𝐏𝐞𝐭𝐢 𝐓𝐨𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐂𝐥𝐢𝐧𝐢𝐜

  • Home
  • Myanmar
  • Yangon
  • 𝐏𝐞𝐭𝐢 𝐓𝐨𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐂𝐥𝐢𝐧𝐢𝐜

𝐏𝐞𝐭𝐢 𝐓𝐨𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐂𝐥𝐢𝐧𝐢𝐜 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 𝐏𝐞𝐭𝐢 𝐓𝐨𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐂𝐥𝐢𝐧𝐢𝐜, Health & Wellness Website, Yangon.

၀မ်းချုပ်ခြင်းအကြောင်းသိကောင်းစရာများ 🧑🏼‍⚕️🧑🏼‍⚕️၀မ်းချုပ်ခြင်းဆိုတာကို လူတိုင်း ကြုံတွေ့ဖူးတဲ့ ၀မ်းသွားခြင်းဆိုင်ရာပြဿနာ...
24/10/2023

၀မ်းချုပ်ခြင်းအကြောင်းသိကောင်းစရာများ 🧑🏼‍⚕️🧑🏼‍⚕️

၀မ်းချုပ်ခြင်းဆိုတာကို လူတိုင်း ကြုံတွေ့ဖူးတဲ့
၀မ်းသွားခြင်းဆိုင်ရာပြဿနာတစ်ခုပဲဖြစ်ပါတယ်။
တစ်ခါတစ်ရံမှ ၀မ်းချုပ်ခြင်းကို ခံစားရတာက ပြဿနာမရှိပေမဲ့ အမြဲလိုလို ၀မ်းချုပ်နေရင်တော့
နေ့စဥ်လူနေမှုဘ၀ကို များစွာ အနှောက်အယှက်ပေးပြီး ၀မ်းနဲ့ဆိုင်တဲ့ နောက်ဆက်တွဲပြဿနာတွေကို လည်း ခံစားရစေတာကြောင့် လုံး၀ကို မပေါ့ဆသင့်တဲ့ လက္ခဏာတစ်ခုပဲဖြစ်ပါတယ်၊၊🧑🏼‍⚕️

၀မ်းချုပ်ခြင်းကို အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များကြပြီး တစ်ဦးနှင့်တစ်ဦး
ဖြစ်တဲ့ ပုံစံလက္ခဏာခြင်းလည်း မတူညီကြပါဘူး။

အတွေ့များတဲ့ ပုံစံတွေကတော့ အားစိုက်ထုတ်မှု မရှိတဲ့ အခြေအနေတွေမှာ ၀မ်းသွားရခက်ခဲခြင်း
၀မ်းမာသွားခြင်းနှင့် ၀မ်းသွားချိန်ကြာခြင်းနှင့် မအီမလည် လေပွသလိုခံစားရခြင်း စတာတွေကတော့ အဖြစ်များကြပါတယ်။

၀မ်းချုပ်ခြင်းကို ဖြစ်စေတဲ့ အဓိက အကြောင်းအရာတွေကတော့ ...

✅နေထိုင်စားသောက်မှု မမှန်တာ

✅နေ့စဥ်ရေလုံလောက်စွာမသောက်သုံးတာ

✅ကိုယ်လက်လှုပ်ရှားမှု အားနည်းတာ

✅စိတ်ဖိစီးမှုများတာ

✅ကယ်လ်စီယံ၊ သံဓာတ်၊ ဗီတာမင်၊ တချို့ သတ္တုဓာတ်
များနည်းခြင်း

✅ကိုယ်၀န်ဆောင်ထားရခြင်း စတဲ့ အကြောင်းအရင်းတွေကြောင့် ၀မ်းချုပ်ခြင်းကို ခံစားရစေပါတယ်။

တစ်ပတ်ကို ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ်သာ ၀မ်းသွားခြင်းကို ကာလကြာရှည်စွာခံစားရရင်တော့
နောက်ဆက်တွဲပြဿနာတွေ အနေနဲ့ လိပ်ခေါင်းရောဂါ အူမကြီးကင်ဆာ စတဲ့နောက်ဆက်တွဲရောဂါတွေကို ခံစားရစေပါတယ်။

ဒါဆို ၀မ်းမှန်အောင် ဘယ်လို လုပ်ကြမလဲ?

✅နေ့စဥ်မနက်ခင်းတိုင်းရေတစ်ခွက်
ပုံမှန်သောက်ပေးပါ။

✅ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်ပေးပါ။

✅ကယ်လ်စီယံ၊ သံဓာတ်၊ ဗီတာမင်၊ တချို့ သတ္တုဓာတ်
များပြည့်၀စွာနေထိုင်ပါ။

✅စိတ်ဖိစီးမှုကို အတတ်နိုင်ဆုံးလျော့ချပါ။

ဝမ်းချုပ်ခြင်းပြဿနာကိုလူတိုင်းကြုံဖူးကြမှာပါ။ ရံဖန်ရံခါ ဝမ်းချုပ်တာက ပြဿနာမရှိပေမယ့် နာတာရှည်ဝမ်းချုပ်နေပြီဆိုရင်တော့ ကျန်းမာရေးပြဿနာတစ်ခုခုဖြစ်နိုင်ပါတယ်။ အကယ်၍ ဝမ်းတွင်သွေးပါပါက အူမကြီးမှန်ပြောင်းကြည့်ရနိုင်ပါသည်။ သွေးစစ်ရသည်များ၊ ဓာတ်မှန်ရိုက်ရသည်များ ရှိနိုင်သည်။ ဒါကြောင့် ၀မ်းချုပ်နေပြီဆိုပါက မပေါ့ဆပဲ ဂရုစိုက်ရန် အထူးလိုအပ်ပါသည်။🧑🏼‍⚕️🧑🏼‍⚕️

#၀မ်းချုပ်ခြင်း


ခုချိန်မှာ လူတိုင်းသတိထားသင့်သည့် ကူးစက်လွယ်မျက်စိနာရောဂါအန္တရာယ် 🧑‍⚕️🧑‍⚕️အခုရက်ထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး သတိထားသင့...
11/10/2023

ခုချိန်မှာ လူတိုင်းသတိထားသင့်သည့် ကူးစက်လွယ်မျက်စိနာရောဂါအန္တရာယ် 🧑‍⚕️🧑‍⚕️

အခုရက်ထဲမှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး
သတိထားသင့်တာလေးကတော့ ကူးစက်လွယ်တဲ့
မျက်စိနာခြင်းပဲဖြစ်ပါတယ်။ မျက်စိနာတယ်ဆိုတာ
အပေါ်ယံမျက်ကြည်လွှာရောင်ရမ်းခြင်းလို့
အဓိပ္ပါယ်ဖွင့်ဆိုလို့ရပါတယ်။
ပုံမှန်အားဖြင့် ကလေးငယ်တွေမှာ ပိုမိုအဖြစ်များတာ
ကိုလည်းတွေ့ရပါတယ်။ 🧑‍⚕️🧑‍⚕️

အခုရက်ပိုင်းအတွင်းမှာတော့ မိုးအကုန် ဆောင်းအကူးရာသီအကူးအပြောင်းကြောင့် ဘက်တီးရီးယား ပိုးမွှားတွေ ပေါက်ဖွားမှုနှုန်းများလာတဲ့အတွက်ကြောင့် ‌
မျက်စိနာခြင်းကို အသက်အရွယ်မရွေး
တော်တော်များများဖြစ်ပွားကြပါတယ်။💯💯

ပုံမှန်ဆိုရင် adenovirus လို့ခေါ်တဲ့ ဗိုင်းရစ်ကြောင့်အဖြစ်များကြပေမဲ့ နောက်ပိုင်းတွေမှာ herpes simplex virus နဲ့ varicella-zoster virus အပါအဝင်အခြားဗိုင်းရပ်စ်များကြောင့်လည်း မျက်စိနာတာကို ဖြစ်နိုင်ကြောင်းလေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။

ဒါဆို မျက်စိနာရင် ဘာတွေဖြစ်နိုင်မလဲ?

မျက်စိနာခြင်းရဲ့ လက္ခဏာတွေကတော့...

✅မျက်လုံးတစ်၀ိုက်ယားယံခြင်း ။

✅မျက်လုံး တစ်ဖက် သို့မဟုတ် နှစ်ဖက်လုံး နီရဲခြင်း။

✅မျက်ရည်ပူများထွက်ခြင်း ။

✅မျက်လုံးအတွင်းစူးအောင့်အောင့်ခံစားရခြင်း ။

✅အမြင်အာရုံများ‌ ဝေ၀ါးခြင်း ။

✅မျက်၀ပ်များထွက်ခြင်း စတဲ့ လက္ခဏာတွေကို ခံစားရစေပါတယ်။

အခုလို မိုးအကုန် ဆောင်းအကူးကာလမှာ အဖြစ်များတာကတော့ ဗိုင်းရစ့်ကြောင့် အဖြစ်များကြပါတယ်။
မျက်စိနာခြင်းက ကူးစက်တတ်တာကြောင့် အရာ၀တ္ထုတွေကို မကိုင်တွယ်မှီ လက်အရင်ဆေးဖို့တော့လိုပါတယ်။ 🧑‍⚕️🧑‍⚕️

တကယ်လို့ သင်ဟာ မျက်စိနာနေပြီဆိုရင်တော့
တခြားသူများကို မကူးစက်စေရန်
မျက်လုံးအား လက်ဖြင့် တိုက်ရိုက်ထိတွေ့ခြင်းမှ
ရှောင်ကျဥ်ပေးရပါမယ်။ 🙅

မျက်စိနာတာကို သက်သာစေရန်-

✅အဝတ်စတစ်ခုကို ရေဆေးပါ။

✅လေးထောင့် ခေါက်ပါ။

✅ပလတ်စတစ်အိပ်ထဲထည့်ပြီး ရေခဲသေတ္တာထဲမှာ ၁၅ မိနစ်ခန့်ထားပေးရပါမယ်။

✅ပြီးရင် မျက်စိကို အုပ်နိုင်ပါပြီ။

ရေခဲရှိရင် ...
✅ရေခဲတွေကို ပလပ်စတစ်အိတ်ထဲမှာထည့်ပြီး
ရေခဲအသေးလေးတွေဖြစ်အောင် လုပ်ပါ။

✅ရေခဲအိတ်ကို သန့်စင်တဲ့အဝတ်စနဲ့ ပတ်ပြီး
မျက်လုံးတစ်၀ိုက်ကို ကပ်ပေးရပါမယ်။

✅မျက်စဥ်းဆေးကို ၂ နာရီခြားတစ်ခါ ၃ နာရီခြားတစ်ခါ ပုံမှန်ထည့်ပေးပါ။

✅မျက်၀ပ်များကို သန့်ရှင်းသော အ၀တ်များဖြင့် သန့်ရှင်းရေးလုပ်ပေးရပါမယ်။

အခုပြောပြပေးလိုက်တဲ့အကြောင်းအရာလေးတွေကတော့ မျက်စိနာခြင်းမှ ကာကွယ်ရန်နှင့် မျက်စိနာနေရင် ဘယ်လို ကုသရမလဲဆိုတဲ့အချက်လေးတွေပဲဖြစ်ပါတယ်၊၊ မျက်စိနာခြင်းက ပြင်းထန်အခြေအနေတစ်ခုမဟုတ်ပေမဲ့ မျက်စိနာခြင်းကို ကူးစက်ခံရပြီဆိုရင်တော့ နေ့စဥ်လူနေမှုဘ၀တွေမှာ များစွာအနှောက်အယှက်ဖြစ်စေတာကြောင့် မပေါ့ဆသင့်ပါဘူး၊၊🙅🙅




#မျက်စိနာခြင်း

✅ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက် ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊✅ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍ကောင်းမ...
19/09/2023

✅ကာကွယ်ဆေးအမျိုးမျိုးထိုးနှံနိုင်ဖို့အတွက်
ယခု ချက်ချင်းစာရင်းပေးသွင်းနိုင်ပါပြီ၊၊

✅ကာကွယ်ခြင်းသည် ကုသခြင်းထက်ပို၍
ကောင်းမွန်ပါသည်။ဒါကြောင့်ရောဂါပိုး
မကူးစက်ခံရခင် ကာကွယ်ဆေးထိုးခြင်းဖြင့်
သင်နှင့်သင်ချစ်ရတဲ့မိသားစုများကို ကာကွယ်လိုက်ပါ။

✅ကျွန်တော်တို့ Peti Toe Healthcare serviceမှ
Covid ကာကွယ်ဆေး အပါအ၀င် တခြား
ကာကွယ်ဆေးအမျိုးအစားများကိုလည်း
သက်သာသောစျေးနှုန်း ကောင်းမွန်သော
၀န်ဆောင်မှုများဖြင့် ၀န်ဆောင်မှုပေးလျက်ရှိပါသည်၊၊🧑‍⚕️

ရရှိနိုင်သည့် ကာကွယ်ဆေးအမျိုးအစားများမှာ-

💉Covid ကာကွယ်‌ဆေး

✅Covishield
✅Covaxin
✅Moderna Spikevax
✅ Pfizer

နောက်ဆုံးထွက်Bivalentရရှိနိုင်ပါသည်။

💉ပြင်းထန်အဆုတ်ရောင်ရောဂါ ကာကွယ်ဆေး

✅PREVNAR 13®

💉သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး

✅Gardasil 4 / 9

💉အသည်းရောင်အသား၀ါ(B)ပိုးကာကွယ်ဆေး

✅Euvax B
✅Bevac(India)

💉ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး(4မျိုးစပ်)

✅vaxigrip tetra

✅အထက်ပါကာကွယ်ဆေးအမျိုးအစားများကို
Cold Chain စနစ်တကျစီစဉ်ထားပြီး
ဆေးစစ်မှန်မှုအာမခံပါသည်။🧑‍⚕️

✅အနယ်နယ်အရပ်ရပ်မှ ဆေးသီးသန့်
လက်မှတ်သီးသန့်ဝယ်ယူလိုပါကလဲ
စနစ်တကျပို့ဆောင်ပေးပါသည်။

✅ကာကွယ်ဆေးများကိုတစ်ကြိမ်မှ
မထိုးရသေးသည့်သူများနှင့်Booster ထိုးမည့်သူများ
စာရင်းပေးသွင်းနိုင်ပါသည်။

✅နိုင်ငံခြားနှင့် ပြည်တွင်းခရီးစဥ်များထွက်ရန်
QRပါသော လက်မှတ် လိုအပ်သူများအတွက်လည်း
ဦးစားပေးဆောင်ရွက်ပေးနေပါသည်။

📌သင်္ဘောသားများ yellow bookတပါတည်း
ယူဆောင်လာပါရှင် တံဆိပ်တုံး တစ်ခါတည်း
ထုပေးပါသည်။

📌နိုင်ငံခြားသားcompanyကြီးများနှင့်ဝန်ထမ်းများ

📌စက်ရုံလုပ်သားများ

📌ဘာသာရေးဆိုင်ရာအသင်းအဖွဲ့များ

📌NGO/UNအဖွဲ့အစည်း/သံရုံးဝန်ထမ်းနှင့်
မိသားစုဝင်များ စသည့်

✅အဖွဲ့အစည်းများကိုလည်းကာကွယ်‌ဆေး
ထိုးနှံခြင်းအားဆောင်ရွက်ပေးနေပါသည်။

✅အိမ်ပင့်(Home service) အစီအစဥ်များဖြင့်လည်း
လူကြီးမင်းတို့အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့်
ကာကွယ်ဆေးထိုးနှံနိုင်ပါပြီ၊၊

✅booking ရယူရန်အတွက် chatbox တွင်
အမည်၊ဖုန်းနံပါတ်ချန်ထားပေးပါရှင်၊၊

ကာကွယ်ဆေးနှင့်ပတ်သက်ပြီး
သိလိုသမျှမေးမြန်နိုင်ရန်
☎️ ဖုန်းနံပါတ် ☎️

09 785533768
09 785533817

ကိုဆက်သွယ်စုံစမ်းနိုင်ပါတယ်။






#တုပ်ကွေး
® #ပြင်းထန်အဆုတ်ရောင်
ိုးကာကွယ်ဆေး
#အသည်းရောင်အသားဝါBပိုးကာကွယ်ဆေး
#သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး


#ရာသီတုပ်ကွေးကာကွယ်ဆေး၄မျိုးစပ်
#ပြည်ပထွက်မည့်သူများအတွက်လည်းထောက်ခံချက်စာရွက်စာတန်းများကိုပါဆောင်ရွက်ပေးပါမည်

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါတစ်ခုလား ? 🤔လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။🧑‍⚕️🧑‍⚕️လိပ်ခေါင်းရောဂါ ...
19/09/2023

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါတစ်ခုလား ? 🤔

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။🧑‍⚕️🧑‍⚕️

လိပ်ခေါင်းရောဂါ စဖြစ်တဲ့ စအိုဟာ သေးငယ်တဲ့ သွေးကြောမျှင်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး
စအို ကြွက်သားတွေ လျော့ရဲလာတဲ့အခါမှာ
ဒီသွေးကြောမျှင်လေးတွေက ရောင်ရမ်းပြီး
ဖောင်းလာတဲ့ အခြေအနေမျိုးကို လိပ်ခေါင်းရောဂါဖြစ်စဥ်လို့ခေါ်ပါတယ်။ 🧑‍⚕️

လိပ်ခေါင်းရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အဓိကကတော့ ၀မ်းချုပ်လွယ်တဲ့သူတွေ၊
ရေသောက်နည်းတဲ့ သူတွေမှာ ပိုပြီး အဖြစ်များနိုင်ပါတယ်။ 🧑‍⚕️

လိပ်ခေါင်းရောဂါက အပြင်လိပ်ခေါင်းနဲ့
အတွင်းလိပ်ခေါင်းဆိုပြီး အုပ်စုနှစ်ခု
ခွဲခြားထားပါတယ်။ ပုံမှန်ကတော့
တစ်မျိုးတည်း ဖြစ်ကြပေမဲ့ တစ်ချို့ သူများတွင်
အပြင်လိပ်ခေါင်းရော အတွင်းလိပ်ခေါင်း‌‌ရောဂါ
ဖြစ်တတ်ကြပါတယ်။

လိပ်ခေါင်းရောဂါရဲ့ ရောဂါလက္ခဏာ‌တွေကတော့...

✅၀မ်းသွားစဥ် အညိုမဲမဲသွေး၀မ်းသွားခြင်း

✅အဖြူရောင်ချွဲများပါခြင်း။

✅၀မ်းသွားရခက်ခဲခြင်း။

✅စအို တစ်၀ိုက် ရောင်ရမ်းခြင်း။

✅စအိုတွင် အဖုအလုံးထွက်လာခြင်း ။

✅သွေးထွက်သော်လည်း နာကျင်မှုမရှိခြင်း။

စတဲ့ ရောဂါ လက္ခဏာတွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။

အဆိုပါလက္ခဏာတွေက အပြင်လိပ်ခေါင်းမှာ အများဆုံး
ဖြစ်တတ်ပြီး အတွင်းလိပ်ခေါင်းမှာတော့ နာကျင်မှုကို
ခံစားရလေ့မရှိပါဘူး။

ဘယ်သူတွေမှာ အဖြစ်များလဲဆိုတော့

🔰အ၀လွန်သူများ

🔰၀မ်းမကြာခဏ ချုပ်တတ်သူများ ၊၀မ်းလျှော
တတ်သူများ

🔰ကိုယ်၀န်သည်များ

🔰ကြာရှည်စွာအညောင်းထိုင်ရသူများ

🔰အိမ်သာ အချိန်ကြာမြင့်စွာတက်သူများ

🔰စအိုဖြင့်လိင်ဆက်ဆံသူများ

🔰အမျှင်ဓါတ်နည်းတဲ့ အစားအစာများစားခြင်း
စတာတွေကြောင့် အဖြစ်များကြပါတယ်၊၊

လိပ်ခေါင်းရောဂါက မကူးစက်တတ်သလို
ရောဂါအခြေအနေ မပြင်းထန်တတ်ပါဘူး။
တချို့သူများတွင် အလိုလို ပျောက်သွားတတ်ပြီး
နည်းလမ်းမှန်ကန်တဲ့ ဆေးများသောက်သုံးရုံနဲ့လည်း ပျောက်ကင်းနိုင်ပါတယ်။

ဒါကြောင့် လိပ်ခေါင်းရောဂါက ရှက်စရာရောဂါတစ်ခုမဟုတ်သလို အရမ်းစိုးရိမ်စရာလည်း မလိုပါဘူး၊၊တကယ်လို့ရောဂါဒဏ်ကို မခံနိုင်လောက်အောင် အရမ်းခံစားနေရပြီဆိုရင်တော့ နီးစပ်ရာကျွမ်းကျင်ဆရာ၀န်ကြီးများနှင့် တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်၊၊🧑‍⚕️🧑‍⚕️



#လိပ်ခေါင်းရောဂါ
#အပြင်လိပ်
#အတွင်းလိပ်

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါတစ်ခုလား ? 🤔လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။🧑‍⚕️🧑‍⚕️လိပ်ခေါင်းရောဂါ ...
19/09/2023

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါတစ်ခုလား ? 🤔

လိပ်ခေါင်းရောဂါဆိုတာ ရှက်စရာရောဂါ တစ်ခု မဟုတ်ပါဘူး။🧑‍⚕️🧑‍⚕️

လိပ်ခေါင်းရောဂါ စဖြစ်တဲ့ စအိုဟာ သေးငယ်တဲ့ သွေးကြောမျှင်များစွာနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး စအို ကြွက်သားတွေ လျော့ရဲလာတဲ့အခါမှာ
ဒီသွေးကြောမျှင်လေးတွေက ရောင်ရမ်းပြီး
ဖောင်းလာတဲ့ အခြေအနေမျိုးကို လိပ်ခေါင်းရောဂါဖြစ်စဥ်လို့ခေါ်ပါတယ်။ 🧑‍⚕️

လိပ်ခေါင်းရောဂါက အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ အဓိကကတော့ ၀မ်းချုပ်လွယ်တဲ့သူတွေ၊ ရေသောက်နည်းတဲ့ သူတွေမှာ ပိုပြီး အဖြစ်များ
နိုင်ပါတယ်။ 🧑‍⚕️

လိပ်ခေါင်းရောဂါက အပြင်လိပ်ခေါင်းနဲ့ အတွင်းလိပ်ခေါင်းဆိုပြီး အုပ်စုနှစ်ခု
ခွဲခြားထားပါတယ်။ ပုံမှန်ကတော့
တစ်မျိုးတည်း ဖြစ်ကြပေမဲ့ တစ်ချို့ သူများတွင် အပြင်လိပ်ခေါင်းရော အတွင်းလိပ်ခေါင်း‌‌ရောဖြစ်တတ်ကြပါတယ်။

လိပ်ခေါင်းရောဂါရဲ့ ရောဂါလက္ခဏာ‌တွေကတော့...

✅၀မ်းသွားစဥ် အညိုမဲမဲသွေး၀မ်းသွားခြင်း

✅အဖြူရောင်ချွဲများပါခြင်း။

✅၀မ်းသွားရခက်ခဲခြင်း။

✅စအို တစ်၀ိုက် ရောင်ရမ်းခြင်း။

✅စအိုတွင် အဖုအလုံးထွက်လာခြင်း ။

✅သွေးထွက်သော်လည်း နာကျင်မှုမရှိခြင်း။

စတဲ့ ရောဂါ လက္ခဏာတွေကို အများဆုံးတွေ့ရလေ့ရှိပါတယ်။

အဆိုပါလက္ခဏာတွေက အပြင်လိပ်ခေါင်းမှာ အများဆုံးဖြစ်တတ်ပြီး အတွင်းလိပ်ခေါင်းမှာတော့ နာကျင်မှုကို ခံစားရလေ့မရှိပါဘူး။

ဘယ်သူတွေမှာ အဖြစ်များလဲဆိုတော့

🔰အ၀လွန်သူများ

🔰၀မ်းမကြာခဏ ချုပ်တတ်သူများ ၊၀မ်းလျှော
တတ်သူများ

🔰ကိုယ်၀န်သည်များ

🔰ကြာရှည်စွာအညောင်းထိုင်ရသူများ

🔰အိမ်သာ အချိန်ကြာမြင့်စွာတက်သူများ

🔰စအိုဖြင့်လိင်ဆက်ဆံသူများ

🔰အမျှင်ဓါတ်နည်းတဲ့ အစားအစာများစားခြင်း
စတာတွေကြောင့် အဖြစ်များကြပါတယ်၊၊

လိပ်ခေါင်းရောဂါက မကူးစက်တတ်သလို
ရောဂါအခြေအနေ မပြင်းထန်တတ်ပါဘူး။
တချို့သူများတွင် အလိုလို ပျောက်သွားတတ်ပြီး
နည်းလမ်းမှန်ကန်တဲ့ ဆေးများသောက်သုံးရုံနဲ့လည်း ပျောက်ကင်းနိုင်ပါတယ်။

ဒါကြောင့် လိပ်ခေါင်းရောဂါက ရှက်စရာရောဂါတစ်ခုမဟုတ်သလို အရမ်းစိုးရိမ်စရာလည်း မလိုပါဘူး၊၊တကယ်လို့ရောဂါဒဏ်ကို မခံနိုင်လောက်အောင် အရမ်းခံစားနေရပြီဆိုရင်တော့ နီးစပ်ရာကျွမ်းကျင်ဆရာ၀န်ကြီးများနှင့် တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်၊၊🧑‍⚕️🧑‍⚕️



#လိပ်ခေါင်းရောဂါ
#အပြင်လိပ်
#အတွင်းလိပ်

19/09/2023

Address

Yangon

Telephone

+959785533768

Website

Alerts

Be the first to know and let us send you an email when 𝐏𝐞𝐭𝐢 𝐓𝐨𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐂𝐥𝐢𝐧𝐢𝐜 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 𝐏𝐞𝐭𝐢 𝐓𝐨𝐞 𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞 𝐂𝐥𝐢𝐧𝐢𝐜:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Other Yangon clinics

Show All