Chan Thar Poly Clinic

Chan Thar Poly Clinic ချမ်းသာ အထူးကုဆေးခန်း

✅ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ စစ်လိုက်ရတယ်ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ မသိဘူးဆိုတဲ့သူတွေအတွက်_@ ECG (Electro Cardi...
03/09/2025

✅ဆေးရုံဆေးခန်းက စစ်ခိုင်းလို့သာ
စစ်လိုက်ရတယ်
ဘာတွေကို ဘာလို့စစ်ခိုင်းတယ်ဆိုတာ
မသိဘူးဆိုတဲ့သူတွေအတွက်_

@ ECG (Electro Cardiogram )- နှလုံးစစ်ဆေးတာ
(နှလုံး ကြွက်သားလုပ်ဆောင်ချက်နဲ့ နှလုံးရောဂါများကို စစ်ဆေးတာ)

> EST (exercise stress test ) - ပြေးစက်ပေါ် နှလုံးစမ်းသပ်တာ

@ Urine test - ဆီးစစ်ဆေးတာ ( ဆီးလမ်းကြောင်း တစ်လျှောက်ပိုး၀င်ခြင်း မူမှန်မမှန်နဲ့ ကျောက်ကပ်ကို စစ်ဆေးတာ )
> Urine RE - ဆီးစစ်တာ

@ HbA1c - ( 3လအတွင်း ဆီးချိုရောဂါ ထိန်းသိမ်းမှုအတွက် စစ်ဆေးတာ )

>Blood Sugar - သွေးတွင်းသကြားပမာဏ စစ်ဆေးတာ(ဆီးချိုးရောဂါရှိမရှိ သိရှိရန် အတွက် အစစ်များ )
>FBS (fasting Blood Sugar )- အစာရပ်ပီး ဆီးချိုစစ်တာ

@ SGOT, SGPT, Serum Bilirubin.,ALT - အသည်းရဲ့စွမ်းဆောင်ရည် အင်ဇိုင်းပမာဏနဲ့ သွေးတွင်း ဘီလီယူဘင်ကိုစစ်တာ
(အသားဝါစေသော ဓာတ်ကို အကဲဖြတ်မလို့ အစစ်များ)

> Alkaline Phosphates - အသည်းစစ်တာ
>AFP - အသည်းကင်ဆာစစ်တာ

@ Blood urea and Serum Creatinine. - သွေးတွင်းယူရီးယား,ခရီယေတနင်းဓာတ်ကိုစစ်တာ(ကျောက်ကပ်စွမ်းဆောင်ရည်သိရှိ အကဲဖြတ်ဖို့အတွက် )

> Creatinine GFR - ခရီယေတနင်းဓာတ်ကို စစ်တာ
> BUN (Blood Urea Nitrogen) - ကျောက်ကပ်စစ်တာ

@ Lipid Profile - သွေးတွင်းအဆီ ပမာဏက်ိုစစ်တာ (ကောင်းကျိုးပေးသောအဆီနဲ့ မကောင်းတဲ့အဆီတွေကို ကြည့်ပီးနှလုံးကျန်းမာရေး အကဲဖြတ်နိုင်ရန်အတွက် )

> Cholesterol - သွေးထဲရှိ ကိုလက်စထရောစစ်တာ
>Triglyceride - ထရိုင်ဂလီစရိုက်ဓာတ်ကိုစစ်တာ
> HDL Cholesterol- သွေးထဲရှိ အကျိုးပြုတဲ့ ကောင်းတဲ့ အဆီဓာတ် ကိုစစ်တာ
> LDL Cholesterol -အကျိုးမပြုတဲ့ မကောင်းတဲ့ အဆီဓာတ်ကိုစစ်တာ

@ Haemogram - (သွေးဖြူဥ ,သွေးနီဥ, သွေးမွှားဆဲလ် စတာတွေကို အဏုစိတ် စစ်ဆေးတာ)
> CP Auto - သွေးဖြူဥ သွေးနီဥ စစ်တာ

@ HBs Antigen ,HCV Antibody- အသည်းရောင်အသားဝါ ဘီပိုး,စီပိုး ရှိမရှိစစ်တာ
>HBsAg -အသည်းရောင်အသားဝါ Bပိုးစစ်တာ
>Anti HBS - Bပိုး ကိုယ်ခံအားစစ်တာ
> Anti HCV - C ပိုးစစ်တာ

@( X -ray )- ဓာတ်မှန်ရိုက်တာ (ရင်ဘတ်ဓာတ်မှန် နဲ့ အရိုးကျိုး အက် စတာတွေအတွက်စစ်တာ)
(Chest X-ray)
ရင်ဘတ်ဓာတ်မှန် ရင်ခေါင်းအတွင်းရှိ အဆုတ်နဲ့ နှလုံး ပုံမှန်ဟုတ်မဟုတ် ရောဂါရှိမရှိ စစ်ဆေးတာ

@ USG (Ultrasound) - အယ်ထရာဆောင်း (တယ်လီဗီးရှင်း ဓာတ်မှန်ရိုက်တာ) အသည်း
သည်းခြေအိတ် ကျောက်ကပ် မုန့်ချိုအိတ် သရက်ရွက် ဆီးကျောက်တည်ခြင်း သည်းခြေကျောက်တည်ခြင်း စသည့်၀မ်းတွင်း အင်္ဂါများရောဂါများရှာဖွေရန်နဲ့ ကိုယ်၀န်ဆောင် များ စစ်ဆေးခြင်း

@ Thyroid Function Test - လည်ပင်းကြီးဟော်မုန်းစစ်တာ
> T3,T4,TSH - သိုင်းရွိုက် ဟော်မုန်းစစ်တာ

@> HIV - HIV ပိုးစစ္တာ
@> VDRL - ကာလသားရောဂါ ပိုး စစ်တာ
@> Vitamin D (total ) - အရိုးပွရောဂါအတွက်စစ်တာ
@>Uric acid (Gout ) - အဆစ်အမြစ်ရောဂါ . ဂေါက်ရောဂါ အတွက်စစ်ဆေးတာ
@> RA -သွေးကြောင့်ဖြစ်တဲ့ လေးဖက်နာရောဂါကို စစ်တာ
@> ESR - သွေးနီဥတွေ တစ်နာရီအတွင်း အနယ်ထိုင်တဲ့နှုန်းကို စစ်တာ(သွေးအားနည်း နှလုံးရောင် ကျောက်ကပ်မကောင်း
အရိုးအတွင်းရောင် ကိုယ်၀န်ဆောင် လေးဘက်နာ (ရူမက်တစ် )
အဆစ်နာရောဂါ ဆစ်ဖလက် လည်ပင်ကြီး တီဘီ အဆစ်နာရောဂါ
စတဲ့သူတွေကို စစ်တာ
@>PSA/CA 125/CA 153 -ကင်ဆာဖြစ်နိုင်ခြေရှိမရှိ
စစ်ဆေးတာ
@> PSA - ဆီးကျိတ်ကင်ဆာ စစ်တာ
@> CEA - အစာအိမ်နဲ့ အူလမ်းကြောင်း ကင်ဆာစစ်တာ
@> AFP - အသည်းကင်ဆာ စစ်တာ
@> faecal Occoult Blood - ၀မ်းတွင်းသွေးပါမပါ စစ်တာ
@> Digital Mammogram - ရင်သားဓာတ်မှန် ရိုက်တာ
@> CRP ( C Reactive Protein) - သွေးကြောရောင်
ကိုင်းတာကို စစ်တာ

(ဗဟုသုတအဖြစ်သာ မျှဝေပါသည်)


Crd_

20/04/2023

2023 ရာသီပေါ်တုပ်ကွေးရောဂါကာကွယ်ဆေးများ စတင်ထိုးနှံ၍ရပါပြီရှင်🩼🩼🩼

ထိုးနှံရန်အတွက်စာရင်းသွင်း booking များလည်းလက်ခံနေပါပြီရှင့်📒📒📒

📞📞📞ph -09262275573, 09795866077,
09262273711 သို့ ဆက်သွယ်၍စုံစမ်းမေးမြန်းစာရင်းသွင်းနိုင်ပါသည်ရှင့်။

14/04/2023

ချမ်းသာအထူးကုဆေးခန်း ( စျ စျေး အနီး) အား သင်္ကြန်တွင်း မနက် (၈)နာရီ မှ ည (၈)ထိ နေ့စဉ် ဖွင့်လှစ်ထားပါသည်။

21/11/2022

ပန်းနာရင်ကျပ်ရောဂါ

ပန်းနာရင်ကျပ်ရောဂါဆိုသည်မှာ အသက်ရှူလမ်းကြောင်းနှင့် လေပြွန်များရောင်ရမ်းပြီး သာမန်ထက်ပို၍ တုန့်ပြန်မှု များပြားမြန်ဆန်နေခြင်း ဖြစ်သည်။

ဖြစ်ပွားရခြင်း အကြောင်းရင်းများ

• မျိုးရိုးဗီဇဆိုင်ရာ အကြောင်းရင်းများ

• ဓာတ်မတည့်မှုများ

• အိမ်တွင်း၊ အိမ်ပြင် ဖုန်မှုန့် အခိုးအငွေ့များ

• ဆေးလိပ်သောက်ခြင်း

• လေထုညစ်ညမ်းမှုများ

• ကပ်ပါးရောဂါနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများ

• ပန်းနာဖြစ်စေသော ဆေးဝါးသောက်သုံးမှုများ

ပန်းနာရင်ကျပ်ရောဂါ၏ လက္ခဏာများ

• အသက်ရှူစဉ် ရွှီရွှီမြည်ခြင်း

• ချောင်းခြောက်ဆိုးပြီး အသက်ရှူမဝခြင်း

• မောပန်းလွယ်ခြင်း စူးရှသော အနံ့ရလျှင်၊ စိတ်လှုပ်ရှားလျှင်၊ အားခွန်စိုက်၍အလုပ်လုပ်လျှင် မောကျပ်ချောင်းဆိုးလာခြင်း

• ဖြစ်နေကျအချိန်တွင် ပုံမှန်ဖြစ်ခြင်း (ဥပမာ – နွေ၊ မိုး၊ ဆောင်း စသည်ဖြင့်)

• ညအိပ်ပျော်နေစဉ် ချောင်းဆိုးခြင်း၊ ကျပ်ခြင်း

• အကိုက်အခဲပျောက်ဆေး၊ သွေးတိုးကျဆေး အချို့ သုံးစွဲလျှင် ရင်ကျပ်လာခြင်း

ကာကွယ်ကုသရေး နည်းလမ်းများ

• ဆေးလိပ်သောက်တတ်လျှင် ဆေးလိပ်ဖြတ်ပါ။

• ဓာတ်မတည့်သော အရာများ ရှောင်ရှားပါ။ (အိမ်မွေးတိရစ္ဆာန်များ၊ ဖုန်မှုန့်၊ အငွေ့ ၊ အနံ့အသက်၊ ဆေးဝါး၊ အစားအစာ စသည်ဖြင့်)

• တတ်ကျွမ်းနားလည်သူများနှင့် ပြသကာ ကုသမှုခံယူပါ။

• ကျန်းမာရေးနှင့် ညီညွတ်အောင် နေထိုင်ပါ။

• အခြားရောဂါများ (ဥပမာ – ဆီးချို၊ သွေးတိုး၊ အဝလွန်ရောဂါများ) ရှိနေပါက ပုံမှန်စစ်ဆေး ကုသမှုခံယူပါ။

• ညွှန်ကြားသည့်အတိုင်း ဆေးဝါးမှန်ကန်စွာ သုံးစွဲပြီး အခြားရှောင်ရန်၊ ဆောင်ရန်အချက်များကို လိုက်နာပါ။

• ပန်းနာရင်ကျပ်ရောဂါသည် နာတာရှည်ရောဂါဖြစ်၍ ကုသမှုခံယူရာတွင် စိတ်ရှည်သည်းခံရန်လိုပါသည်။

21/11/2022
20/11/2022
တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ချမ်းသာအထူးကုဆေးခန်း( စျစျေးလမ်းဆုံအနီး) ၌ ထိုးနှံ၍ ရနေပါပြီရှင်
09/05/2022

တုပ်ကွေးရောဂါ ကာကွယ်ဆေးများ ချမ်းသာအထူးကုဆေးခန်း( စျစျေးလမ်းဆုံအနီး) ၌ ထိုးနှံ၍ ရနေပါပြီရှင်

သင်္ကြန်တွင်း ဆေးခန်းအား မနက် (၈) နာရီ မှ ည(၈) ထိ ဖွင့်ပါသည်ရှင်။
12/04/2022

သင်္ကြန်တွင်း ဆေးခန်းအား မနက် (၈) နာရီ မှ ည(၈) ထိ ဖွင့်ပါသည်ရှင်။

ချမ်းသာအထူးကုဆေးခန်းတွင်( စျ စျေးလမ်းဆုံ)            ဒေါက်တာသူရိန်မိုးမြင့်ဝင်း       M.B.,B.S(Ygn),M.Med.Sc(Surgery)   ...
06/04/2022

ချမ်းသာအထူးကုဆေးခန်းတွင်( စျ စျေးလမ်းဆုံ)

ဒေါက်တာသူရိန်မိုးမြင့်ဝင်း
M.B.,B.S(Ygn),M.Med.Sc(Surgery)
MRCS Edin:(UK)
ကထိက(ခွဲစိတ်)
အထွေထွေရောဂါကုနှင့်သင်ကြားရေးဆေးရုံကြီး
မြောက်ဥက္ကလာပ

နေ့စဉ် ညနေ ၄ နာရီ မှ ည ၆ နာရီ အတွင်း လာရောက်ပြသနိုင်ပါသည်ရှင်။
ပြသချိန်ကိုဖုန်းဆက်၍လည်း မေးမြန်းစုံစမ်းနိုင်ပါသည်။
Ph - 09795866077,09262373711,09262275573

ချမ်းသာအထူးကုဆေးခန်းတွင်  #( စျစျေးလမ်းဆုံ)          ဒေါက်တာ စိုးသူအောင်                 M.B.,B.S(Ygn)             M.Med...
06/04/2022

ချမ်းသာအထူးကုဆေးခန်းတွင် #( စျစျေးလမ်းဆုံ)

ဒေါက်တာ စိုးသူအောင်
M.B.,B.S(Ygn)
M.Med.Sc (Paed)
ကလေးအထူးကုဆရာဝန်

နေ့စဉ် ညနေ 5 နာရီ ၌ လာရောက်ပြသနိုင်ပါပြီရှင့်
ဖုန်းဖြင့် စုံစမ်းမေးမြန်း၍လည်း ဘိုကင် ယူနိုင်ပါသည်။
Ph -09795866077,09262273711,09262275573

06/04/2022

# ချမ်းသာအထူးကုဆေးခန်းတွင်(စျ စျေးလမ်းဆုံ)

ဒေါက်တာ လဲ့ရည်မွန် M.B.,B.S(Yng),M.Med.Sc(Ophthalmology)
မျက်စိအထူးကုဆရာဝန်

မနက် 9နာရီ မှ 12နာရီ အတွင်း
ညနေ 4နာရီ မှ 6 နာရီ အတွင်း
လာရောက် ပြသနိုင်ပါသည်
ဖုန်းဖြင့် ဆက်၍လည်း စုံစမ်း မေးမြန်းနိုင်ပါသည်ရှင့်

Ph - 09795866077, 09262273711, 09262275573

Address

3 Khaymarthi Road (H)block North Okkalapa
Yangon

Telephone

09262275573

Website

Alerts

Be the first to know and let us send you an email when Chan Thar Poly Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram