Rakuraku-Myanmar

Rakuraku-Myanmar ကျန်းမာရေး ဖြည့်စွက်စာ

✨သီတင်းကျွတ် ဂါရဝလက်ဆောင်ပေးဖို့စဉ်းစားနေသူများအတွက်✨🩷 ချစ်ရတဲ့ လူကြီးမိဘ၊ဆွေမျိုး၊မိတ်ဆွေ၊သင့်ပတ်ဝန်းကျင်မှ ချစ်ခင်သူမျ...
19/09/2025

✨သီတင်းကျွတ် ဂါရဝလက်ဆောင်ပေးဖို့စဉ်းစားနေသူများအတွက်✨

🩷 ချစ်ရတဲ့ လူကြီးမိဘ၊ဆွေမျိုး၊မိတ်ဆွေ၊သင့်ပတ်ဝန်းကျင်မှ ချစ်ခင်သူများ အရိုး၊အကြော၊အရွတ်၊အဆစ်၊ဂျွိုင်လ်းဆက် ကျန်းမာရေးအတွက် လာခူလာခူ ပရီမီယမ်ကို ရွေးချယ်ပါ။

ဝါလကင်းလွတ် သီတင်းကျွတ်~~တန်ဖိုးရှိသော နေ့ရက်များနှင့်အတူ

🚛 မှာယူလိုပါက ရန်ကုန်မြို့တွင်းဆို လူကြီးမင်းတိူ့ အိမ်အရောက် ပို့ဆောင်ပေးပြီး အခြားမြို့များကိုတော့ ကားဂိတ်အထိ ပို့ဆောင် ပေးနေပါတယ် အသေးစိတ်သိရှိလိုသည်များရှိပါ

သုညကိုး-၂၅၀၂၉၀ငါးငါးကိုး
သုညကိုး-၄၀၇၇၀၄၈နှစ်ခွန်

ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

✨TikTok https://www.tiktok.com/?_t=ZS-8uTPpSg2wS8&_r=1

✨Main Page
https://www.facebook.com/share/1LYmRkaQgP/

✨Telegram
https://t.me/Lotaya2021

✨Instagram
https://www.instagram.com/premium_products_11?igsh=MXZ4YTg1cDB1bG5rZA==

#ဒူးနာ #ခါးနာ #အရိုးအဆစ် #ဂျိုင်းဆက် #ချဉ်ဆီ #လေးဘက်နာ #ကျီးပေါင်း #လာခူလာခူ #ယူစီတူး #ပရီမီယမ် #ဒူး #အရိုး

လက်ရေးတွေ တုန်နေသလိုပဲ🫢😂
17/09/2025

လက်ရေးတွေ တုန်နေသလိုပဲ🫢😂

12/09/2025

🌼သွေးတိုးကျစေသည့် သဘာဝနည်းလမ်း

🌼သွေးတိုးခြင်းသည် နှလုံးကို ထိခိုက် ပျက်စီးစေနိုင်ပါသည်။နောက်ဆက်တွဲ လေဖြတ်ရောဂါကိုပါ ဖြစ်စေနိုင်ပါသည်။

🌼သွေးတိုးကျစေမည့် သဘာဝနည်းလမ်းများကတော့
1)ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ပါ။
လမ်းလျောက်ခြင်းသည်လဲ လေ့ကျင့်ခန်းကောင်းတစ်ခုဖြစ်ပါသည်။

2)ဆားလျော့စားပါ။

3)အရက်လျော့သောက်ပါ။
အရက်ကြောင့် သွေးတိုးစေနိုင်ပါသည်။

4)ပိုတက်ဆီယမ်ဓာတ် ပါသော အစားအစာများစားပါ
တူနာငါး၊ဆယ်မွန်ငါး
ဖရဲသီး၊ဌက်ပျောသီး၊ထောပတ်သီး၊
အာလူး၊ကန်စွန်းဥ၊ခရမ်းချဉ်သီး
ပဲအမျိုးမျိုး
အစေ့အဆန်များ

5)စိတ်ဖိစီးမှုလျော့ချပါ။

6)အနက်ရောင်ချောကလက်စားပါ။

7)ကိုယ်အလေးချိန်လျော့ပါ။

8)တရားထိုင်ပါ။

9)မဂ္ဂနီဆီယမ်စားပါ။
သွေးကြောပျော့ပျောင်းစေရန် ကြက်သား၊နို့ထွက်ပစ္စညး်၊ပဲအမျိုးမျိုး စသည်တို့ကိုစားပါ။

10)ဘယ်ရီသီးစားပါ။

🌼혈압을 낮추는 자연적인 방법

🌼고혈압은 심장에 손상을 줄 수 있습니다. 뇌졸중을 유발할 수도 있습니다.혈압을 낮추는 자연적인 방법

🌼혈압을 낮추는 자연적인 방법은 다음과 같습니다.

1) 규칙적으로 운동하세요.
걷는 것도 좋은 운동입니다.

2) 소금 섭취를 줄이세요.

3) 술을 덜 마시세요.
술은 고혈압을 유발할 수 있습니다.

4) 칼륨이 풍부한 음식을 섭취하세요.
참치, 연어
수박, 바나나, 아보카도
감자, 고구마, 토마토

곡물

5) 스트레스를 줄이세요.

6) 다크 초콜릿을 드세요.

7) 체중을 줄이세요.

8) 명상을 하세요.

9) 마그네슘을 섭취하세요.
혈관을 이완시키기 위해 닭고기, 유제품, 콩 등을 섭취하세요.

10) 베리류를 섭취하세요.

🌼Natural Ways to Lower Blood Pressure
High blood pressure can damage the heart. It can also cause stroke.

🌼Natural ways to lower blood pressure are
1) Exercise regularly.
Walking is also a good exercise.

2) Eat less salt.

3) Drink less alcohol.
Alcohol can cause high blood pressure.

4) Eat foods rich in potassium
Tuna, salmon
Watermelon, bananas, avocados,
Potatoes, sweet potatoes, tomatoes
Beans
Grains

5) Reduce stress.

6) Eat dark chocolate.

7) Lose weight.

8) Meditate.

9) Eat magnesium.
Eat chicken, dairy products, beans, etc. to relax blood vessels.

10) Eat berries

#သွေးတိုး

လည်ပင်းကျီးပေါင်း ၊ ဇက်ကြောတက်သူများအတွက် လေ့ကျင့်ခန်း-----------––-----------------------------------------------------...
12/09/2025

လည်ပင်းကျီးပေါင်း ၊ ဇက်ကြောတက်သူများအတွက် လေ့ကျင့်ခန်း
-----------––---------------------------------------------------------

ကျီးပေါင်းနှင့် ဇက်ကြောတက်သူများ IT ခေါတ်တွင် အင်မတန်များပြားလာပါသည်။

လူငယ်လူရွယ်က အစ 📱 ဖုန်း 👨‍💻 👩‍💻 ကွန်ပြူတာ စသည့်တို့နှင့် များစွာ ထိတွေ့လာကြသဖြင့် ဖြစ်ပွားမှု တိုးပွားလာ သည်မှာ မျက်မြင်ပါမလား။

အောက်ပါ #လေ့ကျင့်ခန်း ကို
#ကျီးပေါင်း ရှိသည်ဆို သောလူနာ များအနေနှင့် လည်းကောင်း
#ဇက်ကြောတက်တတ်သည် ဆိုသူများ အနေနှင့် လည်းကောင်း
နေ့စဉ် စွဲစွဲမြဲမြဲလုပ်ပါက သက်သာ ကောင်းမွန် စေပါမည် ။ 🧎‍♂️🏃‍♀️🕺💃

လေ့ကျင့်ခန်းမလုပ်ပဲ ဆေးသောက်နေယုံနှင့် ရေရှည်တွင် ရောဂါ မတိုးတက်နိုင်ပါ ။

ထို့ကြောင့် ငွေကုန်ရန် မလိုသော လေ့ကျင့်ခန်း ကို လုပ်လိုက်ပါ။

* #အကြောညပ်သူများ ၊
#ချာချာလည်မူးသူများ ၊
#လက်ထုံကျင်နေသူများ ၊
#ဒါဏ်ရာရသူများ အနေနှင့်
သက်ဆိုင်ရာ ပညာရှင်နှင့် တိုင်ပင်ပြီးမှလုပ်ပါ ။

ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ....

crd.ဒေါက်တာစိုးလူကျော်

✨မြန်မာနိုင်ငံတွင် reviewကောင်းများစွာ ရရှိထားသော Rakuraku UC II Premium အကောင်းဆုံး ကျန်းမာရေးဖြည့်စွက်စာ✨ အသက်အရွယ်ကြီ...
11/09/2025

✨မြန်မာနိုင်ငံတွင် reviewကောင်းများစွာ ရရှိထားသော Rakuraku UC II Premium အကောင်းဆုံး ကျန်းမာရေးဖြည့်စွက်စာ✨

အသက်အရွယ်ကြီးရင့်လာသောအခါ အထိုင်အထများခြင်း၊ အတက်အဆင်းများခြင်း၊ အပေါ်ဝိတ်များခြင်းကြောင့် ဒူးနာခြင်း၊ ဒူးခေါင်းအတွင်းရှိ ရိုးတွင်းချဉ်ဆီခမ်းခြောက်ခြင်းကြောင့် ဒါဏ်ဖြစ်ခြင်း၊ အရွတ်များ ပြဲခြင်း၊ အဆစ်အမြစ်နာရောဂါ၊ ခါးနာရောဂါ၊ ဂေါက်ရောဂါ၊ လေးဘက်နာရောဂါ၊ ကျီးပေါင်းကြောင့် နာကျင်ကိုက်ခဲမှုများ၊ အကြောညပ်ခြင်းကြောင့် ခံစားရသော ဝေဒနာများ အစရှိသည့် အရိုးအကြော၊ အဆစ်အမြစ်၊ အရွတ်၊ ဂျွိုင်းဆက်ဝေဒနာများကို အခြားဆေးဝါးများကဲ့သို့ ခဏတာသက်သာစေခြင်းမဟုတ်ဘဲ ဝေဒနာများကို အရှင်းသက်သာပျောက်ကင်းစေနိုင်သော ကျန်းမာရေးဖြည့်စွက်စာဖြစ်ပါတယ်။

⚡အားသာချက်များ
-------------------------
✨ Rakuraku UC II Premium ကို သောက်သုံးရလွယ်ကူစေရန် ဆေးပြားပုံစံ ထုတ်လုပ်ထားပေမဲ့ ဆေးဝါးလုံးဝမဟုတ်ဘဲ ကျန်းမာရေးဖြည့်စွက်ဖြစ်တာကြောင့် ဘေးတွက်ဆိုးကျိုး လုံးဝမရှိပါဘူး။ ဒါ့အပြင် Rakuraku UC II Premiumမှာ UC II နဲ့ ပရိုတိုဂလိုင်ကင်အပြင် glucosamine, chondroitin, vitamin premix တို့ ပါဝင်တဲ့ အတွက် အကျိုးအာနိသင် သာလွန်ကောင်းမွန်သော ကျန်းမာရေး ဖြည့်စွက်စာ ဖြစ်ပါတယ်။

✨Rakuraku UC II Premium ကို အသက် ၁၉နှစ်မှ အသက် ၉၀အရွယ်အထိ ယုံကြည်စိတ်ချစွာ သောက်သုံးနိုင်ပြီး အခြားဘေးထွက်ဆိုးကျိုး လုံးဝမရှိပါဘူး။ Rakuraku UC II Premium ကို တစ်နေ့ ၁လုံး ရေဖြင့် သောက်သုံးရမှာ ဖြစ်ပြီး နေ့လည်စာ သို့မဟုတ် ညစာစားပြီး အစာနှင့် ၂နာရီ ခြားကာ သောက်သုံးရမှာ ဖြစ်ပါတယ်။
--------------------------------------------------

🚛 မှာယူလိုပါက ရန်ကုန်မြို့တွင်းဆို လူကြီးမင်းတိူ့ အိမ်အရောက် ပို့ဆောင်ပေးပြီး အခြားမြို့များကိုတော့ ကားဂိတ်အထိ ပို့ဆောင် ပေးနေပါတယ် အသေးစိတ်သိရှိလိုသည်များရှိပါ

သုညကိုး-၂၅၀၂၉၀ငါးငါးကိုး
သုညကိုး-၄၀၇၇၀၄၈နှစ်ခွန်

ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

✨TikTok https://www.tiktok.com/?_t=ZS-8uTPpSg2wS8&_r=1

✨Main Page
https://www.facebook.com/share/1LYmRkaQgP/

✨Telegram
https://t.me/Lotaya2021

✨Instagram
https://www.instagram.com/premium_products_11?igsh=MXZ4YTg1cDB1bG5rZA==

#ဒူးနာ #ခါးနာ #အရိုးအဆစ် #ဂျိုင်းဆက် #ချဉ်ဆီ #လေးဘက်နာ #ကျီးပေါင်း #လာခူလာခူ #ယူစီတူး #ပရီမီယမ် #ဒူး #အရိုး
#ဒူး #အရိုး

👉ဒူးနာခြင်း နှင့် အရိုးအဆစ် ဝေဒနာများကို လူတိုင်းခံစားလာရနိုင်ပါတယ် ။Rakuraku Premium က သာမန် ဒူးနာပျောက်ဆေးတွေလိုမဟုတ်တ...
07/09/2025

👉ဒူးနာခြင်း နှင့် အရိုးအဆစ် ဝေဒနာများကို လူတိုင်းခံစားလာရနိုင်ပါတယ် ။

Rakuraku Premium က သာမန် ဒူးနာပျောက်ဆေးတွေလိုမဟုတ်တဲ့ အထူးအာမခံ ကျန်းမာရေးဖြည့်စွက်စာဖြစ်ပါတယ်။

ခွဲစိတ်ရမယ့်ထိ အခြေအနေဆိုးခဲ့တဲ့သူတွေတောင် လူကောင်းပကတိပြန်ဖြစ်နိုင်ပါတယ် 😲

သင် ဒါမှမဟုတ် သင့်မိဘ ဆွေမျိုး အသိုင်းအဝိုင်းထဲမှာ ဒူးနာဝေဒနာကို ခံစားနေရတယ်ဆိုရင် တစ်ဗူးပဲစမ်းသောက်ကြည့်ပါ

သင်မယုံကြည်နိုင်လောက်တဲ့ ရလဒ်ကို တွေ့ရှိရမှာပါ ။

အမေရိကန်တွင် စမ်းသပ်ပြီး ဂျပန်နိုင်ငံမှာ ထုတ်လုပ်ထားပါတယ်🇺🇸🇯🇵🇲🇲
မြန်မာနိုင်ငံတဝှမ်းလုံးမှ Customer Review ကောင်းများစွာကိုလဲ ရရှိထားပါတယ် ။

ရန်ကုန်မြို့တွင်း အိမ်ရောက်ငွေချေနစ်နဲ့ မှာယူနိုင်ပြီး အခြားမြို့များကို ကားဂိတ်တွေကနေတဆင့် ပို့ဆောင်ပေးပါတယ် ။ Wave money / CB pay / Kpay နဲ့ ဘဏ်များမှ ငွေပေးချေနိုင်ပါတယ် ။

သုညကိုး-၂၅၀၂၉၀ငါးငါးကိုး
သုညကိုး-၄၀၇၇၀၄၈နှစ်ခွန်

✨TikTok https://www.tiktok.com/?_t=ZS-8uTPpSg2wS8&_r=1

✨Main Page
https://www.facebook.com/share/1LYmRkaQgP/

✨Telegram
https://t.me/Lotaya2021

✨Instagram
https://www.instagram.com/premium_products_11?igsh=MXZ4YTg1cDB1bG5rZA==

#ဒူးနာ #ခါးနာ #အရိုးအဆစ် #ဂျိုင်းဆက် #ချဉ်ဆီ #လေးဘက်နာ #ကျီးပေါင်း #လာခူလာခူ #ယူစီတူး #ပရီမီယမ် #ဒူး #အရိုး
#အရိုး #ဒူး #ဒူးနာ

🍀🍣သင် အလွယ်တကူရနိုင်သော အသီးအရွက်၊အသားငါးများက ဘာကို အထောက်အကူဖြစ်စေလဲ?🍀အရိုးအဆစ်နာကျင်ခြင်း-ဆယ်မွန်ငါးစားပါ🍀မျက်စိအားနည...
02/09/2025

🍀🍣သင် အလွယ်တကူရနိုင်သော အသီးအရွက်၊အသားငါးများက ဘာကို အထောက်အကူဖြစ်စေလဲ?

🍀အရိုးအဆစ်နာကျင်ခြင်း
-ဆယ်မွန်ငါးစားပါ

🍀မျက်စိအားနည်းခြင်း
-မုန်လာဥနီ စားပါ

🍀ကြွက်တက်ခြင်း
-ထောပတ်သီး စားပါ

🍀အိပ်ရေးပျက်ခြင်း
-နွားနို့ပူပူ သောက်ပါ

🍀သွေးအားနည်းခြင်း
-ဟင်းနုနွယ်ရွက် စားပါ

🍀ဝမ်းချုပ်ခြင်း
- သဘောင်္သီး စားပါ

🍀လေပူထခြင်း၊ဖောရောင်ခြင်း
-သံပုရာရည်သောက်ပါ

🍀အသားရည်ခြောက်ကပ်ခြင်း
-ဖရဲသီးစားပါ

🍀ဝက်ခြံထွက်များခြင်း
-လက်ဖက်စိမ်း ဖျော်ရည် သောက်ပါ။

🍀쉽게 먹고 건강에 좋은 야채,생선..들

*관절 통증 = 연어 섭취
*시력 저하 = 당근 섭취
*근육 경련 = 아보카도 섭취
*수면 장애 = 따뜻한 우유 섭취
*빈혈 = 시금치 섭취
*변비 = 파파야 섭취
*복부 팽창 = 레몬수 섭취
*건성 피부 = 수박 섭취
*여드름 = 녹차 섭취

🍀Easy healthy food
*Joint pain=Eat Salmon
*Poor Eyesight=Eat carrots
*Muscle cramps=Eat Avocado
*Sleep Problems=Drink Warm milk
*Anemia=Eat spinach
*Constipation=Eat Papaya
*Bloating=Drink lemon water
*Dry Skin=Eat Watermelon
*Acne= Drink green tea

#အစားအစာ #먹은

အဆစ်ရောင်ရောဂါအတွက် အကောင်းဆုံး အင်တီအောက်ဆီးဒင့်===========================🔹အဆစ်ရောင်ရောဂါခံစားနေရတဲ့လူတွေဟာ အဆစ် နာကျင...
28/08/2025

အဆစ်ရောင်ရောဂါအတွက် အကောင်းဆုံး အင်တီအောက်ဆီးဒင့်
===========================

🔹အဆစ်ရောင်ရောဂါခံစားနေရတဲ့လူတွေဟာ အဆစ် နာကျင်ကိုက်ခဲတဲ့ ဝေဒနာကို ပေါ်လိုက်ပျောက်လိုက်နဲ့ ခံစားရလေ့ရှိပါတယ်။ နာကျင်ခြင်း ဖိစီးခံရခြင်းများလည်း ကြုံတွေ့ရပါတယ်။ ဆေးဝါးများသောက်ခြင်း၊ ခွဲစိတ်ကုသမှုခံယူခြင်း စတဲ့ ကုထုံးများခံယူကုသနိုင်တဲ့အပြင် အစားအစာဖြင့်လည်း အဆစ်ရောင်ခြင်းကို ကုသနိုင်ပါတယ်။ မှန်ကန်တဲ့အစားအစာကို ရွေးချယ်စားသောက်ခြင်းဖြင့် အဆစ်ရောင်ရောဂါ ခံစားရမှု အခြေအနေ တိုးတက်ကောင်းမွန်လာနိုင်ပါတယ်။

🔹 အဆစ်ရောင်ရောဂါအတွက် အကောင်းဆုံးသော အင်တီအောက်ဆီးဒင့်တွေကတော့ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများပဲဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြပေးမယ့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံတွေကို နေ့စဉ် ပါအောင် စားသုံးပေးသင့်ပါတယ်။

ကျန်းမာပျော်ရွှင်သောနေ့ရက် ပိုင်ဆိုင်နိုင်ကြပါစေ ...

Crd HealthDigest

👉ဒူးနာ၊ခါးနာ၊သင့်ကိုယ်ခန္ဓာမှ အရိုး၊အကြော၊အရွတ်၊အဆစ်၊ဂျိုင်းလ်ဆက်နဲ့ ပတ်သတ်ပြီး ဝေဒနာခံစားနေရပါသလား?✨ဂျပန်နိုင်ငံတွင် ထု...
25/08/2025

👉ဒူးနာ၊ခါးနာ၊သင့်ကိုယ်ခန္ဓာမှ အရိုး၊အကြော၊အရွတ်၊အဆစ်၊ဂျိုင်းလ်ဆက်နဲ့ ပတ်သတ်ပြီး ဝေဒနာခံစားနေရပါသလား?

✨ဂျပန်နိုင်ငံတွင် ထုတ်လုပ်ပြီး မြန်မာပြည်တွင် လိုတရ ကုမ္ပဏီမှ တရားဝင် တစ်ဦးတည်း ဖြန့်ဖြူးရောင်းချလျက်ရှိသော လိုတရ လာခူလာခူ ပရီမီယမ်ကို သုံးဆောင်ကြည့်ပါ။

✨ဖြည့်စွက်စာ စစ်စစ်ဖြစ်ပြီး ကျန်းမာရေးထောက်ခံချက်ကို ဂျပန်နိုင်ငံမှာသာမက မြန်မာ ပြည်မှာရရှိထားသော ထုတ်ကုန်ဖြစ်ပါသည်။

✨တစ်နေ့လျင် တစ်လုံးသာ သောက်သုံးရပါသည်။

✨လူကြီးမင်းတို့ ကိုယ်ခန္ဓာမှ အရိုး၊အကြော၊အရွတ်၊အဆစ်၊၈ျွိုင်းလ်ဆက်များမှ ဝေဒနာများကို လျင်မြန်စွာ ဖြည့်စွက်ပေးပါတယ်။ဘေးထွက်ဆိုးကျိုးမရှိတာကြောင့် အခြား မိမိခံစားနေရသော ဝေဒနာများအတွက် သောက်သုံးနေကြ ဆေးဝါးများရှိပါက ၎င်းတို့အား ပုံမှန်စွာ သောက်သုံးပြီး လိုတရ လာခူလာခူအား ညနေစာ စားပြီး နှစ်နာ၇ီခြားပြီး တစ်ကြိမ်ကို အစာနှင့် ဝေးဝေး သောက်သုံးပေးပါက ပေါ့ပါးလန်းဆန်းကာ ကျန်းမာသွက်လက်လာမည်ဖြစ်ပါသည်။

✨ခံစားနေရသော ဝေဒနာ သို့မဟုတ် ကြိုတင်ကာကွယ်ဝေဒနာ ယခုပဲ လာခူလာခူနှင့် တိုက်ထုတ်ပါ။

🚛 မှာယူလိုပါက ရန်ကုန်မြို့တွင်းဆို လူကြီးမင်းတိူ့ အိမ်အရောက် ပို့ဆောင်ပေးပြီး အခြားမြို့များကိုတော့ ကားဂိတ်အထိ ပို့ဆောင် ပေးနေပါတယ် အသေးစိတ်သိရှိလိုသည်များရှိပါ

သုညကိုး-၂၅၀၂၉၀ငါးငါးကိုး
သုညကိုး-၄၀၇၇၀၄၈နှစ်ခွန်

ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပြီး စာပို့ပြီးလည်း မေးမြန်းနိုင်ပါတယ်။

✨TikTok https://www.tiktok.com/?_t=ZS-8uTPpSg2wS8&_r=1

✨Main Page
https://www.facebook.com/share/1LYmRkaQgP/

✨Telegram
https://t.me/Lotaya2021

✨Instagram
https://www.instagram.com/premium_products_11?igsh=MXZ4YTg1cDB1bG5rZA==

#ဒူးနာ #ခါးနာ #အရိုးအဆစ် #ဂျိုင်းဆက် #ချဉ်ဆီ #လေးဘက်နာ #ကျီးပေါင်း #လာခူလာခူ #ယူစီတူး #ပရီမီယမ် #ဒူး #အရိုး
#လိုတရ #လာခူလာခူပ၇ီမီယမ် #အရိုး #အကြော #အဆစ် #အရွတ် #ဂျွိုင်လ်းဆက်

ပုံမှန်လူတစ်ယောက်မှာ သိသာထင်ရှားတဲ့ အရိုးပေါင်း ၂၀၆ ခုရှိပါတယ်။ သက်ရှိတွေရဲ့ ရပ်တည်မှုမှာ အရိုးရဲ့ အခန်းကဏ္ဍက အရေးပါတယ်။...
23/08/2025

ပုံမှန်လူတစ်ယောက်မှာ သိသာထင်ရှားတဲ့ အရိုးပေါင်း ၂၀၆ ခုရှိပါတယ်။ သက်ရှိတွေရဲ့ ရပ်တည်မှုမှာ အရိုးရဲ့ အခန်းကဏ္ဍက အရေးပါတယ်။ ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပ့ံပေးထားတယ်။ ဒီအရိုးတွေကပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ထောက်ပ့ံပေးထားတယ်။ အရိုးချင်းတွယ်ဆက်တဲ့နေရာကို အဆစ်လို့ခေါ်ပါတယ်။ လူ့ခန္ဓာကိုယ်မှာ အဆစ်စုစုပေါင်း ၃၆၀ ခန့်ရှိပါတယ်။ အဆစ်သဘောက လှုပ်ရှားမှုကို အဓိကဖြစ်စေတယ်။ နေ့စဉ်လှုပ်ရှားနေတဲ့ အရိုးအဆစ်တွေရဲ့ လုပ်ဆောင်ချက်တွေကို လျှော့မတွက်သင့်ဘူး။ လှုပ်ရှားမှုများလာတာနဲ့အညီ ပျက်စီးမှုလည်းများလာတာ သဘာဝပါ။ ဒါကြောင့်ပဲ အသက်အရွယ်မရွေး အရိုးအဆစ်ရောဂါတွေ အတွေ့များလာတယ်။ လက်ရှိချိန်ထိ အဆစ်ရောင်ရောဂါတွေထဲမှာ အဖြစ်အများဆုံးက Osteoarthitis ခေါ်တဲ့ အဆစ်ရောင်ရောဂါဖြစ်ပါတယ်။ အခေါ်အဝေါ်အရ အရိုးအဆစ်ရောင်ခြင်း Osteoarthitis ဆိုပေမယ့် အဆစ်ရောင်ရမ်းရုံမက ကြာလာတဲ့အခါ ပျက်စီးတဲ့ အခြေအနေမျိုး ဖြစ်လာတယ်။ အချိန်ကြာလေ အဆစ်ပျက်စီးမှု ပိုဆိုးလေဖြစ်လို့ Degenerative Joint Disease လို့ခေါ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ လူပေါင်းသန်း ၂၅၀ လောက်ဟာ Osteoarthitis ခေါ် အရိုးအဆစ်ရောင်ရမ်းပျက်စီးတဲ့ ဝေဒနာခံစားကြရပါတယ်။

ဘာကြောင့်ဖြစ်လဲ

- အဆစ်တွေ တဖြည်းဖြည်းအိုမင်းယိုယွင်းလာလို့

- အဆစ်ထိခိုက်ဒဏ်ရာရလို့

- သွားလာ လှုပ်ရှားမှုများကို

Osteoarthitis ဖြစ်ပေါ်လာတဲ့ အဓိကအကြောင်းရင်းက အရိုးနုတွေ ပျက်စီးလာလို့ပါ။ ခန္ဓာကိုယ်ရဲ့ ဖွဲ့စည်းပုံအရ အပေါ်ပိုင်း ဝိတ်များတဲ့အခါ အောက်ပိုင်းမှာ ဖိအားပိုများလာတယ်။ ဒီလို သက်ရောက်မှုက အရိုးထိပ်မှာ ကာကွယ်ပေးတဲ့ အရိုးနုတွေကို ပျက်စီးစေတယ်။ တဖြည်းဖြည်းနဲ့ လုံးပါးပါးပြီး အရိုးချင်းထိခိုက်မိကြတယ်။ ထိခိုက်မှုသဘောကြောင့် ရောင်ရမ်းမှုစတင်လာတယ်။ နာကျင်မှုကိုပါ ခံစားလာရတယ်။ ထိခိုက်မိတဲ့အရိုးနေရာမှာ အစားထိုး အရိုးဆဲလ်သစ် Osteophyte တွေ ဖြစ်လာတယ်။ အတက်တွေ ထွက်လာတာကြောင့် အဆစ်တွေ ပုံမမှန်ဖြစ်လာတယ်။ ဖြစ်တာကြာလာတာနဲ့အမျှ ပုံမှန်လှုပ်ရှားသွားလာမှုကိုပါ ထိခိုက်လာတယ်။ အကြောတင်းတာ၊ အဆစ်နာတာတွေက ဖြည်းဖြည်းချင်း ပိုဆိုးလာတယ်။ ပွတ်တိုက်မှုများတဲ့အခါ ပြုပြင်မှုတွေ မလုံလောက်တော့ဘူး။ အစားထိုးပြုပြင်တဲ့ဖြစ်စဉ် အလျင်မမှီတော့ပဲ ပျက်စီးမှုသာဆက်လက်ဖြစ်လာတော့တယ်။ ကြာတဲ့အခါပုံမှန်လှုပ်ရှားနိုင်စွမ်းမရှိတော့ဘဲ မသန်မစွမ်းဖြစ်လာတယ်။ ကွေးမရ၊ ဆန့်မရတဲ့အခါ နောက်ဆုံးအဆင့် အဆစ်အစားထိုး ကုရတာမျိုးထိ ရှိလာတတ်တယ်။

ဘယ်လိုလူတွေက အဖြစ်များကြလဲ။

အမျိုးသမီးတွေမှာ အမျိုးသားတွေထက်ပိုတွေ့ရတယ်။ အဆစ်မှာ ထိခိုက်ဒဏ်ရာ ဖြစ်ဖူးသူတွေဟာ Osteoarthitis ပိုဖြစ်နိုင်တယ်။ အဝလွန်ခြင်းက Osteoarthitis ဖြစ်စေတဲ့ အဓိကအကြောင်းအရာမျိုး ဖြစ်ပါတယ်။ မျိုးရိုးနဲ့လည်း သက်ဆိုင်တတ်တယ်။ အသက် ၅၀ ကျော်အရွယ် လူကြီးတွေမှာ အဖြစ်များလို့ လူကြီးရောဂါလို့ သတ်မှတ်ကြပါတယ်။ အသက် ၆၀ ကျော်လာတဲ့အခါ ၈၀ ရာခိုင်နှုန်းခန့်ဟာ အရိုးအဆစ်ရောင်သဘောမျိုး ပိုတွေ့လာရတယ်။ အလုပ်အကိုင်၊ အနေအထိုင်လည်း ဖြစ်စေတဲ့အကြောင်းထဲမှာ ပါဝင်ပါတယ်။ အဆစ်တွေ အလုပ်များရင် အသက်ကြီးတဲ့အခါ Osteoarthitis ပိုဖြစ်နိုင်တယ်။ မွေးရာပါ အရိုးနုပျက်စီးတဲ့ ရောဂါသည်တွေမှာ အရွယ်မတိုင်ခင်ကလည်း ဖြစ်နိုင်တယ်။ သမိုင်းအထောက်အထားအရ လူတွေတင်မက ဒိုင်နိုဆောတွေမှာလည်း အရိုးအဆသ်ရောင်ပျက်စီးတဲ့ သဘောမျိုးကို လေ့လာတွေ့ရှိခဲ့ရတယ်။

ဘယ်နေရာတွေမှာ အဖြစ်များလဲ

Osteoarthitis လို အဆစ်ရောင်ရောဂါမျိုးဟာ နေရာမရွေးဖြစ်နိုင်တယ်။ ၈၀ ရာခိုင်နှုန်းဟာ ခန္ဓာကိုယ်ရဲ့ ဖိအားဒဏ် အခံရဆုံးဖြစ်တဲ့ ဒူးဆစ်၊ ပေါင်ဆစ်စတဲ့ နေရာတွေဖြစ်ကြတယ်။ အဖြစ်များဆုံးနေရာက ဒူးဆစ်ဖြစ်ပါတယ်။ နှစ်ဖက်လုံးမှာ ပြိုင်တူဖြစ်ကြတယ်။ ပေါင်ခြံမှာ Hip Joint မှာဖြစ်ရင် ပေါင်ရဲ့အရှေ့ခြမ်းနဲ့ ဘေးခြမ်းမှာ တင်းပြီးနာနိုင်တယ်။ နာကျင်မှုကို ပေါင်ခြံထဲက တစ်ဆင့် ခံစားရတယ်။ လည်ပင်း၊ ခြေ၊ လက်၊ ကျောရိုးဆစ် စတဲ့ နေရာတွေမှာလည်း ဖြစ်နိုင်တယ်။ မနက်အိပ်ရာထဖြစ်တဲ့ အဆစ်မှာ တင်းနေတတ်တယ်။ တင်းပြီးနောက်ပိုင်းမှာ လှုပ်ရှားမှုမရှိတဲ့အခါ ထိုင်နေရင်းနဲ့ကို နာနေတတ်တယ်။ နာကျင်မှုနဲ့ ရောင်ရမ်းမှုက အဆစ်တွေရဲ့ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ပေးတယ်။ လှုပ်ရှားတဲ့အခါ အသံမြည်လာတတ်တယ်။ လှုပ်ရှားမှုနည်းတဲ့အခါ အဆစ်ကိုထောက်ပ့ံပေးတဲ့ ကြွက်သားတွေ အားနည်းလာတယ်။ အလားတူ လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်မှာ အဆီတက်လာပြန်တယ်။ တဖြည်းဖြည်း ဝလာတာကြောင့် အဆစ်ပေါ်ဖိအားပိုများ လာသလို အခြေအနေ ပိုဆိုးလာတယ်။ ကြာလာရင် အဆစ်နေရာမှာ ပုံပျက်ပန်းပျက် ဖြစ်လာတယ်။ နောက်ပိုင်းမှာ ရောဂါလက္ခဏာဟာ သက်သာမလာဘဲ ပိုဆိုးလာတော့တယ်။

ဘယ်လိုသိရှိနိုင်လဲ။

အသက်အရွယ်၊ ရောဂါလက္ခဏာ၊ အဆစ်အနေအထား၊ စမ်းသပ်စစ်ဆေးမှုတွေက သိရှိနိုင်တယ်။ ဓာတ်မှန်ရိုက်ကြည့်ရင် အဆစ်နေရာကျဉ်းတာ၊ အရိုးမျက်နှာပြင်ထူတာ၊ ပုံမမှန်တာမျိုး တွေ့ရတတ်တယ်။ လိုအပ်ရင် တခြားစစ်ဆေးမှုတွေ (သွေး၊ ဆီး၊ ဓာတ်မှန်အကြီးစား) ရိုက်တာ လုပ်ရနိုင်တယ်။ Osteoarthitis ဖြစ်လာခဲ့ရင် စိတ်အားမငယ်အောင် အားပေးသင့်တယ်။ အားပေးရုံတင်မက လေ့ကျင့်ခန်းလုပ်နိုင်ဖို့ ကူညီပေးရတယ်။ အဝလွန်သူဖြစ်တဲ့ တက်နေတဲ ဝိတ်ကို အရင်ချပေးရတယ်။ ကြွက်သားတွေ သန်မာစေဖို့ အကြောလျှော့ လေ့ကျင့်ခန်း နေ့စဉ်လုပ်ပေးသင့်တယ်။ အရိုးအဆစ်မှာ ဖိအားကင်းကင်းနဲ့ လှုပ်ရှားတဲ့ လေ့ကျင့်ခန်းဖြစ်ဖို့ လိုအပ်ပါတယ်။ အသင့်တော်ဆုံး လေ့ကျင့်ခန်းက ရေကူးတာ၊ စက်ဘီးစီးတာမျိုး ဖြစ်ပါတယ်။ နာကျင်မှု သက်သာစေဖို့ အကိုက်အခဲပျောက်ဆေး တစ်မျိုးမျိုးနဲ့ ထည့်သောက်ပေးရတယ်။

သောက်ဆေးတင်မက လိမ်းဆေးပေးဖို့ ညွှန်းလာကြတယ်။ ဒူးခေါင်းနဲ့ လက်ချောင်းတွေမှာဖြစ်ရင် လိမ်းဆေးက ပိုမိုသင့်တော်တာ တွေ့ရတယ်။ Capsaicin ၊ Salicylate Menthol ပါတဲ့ အပူဓာတ် လိမ်းဆေးမျိုး လိမ်းပေးနိုင်တယ်။ အပူဆေးတွေ မခံနိုင်ရင် အအေးဓာတ် လိမ်းဆေးတွေ လိုအပ်သလို သုံးစွဲနိုင်သည်။ ဒီဘက်ခေတ်တွေမှာ အသုံးများတဲ့ ဆေးတစ်မျိုးက Glicosamine နဲ့ Chondroitin ပါတဲ့ အရိုးနု၊ အဆစ်အားဖြည့်ဆေးမျိုး ဖြစ်ပါတယ်။ ငါးရိုးခွံက ထုတ်တာကြောင့် အရိုးနုသစ်ဖြစ်ပေါ်စေတယ်။ အဆစ်ရည်ကို အားဖြည့်ပေးတယ်။ လေ့လာမှုတွေအရ လူနာတွေရဲ့ သုံးပုံတစ်ပုံမှာ အကျိုးရှိတာတွေ့ရတယ်။ ဆေးပေးပြီး ခြောက်လကျော်ထိ ထူးခြားမှုမရှိရင် ပြန်ုဖြတ်နိုင်တယ်။ နောက်ပိုင်းမှာ အဆစ်အားဖြည့်ဆေးတွေပါ ထုတ်လာကြတယ်။ လိမ်းဆေး၊ သောက်ဆေး၊ မသက်သာသေးရင် အရောင်ကျဆေး အဆစ်ထဲစတီးရွိုက်ဆေး ထိုးထည့်နိုင်တယ်။ တစ်နှစ်ကို လေးကြိမ်ထက် ပိုမထိုးသင့်ဘူး။ အဆစ်ရည် အားဖြည့်ဖို့အတွက် Hyaluronic Acid ကို အဆစ်ထဲထိုးထည့်ပေးနိုင်တယ်။ အထူးသဖြင့် ဒူးဆစ်၊ ပေါင်ဆစ် အားဖြည့်ချင်တဲ့အခါမှာ အသုံးပြုကြတယ်။ နောက်ဆုံး မသက်သာရင် အဆစ်အစားထိုး ကုသမှုမျိုး လုပ်နိုင်ပါတယ်။ ကုန်ကျစရိတ်ကြီးသလို ကျွမ်းကျင်မှုလည်း လိုအပ်ပါတယ်။ လေ့လာမှုတွေအရ အမေရိကားမှာ အဆစ်အစားထိုးကုသမှုအများစုဟာ Osteoarthitis ရောဂါကြောင့် ဖြစ်ပါတယ်။

ကာကွယ်ခြင်း

• ကိုယ်အလေးချိန်တတ်နိုင်သမျှ လျှော့ချပါ။

• အစားအသောက် သင့်တင့်မျှတရုံသာစားပေးပါ။

• လေ့ကျင့်ခန်း ပုံမှန်ပြုလုပ်ပေးသင့်တယ်။ အဆစ်အပေါ်မှာ ဖိအားကင်းတဲ့ လေ့ကျင့်ခန်း ဖြစ်ဖို့လည်း လိုအပ်ပါတယ်။

• လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်တာမျိုး ရှောင်ကြဉ်သင့်တယ်။

• ခပ်ပျော့ပျော့၊ ဝိတ်ထိန်းနိုင်တဲ့ ဖိနပ်မျိုးစီးပေးပါ။

• အဆစ်နေရာကို ထိခိုက်ဒဏ်ရာမရအောင် ဂရုစိုက်ပါ။

• မိဘမျိုးရိုးရှိရင် သတိပိုထားသင့်တယ်။

• သွေးဆုံးပြီး အမျိုးသမီးတွေ အဆစ်အားဖြည့်ဆေး ကြိုသောက်ထားသင့်တယ်။

• ဒီလို အဆစ်ရောဂါမျိုးမှာ ကာကွယ်ခြင်းကို ပိုမို အလေးထားလုပ်ဆောင်သင့်ပါတယ်။

Credit: ဒေါက်တာအေးမင်းထူး

မင်းမေကြီးတော့ အဖေလည်း ကြောက်ရတယ်သားရေ😁😂🥰❤️
22/08/2025

မင်းမေကြီးတော့ အဖေလည်း ကြောက်ရတယ်သားရေ😁😂🥰❤️

💢 အရိုးမပွစေဖို့ ကာကွယ်ကြစို့ 💢အသက်အရွယ်ကြီးလာတဲ့အခါမှာ အရိုးရဲ့ သိပ်သည်းဆတွေ အားနဲလာပြီး အရိုးများ ကျွတ်ဆတ်လာခြင်းကြောင...
21/08/2025

💢 အရိုးမပွစေဖို့ ကာကွယ်ကြစို့ 💢

အသက်အရွယ်ကြီးလာတဲ့အခါမှာ အရိုးရဲ့ သိပ်သည်းဆတွေ အားနဲလာပြီး အရိုးများ ကျွတ်ဆတ်လာခြင်းကြောင့် အလွယ်တကူ ကျိုးလွယ်လာပါတယ် ။

အများအားဖြင့် တင်ပဆုံရိုး ၊ ခါးဆစ်ရိုးများ နဲ့ လက်ကောက်ဝတ်အရိုးတွေ အကျိုးလွယ်ကြပါတယ် ။
ပုံမှန်အားဖြင့် အရိုး တစ်ရှူး များဟာ အသစ်ထုတ်လုပ်ပေးနိုင်ပြီး အရိုးကျိုးပါက အလိုအလျောက် ပြန်လည်ဖွဲ့စည်းပေးနိုင်ပါတယ် ။ အရိုးပွလာတဲ့အခါမှာတော့ အရိုးတစ်ရှူး အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကျဆင်းလာပြီး
ကျိုးသွားတဲ့နေရာမှာ ပြန်ပြီး အရိုးဆက်နိုင်ဖို့ ခဲယဉ်းလာပါတယ် ။

ဘယ်လိုလူတွေမှာ အဖြစ်များလဲ ❓❓❓

🛑 အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ပိုပြီး အဖြစ်များပါတယ် ။

🛑မိဘ ဆွေမျိုးတွေထဲမှာ အရိုးပွတဲ့သူ ရှိတယ်ဆိုရင် သင့်မှာလဲ မျိုးရိုးဗီဇအရ ဖြစ်ပွားနိုင်ချေ ရှိပါတယ် ။

🛑 အသက်အရွယ်ကြီးလေ အရိုးပွနိုင်ချေ မြင့်မားလေပါပဲ ။

🛑 သွေးဆုံးပြီး အမျိုးသမီးတွေမှာ အရိုးပွခြင်းကို ပိုမိုခံစားရပါတယ် ။

🛑 သိုင်းရိုက်နှင့်ပက်သက်သော ရောဂါရှင်များဟာ အရိုးပွခြင်း ဖြစ်နိုင်ချေ များပါတယ်။

🛑 ကယ်လ်ဆီယမ်ဓာတ်လုံလောက်စွာ မရှိခြင်းဟာ အရိုးရဲ့ သိပ်သည်းဆကို လျော့နည်းစေတာမို့ သေချာပေါက် အရိုးကျိုးလွယ်မှာပါ ။

🛑 အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါများကြောင့် အစာအိမ် အစိတ်အပိုင်းတစ်ခုခုကို ဖြစ်စေ ၊ အူ အစိတ်အပိုင်းတစ်ခုခုကိူဖြစ်စေ ခွဲစိတ်ဖြတ်တောက်ထားရပါက အစားအသောက်များမှ အာဟာရဓာတ်များကို ကောင်းစွာ စုပ်ယူနိုင်မှု အားနည်းလာခြင်းကြောင့် အရိုးပွလာနိုင်ပါတယ် ။

🛑စတီးရွိုက်ဆေးများကို ရေရှည် သောက်သုံးမှုဟာ အရိုးပွစေနိုင်ပါတယ် ။

🛑 လေးဖက်နာ အဆစ်ရောင်ရောဂါရှင်များဟာလဲ အရိုးပွနိုင်ချေ ရှိပါတယ် ။

🛑 ခန္ဓာကိုယ်ပိန်လွန်းသူများမှာ အရိုးပွခြင်းကို ပိုမိုခံစားရနိုင်ပါတယ် ။

🛑 ကင်ဆာရောဂါရှိသူများမှာ နောက်ဆက်တွဲအနေနဲ့ အရိုးပွခြင်း ၊ အရိုးများ ပါးလာခြင်းကို ခံစားရနိူင်ပါတယ် ။

💡 ‌အရိုးပွခြင်း မဖြစ်ရလေအောင် ဘာတွေလိုက်နာရမလဲ

➡ ကယ်လ်စီယမ်နဲ့vitamin D လုံလောက်စွာ ရှိနေပါစေ ။

➡ အဆီထုတ်ထားသော နွားနို့ ၊ ပဲနို့ ၊ တို့ဖူး ၊ ငါး နှင့် ကယ်လ်ဆီယမ်ပါဝင်မှုများသော အစားအစာများကို ပိုမိုစားသုံးပေးပါ ။

➡ အသားဓာတ်လုံလောက်စွာ စားသုံးပေးပါ။ ကိုယ်အလေးချိန် ထိန်းပါ။

💟 ဒါအပြင် အရိုး အဆစ် အရွတ် ဂျွိင်းဆက် ချဉ်ဆီများ အတွက် အထူးထုတ်ကုန် လာခူလာခူ ယူစီတူး ပရီမီယမ် ဖြည့်စွက်စာလေး ကိုလည်း သောက်သုံးပေးပါ ။

💟 လာခူလာခူ ပရီမီယမ်
ခန္ဓာကိုယ်မှာ လိုအပ်လာတဲ့ အရိုး ၊ အဆစ် ၊ အရွတ် ၊ ဂျွိင်းဆက်နဲ့ ချဉ်ဆီတွေရဲ့ လိုအပ်ချက်တွေကို ပြန်လည် အားဖြည့်ကောင်းမွန်စေပြီး နာကျင်ကိုက်ခဲခြင်းကို လျော့ချသက်သာစေပါတယ်။ ဂလူကိုစမင်းနဲ့ ကယ်စီယမ်ကို %လျော့ပြီး ဂျပန်မှ အင်ဂျလီကာသစ်မြစ်ကို ထည့်သွင်း ထုတ်လုပ်ထားလို့ ဘေးထွက်ဆိုးကျိုးလုံးဝရှိပါဘူး ။ အသက် 90 ကျော် အဖိုးအဖွားများပါ သုံးဆောင်နိုင်ပါတယ်။

➡မှာယူလိုပါရင် ဖုန်း 09-2502905590 ကို ဟဲလိုသာလုပ်လိုက်ပါ ပြည်တွင်း ဝန်ဆောင်ခ အခမဲ့ဖြင့် အလျင်မြန်ဆုံးပို့ဆောင်ပေးမှာပါ။

ကျန်းမာ ပျော်ရွှင်သော နေ့ရက်များ ပိုင်ဆိုင်နိုင်ပါစေ....

Address

Muditar Condos
Yangon
11511

Telephone

+959250290559

Website

Alerts

Be the first to know and let us send you an email when Rakuraku-Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

Our Story

မြန်ဆန်တိကျစွာ သင့်လုပ်ငန်း၊ကုန်ပစ္စည်းအား ဖေ့ဘုတ်အသုံးပြုသူ လူသန်းချီဆီ အေ၇ာက်

ပို့ပေးသည်။

09-260016161