချိန်မှာဆရာဝန်နဲ့ပြသင့်ပါသလဲ။
အောက်ပါအခြေအနေများ ဖြစ်လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
•-နာကျင်မှုဟာ ပိုဆိုးရွားလာခဲ့လျှင်
-တစ်ပတ်အတွင်း နာကျင်မှု မသက်သာလာလျှင်
-လက်မောင်းနှင့် လက်ချောင်းများတွင် နာကျင်မှု၊ ထုံကျင်မှုများ ရှိလာလျှင်
-ဆီးသွားရခက်လျှင်/ ဝမ်းသွားရခက်လာလျှင်
-လည်ပင်းနာကျင်နေသည့်အပြင် အဖျားပါရှိနေလျှင်

#အုံးလွဲလျှင်ဘယ်လိုကုသကြမလဲ
ပုံမှန်အားဖြင့် ရေနွေးအိတ်ကပ်ပေးခြင်း၊ လည်ပင်းအား နှိပ်နယ်ပေးခြင်းဖြင့် ကုသနိုင်ပါတယ်။
သင့်ကလေးငယ်ဟာ အုံးလွဲနေလျှင် အိပ်နေစဉ်နှင့် အစာစားနေချိန်တွင် အနေအထားကို ပြောင်းလဲပေးဖို့ အကြံပြုချင်ပါတယ်။
သင်ဟာ အုံးလွဲနေတယ်ဆိုလျှင် တတ်နိုင်သမျှ တက်တက်ကြွကြွနေပြီး လည်ပင်းကို ပုံမှန်အတိုင်း လှုပ်ရှားပေးပါ။ လည်ပင်းကို တောင့်တောင့်ကြီး ဖြစ်မနေစေရန် ခေါင်းနှင့် လည်ပင်းကို ပုံမှန်အတိုင်း လှုပ်ရှားပေးရပါမယ်။
မသက်သာလာဘူးဆိုလျှင် သို့မဟုတ် အခြားသော လက္ခဏာများပါ ပြသလာလျှင် ဆရာဝန်နှင့် အမြန်ဆုံးပြသပါ။

#အုံးလွဲတာကပြင်းထန်တဲ့ရောဂါတစ်ခုရဲ့လက္ခဏာတစ်ခုလား။
လည်ပင်း၊ ခေါင်း စသည်တို့တွင် အကျိတ်တွေ့ခြင်း၊ လည်ပင်းဒဏ်ရာရှိခြင်း၊ ပြည်တည်နာ၊ ပိုးဝင်ခြင်း စသည့်ပြင်းထန်သည့်ရောဂါများ၏ လက္ခဏာတစ်ခု ဖြစ်နိုင်သော်လည်း ထိုအခြေအနေမှာ လွန်စွာဖြစ်ခဲလှပါတယ်။ အုံးလွဲခြင်းအပြင် အောက်ဖော်ပြပါ လက္ခဏာများ ပြသနေလျှင် ဆရာဝန်နှင့် ချက်ချင်းပြသဖို့ လိုအပ်ပါတယ်။
•-ဖျားခြင်း
-ခေါင်းကိုက်ခြင်း
-အမြင်ဝေဝါးခြင်း
-အာရုံခံစားမှုနည်းလာခြင်း
-လမ်းလျှောက်နေစဉ် ဟန်ချက်ထိန်းရန် ခက်ခဲလာခြင်း
.gov
Credit-

 #သွေးတကယ်ဆုံးပြီလားCredit-      အမျိုးသမီးတွေမှာ သွေးဆုံးတာနဲ့ ပတ်သက်ပြီး အဓိကအားဖြင့် -𝗣𝗿𝗲-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးမဆုံးခင် အချ...
06/07/2023

#သွေးတကယ်ဆုံးပြီလား

Credit-

အမျိုးသမီးတွေမှာ သွေးဆုံးတာနဲ့ ပတ်သက်ပြီး အဓိကအားဖြင့်
-𝗣𝗿𝗲-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးမဆုံးခင် အချိန်)
-𝗣𝗲𝗿𝗶𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးခါနီးအချိန်)
-𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးချိန်)
-𝗣𝗼𝘀𝘁-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးပြီး အချိန်) ဆိုပြီး အဆင့် (၄) ဆင့် ရှိပါတယ်။

အပျိုဖော်ဝင်တဲ့အချိန်ကစပြီး သွေးဆုံးခါနီးအချိန်ထိကို သွေးမဆုံးခင်အချိန် (𝗣𝗿𝗲-𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲) လို့ ခေါ်ပါတယ်။ ဒီအတောအတွင်းမှာတော့ အမျိုးသမီးတွေမှာ ပုံမှန် ဓမ္မတာသွေးဆင်းမှုတွေရှိပြီး ကလေးယူမယ်ဆိုလဲ ယူလို့ရတဲ့ အချိန်ပဲ ဖြစ်ပါတယ်။ ဓမ္မတာ လစဉ်ပုံမှန် ရှိနေတဲ့အတွက် ဓမ္မတာမလာခင်နဲ့ လာနေတုန်းမှာ ခံစားရလေ့ရှိတဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။ အဖြစ်များဆုံးကတော့ ဗိုက်တွေအောင့်တယ်၊ ခါးတွေ နာတယ်၊ ခေါင်းတွေ ကိုက်တယ်၊ ရင်သားတွေ တင်းပြီး နာတယ် စတဲ့ လက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
𝗣𝗲𝗿𝗶𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 အချိန်က သွေးဆုံးခါနီးအချိန်ပဲ ဖြစ်ပါတယ်။ ဒီအဆင့်ကတော့ ပုံမှန်အားဖြင့် အသက် (၄၀) အရွယ်လောက်မှာ စတင်လေ့ရှိပြီး ပျမ်းမျှအားဖြင့် (၄) နှစ်လောက် ကြာလေ့ရှိပါတယ်။ တချို့ အမျိုးသမီးတွေမှာတော့ (၁၀) နှစ်လောက်ထိ ကြာတတ်ပါတယ်။ ဒီအချိန်မှာ 𝗛𝗼𝗿𝗺𝗼𝗻𝗲𝘀 အပြောင်းအလဲ၊ အတက်အကျတွေ တအားဖြစ်လေ့ရှိတဲ့အတွက် သွေးဆုံးကိုင်လက္ခဏာတွေဖြစ်တဲ့ ပူလိုက်အေးလိုက်ဖြစ်ခြင်း၊ ညမှာ ချွေးပြန်ခြင်း၊ စိတ်အပြောင်းအလဲ မြန်ခြင်း၊ ပုံမှန်မဟုတ်တဲ့ ဓမ္မတာတွေ ဆင်းခြင်း၊ မိန်းမကိုယ် ခြောက်သွေ့ခြင်း၊ လိင်စိတ်နည်းပါးခြင်း စတာတွေကို ပိုပြီး ခံစားရလေ့ရှိပါတယ်။
𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 ဆိုတာကတော့ အမျိုးသမီးတွေမှာ (၁၂) လဆက်တိုက် ရာသီသွေး ဓမ္မတာ မလာတော့ရင် သွေးဆုံးပြီ၊ သွေးဆုံးတဲ့အချိန်လို့ ပြောလို့ရပါတယ်။
ဒီအချိန်မှာတော့ သားဥအိမ်က သားဥထုတ်လုပ်မှု ရပ်တန့်သွားပြီး 𝗘𝘀𝘁𝗿𝗼𝗴𝗲𝗻 ထုတ်လုပ်မှု နည်းပါးသွားပြီဖြစ်ပါတယ်။
ဒါကြောင့် 𝗣𝗲𝗿𝗶𝗺𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲အချိန်မှာ ခံစားရတဲ့လက္ခဏာတွေအပြင် နှလုံးခုန်နှုန်းမြန်လာတာ၊ ဆံပင်ပါးလာတာ၊ ဆီးမထိန်းနိုင်တာ စတဲ့လက္ခဏာတွေကို ခံစားရလေ့ ရှိပါတယ်။
ဒါတွေကို ကျော်လွန်ခဲ့ရင်တော့ 𝗣𝗼𝘀𝘁 𝗠𝗲𝗻𝗼𝗽𝗮𝘂𝘀𝗲 (သွေးဆုံးပြီး အချိန်) ထဲကို ဝင်ရောက်လာပြီပဲ ဖြစ်ပါတယ်။ ဒီအချိန်မှာတော့ သွေးဆုံးကိုင် လက္ခဏာတွေကို သိပ်ပြီး မခံစားကြရတော့ပါဘူး။ အမျိုးသမီးတွေဟာ ပုံမှန်အနေအထားကို ပြန်လည် ရောက်ရှိလာပြီပဲ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း 𝗘𝘀𝘁𝗿𝗼𝗴𝗲𝗻 ဟော်မုန်းက နည်းပါးနေတာဖြစ်လို့ ကျန်းမာရေးပြဿနာတွေဖြစ်တဲ့ အရိုးပွ၊ အရိုးပါး၊ အရိုးကျိုးနဲ့ နှလုံးရောဂါဖြစ်နိုင်ချေတွေက ပိုများလာပါတယ်။
ဒါ့အပြင် သွေးဆုံးပြီးတဲ့နောက် သွေးပြန်ပေါ်လာတာက သွေးသစ်လောင်းတာ မဟုတ်ပါဘူး။ဒီလိုသွေးဆင်းတာက ပုံမှန်မဟုတ်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကုသဖို့ သိပ်ကိုအရေးကြီးပါတယ်။

Credit-

 #ဆီးခဏခဏသွားခြင်းနှင့်ဆီးမထိန်းနိုင်ခြင်းရောဂါဆိုင်ရာသိမှတ်ဖွယ်ရာများ Credit-     ပုံမှန်ဆီးသွားခြင်းဖြစ်စဉ်ဆိုတာ ဆီးအိ...
01/07/2023

#ဆီးခဏခဏသွားခြင်းနှင့်ဆီးမထိန်းနိုင်ခြင်းရောဂါဆိုင်ရာသိမှတ်ဖွယ်ရာများ

Credit-

ပုံမှန်ဆီးသွားခြင်းဖြစ်စဉ်ဆိုတာ ဆီးအိမ်ထဲမှာ ဆီးတွေနဲ့ပြည့်လာတဲ့အခါ အာရုံကြောတွေကနေတဆင့် ဦးနှောက်ကိုအချက်ပေးပါတယ်။ထိုအချိန်မှာ ဆီးအိမ်ကညှစ်ပြီး ဆီးလမ်းကြောင်းရှိကြွက်သားတွေက ဖြေလျှော့ပေးခြင်းဖြင့် ဆီးသွားနိုင်တာပဲဖြစ်ပါတယ်။ဒါပေမယ့် လိုအပ်ရင် အခြေအနေပေါ်မူတည်ပြီး ဆီးထိန်းထား/အောင့်ထားနိုင်ကြပါတယ်။

𝐎𝐯𝐞𝐫 𝐀𝐜𝐭𝐢𝐯𝐞 𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞
#𝐎𝐀𝐁 (ဆီးခဏခဏသွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်း) ဆိုတာကတော့ ဆီးအိမ်နဲ့ဦးနှောက်အာရုံကြောစနစ်ကြား ချို့ယွင်းမှု့ဖြစ်လာတဲ့အခါမှာ ကြုံတွေ့ရတဲ့အခြေအနေတစ်ခုပါ၊ ဖြစ်ပေါ်စေတဲ့အကြောင်းအရာတွေကတော့-
-အာရုံကြောဆိုင်ရာရောဂါများ (လေဖြတ်ခြင်း၊ ကျီးပေါင်းရောဂါ)
-အသက်ကြီးလာသောကြောင့် အာရုံကြောများအားနည်းလာခြင်း
-ဆီးချိုရောဂါရှိသူများ
-ဆီးအိမ်ထဲတွင် ပုံမှန်မဟုတ်သော
-အလုံးအကြိတ်ရှိခြင်း၊ ဆီးကျောက်တည်ခြင်း
-ဟော်မုန်းဆိုင်ရာအကြောင်းအရာများ (ကိုယ်ဝန်ဆောင်သည် နှင့် သွေးဆုံးပြီးအမျိုးသမီးများ)
-သောက်လက်စဆေးများရဲ့ ဘေးထွက်ဆိုးကျိုး တို့ကြောင့်ဖြစ်ပါတယ်။
ဒါတွေအပြင် တချို့သောသူတွေမှာ အကြောင်းအရင်းရှာမရပဲနဲ့လည်း 𝐎𝐀𝐁 𝐒𝐲𝐧𝐝𝐫𝐨𝐦𝐞 ကိုခံစားရနိုင်ပါတယ်။

#ခံစားရသောရောဂါလက္ခဏာများ
(OAB Syndrome ကတော့ များသောအားဖြင့် အမျိုးသမီးတွေနဲ့ အသက်ကြီးတဲ့သူတွေ (၆၅နှစ်အထက်) မှာ ပိုပြီးအဖြစ်များတာတွေ့ရပါတယ်။စစ်တမ်းတွေအရလည်း မြန်မာနိုင်ငံမှာဖြစ်ပွားမှုနှုန်းများတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်)။
OAB Syndrome ခံစားနေရတဲ့သူတွေမှာကြုံတွေ့ရတဲ့လက္ခဏာတွေကတော့
-ဆီးမအောင့်နိုင်ခြင်း (Urgency)
-ဆီးမထိန်းနိုင်ခြင်း/ ဆီးယိုစိမ့်ခြင်း (Incontinence)
-ဆီးခဏခဏသွားရခြင်း (နေ့အချိန်တွင် ၈ကြိမ်ထက်ပိုပြီးဆီးသွားရခြင်း) (Frequency)
-ညအခါ နှစ်ကြိမ်ထက်ပိုပြီးဆီးသွားရခြင်း (Nocturia) တို့ပဲဖြစ်ပါတယ်။
ဒါပေမယ့် လူအများစုဟာ ဒီလက္ခဏာတွေကို သတိမမူမိတတ်ကြပါဘူး၊ ပုံမှန်ဖြစ်လေ့ဖြစ်ထရှိတယ်လို့ပဲ ယူဆကြပါတယ်။ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့ကိုလည်း ရှက်ကြောက်ကြတဲ့အတွက် အချိန်ကြာလာတဲ့အခါမှာ သူတို့ရဲ့နေ့စဉ်ဘဝလုပ်ငန်းဆောင်တာတွေဆောင်ရွက်ရာမှာ အနှောင့်အယှက်ဖြစ်တာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာတာတွေကိုပါ ကြုံတွေ့ရပါတယ်။
ဒါကြောင့်မို့ ဆီးခဏခဏသွားခြင်း နှင့် ဆီးမထိန်းနိုင်ခြင်းရောဂါ (OAB Syndrome) ဟာဆိုရင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ပြီး ထိရောက်စွာကုသသင့်သော ရောဂါဖြစ်ပါတယ်။

#ဆောင်ရွက်ရမယ့်ရောဂါရှာဖွေစမ်းသပ်မှုများ
𝐎𝐀𝐁 လက္ခဏာတွေခံစားနေရပြီဆို လိုအပ်တဲ့စစ်ဆေးချက်တွေပြုလုပ်ရပါမယ်၊
-သွေးစစ်ခြင်း
-ဆီးစစ်ခြင်း
-ဆီးလမ်းကြောင်းမှန်ပြောင်းကြည့်ခြင်း
-အာထရာဆောင်း ရိုက်ခြင်း (𝐔𝐥𝐭𝐫𝐚𝐬𝐨𝐮𝐧𝐝)
-ဆီးအိမ်နှင့် ဆီးလမ်းကြောင်းလုပ်ဆောင်မှုမှတ်တမ်း (𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐃𝐢𝐚𝐫𝐲) ထားရှိခြင်း (တစ်နေ့တာသောက်သုံးသော အရည်ပမာဏ၊ ဆီးသွားသော ပမာဏနှင့် အကြိမ်ရေ၊ ခံစားရသော လက္ခဏာတို့ကို အချိန်နှင့်အလိုက် မှတ်သားခြင်း)

#သက်သာပျောက်ကင်း‌အောင်ကုသနိုင်မည့်နည်းလမ်းများ

(၁) နေထိုင်စားသောက်မှု့ပုံစံပြောင်းလဲခြင်း နှင့် အမူအကျင့်ဆိုင်ရာကုထုံး
ဆီးအိမ်လှုံ့ဆော်မှုများစေတဲ့အစားအစာများကို လျှော့စားခြင်း (ဥပမာ - ကော်ဖီ၊ လက်ဖက်ရည်၊ အရက်၊ ဂတ်စ်ပါသောအချိုရည်၊ အချဉ်ဓာတ်များသော အသီးအနှံများ)
-ကျန်းမာသော ကိုယ်အလေးချိန်ကို ထိန်းထားခြင်း
-တစ်နေ့တာအတွင်း သင့်တော်သောရေပမာဏ (၁လီတာ - ၁လီတာခွဲ) သောက်သုံးပေးခြင်း
-ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်ခြင်း
-ဝမ်းချုပ်သောအလေ့အထ မဖြစ်အောင် နေထိုင်ခြင်း
-စိတ်ဖိစီးမှုကို လျှော့ချခြင်း (တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်း)

(၂) ဆီးအိမ်လုပ်ဆောင်မှုပြန်လည်လေ့ကျင့်ခြင်း (𝐁𝐥𝐚𝐝𝐝𝐞𝐫 𝐑𝐞𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠)

(၃) မိန်းမကိုယ်ကြွက်သားဆိုင်ရာ လေ့ကျင့်ခန်း (𝐏𝐞𝐥𝐯𝐢𝐜 𝐦𝐮𝐬𝐜𝐥𝐞 𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐞𝐱𝐞𝐫𝐜𝐢𝐬𝐞) များပြုလုပ်ခြင်း

(၄) ဆေးဝါးဖြင့်ကုသခြင်း (ဆီးအိမ်ကြွက်သားညှစ်ခြင်းကို ထိန်းပေးသောဆေးများ)

(၅) အာရုံကြောများလှုံ့ဆော်ခြင်းကုထုံး (𝐍𝐞𝐮𝐫𝐨𝐬𝐭𝐢𝐦𝐮𝐥𝐚𝐭𝐢𝐨𝐧 𝐓𝐡𝐞𝐫𝐚𝐩𝐲)

(၆) ခွဲစိတ်ကုသခြင်း
ဒီလိုနည်းလမ်းတွေနဲ့ သက်သာပျောက်ကင်းအောင်ကုသနိုင်တဲ့အတွက် 𝐎𝐀𝐁 ရဲ့လက္ခဏာတွေခံစားနေရပြီဆိုရင် ဆရာဝန်နဲ့သေချာဆွေးနွေးတိုင်ပင်ပြီး ထိရောက်စွာကုသရပါမယ်။
ဒါမှသာ ကြုံတွေ့နေရတဲ့ နေ့စဉ်ဘဝရဲ့ အဆင်မပြေမှု့တွေ ကင်းဝေးပြီး ကိုယ်ကျန်းမာ စိတ်ချမ်းသာစွာနဲ့ သက်တမ်းတစ်လျှောက်နေထိုင်သွားနိုင်မှာ ဖြစ်ပါတယ်။

Credit-

 #နှလုံးကိုထိခိုက်စေနိုင်တဲ့သတိမမူမိသောအပြုအမူ_၇_မျိုး Credit-            - - အထိုင်များခြင်း(ကိုယ်လက်လှုပ်ရှားမှုနည်းပြ...
22/06/2023

#နှလုံးကိုထိခိုက်စေနိုင်တဲ့သတိမမူမိသောအပြုအမူ_၇_မျိုး

Credit-

-

- အထိုင်များခြင်း
(ကိုယ်လက်လှုပ်ရှားမှုနည်းပြီး တစ်နေရာထဲမှာကြာကြာထိုင်နေတတ်တဲ့အကျင့်ကလည်း သွေးလည်ပတ်မှုအားကို မကောင်းစေတဲ့အပြုအမူဖြစ်လို့ နှလုံးရောဂါနှင့်လေဖြတ်ခြင်းကိုဖြစ်ပွားစေနိုင်ပါတယ်)

- လေ့ကျင့်ခန်းများအလွန်အကျွံလုပ်ခြင်း
(လေ့ကျင့်ခန်းလုပ်တာကနှလုံးအတွက်ကောင်းပေမယ့် လေ့ကျင့်ခန်းကိုအလွန်အကျွံပြုလုပ်လိုက်ခြင်းက နှလုံးအပေါ်မှာဖိအားသက်‌ရောက်စေပြီး အခန့်မသင့်ရင် ရင်ဘတ်အောင့်ခြင်း၊ နှလုံးခုန်နှုန်းတအားမြန်ခြင်းနှင့်ပုံမှန်မဟုတ်ခြင်း၊ အသက်ရှူမဝခြင်း၊ မူးမော်ခြင်းတို့ကို ဖြစ်စေတာကြောင့် လေ့ကျင့်ခန်းပြုလုပ်တဲ့အခါမှာ (အလွန်အကျွံနှင့်စိတ်ပါမှလုပ်ခြင်းမျိုးမဟုတ်ဘဲ) နေ့စဥ်ပုံမှန်လေးပြုလုပ်သင့်ပါတယ်)။

- ဆေးလိပ်သောက်ခြင်း (သို့) ဆေးလိပ်ငွေ့မကြာခဏရှူရှိုက်မိခြင်း
(ဆေးလိပ်သောက်ခြင်းကအဆုတ်တင်မက နှလုံးနှင့်သက်ဆိုင်သော နှလုံးသွေးကြောကျဥ်းရောဂါကဲ့သို့သောရောဂါများဖြစ်ပွားစေနိုင်ပါတယ်။ ဆေးလိပ်ကိုကိုယ်တိုင်သောက်မှမဟုတ်ဘဲ ဆေးလိပ်ငွေ့ကိုမကြာခဏရှူရှိုက်မိခြင်းကလည်း ကြာလာတဲ့အခါမှာ နှလုံးရောဂါဖြစ်ပွားနိုင်ချေများပါတယ်)။

- ခန္ဓာကိုယ်အတွင်းမကောင်းသော
ကိုလက်စထရောပမာဏများနေခြင်း
(ခန္ဓာကိုယ်အတွင်းမကောင်းသော
ကိုလက်စထရောပမာဏတွေများနေခြင်းကလည်းနှလုံးအတွင်းသွေးကြောများကျန်းမာရေးကိုထိခိုက်စေနိုင်တာမို့ အဝလွန်နေပါက ဝိတ်ကိုပုံမှန်အတွင်းဖြစ်နေအောင်ထိန်းသိမ်းသင့်ပါတယ်)။

- စိတ်ဖိစီးမှုများနေခြင်း
(စိတ်ဖိစီးမှုတွေများပြီး Stress တွေပိနေခြင်းကလည်း နှလုံးကိုထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်စိတ်တွေတအားဖိစီးနေတာကိုသိရင် ကိုယ့်စိတ်ကိုတတ်နိုင်သမျှထိန်းချုပ်ဖို့လိုပါတယ်)။

- ညဘက်တွေမှာအအိပ်နောက်ကျခြင်း၊အိပ်ရေးပျက်များခြင်း
(ကောင်းမွန်သောအိပ်စက်ခြင်းကနှလုံးအပါအဝင်ခန္ဓာကိုယ်အစိတ်အပိုင်းများရဲ့လုပ်ဆောင်ချက်များကိုကောင်းမွန်စေပါတယ်။ ဒါကြောင့်လုံလောက်သောအိပ်စက်ချိန်မရခြင်းက နှလုံးရောဂါကိုဖြစ်ပွားစေနိုင်ရုံသာမက ကြာလာရင် စိတ်ပိုင်းဆိုင်ရာကိုထိခိုက်စေနိုင်ပါတယ်)။

