 
                                                                                                    19/08/2025
                                            သံပရာသီး ပျားရည်စိမ် အိမ်သုံးနည်းလေးနဲ့ အရမ်းထိရောက်ပါတယ်။
သံပုရာသီး ပျားရည်စိမ် ပြုလုပ်နည်း....။ (အရမ်းလွယ်ပါတယ်)
 * သံပုရာသီးအရေခွံကို ဆားနဲ့ ၁၅ မိနစ်ခန့် ပွတ်တိုက်ပြီး
    အပေါ်ယံဖယောင်းတွေ အကုန်ပြောင်အောင် လုပ်ပါ။
 * သံပုရာသီးကို ပါးပါးလှီးပြီး အစေ့တွေ အကုန်ထုတ်ပါ။
    (အစေ့တွေပါရင် ခါးတတ်ပါတယ်။)
 * လှီးပြီးသား သံပုရာသီးတွေကို ပုလင်းထဲမှာ လှလှလေး
    စီထည့်ပါ။
 * သံပုရာသီးတွေ မြုပ်တဲ့အထိ ပျားရည်စစ်စစ်ကို ပုလင်းထဲ
    လောင်းထည့်ပါ။
 * အဖုံးကို လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲမှာ ၃ ရက်
    လောက် ထားပါ။ (အရသာတွေ အသားထဲ စိမ့်ဝင်သွားပြီး
    အနှစ်သားရစေဖို့။)
 * ၃ ရက်ပြည့်ရင် သံပုရာသီး ပျားရည်စိမ်ကို ရေနွေး 
    ဒါမှမဟုတ် ရေအေးနဲ့ ဖျော်ပြီး ညတိုင်း အိပ်ရာမဝင်ခင်
    သောက်ပေးပါ။
၂ ပတ်လောက်ကြာပြီးတဲ့အခါ..........
လူတိုင်းက သင့်ကို သတိထားမိလာပါလိမ့်မယ်။
ဗိုက်ချပ်လာမယ်၊ ခြေလက်တွေ သေးသွယ်လာမယ်၊ ခန္ဓာကိုယ် ကျစ်လျစ်လာမယ်၊ အသားအရေ ကြည်လင်လာမယ်၊ အစာခြေစနစ် ကောင်းမွန်လာမယ်၊ ဗိုက်မပူတော့ဘူး၊ အသားအရေလည်း သိသိသာသာ တိုးတက်လာမယ်၊ အတွင်းပိုင်း ကျန်းမာရေးလည်း ကောင်းမွန်ပြီး အပြင်ပန်းကလည်း တောက်ပလာပါလိမ့်မယ်။
ညဘက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်ချင်တယ်၊ မနက်ရောက်ရင် ဗိုက်ချပ်ချပ်နဲ့ ခန္ဓာကိုယ် ကျစ်လျစ်ပြီး အသားအရေ ကြည်လင်နေချင်တယ်ဆိုရင် ဒီနည်းလေးကို စမ်းကြည့်လိုက်ပါ။
  
 #ကျန်းမာရေး  #အထွေထွေဗဟု
 #မူရင်းတင်သူအလေးစားစွာဖြစ်  ေးပါတယ်
 #ကျန်းမာရေး  #ကျန်းမာရေးဗဟုသုတ                                        
 
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                                                                                     
                                         
   
   
   
   
     
   
   
  