Latha Dental Clinic

Latha Dental Clinic Best Service for your oral and dental Health

လူကြီးများအတွက် အကောင်းဆုံးအံကပ်ကို ဘယ်လိုရွေးချယ်ပေးကြမလဲလူကြီးမိဘများအတွက် သက်သောင့်သက်သာရှိပြီး အစားအသောက် ကောင်းကောင...
27/04/2026

လူကြီးများအတွက် အကောင်းဆုံးအံကပ်ကို ဘယ်လိုရွေးချယ်ပေးကြမလဲ

လူကြီးမိဘများအတွက် သက်သောင့်သက်သာရှိပြီး အစားအသောက် ကောင်းကောင်းစားနိုင်စေမယ့် အံကပ်တစ်ခု ရရှိဖို့ဆိုတာ သူတို့ရဲ့ နေ့စဉ်ဘဝ အတွက် တကယ်ကို အရေးကြီးပါတယ်။ အံကပ်အမျိုးအစားတွေ အများကြီးရှိတဲ့ထဲက အကောင်းဆုံးကို ဘယ်လိုရွေးချယ်မလဲဆိုတာ ဗဟုသုတအနေနဲ့ မျှဝေပေးချင်ပါတယ်။

ပထမဆုံး လူကြီးများရဲ့ သွားအခြေအနေပေါ် မူတည်ပြီး အဓိကအားဖြင့် နှစ်မျိုးခွဲခြားနိုင်ပါတယ်။

💭 သွားအားလုံး မရှိတော့ပါက (Full Dentures) လို့ခေါ်တဲ့ သွားဖုံးပေါ်မှာ တိုက်ရိုက်တပ်ရတဲ့ အံကပ်ကို ရွေးချယ်ပေးရပါတယ်။ ဒါကြောင့် သွားဖုံးနဲ့ အံဝင်ခွင်ကျဖြစ်ဖို့နဲ့ သက်တောင့်သက်သာရှိဖို့ အဓိကလိုအပ်ပါတယ်။

💭 သွားအချို့ ကျန်သေးမယ်ဆိုရင်တော့ (Partial Dentures) လိုမျိုး ကျန်နေတဲ့ သွားတွေကို အမှီပြုပြီး တပ်ဆင်ရတာဖြစ်လို့ သဘာဝသွားတွေကို မထိခိုက်စေဘဲ အရောင်အသွေးတူညီဖို့ အရေးကြီးပါတယ်။

အံကပ်မှာလည်းရွေးချယ်စရာ အမျိုးအစားများစွာရှိပါတယ်

◼️ Acrylic Denture (ပလတ်စတစ်): ပေါ့ပါးပြီး ပြုပြင်ရလွယ်ကူပါတယ်။

◼️ Metallic Denture (သတ္တု): ပိုမိုခိုင်ခံ့ပြီး ပါးပါးလေးနဲ့ ပြုလုပ်နိုင်တဲ့အတွက် ပါးစပ်ထဲမှာ နေလို့ပိုကောင်းစေပါတယ်။

◼️ Flexible (ပျော့ပျောင်းသည့် အမျိုးအစား): သွားဖုံးနာတတ်သူများအတွက် သင့်တော်ပြီး တပ်ရတာ ပိုမိုသက်သောင့်သက်သာရှိစေပါတယ်။

အံကပ်တစ်ခုဟာ ကြည့်ကောင်းရုံတင်မကဘဲ အစားအစာကို ကြေညက်အောင် ဝါးနိုင်ဖို့ လိုပါတယ်။ အံကပ်က ပါးစပ်ထဲမှာ ဟနေတာမျိုး၊ ကျွတ်ထွက်ချင်တာမျိုး မရှိဘဲ တိကျတဲ့ Bite (အံကိုက်) ဖြစ်နေမှသာ စကားပြောတဲ့အခါမှာလည်း အသံထွက်မှန်ကန်စေမှာပါ။

လူတစ်ဦးချင်းစီရဲ့ သွားဖုံးပုံစံနဲ့ မေးရိုးအနေအထားပေါ် မူတည်ပြီး ပုံသွင်းရတာဖြစ်လို့ စနစ်တကျ တိုင်းတာမှုတွေ လိုအပ်ပါတယ်။ ဒါကြောင့် ကျွမ်းကျင်တဲ့ သွားဘက်ဆိုင်ရာ ဆရာဝန်များနဲ့ သေချာတိုင်ပင်ပြီးမှ ပြုလုပ်တာက အကောင်းဆုံးပါ။

Latha Dental Clinic မှာ အံကပ်နဲ့ပတ်သက်ပြီး Acrylic Denture / Metallic Denture နှစ်မျိုးလုံး စိတ်တိုင်းကျ ရွေးချယ်လို့ရတာကြောင့် လူကြီးမိဘများအတွက် စိတ်တိုင်းကျပြီး သဘာဝအတိုင်း လှပခိုင်ခံ့တဲ့ အံကပ်များ ပြုလုပ်လိုပါက Latha Dental Clinic မှာ ကျွမ်းကျင်ဆရာဝန်များနဲ့ လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။

လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

#သွားဆေးခန်း

အံကပ်ကို သဘာဝသွားတွေလိုပဲ ဂရုတစိုက် သန့်ရှင်းပေးဖို့ လိုအပ်တယ်နော်…💭 အစားအသောက်စားရတာ အဆင်ပြေဖို့တင်မဟုတ်ပဲ အံကပ်ကြောင့်...
26/04/2026

အံကပ်ကို သဘာဝသွားတွေလိုပဲ ဂရုတစိုက် သန့်ရှင်းပေးဖို့ လိုအပ်တယ်နော်…

💭 အစားအသောက်စားရတာ အဆင်ပြေဖို့တင်မဟုတ်ပဲ အံကပ်ကြောင့် သွားဖုံးရောဂါနဲ့ အာခံတွင်းအနံ့အသက်ဆိုးတွေ မဖြစ်အောင် စနစ်တကျ သန့်ရှင်းရေးလုပ်ဖို့က အလွန်အရေးကြီးပါတယ်။
ဒီနေ့မှာတော့ မှန်ကန်တဲ့နည်းလမ်းနဲ့ အံကပ်ဆေးကြောနည်းကို အားလုံးကိုမျှဝေပေးမှာပါ။

◼️ အစားစားပြီးတိုင်း ဆေးကြောဖို့ လိုအပ်ပါတယ်
အံကပ်အောက်မှာ အစာဟောင်းတွေ ကပ်မနေစေဖို့ အစားစားပြီးတိုင်း အံကပ်ကို ချွတ်ပြီး ရေနဲ့ စနစ်တကျ ဆေးကြောပေးဖို့ မမေ့ပါနဲ့

◼️ သွားတိုက်ဆေးနဲ့ မတိုက်ပါနဲ့
သွားတိုက်ဆေးမှာပါတဲ့ အမှုန်လေးတွေက အံကပ်ရဲ့ မျက်နှာပြင်ကို ပွန်းပဲ့စေပြီး ဘက်တီးရီးယားတွေ ခိုအောင်းဖို့ နေရာဖြစ်စေနိုင်လို့ အံကပ်ကို သန့်ရှင်းရေးလုပ်ဖို့ "အပျော့စား ဆပ်ပြာရည်" ကိုပဲ အသုံးပြုတာ အကောင်းဆုံးပါပဲ။

◼️ နူးညံ့တဲ့ Brush (သို့မဟုတ်) သွားတိုက်တံအဟောင်း ကို အသုံးပြုပါ
အံကပ်မျက်နှာပြင်ကို မခြစ်မိစေဖို့ နူးညံ့တဲ့ Brush (သို့မဟုတ်) သွားတိုက်တံအဟောင်းနဲ့ ညင်သာစွာ ပွတ်တိုက်ပေးပါ။

◼️ ညဘက်မှာ အံကပ်ကို အနားပေးပါ
ညအိပ်ရင် အံကပ်ကို ချွတ်အိပ်ရပါမယ်။ သွားဖုံးကို အနားပေးဖို့အတွက်ရော၊ အံကပ်ပေါ်မှာ ပိုးမွှားတွေ မပေါက်ဖွားစေဖို့အတွက်ပါ အရေးကြီးပါတယ်။

◼️ ရေထဲမှာ စိမ်ထားဖို့ မမေ့ပါနဲ့
အံကပ် ချွတ်ထားတဲ့အချိန်မှာ ရေအေး (သို့မဟုတ်) အခန်းအပူချိန်ရှိတဲ့ ရေ ထဲမှာ အမြဲစိမ်ထားပေးပါ။ (ရေနွေး လုံးဝမသုံးရပါ - အံကပ်ပုံစံပျက်သွားတတ်ပါတယ်)

◼️ အံကပ်ကို ပုံမှန်စစ်ဆေးမှု ခံယူပါ
အချိန်ကြာလာနဲ့အမျှ သွားဖုံးအရိုးအနေအထား ပြောင်းလဲသွားတတ်တာဖြစ်လို့ အံကပ်ချောင်လာတာ၊ သွားဖုံးနဲ့အဆင်မပြေတော့တာ ရှိ၊ မရှိ သိရအောင် ကျွမ်းကျင်ဆရာဝန်နှင့် ပုံမှန်စစ်ဆေးပြသသင့်ပါတယ်။
☑️ လသာသွားဆေးခန်းမှာ အံကပ်အသစ်ပြုလုပ်တာပဲဖြစ်ဖြစ်၊ ရှိပြီးသားအံကပ်ကို စစ်ဆေးတာပဲဖြစ်ဖြစ် ကျွမ်းကျင်ဆရာဝန်ကြီးကိုယ်တိုင် စနစ်တကျ ကုသမှုပေးနေပါတယ်။
အံကပ်နဲ့ ပတ်သက်ပြီး သိလိုတာရှိရင် Page Messenger ကနေ အခုပဲ မေးမြန်းနိုင်ပါတယ်။
လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)
#သွားဆေးခန်း

နောက်ဆုံးပေါ် သွားစိုက်နည်း Dental Implant (သွားအမြစ်တုအစားထိုးသွားစိုက်နည်း) ဆိုတာ သဘာဝသွားအတိုင်း ပြန်လည်ကောင်းမွန်စေတ...
23/04/2026

နောက်ဆုံးပေါ် သွားစိုက်နည်း Dental Implant (သွားအမြစ်တုအစားထိုးသွားစိုက်နည်း) ဆိုတာ သဘာဝသွားအတိုင်း ပြန်လည်ကောင်းမွန်စေတဲ့ ရေရှည်ခိုင်ခံ့တဲ့ သွားစိုက်နည်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ Implant စိုက်ပြီးခါစမှာ ဂရုစိုက်ပေးရမယ့် အချက်လေးတွေ ရှိပါတယ်။

၁။ သွေးတိတ်အောင် ဂရုစိုက်ပါ

စိုက်ပြီးခါစမှာ ကိုက်ခိုင်းထားတဲ့ ဂွမ်းကို (၁) နာရီခန့် အောက်သွားနှင့် အပေါ်သွား ဖိကိုက်ထားပေးပါ။
ပါးစပ်ထဲမှာရှိတဲ့ သွေးနဲ့ တံတွေးတွေကို ထွေးမထုတ်ပါနဲ့။ မျိုချပေးတာက သွေးတိတ်နှုန်း ပိုမြန်စေပါတယ်။

၂။ အစားအသောက် ရွေးချယ်မှု

ပထမ (၂၄) နာရီအတွင်း**:** ပူလွန်း၊ စပ်လွန်းတဲ့ အစားအစာတွေကို ရှောင်ပေးရပါမယ်။ အေးပြီး ပျော့တဲ့ အစားအစာ (ဥပမာ- ဒိန်ချဉ်၊ ရေခဲမုန့်၊ အေးနေတဲ့ ဆန်ပြုတ်) ကိုသာ စားသုံးပေးပါ။

၃။ ရောင်ရမ်းမှုကို လျှော့ချပေးပါ

ခွဲစိတ်ထားတဲ့ ပါးပြင်ပေါ်မှာ ရေခဲကပ်ပေးတာက (Ice Pack) က ရောင်ရမ်းမှုကို သိသိသာသာ လျော့ကျစေပါတယ်။
ညအိပ်တဲ့အခါ ခေါင်းအုံးကို ခပ်မြင့်မြင့်လေး အုံးအိပ်ပေးမယ်ဆိုရင် သွေးလည်ပတ်မှုကို ထိန်းညှိပေးပြီး ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

၄။ ခံတွင်းသန့်ရှင်းရေး

ပထမရက်မှာ သွားတိုက်ရင် Implant စိုက်ထားတဲ့နေရာကို တိုက်ရိုက်မထိမိပါစေနဲ့။
ဒုတိယရက်ကစပြီး ဆရာဝန်ပေးတဲ့ ပလုတ်ကျင်းဆေးရည်နဲ့ ပလုပ်ကျင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပလုပ်ကျင်းတာမျိုးကိုတော့ (၃) ရက်လောက် ရှောင်ပေးပါ။

၅။ ရှောင်ရန်၊ ဆောင်ရန်များ

ဆေးလိပ်နှင့် အရက်: အနာကျက်နှုန်းကို နှေးစေပြီး ပိုးဝင်နိုင်ခြေ များတာကြောင့် အနည်းဆုံး (၁) ပတ်ခန့် လုံးဝရှောင်ကြဉ်သင့်ပါတယ်။ (‌ရေရှည်အတွက်ဆိုရင်တော့ ဆေးလိပ်ဖြတ်တာကတော့ အကောင်းဆုံးပါပဲ)

ဆေးသောက်ရန်: ဆရာဝန်ညွှန်ကြားထားတဲ့ ပိုးသတ်ဆေးနဲ့ အကိုက်အခဲပျောက်ဆေးတွေကို အချိန်မှန် သောက်သုံးပေးပါ။

မှတ်ချက်။ သွေးမတိတ်ခြင်း၊ ပြင်းထန်စွာ နာကျင်ခြင်း၊ ဖျားနာခြင်းများ ရှိလာပါက ဆရာဝန်နဲ့ချက်ချင်း ပြန်ပြီး ပြပေးဖို့ လိုပါတယ်။

✨ သွားစိုက်ခြင်းဟာ ကျွမ်းကျင်မှုနဲ့ တိကျမှု အလွန်လိုအပ်ပါတယ်။ ဒါကြောင့် သွားကျန်းမာရေးနဲ့ ပတ်သက်ပြီး အကောင်းဆုံး အကြံဉာဏ်နဲ့ ကုသမှုတွေကို ယူချင်တယ်ဆိုရင်တော့ လသာသွားဆေးခန်း မှာရှိတဲ့ Implantologist ဆရာဝန်ကြီး နဲ့ လူကိုယ်တိုင် လာရောက်ဆွေးနွေးဖို့ ဖိတ်ခေါ်အပ်ပါတယ် ✨

လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

#သွားဆေးခန်း

နွေအပူရှိန်ကြားမှာ သွားလေးတွေ ဆက်လက်ကျန်းမာနေစေဖို့….☀️အခုလို နွေရာသီရဲ့အပူရှိန် ပြင်းထန်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမ...
21/04/2026

နွေအပူရှိန်ကြားမှာ သွားလေးတွေ ဆက်လက်ကျန်းမာနေစေဖို့….☀️

အခုလို နွေရာသီရဲ့အပူရှိန် ပြင်းထန်နေတဲ့အချိန်မှာ ခန္ဓာကိုယ်ကျန်းမာရေးတင်မကဘဲ သွားနဲ့ခံတွင်းကျန်းမာရေးကိုလည်း အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ အပူဒဏ်ကြောင့် သွားကိုက်တာ၊ သွားဖုံးရောင်တာတွေ မဖြစ်စေဖို့ သတိထားသင့်တဲ့ အချက်လေးတွေကို မျှဝေပေးလိုက်ပါတယ်။

◼️ ရေခဲရေနဲ့ အချိုရည်တွေ အလွန်အကျွံသောက်ခြင်းမှ ရှောင်ပါ။
အပူရှိန်ကြောင့် ရေခဲရေတွေ၊ အချိုရည်တွေကို ပုံမှန်ထက် ပိုသောက်လေ့ရှိကြပါတယ်။ ဒါပေမယ့် အပူချိန်အရမ်းကွာခြားတဲ့အခါ သွားရဲ့အာရုံကြောတွေကို ထိခိုက်စေနိုင်ပြီး သွားကျဥ်တာ၊ သွားကိုက်တာတွေ ဖြစ်နိုင်လို့ သတိထားသင့်ပါတယ်။

◼️ ရေများများသောက်ပါ။
အပူဒဏ်ကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်မှာ ရေဓာတ်ခန်းခြောက်တဲ့အခါ တံတွေးထွက်နှုန်း လျော့နည်းသွားပါတယ်။ တံတွေးဟာ ခံတွင်းထဲက ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ သဘာဝအကာအကွယ်ဖြစ်လို့ သွားပိုးစားခြင်းနဲ့ ခံတွင်းနံ့နံခြင်းတွေ မဖြစ်အောင် ရေများများသောက်ဖို့ လိုအပ်ပါတယ်။

◼️ အသီးအနှံများများစားပါ။
ရေဓာတ်ကြွယ်ဝတဲ့ ဖရဲသီး၊ သခွားသီး စတာတွေကို စားပေးခြင်းက ခံတွင်းကို သန့်စင်စေသလို ရေဓာတ်ကိုလည်း ဖြည့်တင်းပေးပါတယ်။

နွေရာသီမှာ သွားနဲ့ပတ်သက်တဲ့ ဝေဒနာတစ်ခုခု ခံစားရပြီဆိုရင် "နေပူလို့ဖြစ်တာပါလေ" ဆိုပြီး အချိန်မဆွဲဘဲ ကျွမ်းကျင်သွားဆရာဝန်နဲ့ အမြန်ဆုံးကုသမှု ခံယူဖို့ လိုအပ်တယ်နော်

💭 ချစ်ရတဲ့သူတွေလည်း နွေရာသီမှာ သွားကျန်းမာရေး ဂရုစိုက်နိုင်အောင် ဒီ Post လေးကို Share လုပ်ပေးဖို့ မမေ့နဲ့နော်

သွားနဲ့ပတ်သက်ရင် Latha Dental Clinic ကို ဆက်သွယ်နိုင်ပါတယ်
➡️ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
➡️ ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

"မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။နှစ်သစ်မှစပြီး  လှပတောက်ပတဲ့ အပြုံးကိုယ...
17/04/2026

"မြန်မာ့နှစ်သစ်ကူး မင်္ဂလာအခါသမယမှာ မိတ်ဆွေများအားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

နှစ်သစ်မှစပြီး လှပတောက်ပတဲ့ အပြုံးကိုယ်စီနဲ့ ဘဝကို ယုံကြည်မှုရှိရှိ ဖြတ်သန်းနိုင်ကြပါစေလို့ Latha Dental Clinic မှ ဆုတောင်းပေးလိုက်ပါတယ်....💛🤍

#လသာ #သွားဆေးခန်း

သင်္ကြန်ဆေးခန်းပိတ်ရက်ကြေညာခြင်း💭 Latha Dental Clinic ကို ဧပြီလ (၁၂) ရက်ကနေ (၁၇) ရက် (နှစ်ဆန်းတစ်ရက်နေ့) အထိ သင်္ကြန်ပိတ...
11/04/2026

သင်္ကြန်ဆေးခန်းပိတ်ရက်ကြေညာခြင်း

💭 Latha Dental Clinic ကို ဧပြီလ (၁၂) ရက်ကနေ (၁၇) ရက် (နှစ်ဆန်းတစ်ရက်နေ့) အထိ သင်္ကြန်ပိတ်ရက်အဖြစ် ခေတ္တပိတ်ထားမှာ ဖြစ်ပါတယ် ◾◾◾

ဧပြီလ (၁၈) ရက်နေ့ ကျရင်တော့ ဆေးခန်းပြန်ဖွင့်ပြီဖြစ်လို့ သွားနဲ့ပတ်သက်တဲ့ ကုသမှုတွေအတွက် ပုံမှန်အတိုင်း ပြန်လာပြလို့ ရပါပြီခင်ဗျာ

💦 အားလုံးပဲ သွားကိုက်၊ သွားနာတာမျိုးမရှိဘဲ ပျော်ရွှင်စရာသင်္ကြန်ပွဲတော်ကို ဖြတ်သန်းနိုင်ကြပါစေ 💦💛

#လသာ #သွားဆေးခန်း

Composite Filling နည်းလမ်းက ဘာလို့ ကြာရှည်ခံတာလဲ….◾◾◾သွားဖာတယ်ဆိုတာ ပေါက်နေတဲ့အပေါက်ကို ပိတ်လိုက်ရုံနဲ့တင် မလုံလောက်ပါဘူ...
10/04/2026

Composite Filling နည်းလမ်းက ဘာလို့ ကြာရှည်ခံတာလဲ….◾◾◾

သွားဖာတယ်ဆိုတာ ပေါက်နေတဲ့အပေါက်ကို ပိတ်လိုက်ရုံနဲ့တင် မလုံလောက်ပါဘူး။
"ဘာနဲ့ဖာမှာလဲ?" နဲ့ "ဘယ်လိုနည်းပညာကို သုံးမှာလဲ?" ဆိုတာတွေက ဖာထားတဲ့သွားရဲ့ သက်တမ်းကို အဆုံးအဖြတ်ပေးတာ ဖြစ်ပါတယ်။

💭 ဒီနေ့မှာတော့ နောက်ဆုံးပေါ် လေဆာသွားဖာနည်းဖြစ်တဲ့ Composite Filling နဲ့ ဖာထားတဲ့သွားတွေက ဘာကြောင့် ပိုကြာရှည်ခံစေလဲ ဆိုတဲ့အချက်တွေကို ဗဟုသုတရအောင် မျှဝေပေးမှာပါ

◼️ Chemical Bonding
အရင်ခေတ်ကသုံးတဲ့ ငွေရောင် (Amalgam) သွားဖာနည်းတွေဟာ သွားအပေါ်ယံကနေ ဖာရုံသာဖြစ်လို့ အချိန်ကြာရင် ကြားထဲကနေ ပြန်ပိုးစားတာ၊ ကျွတ်ထွက်တာမျိုး ဖြစ်တတ်ပါတယ်။ Composite Filling ကတော့ သွားနဲ့ ဓာတ်ပြုပြီး တစ်သားတည်း (Bonding) ဖြစ်အောင် တွဲစပ်ပေးတာမျိုးဖြစ်လို့ ပိုမိုမြဲမြံစေပါတယ်။

◼️ Structural Support
အကြောင်းတစ်ခုခုကြောင့် သွားတစ်ချောင်း ပိုးပေါက်ဖြစ်တဲ့အခါ သူ့ရဲ့ မူလခိုင်ခံ့မှု (Structural Integrity) လျော့နည်းသွားပါတယ်။ Composite Filling နည်းနဲ့ ဖာတာက သွားနဲ့ တစ်သားတည်း ကပ်နေတာကြောင့် အစာဝါးတဲ့အခါ သွားကို ဘေးကနေ ပြန်လည်ထိန်းကန်ပေးနိုင်ပြီး သွားကွဲအက်ခြင်းကနေ ကာကွယ်ပေးပါတယ်။

◼️ Minimal Invasive
Composite ရဲ့ အားသာချက်က သွားရဲ့ ပိုးစားနေတဲ့ အစိတ်အပိုင်းလေးကိုပဲ ဖယ်ရှားပြီး ဖာလို့ရတာပါ။ တခြားနည်းတွေလိုမျိုး ဖာထားတာ (Cavity) မြဲဖို့အတွက် ကောင်းနေတဲ့ သွားသားတွေကို အများကြီး ဖယ်ထုတ်စရာမလိုလို့ သဘာဝသွားကို အကြာရှည်ဆုံး ထိန်းသိမ်းနိုင်ပါတယ်။

☑️ တကယ်တော့ သွားဖာထားတဲ့နည်းလမ်းတွေထက် ကိုယ်တိုင်က ဖာထားတဲ့နေရာကို သေချာဂရုစိုက်ပေးဖို့လည်း အရေးကြီးပါတယ်။ ဖာထားတဲ့နေရာနဲ့ အမာတွေဖိစားတာမျိုး မလုပ်ပဲ သေချာသန့်ရှင်းရေးလုပ်တာ၊ Check-up ပုံမှန်လုပ်ပေးတာမျိုး လုပ်ဖို့ လိုအပ်ပါတယ်။

လသာသွားဆေးခန်းမှာ စနစ်ကျတဲ့ Composite Filling နည်းပညာနဲ့ သွားလေးတွေကို နဂိုအတိုင်း ခိုင်ခံ့လှပအောင် ပြန်လည်ပြုပြင်ပေးနေပါပြီ။
➡️ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။
➡️ ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။
(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)

#သွားဆေးခန်း

Implant ကပေးနိုင်တဲ့ စစ်မှန်တဲ့ခိုင်မာမှု ◾◾◾💭 သွားပြန်စိုက်တယ်ဆိုတာ တစ်သက်တာအတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လို့ စိတ်...
07/04/2026

Implant ကပေးနိုင်တဲ့ စစ်မှန်တဲ့ခိုင်မာမှု ◾◾◾

💭 သွားပြန်စိုက်တယ်ဆိုတာ တစ်သက်တာအတွက် ရင်းနှီးမြုပ်နှံမှုတစ်ခုဖြစ်လို့ စိတ်ချမှုရရှိဖို့က အဓိကပါပဲ

◼️ သဘာဝသွားအတိုင်း တူညီတဲ့ခံစားချက်မျိုး ရနိုင်တယ်
◼️ တစ်သက်တာအတွက် အာမခံချက် အပြည့်ရှိတယ်
◼️ စစ်မှန်တဲ့ခိုင်မာမှုကို ပေးနိုင်တယ်
◼️ ဘေးသွားတွေကို လုံးဝမထိခိုက်စေတဲ့ နောက်ဆုံးပေါ်နည်းလမ်း Dental Implant နဲ့စိုက်ပါ။

☑️ သွားအမြစ်တုအစားထိုးနည်းလမ်းဖြစ်လို့ သွားဖုံးအရိုးနိမ့်ဆင်းမှုကို ကာကွယ်ပေးနိုင်တဲ့အတွက် မျက်နှာအချိုးအစားကိုပါ နုပျိုစေနိုင်ပါတယ်။

Implant သွားစိုက်နည်းကို Latha Dental Clinic မှာ အတွေ့အကြုံရှိ Implantologist ကိုယ်တိုင် သေချာကုသမှုပေးနေတာပါ
Implant နဲ့သွားစိုက်ဖို့ စဥ်းစားထားတယ်ဆိုရင် Latha Dental Clinic မှာ လာရောက်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်

➡️ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡️ ဆေးခန်းဖွင့်ချိန် - မနက် (၉) နာရီမှ ညနေ(၆) နာရီအထိ။
(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


#သွားဆေးခန်း

ဒီမေးခွန်းက brace တပ်ချင်တဲ့သူတိုင်း သိချင်ကြတဲ့အရာပါ—“သွားညှိရင် ဘာလို့ သွားနှုတ်ရတာလဲ?” 🤔🧐 သွားညှိရတဲ့ လူအများစုမှာ ပါ...
30/03/2026

ဒီမေးခွန်းက brace တပ်ချင်တဲ့သူတိုင်း သိချင်ကြတဲ့အရာပါ—
“သွားညှိရင် ဘာလို့ သွားနှုတ်ရတာလဲ?” 🤔

🧐 သွားညှိရတဲ့ လူအများစုမှာ ပါးစပ်ထဲ space (နေရာ) မလုံလောက်တာကြောင့်
သွားတွေက တစ်ခုနဲ့တစ်ခု တွန်းတိုက်ပြီး မညီမညာ ဖြစ်နေကြပါတယ်

ဒီလိုအခြေအနေမှာ —
✔️ သွားတွေ နေရာရွှေ့ဖို့ဆိုရင် space လိုအပ်ပါတယ်
✔️ Space မရှိရင် သွားညှိတာ မအောင်မြင်နိုင်ပါဘူး

👉 ဒါကြောင့် တချို့သွားတွေကို နှုတ်ပြီး space ဖန်တီးပေးရတာဖြစ်ပါတယ်

🧐သွားနှုတ်အရေအတွက် ဘယ်လောက်နှုတ်ရမလဲဆိုတာကတော့ တစ်ဦးနဲ့တစ်ဦး မတူပါဘူး
ညှိရမယ့် သွားအနေအထား၊ မျက်နှာဖွဲ့စည်းပုံတွေပေါ်မူတည်ပါတယ်။

ဒါကြောင့်
👩‍⚕️ သွားဆရာဝန်တွေက X-ray result တွေကြည့်ပြီးမှ
သင့်တော်တဲ့ treatment plan ကို ဆုံးဖြတ်ပေးတာဖြစ်ပါတယ်

သွားညှိတဲ့အခါ သွားနှုတ်ရတာက “အလှပျက်စေဖို့” မဟုတ်ပါဘူး
👉 မြန်မြန်ဆန်ဆန် သွားလေးတွေ ညီဖို့
👉 Long-term result ကောင်းဖို့
👉 Healthy bite ရဖို့ အတွက် လိုအပ်တဲ့ step တစ်ခုပါနော်

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


ရွေးချယ်စရာ Brace အမျိုးအစားတွေ လေ့လာကြည့်ရအောင် 🤔ကိုယ့်ရဲ့ သွားတွေ မညီမညာထပ်နေတာ 。。。အစာစားတိုင်းညှပ်နေတာ 。。。သူများတွေပြ...
25/03/2026

ရွေးချယ်စရာ Brace အမျိုးအစားတွေ လေ့လာကြည့်ရအောင် 🤔

ကိုယ့်ရဲ့ သွားတွေ မညီမညာထပ်နေတာ 。。。
အစာစားတိုင်းညှပ်နေတာ 。。。
သူများတွေပြောကြတာ
“ သွားမညီဘူး သွားခေါတယ် ” 。。。စသဖြင့် အကြောင်းအမျိုးမျိုးကြောင့် သွားညှိဖို့ စဥ်းစားကြပါတယ်

➡️ ဒီတော့ သွားညှိမယ်ဆိုရင် ဘယ်လိုbrace အမျိုးအစား တွေ ရှိတယ်ဆိုတာ ရှင်းပြပေးသွားပါမယ်

Brace တပ်တယ်ဆိုတာကတော့
သွားမျက်နှာပြင်ပေါ်မှာ အတုံးလေးတွေ wire ကြိုးတွေ တင်လိုက်တာမျိုးပါ
အတုံးလေးတွေကို bracket လို့ခေါ်ပါတယ် ✅✅

Bracket မှာဆိုရင်
▪️အကြမ်းပိုခံတဲ့ metal bracket ( သတ္တုရောင်)နဲ့
▪️သွားအရောင်နီးပါးတူတဲ့Ceramic bracket ( အကြည်တုံး ) ဆိုပြီး ရွေးချယ်စရာရှိပါတယ်

Brace တပ်ထားမှန်းမသိသာချင်ဘူးဆိုရင်တော့
Ceramic Bracket ကို ရွေးနိုင်ပါတယ်

နောက်တဆင့်ရွေးရမှာက
▪️bracket မှာ ခလုတ်ပါတဲ့ (Traditional )အမျိုးအစားနဲ့
▪️Bracket အတုံးမှာ wire ထည့်ပြီးရင် ခလုတ်ပါတဲ့ ( self-ligating ) အမျိုးအစားပါ

➡️Self-ligating က တပ်ထားတဲ့အခါ ပါးစပ်ထဲမှာ နေလို့ပိုအဆင်ပြေပါတယ်
➡️Traditional ဆိုရင် wire ထည့်ပြီးငြိမ်အောင် wire ကြိုးသေးသေးလေးနဲ့ ပြန်တုတ်ရပါတယ်။ အချိန်ပိုပေးရပါမယ်

ဒါဆိုရင်တော့ brace မှာ ဘယ်လိုအမျိုးအစားလေးတွေ ရှိတယ်ဆိုတာ အကြမ်းဖျင်းတော့ သိလောက်ပြီပေါ့ 🤗

✅✅ တပ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်တော့ သွားဆရာဝန်နဲ့ မိမိနဲ့ သင့်တော်မယ့် အမျိုးအစား မိမိ အသုံးပြုချင်တဲ့ ငွေ Amount တွေကို ပြောပြ
ပြီး ဆွေးနွေးတိုင်ပင်ဖို့ အကြံပြုပါတယ်။

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


ဆယ်ကျော်သက်အရွယ်မှာ သွားညှိရင် ဘာကြောင့် ကောင်းကျိုးတွေ ပိုများသလဲ? 🤔ဆယ်ကျော်သက်အရွယ်ဟာ သွားနှင့် မျက်နှာအရိုးတည်ဆောက်မှ...
19/03/2026

ဆယ်ကျော်သက်အရွယ်မှာ သွားညှိရင် ဘာကြောင့် ကောင်းကျိုးတွေ ပိုများသလဲ? 🤔

ဆယ်ကျော်သက်အရွယ်ဟာ သွားနှင့် မျက်နှာအရိုးတည်ဆောက်မှုတွေ အလျင်အမြန် ဖွံ့ဖြိုးနေတဲ့ အချိန်ဖြစ်တာကြောင့် သွားညှိကုသမှုအတွက် အကောင်းဆုံးအချိန်တစ်ခုပါ။

✨ ဘာကြောင့် ဒီအရွယ်မှာ သွားညှိသင့်သလဲ?

🔹 အရိုးဖွံ့ဖြိုးဆဲ အရွယ်ဖြစ်တာကြောင့် ရလဒ်ကောင်းများရနိုင်ပါတယ်။

🔹 ကုသမှုအချိန် ပိုတိုတယ်
ဆယ်ကျော်သက်မှာ သွားရွှေ့ပြောင်းမှု ပိုလွယ်တာကြောင့် treatment duration ပိုမိုတိုနိုင်ပါတယ်။

🔹 Overbite, underbite, crowding စတဲ့ ပြဿနာတွေကို ဆယ်ကျော်သက်အရွယ်ထဲက ပြုပြင်ထားလိုက်တော့ နောက်ပိုင်း ပိုကြီးမားတဲ့ သွားပြဿနာတွေကို ကာကွယ်ပြီးသား ဖြစ်စေပါတယ်။

🔹 ယုံကြည်မှု (confidence) တိုးတက်လာတယ်
သွားတွေ ညီညာပြီး လှပလာတာကြောင့် ပြုံးရယ်ချင်စိတ် ပိုများလာပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှု တိုးတက်စေပါတယ်

🔹 ခံတွင်းကျန်းမာရေး ပိုကောင်းလာတယ်
သွားတန်းညီလာတာကြောင့် သွားတိုက်ရလွယ်ကူပြီး သွားကျောက်နဲ့ သွားပိုးပေါက် ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။


ဆယ်ကျော်သက်အရွယ်မှာ သွားညှိခြင်းဟာ ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေနိုင်တဲ့ အကောင်းဆုံးဆုံးဖြတ်ချက်တစ်ခုပါ။

📩 သင့်ကလေး (သို့) သင့်ကိုယ်တိုင်အတွက် သွားညှိရန် စဉ်းစားနေပါက Latha Dental Clinic မှ
သွားဆရာဝန်နှင့် အကြံပြုဆွေးနွေးပြီး စတင်နိုင်ပါတယ်။

သွားအမြစ်တု အစားထိုးစိုက်နည်း Dental Implant ရဲ့ အားသာချက် (၅) ချက်ကို ပြောပြပေးသွားပါမယ် 5️⃣(၁) ဘေးသွားအကူအအညီမပါဘဲ တစ်...
14/03/2026

သွားအမြစ်တု အစားထိုးစိုက်နည်း Dental Implant ရဲ့ အားသာချက် (၅) ချက်ကို ပြောပြပေးသွားပါမယ် 5️⃣

(၁) ဘေးသွားအကူအအညီမပါဘဲ တစ်ချောင်းတည်း စိုက်နိုင်တဲ့ သွားစိုက်နည်းဖြစ်လို့ ဘေးသွားတွေ မထိခိုက်တော့ဘူးပေါ့ ✅

(၂) သွားဖုံးရိုးနိမ့်ဆင်းမှုကို ကာကွယ်ပေးနိုင်တဲ့ တစ်ခုတည်းသော သွားစိုက်နည်းဆိုရင်လည်း မမှားပါဘူး✅

(၃) သဘာဝသွားအစစ်နီးပါး ကြံ့ခိုင်တဲ့အတွက် အစားစားတဲ့အခါမှာလည်း ပိုပြီး လွယ်ကူအဆင်ပြေစေပါတယ်✅

(၄) အမြင်အရလဲ ပိုလှပတဲ့ နောက်ဆုံးပေါ် သွားစိုက်နည်းပဲ ဖြစ်ပါတယ်နော်✅

(၅) ဒါ့အပြင် သွားနှင့်ခံတွင်း သန့်ရှင်းရေးကိုသာ စနစ်တကျ ဂရုစိုက်ပေးပြီး ထိန်းဝါးပေးမယ် ဆိုရင်
တစ်သက်သာလုံး အသုံးပြုနိုင်တာကြောင့် ကုန်ကျစရိတ်အရလဲ တွက်ခြေပိုကိုက်ပါတယ်✅

သွားဆုံးရှုံးထားလို့ Dental Implant နည်းနဲ့ သွားစိုက်မယ် စဥ်းစားနေတယ် ဆိုရင်တော့
Latha Dental Clinic မှာ လာရောက်ဆွေးနွေးကြည့်ဖို့ ဖိတ်ခေါ်ပါတယ်

➡ လိပ်စာ- အမှတ် ၆၆၁၊ ပထမထပ်၊ လသာလမ်း နှင့် မဟာဗန္ဓုလလမ်းထောင့်၊ လသာမြို့နယ်၊ ရန်ကုန်မြို့။

➡ ဆေးခန်းဖွင့်ချိန် - မနက် (၉)
နာရီမှ ညနေ(၆) နာရီအထိ။(တနင်္ဂနွေနေ့တိုင်း ဆေးခန်းပိတ်ပါသည်)


#သွားဆေးခန်း

Address

Latha Street
Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00

Telephone

+951371414

Alerts

Be the first to know and let us send you an email when Latha Dental Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share