22/08/2025
ပုလဲရတနာသွားဆေးခန်းက လားတဲ့
ဖုန်းဆက်လာတယ်
အလုပ်ခေါ်တယ်ဆိုပြီး
အင်တာဗျူးကြေး25000သွင်းခိုင်းသေးလားတဲ့
လောလောဆယ် အလုပ်လဲ မခေါ်ထားသလို
အင်တာဗျူးကြေးလဲ ဘယ်သူမှ မကောက်ပါဘူးလို့
အရင်တခါခေါ်တဲ့ ကလေးတွေတောင်
အလုပ်ဝင်တာ
3လရှိနေပါပြီ
ဒါဆို အလိမ်ခံရပြီဆိုပြီး ဖုန်းချသွားတယ်
သူတို့မိသားစုချင်းပဲ အမေဆီ ငွေလိမ်တောင်းတာလား
ဆေးခန်း နာမည်သုံးပြီး တယောက်ယောက်က လိမ်တာပဲလားတော့မသိပါ
ဆေးခန်းက ဆေးကုသသော အခကြေးငွေကလွဲ၍ ဘာကြေးမှ မတောင်းပါ
ဆေးခန်း page မှာ တင်ထားသော ဖုန်း
ဆေးခန်းpage messanger မှ လွဲ၍
တခြားဖုန်းများနှင့် အလုပ်မလုပ်ပါကြောင်း
အတိအလင်းပြောကြားပါရစေရှင်
ကျေးဇူးတင်ပါတယ်ရှင့်