- အစားအသောက်စားသုံးမှုပုံစံမှားယွင်းနေခြင်း
(ငန်လွန်း၊ချိုလွန်းသောအစားအစာများနှင့်အဆီအဆိမ့်များကို လိုအပ်တာထက်ပိုပြီးစားသုံးခြင်းက နှလုံးကိုလာရောက်ထိခိုက်နိုင်ပါတယ်၊ ဒါကြောင့် အစားအစာစားသုံးတဲ့အခါမှာလည်း အသင့်စားအစားအစာတွေကိုရှောင်ကျဥ်သင့်ပြီး နှလုံးကျန်းမာစေမည့် အစားအသောက်များဖြစ်တဲ့ အခွံမာသီးများ၊ အစေ့အဆန်များ၊ အဆီနည်းသော နို့ထွက်ပစ္စည်းများနှင့် ပရိုတင်းဓာတ်များကဲ့သို့သော အဆီပါဝင်မှုနည်းတဲ့အသားများကို ‌ရွေးချယ်စားသုံးသင့်ပါတယ်)။

 #ရာသီပေါ်တုပ်ကွေးရောဂါနှင့်ကာကွယ်ဆေး(Seasonal Flu and The Vaccine)Credit-                  ကမ္ဘာပေါ်တွင် အဖြစ်အများဆုံး...
21/06/2023

#ရာသီပေါ်တုပ်ကွေးရောဂါနှင့်ကာကွယ်ဆေး
(Seasonal Flu and The Vaccine)

Credit-



ကမ္ဘာပေါ်တွင် အဖြစ်အများဆုံးသော ရောဂါများမှာ တစ်ဦးမှတစ်ဦးထံသို့ ကူးစက်ရန် လွယ်ကူသော -
ဗိုင်းရပ်စ်ပိုးမွှားများကြောင့်ဖြစ်သည့် တုပ်ကွေးရောဂါ(Fu) နှင့် အအေးမိ၊ နှာစေးခြင်း(Common Cold) တို့ဖြစ်ကြသည်။
အထူးသဖြင့် ရောဂါပိုးရှိသူမှ နှာစေး၊ ချောင်းဆိုးခြင်းတို့မှတစ်ဆင့် ပျံ့နှံ့လာသော ပိုးမွှားတို့ကိုရှူရှိုက်မိခြင်းကြောင့်
တစ်ဦးမှ တစ်ဦးထံသို့ ရောဂါကူးစက်ခြင်း ဖြစ်သည်။
ထို့ကြောင့် မိမိ၏ခုခံအား စနစ်ကောင်းမွန်စေရန် နှင့်ရောဂါလက္ခဏာများ ၀င်ရောက်ခြင်းမရှိစေရန်အစွမ်းထက်သော
ကာကွယ်ဆေးများထိုးနှံထားခြင်းဖြင့် ကာကွယ် ထားသင့်ပါသည်။

Common Cold နှင့် Flu တို့၏တူညီသော လက္ခဏာများ

-လည်ချောင်းနာခြင်း
-နှာရည်ယို/နှာစေးခြင်း
-နှာခေါင်းပိတ်ခြင်း
-ချောင်းဆိုးခြင်း

Flu(တုပ်ကွေး)၏အခြားလက္ခဏာရပ်များ

-အဖျားတက်ခြင်း
-ခေါင်းကိုက်ခြင်း
-ကြွက်သားများနာကျင်ခြင်း

ရောဂါပြင်းထန်မှု

တုပ်ကွေးရောဂါ လက္ခဏာများသည် သာမန်လက္ခဏာများဖြစ်သော်လည်း တစ်ခါတရံတွင် အသက်အန္တရာယ်ပေးနိုင်သည်အထိ ပြင်းထန်နိုင်ပါသည်။

ရာသီပေါ် တုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးသင့်သူများ

(၁) ကိုယ်၀န်ဆောင်မိခင်များ
(၂) ကလေးသူငယ်များ
(၃) အသက် (၆၅)နှစ် နှင့် အထက်လူကြီးများ
(၄) ရောဂါ အခံရှိသူများ
ဥပမာ-ဆီးချိုရောဂါ ရှိသူများ၊
-အဆုတ်ပွရောဂါ ရှိသူများ၊
- အသည်းနှင့် ကျောက်ကပ်ဝေဒနာရှင်များ
- အာရုံကြော ရောဂါရှိသူများ၊
ကင်ဆာ၊ HIV နှင့် အ၀လွန်သူများ
(၅) ကျန်းမာရေး ၀န်ထမ်းများ

တုပ်ကွေး ရောဂါကာကွယ်ခြင်း (Prevention of Flu)

-ဆပ်ပြာသုံး၍ လက်ကို စက္ကန့် ၂၀ မျှသေရာသန့်ရှင်းစွာ
ဆေးကြောပေးပါ။
-မလိုအပ်ဘဲ (သို့မဟုတ်) မကြာခဏ မိမိလက်နှင့်
-နှာခေါင်း၊ မျက်လုံး၊ ပါးစပ်များကိုမကိုင်တွယ်ပါနှင့်။
-ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ပါ။
မိမိ၏ အိမ်၊ စာသင်ခန်း၊ ရုံးခန်းတို့ကို ပုံမှန်သန့်ရှင်းရေးလုပ်ဆောင်ပါ။
-နေ့စဉ်စုစုပေါင်း အိပ်ချိန် ၇နာရီ သို့မဟုတ် ၈နာရီခန့်ထိ ပုံမှန်အိပ်စက်ပါ။
-ကျန်းမာရေးနှင့် ညီညွတ်မျှတသော အာဟာရပါ၀င်သည့် အစားအစာများကိုစားသုံးပါ။
- တုပ်ကွေးရောဂါ ကာကွယ်ဆေးကို နှစ်စဉ် ပုံမှန်ထိုးပါ။

တုပ်ကွေး ရောဂါကာကွယ်ဆေးနှင့် ပတ်သက်သည့် အမေးအဖြေများ

မေး- ကာကွယ်ဆေးကို မည်သည့်အချိန်တွင် ထိုးသင့်သနည်း။

ဖြေ- မိုးဦးကျကာလ (တုပ်ကွေးရာသီ) မတိုင်ခင်တွင် ထိုးနှံထား
သင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် တုပ်ကွေးကာကွယ်
ဆေးသည် အကျိုးအာနိသင်ပြရန် (၂)ပတ်ခန့် အချိန်ယူရ
သောကြောင့် ဖြစ်ပါသည်။

မေး- အကြိမ်အရေအတွက် မည်မျှထိုးရမည်နည်း။

ဖြေ- နှစ်စဉ်ရောဂါပိုး (ဗိုင်းရပ်စ်) အမျိုးအစားအသစ်ဖြစ်ပေါ်လာ နိုင်သည့်အတွက် တုပ်ကွေးကာကွယ် ဆေးကိုနှစ်စဉ်
ထိုးသင့်ပါသည်။

မေး- တုပ်ကွေးကာကွယ်ဆေးသည် ထိရောက်မှုနှင့်လုံခြုံမှု အမှန်တကယ်ရှိပါသလား။

ဖြေ- တုပ်ကွေးကာကွယ်ဆေးသည် ရာနှုန်းပြည့်နီးပါးကာကွယ်မှုကို
ပေးနိုင်သော ကာကွယ်ဆေးဖြစ်ပါသည်။
မေး- ကိုယ်၀န်ဆောင်မိဝင်များအတွက် ဆိုးကျိုးရှိနိုင်ပါသလား။

ဖြေ- တုပ်ကွေးရောဂါကာကွယ်ဆေးကို ကိုယ်၀န်ဆောင် ကာလတလျှောက်
မည်သည့် အချိန်တွင်မဆိုထိုးနှံ
နိုင်ပြီးမိခင်နှင့် မွေးဖွားလာသည့် ကလေးထိ ဆိုးကျိုး တစ်စုံတရာ သက်ရောက်ခြင်းမရှိပါ။

Ref: SA Health FAQs.
Ref: sharecare.com

Address

Yangon

Telephone

+959443158127

Website

Alerts

Be the first to know and let us send you an email when ECG posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram