Vichaivej Hospital, Myanmar Office ဝိချိုင်ဝေ့ဆေးရုံ၊ မြန်မာပြည်ရုံးချုပ်။

  • Home
  • Myanmar
  • Yangon
  • Vichaivej Hospital, Myanmar Office ဝိချိုင်ဝေ့ဆေးရုံ၊ မြန်မာပြည်ရုံးချုပ်။

Vichaivej Hospital, Myanmar Office ဝိချိုင်ဝေ့ဆေးရုံ၊ မြန်မာပြည်ရုံးချုပ်။ မင်္ဂလာပါ၊
ယခု 2020ခုနှစ်အတွက် ရာသီတုပ်ကွေးကာကွယ်ဆေး (Flu Vaccine)ဆိုင်ရာများ မေးမြန်းနိုင်ပါပြီ။

High quality healthcare with affordable price at one of the Thailand's leading hospitals.

🙏2024အတွက် ကိုဗစ်ကာကွယ်ဆေးရပါပြီ🙏👨‍⚕️ တုပ်ကွေးကာကွယ်ဆေးဆိုသည်မှာ💉လူ့ခန္ဓာကိုယ်မှ ပြင်ပမှဝင်​ရောက်လာသည့် တုပ်ကွေးဗိုင်းရပ...
30/04/2024

🙏2024အတွက် ကိုဗစ်ကာကွယ်ဆေးရပါပြီ🙏

👨‍⚕️ တုပ်ကွေးကာကွယ်ဆေးဆိုသည်မှာ💉
လူ့ခန္ဓာကိုယ်မှ ပြင်ပမှဝင်​ရောက်လာသည့် တုပ်ကွေးဗိုင်းရပ်စ်ပိုးများအား ခုခံတိုက်ခိုက်ပေးသည့် ပဋိဇီဝပစ္စည်းများ ကိုယ်တွင်းမှထွက်ရှိနိုင်အောင် လှုံ့ဆော်ပေးသော ဆေးဖြစ်သည်။ အန္တရာယ်မ​ပေးနိုင်တော့သည့် ဗိုင်းရပ်စ်ပိုးအသေ(Inactivated Killed Virus)🦠🧪 ပမာဏဖြင့် ထုတ်လုပ်ထားသဖြင့် ကာကွယ်ဆေးထိုးခြင်း💉 မှတဆင့် တုပ်ကွေးရောဂါ လုံးဝမဖြစ်ပွားစေပါ။ H1N1ကဲ့သို့​သော တုပ်ကွေးရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးများသည် နှစ်စဥ်ပြောင်းလဲနေသောကြောင့် တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံ​ ပေးရန် လိုအပ်ပါသည်။

⌛ဆေးထိုးသင့်သည့်အချိန်🕐
ကာကွယ်ဆေးထိုး​ပြီး အချိန်၂ပတ်မှ ၃ပတ်အကြာမှသာ ကိုယ်ခန္တာမှ ခုခံစွမ်းအားပဋိပစ္စည်းများ အပြည့်အဝထွက်ရှိပြီး ဗိုင်းရပ်စ်များအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။ တုပ်ကွေးရာသီမရောက်ခင် ကြိုတင်ဆေးထိုးထားခြင်းဖြင့် ထိရောက်မည်ဖြစ်သည်။

👨‍⚕️ဆေးထိုးသင့်သူများ👪🤱👨‍🦱👩‍🦰👴👵
-​​မြန်မာနိုင်ငံကဲ့သို့သော H1N1အဖြစ်များသောနေရာတွင်နေထိုင်နေရသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူအများနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ
-ကလေးသူငယ်(အသက်၆လမှစ၍)၊ သက်ကြီးရွယ်အိုများ
-နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါရောဂါအခံရှိသူများ၊ နာတာရှည်​ ​ရောဂါရှိသူများ(အဆုတ်၊​ ကျောက်ကပ်၊ အသည်းစသည်)၊ ကိုယ်ခံအားမကောင်းသူများ၊
-ကိုယ်ဝန်ဆောင်မိခင်များ အဓိကထိုးထားသင့်ပါတယ်။ (ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ထိုးသင့်ပါတယ်)
-ယခင်နှစ်များက ကာကွယ်ဆေးထိုးဘူးသူများ

👨‍⚕️ဆေးမထိုးသင့်သူများ 🚫
-လတ်တလော ဖျားနာ၊ နေမကောင်းဖြစ်နေသူများ
-ကြက်ဥနှင့် ဓာတ်မတည့်သူများ
-Neomycin, Gentamycin, Formaldehyde, Octoxinol-9, Salicylate,အစရှိသည့် ဆေးဓာတ်မတည့်သူများ
များ၊
-ယခင်က တုပ်ကွေးကာကွယ်ဆေးထိုးရာတွင် ဓာတ်မတည့်မှုဖြစ်ဘူးသူများ၊
-ကြွက်သားအားနည်းရောဂါ (Guillain-Barre Syndrome)နှင့် ကိုယ်ခံအားကျစေသောဆေးများ (ဥပမာ-ကင်ဆာဆေး)သောက်သုံးနေသူများ၊ သွေးကျဲဆေးသောက်နေသူများအဖို့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ ထိုးသင့်ပါသည်။

👨‍⚕️အ​ခြားသိကောင်းစရာများℹ️
တုပ်​ကွေးကာကွယ်ဆေးသည် H1N1 အပါအဝင် အခြားInfluenze Virus ၄မျိုးခန့်အထိ ကာကွယ်ပေးနိုင်ပါသည်။ Common coldကဲ့သို့သော အအေးမိဖျားနာခြင်းများကိုမူ ကာကွယ်မပေးနိုင်ပါ။ ၎င်းသည် တုပ်ကွေးလက္ခဏာနှင့်ဆင်တူသဖြင့် တုပ်ကွေးကာကွယ်​ဆေးထိုးထားပါလျက် နေမ​ကောင်းဖြစ်သည်ဟု အမှတ်မှားတတ်ကြပါသည်။

💉 ဆေးအာနိသင်အပြည့်အဝရစေရန်
တုပ်ကွေးကာကွယ်ဆေး (Flu Vaccine)၏အာနိသင်ကို အပြည့်အဝရစေရန် ထုတ်လုပ်သည့်နေရာမှစ၍ ထိုးနှံမည့်နေရာအထိ အပူချိန် 2°Cမှ 8°C (cold chain)အတွင်း ထိန်းသိမ်းထားရန် အလွန်အရေးကြီးပါသည်။ ဤအပူချိန်အတွင်း မထိန်းသိမ်းနိုင်ခြင်း၊ အအေးချိန်လွန်၍ခဲသွားခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်းများကြောင့် ဆေးအာနိသင်အပြည့်အဝရရှိနိုင်မည်မဟုတ်ပါ။

🙏 2024 တုပ်ကွေးကာကွယ်ဆေးထိုးနိုင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။

***အရေအတွက် အကန့်အသတ်ရှိနိုင်ပါသည်***


ငါးယောက်နှင့်အထက်ဆိုအိမ်တိုင်ရာရောက်လဲထိုးနှံပေးပါတယ်။တစ်ဦးလျှင် 43,000ကျပ်ဆေးခန်တွင်လာထိုးပါက 38,000ကျပ်
19/05/2023

ငါးယောက်နှင့်အထက်ဆိုအိမ်တိုင်ရာရောက်လဲထိုးနှံပေးပါတယ်။

တစ်ဦးလျှင် 43,000ကျပ်
ဆေးခန်တွင်လာထိုးပါက 38,000ကျပ်

🙏2023အတွက် ကိုဗစ်ကာကွယ်ဆေးရပါပြီ🙏👨‍⚕️ တုပ်ကွေးကာကွယ်ဆေးဆိုသည်မှာ💉လူ့ခန္ဓာကိုယ်မှ ပြင်ပမှဝင်​ရောက်လာသည့် တုပ်ကွေးဗိုင်းရပ...
25/03/2023

🙏2023အတွက် ကိုဗစ်ကာကွယ်ဆေးရပါပြီ🙏

👨‍⚕️ တုပ်ကွေးကာကွယ်ဆေးဆိုသည်မှာ💉
လူ့ခန္ဓာကိုယ်မှ ပြင်ပမှဝင်​ရောက်လာသည့် တုပ်ကွေးဗိုင်းရပ်စ်ပိုးများအား ခုခံတိုက်ခိုက်ပေးသည့် ပဋိဇီဝပစ္စည်းများ ကိုယ်တွင်းမှထွက်ရှိနိုင်အောင် လှုံ့ဆော်ပေးသော ဆေးဖြစ်သည်။ အန္တရာယ်မ​ပေးနိုင်တော့သည့် ဗိုင်းရပ်စ်ပိုးအသေ(Inactivated Killed Virus)🦠🧪 ပမာဏဖြင့် ထုတ်လုပ်ထားသဖြင့် ကာကွယ်ဆေးထိုးခြင်း💉 မှတဆင့် တုပ်ကွေးရောဂါ လုံးဝမဖြစ်ပွားစေပါ။ H1N1ကဲ့သို့​သော တုပ်ကွေးရောဂါဖြစ်စေသောဗိုင်းရပ်စ်ပိုးများသည် နှစ်စဥ်ပြောင်းလဲနေသောကြောင့် တစ်နှစ်တစ်ကြိမ် ကာကွယ်ဆေးထိုးနှံ​ ပေးရန် လိုအပ်ပါသည်။ ⚕️ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၁၉ခု နှစ်တွင် မြန်မာနိုင်ငံ၌ H1N1 (pdm09)ရောဂါပိုးကြောင့်သေဆုံးသူ ၁၁၈ဦးအထိရှိပါသည်။ ယင်းပမာဏသည် ယခုဖြစ်ပွားနေသော Covid19 ကြောင့်သေဆုံးသူဦးရေထက် အဆများစွာ များပြားပါသည်။

⌛ဆေးထိုးသင့်သည့်အချိန်🕐
ကာကွယ်ဆေးထိုး​ပြီး အချိန်၂ပတ်မှ ၃ပတ်အကြာမှသာ ကိုယ်ခန္တာမှ ခုခံစွမ်းအားပဋိပစ္စည်းများ အပြည့်အဝထွက်ရှိပြီး ဗိုင်းရပ်စ်များအား ကာကွယ်နိုင်မည်ဖြစ်ပါသည်။ တုပ်ကွေးရာသီမရောက်ခင် ကြိုတင်ဆေးထိုးထားခြင်းဖြင့် ထိရောက်မည်ဖြစ်သည်။

👨‍⚕️ဆေးထိုးသင့်သူများ👪🤱👨‍🦱👩‍🦰👴👵
-​​မြန်မာနိုင်ငံကဲ့သို့သော H1N1အဖြစ်များသောနေရာတွင်နေထိုင်နေရသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူအများနှင့် ဆက်စပ်ထိတွေ့မှုရှိသူများ
-ကလေးသူငယ်(အသက်၆လမှစ၍)၊ သက်ကြီးရွယ်အိုများ
-နှလုံး၊ သွေးတိုး၊ ဆီးချိုရောဂါရောဂါအခံရှိသူများ၊ နာတာရှည်​ ​ရောဂါရှိသူများ(အဆုတ်၊​ ကျောက်ကပ်၊ အသည်းစသည်)၊ ကိုယ်ခံအားမကောင်းသူများ၊
-ကိုယ်ဝန်ဆောင်မိခင်များ အဓိကထိုးထားသင့်ပါတယ်။ (ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် သက်ဆိုင်ရာဆရာဝန်နှင့် တိုင်ပင်ထိုးသင့်ပါတယ်)
-ယခင်နှစ်များက ကာကွယ်ဆေးထိုးဘူးသူများ

👨‍⚕️ဆေးမထိုးသင့်သူများ 🚫
-လတ်တလော ဖျားနာ၊ နေမကောင်းဖြစ်နေသူများ
-ကြက်ဥနှင့် ဓာတ်မတည့်သူများ
-Neomycin, Gentamycin, Formaldehyde, Octoxinol-9, Salicylate,အစရှိသည့် ဆေးဓာတ်မတည့်သူများ
များ၊
-ယခင်က တုပ်ကွေးကာကွယ်ဆေးထိုးရာတွင် ဓာတ်မတည့်မှုဖြစ်ဘူးသူများ၊
-ကြွက်သားအားနည်းရောဂါ (Guillain-Barre Syndrome)နှင့် ကိုယ်ခံအားကျစေသောဆေးများ (ဥပမာ-ကင်ဆာဆေး)သောက်သုံးနေသူများ၊ သွေးကျဲဆေးသောက်နေသူများအဖို့ ဆရာဝန်နှင့်တိုင်ပင်ပြီးမှ ထိုးသင့်ပါသည်။

👨‍⚕️အ​ခြားသိကောင်းစရာများℹ️
တုပ်​ကွေးကာကွယ်ဆေးသည် H1N1 အပါအဝင် အခြားInfluenze Virus ၄မျိုးခန့်အထိ ကာကွယ်ပေးနိုင်ပါသည်။ Common coldကဲ့သို့သော အအေးမိဖျားနာခြင်းများကိုမူ ကာကွယ်မပေးနိုင်ပါ။ ၎င်းသည် တုပ်ကွေးလက္ခဏာနှင့်ဆင်တူသဖြင့် တုပ်ကွေးကာကွယ်​ဆေးထိုးထားပါလျက် နေမ​ကောင်းဖြစ်သည်ဟု အမှတ်မှားတတ်ကြပါသည်။

💉 ဆေးအာနိသင်အပြည့်အဝရစေရန်
တုပ်ကွေးကာကွယ်ဆေး (Flu Vaccine)၏အာနိသင်ကို အပြည့်အဝရစေရန် ထုတ်လုပ်သည့်နေရာမှစ၍ ထိုးနှံမည့်နေရာအထိ အပူချိန် 2°Cမှ 8°C (cold chain)အတွင်း ထိန်းသိမ်းထားရန် အလွန်အရေးကြီးပါသည်။ ဤအပူချိန်အတွင်း မထိန်းသိမ်းနိုင်ခြင်း၊ အအေးချိန်လွန်၍ခဲသွားခြင်း၊ နေရောင်တိုက်ရိုက်ထိခြင်းများကြောင့် ဆေးအာနိသင်အပြည့်အဝရရှိနိုင်မည်မဟုတ်ပါ။

🙏 2023 တုပ်ကွေးကာကွယ်ဆေးထိုးနိုင်ရန် စာရင်းပေးသွင်းနိုင်ပါသည်။
***အရေအတွက် အကန့်အသတ်ရှိနိုင်ပါသည်***

14/06/2022

🙏လာမယ့်စနေ့အတွက် Moderna Spikevax 3ယောက်စာသာကျန်ပါတယ်🙏

တစ်ယောက်စာ-90,000ကျပ်ပါ။

Address

No. 32(D), Pho Yaza Street, 14 Quarter, Yankin Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595414235

Alerts

Be the first to know and let us send you an email when Vichaivej Hospital, Myanmar Office ဝိချိုင်ဝေ့ဆေးရုံ၊ မြန်မာပြည်ရုံးချုပ်။ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Vichaivej Hospital, Myanmar Office ဝိချိုင်ဝေ့ဆေးရုံ၊ မြန်မာပြည်ရုံးချုပ်။:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram