The Virgo Girl

The Virgo Girl Trust the Universe and it will give you miracles☘️

မိမိမျှော်မှန်းထားတဲ့ကိစ္စရပ်တွေဖြစ်လာဖို့ရှိလား။(pick a pile)စိတ်အေးအေးထားပြီးရွေးကြည့်ပါနော်Personal reading လုပ်ချင်ရ...
11/03/2024

မိမိမျှော်မှန်းထားတဲ့ကိစ္စရပ်တွေဖြစ်လာဖို့ရှိလား။(pick a pile)
စိတ်အေးအေးထားပြီးရွေးကြည့်ပါနော်
Personal reading လုပ်ချင်ရင်တော့ page cb ကိုလာမေးနိုင်ပါတယ်။
energy ကိုက်ရင် like and share လေးလုပ်ပြီးsupport ပေးနိုင်ပါတယ်။
photo from pinterest

လူတိုင်းကြားဖူးကြမှာပါ  `စေတနာကလူတိုင်းနဲ့မတန်ဘူး´ ဆိုတဲ့စကားကိုပေါ့။ အစကတော့ ကြားသာကြားဖူးတယ် အဓိပ္ပါယ်ကိုသိပ်နားမလည်ခဲ...
23/02/2024

လူတိုင်းကြားဖူးကြမှာပါ
`စေတနာကလူတိုင်းနဲ့မတန်ဘူး´ ဆိုတဲ့စကားကိုပေါ့။
အစကတော့ ကြားသာကြားဖူးတယ် အဓိပ္ပါယ်ကိုသိပ်နားမလည်ခဲ့ဘူး။နောက်ကျတော့ ဖတ်ဖူးတဲ့စာအုပ်တစ်အုပ်မှာ ဒီလိုလေးရေးထားတယ် `စေတနာဆိုတာ Energy ပဲ´ တဲ့
အဲ့တော့မှပဲ ဘာပြောချင်တာလည်း သဘောပေါက်သွားတယ်။လက်တွေ့မှာ ကိုယ့်ရဲ့ energy ကလူတိုင်းနဲ့မတန်တာ တကယ်ပါ။တချို့တွေက energy ကိုယူပဲယူတတ်ကြတယ် ။အဲ့ဒီenergy တွေကိုရရင် သူတို့ဟာ powerful ဖြစ်နေပြီလို့ထင်နေကြပေမယ့် တကယ်တမ်းက အဲ့ energy က ကိုယ်ပိုင်တဲ့အရာမဟုတ်ပဲသူများဆီက ရခဲ့တဲ့ energy ပဲဖြစ်ပါတယ်။ အဲ့တာကြောင့် တစ်ခါတလေ ကြုံဖူးမှာပါ ကိုယ်ကဒီလူနဲ့ရှိနေရင် အလိုလိုနေရင်းပျော်လာတာ ဒါမှမဟုတ် စိတ်ညစ်လာတာ အဲ့တာတွေက အဲ့လူရဲ့ energy ကိုကိုယ်ကခံစားရတာပဲဖြစ်တယ်။ပြီးတော့ နောက်တစ်ခုကဘာလဲဆိုတော့ ကိုယ့်ရဲ့ energy ကြောင့် ဒီလူဟာကိုယ့်အတွက် special ဖြစ်နေတာပဲ။ချစ်တဲ့ မျက်စိနဲ့ကြည့်ရင် ကောင်းတဲ့ energy ပေးနေတဲ့အတွက်ကြောင့် တဖက်လူကချစ်စရာကောင်းနေမှာပဲ။မုန်းတဲ့မျက်စိနဲ့ကြည့်ရင် ကိုယ်က negative energy ပေးနေတဲ့အတွက်ကြောင့် တဖက်လူကမုန်းစရာကောင်းနေမှာပဲ။တကယ်က ကိုယ်ပေးတဲ့ energyရဲ့အကျိုးဆက်ကို ကိုယ်ကိုတိုင်ပြန်ခံစားရတာပဲဖြစ်ပါတယ်။အဲ့တာကြောင့် everything is reflection of you တဲ့။
ကိုယ့်ဘ၀မှာ ကြောက်တဲ့ energy တွေပေးနေရင် အရာအားလုံးဟာကြောက်စရာပဲ ။
အဲ့တော့ ကောင်းတာတွေးမယ်။ကောင်းတာတွေးရင် ကောင်းတာတွေပဲ လုပ်လာမယ်။ကောင်းတာတွေပဲလုပ်တော့ ကောင်းတာတွေပဲ ဖြစ်နေမယ်။ကိုယ်လည်း စိတ်အေးချမ်းရမယ်။
အေးချမ်းတဲ့သူဖြစ်လာတဲ့အခါ ကိုယ့်ဆီကို ကောင်းတဲ့လူလည်းရောက်လာမှာဖြစ်တယ်။ကိုယ့်ဆီကကောင်းတဲ့ energy လိုအပ်နေတဲ့သူ(healing လုပ်ဖို့လိုအပ်နေသူ)တွေလည်းရောက်လာလိမ့်မယ်။အဲ့ချိန်မှာလည်း ကိုယ်ဘယ်လို တုန့်ပြန်တယ်ဆိုတာက ကိုယ်ဘယ်လောက် healed ဖြစ်နေလည်းဆိုတာအပေါ်မူတည်တယ်။တချို့ကလည်း တဖက်သူကို ကူညီပြီး လမ်းမှန်ပေါ်ခေါ်တင်ပေးတယ် ဒါကသူတို့တာဝန်မဟုတ်မှန်းသိသိရက်နဲ့ ၊ဒီလူကသူတို့ကိုနာကျင်စေမယ်ဆိုတာသိသိရက်နဲ့ ကူညီကြတယ်။တချို့ကလည်း သူတို့ရဲ့ခက်ခက်ခဲခဲရရှိထားတဲ့ peaceလေးကို ကာကွယ်ကြတယ်။တကိုယ်ကောင်းဆန်တယ်လို့တွေးနိုင်ပေမယ့်လည်း ဒါသူတို့ရဲ့ရွေးချယ်မှုပဲလေ။တဖက်သူကိုထိခိုက်စေလိုတဲ့ဆန္ဒမပါပဲ ကိုယ့်peace ကိုကာကွယ်ရာကနေ တဖက်သူကိုထိခိုက်မိစေတာမျိုးပေါ့။(ငါအဆင်ပြေဖို့ကငါ့အတွက်အရေးကြီးဆုံးပဲဆိုတဲ့လူမျိုးတွေပေါ့)မကောင်းတာလည်းမဟုတ်ပေမယ့် ကောင်းတာပဲလည်းဟုတ်မနေဘူး။အဲ့လိုမျိုးလေး စိတ်အေးချမ်းမှု တစ်ခုရလာတဲ့အခါမှာ လူ၂ မျိုး၂စားပြန်ကွဲသွားတာပေါ့။
ဘာတွေပဲပြောနေနေပါ။နောက်ဆုံးမှာ ကိုယ့်လမ်းကိုယ်ရွေးကြရတာပဲလေ။တစ်ခုမမေ့စေချင်တာကတော့ လူတွေဟာမွေးလာတုန်းကလည်း ကိုယ်လာခဲ့ရတဲ့ နေရာကအတူတူပဲ သေရင်လည်းပြန်သွားရမယ့်နေရာကအတူတူပဲ။ လူသားအချင်းချင်းကိုယ်ချင်းစာစိတ်လေးထား ၊ မရှိနိုင်ရင်တောင်မှ လူတယောက်နဲ့တယောက်အကြိုးမရှိမယ့် စကားတွေမပြောပဲနေနိုင်ကြရင် ဒီထက်ပိုပြီးအေးချမ်းတဲ့ပတ်၀န်းကျင်ကို ပိုင်ဆိုင်နိုင်ကြမယ်ထင်ပါတယ်။မင်မင်လည်းပဲအခုချ်ိန်ထိ ကြိုးစားရမယ့်အပိုင်းတွေအများကြီးရှိပါသေးတယ်။တယောက်နဲ့တယောက် အမြင်ကွဲပြားနိုင်တဲ့အတွက်ကြောင့် နားလည်တဲ့သူကတော့နားလည်နိုင်မှာပါ။
ဒီတော့ အားလုံးပဲအဆုံးထိဖတ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ရင်ထဲမှာတစ်ခုခုစွဲကျန်ခဲ့လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။
Photo from pinterest

20/02/2024

Page လေးကိုပစ်ထားတာတော်တော်ကြာပါပြီ
မင်မင်ကfacebook သိပ်မသုံးတော့ page ကပါ active သိပ်မဖြစ်ဘူးဖြစ်နေတာပါ
ဒီကြားထဲလည်း မအားတာနဲ့ post မတင်ဖြစ်ဘူး
post တင်မယ်ဆိုလည်း စိတ်ကမပါတာနဲ့ မတင်ဖြစ်ဘူးဖြစ်နေတာ
tarot reading တော့ လာမေးလို့ရပါတယ်နော်
active သိပ်မဖြစ်ပေမယ့် reading ကတော့လုပ်ပေးပါတယ်နော်

သူတို့ကကံကောင်းလိုက်တာ၊ငါကျတော့ဘာလုပ်လုပ်အဆင်လည်းမပြေဘူး။သူတို့ကလှလိုက်တာ ၊ငါကျတော့သူတို့လိုမလှဘူး။သူကငါနဲ့အသက်အတူတူပဲ သ...
26/01/2024

သူတို့ကကံကောင်းလိုက်တာ၊ငါကျတော့ဘာလုပ်လုပ်အဆင်လည်းမပြေဘူး။
သူတို့ကလှလိုက်တာ ၊ငါကျတော့သူတို့လိုမလှဘူး။
သူကငါနဲ့အသက်အတူတူပဲ သူကအောင်မြင်နေလိုက်တာ၊ ငါကျတော့အခုထိမဖြစ်မြောက်သေးဘူး။
ဒါပေါ့။မှန်တာပေါ့။သူများတွေကလှတယ်၊အောင်မြင်နေတယ်၊ကိုယ်လိုချင်တဲ့ပစ္စည်းတွေသူတို့၀ယ်သုံးနိုင်တယ်၊ကိုယ်ကသေလောက်အောင်ကြိုးစားနေချိန် သူတို့ကတော့နောက်ဘ၀မှာတောင် အေးဆေးထိုင်စားနိုင်လောက်တဲ့၀င်ငွေတွေနဲ့လေ။
ဒါပေမယ့် တစ်ခုတော့ရှိတယ်။သူတို့က ကိုယ်မှမဟုတ်တာ။ကိုယ်ဖြတ်သန်းနေရတဲ့ လူနေမှုပတ်၀န်းကျင် ၊မိသားစုအသိုင်းအ၀ိုင်းမှ မတူတာ။ကိုယ့်နေရာကို သူတို့တစ်ခါလောက်ပဲဖြစ်ဖြစ်၀င်နေကြည့်ရင် ကိုယ့်လောက်ခံနိုင်ရည်ရှိနေနိုင်မှာလား။ကိုယ့်လောက်ရော ဘ၀ကိုလက်မလျော့ပဲ အခက်အခဲတွေကို တိုက်ခိုက်နိုင်မှာလား။အဲ့တော့ရှင်းပါတယ်။မတူတာကို မနှိုင်းပါနဲ့။ ကိုယ်လည်း ကိုယ့်အရည်အချင်းနဲ့ကိုယ်၊သူတို့လည်း သူတို့အရည်အချင်းနဲ့သူတို့ပဲ။အတုအယောင် တွေပေါများတဲ့လောကကြီးမှာ ကိုယ်မြင်ရတိုင်းလည်းမယုံနဲ့ ကြားတိုင်းလည်းမယုံနဲ့ ခင်တိုင်းလည်းမယုံနဲ့ အဘက်ဘက်ကinformation တွေကိုသိပြီးတော့ကိုယ့်ရဲ့တွေးခေါ်နိုင်တဲ့ဦးနှောက်နဲ့စဥ်းစားဆုံးဖြတ်ရမယ်။
သူများကိုအားကျပြီးinsecure ဖြစ်နေမယ့်အချိန်တွေကို တစ်ခုခုအကျိုးရှိတာထလုပ်လိုက်ရင် ကိုယ်ကခြေတစ်လှမ်းရှေ့ရောက်နေလောက်ပြီ။ပြီးတော့ timing မတူပါဘူး။သူများနဲ့ကိုယ်နဲ့ အလုပ်တစ်ခုကိုအတူတူလုပ်ပြီး သူကအောင်မြင်သွားတယ် ငါကကျရှုံးသွားတယ်။သူကသူ့ရဲ့ divine timing ကိုရရှိသွားလို့ပါ။ကိုယ့်divine timing ကမရောက်သေးလို့ပါ။ဆက်ကြိုးစားပါ။ကြိုးစားတဲ့သူတွေကိုUniverse ကtiming ကျရင်ဆုချမှာပါ။
သူများနဲ့ကိုယ်က မတူလည်းကိစ္စမရှိပါဘူး။ကိုယ့်ကိုယ်ကို ချစ်ရမယ်။ကိုယ့်ရဲ့ဖြစ်တည်မှုကို လက်ခံရမယ်။ကိုယ့်ရဲ့ပျော်ရွှင်ခြင်းက ကိုယ်ကိုယ်တိုင်ပါပဲ။အဲ့တော့ focus on yourself။ဘယ်သူကမှ ကိုယ့်လောက်အရေးမကြီးပါဘူး။ကိုယ်သာလျှင် ကိုယ့်အတွက်ကိုအလှဆုံး ၊အတော်ဆုံး၊အပျော်ရွှင်ဆုံးလူသားဖြစ်သင့်ပါတယ်။ကိုယ့်မှာလည်း ကိုယ်သတိမထားမိတဲ့ သူများတွေအားကျရလောက်တဲ့ skill တစ်ခုခုရှိကိုရှိပါတယ်။သူများတွေနဲ့compare လုပ်မိတိုင်း မိမိကိုယ်ကို ဘယ်လောက်ချစ်ကြောင်းတွေးပါ။ကိုယ့်ကိုယ်ကို ဘယ်အရာတွေကြိုက်နှစ်သက်ကြောင်း အနည်းဆုံး ၅ချက်ရအောင်ရှာပြီး စာအုပ်ထဲမှာချရေးကြည့်ပါ။ဒီတိုင်း self talk လုပ်လည်း အဆင်ပြေပါတယ်။ကိုယ့်ဘ၀မှာ ခြေဆုံလက်ဆုံပါတယ်၊အမိုးအောက်မှာနေရတယ်၊ဒီတိုင်းဘာမှမလုပ်ပဲ အသက်ပဲရှုနေရင်တောင် အဲ့တာဟာကိုယ့်ရဲ့ blessing ပါပဲ။ကိုယ်ဟာနေ့တိုင်းအသက်ရှင်နေတာကအစ မိမိကိုယ်ကိုproud ဖြစ်ဖို့လုံလောက်ပါတယ်။ကိုယ့်ကိုယ့်ကို ချစ်ပါ၊ဂရုစိုက်ပါ လို့ပြောရင်း စာလေးကိုအဆုံးသတ်ပါရစေနော်။
အားလုံး သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေလို့ မင်မင်ဆုတောင်းပေးလိုက်ပါတယ်။🤗
(အဆုံးထိဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။)



✨မိမိရဲ့ လက်ရှိလူမှုရေးအခြေအနေ(pick a pile)စိတ်လေးကိုအေးဆေးထားပြီး ရွေးကြည့်ပါရှင့်တချို့သောလူတွေနဲ့ energy မကိုက်တာမျို...
21/01/2024

✨မိမိရဲ့ လက်ရှိလူမှုရေးအခြေအနေ(pick a pile)
စိတ်လေးကိုအေးဆေးထားပြီး ရွေးကြည့်ပါရှင့်
တချို့သောလူတွေနဲ့ energy မကိုက်တာမျိုးဖြစ်နိုင်ပါတယ် အဲ့ဒိအတွက် ကိုယ့်ရဲ့energy ကိုသက်သက်စစ်ချင်တယ်ဆို page cbမှာလာရောက်မေးမြန်းနိုင်ပါတယ်နော်
အားလုံးကိုကျေးဇူးတင်ပါတယ်🤗
photo from pinterest


17/01/2024

မင်မင့်ကို မမေ့ကြပါနဲ့အုံးကာကာတို့ရေ
မင်မင်က သင်တန်းတဖက်နဲ့မို့လို့ Page လေးကိုသိပ်ပြီးလှည့်မကြည့်ဖြစ်ဘူးဖြစ်နေလို့ post တွေမတင်ဖြစ်တာပါ မင်မင်ဒီဖက်မှာလုပ်စရာရှိလို့ အဲ့တာပြီးရင် post တွေပြန်တင်ပါ့မယ်နော်

01/01/2024

2024 ရောက်လာပါပြီ✨
မနှစ်တနှစ်တွေကလိုပဲ နှစ်သစ်မှာစိတ်သစ်လူသစ်နဲ့ အသစ်တွေရုတ်တရက်ထလုပ်ပြီး နောက်ခဏနေတော့ ဒီတိုင်းက ဒီတိုင်းပြန်ဖြစ်သွားကြဦးမှာလား။
နောက်နှစ်မှပဲအသစ်ပြန်စမယ်ဆိုပြီး တနှစ်တနှစ်ကုန်ဆုံးနေကြဦးမှာလား။
တကယ်တမ်းပြောင်းလဲမှုဆိုတာရုတ်တရက်လုပ်လိုက်တဲ့အခါမှာ ကိုယ်ကိုယ်တိုင်ကပြောင်းလဲမှုနဲ့နေသားမကျတော့ ကြိုးစားသမျှအရာမရောက်ဘူးဖြစ်သွားတာပါ။ဒါဆို ဘာလုပ်ရမှာလဲ?
မိမိပေးထားတဲ့ ကတိကိုတည်ပါ။
ပြောတော့သာလွယ်တာရယ် တကယ်တမ်းကကိုယ်ပြောထားတာကိုယ်တွေးထားတာကို action ယူဖို့ကျတော့ ခက်ခဲပါတယ်။ ကိုယ့်ကိုယ်ကိုတောင်ပေးထားတဲ့ကတိမတည်နိုင်သေးရင် ကြီးမားတဲ့ပြောင်းလဲမှုတွေလုပ်ဖို့မစဥ်းစားပဲ အရင်ဆုံး ကတိတည်နိုင်အောင်ကြိုးစားပါ လို့ပြောချင်ပါတယ်။
ဥပမာ ကိုယ်ကမနက် ၇ နာရီအိပ်ရာနိုးချင်တယ် တကယ်တမ်းက နေဖင်ထိုးမှထတဲ့သူ။အဲ့တာကိုရုတ်တရက် မနက် ၇ နာရီ ၂ရက်လောက်ထ ပြီးလည်းပြီးရော နောက်၃ရက်လောက်ကို အတိုးချပြီးပြန်အိပ်နေတာမျိုးကတော့ မဟုတ်သေးဘူးလေ
နည်းနည်းချင်းဆီစပြောင်းရမှာပေါ့ ဒီနေ့ ငါ ၉နာရီနိုးတယ် ဒါဆိုငါမနက်ဖြန် ၈ နာရီခွဲလောက်ထကြည့်မယ် တကယ်လည်းရအောင်ထကြည့်ပါ အဲ့လိုမျိုးကိုယ့်ကိုယ်ကို ပေးထားတဲ့ကတိကို တည်နိုင်ရင် ယုံကြည်မှုတွေတိုးလာပါလိမ့်မယ်
အဲ့လိုကနေပဲ တဆင့်တဆင့်နဲ့ ပြောင်းလဲမှု သေးသေးလေးတွေကိုပုံမှန်လုပ်ရင်းကနေ ၁ လ ၂ လ ကြာတဲ့အခါမှာ ပြောင်းလဲမှုကြီးတစ်ခုကိုယ်ကလုပ်လိုက်နိုင်ပါပြီ
အဲ့တော့ 2024 မရောက်လာခင်ကလည်း ဘာလုပ်ရမယ်ဆိုတာတွေ အကြံပေးကြတဲ့post တွေလည်းအများကြီးဖတ်ဖူးကြမှာပါ အဲ့တော့ မင်မင့်အနေနဲ့ အဓိကအရေးကြီးတာတစ်ခုပဲပြောပြလိုက်ပါတယ်
အဲ့တော့ ကတိတည်နိုင်အောင်ကြိုးစားကြည့်ကြရ အောင်၊ တကယ် action ယူကြည့်ကြရအောင်ပါ
မင်မင်ကတော့ ဒီကနေအားလုံးကို Happy new year ဆိုတဲ့အတိုင်း ပျော်ရွှင်စရာကောင်းတဲ့ နှစ်တစ်နှစ်ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်နော်
(ဆရာလုပ်တာအမှားပါသွားရင် ခွင့်လွှတ်ပါနော်😅)
အဆုံးထိဖတ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်🤗



25/12/2023

မင်မင့်အနေနဲ့ကတော့ tarot ကြည့်တဲ့အခါမှာ ဘယ်တော့မှ အချိန်ကာလထည့်ပြောလေ့မရှိပါဘူး ဘာလို့လဲဆို သူကတယောက်နဲ့တယောက်မတူကြပေမယ့်အများအားဖြင့် tarot တစ်ခါမေးထားရင် နောက် ၁ လ သို့မဟုတ် ၃လ လောက်အကြာမှာပြန်လာမေးတာအကောင်းဆုံးပါပဲ အဲ့တုန်းက energy နဲ့အခုenergy နဲ့ကတူချင်မှတူတော့မှာလေ ဟုတ်တယ်မလား အဲ့တာကြောင့် အချိန်ကိုကိုယ်ကဘယ်လောက်ပဲပြောပြပေးထားပါစေ အတိအကျအချိန်ကိုတော့ဘယ်လိုမှသိနိုင်မှာမဟုတ်ပါဘူးနော်
မင့်မင်ဆီမှာ စျေးသက်သက်သာသာ နဲ့tarot reading လုပ်ပေးပါတယ်နော် (ကြော်ငြာတစ်ဖြတ်🤣)tarot တော့လာမမေးချင်ဘူး ရင်လာဖွင့်ချင်တယ်ဆိုလည်း ရပါတယ်နော်🤗
အဆုံးထိဖတ်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်😘

22/12/2023

ကိုယ်ဆုတောင်းမယ့်အရာကိုသေချာစမ်းစစ်ပါ
ဘာလို့အဲ့လိုပြောရလဲဆိုရင် ကိုယ်လိုချင်တဲ့အရာကကိုယ့်ဘ၀ထဲကိုလွယ်လွယ်ရောက်လာမှာမဟုတ်လို့ပါပဲ။တစ်ခုလိုချင်ရင် တစ်ခုပေးဆပ်ရတယ်ဆိုသလိုပဲ ကိုယ်တောင်းမိတဲ့ဆုဟာ ကြီးလေလေ ပေးဆပ်ရတာကြီးလေလေပါပဲ။ဥပမာပြောရရင် ကိုယ်ကအရာ၀တ္ထု၁ခုခုတောင်းတယ်ဆိုပါစို့ ဆုတောင်းလိုက်တဲ့အခါမှာ အဲ့အရာက ရော့အင့် ဆိုပြီး ကိုယ့်ရှေ့ချက်ချင်းရောက်မလာပါဘူး။Universe ကပေးတဲ့test ကို ရင်ဆိုင်ရပါတယ်။စိတ်ရှည်ရမယ် စိတ်ထားတတ်ရမယ် ဘယ်လောက်ထိအဲ့ဆုတောင်းနဲ့ကိုယ်နဲ့တန်တယ်ဆိုတာကို test ကိုရင်ဆိုင်ကြည့်ကြရပါတယ်။ok ready ဆိုရင်ရသွားပါပြီ အဲ့ဆုတောင်း။ကိုယ်မေ့လျော့ပြီး မသိလိုက်ခင်မှာတင်အဲ့ဆုတောင်းကပြည့်သွားပါပြီ။Test ကိုရင်ဆိုင်လိုက်ပြီး ready မဖြစ်သေးဘူးဆို ကိုယ့်အနေနဲ့ ကိုယ်ကဘာလိုအပ်ချက်တွေရှိနေတယ်ဆိုတာကိုသိမြင်လာကြရပါတယ်။
အဲ့တာကြောင့်မို့ တောင်းထားတဲ့ဆုတော့လိုချင်တယ် အခက်အခဲတွေတော့ရင်မဆိုင်ချင်ဘူးလုပ်လို့မရပါဘူး။အခုချက်ချင်းလိုချင်တာ ငါတောင်းထားတာကျမရဘူး ပြသာနာပဲပေါင်းစုံတက်နေတယ်လို့လည်း စိတ်လောလို့မရပါဘူး ။ကိုယ်ကဆုတောင်းထားရင် ယုံကြည်လိုက်ပါ။မယုံမကြည်နဲ့ သံသယစိတ်တွေရှိနေသေးရင် ဘာဆုတောင်းမှပြည့်လာမှာမဟုတ်မှန်းလည်း spiritual path ကိုလျှောက်လှမ်းနေတဲ့လူများစုသိနှင့်ပြီးသားပါနော်။
အဲ့လိုဆုတောင်းတယ် manifest လုပ်တယ်ဆို အဲ့အရာကငါ့ဆီရောက်ကိုရောက်လာမှာဆိုတဲ့ယုံကြည်မှုနဲ့ပြုလုပ်ပေးပါ။ကိုယ်လုပ်စရာရှိတာကိုယ်လုပ်မယ် အခက်ခဲတွေကြုံလာရင် အေးအေးဆေးဆေးနဲ့ရင်ဆိုင်မယ် ဆိုရင်okနေပါပြီ။စောင့်စရာလည်းမလိုပါဘူးနော် လုပ်စရာရှိတာလုပ်နေရင် အချိန်တန်ရင်ဖြစ်ကိုဖြစ်လာမှာပါ။
spiritual ပိုင်းကိုလေ့လာတဲ့သူတွေအတွက်တော့ အကြောင်းအရာတစ်ခုကလုံလောက်တယ်လို့ကိုမရှိဘူး လေ့လာရင်းပိုသိရင်း ပိုလေ့လာဖို့လိုလေပဲ
မင်မင်လည်း အကုန်မသိပါဘူး သိသလောက်လေးလက်လှမ်းမှီသလောက်လေး ဆရာလုပ်ရတာပါ😅
အဲ့တော့အခုပြောသွားတဲ့အကြောင်းအရာထဲမှာ အမှားပါခဲ့ရင်ခွင့်လွှတ်ပါနော်
မင်မင်လည်း အရမ်းသိထားတာမဟုတ်ပေမယ့်
သိချင်တာရှိရင် ဆွေးနွေးချင်တာရှိရင် လာပြောနိုင်ပါတယ် cb လာခဲ့လို့လည်းရပါတယ်
ရင်ဖွင့်ချင််တယ်ဆိုလည်းလာခဲ့ပါနော် welcome ပါရှင်🤗
ဒါဆို အားလုံးပဲစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ❤️



11/12/2023

reminder✨
ကြောက်စိတ်တွေဆီကနေ ထွက်မပြေးပါနဲ့ ရင်ဆိုင်လိုက်ပါ။
တစ်ခုခုကိုလုပ်တော့မယ်ဆိုကြောက်စိတ်တွေ စိုးရိမ်စိတ်တွေ၀င်တာဟာ ပုံမှန်ပါပဲ။တကယ်တမ်းကြောက်ကြောက်နဲ့ရှေ့ဆက်သွားတဲ့အခါမှသာ ကိုယ်ကအလကားနေရင်းကြောက်နေမိပါလားဆိုပြီးဖြစ်သွားပါတယ်။ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ငါဘာပဲဖြစ်လာပါစေ ရင်ဆိုင်နိုင်တယ်ဆိုတဲ့သတ္တိမွေးနိုင်ရင် ဘယ်အရာမဆို မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။(ဒီreminder ကိုUniverse ကလိုအပ်နေတဲ့သူလေးတွေဆီပေါ်လာစေပြီးအထောက်အကူနည်းနည်းဖြစ်စေမယ်လို့ ယုံကြည်ပါတယ်နော်)
အားလုံးပဲ သာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေပိုင်ဆိုင်နိုင်ကြပါစေ🤗


New package✨မင်မင့်ဆီမှာရနိုင်တဲ့reading package လေးတွေကိုpage အပေါ်ဆုံးမှာpin ထောက်ထားပေးပါတယ်နော်နောက်လည်းရနိုင်မယ့်re...
29/11/2023

New package✨
မင်မင့်ဆီမှာရနိုင်တဲ့reading package လေးတွေကိုpage အပေါ်ဆုံးမှာpin ထောက်ထားပေးပါတယ်နော်
နောက်လည်းရနိုင်မယ့်reading လေးတွေလုပ်ပေးသွားပါ့မယ်
ကျေးဇူးတင်ပါတယ်ရှင်🤗



✨December လမှာ မိမိရဲ့ငွေရေးကြေးရေးအခြေအနေဘယ်လိုရှိလဲ။(pick a pile)စိတ်အေးအေးထားပြီး စိတ်ငြိမ်ပြီဆိုရွေးကြည့်ပါဘယ်သူဘယ်၀...
28/11/2023

✨December လမှာ မိမိရဲ့ငွေရေးကြေးရေးအခြေအနေဘယ်လိုရှိလဲ။(pick a pile)
စိတ်အေးအေးထားပြီး စိတ်ငြိမ်ပြီဆိုရွေးကြည့်ပါ
ဘယ်သူဘယ်၀ါရယ်မဟုတ်ဘဲ General ကြည့်ပေးထားတာကြောင့် မိမိကိုယ်တိုင်အတွက် သိချင်တယ်ဆို personal reading လေးလာမေးလို့ရပါတယ်နော်။
အားလုံးဘဲပျော်ရွှင်သောနေ့ရက်လေးတွေပိုင်ဆိုင်နိုင်ပါစေ😘
ကျေးဇူးတင်ပါတယ်🤗
photo from pinterest


Address

Yangon

Opening Hours

01:00 - 23:58

Website

Alerts

Be the first to know and let us send you an email when The Virgo Girl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram