Bangkok Hospital, Myanmar Representative, Sea Lion Medical Travel

  • Home
  • Myanmar
  • Yangon
  • Bangkok Hospital, Myanmar Representative, Sea Lion Medical Travel

Bangkok Hospital, Myanmar Representative, Sea Lion Medical Travel Sea Lion Medical Travel is one of the leading medical referral service providers in Myanmar.

We are exclusively representing Bangkok Hospital,
Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21
Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan. It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, and industrial automation products, services, and
solutions in Myanmar that is partnered with over 50 renowned global and regional business organizations. Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.

၇၈ ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။
04/01/2026

၇၈ ကြိမ်မြောက် “လွတ်လပ်ရေးနေ့” အား ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

အသက်ကြီးလို့ဖြစ်တာလား... ဒါမှမဟုတ် Parkinson's ရောဂါလား 🧠လက်တုန်ခြင်း၊ လမ်းလျှောက်လျှင် ခြေထောက်ကို တရွတ်တိုက်ဆွဲခြင်း၊ ...
03/01/2026

အသက်ကြီးလို့ဖြစ်တာလား... ဒါမှမဟုတ် Parkinson's ရောဂါလား 🧠

လက်တုန်ခြင်း၊ လမ်းလျှောက်လျှင် ခြေထောက်ကို တရွတ်တိုက်ဆွဲခြင်း၊ အသံပြောင်းလဲခြင်းတို့ကို "အသက်ကြီးလို့ပဲ" လို့ မှတ်ယူမိနိုင်ပါတယ်။ ဒါပေမယ့် ဒီလက္ခဏာတွေဟာ ပါကင်ဆန် (Parkinson’s Disease) လို့ခေါ်တဲ့ အာရုံကြောစနစ်ဆိုင်ရာ ရောဂါတစ်ခုရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။
🔍 ပါကင်ဆန်ရောဂါဆိုတာ ဘာလဲ
ဦးနှောက်အတွင်းက Dopamine လို့ခေါ်တဲ့ အရေးကြီးဓာတ်ပစ္စည်းကို ထုတ်လုပ်ပေးတဲ့ ဆဲလ်တွေ ပျက်စီးယိုယွင်းလာရာကနေ ဖြစ်ပေါ်လာတဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ Dopamine ပမာဏ လျော့နည်းသွားတဲ့အခါ ဦးနှောက်ရဲ့ လုပ်ဆောင်ချက်တွေ မမှန်မကန်ဖြစ်လာပြီး အောက်ပါလက္ခဏာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
🔹 လက်တုန်ခြင်း (သို့) ခြေလက်တုန်ခြင်း
🔹 လှုပ်ရှားမှုနှေးကွေးခြင်း
🔹 ခန္ဓာကိုယ် ဟန်ချက်မညီခြင်းနှင့် လမ်းလျှောက်ပုံ ပြောင်းလဲခြင်း
🔹 စကားပြောသံ တိုးသွားခြင်း သို့မဟုတ် အသံပြောင်းလဲခြင်း
💡 ရောဂါကို စောစီးစွာ သိရှိဖို့ ဘာကြောင့် အရေးကြီးတာလဲ
ရောဂါကို စောစောစီးစီး ရှာဖွေတွေ့ရှိခြင်းက ဝေဒနာတွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ရန်၊ လူနာရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ရန်နှင့် မှန်ကန်တဲ့ ကုသမှုတွေကတစ်ဆင့် ရောဂါဆိုးရွားလာမှုကို နှေးကွေးသွားစေရန် အထောက်အကူပြုပါတယ်။
ရောဂါအကြောင်း ပိုမိုလေ့လာရန် 👉 https://bkhos.co/HejLw8
Deep Brain Stimulation (DBS) ခေတ်မီကုထုံးအကြောင်း လေ့လာရန် 👉 https://bkhos.co/2w9rPM
အာရုံကြောဆိုင်ရာ ရောဂါများအတွက် Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ရောဂါလက္ခဏာကို သိရှိနားလည်ခြင်းဟာ ပထမဆုံးခြေလှမ်းပါ။ သင့်ချစ်ရသူတွေကို ယနေ့ကစပြီး ဂရုစိုက်လိုက်ပါ။ 🧠


🌟 Happy New Year 🎉Wishing you and your family a New Year filled with good health, happiness, and success.
31/12/2025

🌟 Happy New Year 🎉

Wishing you and your family a New Year filled with good health, happiness, and success.

လုံးဝ မပေါ့ဆသင့်တဲ့ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။ ⚠️ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြ...
30/12/2025

လုံးဝ မပေါ့ဆသင့်တဲ့ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း။ ⚠️

ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပုံရိပ်နှစ်ထပ်မြင်ခြင်း၊ မျက်ခွံတွဲကျခြင်းစသော ဝေဒနာများနှင့် အတူတွဲ၍ ခံစားရသော "ဘဝရဲ့ အဆိုးဆုံး ခေါင်းကိုက်ခြင်း" လို့ ခေါ်ရလောက်သည့် ဝေဒနာမျိုးသည် သာမန် ခေါင်းတစ်ခြမ်းကိုက်ရောဂါသက်သက်သာ မဟုတ်ပါ။ ဦးနှောက်သွေးကြောဖောင်းခြင်း (Brain Aneurysm) ရဲ့ အဓိကသတိပေးလက္ခဏာ ဖြစ်နိုင်ပြီး အရေးပေါ်ဆေးဘက်ဆိုင်ရာ အကူအညီကို ချက်ချင်းလိုအပ်ပါတယ်။

🚨 ဦးနှောက်သွေးကြောဖောင်းခြင်းကို တိတ်တဆိတ်ခြိမ်းခြောက်မှု အန္တရာယ်တစ်ခုအဖြစ် သတ်မှတ်ကြပြီး၊ အကယ်၍ ဖောင်းနေသော သွေးကြောနေရာ ပေါက်ထွက်ပါက အသက်အန္တရာယ်ရှိသော နောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဖောင်းနေသောသွေးကြော၏ အရွယ်အစား၊ တည်နေရာနှင့် ပြင်းထန်မှုအဆင့်ပေါ်မူတည်ပြီး ဆေးဝါးကုသခြင်း၊ ခွဲစိတ်ကုသခြင်း သို့မဟုတ် သွေးကြောအတွင်းမှကုသခြင်း (Endovascular Treatment) စသည့် ကုသမှုနည်းလမ်းများဖြင့် ကုသနိုင်ပါတယ်။

ပိုမိုသိရှိလိုပါက 👉 https://bkhos.co/P9Bn4G

Bangkok Hospital မှဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ပိုမိုကျန်းမာပျော်ရွှင်သော ဘဝအတွက် ကျွန်ုပ်တို့မှ ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။


ကလေးတွေမှာ နှာရည်ယို၊ ချောင်းဆိုးနေတာ အအေးမိခြင်းကြောင့်ပဲလား... 🤧မေမေ၊ ဖေဖေတို့ရေ... ကလေးတွေမှာ မကြာခဏ နှာပိတ်ခြင်း၊ နှ...
28/12/2025

ကလေးတွေမှာ နှာရည်ယို၊ ချောင်းဆိုးနေတာ အအေးမိခြင်းကြောင့်ပဲလား... 🤧

မေမေ၊ ဖေဖေတို့ရေ... ကလေးတွေမှာ မကြာခဏ နှာပိတ်ခြင်း၊ နှာရည်ယိုခြင်းနှင့် နာတာရှည် ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ ဖြစ်နေပါသလား။ ဒီလက္ခဏာတွေကို "အအေးမိရုံပါ" လို့ ထင်ပြီး ပေါ့ဆလို့ မရပါဘူး။ ဒါတွေဟာ ဓာတ်မတည့်မှုရဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်မှုများဟာ မကြာခဏ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများနှင့် ဆက်စပ်နေတတ်ပါတယ်။ အခြေခံအကြောင်းရင်းကို မကုဘဲထားပါက ရေရှည်ဆေးကိုစွဲပြီး အသုံးပြုရနိုင်ပါတယ်။ အကြောင်းရင်းကို တိကျစွာ သိရှိပြီး စောစီးစွာ ကုသမှု ခံယူခြင်းက အနာဂတ်မှာ ပြင်းထန်တဲ့ ရောဂါဖြစ်နိုင်ခြေကို လျှော့ချနိုင်တာမို့ အရေးကြီးဆုံးဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက ဤနေရာကို နှိပ်ပါ 👉 https://bkhos.co/5GU2V2

"ဘန်ကောက်ဆေးရုံမှ ဓာတ်မတည့်ရောဂါဆိုင်ရာ ကျွမ်းကျင်ကုသမှုဖြင့် ပြီးပြည့်စုံသော ဘဝကို ဖြတ်သန်းပါ"

Bangkok Hospital မှဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ပိုမိုကျန်းမာပျော်ရွှင်သော ကလေးဘဝအတွက် ကျွန်ုပ်တို့မှ ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။


Health

25/12/2025

🎄✨ We wish you a Merry Christmas and wish you and your family a Christmas filled with well-being, peace, love, and cherished moments. 🎅🎁

နှစ်ကုန်အထူးပရိုမိုးရှင်း 🎉📣ကျန်းမာသန်စွမ်းတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ဖို့ အခုပဲ စတင်စစ်ဆေးလိုက်ပါ 💖သင့်နှလုံးကို ဂရုစိုက...
24/12/2025

နှစ်ကုန်အထူးပရိုမိုးရှင်း 🎉📣
ကျန်းမာသန်စွမ်းတဲ့ နှလုံးသားပိုင်ရှင်ဖြစ်ဖို့ အခုပဲ စတင်စစ်ဆေးလိုက်ပါ 💖

သင့်နှလုံးကို ဂရုစိုက်ဖို့ အကောင်းဆုံးအချိန် ရောက်ရှိလာပါပြီ။ ဘန်ကောက်ဆေးရုံရဲ့ နှစ်ကုန်အထူး အစီအစဉ်တွေနဲ့အတူ သင့်နှလုံးကျန်းမာရေးကို အထူးသက်သာသော ဈေးနှုန်းများဖြင့် စစ်ဆေးနိုင်ပါပြီ။

🎉 အစီအစဉ် (၁) - Healthy Heart with Coronary Calcium Score Package
ဈေးနှုန်း - ၁၇,၀၀၀ THB (စစ်ဆေးမှုအမျိုးအစား ၁၆ မျိုးပါဝင်)
လက်ဆောင် - ၅၀၀ THB တန်ဖိုးရှိ “Heal-the-Heart” ခေါင်းအုံး တစ်လုံး မေတ္တာလက်ဆောင် ရယူပါ။

ဘယ်သူတွေ စစ်ဆေးသင့်သလဲ

🔹 အသက် ၃၅ နှစ်နှင့်အထက် ရှိသူများ။

🔹 ကိုလက်စထရော မြင့်မားခြင်း၊ ဆီးချိုရှိခြင်း သို့မဟုတ် ဆေးလိပ်သောက်သူများ။

🔹 ကိုယ်အလေးချိန် များသူများ။

🔹 နှလုံးသွေးကြောအတွင်း ကယ်လ်စီယမ်စုပုံမှု (CT Calcium Score) စစ်ဆေးလိုသူများ။

🎉 အစီအစဉ် (၂) - Executive Heart Package
ဈေးနှုန်း - ၂၈,၀၀၀ THB (စစ်ဆေးမှုအမျိုးအစား ၁၆ မျိုးပါဝင်)
လက်ဆောင် - ၉၀၀ THB တန်ဖိုးရှိ Imuna အာဟာရဖြည့်စွက်ဆေး တစ်ဗူး မေတ္တာလက်ဆောင် ရယူပါ။

ဘယ်သူတွေ စစ်ဆေးသင့်သလဲ

🔹 အသက် ၄၀ နှစ်နှင့်အထက်လူကြီးများ။

🔹 မိသားစုဝင်ထဲတွင် နှလုံးရောဂါအခံ ရှိဖူးသူများ၊ ဆီးချို၊ သွေးတိုး သို့မဟုတ် ကိုလက်စထရော မြင့်မားသူများ။

🔹 ရင်ဘတ်အောင့်ခြင်း သို့မဟုတ် မောပန်းလွယ်ခြင်း ဝေဒနာ ခံစားနေရသူများ။

🔹 နှလုံးနှင့် သွေးကြောများကို အသေးစိတ် စစ်ဆေးလိုသူများ (256-slice CT scan + Calcium Score)။

📌 ဆေးရုံသို့ ကိုယ်တိုင်လာရောက် ဝယ်ယူသူများသာ ရရှိပါမည်။ (လက်ဆောင်ပစ္စည်းများမှာ အရေအတွက် ကန့်သတ်ထားပါသည်။)
🗓️ ယနေ့မှ ၃၁ ဒီဇင်ဘာ ၂၀၂၅ အထိ (သို့မဟုတ်) လက်ဆောင်ပစ္စည်း ကုန်ဆုံးသည်အထိ။

ပက်ကေ့ချ်အသေးစိတ်ကို လေ့လာရန်👉 https://bkhos.co/pav3nC

နှလုံးကျန်းမာရေးအတွက် Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
နှလုံးကျန်းမာရေးက ဘဝတစ်ခုလုံးရဲ့ တန်ဖိုးဖြစ်ပါတယ်။ ယနေ့ပဲ စတင်လိုက်ပါ 💖



ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်အတွက် ဆေးသောက်ရုံနဲ့ မသက်သာတော့ဘူးလား 🤧နှာချေခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှုကြပ်ခြင်းနှင့်...
23/12/2025

ဓာတ်မတည့်ခြင်းနှင့် ပန်းနာရင်ကြပ်အတွက် ဆေးသောက်ရုံနဲ့ မသက်သာတော့ဘူးလား 🤧

နှာချေခြင်း၊ နှာပိတ်ခြင်း၊ အသက်ရှုကြပ်ခြင်းနှင့် ယားယံသော အဖုအပိမ့်များ ခဏခဏထွက်ခြင်း စတဲ့လက္ခဏာတွေဟာ သင့်ခန္ဓာကိုယ်က အချို့သော အကြောင်းအရာများနှင့် ဓာတ်မတည့်ဘူးဆိုတဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ ဒီဝေဒနာတွေကို အချိန်ကြာမြင့်စွာ ခံစားနေရပြီး သာမန်ဆေးဝါးတွေသောက်ရုံနဲ့ မသက်သာဘူးဆိုရင်... အထူးကုဆရာဝန်နှင့် တိုင်ပင်ဖို့ အချိန်တန်ပါပြီ။

ဓာတ်မတည့်မှုနှင့် ပန်းနာရင်ကြပ်ရောဂါဆိုတာ လူတစ်ဦးစီအလိုက် ဖြစ်စေတဲ့အကြောင်းအရင်းများစွာ ကွဲပြားတာကြောင့် ရောဂါရာဇဝင်၊ ရောဂါလက္ခဏာများနှင့် ထိတွေ့မှုရာဇဝင်အပေါ် အခြေခံပြီး တိကျတဲ့ ရောဂါရှာဖွေမှုနှင့် တစ်ဦးချင်းအလိုက် ကုသမှု အစီအစဉ် ချမှတ်ခြင်းဟာ ရေရှည် နောက်ဆက်တွဲပြဿနာများ ကာကွယ်ခြင်းဖြစ်လို့ အလွန်အရေးကြီးပါတယ်။

ဘန်ကောက်ဆေးရုံရှိ Allergy and Asthma Center တွင် ကလေးများနှင့် လူကြီးများအတွက် ဓာတ်မတည့်မှုနှင့် ကိုယ်ခံအားဆိုင်ရာ အထူးကျွမ်းကျင်အဖွဲ့ မှ အောက်ပါရောဂါများအတွက် ဘက်စုံ စောင့်ရှောက်မှု ပေးအပ်နေပါတယ် -

🔹 ဓာတ်မတည့်မှုကြောင့်နှာစေးခြင်း (Allergic rhinitis)၊ နာတာရှည် ထိပ်ကပ်နာ (Chronic sinusitis)

🔹 ကလေးများနှင့် ပန်းနာရင်ကျပ်​ရောဂါ (Asthma in children)

🔹 အရေပြားရောင်ရမ်းခြင်း (Contact dermatitis)၊ နာတာရှည် အင်ပြင်ထွက်ခြင်း (Chronic urticaria)

🔹 အစားအစာ ဓာတ်မတည့်ခြင်း (ဥပမာ - နို့နှင့့်ဓာတ်မတည့်ခြင်း၊ Gluten နှင့် ဓာတ်မတည့်ခြင်း)

စတဲ့ ဝေဒနာများအတွက် ဓာတ်မတည့်မှု စမ်းသပ်စစ်ဆေးခြင်းများ (ဥပမာ - ကပ်ခွာဖြင့် စစ်ဆေးခြင်း၊ အရေပြားဖောက်စစ်ဆေးခြင်းနှင့် သွေးစစ်ဆေးခြင်း)ဖြင့် ဓာတ်မတည့်မှုများကို စစ်ဆေးနိုင်ပါတယ်။
ရလဒ်များပေါ် မူတည်ပြီး ဓာတ်မတည့်မှုများ တွေ့ရှိပါက ထိုးဆေး (သို့မဟုတ်) လျှာအောက်တွင် ပျော်ဝင်စေသောဆေးပြားများသုံး၍ ကိုယ်ခံအားကို ပြုပြင်ထိန်းညှိခြင်းဖြင့် ဓာတ်မတည့်ခြင်းကိုကုသနိုင်ပါပြီ။

ပိုမိုသိရှိလိုပါက 👉 https://bkhos.co/mrhNea

Bangkok Hospital မှဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
ပို၍ကျန်းမာပျော်ရွှင်သော နေ့ရက်များကို ရရှိပိုင်ဆိုင်စေရန်အတွက် ကျွန်ုပ်တို့မှ ဝန်ဆောင်မှုပေးဖို့ အသင့်ရှိနေပါတယ်။


နှလုံးသွေးကြောကျဉ်းရောဂါအတွက် ခေတ်မီကုထုံးအသစ် - Intravascular Lithotripsy (IVL) ဖြင့် ကယ်လ်စီယမ် (ထုံးကျောက်) များကို ဖ...
21/12/2025

နှလုံးသွေးကြောကျဉ်းရောဂါအတွက် ခေတ်မီကုထုံးအသစ် - Intravascular Lithotripsy (IVL) ဖြင့် ကယ်လ်စီယမ် (ထုံးကျောက်) များကို ဖယ်ရှားခြင်း

နှလုံးသွေးကြောကျဉ်းရောဂါအတွက် သွေးကြောပိုက်သွင်းကုသမှု (Catheterization) ပြုလုပ်ရာတွင် သွေးကြောနံရံများ၌ ကယ်လ်စီယမ် (ထုံးကျောက်) အစိုင်အခဲများ စုပုံနေခြင်းဟာ stent ထည့်သွင်းရာတွင် အဓိက အခက်အခဲ ဖြစ်စေပါတယ်။ ဒီပြဿနာဟာ နှလုံးရောဂါရှိသူ လေးဦးမှာ တစ်ဦးအထိ တွေ့ရှိရတတ်ပြီး သက်ကြီးရွယ်အိုများ၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါရှိသူများတွင် ပိုမိုအဖြစ်များပါတယ်။ 🧱

💡 ယခုအခါ Intravascular Lithotripsy (IVL) နည်းပညာဖြင့် ကုသခြင်းဟာ နှလုံးခွဲစိတ်စရာမလိုဘဲ ထုံးကျောက်တွေကို ထိရောက်စွာ ဖယ်ရှားနိုင်တဲ့ နည်းလမ်းသစ်တစ်ခု ဖြစ်ပါတယ်။ သူ့ရဲ့လုပ်ဆောင်ပုံကတော့ သွေးကြောအတွင်း ပိုက်ထည့်ကုသတဲ့ နည်းပညာကို အခြေခံပြီး၊ သွေးကြောနံရံအတွင်း မာကျော ပိတ်ဆို့နေတဲ့ ကယ်လ်စီယမ် အစိုင်အခဲများကို အသံလှိုင်း ဖိအားလှိုင်းများ အသုံးပြု၍ ဖျက်ဆီးပေးခြင်းဖြစ်ပါတယ်။

✨ IVL နည်းပညာ၏ အဓိက အားသာချက်များကတော့..
✅ သွေးစီးဆင်းမှု ပိုမိုကောင်းမွန်လာခြင်း
✅ သွေးကြောထိခိုက်မှုအန္တရာယ် နည်းပါးခြင်း
✅ ပတ်ဝန်းကျင်ရှိ တစ်ရှူးများ ထိခိုက်မှု လျော့နည်းခြင်း
✅ နှလုံးသွေးကြောချဲ့ပြွန် (Stent) ပြန်လည်ပိတ်ဆို့နိုင်ခြေ နည်းပါးခြင်း
✅ ကုသမှု အောင်မြင်နှုန်း မြင့်မားခြင်း တို့ကြောင့် အထူးသဖြင့် သက်ကြီးရွယ်အိုများ၊ ဆီးချိုရောဂါရှိသူများ၊ ကျောက်ကပ်ရောဂါရှိသူများ နှင့် ထုံးကျောက်များ အများအပြားစုပုံနေသူများအတွက် သင့်လျော်သော ကုသမှုနည်းလမ်းတစ်ခု ဖြစ်ပါတယ်။

ပိုမိုသိရှိလိုပါက 👉 https://bkhos.co/j5u2ct

Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
❤️ သင့်နှလုံးသွေးကြောကျန်းမာရေးအတွက် အကောင်းဆုံးသော ကုသမှုနည်းလမ်းကို ယနေ့ပဲ ရွေးချယ်လိုက်ပါ



🎉  ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့ 🎉 ယနေ့ကျရောက်တဲ့ “ကရင်နှစ်သစ်ကူးနေ့” မှာ ကောင်းခြင်းမင်္ဂလာအပေါင်း ပြည့်စုံကြပါစေကြော...
19/12/2025

🎉 ပျော်ရွှင်စရာ ကရင်နှစ်သစ်ကူးနေ့ 🎉

ယနေ့ကျရောက်တဲ့ “ကရင်နှစ်သစ်ကူးနေ့” မှာ ကောင်းခြင်းမင်္ဂလာအပေါင်း ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

Invisalign ဖြင့် သင့်အပြုံးလှလှလေးကို ယုံကြည်မှုအပြည့်ဖြင့် ဖော်ထုတ်လိုက်ပါ✨သွားညှိချင်ပေမယ့် သမားရိုးကျ သတ္ထု Braces တွ...
17/12/2025

Invisalign ဖြင့် သင့်အပြုံးလှလှလေးကို ယုံကြည်မှုအပြည့်ဖြင့် ဖော်ထုတ်လိုက်ပါ✨

သွားညှိချင်ပေမယ့် သမားရိုးကျ သတ္ထု Braces တွေ ကြောင့် စိတ်မသက်မသာ ဖြစ်နေပါသလား။

ဒါဆိုရင် Invisalign ဟာ သင့်အတွက် အကောင်းဆုံး ခေတ်မီရွေးချယ်မှုတစ်ခုပါ။ အဆင့်မြင့်နည်းပညာဖြင့် ထုတ်လုပ်ထားတဲ့ သွားအစွပ်အကြည် (Clear Aligner) တွေနဲ့ သွားတွေကို ဖြည်းဖြည်းချင်း ညှိပေးတာ ဖြစ်ပါတယ်။

💎 Invisalignရဲ့ ထူးခြားသော အားသာချက်များကတော့....
✅ သွားညှိထားတယ်ဆိုတာ မသိသာလောက်အောင် ဒီဇိုင်းထုတ်ထားတဲ့ အကြည်စွပ်လေးဖြစ်တာကြောင့် သင့်ရဲ့ နေ့စဉ်နေထိုင်မှုပုံစံကို အနှောင့်အယှက် မဖြစ်စေခြင်း။

✅ စားသောက်ချိန်နှင့် သွားတိုက်ချိန်များတွင် အချိန်မရွေး ဖြုတ်တပ်နိုင်ခြင်းနှင့် နာကျင်မှုနည်းပါးခြင်း၊ နေ့စဉ်လုပ်နေကျ အရာတွေကို အဆင်ပြေပြေ လုပ်ဆောင်နိုင်ခြင်း။

✅ Digital Scanning System ကိုအသုံးပြုခြင်းကြောင့် မိနစ်ပိုင်းအတွင်း သင့်သွားရဲ့ 3D ရုပ်ပုံကိုဖန်တီးပြီး၊ ကုသမှုမစတင်ခင် ရလဒ်ကို ကြိုတင်သိရှိနိုင်ခြင်း။

✅ ပုံမှန် Braces တွေလို တစ်လတစ်ကြိမ် ဆရာဝန်နဲ့ မဖြစ်မနေ ပြသရန် မလိုအပ်တာကြောင့် နယ်ဝေးနှင့် ခရီးသွားသူများအတွက် ပိုမိုအဆင်ပြေခြင်း။

✅ သွားနှုတ်ရန် မလိုအပ်တော့ဘဲ အံသွားများကို နောက်ပြန်ညှိယူခြင်း (distalization) ဖြင့် လုံလောက်တဲ့ နေရာလွတ်ကို ရရှိစေနိုင်ခြင်း။

ဘန်ကောက်ဆေးရုံ၏ သွားနှင့်ခံတွင်းဌာနတွင် သွားညှိကုသမှု (orthodontics) တွင် အထူးကျွမ်းကျင်သော ဆရာဝန်များအဖွဲ့မှ ခေတ်မီစနစ်များဖြင့် Invisalign ကုသမှုကို ဆောင်ရွက်ပေးနေပါတယ်။

Bangkok Hospital မှဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။ 💬
သင့်ရဲ့ ယုံကြည်မှုအပြည့်နဲ့ အပြုံးလှလှလေးကို Invisalign နဲ့ ယနေ့ပဲ စတင်ဖော်ထုတ်လိုက်ပါ။ 😁✨


🧠⚠️ မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ ပင်ကိုယ်စရိုက်ပြောင်းလဲခြင်း - Dementia ရောဂါ ရဲ့ သတိပေးလက္ခဏာများကို လျစ်လျူမရှုပါနဲ့“ကျွ...
15/12/2025

🧠⚠️ မှတ်ဉာဏ်ဆုံးရှုံးခြင်းနဲ့ ပင်ကိုယ်စရိုက်ပြောင်းလဲခြင်း - Dementia ရောဂါ ရဲ့ သတိပေးလက္ခဏာများကို လျစ်လျူမရှုပါနဲ့

“ကျွန်တော့်အဖေက မကြာခဏ မေ့လျော့နေတယ်”
“ကျွန်မရဲ့ အမေက ရင်းနှီးတဲ့ လမ်းတွေတောင် လွဲချော်သွားပြီး စိတ်ခံစားချက်တွေလဲ ပြောင်းလဲနေတယ်”
ဒီလိုပြောစကားတွေကို ကြားဖူးနေလား။

မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ ရင်းနှီးသော အလုပ်များကိုပင် လုပ်ဆောင်ရန် ခက်ခဲခြင်း၊ စကားပြောရ ခက်ခဲခြင်းနှင့် အမူအကျင့် ပြောင်းလဲခြင်း၊ ဒါတွေဟာ အသက်ကြီးလို့ဖြစ်တာပါ ဆိုပြီး လျစ်လျူရှုမထားသင့်ပါဘူး။ ဒါတွေဟာ မှတ်ဉာဏ်ချို့ယွင်းခြင်း (Dementia) ရဲ့ သတိပေးလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။

Dementia ရောဂါကို စောစီးစွာ ရှာဖွေတွေ့ရှိခြင်း ဟာ ရောဂါကြီးထွားမှုကို နှေးကွေးစေရန်နှင့် လူနာရဲ့ ဘဝအရည်အသွေးကို ထိန်းသိမ်းနိုင်ရန်အတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှ ပါဝင်ပါတယ်။
ရောဂါရှာဖွေရန် မှတ်ဉာဏ်ချို့ယွင်းမှုဆိုင်ရာ အထူးကု အာရုံကြောပညာရှင်များက ရောဂါကို တိကျစွာ ခွဲခြားသတ်မှတ်နိုင်ရန် စစ်ဆေးပေးပါတယ်။ CT၊ MRI နှင့် PET စကန်များကို အသုံးပြုပြီး ဦးနှောက်ပုံရိပ်ဖော် စစ်ဆေးမှုများအပြင်၊ ပိုမိုတိကျသော ရောဂါရှာဖွေမှုအတွက် biomarkers ကိုပါ အသုံးပြုနိုင်ပြီဖြစ်ရာ ရေရှည် ထိရောက်သော ကုသမှု အစီအစဉ်ကို ချမှတ်နိုင်ပါတယ်။

လက္ခဏာတွေကို သတိထားမိပြီဆိုရင် သင်ချစ်ခင်ရသူများကို မှတ်ဉာဏ်ချို့ယွင်းခြင်းမှ ကာကွယ်ရန်အတွက် အချိန်မဆွဲဘဲ ကျွမ်းကျင်သော အထူးကုဆရာဝန်နှင့် ပြသပါ။

အချက်အလက်များ ပိုမိုသိရှိလိုပါက 👉 https://bkhos.co/vNFO8f

💬 Bangkok Hospital မှ ဆရာဝန်ကြီးများနှင့် ဆက်လက်တိုင်ပင်လိုပါက Sea Lion Medical Travel သို့ အခုပဲ ဆက်သွယ်လိုက်ပါ။

🧠 သတိရှိခြင်းက ပထမဆုံး ကာကွယ်မှုပါ။ သင့်ချစ်ရသူတွေရဲ့ မှတ်ဉာဏ်တွေကို ယနေ့ကစပြီး ဂရုစိုက်လိုက်ပါ။



Address

#181, Bo Myat Tun Street, Botahtaung Township
Yangon
11161

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+9595106666

Website

Alerts

Be the first to know and let us send you an email when Bangkok Hospital, Myanmar Representative, Sea Lion Medical Travel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to Bangkok Hospital, Myanmar Representative, Sea Lion Medical Travel:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

Sea Lion Medical Referral Centre is one of the leading medical referral service providers in Myanmar, exclusively representing Bangkok Hospital, Bangkok Hospital Chiang Mai and BDMS Wellness Clinic of Bangkok Dusit Medical Services Public Company Ltd (BDMS) of Thailand, StemCells 21 Medical Center in Bangkok, Thailand and Medipolis Proton Therapy & Research Center in Ibusuki, Kagoshima, Japan.

It is a subsidiary of Sea Lion Group, a leading comprehensive provider of healthcare, education, and industrial automation products, services, and solutions in Myanmar that is partnered with over 50 renowned global and regional business organizations.

Sea Lion entered the medical referral service business in 2002 with the introduction of medical tourism at Bangkok Hospital to Myanmar.