Chan Myae Hospital

Chan Myae Hospital Chan Myae Specialist Hospital

ချမ်း‌‌မြေ့ဆေးရုံ၏  စုပေါင်းဘုံကထိန် အလှူဒါန
17/11/2024

ချမ်း‌‌မြေ့ဆေးရုံ၏ စုပေါင်းဘုံကထိန် အလှူဒါန

📕Cervical Spondylosis (လည်ပင်းကျီးပေါင်း /ဂုတ်ကျီးပေါင်း ရောဂါအကြောင်း📕         🔰 ယခုတစ်ပတ် ကျန်းမာရေး ဗဟုသုတ ခေါင်းစဥ်လ...
08/03/2024

📕Cervical Spondylosis (လည်ပင်းကျီးပေါင်း /ဂုတ်ကျီးပေါင်း ရောဂါအကြောင်း📕

🔰 ယခုတစ်ပတ် ကျန်းမာရေး ဗဟုသုတ ခေါင်းစဥ်လေး အဖြစ် cervical spondylosis(လည်ပင်း ကျီးပေါင်း /ဂုတ်ကျီးပေါင်း ရောဂါလေး)အကြောင်းကို ရွေးချယ် တင်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ကျွန်မတို ့ လူမှုနယ်ပယ် တစ်ခုဖြစ်တဲ့ သစ်လောက မှာလဲ ကျီးပေါင်းlကျီးပေါင်းဆိုတဲ့ စကား အသုံးအနှုန်းလေး တစ်ခုကို လူတိုင်း မြင်ဖူးlကြားဖူး ကြလိမ့်မယ် ထင်ပါတယ်။ပိတောက်lကျွန်းlပျဥ်းကတိုးl သစ်မာ တို ့လို အစရှိတဲ့ သစ်အုပ်စုတွေထဲမှာ ပုံမှန် သစ်လုံးပတ် အရွယ်အစားထက် ပိုပြီး ဖုဖောင်း ထွက်နေခြင်းlပုံမှန် သစ်လုံး ပုံသဏ္ဍာန် ချောမွေ ့နေရာ ကနေ ပုံသဏ္ဍာန် မမှန် ပြောင်းလဲ ဖြစ်ပေါ်နေခြင်းကို သစ်လောကမှာ ကျီးပေါင်းတက်နေသော သစ်လို ့ခေါ်ဆိုကြပါတယ်။ထိုသစ်လောက ကျီးပေါင်း နှင့် အဓိပ္ပါယ်တူသော ကျွန်မတို ့ လူ ့ခန္ဓာကိုယ် အာရုံကြောရိုး တစ်လျှောက် မူလ ပုံသဏ္ဍာန် ချောမွေ ့နေသော အာရုံကြော အဆစ်ကလေးတွေဟာ အသက်အရွယ်ကြောင့် သော်လည်းကောင်းl အရိုးအဆစ်များ ရောင်ရမ်းခြင်းကြောင့် သော်လည်းကောင်းl အာရုံကြောရိုး အဆစ်ကလေးများကြားရှိ ဝါလျှာလို disc အပြားလေးများဟာ မျိုးရိုးဗီဇ ပြောင်းလဲခြင်းကြောင့်သော် လည်းကောင်းlယခင် ထိခိုက်ဒဏ်ရာ ရရှိထားမှု ကနေ အာရုံကြောမကြီး(spinal cord)ကို သွားဖိထားခြင်းကြောင့် သော်လည်းကောင်းlအာရုံကြော အဆစ်ကလေးများဟာ တုတ်ခိုင်လာပြီး မူလ ပုံသဏ္ဍာန် အာရုံကြော အဆစ် ကလေးတွေဟာ ပုံသဏ္ဍာန် ပြောင်းလဲသွားကြပါတယ်။ဒါကိုကျတော့ ဆေးပညာရဲ ့ ကျီးပေါင်းလို ့ခေါ်ဆိုပါတယ်။👍👍👍👍👍

☑☑☑☑☑လူ ့ခန္ဓာကိုယ်မှာ အာရုံကြော အရိုးအဆစ်ကလေးတွေဟာ စတီးချိုင့်ပုံစံ အဆင့်လေးများဖြင့် ဖွဲ ့စည်းထားပါတယ်။ထို အဆင့်လေးတွေကြားထဲမှာ ကြားခံ ဝါလျှာ လိုမျိုး အပြားလေး(intervertebral disc)လေးတွေဟာ အာရုံကြော အဆစ်တိုင်း တစ်ခု နှင့် တစ်ခု ကြား ကြားခံ အဖြစ် ခံပေးထားပါတယ်။စတီးချိုင့်တွေမှာဆိုရင် အဲဒီ စတီးချိုင့်လေးတွေကို ထိန်းပေးဖို ့
စတီးကိုင်း ရှိသလိုမျိုး အာရုံကြော အဆစ်ကလေးတွေမှာလဲ Wings လို ့ခေါ်တဲ့ အထိန်းလေးတွေ ရှိကြပါတယ်။Transverse Processes ၂ ခု နှင့် Spinous Processes ၁ ခု ပေါင်းပြီး လက်တံ ၃ ခု ပါတဲ့ ၃ ​​မြှောင့် ပုံသဏ္ဍာန် အရိုး ၃ ခု (vertebral arch) လေးဟာ vertebral body လို ့ခေါ်တဲ့ အာရုံကြောရိုး body အဆစ် များနှင့် တွယ်ဆက်ထိန်းပေးထားပါတယ်။ထို လက်တံ ၃ ခုပါတဲ့ ၃ ​မြှောင့် ပုံသဏ္ဍာန် အရိုး ၃ ခု (vertebral arch) နှင့် အာရုံကြောရိုး အဆစ် (vertebral body) တို ့တွယ်ဆက်ထားတဲ့ နေရာမှာ vertebral foramen လို ့ခေါ်တဲ့ အပေါက်ကြီးကြီး တစ်ပေါက် ရှိပါတယ်။အာရုံကြော အဆစ်ကလေးတွေဟာ စတီးချိုင့် ပုံသဏ္ဍာန် အဆင့်လိုက် ရှိကြ​ပြီးလည်ပင်းကနေ
မြှီးညောင့်ရိုးအထိ အဆင့်ဆင့် အာရုံကြော အဆစ်ကလေးများ ဆင့်လိုက်လျှင် vertebral foramen လို ့ခေါ်တဲ့ အပေါက်ကလေးတွေကနေ vertebral canal လို ့ခေါ်တဲ့ အာရုံကြောမ ဖြတ်သန်းရာ လမ်းကြောင်းတစ်ခု ဖြစ်ပေါ်လာပါတယ်။အဲဒီ vertebral canal လမ်းကြောင်းထဲမှာ ဦးခေါင်းတွင်းရှိ Brain Stem ရဲ ့ Pons & Medulla ကနေ ဆင်းလာတဲ့ spinal cord (အာရုံကြောမကြီး)ဟာ ဦးခေါင်းမှ တဆင့် လည်ပင်းရိုး(Cervical Spine),ကျောရိုး(Thoracic Spine),ခါးရိုး(Lumbar Spine),တင်ပဆုံ ရိုး (sacrum) နှင့် မြှီးညောင့်ရိုး (Coccyx)မှာ အာရုံကြောရိုးမကြီးဟာ အဆုံးသတ်သွားပါတယ်။☑☑☑☑☑

ထို အာရုံကြောမကြီးကနေ အာရုံကြောဂိုဏ်းခွဲလေးတွေဟာ လည်ပင်းရိုး (Cervical Spine
C1 to C7),နောက်ကြောရိုး (Thoracic Spine
T1to T12,ခါးရိုး(Lumbar Spine L1 toL5),တင်ပဆုံရိုး (Sacrum), အရိုးများရဲ ့ vertebral body အဆစ်ကလေးများ တစ်ခု နှင့် တစ်ခု ကြားက intervertebral disc (ကြားခံ ဝါလျှာ)လေးတွေရဲ ့အနောက်ဖက် အပေါက်ကလေးတွေကနေ ခန္ဓာကိုယ်တစ်ခုလုံးသို ့ အာရုံကြောစနစ် အားလုံး ထောက်ပံ ့ ပေးရပါတယ်။အားရုံကြော ထောက်ပံ ့ပေးမှု တစ်လျှောက်မှာ ကျီးပေါင်းကြောင့် အာရုံကြော အခွဲလေးတွေဟာ အာရုံကြောအဆစ်ရိုး (vertebral body)တွေကြား ညှပ်သွားပါတော့တယ်။ထိုကဲ့သို ့ ညှပ်သွားသော အာရုံကြော အခွဲလေးတွေဟာ လည်ပင်းရိုး (Cervical Spine)မှာ ညှပ်လျှင် လည်ပင်းကျီးပေါင်း(CervicalSpondylosis),
ကျောရိုး( Thoracic Spine) မှာ ညှပ်လျှင် ကျောရိုးကျီးပေါင်း (Thoracic Spondylosis),
ခါးရိုး (Lumbar Spine) မှာ ညှပ်လျှင်
ခါးရိုးကျီးပေါင်း (Lumbar Spondylosis)လို ့ခေါ်ပါတယ်။🔰

1️⃣Cervical Spondylosis (လည်ပင်းကျီးပေါင်း)ဘာကြောင့်ဖြစ်ရတာပါလဲ? Cervical Spondylosis (လည်ပင်းကျီးပေါင်း ရောဂါ )လူတိုင်းဖြစ်နိုင်ပါသလား?🤔🤔🤔🤔🤔

✅Cervical Spondylosis (ကျီးပေါင်းရောဂါ)ဟာ ကျွန်မ အထက်မှာ တင်ပြခဲ့သလိုပါပဲ။အာရုံကြောရိုးမကြီး တစ်လျှောက် အာရုံကြောရိုး အဆစ်ကလေးများ တစ်ခု နှင့် တစ်ခုကြားရှိ ကြားခံ ဝါလျှာ ပြားလေးတွေဟာ အသက်အရွယ်ကြောင့် disc ပြား(ဝါလျှာပြား)လေးများ ပါးလာခြင်းlပျက်စီးလာခြင်းlကျွံ ဝင်နေခြင်းကြောင့် လည်းကောင်းlမျိုးရိုးဗီဇ ပြောင်းလဲ ခြင်းနှင့် (Degenerative Disorder & Narrowing Joint Space) ကျဥ်း​မြောင်းခြင်းကြောင့်သော်လည်းကောင်းlအာရုံကြော အရိုးအဆစ်ကလေးများ ရောင်ရမ်းလာခြင်း(Osteoarthritis)
ကြောင့် လည်းကောင်းlယခင်က (accident or injury)ထိခိုက်ဒဏ်ရာဟောင်း ရရှိထားမှု ကနေ အာရုံကြောမကြီးကို သွားဖိထားခြင်းကြောင့်သော် လည်းကောင်း ကျီးပေါင်းရောဂါကို ဖြစ်ပေါ် စေနိုင်ပါတယ်။😱😱😱😱😱

Cervical Spondylosis (လည်ပင်းကျီးပေါင်း)ရောဂါဟာ လူတိုင်းဖြစ်နိုင်ပါသလား မေးရင်?လူတိုင်း အသက်အရွယ်တစ်ခု ရောက်လာပြီဆိုရင် မလွှဲမသွေကြုံတွေ ့ရမယ့် ရောဂါ တစ်ခုပဲ ဖြစ်ပါတယ်။အထူးသဖြင့် အသက် ၄၀ မှ ၆၀ နှစ်ကြားအမျိုးသား/အမျိုးသမီး အားလုံးဟာ အဖြစ်များကြပြီးတော့ အသက် ၃၀ အရွယ် လူလတ်ပိုင်းတွေမှာလဲ ဖြစ်နိုင်ကြတာကိုလဲ တွေ ့ရပြန်ပါတယ်။ယနေ ့တိုးတက်လာတဲ့ မျက်မှောက် ခေတ်ကြီးမှာဆိုရင်TV,Hand Ph,Computer,I pad,Lap Top စ သဖြင့်ဦးခေါင်းကို 90' ထောင့်မှန်ပုံစံ မဟုတ်ဘဲ ဦးခေါင်းအောက်သို ့အကြာကြီး ငုံ ့ပြီး လုပ်ရတဲ့ အလုပ် ဟူသမျှ ဇိမ်ခံ ပစ္စည်းမှန်သမျှဟာ ငယ်ငယ်ရွယ်ရွယ် နှင့် ကျီးပေါင်းရောဂါကို ဖြစ်ပေါ်စေနိုင်တာပဲ ဖြစ်ပါတယ်။✅

2️⃣Cervical Spondylosis(ကျီးပေါင်း)ဖြစ်လျှင် ဘယ်လို ရောဂါ လက္ခဏာတွေ ခံစားလာကြရပါသလဲ?Cervical Spondylosis (ကျီးပေါင်း)ရောဂါကို လုံးဝ ပျောက်ကင်းသွားအောင် ကုသလို ့ရနိုင်ပါသလား?🤔🤔🤔🤔🤔


✅ လည်ပင်းရိုး (cervical spine)ရဲ ့ vertebral body အပေါက်ကျဥ်းကျဥ်းလေးတွေကနေ တဆင့် အာရုံကြောမျှင်လေးတွေဟာ ဦးခေါင်းပိုင်း(Head) နှင့် ခန္ဓာကိုယ် အပေါ်ပိုင်း (Upper Limbs)များကို အာရုံကြောစနစ် ထောက်ပံ ့ပေးရပါတယ်။လည်ပင်းကြီးပေါင်း(Cervical Spondylosis)ရောဂါ ဖြစ်လာတဲ့အခါ လည်ပင်းအာရုံကြောရိုးဟာ ပုံမှန် အရွယ်အစားထက် တုတ်ခိုင်လာခြင်း နှင့် ပုံ သဏ္ဍာန်ပြောင်းလဲ လာခြင်းတို ့ကြောင့် ဦးခေါင်းပိုင်း နှင့် ခန္ဓာကိုယ် အပေါ်ပိုင်း ထောက်ပံ့ ပေးရတဲ့ အာရုံကြောမျှင်လေးတွေဟာ လည်ပင်း အဆစ်ရိုး တစ်ခု နှင့် တစ်ခုကြား ညှပ်သွားပါတော့တယ်။ထိုအခါ ဦးခေါင်း မခံနိုင်အောင် မူးဝေခြင်းlအော့အန် ခြင်းlခေါင်းကိုက်ခြင်း နှင့် ဦးခေါင်း လေးလံ ထိုင်းမှိုင်းခြင်းlဦးခေါင်း မထောင်မတ်ချင်လောက်အောင် ဖြစ်ခြင်းl နောက်ကျောတက်l ဇက်ကြောထိုးခြင်းl ဦးခေါင်းနှင့် လည်ပင်းနား အနီးတဝိုက် နင်အောင့် နင်အောင့် ဖြစ်ခြင်း lဦးခေါင်း လိုသလို လှုတ်ရှား၍ မရခြင်းများ
နှင့် လည်ပင်းကြွက်သားများ တောင့်တင်း နာကျင်ခြင်း စသည့် ရောဂါ လက္ခဏာများ ခံစားလာကြရပါတယ်။ခန္ဓာကိုယ် အပေါ်ပိုင်း ရောဂါ လက္ခဏာတွေဟာဆိုရင် ပခုံးရိုး နာကျင်ခြင်းlလက်ချောင်းထိပ် /ခြေချောင်းထိပ် ကလေးများ ထုံကျင်လာခြင်း နှင့် sensation လို ့ခေါ်တဲ့ ထိတွေ ့မှု အာရုံခံ စနစ် လျော့ကျလာခြင်းတို ့ပဲ ဖြစ်ကြပါတယ်။ထို ့အပြင် လက်ပြင်ငုတ်နေသလိုမျိုး လက်မောင်းမြှောက်မရခြင်း နှင့် လက်မောင်းတစ်ခုလုံး သွားလာ လှုတ်ရှားမှုဆိုင်ရာတွေမှာ လေးလံ လာခြင်းများပါ ခံစားလာကြရပါတယ်။

လည်ပင်းရိုး (cervical spine)မှာ Cervical
C-1,C-2,C-3,C-4,C-5,C-6,C-7 ဆိုပြီး နံပါတ်စဥ် ၇ ခုဖြင့် ဖွဲ ့စည်း ထားပါတယ်။လည်ပင်းရိုး (Cervical Spine)ရဲ ့ C1,C2,C3 level မှာရှိတဲ့ cervical nerve တွေဟာဆိုရင် ဦးခေါင်းပိုင်း နှင့် လည်ပင်းတွေ ရဲ ့ အရှေ ့ဘက်နှင့် အနောက်ဘက် ရွှေ ့လျားမှုတွေကို ထိန်းချုပ်ပေးပါတယ်။ပိုပြီးတိတိကျကျ ပြောရမယ်ဆိုရင် Cervical Spine Nerve C2 ဟာ ဦးခေါင်းရဲ ့ အပေါ်ပိုင်း အာရုံခံ စနစ်ကို ထောက်ပံ့ ပေးပြီးတော့ Cervical Spine Nerve C3 ဟာ မျက်နှာ နှင့် ဦးခေါင်း ရဲ ့ နောက်ဘက်ပိုင်း အာရုံခံ စနစ်ကို ထောက်ပံ ့ ပေးပါတယ်။

Phrenic Nerve (Mixed Motor & Sensory Nerve) ဟာဆိုရင် C3 to C5 ကနေ စတင်ပါတယ်။
Phrenic Nerve ဟာဆိုရင် ခန္ဓာကိုယ်အတွက် အသက်ရှူခြင်းဆိုင်ရာ motor nerve ကို ထိန်းချုပ်ပေးပါတယ်။ကျွန်မတို ့ခန္ဓာကိုယ်မှာ nerve အုပ်စု ၂ မျိုး ရှိပါတယ်။အာရုံခံ စနစ်ကို ထိတွေ ့ခြင်းဆိုင်ရာ အတွက် Sensory Nerve က ထိန်းချုပ်ပြီးတော့ ခန္ဓာကိုယ် လှုတ်ရှားမှု ဆိုင်ရာ တာဝန်ကိုတော့
Motor nerve က ထိန်းချုပ်ပါတယ်။ဒါကြောင့်မို ့လို ့ Motor Nerve ရော Sensory Nerve ပါ ပူးတွဲ တာဝန် ယူပေးရတဲ့ Phrenic Nerve (originate from C 3 to C5 )ဟာဆိုရင် ခန္ဓာကိုယ်အတွက် လွန်စွာပင် အရေးကြီးလှ ပါတယ်။လည်ပင်းရိုး ထိခိုက်ဒဏ်ရာ ရရှိခြင်း (Cervical Fracture Injury)
ကြောင့်ပဲ ဖြစ်ဖြစ် lSevere Cervical Spondylosis
(အပျင်းစား ကျီးပေါင်း)ရောဂါကြောင့်ပဲ ဖြစ်ဖြစ်
Phrenic Nerve Injury ရရှိခဲ့လျှင် အသက် အန္တရာယ်အထိပါ ခြိမ်းခြောက် လာနိုင်ပါတယ်။

Cervical Spine(From C5 to C7)ရှိ nerve ဟာ ဆိုရင် ခန္ဓာကိုယ်ရဲ ့အပေါ်ပိုင်း Upper Limbs
အာရုံကြော စနစ်ကို ထောက်ပံ ့ပေးရပါတယ်။ဒါကြောင့်မို ့လို ့ လည်ပင်းကျီးပေါင်း (Cerbical Spondylosis) ရောဂါမှာ C5 to C7 ရှိ လည်ပင်း အာရုံကြောရိုး အဆစ်တွေ ကျဥ်းမြှောင်းသွားလျှင်
ပခုံး ကပ်သလို ပခုံးရိုးမြှောက်ဖို ့ကိုပင် ခက်ခဲလာပါလိမ့်မယ်။ပခုံးရိုးဟာ ဒီလို အခြေအနေ ဖြစ်နေပြီဆိုလျှင် ဖြစ်နိုင်​ချေ ၃ မျိုး ရှိပါတယ်။ပထမ တစ်မျိုးက Cervical Spine (လည်ပင်း ကျီးပေါင်း)
ကြောင့် အာရုံကြောညှပ်ပြီး ပခုံးရိုးဟာ မြှောက်မရတာမျိုး မြှောက်ဖို ့ ခက်ခဲတာမျိုး ဖြစ်နိုင်ပါတယ်။ဒုတိယ တစ်မျိုးကတော့ Frozen Shoulder လို ့ခေါ်တဲ့ ပခုံးရိုးမှာရှိတဲ့ Ligaments တွေ tendons တွေ capsules တွေဟာ ပခုံးရိုးမှာ တွယ်ကပ်ခြင်းကြောင့် လဲ ပခုံးရိုးဟာ ကပ်ပြီး မြှောက်မရတာမျိုး ဖြစ်နိုင်ပါတယ်။တတိယ တစ်မျိုးကတော့ လေဖြတ်ပြီး ဦးနှောက်တွင်း သွေးခဲမှုကြောင့် အာရုံကြော ထိခိုက်ခြင်းကြောင့် လေ တစ်ခြမ်း ဖြတ်သွားသလို အာရုံကြော တွေ တုံ ့ဆိုင်း အားနည်းသွားခြင်းကြောင့်လဲ ပခုံးမြှောက်မရနိုင်တာမျိုးလဲ ဖြစ်တတ်ပါတယ်။

Cervical Spondylosis (ကျီးပေါင်းရောဂါ)ကို လုံးဝ ပျောက်ကင်းအောင် ကုသ၍ ရနိုင်ပါသလားမေးရင်?လုံးဝ ပျောက်ကင်းသွားအောင် ကုသလို ့မရနိုင်ဘူးလို ့ပဲ ဖြေရပါလိမ့်မယ်။ဒီကျီးပေါင်း ရောဂါဆိုတာဟာ လူတိုင်းလူတိုင်း အသက်အရွယ်တစ်ခု ရောက်လာလျှင် မလွှဲမသွေ
ကြုံတွေ ့ရမယ့် ရောဂါ တစ်ခုလဲ ဖြစ်ပါတယ်။
သို ့သော် ဒီရောဂါ ပိုဆိုးမသွားအောင် ရောဂါသက်သာအောင်တော့ ဆက်လက်ကုသလို ့ ရနိုင်ပါတယ်။✅

3️⃣ Cervical Spondylosis (ကျီးပေါင်းရောဂါ)အဆင့် ဘာ်နှစ်မျိုး ရှိပါသလဲ?ရောဂါ အဆင့်အလိုက် မည်သည့် ရောဂါ လက္ခဏာများ စတင်ခံစားကြရပါသလဲ?🤔🤔🤔🤔🤔

✅Cervical Spondylosis (ကျီးပေါင်းရောဂါ)မှာ အဆင့် ၃ မျိုး ရှိပါတယ်။
Stage 1-Symdrom (Cervical Radiculopathy) or Mild Cervical Spondylosis

Stage 2-Symdrom (Cervical Myelopathy) or
Moderate Cervical Spondylosis

Stage 3-Symdrom (Axial Joint Pain) or
Severe Cervical Spondylosis တို ့ပဲ ဖြစ်ကြပါတယ်။✅✅✅

Stage -1(Cervical Radiculopathy or
Mild Cervical Spondylosis) အဆင့် ရောဂါဝေဒနါ
ခံစားကြရတဲ့ လူနာတွေဟာ လည်ပင်းအာရုံကြောရိုး
အဆစ်ကလေးများ တုတ်ခိုင်လာခြင်းကြောင့် အာရုံကြောမျှင်ကလေးများဟာ အပေါက်သေးသေးလေးတွေကနေ ကြပ်ညပ်စွာ ထိုးထွက်ကြရပါတယ်။ဒါကြောင့်မို ့လို ့အာရုံကြောထောက်ပံ ့မှု အပြည့်အဝ မရရှိခြင်းကြောင့် ခြေထိပ် လက်ထိပ်ကလေးများ ထုံကျင်လာခြင်းlအားနည်း လာခြင်း
များကို ခံစား လာကြရမှာပဲ ဖြစ်ပါတယ်။😱😱

Stage-2(Cervical Myelopathy or Moderate Cervical Spondylosis)အဆင့် ရောဂါဝေဒနါ ခံစားကြရတဲ့ ရောဂါ ဝေဒနါရှင်များဟာ Spinal Cord လို ့ခေါ်တဲ့ အာရုံကြောအခွဲလေးများရဲ ့ ပင်မ အာရုံကြောမကြီးကို ထိခိုက်စေခြင်းပဲ ဖြစ်ပါတယ်။ကြီးပေါင်းကြောင့် တုတ်ခိုင်လာတဲ့ အာရုံကြောရိုးဟာ အာရုံကြောမ(Spinal Cord)
ကို သွားဖိခြင်းကြောင့် လည်းကောင်းlပြင်းထန်သော ထိခိုက်ဒဏ်ရာ ရရှိခြင်းကနေ အာရုံကြောမ
(Spinal Cord)ကို ထိခိုက်ခြင်းကြောင့် လည်းကောင်းl မျိုးရိုး ဗီဇ အာရုံကြောရိုး လမ်းကြောင်း ကျဥ်းမြောင်းခြင်းကြောင့် သော်လည်းကောင်း l disc herniation လို ့ခေါ်တဲ့
(ဝါလျှာ)လို အပြားမျိုးလေးဟာ အာရုံကြော အဆစ်တစ်ခု နှင့် တစ်ခုကြားမှာ ကြားခံ အနေ နဲ ့ရှိနေရာကနေ အနောက်ဘက် အာရုံကြောမပြီး ဘက် သို ့ကျွံဝင်နေခြင်းကြောင့် သော်လည်းကောင်း ပင်မ အာရုံကြော မကြီး (Spinal Cord) ကို ဒီအဆင့်မှာ ထိခိုက်စေတာပဲ ဖြစ်ပါတယ်။😱😱

Stage-3 (Axial Joint Pain or Severe Cervical Spondylosis) အဆင့် ရောဂါဝေဒနါ ရှင်များဟာ Axial Joint Pain ဆိုသည့်အတိုင်း လည်ပင်းရိုးတစ်လျှောက်ဟာ မည်သည့် လှုတ်ရှားမှုမှ မရှိဘဲ သူ ့အလိုလို နာကျင် ကိုက်ခဲခြင်း l
နောက်ကျောတက် ဇက်ကျောထိုး l မူးဝေခြင်း l
အော့အန်ခြင်း ဝေဒနါများကို ခံစားလာကြရမှာပဲ ဖြစ်ပါတယ်။Stage -3(Severe Cervical Spondylosis) ရဲ ့အဆိုးဆုံး ရောဂါ လက္ခဏာတွေဟာဆိုရင် ခြေမထိပ် l လက်မထိပ် ကလေးတွေ ထုံကျင်လာပြီး ထိလို ့ ထိမှန်း မသိ lအာရုံ ခံစားမှု/
ထိတွေ ့မှု (sensory & motor nerve) များကို ထိခိုက် စေခြင်းပဲ ဖြစ်ပါတယ်။😱😱✅

4️⃣Cervical Spondylosis (ကျီးပေါင်း
ရောဂါ) စတင် ဖြစ်ပေါ်လာပြီဆိုလျှင် မည်သည့် ပါရဂူများဖြင့် စမ်းသပ် ကုသ သင့်ပါသလဲ?ဘယ်လို
ကုသလို ့ ရနိုင်ပါသလဲ?🤔🤔🤔🤔🤔

✅Cervical Spondylosis (ကျီးပေါင်း ရောဂါ)ရဲ ့ မူလ အစ လက္ခဏာတွေဟာဆိုရင် မူးဝေ အော့အန်ခြင်းlနောက်ကျောတက် ဇက်ကျောထိုးခြင်း l ဇက်ကြော လေးခြင်း နှင့် လည်ပင်း ကြွက်သားများ တင်းမာနေခြင်း တို ့ပဲ ဖြစ်ကြပါတယ်။လက်ထိပ် ခြေထိပ် ကလေးများ အာရုံခံစားမှု လျော့နည်း လာခြင်း နှင့် ခြေတွေ လက်တွေ မသယ်ချင်လောက်အောင် လေးလံ လာခြင်း စသည့် လက္ခဏာတွေဟာဆိုရင် ကြီးပေါင်းရဲ ့ moderate to severe. အဆင့် ရောဂါ ဝေဒနါများကို ခံစားကြရတဲ့ ရောဂါ လက္ခဏာတွေပဲ ဖြစ်ကြပါတယ်။
ဒါကြောင့်မို ့လို ဒီလို ရောဂါလက္ခဏာတွေ စတင်ခံစားလာကြရတဲ့ ရောဂါဝေဒနါရှင်တွေဟာ မိမိမှာ သွေးတိုးရောဂါ မရှိထားဘူးl ၆ လ ၁ နှစ်အတွင်း ဦးခေါင်းထိခိုက်ဒဏ်ရာ မရှိထားဘူး l ဦးခေါင်း နှင့် ပတ်သက်သော အခြား ရောဂါ ဝေဒနာ များ မရှိထားဘူးဆိုရင် အရိုးအကြော အထူးကု ပါရဂူများ နှင့် စမ်းသပ် စစ်ဆေး ကုသ ရန် လိုအပ်ပါတယ်။

ကျီးပေါင်းရောဂါ ရှိ/ မရှိ သိရှိနိုင်ရန် အတွက် အခြေခံ စစ်ဆေးချက် တစ်ခု ဖြစိတဲ့ X-Ray (C.spine AP,Lat) view များဖြင့် ဓာတ်မှန်ရိုက်ပြီး သိရှိနိုင်သလို MRI လို ့ခေါ်တဲ့ (Magnetic Resonance Imaging) သံလိုက်စက်ကွင်း အသုံးပြု ၍ ရောဂါရှာဖွေခြင်း MRI (C.Spine) view များဖြင့်
စမ်းသပ် ရှာဖွေ စစ်ဆေး သိရှိနိုင်ပါတယ်။ရိုးရိုး ဓာတ်မှန် X-Ray ဖြင့် စမ်းသပ် စစ်ဆေးမည် ဆိုလျှင်
လူနာအတွက် ကုန်ကျစရိတ်များ နှင့် ရောင်ခြည်
သင့်မှုများကိုပါ အထူးလျော့ချပေးနိုင်သော်လည်း
soft tissue ဖြစ်တဲ့ အာရုံကြောမကြီး (spinal cord)
ကိုတော့ ရိုးရိုးဓာတ်မှန်မှာ မြင်နိုင်အောင် မစွမ်းဆောင် ပေးနိုင်ပါဘူး။ကျွန်မတို ့ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရေ (H20) 60% နှင့် အထက်ဖြင့် ဖွဲ ့စည်းထားပါတယ်။MRI (သံလိုက်ဓာတ်မှန် ရိုက်တဲ့ စက်)
ဖြင့် ရောဂါစစ်ဆေးမည် ဆိုလျှင် သံလိုက်
စက်ကွင်း Radiofrequency Wave ကို MRI စက်က ထုတ်လွှတ်ပေးပြီးတော့ လူ ့ခန္ဓာကိုယ် မှာရှိတဲ့ H20 (ရေ) မှ H2 (Hydrogen Spin)လေးတွေကို ထောင်မတ်လာအောင် လုပ်ပေးခြင်းဖြင့် သံလိုက်စက်ကွင်းကို အသုံးပြု ပြီး ပုံရိပ်ဖော် ရိုက်ကူး ပေးခြင်းပဲ ဖြစ်ပါတယ်။ဒါကြောင့် ကျွန်မတို ့CT (Computed Tomogram) နှင့် MRI (Magnetic Resonance Imaging)စက် ၂ မျိုးလုံး
ဖြင့် ရောဂါရှာဖွေ ကြတဲ့အခါ fluid( အရည်) ရှိတဲ့ organs တွေ ဖြစ်ကြတဲ့ Brain (CSF) , Spine (CSF) လို အရည် (Fluid) များတဲ့ အစိတ်အပိုင်း တွေမှာ ရောဂါရှာဖွေလျှင် MRI ဖြင့်သာ စမ်းသပ် ရှာဖွေ စစ်ဆေးကြတာပဲ ဖြစ်ပါတယ်။💊💊💊💊💊

ကျီးပေါင်းရောဂါ ဝေဒနါများကို ဘယ်လို ကုသကြရမလဲ ဆိုရင် ပင်မ အာရုံကြောမကြီး
(Spinal Cord)ကို မထိခိုက်သေးသ၍ mild, mild to moderate အဆင့် ရောဂါ ဝေဒနါများကို ခံစားကြရတဲ့ ဝေဒနါရှင်များဟာ အဓိက လည်ပင်းလေ့ကျင့်ခန်း နေ ့စဥ် ပုံမှန် လုပ်ပေးခြင်း lအာရုံကြော အားဆေး (B1, B6, B12) ပါတဲ့ အားဆေး တစ်မျိုးမျိုးကို နေ ့စဥ် တစ်ရက် တစ်ကြိမ်မှ နှစ်ကြိမ် အထိ
သောက်သုံးပေးခြင်း l လည်ပင်း ရိုး ထောက်ပေးတဲ့
(Cervical Column) ဝတ်ဆင်ပေးခြင်း lလည်ပင်း ဂုတ်ပေါ် ရေ ပူအိတ် lရေ နွေးအိတ် l ရေခဲအိတ် များဖြင့် မကြာခဏ ကပ်ပေးခြင်း l ရံဖန် ရံခါ
muscle relaxant & pare + orphenadine အုပ်စုပါသော အကိုက်အခဲ ပျောက်ဆေးများ သောက်သုံးပေးခြင်း နှင့် ဗမာ့နည်း ဗမာ့ဟန် လေကပ်ပြား l ပရုတ်ဆီ တို ့ဖြင့်လဲ ပွတ်လိမ်းပေးခြင်း များနှင့်
ကုသနိုင်ပါတယ်။💊💊💊💊💊

ကျီးပေါင်း Moderate to Severe အဆင့် ရောဂါ ဝေဒနါများကို ခံစားကြရတဲ့ ရောဂါ ဝေဒနါရှင်များဟာ Herniated Disc (ကြားခံ ဝါလျှာပြားကျွံခြင်း)l Degenerated Narrow Disc (အာရုံကြော လမ်းကြောင်း တစ်လျှောက် မွေးရာပါ ကျဥ်းမြောင်းခြင်း)l Trama / Injury (ထိခိုက်ဒဏ်ရာ ရရှိခြင်း) နှင့်
Severe Cervical Spondylosis (အပျင်းစား ကျီးပေါင်း)တို ့ကြောင့် ပင်မ အာရုံကြောမကြီး
(spinal cord) ကို ထိခိုက်စေတာပဲ ဖြစ်ပါတယ်။
ဒီ အဆင့် ရောဂါ ဝေဒနါ ရှင်များဟာ လေ့ကျင့်ခန်း
လုပ်ရုံ lအာရုံကြော ဆေးသောက်ရုံ l ရံဖန် ရံခါ အကိုက်အခဲ ပျောက်ဆေး သောက်ရုံလောက်ဖြင့် ကုသ၍ မရနိုင်ပါဘူး။💊💊💊💊💊

Moderate to severe Cervical Spondylosis အဆင့် ရောဂါဝေဒနါ ခံစားကြရတဲ့ လူနာများဟာ သေချာပေါက် operation လုပ်ရမှာပဲ ဖြစ်ပါတယ်။Herniated Disc Disease. (ဝါလျှာလို disc အပြားလေး အနောက်ထဲသို ့ ကျွံ ဝင်နေလျှင်)
ကျွံ ဝင်နေသော disc အပိုင်းလေးကို လှီးဖြတ်ထုတ်ခြင်း သို ့မဟုတ် Disc တစ်ခုလုံးကို ဖယ်ထုတ်ပြီး
ပေါင်းရိုးမှ အရိုးအနည်းငယ်ယူ၍ disc အစားထိုး ကုသခြင်းများ နှင့် ဆက်လက် ကုသ ရမှာပဲ ဖြစ်ပါတယ်။Degenerated Narrowing Disc Disease or
Severe Cervical Spondylosis (အာရုံကြော သွားရာ လမ်းတစ်လျှောက် မျိုးရိုး ဗီဇ သို ့မဟုတ် ကျီးပေါင်းကြောင့် ကျဥ်းမြောင်းနေလျှင် လမ်းကြောင်းချဲ ့ခြင်း နှင့် ရောင်ရမ်းနေသော အာရုံကြောလေးများကို OT ခန်းထဲတွင် C-Arm Guidline ဖြင့် Steroid Injection များ ထိုးပေးခြင်းများဖြင့် ဆက်လက်ကုသ ကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့်မို ့လို ့ အထက်ပါ ရောဂါလက္ခဏာများ
မိမိမှာ ခံစားလာရပြီဆိုလျှင် အရိုးအကြောအထူးကုပါရဂူကြီးများ (Orthrosurgeons) များဖြင့်စမ်းသပ်
စစ်ဆေးကုသရန် အထူးပဲ လိုအပ်ပါတယ်။
💊💊💊💊💊

ကျီးပေါင်းရောဂါဆိုတာဟာ လူသားတိုင်း
တစ်ချိန်မဟုတ် တစ်ချိန် ကြုံတွေ ့လာရမယ့် ရောဂါတစ်ခုဖြစ်လို ့ ကြောက်စရာ ရောဂါမဟုတ်ပေမယ့် ပေါ့ဆမနေသင့်တဲ့ ရောဂါတစ်ခုဖြစ်ပါကြောင်း တင်ပြရင်း Cervical Spondylosis (ကျီးပေါင်း)ရောဂါ အကြောင်းကို ဖတ်ရှူ ့ရင်း ကျန်းမာရေး ဗဟုသုတများ တိုးပွားပါစေကြောင်း
ကျွန်မတို ့ ချမ်းမြေ ့ဆေးရုံ မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါသည်ရှင့်။✅
🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏


Spondylosis Awareness

ချမ်းမြေ ့ဆေးရုံlသုနန္ဒာလမ်း နှင့် စိန်ရတီလမ်းထောင့်l မဟာကျိန် သစ္စာရှင် ဘုရားအနီးl
မြောက်ဥက္ကလာပ မြို ့နယ် lရန်ကုန်မြို ​့

Ph 09-400 999 021
09-442 544 887

📗📗COPD (Chronic Obstructive Pulmonary Disease)နာတာရှည် အဆုတ်လေပြွန် ရောင်/ပိတ်/ပျက်စီးခြင်း ရောဂါ အကြောင်း📗📗❇❇❇❇❇COPD ရေ...
02/02/2024

📗📗COPD (Chronic Obstructive Pulmonary Disease)
နာတာရှည် အဆုတ်လေပြွန် ရောင်/ပိတ်/ပျက်စီးခြင်း ရောဂါ အကြောင်း📗📗

❇❇❇❇❇COPD ရောဂါဆိုတာဟာ Chronic=နာတာရှည်, Obstructive=ပိတ်ခြင်း/ရောင်ခြင်း/ပျက်စီးခြင်း, Pulmonary=အဆုတ် နှင့်ဆိုင်သော, Disease =ရောဂါလို ့ မြန်မာလို အဓိပ္ပါယ် ရပါတယ်။ရောဂါ တော်တော်များများရဲ ့
အရှေ ့မှာ Chronic လို ့အမည် ပေးလိုက်ပြီဆိုလျှင် ပုံမှန် မူလ အဂ်ါ/အစိတ်အပိုင်း (organs) ပြန်ဖြစ်အောင် ကုသလို ့ မရနိုင်တော့ပါဘူး။သို ့သော်လည်း နာတာရှည် (Chronic Case)တိုင်းတော့ မဟုတ်ပါဘူး။တစ်ချို ့ Chronic Case များ(ဥပမာ-Chronic Sinusitis)လို နာတာရှည် ထိပ်ကပ်နာ ရောဂါ အမျိုူအစား တစ်ချို ့မှာတော့
ချွင်းချက် အနေ နဲ ့ ရှိပါတယ်။သိုသော် တစ်ချို ့ Chronic Case များအတွက်တော့ လုံဝပျောက်ကင်း
အောင် ကုသနိုင်ခြေ အရမ်းနည်းတဲ့အတွက် ကျွန်မတို ့ အနောက်တိုင်း ဆေးပညာရပ်မှာ လုံးဝ အရှင်း ပျောက်ကင်းအောင် ကုသ၍ ရနိုင်သော ရောဂါအမျိုးအစားထဲမှာ ထည့်မတွက်ထားပါဘူး။ထိုနည်းတူ COPD (နာတာရှည် အဆုတ်လေပြွန်ရောင် ပျက်စီးခြင်းရောဂါ)ဆိုတာဟာလဲ နောင်တစ်ချိန်မှာ အဆုတ် အစားထိုး ကုသနည်း(Lungs Transparents) နည်းပညာအသစ်များ ထပ်ပေါ်ပေါက်လာခဲ့လျှင် လုံးဝ (totally) ပျောက်ကင်းအောင် ကုသလို ့ ရနိုင်မယ်လို ့ မျှော်လင့်လို ့ ရပေမယ့် ယနေ ့အချိန်အထိ တစ်ကမ္ဘာလုံးက လုံးဝအရှင်း ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးသော ရောဂါ အမျိုးအစား အဖြစ် သိရှိထားကြပါတယ်။❇❇❇❇❇

🔰🔰🔰COPD ရောဂါဆိုတာဟာ အဆုတ်နှင့်
ဆိုင်သော ရောဂါ တစ်ခု ဖြစ်တဲ့အတွက် အဆုတ်ရဲ ့ လုပ်ဆောင်ချက် တစ်ချို ့ကို ပထမဦးစွာ ရှင်းပြပေးချင်ပါတယ်။အဆုတ်ဟာ ပန်းပု ဆရာ နှင့် တူပါတယ်။ပန်းပု ဆရာဟာ သူ ့ဆီရောက်လာတဲ့ သစ် အရိုင်းတုံးကုန်ကြမ်းများကို ဗီဒိုတွေl စတီခုံတွေl စားပွဲတွေဖြစ်အောင် ထုဆစ်ပေးပြီးတော့ မလိုအပ်တဲ့ လွှစာတွေ l ပျဥ်အတိုအထွာတွေကိုတော့ စွန် ့ပစ် အမှိုက်အဖြစ် စွန် ့ထုတ်ပစ်ကြပါတယ်။ထိုအတူ အဆုတ်ဟာဆိုရင်လဲ ကျွန်မတို ့ရှူသွင်းလိုက်တဲ့ လေတွေထဲက အောက်ဆီဂျင်တွေကို သွေးထဲသို ့ရောက်ရှိသွားစေပြီး သွေးထဲကနေ ဇီဝရုပ်ဖြစ်ပျက်ပေးပြီး ပြန်ထွက်လာတဲ့ စွန် ့ပစ် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေကို နှာခေါင်းlပါးစပ်တို ့မှ တဆင့်
လေထုထဲသို ့ ပြန်လည် စွန် ့ထုတ်ပေးတဲ့ အလုပ်ကို လုပ်ပါတယ်။တစ်နည်းအားဖြင့် ဓာတ်ငွေ ့ဖလှယ်ခြင်း (Gas Exchanger)အလုပ်ကို လုပ်ပါတယ်။ဒါဆိုရင် ခန္ဓာကိုယ်မှာ အဆုတ်ရဲ ့ အရေးပါပုံများကို သိရှိ နားလည်ပြီး ဖြစ်ပါမယ်။ဆက်ပြီးတော့ COPD (နာတာရှည် အဆုတ်လေပြွန်ရောင် ပျက်စီးခြင်း)ကို ဘယ် အကြောင်းအရာတွေက ဖြစ်ပေါ် စေနိုင်တာလဲ ဆိုတာကို ဆက်လက်ပြီး တင်ပြပေးသွားပါ့မယ်ရှင့် 🔰🔰🔰

💚1️⃣💚 COPD(နာတာရှည် အဆုတ်လေပြွန်ရောင် ပျက်စီးခြင်း ရောဂါ) ဘာကြောင့် ဖြစ်ရပါသလဲ?

📔 COPD ရောဂါဖြစ်ရခြင်းဟာ ဆေးလိပ်ကြီးl ဆေးပေါ့လိပ် l စီးကရက် တို ့ကို အချိန်ကြာမြင့်စွာ သောက်သုံး သူများ နှင့် ဆေးလိပ် အလွန်အကျွံသောက်သုံး သူများမှာ အဖြစ် အများဆုံး တွေ ့ရတတ်ပါတယ်။နောက်ထပ် COPD ရောဂါ ဖြစ်ရခြင်း အကြောင်းတရားတစ်ခုက တော့
စက်ရုံ/ အလုပ်ရုံတွေမှာ ဓာတုပစ္စည်း ဓာတ်ငွေ ့များနှင့် အချိန်ကာလ တစ်ခုကြာ ထိတွေ ့အလုပ်လုပ်ကိုင် နေသူများ နှင့် ထို စက်ရုံ /အလုပ်ရုံ အနီးနား ပတ်ဝန်းကျင် နေထိုင်ကြသူ တစ်ချို ့မှာ အဖြစ်
များကြတာလဲ တွေ ့ရပြန်ပါတယ်။COPD အုပ်စုထဲမှာ နာတာရှည် အဆုတ်လေပြွန်ရောင်ခြင်း (Chronic Bronchitis) နှင့် Emphysema လို ့ခေါ်တဲ့ အဆုတ်ရဲ ့သေးငယ်တဲ့ လေအိတ်ငယ်လေးများ (Alveoli)
ပျက်စီးသွားခြင်းကြောင့် အဆုတ် tissues များ တဖြည်းဖြည်း ထိခိုက်ပျက်စီးသွားခြင်းတို ့ ပါဝင်ပါတယ်။📔

💚2️⃣💚 COPD (နာတာရှည် အဆုတ်လေပြွန်ရောင် /ပျက်စီးခြင်း ရောဂါ)ဖြစ်ပြီဆိုလျှင် ဘယ်လို
လက္ခဏာများ စတင် ခံစားကြရပါသလဲ?

📔 COPD ရောဂါရဲ ့ ရောဂါ လက္ခဏာတွေဟာဆိုရင် အသက်ရှူသွင်း/ရှူထုတ်ချိန် တိုတောင်းမယ်။အသက်ရှူရတာ ခက်ခဲမယ်။ချောင်း မကြာခဏ ဆိုးမယ်။ချောင်းဆိုးလျှင် ချွဲ /သလိတ်များ ပါမယ်။အသက်ရှူ လမ်းကြောင်း ရောင်ရမ်းခြင်း(သို ့မဟုတ်) ကျဥ်းမြောင်းခြင်းတို ့ကြောင့် အသက်ရှူသွင်း/ရှူထုတ် လုပ်ချိန်တွေမှာ တသျှီသျှီ အသံထွက်နေမယ်။အလိုလိုနေရင်း ပင်ပန်း နွမ်းနယ် နေမယ်။အသက် ပြင်းပြင်း တစ်ဝကြီး ရှူသွင်း/ရှူထုတ် လုပ်ဖို ့ အရမ်းကို ခက်ခဲနေမယ်။အဆုတ်လေပြွန်ငယ်လေးများ ရောင်ရမ်းခြင်းကြောင့် ကျောဘက်/ရင်ဘက်တွေ အောင့်နေမယ်။သွေးတွင်း အောက်ဆီဂျင် လုံလုံလောက်လောက် မရရှိခြင်းတို ့ကြောင့် လက်သည်းl ခြေသည်း l နှုတ်ခမ်း နှင့် လျှာ တွေမှာ
အပြာရောင် (သို ့မဟုတ်) မီးခိုးရောင် ပြောင်းနေမယ်။ဒီလိုမျိုး ရောဂါ လက္ခဏာများ စတင် ခံစားနေရပြီဆိုလျှင် အထွေထွေ အထူးကု ပါရဂူ (သို ့မဟုတ်) နီးစပ်ရာ အထွေထွေ ဆရာဝန် တို ့နှင့် သွားရောက် စမ်းသပ် စစ်ဆေးပြသဖို ့ အထူးပဲ လိုအပ်ပါတယ်။📔

💚3️⃣💚 COPD (နာတာရှည် အဆုတ် လေပြွန်ရောင်/ပျက်စီးခြင်း ရောဂါ)မှာ အဆင့် ဘယ်နှစ်မျိုး
ရှိပါသလဲ?ဘယ် အဆင့်မှာ အသက် အန္တရာယ်အထိ ခြိမ်းခြောက် နိုင်ပါသလဲ?

🖼 COPD ရောဂါမှာ

(i)Mild COPD (အပျော့စား အဆင့်)

(ii)Moderate COPD(အလတ်စား အဆင့်)

(iii)Severe COPD(အပြင်းစား အဆင့်ရယ်)ဆိုပြီး ၃ မျိုး ၃ စား ရှိကြပါတယ်။COPD ရောဂါ ဆိုတာဟာ
အရေးကြီးတဲ့ အဆင့် (Terminal Case)ရောဂါ အမျိုးအစားတော့ မဟုတ်ပါဘူး။စောစီးစွာ သိရှိလျှင် ဒီရောဂါပိုဆိုး မသွားအောင်တော့ အချိန်မှီ ကုသလို ့ ရနိုင်ပါတယ်။သို ့သော် လုံးဝ ပျောက်ကင်းသွားအောင်တော့ ကုသ၍ မရနိုင်ပါဘူး။COPD ရောဂါ တစ်ခုတည်းအတွက် မဟုတ်ဘဲ
ဘယ်ရောဂါမဆို စောစီးစွာ အချိန်မှီသိရှိခဲ့ပါလျှင် HIV/AIDS. ရောဂါဆိုးကြီးတွေမှာတောင် လူ ့သက်တမ်းစေ့ နေ နိုင်အောင် ယနေ ့ခေတ် ဆေးပညာရပ်များဖြင့် ရောဂါ ပိုဆိုးမသွားအောင် ကုသ နိုင်ပြီပဲ ဖြစ်ပါတယ်။🖼

📔 COPD Mild Stage (အပျော့စား အဆင့်) Early Stage မှာ သိရှိခဲ့ပါလျှင် ဒီရောဂါကို ကောင်းကောင်း စီမံနိုင်သလို ယခုထက် ပိုဆိုးမသွားအောင်လဲ ကောင်းကောင်း ထိန်းချုပ်နိုင်ပါတယ်။COPD Moderate Stage (အလတ်စား အဆင့်) နှင့်
COPD Severe Stage (အပြင်းစား အဆင့်) ခံစားနေ
ကြရတဲ့ ရောဂါ ဝေဒနါရှင်များဟာ Heart Failure လို ့ခေါ်တဲ့ နှလုံးရဲ ့ လုပ်ငန်းဆောင်တာများကို ပျက်စီးစေနိုင်တဲ့ အထိ အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်ပါတယ်။📔

📔 နှလုံးမှာ အခန်း ၄ ခန်း ရှိပါတယ်။သွေးဝင်ခန်း ၂ ခန်း (two atria) နှင့် သွေးလွှတ်ခန်း ၂ ခန်း (two ventricles)တို ့ ဖြစ်ကြပါတယ်။Right Atria လို ့ခေါ်တဲ့ ညာဘက် သွေးဝင်ခန်းဟာ ခန္ဓာကိုယ်တစ်ခုလုံးဆီက အောက်ဆီဂျင်နည်းတဲ့(oxygen-poor-blood)သွေးတွေကို လက်ခံရယူပြီး Right Ventricle လို ့ခေါ်တဲ့ ညာဘက်သွေးလွှတ်ခန်းဆီ ပို ့ရပါတယ်။ညာဘက် သွေးလွှတ်ခန်း (Right Ventricle) ရဲ ့တာဝန်ကတော့ ခုဏက သူ ့ဆီကောက်လာတဲ့ အောက်ဆီဂျင်နည်းတဲ့(Oxygen-poor-blood)သွေးတွေကို အဆုတ်ဆီသို ့ထပ်မံ ပို ့ဆောင်ပေးပါတယ်။Left Atria လို ့ခေါ်တဲ့ ဘယ်ဘက်သွေးဝင်ခန်းဟာ အဆုတ်တစ်ခုလုံးဆီက အောက်ဆီဂျင်ပြည့်ဝတဲ့(oxygen-rich-blood)
သွေးတွေကို လက်ခံရယူပြီးတော့ Left Ventricle လို ့ခေါ်တဲ့ ဘယ်ဘက်သွေးလွှတ်ခန်းဆီ တဖန် ပြန်ပို ့ပေးရတဲ့ တာဝန်ကို ထမ်းဆောင်ပေးပါတယ်။ဒါကြောင့်မို ့လို ့ ထိုသွေးဝင်ခန်း ၂ ခန်း နှင့် သွေးလွှတ်ခန်း ၂ ခန်း စုစုပေါင်း အခန်း ၄ ခန်းထဲမှာမှ အဆုတ်ဆီသို ့ သွေးတိုက်ရိုက် ပို ့ဆောင်ပေးရတဲ့
ညာဘက်သွေးလွှတ်ခန်း (Right Ventricle)ဟာ COPD (နာတာရှည် အဆုတ် လေပြွန်ရောင် ပျက်စီးခြင်းရောဂါမှာ အထိခိုက် အပျက်စီးဆုံးပဲ ဖြစ်ပါတယ်။📔

📔 COPD ရောဂါဟာ Pulmonary Hypertension လို ့ခေါ်တဲ့ အဆုတ်သွေးကြောမျှင်လေးများရဲ ့သွေးစီးဆင်းမှုကို မြင့်တက်စေခြင်းကြောင့် နှလုံးညာဘက် အခန်းရှိ ညာဘက်သွေးလွှတ်ခန်း (Rt ventricle)ရဲ ့သွေးစီးဆင်းမှု များခြင်းကို ဖြစ်ပေါ်စေပါတယ်။ဒီလို သွေးစီးဆင်းမှုများခြင်းက နှလုံးမှ တဆင့် အဆုတ်ဆီသို ့သွေးပေးပို ့မှုကို ခက်ခဲစေခြင်း နှင့် ညာဘက် သွေးလွှတ်ခန်း (Rt ventricle)ကို
ထိခိုက်ပျက်စီးစေခြင်းများကို ဖြစ်ပေါ်စေနိုင်ပါတယ်။ထိုကဲ့သို ့ ညာဘက်သွေးလွှတ်ခန်း(Rt ventricle)ကိုထိခိုက်ပျက်စီးခြင်းရဲ ့ အကျိုးရလာဒ်
အနေ နဲ ့ခန္ဓာကိုယ်ရဲ ့ခြေထောက် နဲ ့ဝမ်းဗိုက်နေရာတွေမှာ ရေဖျင်းပုံစံမျိုး (Oedema) အရည်
တွေ စုပြုံလာစေပါတယ်။COPD ရဲ ့ နောက်ထပ် ဆိုးကျိုးတစ်ခု အနေ နဲ ့ကတော့ အဆုတ်ကင်ဆာ ဖြစ်နိုင်ခြေ ရာခိုင်နှုန်းကိုလဲ မြင့်တက်စေနိုင်ပါတယ်။📔

📔 COPD ရောဂါဆိုတာဟာ ချက်ခြင်း ရုတ်တရက်ကြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်စေနိုင်တဲ့ ရောဂါအမျိုးအစား မဟုတ်ပေမယ့် ဒီရောဂါအခံ ရှိခြင်းကြောင့် တစ်ခြားနောက်ဆက်တွဲ ရောဂါများရဲ ့ ဒဏ်ကို လူနာအနေ နဲ ့မခံနိုင်ကြတာ များပါတယ်။COPD ရောဂါ ဝေဒနါရှင်များဟာ
ယိုယွင်းပျက်စီးနေသော အိမ်အိုဟောင်း တစ်လုံး နဲ ့တူပါတယ်။ပြင်ပ လေဒဏ် lမိုးဒဏ် lမြေ ငလျင်ဒဏ် lသဘာဝ ဘေး အန္တရာယ်ဒဏ် ကျရောက် လာခဲ့လျှင် ထို အိမ်အိုဟောင်းကြီးဟာ မခံနိုင်တော့ဘဲ အချိန်မရွေး ပြိုကျ ပျက်စီး သွားနိုင်ပါတယ်။ထို ့အတူ COPD ရောဂါ ဝေဒနါ ရှင်များနှင့် တစ်ခြားသော ရောဂါ အခံ ရှိတဲ့ လူနာများဟာလဲ covid လိုမျိုး အခြားအခြားသော ရောဂါဝေဒနါဆိုးများ ဝင်ရောက်လာလျှင် ခံနိုင်ရည် မရှိကြပါဘူး။ဒါကြောင့်မို ့လို ့ covid လှိုင်းတွေမှာ အဆုတ် နှင့် ဆိုင်သောရောဂါအခံရှိသူ ဝေဒနါရှင်များဟာ အသက်အန္တရာယ် အထိပါ ဆုံးရှုံးခဲ့ကြရပါတယ်။📔

💚4️⃣💚 COPD(နာတာရှည် အဆုတ်လေပြွန်ရောင် ပျက်စီးခြင်း ရောဂါ)ဖြစ်ပြီဆိုလျှင် ဘာတွေ နဲ ့ စမ်းသပ် စစ်ဆေးတွေ ့ရှိနိုင်ပါသလဲ?

📔 COPD ရောဂါ အတွက် ပထမဦးဆုံး အခြေခံ စစ်ဆေးချက် တစ်ခုကတော့ ရင်ဘတ် ဓာတ်မှန် CXR (PA,Lat)views ပဲ ဖြစ်ပါတယ်။CT scan CECT(Chest) ရိုက်၍လဲ စမ်းသပ် သိရှိနိုင်ပါတယ်။ရိုးရိုး ဓာတ်မှန် CXR (PA) အမျိုးအစား နှင့် စမ်းသပ် စစ်ဆေးမည် ဆိုလျှင် လူနာအတွက် ကုန်ကျ စရိတ်ရောlရောင်ခြည် သင့်မှုများကိုပါ အများဆုံးလျှော့ချပေးနိုင်မှာပဲ ဖြစ်ပါတယ်။သို ့သော် အဆုတ်လေပြွန်ငယ်လေးများ ဘယ်လောက်အထိ ကျဥ်းမြောင်းသွားပြီလဲဆိုတာ သိရှိနိုင်ဖို ့ကိုလဲ CECT(Chest) ရဲ ့အားသာချက် တစ်ခုကိုလဲ မေ့ထားလို ့မရပြန်ပါဘူး။COPD ရောဂါ ဖြစ်ပြီဆိုလျှင် အဆုတ်ရဲ ့လုပ်ငန်းဆောင်တာ (Function) ဘယ်လောက်အထိ အလုပ်လုပ်နိုင်/မလုပ်နိုင်ကိုလဲ Spirometer စက်ဖြင့် စမ်းသပ် စစ်ဆေးတိုင်းတာ နိုင်ပါတယ်။

Spirometer စက်ဆိုတာဟာ လူတစ်ယောက် အသက်ဘယ်လောက် ကြာကြာ ရှူသွင်း /ရှူထုတ် လုပ်ဆောင်နိုင်ခြင်း နှင့် ရှူသွင်းလိုက်သော လေရဲ ့ပမာဏ / ရှူထုတ်လိုက်သော လေရဲ ပမာဏများကို တိုင်းတာ စစ်ဆေးပေးတဲ့ ကိရိယာ အမျိုးအစားပဲ ဖြစ်ပါတယ်။Spirometer စက်ကို COPD ရောဂါတွင် သာမက အဆုတ် နှင့် ဆိုင်သော ရောဂါ အချို ့မှာ ဥပမာ-Asthma (ပန်းနာ /ရင်ကြပ်)လို ရောဂါမျိုးတွေမှာလဲ အဆုတ်ရဲ ့ လုပ်ဆောင်ချက် ကောင်း / မကောင်း သိရှိနိုင်ရန်အတွက် အသုံးပြုကြပါသေးတယ်။ထို Spirometer စက်ရဲ ့ FEV1 Ratio တိုင်းတာချက်များအရ COPD ရောဂါ Mild,Moderate,Severe ဆိုပြီး ရောဂါ အမျိုးအစားများရဲ ့ အဆင့်ကို ခွဲခြားနိုင်ပါတယ်။FEV1 ဆိုတာဟာ (Forced Expiratory Volume in one second)
ပထမဦးဆုံးရှူသွင်းလိုက်တဲ့လေ ပမာဏဟာ
1 စက္ကန် ့အတွင်း အပြင်သို ့ ဘယ်လောက် ရှူထုတ် လုပ်လိုက်နိုင်သလဲ? ဆိုတာကို တိုင်းတာပေးတဲ့ unit တစ်ခုပဲ ဖြစ်ပါတယ်။FEV1 တိုင်းတာချက်များအရ. FEV1 80% နှင့် အထက်ဆိုလျှင် အဆုတ်ရဲ ့ Function ပုံမှန်လို ့ ပြောနိုင်ပါတယ်။FEV1( 70% - 79%)ဆိုလျှင် Mild Abnormal လို ့ပြောလို ့ရနိုင်ပြီးတော့ FEV1 (60% - 69%)ဆိုလျှင် Moderate Abnormal လို ့ပြောနိုင်ပါတယ်။
FEV1 (50% - 59%)သာရှိလျှင် Moderate to Severe အဆင့်လို ့ သတ်မှတ်နိုင်ပါတယ်။📔

💚5️⃣💚 COPD (နာတာရှည် အဆုတ်လေပြွန် ရောင် ပျက်စီးခြင်း ရောဂါ)ကို ရင်ဘတ်ဓာတ်မှန်
CXR (PA) မှာ ဘယ်လို မြင်တွေ ့နိုင်ပါသလဲ?

📔 ကျွန်မတို ့ အကင်တို ့l BBQ တို ့ကင်စားဖူးကြပါလိမ့်မယ်။အကင်တွေဟာ အဓိက မီးခိုး အရိုက်ခံရပြီးတော့ အသားl ငါးတွေ အသီးအရွက်တွေ ရဲ ့အရောင်ဟာ မဲတူးသွားကြပါတယ်။ထိုနည်းတူ ဆေးလိပ် lမီးခီုး များl စက်ရုံ /အလုပ်ရုံများမှ ထွက်ရှိလာသော စွန် ့ပစ် ဓာတု ဓာတ်ငွေ ့များကို ရှူရှိုက်မိထားတဲ့ အဆုတ်ဟာ ထို အခိုးအငွေ ့များ ကို အဆုတ်မှ ပြင်ပ လေထုထဲသို ့
ပြန်လည် မစွန် ့ထုတ်နိုင်ကြပါဘူး။ထိုအခါ အဆုတ် လေပြွန်ငယ်လေးတွေထဲမှာ အန္တရာယ်ဖြစ်စေတဲ့ အခိုးအငွေ ့များဟာ ပိတ်မိသွားကြပါတော့တယ်။ထို ပိတ်မိနေသော အန္တရာယ်ဖြစ်စေနိုင်သည့်
အရာများဟာ အဆုတ်ထဲမှာ နှစ်ကာလ ကြာမြင့်လာတဲ့အခါ လေပြွန်ငယ်လေးများ ကျဥ်းမြောင်းလာပြီးတော့ ရောင်ရမ်းပျက်စီးလာပါတော့တယ်။ထိုကဲ့သို ့ရောင်ရမ်း ပျက်စီးမှာကနေ အဆုတ်ရဲ ့ tissues တွေဟာဆိုရင် အရောင်ပြောင်းလာကြပြီးတော့ ပုံမှန် အဆုတ်ထက် မဲတူးသွားကြပါတယ်။ဒါကြောင့်မို ့လို ့ COPD ရောဂါသည် လူနာ ရဲ ့ ရင်ဘတ်ဓာတ်မှန် CXR (PA)ဟာ ပုံမှန် အဆုတ် အရောင်ထက် ပိုပြီးမဲနက် နေတာကို မြင်တွေ ့ကြရမှာပဲ ဖြစိပါတယ်။တစ်ခါတစ်ရံမှာ ကျွန်မတို ့ Medical Imaging Technologist များရဲ ့ Kv(Kilo-voltage) or mA( Mili-Ampere) rate များခြင်းကြောင့်လဲ အဆုတ်ဟာ ပုံမှန်အရောင်ထက် ပိုမဲနေတတ်ပါတယ်။ဒါဆိုရင် COPD ရောဂါကြောင့် မဲတာလား?
Imaging Technologist ကြောင့် မဲတာလား?X-ray စက်ရဲ ့ quality ကြောင့် မဲတာလား?ဘယ်လိုခွဲ မလဲ မေးလာခဲ့ရင် အရင်ဆုံး Bone Density လို ့ခေါ်တဲ့
ribs,clavicle နဲ ့ humerous ရဲ ့contrast နဲ ့ soft tissue density လို ့ခေါ်တဲ့ lungs တို ့ရဲ ့ contrast( အဖြူ/အမဲ)ခြားနားချက်တွေကို
နှိုင်းယှဥ် ကြည့်ရမှာပဲ ဖြစ်ပါတယ်။Bone Density လို ့ခေါ်တဲ့ အရိုး area တွေမှလဲ မဲနေပြီးတော့ soft tissue density လို ့ခေါ်တဲ့ အဆုတ် မှာလဲ မဲတူးနေမယ်ဆိုရင် ဒါရောဂါကြောင့် မဟုတ်ပါဘူး။Imaging Technologist (or) X-ray စက်ရဲ ့ quality ကြောင့်ပါ။Bone density များဖြစ်ကြတဲ့ အရိုး area တွေမှာ contrast (အဖြူ/ အမဲ)ခြားနားချက်တွေမှာ ဖြူနေပြီးတော့ Soft tissue density များဖြစ်ကြတဲ့ အဆုတ်ရဲ ့ tissues တွေဟာ ပုံမှန်အဆုတ်ထက် ပိုမဲနေမယ်ဆိုရင် ဒါဟာ COPD ရောဂါကြောင့် ဖြစ်နိုင်ပါတယ်။

နောက်ထပ် ရင်ဘတ်ဓာတ်မှန် CXR (PA)မှာ
COPD ရောဂါပါလို ့သိနိုင်တဲ့ အချက်တွေကတော့
အဆုတ်လေပြွန်ငယ်လေးများ ရောင်ရမ်းပျက်စီးမှုကြောင့် အဆုတ်ရဲ ့အရွယ်အစားဟာ ပုံမှန် size ထက် ပိုပြီးကြီးလာပါတယ်။ထိုကြီးမားလာတဲ့ အဆုတ်ဟာဆိုရင် ရင်ဝမ်းခြားကြွက်သားကို အပေါ်က ဖိထားခြင်းကြောင့် ပုံမှန် ရင်ဘတ်ဓာတ်မှန်မှာ မျက်ခုံးမွှေးပုံ လခြမ်း ပုံသဏ္ဍာန် ရင်ဝမ်းခြားကြွက်သားကို မြင်တွေ ့ရမည့် အစား ဓာတ်မှန်မှာ
ရင်ဝမ်းခြားကြွက်သားဟာ ပြားပြီးပြန် ့နေတာကို တွေ ့မြင်ရမှာပဲ ဖြစ်ပါတယ်။ထိုနည်းတူ အဆုတ်ကို အပေါ်က cover လုပ်ပေးထားတဲ့ နံရိုးတွေဟာလဲ
အရွယ်အစား ကြီးမားလာတဲ့ အဆုတ်ကြောင့် နံရိုးရဲ ့ပုံစံဟာ လေးကိုင်းပုံ သဏ္ဍာန်ကွေးနေရမည့် အစား
မျဥ်းပြိုင်များလို ဆန် ့တန်းလာပါတော့တယ်။

ရင်ဘတ်ဓာတ်မှန်မှာ COPD ရောဂါပါလို ့သိနိုင်တဲ့ နောက်ဆုံး တစ်ချက်ကတော့ CXR(PA) Film ပေါ်မှာ မြင်တွေ ့ရတဲ့ နံရိုး အရေအတွက်ပဲ ဖြစ်ပါတယ်။ပုံမှန် လူကောင်းတစ်ယောက် ရင်ဘတ်ဓာတ်မှန် ရိုက်လျှင် အသက်ဝဝ ရှူသွင်းခြင်း Full Inpiration ရမှ (8th-10th posterior ribs) OR (5th - 6th anterior ribs)အထိပဲ CXR (PA)
view မှာ မြင်တွေ ့ရပါတယ်။COPD ရောဂါ သည်တွေမှာ အသက်ဝဝ မရှူသွင်းနိုင်တဲ့ အတွက်
(Deep Inspiration) နံရို အရေအတွက်ဟာ လျော့ပြီး
မြင်တွေ ့ရမည့်အစား အဆုတ်ရောင်ရမ်းပြီး အရွယ်အစားကြီးမားခြင်းကြောင့် (10th - 11th posterior ribs) OR (7th - 8th anterior ribs) တွေ အထိပါ CXR(PA) view မှာ မြင်တွေ ့ကြရမှာပဲ ဖြစ်ပါတယ်။ဒါကြောင့်မို ့လို ့ COPD ရောဂါ ဝေဒနါရှင်များရဲ ့ ရင်ဘတ်ဓာတ်မှန် အဆုတ်ဟာ ရှည်ရှည် မျောမျော ပုံတွေ ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။📔

💚6️⃣💚 COPD (နာတာရှည် အဆုတ် လေပြွန်ရောင် ပျက်စီးခြင်း ရောဂါ)ဖြစ်ပြီ ဆိုလျှင် ဘယ်လိုတွေ ကုသမှု ခံယူကြရမလဲ?ဒီရောဂါက လုံဝ ပျောက်ကင်း သွားစေနိုင်တဲ့ ရောဂါ အမျိုးအစား ဖြစ်ပါသလား?

📔 COPD ရောဂါ ဆိုတာဟာ အဆုတ်လေပြွန်ငယ်လေးများ ကျဥ်း​​​​မြောင်းခြင်းနှင့် လေအိတ်ငယ်လေးများ ပျက်စီးခြင်းကြောင့် အဆုတ်ဟာ ပုံမှန် အရွယ်အစားထက် ပိုပြီး ရောင်ရမ်းလာပါတယ်။ထိုကဲ့သို ့ အဆုတ်ရောင်ရမ်းခြင်းအတွက် (Glucocorticoids/Corticosteroids) စတီး ရွှိုက် အုပ်စုပါဝင်သော စားဆေး l ထိုးဆေး များ နှင့် ရှူဆေးများကို (Nebulizer,Bronchodilator) COPD ရောဂါ ဝေဒနါရှင်များအား ကုသရာတွင် အဓိကထား ပေးကြရပါတယ်။သို ့သော် ထိုဆေးများဖြင့် အိမ်မှာတင် ကြိတ်၍ ကုသ မနေဘဲ သက်ဆိုင်ရာ အထူးကု ဆရာဝန်ကြီးများနှင့် စမ်းသပ် စစ်ဆေး
ကုသကာ သူတို ့ရဲ ့လမ်းညွှန်မှုဖြင့်သာ သောက်သုံးသင့်ပါတယ်။လူနာတစ်ယောက်ဟာ COPD ရောဂါဖြစ်မှန်း သိလျှင် ချက်ခြင်း ဆေးလိပ်ကို ဖြတ်ပစ် ရပါမယ်။COPD ရောဂါ အတွက် လိုအပ်တဲ့
ဆေးဝါးကုသမှုများဖြင့် နာတာရှည် ရောဂါ အဖြစ် ဆက်လက်ကုသ ကြရပါမယ်။အဆုတ်လေ့ကျင့်ခန်း ဆိုင်ရာများလဲ နေ ့စဥ် ပြုလုပ်ပေးရပါမယ်။Severe COPD အဆင့် ခံစားကြရတဲ့ ရောဂါ ဝေဒနါရှင်များဟာ အောက်ဆီဂျင် လိုအပ်လာလျှင် oxygen concentrator အကူအညီများဖြင့် ပံ့ပိုးပေးကြရပါတယ်။ရောဂါလိုအပ်ချက်ကြောင့် EBVs
(Endobronchial Valve Therapy) လို ့ခေါ်တဲ့
ကုသနည်းဖြင့် အဆုတ်လေပြွန်ကြည့်မှန်ပြောင်း
(Bronchoscope)ကို အသုံးပြုပြီး လေပြွန်တစ်လျှောက် ပိတ်ဆို ့နေသော အဆို ့ရှင် (valve)
လေးများကို လမ်းကြောင်းဖွင့်ပေးခြင်းl ဖယ်ရှားပေးခြင်းတို ့ဖြင့် ဆက်လက် ကုသကြရမှာပဲ ဖြစ်ပါတယ်။

COPD ရောဂါဟာ လုံးဝ ပျောက်ကင်အောင်
ကုသလို ့ရနိုင်ပါသလား မေးလာခဲ့လျှင်?COPD ရောဂါဆိုတာဟာ နာတာရှည် ရောဂါ ဖြစ်တဲ့အတွက်
လူ ့သက်တမ်းတစ်လျှောက် ဆက်လက်ကုသ သွားရမည့်ရောဂါ ဖြစ်ပြီး လုံးဝ ပျောက်ကင်းအောင် ကုသ၍ မရနိုင်သေးသော ရောဂါတစ်ခု အဖြစ် ယနေ ့အချိန်အထိ ကမ္ဘာတစ်ဝှမ်းလုံးမှ သိရှိနားလည်ထားသော ရောဂါအမျိုးအစား
ဖြစ်ပါကြောင်း တင်ပြရင်း ကျွန်မတို ့ ချမ်း​မေ ့ဆေးရုံ မိသားစုမှ ဆုတောင်း မေတ္တာများ ပို ့သ အပ်ပါသည်ရှင့်။📔
🙏🙏🙏🙏🙏🙏🙏

# Hospital
# Awareness

သုနန္ဒာလမ်း နှင့် စိန်ရတီ လမ်းထောင့်l ရတနာကျွန်း ရိပ်သာlမဟာကျိန် သစ္စာရှင် ဘုရားအနီးlမြောက်ဥက္ကလာပ မြို ့နယ်။ရန်ကုန်မြို ့

Ph 09-400 999 021,09- 442 544 887

Address

No (141) , Cornor Of Thunandar Street & Sein Yati Street , North Okkalapa Township
Yangon

Telephone

+959400999021

Website

Alerts

Be the first to know and let us send you an email when Chan Myae Hospital posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Chan Myae Hospital:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Category