7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း

  • Home
  • Myanmar
  • Yangon
  • 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း

7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း, Medical Service, No.148 (11/A5) Mya Mar Lar Lane , A-1 Street, Mayangone Tsp, Yangon, Yangon.

𝐀𝐧𝐧𝐮𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 & 𝐓𝐫𝐚𝐝𝐞 𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟓🇬🇧🇲🇲+ + + + + 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐡𝐚𝐦𝐛𝐞𝐫 𝐨𝐟 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 (𝐁𝐂𝐂𝐌) မှ ဦးဆောင်ကျင်...
13/08/2025

𝐀𝐧𝐧𝐮𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 & 𝐓𝐫𝐚𝐝𝐞 𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟓🇬🇧🇲🇲
+ + + + +
𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐡𝐚𝐦𝐛𝐞𝐫 𝐨𝐟 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐞 𝐌𝐲𝐚𝐧𝐦𝐚𝐫 (𝐁𝐂𝐂𝐌) မှ ဦးဆောင်ကျင်းပမည့် 𝐀𝐧𝐧𝐮𝐚𝐥 𝐌𝐲𝐚𝐧𝐦𝐚𝐫 𝐁𝐮𝐬𝐢𝐧𝐞𝐬𝐬 & 𝐓𝐫𝐚𝐝𝐞 𝐂𝐨𝐧𝐧𝐞𝐜𝐭 𝐄𝐱𝐩𝐨 𝟐𝟎𝟐𝟓 ကို 𝐅𝐫𝐢𝐝𝐚𝐲, 𝟏𝟓𝐭𝐡 , 𝐀𝐮𝐠 တွင် 𝐒𝐄𝐃𝐎𝐍𝐀 𝐇𝐨𝐭𝐞𝐥 ၌ကျင်းပမှာပဲဖြစ်ပါတယ်။

ဒီပွဲကြီးမှာ 7887 မှ အရေးပေါ်ကျန်းမာရေးပြုစုနည်းသင်တန်းများနှင့်ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးရှင်းပြပေးမှာဖြစ်တဲ့အတွက် စိတ်ဝင်စားတဲ့ အဖွဲ့အစည်းများအနေနှင့် ပြခန်းသို့ လာရောက်လေ့လာနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
📌𝐄𝐯𝐞𝐧𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬
🗓️ 𝐃𝐚𝐭𝐞-𝟏𝟓.𝟖.𝟐𝟎𝟐𝟓(𝐅𝐫𝐢𝐝𝐚𝐲)
🏢 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧- 𝐒𝐞𝐝𝐨𝐧𝐚 𝐇𝐨𝐭𝐞𝐥




မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုနည်း၁။ မြေကိုက်ခံရသည့်သူကို လှုပ်ရှားမှုများ မပြုလုပ်စေရပါ။၂။ မြေကိုက်ခံရသည့် ဒဏ်ရာကို ...
04/08/2025

မြွေကိုက်ခံရသူအား ရှေးဦးသူနာပြုစုနည်း

၁။ မြေကိုက်ခံရသည့်သူကို လှုပ်ရှားမှုများ မပြုလုပ်စေရပါ။
၂။ မြေကိုက်ခံရသည့် ဒဏ်ရာကို သန့်ရှင်းသော အဝတ်ဖြင့် ခပ်ဖွဖွ သုတ်ပါ။(အားဖြင့် ဖိမပွတ်ရ)
၃။ ဒဏ်ရာကို သန့်စင်သောရေ သို စီးဆင်းနေသောရေဖြင့် ‌ဆေးပေးပါ။
၄။ ဒဏ်ရာကို ပတ်တီးဖြင့် သို အဝတ်သန့်ဖြင့် စည်းပီးပါ။
၅။ ပတ်တီးစီးပီးပါက ဒဏ်ရှိသော ခြေလက်များအား မလှုပ်ရှားစေရန် ဝါးခြမ်း သို တုတ်ချောင်းရှည် ဖြင့်ကပ်၍ ကြပ်စည်းပါ။
၆။ မြွေကိုက်ခံရသောလူနာအား နီးစပ်ရာ ဆေးရုံသို အမြန်ဆုံး ပိုဆောင်ပါ။
၇။ မြွေအမျိုးအစားခွဲခြားနိုင်ရန် အတွက် မြွေသေ သို မြွေ၏ ဦးခေါင်း၊အမြီး၊ဝမ်းဗိုက်နှင့်ကျော်တိုကို ဓာတ်ပုံရိုက်၍ ယူဆောင်သွားပါ။(တိကျသော မြေဆိပ်ဖြေဆေးဖြင့် အချိန်မှီ ကုသနိုင်ရန်)

Dr.HA
ကျန်းမာသုခနှင့် ပြည့်စုံပါစေ။

၀မ်းပျက်ဝမ်းလျှောဖြစ်နေသူအား ရှေးဦးပြုစုခြင်း• အရည်များများတိုက်ပါ။ ဓာတ်ဆားရည် သို့ သတ္တုဓာတ်ဆားပါဝင်သော အရည်များကိုတိုက...
29/07/2025

၀မ်းပျက်ဝမ်းလျှောဖြစ်နေသူအား ရှေးဦးပြုစုခြင်း
• အရည်များများတိုက်ပါ။ ဓာတ်ဆားရည် သို့ သတ္တုဓာတ်ဆားပါဝင်သော အရည်များကိုတိုက်ပါ။
• (သီးစုံဓာတ်ဆားနှင့် သကြားတုဖြင့်ဖျော်ထားသောအချိုရည်များမတိုက်ပါနှင့်။)
• ပျို့အန်ခြင်းဖြစ်ပါက တကြိမ်ကို အရည်နည်းနည်းချင်းစီတိုက်ပေးပါ။
• ကြေလွယ်သောအစားအစာများကို စားသုံးပါ (ဥပမာ ငှက်ပျောသီး၊ထမင်း၊ပါမုန့်အကြမ်း)။ အဆီများသော အစားအစာများ၊ကော်ဖီ၊လက်ဖက်ရည်၊ကဖင်းနှင့် အယ်လ်ကိုဟောပါဝင်သော အစားအသောက်များကိုရှောင်ကြဉ်ပါ။
• မလိုအပ်ဘဲ ဝမ်းပိတ်ဆေးတိုက်ခြင်းမပြုပါနှင့်။ ဆေးသောက်ရန်လိုအပ်ပါက တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းနှင့်တိုင်ပင်ပါ။
• လူနာကို သက်တောင့်သက်သာရှိသော အနေအထားဖြင့် အနားယူခိုင်းပါ။
ဆေးအကူအညီယူရန် (သို့) ဆေးရုံဆေးခန်းပြရန်
• ဝမ်းပျက်ဝမ်းလျှောခြင်းသည် ရက်အနည်းငယ်ကြာခြင်း
• ရေဓာတ်ခန်းခြောက်သည့် လက္ခဏာများရှိခြင်း (ရေအလွန်ငတ်ခြင်း၊ခေါင်းမူးခြင်း၊မျက်တွင်းချိုင့်ခြင်း)
• ဝမ်းထဲတွင်သွေးပါခြင်း
• ဗိုက်အပြင်းအထန်အောင့်ခြင်း
• ဖျားခြင်း
• လူနာမှာ အသက်တစ်နှစ်အောက် (သို့) အသက်ငယ်လွန်းခြင်း
Dr. Hazel
Ref: Mayo clinic
#

ယနေ့တွင်ကျရောက်သော အာဇာနည်နေ့အား ဝမ်းနည်းစွာ ဂုဏ်ပြုအပ်ပါသည်။+ + + + +
19/07/2025

ယနေ့တွင်ကျရောက်သော အာဇာနည်နေ့အား ဝမ်းနည်းစွာ ဂုဏ်ပြုအပ်ပါသည်။
+ + + + +

• ကလေးများတွင် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ အဖြစ်များကြပါတယ်။• အဖြစ်များပြီး ငါးနှစ်အောက် ကလေးတွေမှာ အသေများတယ်။• သေရ...
12/07/2025

• ကလေးများတွင် အသက်ရှူလမ်းကြောင်း ပိုးဝင်ရောဂါ အဖြစ်များကြပါတယ်။

• အဖြစ်များပြီး ငါးနှစ်အောက် ကလေးတွေမှာ အသေများတယ်။

• သေရတဲ့အကြောင်းကတော့ ပိုးဝင်ရာမှ နီမိုးနီးယားခေါ် ပြင်းထန်တဲ့ အဆုတ်ရောဂါဖြစ်ပြီး သေကြပါတယ်။

• သေတဲ့အခါမှာလည်း ကလေးငယ်တွေပိုသေပြီး ဖျားနာပြီး ရက်အနည်းငယ်အတွင်းသေကြပါတယ်။

• ဒါကြောင့် မိခင်များဟာ ကလေးတွေ အအေးမိ၊ ဖျား၊ နှာစေး၊ ချောင်းဆိုးပြီး အသက်ရှူကျပ်တဲ့အခါမှာ ကလေးရဲ့ အခြေအနေကို သိဖို့အရေးကြီးတဲ့ လက္ခဏာများကို သိထားရမယ်။ သို့မှသာ ဆေးရုံကို အချိန်မီ ပို့နိုင်မယ်။

• သာမန်အအေးမိ၊ ရင်ကျပ်တာကတော့ အိမ်မှာ ပြုစုနိုင်ပါတယ်။ သို့ပေမယ့် အမြဲဂရုစိုက်ပြီး ကြည့်နေရမယ်။

• အောက်မှာ နှစ်နှစ်ကလေးနှင့် နှစ်နှစ်မှ ငါးနှစ်ကလေးတွေ အသက်ရှူလမ်းကြောင်း ရောဂါဖြစ်ရင် အိမ်တွင်ပြုစုပုံနဲ့ အရေးကြီးတဲ့ လက္ခဏာများကို ဖော်ပြထားပါတယ်။

• အိမ်တွင်ပြုစုရင်း ကလေး မသက်သာရင် ဆေးရုံသို့ အမြန်ခေါ်သွားပါ။

အသက်ရှူလမ်းကြောင်းရောဂါ အိမ်တွင်ပြုစုကုသမှု နှစ်လအောက်ကလေး

• ကလေးကိုနွေးနွေးထွေးထွေးထားပါ။

• နို့ခဏခဏတိုက်ပါ။

• နှာခေါင်းပိတ်၍ နို့မစို့နိုင်ရင် သန့်ရှင်းတဲ့ အဝတ်ပျော့ကို လိပ်ပြီး သန့်ရှင်းပါ။

အရေးကြီးတဲ့ လက္ခဏာများ
အောက်ပါလက္ခဏာများကို စောင့်ကြည့်ပါ။ တွေ့ရင် ကျန်းမာရေးဝန်ထမ်းထံ အမြန်ပြပါ။

• ဖျားရင်၊ ခြေလက် အေးစက်ရင်

• အသက်ရှူကျပ်ရင်

• အသက်ရှူမြန်ရင်

• ကလေးပို၍ နေမကောင်းဖြစ်လာရင်

• အသက်ရှူသွင်းတုန်း ရင်ခေါင်း ချိုင့်ဝင်ရင်

နှစ်လမှ ငါးနှစ်အတွင်းကလေး
• နေမကောင်းချိန်မှာ ပုံမှန်အစာကျွေးပါ။ နာလန်ထရင် ပုံမှန်ထက် ပိုကျွေးပါ။

• သောက်နေကျထက် ပိုတိုက်ပါ။ နို့စို့ကလေးကို နို့ပိုတိုက်ပါ။

• လည်ပင်းနာရင်၊ ချောင်းဆိုးရင် အန္တရာယ်ကင်းတဲ့ ချောင်းဆိုးပျောက်ဆေးတိုက်ပါ။

အရေးကြီးသည့် အောက်ပါလက္ခဏာတွေ့ရင် ဆေးရုံပို့ပါ။

• အသက်ရှူပိုခက်လာရင်

• အသက်ရှူပိုမြန်လာရင်

• အသက်ရှူသွင်းတုန်း နံရိုးအောက် ရင်ဘတ် ချိုင့်ဝင်ရင်

• တရွှီးရွှီးမြည်ရင်

• ကလေးအရည်မသောက်ရင်

• ကလေးပိုနေမကောင်း ဖြစ်လာရင် အဆုတ်ရောင် ရောဂါများဖြစ်သည်။

Credit: Health for all magazine

အနောက်နိုင်ငံများတွင် လူ ၃ ယောက်လျှင် ၁ ယောက်သည် အစားအစာနှင့် ပတ်သက်၍ ဓာတ်မတည့်မှုဖြစ်နိုင်သည်။ ဓာတ်မတည့်မှုများသည် ပြင်...
11/07/2025

အနောက်နိုင်ငံများတွင် လူ ၃ ယောက်လျှင် ၁ ယောက်သည် အစားအစာနှင့် ပတ်သက်၍ ဓာတ်မတည့်မှုဖြစ်နိုင်သည်။ ဓာတ်မတည့်မှုများသည် ပြင်ပမှ လာသောပိုးသတ်ဆေးများ၊ အစာထဲတွင် ဖြည့်စွက်သည့် ပစ္စည်းများ၊ ဆိုးဆေးများ၊ ပတ်ဝန်းကျင် လေထုညစ်ညမ်းခြင်း၊ ရေမွှေးများ၊ တိရိစ္ဆာန်အမွှေး၊ အပင်တွေမှရတဲ့ ဝတ်မှုန်များ စသဖြင့် အမျိုးမျိုးရှိကြသည်။ ယနေ့အချိန်တွင် အစားအသောက်တွေထဲ၌ ဖြည့်စွက်ထည့်ပေးသောပစ္စည်း (Food Additures) ၃၅၀၀ လောက်ရှိပြီး သာမန်လူတစ်ယောက်တွင် တစ်နှစ်လျှင် ထိုပစ္စည်းတွေကို (၆)ကီလိုလောက်စားနေကြသည်။ ရောဂါလက္ခဏာအနေနှင့်လည်း စိတ်ဖိစီးမှုများလာတဲ့အခါ Food Additures များ အဆိပ်အတောက်ဖြစ်လောက်အောင် စုပုံလာတဲ့အခါမှာ ဓာတ်မတည့်တဲ့ရောဂါလက္ခဏာဖြစ်တတ်ပါသည်။ တစ်ခါတစ်ရံ၌ စားသောက်တဲ့ အစားအစာတွေထဲမှာ ပါလာတဲ့ ပရိုတင်းဓာတ်ကို ခန္ဓာကိုယ်က တစ်ပိုင်းတစ်စသာ ခြေဖျက်ပြီး တချို့ကို ခန္ဓာကိုယ်က ခုခံတိုက်ခိုက်သည့်အခါတွင် ဓာတ်မတည့်သည့် လက္ခဏာများ ပေါ်ပေါက်လာရသည်။

ရှောင်ကြဉ်သင့်သည့် အစားအစာများ

- ဥများ၊ နွားမှရသော နို့ထွက်ပစ္စည်းများ၊ ဂျုံစေ့၊ ပြောင်းဖူးနှင့် ပဲပုပ်စေ့တို့သည် ဓာတ်မတည့်မှုအများဆုံး ဖြစ်နိုင်သည်။

- အစားအစာများတွင် ဖြည့်စွက်ပစ္စည်းများ

- ကဖင်း၊ မြေပဲစေ့၊ ချောကလက်၊ အမဲသား၊ တဆေးနှင့် ပုစွန်၊ ကဏန်း၊ ခရု၊ မုတ်ကောင်၊ ယောက်သွား စသည့်အခွံမာရှိသည့် ရေသတ္တဝါများ၊

- ဓာတ်မတည့်မှု ဆိုးဝါးသည့် အခြေအနေများတွင် စမ်းသပ်စစ်ဆေးသင့်ပါသည်။

စမ်းသောက်သင့်သည့် အစားအစာများ

- မိမိနှင့်မတည့်သော အစားအစာများကို သိထားသင့်သည်။

- ဆန်လုံးညို၊ ပဲအမျိုးမျိုး၊ ဂေါ်ဖီထုပ်၊ ကန်စွန်းဥတို့ စားပါ။

- နှမ်းကြတ်ဆီ၊ နေကြာစေ့ဆီ၊ သံလွင်ဆီများကို သုံးပါ။

- သင်္ဘောသီးတွင် အစာခြေအင်ဇိုင်းများ ပါရှိသည်။

- ဒိန်ချဉ်စားပါ။

- ဂေါ်ဖီထုပ်အရည်တွင် L - gluta - mine ပါ၍ အူလမ်းကြောင်းကောင်းမွန်စေသည်။

- နွယ်ချိုလက်ဖက်ရည်၊ nestle tea သောက်ပေးပါ။

အသုံးပြုသင့်သော ကုသမှု

- နေ့စဉ် အစာစားပြီး Acidophilus, Bifidus ပါသော ဆေးတောင့် (၂) တောင့် စားပေးပါ။

- ကယ်လ်ဆီယမ်၊ ဗီတာမင်စီ၊ ဗီတာမင်အေ နှင့် မင်းဂနီးစ်ပါသော အားဆေးစားပါ။

- စာလီမာရင်း၊ အမိုင်နိုအက်စစ်နှင့် ဗီတာမင်ဘီတို့ကို စားပါ။

- အရည်အသွေးကောင်းသော ဗီတာမင်နှင့် သတ္ထုဓာတ်တို့ကို စားပါ။

- အရည်အသွေးကောင်းသော ဗီတာမင်နှင့် သတ္ထုဓာတ်ပါသော အားဆေးကို မှီဝဲရန်။

Credit : Health Tips

ယနေ့တွင်ကျရောက်သော ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံတော် မူနိုင်ကြပါစ...
09/07/2025

ယနေ့တွင်ကျရောက်သော ဝါဆိုလပြည့်ဓမ္မစကြာအခါတော်နေ့တွင် စိတ်၏ချမ်းသာခြင်း ကိုယ်၏ ကျန်းမာခြင်းနှင့်ပြည့်စုံတော် မူနိုင်ကြပါစေ။

သားအိမ်ခေါင်းကင်ဆာအကြောင်း တစ်စေ့တစ်စောင်း        သားအိမ်ခေါင်းကင်ဆာဟာ  ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သေဆုံးနှုန်းအမြင့်ဆုံးက...
07/07/2025

သားအိမ်ခေါင်းကင်ဆာအကြောင်း တစ်စေ့တစ်စောင်း

သားအိမ်ခေါင်းကင်ဆာဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သေဆုံးနှုန်းအမြင့်ဆုံးကင်ဆာများထဲမှ တစ်ခုလည်းဖြစ်ပါတယ်။ မြန်မာနိုင်ငံရှိ အမျိုးသမီးများမှာ ဖြစ်တဲ့ ကင်ဆာထဲမှာ ဒုတိယ အဖြစ်အများဆုံးနဲ့ ဒုတိယ သေဆုံးမှုအများဆုံးကင်ဆာဖြစ်တယ်လို့လည်း သိရပါတယ်။ အဖြစ်အများဆုံး အသက်အရွယ်ကလည်း အသက်လတ်ပိုင်းဖြစ်တဲ့ ၃၅ မှ ၅၅ နှစ်အတွင်း အမျိုးသမီးတွေ ဖြစ်ပါတယ်။ အကြောင်းရင်းက ကင်ဆာဖြစ်တဲ့အတိုင်း ဖြစ်မှန်းသိချိန်မှာ နောက်ကျပြီး နောက်ဆုံးအဆင့်တွေ ဖြစ်ခြင်းသို့မဟုတ် ကင်ဆာအဆင့်တွေ မြင့်မှ စစ်ဆေးသိရှိမိခြင်းပါ။ ဒါကြောင့် ကြောက်စရာကောင်းတဲ့ ဒီရောဂါရဲ့ လက္ခဏာတွေကို သိထားသင့်တာ အကောင်းဆုံးပေါ့။

သားအိမ်ခေါင်းကင်ဆာ ဘာကြောင့်ဖြစ်တာလဲ

သားအိမ်ခေါင်းဆိုတာ သားအိမ်လည်တံ သို့မဟုတ် သားအိမ်အဝင်ဝဖြစ်ပါတယ်။ သားအိမ်ခေါင်းကင်ဆာဆိုတာ အဲဒီနေရာမှာ ကင်ဆာဖြစ်တာပါ။ သားအိမ်ခေါင်းကင်ဆာရဲ့ ရာခိုင်နှုန်းတော်တော်များများဟာ လိင်ဆက်ဆံရာမှတစ်ဆင့် ကူးစက်နိုင်သော Human Papilloma Virus (HPV) လို့ခေါ်သော ဗိုင်းရပ်စ် ရောဂါကြောင့်ဖြစ်တာပါ။ မျိုးခွဲတွေရာချီပြီး အများကြီးရှိရာမှ HPV ၁၆ နဲ့ ၁၈ က သားအိမ်ခေါင်းကင်ဆာကို အများဆုံးဖြစ်စေနိုင်ပါတယ်။ HPV ဗိုင်းရပ်စ်ပိုးဟာ လိင်အင်္ဂါကြွက်နို့ကိုလည်း ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုး ဖြစ်ပါတယ်။ အမျိုးသမီးတိုင်းမှာလည်း HPV ဗိုင်းရပ်ပိုးနဲ့ အထိအတွေ့ရှိခဲ့ဖူးမှာပါ။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ လိင်ဆက်ဆံတိုင်းတော့ ကင်ဆာဖြစ်လာမှာ မဟုတ်ပါဘူး။ တစ်ခြားအကြောင်းအရင်းအခံတွေ ရှိနေလို့သာ ပိုဖြစ်လာတာပါ။ အဲလိုဆိုတော့ ဖြစ်စေနိုင်တဲ့အကြောင်းအရင်းတွေက ဘာတွေလဲ။ အဲဒါတွေက

- လိင်ဆက်ဆံဖော်များတဲ့သူတွေပါ။ အများအားဖြင့် လိင်လုပ်သားအမျိုးသမီးတွေမှာ အဖြစ်များနိုင်ပါတယ်။ ဆက်ဆံရတဲ့သူများလေ HPV ဗိုင်းရပ်စ်ပိုကူးစက်နိုင်လေပါပဲ။

- လိင်ဆက်ဆံမှုစပြုတဲ့အသက် စောခြင်းပါ။ ဆက်ဆံမှုစောလေ ပိုဖြစ်နိုင်လေပါ။

- တစ်ခြား လိင်မှတစ်ဆင့်ကူးစက်သော ရောဂါများရှိနေခြင်းပါ။ ကိုယ့်မှာ ကာလသားရောဂါဖြစ်သော ဂနိုရောဂါ၊ ဆစ်ဖလစ်ရောဂါ၊ လိင်အင်္ဂါကြွက်နို့၊ HIV၊ AIDS အစရှိတဲ့ရောဂါတွေရှိနေလျှင် သားအိမ်ခေါင်းကင်ဆာ ပိုဖြစ်နိုင်ပါတယ်။

- ကိုယ်ခံအားနည်းခြင်း။ ဒါကတော့ ရှင်းပါတယ်။ တစ်ခြား ရောဂါ၊အခြေအနေတွေကြောင့် ကိုယ်ခံအားနည်းလေလေ ဗိုင်းရပ်စ်ပိုးက ပိုဒုက္ခပေးနိုင်လေလေပါ။

- ဆေးလိပ်သောက်ခြင်း။ ဟုတ်ပါတယ်။ ဆေးလိပ်သောက်ခြင်းကလည်း သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေနိုင်တဲ့အချက် ဖြစ်ပါတယ်။

ဒါတွေကို ရှောင်ကြဉ်ထားလျှင်၊ မဖြစ်အောင် နေထိုင်လျှင်တော့ သားအိမ်ခေါင်းကင်ဆာကို ကာကွယ်ထားသလိုဖြစ်နေပါလိမ့်မယ်။

ရောဂါလက္ခဏာတွေက ဘာတွေလဲ

ရောဂါရဲ့ အကြိုအဆင့်တွေမှာဆို ဘာလက္ခဏာမှ မပြတတ်ပါဘူး။ တကယ်လို့ပြပြီဆိုလည်း မိန်းမကိုယ်မှ တစ်ခါတစ်လေ အဖြူဆင်းတာလောက်ပဲရှိတော့ မသိလိုက်ဖြစ်သွားတာမျိုးတွေ ရှိပါတယ်။ တကယ်တန်း သတိထားမိစေတဲ့ ရောဂါလက္ခဏာတွေကတော့

- လိင်ဆက်ဆံပြီး သွေးဆင်းခြင်း၊ ဓမ္မတာရက်မဟုတ်ဘဲ ကြားရက် သွေးဆင်းခြင်း၊ သို့မဟုတ် သွေးဆုံးပြီးမှ သွေးဆင်းနေခြင်း၊

- မိန်းမကိုယ်မှ အနံ့နံသော သွေးရောင်အရည်ကြည်တွေ၊ အဖြူတွေ၊ ပြည်လိုအရည်တွေ ပမာဏအများကြီးဆင်းနေခြင်း၊

- တင်ပါးဆုံမှ နာကျင်ခြင်း၊ သို့မဟုတ် လိင်ဆက်ဆံစဉ် နာကျင်ခြင်း အစရှိသည်တို့ဖြစ်ပါတယ်။ ဒါတွေ သတိထားမိနေလျှင် ကင်ဆာအဆင့်ဟာ မြင့်နေတာဖြစ်တတ်ပါတယ်။ ဒါကြောင့် ဒါတွေ ဖြစ်နေပြီဆိုလျှင် ဆရာဝန်ကို သွားရောက်ပြသပြီး စမ်းသပ်စစ်ဆေးတာဟာ ကိုယ့်အတွက် အကောင်းဆုံးပါ။

သားအိမ်ခေါင်းကင်ဆာကို အဆင့် ၄ ဆင့်ခွဲထားပြီး ကင်ဆာအဆင့်မြင့်လာလေ သားအိမ်ခေါင်းနဲ့ နီးစပ်ရာ ကိုယ်တွင်းအင်္ဂါများကို ကင်ဆာရောဂါပြန့်နှံ့လေလေပဲဖြစ်ပါတယ်။ တစ်ခြား အသည်း၊ အဆုတ် နဲ့ အရိုးတွေကို ပြန့်နှံ့သွားလျှင် သားအိမ်ခေါင်းကင်ဆာရဲ့ ကြောက်စရာအကောင်းဆုံး နောက်ဆုံးအဆင့်ပဲ ဖြစ်ပါတယ်။

သားအိမ်ခေါင်းကင်ဆာကို ကာကွယ်လို့ရတယ်ဆိုတာ ဟုတ်ပါသလား။

ဟုတ်ပါတယ်။ ကာကွယ်တယ်ဆိုတာ ဗိုင်းရပ်စ်ပိုး မဝင်အောင် ကာကွယ်တာပါ။ ဗိုင်းရပ်စ်လို့ဆိုရာမှာလည်း HPV ၁၆ နဲ့ ၁၈ ကိုကာကွယ်တာပါ။ အဖြစ်များသော ဗိုင်းရပ်စ်ပိုးကို ကာကွယ်တော့ မဖြစ်တော့ဘူးပေါ့။ ဒါပေမယ့် ဒီနှစ်မျိုးကလွဲပြီး တစ်ခြားနံပါတ်ကြောင့်ဖြစ်သော HPV ဆိုလျှင်တော့ ကာကွယ်မှုရဖို့ မသေချာပါဘူး။ ဒါပေမယ့် သားအိမ်ခေါင်းကင်ဆာ အဖြစ်အများဆုံးကတော့ HPV ၁၆ နဲ့ ၁၈ ကြောင့်ပါပဲ။

ဘယ်သူတွေကာကွယ်လို့ရပါသလဲ။ လိင်ဆက်ဆံမှုတစ်ခါမှ မပြုရသေးတဲ့ အသက် ၁၁ နှစ်မှ ၁၄ နှစ်ထိအမျိုးသမီးတိုင်း ကာကွယ်ဆေး ထိုးပေးသင့်ပါတယ်။ ၂ ကြိမ်ထိုးပေးရမှာပါ။ အသက် ၁၄ နှစ်အထက်မှ ၂၆ နှစ်အတွင်း ဆိုလျှင်တော့ ၃ ကြိမ်ထိုးပေးပါတယ်။ ကာကွယ်ဆေးအာနိသင်အကောင်းဆုံးရဖို့ဆို လိင်ဆက်ဆံမှုမပြုခင် ထိုးပေးရမှာပါ။ အသက် ၂၆ နှစ်အောက်မှာ HPV ဗိုင်းရပ်စ် ကူးစက်ခံနိုင်ချေအများဆုံးဖြစ်မို့ ဒီအသက်အရွယ်မှာ ထိုးပေးရတာပါ။ ကျော်သွားလျှင် ထိုးလို့ရလားဆိုတော့ ရပေမယ့် ၂၆ နှစ်အောက်လောက်တော့ အာနိသင်ပြည့်ပြည့်၀၀ရမှာမဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာအခုဆိုရင် ၂၀၂၀ခုနှစ်ကစပြီး နှစ်စဉ်ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်မှာ အသက်၉နှစ်ကနေ ၁၀နှစ်အရွယ်ကလေးတွေကို သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပေးနေပြီ ဖြစ်ပါတယ်။

ရောဂါရှိ၊ မရှိဘယ်လိုသိမလဲ၊ ဘယ်လိုစစ်မလဲ

ပထမဆုံးအနေနဲ့အမျိုးသမီးတိုင်း သို့မဟုတ် လိင်ဆက်ဆံမှုကြုံဖူးတဲ့အမျိုးသမီးများ သို့မဟုတ် ကြုံနိုင်ချေရှိတဲ့သူများ ( Sexually active age) ဟာ အသက် ၂၁ နှစ်အရွယ်မှစပြီး သားအိမ်ခေါင်းချွဲမြှေး(Pap Smear) စစ်ယူသင့်ပါတယ်။ ဒါက ကင်ဆာဖြစ်၊ မဖြစ်သိနိုင်ပြီး အစောဆုံး အဆင့်များထိကိုပါ ကြိုတင်သိရှိနိုင်ပါတယ်။ နောက်ပြီး အသက် ၂၁ မှ ၆၅ နှစ်အမျိုးသမီးတွေလည်း Pap smear စမ်းသပ်ယူသင့်ပါတယ်။ ပုံမှန်ဆို ၃ နှစ်တစ်ကြိမ် စစ်ဆေးသင့်ပြီး အဖြေပေါ်မူတည်ကာ အဖြေကောင်းလျှင် ငါးနှစ်မှ တစ်ကြိမ်၊ အဖြေမှာ ပုံမမှန်မှုတွေ့ပါက ဆရာဝန် ချိန်းဆိုတဲ့အတိုင်း စစ်ဆေးယူသင့်ပါတယ်။ နောက်ထပ် HPV ဗိုင်းရပ်စ်ရဲ့ ဒီအန်အေ စစ်ဆေးမှု (HPV DNA test)များလည်း စစ်ဆေးလို့ရပါတယ်။

ဒါတွေက Screening tests ခေါ် ရောဂါရှိ၊ မရှိ ခြုံငုံစစ်ဆေးမှုတွေဖြစ်ပြီး ရောဂါအတည်ပြုဖို့ဆို သားအိမ်ခေါင်းမှ အသားစ ယူစစ်ဆေးရပါတယ်။ အသားစယူနည်းလမ်းတွေက အမျိုးမျိုးရှိတာဖြစ်ပြီး ဆရာဝန် သို့မဟုတ် သားဖွားမီးယပ်ဆရာဝန်မှ လိုအပ်သော စစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်။ ကင်ဆာ အဆင့်သတ်မှတ်ဖို့နဲ့ ကင်ဆာရဲ့ ပြန့်နှံ့ပုံတွေသိရှိဖို့ ကွန်ပျူတာဓါတ်မှန် (CT)၊ သံလိုက်ဓါတ်မှန် (MRI) အစရှိတဲ့ စစ်ဆေးမှုတွေလည်း လိုအပ်လာနိုင်ပါတယ်။

ရောဂါဘယ်လိုကုသမလဲ

သားအိမ်ခေါင်းကင်ဆာကို အတည်ပြုသိရှိပြီဆိုလျှင်တော့ ကုထုံးအနေနဲ့ ရောဂါရဲ့ အဆင့်အပေါ်မူတည်ပါတယ်။ အစောပိုင်း အဆင့်တွေမှာသိရှိလျှင်တော့ သားအိမ်ခေါင်းနေရာတစ်ဝိုက်ခွဲစိတ်ခြင်း၊ သားအိမ်ခေါင်းကော သားအိမ်ပါ ခွဲစိတ်ထုတ်ခြင်း၊ အလွန်အေးသော အအေးခဲဓါတ်ဖြင့် ကုသသော Cryotherapy surgery လုပ်ခြင်း အစရှိသည်တို့နဲ့ ကုသပျောက်ကင်းနိုင်ပါတယ်။ အဆင့်မြင့်နေသော ကင်ဆာများအတွက် ခွဲစိတ်ခြင်းအပြင် Radiation therapy ခေါ် ဓါတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ Chemotherapy ခေါ် ဆေးသွင်းကုသခြင်းနှင့် ရောဂါလက္ခဏာသက်သာအောင် ကုသခြင်း (Palliative care) အစရှိသော ကုထုံးတွေနဲ့ ကုသရပါတယ်။

ကဲ..။ အခုဆို အမျိုးသမီးများအတွက် ကြောက်စရာကောင်းတဲ့ သားအိမ်ခေါင်းကင်ဆာရဲ့ သိထားသင့်သော ကျန်းမာရေးဆိုင်ရာအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အသိပညာဗဟုသုတ တိုးပွားလောက်ပြီလို့ထင်ပါတယ်။ ကင်ဆာဆိုပေမယ့်လည်း မဖြစ်အောင် ကာကွယ်လို့ရတဲ့ရောဂါဖြစ်ပြီး စောစောစီးစီး သိရှိပါကလည်း အမြစ်ပြတ်ပျောက်ကင်းအောင် ခွဲစိတ်နိုင်ကြောင်းလည်း သိရှိပြီလို့ထင်ပါတယ်။ အသိရှိပြီဆိုတော့ သတိရှိဖို့အတွက် မိမိအနေနဲ့ကော မိမိနဲ့ ပတ်သက်တဲ့အမျိုးသမီးတွေကိုပါ အသိပညာမျှဝေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Credit : ဒေါက်တာကောင်း (7887 Healthcare Call Center)

အရက်အမူးလွန်နေသူကို ဘာတွေ စောင့်ကြည့်သင့်သလဲ?အရက်မူးခြင်း၊ အရက်နာကျခြင်းဆိုတာ ယနေ့ခေတ်မှာ မိန်းကလေး ယောက်ျားလေး မရွေး တွ...
04/07/2025

အရက်အမူးလွန်နေသူကို ဘာတွေ စောင့်ကြည့်သင့်သလဲ?

အရက်မူးခြင်း၊ အရက်နာကျခြင်းဆိုတာ ယနေ့ခေတ်မှာ မိန်းကလေး ယောက်ျားလေး မရွေး တွေ့ကြုံရနိုင်တဲ့အခြေ အနေတစ်ခု ဖြစ်ပါတယ်။

အရက်မူးနေသူ/အမူးလွန်နေသူအား
• ဘေးကင်းသော နေရာတွင်ထားပါ။
• တစ်ယောက်ထဲ မထားပါနှင့်။ အဖော်‌အဖြစ် နေပေးရန်လိုပါသည်။
• မြိုချနိုင်သော အခြေအနေရှိလျှင် ရေ/ ဓါတ်ဆားရည် တိုက်ပေးပါ။
• ကော်ဖီနှင့် အားဖြည့်အချိုရည်များ မတိုက်ရပါ။
• ကားမောင်းခြင်း၊ တစ်ယောက်ထဲ သွားလာစေခြင်းမျိုး မလုပ်စေပါနှင့်။
• ဖြစ်နိုင်လျှင် လဲလျောင်းပြီး အနားယူခိုင်းပါ။ ပျို့ခြင်း၊ အန်ခြင်းများရှိလျှင် ဘေးတစောင်း လှဲစေခြင်းက ပိုကောင်းပါသည်။
• အရေးကြီးသော အန္တရာယ်လက္ခဏာများကို စောင့်ကြည့်ရန် လိုအပ်ပါသည်။

အရေးကြီးသော လက္ခဏာများ

• နှိုး၍မရ တော့ခြင်း
• တုံ့ပြန်မှု မရှိခြင်း
• အသက်ရှုနှုန်း မမှန်ခြင်း၊ နှေးလာခြင်း (တစ်မိနစ်လျှင် အသက်ရှုအကြိမ်ရေ 8 ကြိမ်အောက် လျော့လာခြင်း)
• တက်ခြင်း
• ကိုယ်အပူချိန် လျော့ကျခြင်း ( ခြေလက်များ အေးစက်စိုစွတ်လာခြင်း၊ အသားအရေ ဖြူဖျော့လာခြင်း)

အထက်ပါ လက္ခဏာများရှိပါက နီးစပ်ရာ အရေးပေါ် ဌာနသို့ ခေါ်ဆောင်ပြသရန် လိုအပ်နိုင်ပါသည်။

Dr.NY
(7887 Healthcare)

ဘယ်လိုလူမျိုးတွေ ရှေးဦး ပြုစုနည်းကို တတ်ထားသင့်လဲ----------------------------------------------------------------------လ...
01/07/2025

ဘယ်လိုလူမျိုးတွေ ရှေးဦး ပြုစုနည်းကို တတ်ထားသင့်လဲ
----------------------------------------------------------------------
လူကြီးမင်းတို့ရဲ့ ပတ်ဝန်းကျင်မှာ မတော်တဆ ထိခိုက်အနာတရဖြစ်မှုတွေကို မကြာခဏကြုံတွေ့ရတတ်ပါတယ်။ ဒီလိုကြုံတွေလာတဲ့အခါ မှန်ကန်တဲ့ ပြုစုနည်းတွေကိုတော့ တတ်မြောက်ထားဖို့ လိုအပ်ပါတယ်။ ရှေးဦးပြုစုနည်းဆိုသည်မှာ ထိခိုက်ဒဏ်ရာရတဲ့နေရာနဲ့ လုံလောက်တဲ့ဆေးဝါးအကူအညီရရှိတဲ့နေရာ မရောက်ခင်စပ်ကြားမှာ လူနာကို အခြေအနေပိုမဆိုးဝါးသွားအောင် ဝေဒနာသက်သာဖို့ ပြုစုပေးခြင်းပဲ ဖြစ်ပါတယ်။
📌ဘယ်လိုလူမျိုးတွေတတ်ထားသင့်သလဲ ….?
၁။စက်ရုံအလုပ်ရုံမှာ အလုပ်နေတဲ့ဝန်ထမ်းတွေ
၂။အန္တရာယ်များတဲ့လုပ်ငန်းခွင် ဝင်နေရတဲ့သူတွေ
၃။Over Sea ထွက်ပြီးအလုပ်လုပ်ကိုင်မယ့်သူတွေ
၄။လုံခြုံရေးဝန်ထမ်းတွေ
၅။မိသားစုတစ်ခုမှာ တစ်ယောက်လောက်တတ်ထားမယ်ဆိုရင်တော့ ကိုယ်မိသားစုကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ လူတိုင်းတတ်ထားသင့်တဲ့သင်တန်းတစ်ခုပါ။
📌ဘယ်လိုသင်ကြားပေးမှာလဲ…?
-----------------------------------------
လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်သီးသန့်လိုအပ်ချက်များအရ အထူးသိရှိလိုသော အရေးပေါ်ပြုစုနည်းများကိုလည်း ညှိနှိုင်းသင်ကြားပေးမှာပါခင်ဗျာ။ First Aid Training မှာတော့ သင်ထောက်ကူပစ္စည်း အပြည့်အစုံသုံးပြီး သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားချိန်မှာတော့ သင်တန်းဆင်းလက်မှတ်(Certificate)နဲ့ တကွ ရှေးဦးပြုစုနည်းလက်စွဲစာအုပ်၊ လိုအပ်မယ့် First Aid ပစ္စည်းတချို့ကိုလည်း အခမဲ့ပေးအပ်သွားမှာပါခင်ဗျာ။
😍သင်တန်းကတော့ ၁၀ ယောက်Packageမှ စပြီးသင်ကြားပေးမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းနဲ့ ဝန်းထမ်းတွေဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်လိုက်ရအောင်….
👉အသေးစိတ် သိရှိလိုပါက ရုံးချိန်အတွင်း ☎️Phone - 09-967855844 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ

#7887 First Aid Training (ရှေးဦးပြုစုနည်းသင်တန်း)

အဆိပ်သောက်မိခြင်း+ + + + + အဆိပ်သောက်မိပါက အဆိပ်ကို မျိုချမိရာ လမ်းကြောင်းတစ်လျှောက်ရှိ ပါးစပါ၊ အာခံတွင်းနှင့် အစာခြေလမ်...
28/06/2025

အဆိပ်သောက်မိခြင်း
+ + + + +
အဆိပ်သောက်မိပါက အဆိပ်ကို မျိုချမိရာ လမ်းကြောင်းတစ်လျှောက်ရှိ ပါးစပါ၊ အာခံတွင်းနှင့် အစာခြေလမ်းကြောင်း တစ်လျှောက် ယိုယွင်းပျက်စီးစေနိုင်မည့် ယင်းနောက် သွေးထဲရောက်ကာ အသက်ကိုပါ ရန်ရှာလာသည်အထိ ဖြစ်လာနိုင်သည်။ အိမ်ရှိမီးဖိုချောင်သုံး၊ သန့်စင်ခန်းသုံး၊ အိမ်သုံးပစ္စည်းများ ဖြစ်ကြသည့် အရောင်ချွတ်ဆေး၊ ကြေး (ဂျီး) ချွတ်ဆေးမှုန့်၊ ပန်းကန်ခွက်ယောက် ဆေးဆပ်ပြာရည်၊ သုတ်ဆေး ချွတ်ဆေး ရည်များထဲတွင် အဆိပ်သင့်စေနိုင်သော ဓာတုပစ္စည်းအပြင်းစားများ ပါဝင်သည်။ ထို့အတူ အိမ်သုံးဆေး၊ စွဲသောက်နေရသော ဆေးများကို လိုသည်ထက် ပိုသောက်မိပါက သေတတ်သည်။ အချို့အပင်များ၊ မှိုများ စားမိပါကလည်း တောက်တတ်သည်။ အဆိပ်သင့်၊ အဆိပ်မိပါက ခံစားရသော ဝေဒနာအမျိုးမျိုးရှိသော်လည်း အများအားဖြင့် ပျို့အန်မည်။ ရင်ခေါင်း၊ ဝမ်းခေါင်းထဲတွင်ပူမည်။ ထို့နောက် သတိလစ်သွားခြင်း စသည့် ဝေဒနာများကို ခံစားကြရတတ်သည်။

လက်တွေ့နည်း

အဆိပ်သင့်သူကို ပြုစုခြင်း

အဆိပ်သင့်မှု ကာကွယ်ထိန်းချုပ်ရေးဌာနသို့ အကြောင်းကြားပါ။ မည်သည့်အဆိပ်ကို သောက်မိသည်ကို ကြိုးစားရှာဖွေကြည့်ပါ။ အဆိပ်သောက်မိသူ သတိလစ်သွားလျှင် (သို့မဟုတ်) အသက်ရှူရပ်သွားလျှင် အရေးပေါ်အသက်ကယ်ပြုစုမှုကို ဆောင်ရွက်ပါ။

သတိ

အဆိပ်သောက်ထားသူ အန်စေရန် မကြိုးစားရပါ။ လောင်စားစေတတ်သော သတ္တိရှိသည့် အဆိပ်ဆိုပါက ထိုသို့ အန်အောင် ပြုလုပ်မိခြင်းကြောင့် လည်ချောင်းတစ်လျှောက် ပြန်ဆန်တက်လာမည့် အဆိပ်ကြောင့် လည်ချောင်းကို ထပ်မံလောင်စားသွား စေနိုင်ပါသည်။

(၁) လူနာတင်ယာဉ်ကို ခေါ်ပါ။ မည်သည့်အဆိပ်ကို သောက်ထားသည်၊ မည်မျှများများ သောက်ထားမိသည်ကို သိအောင် ကြိုးစားကြည့်ပါ။ လူနာတင်ယာဉ်ကို ဖုန်းဆက် ခေါ်ကတည်းက ဖုန်းလက်ခံဖြေကြားသူ (သို့) အော်ပရေတာတို့ကို အသေးစိတ်အချက်အလက်များကို ပြောပြထားပါ။ ယင်းကဆရာဝန်များ ပြုစုကုသမှု ကုထုံးကို စဉ်းစားသည့်အခါ အထောက်အကူဖြစ်စေမည်။ (အခြားတိုင်းပြည်များရှိ အဲမ်ဗျူးလဲန့်စ်ခေါ် လူနာတင်ယာဉ်တိုင်းတွင် အရေးပေါ်အသက်ကယ်ပြုစုမှု ကျွမ်းကျင်သူပါလာရသည်။ ဆေးဝါး၊ ကိရိယာ အစုံအလင်ပါသည်။ ဆက်သွယ်ရေးစက်ပါသည်။ လူနာတင်ယာဉ်ခေါ်စဉ်က ပြောပြထားသော လူနာ၏ အခြေအနေ၊ အချက်အလက် အသေးစိတ်ပေါ်မူတည်ကာ အဆိုပါ ယာဉ်ပေါ်ပါမက်ဒစ် (medic) ခေါ် လူနာပြုစုမှု ကျွမ်းကျင်သူ (ဆရာဝန်မဟုတ်) ကို ထိုလူနာတင်ယာဉ် လွှတ်လိုက်ရာဆေးရုံမှ ဆရာဝန်က မည်သည့် ဆေးထိုးရန်၊ သွင်းထားရန် မည်သည့် လက္ခဏာတို့ကို ဂရုစိုက်ကြည့်ရန် မည်သည့်လက္ခဏာတွေ့က မည်သို့ပြုစုကုသရန် မှာလိုက်လေ့ရှိသည်။ လူနာကို ခေါ်လာပါကလည်း လမ်းတစ်လျှောက် ဆက်သွယ်ရေးစက်မှတစ်ဆင့် အပြန်အလှန်အစီရင်ခံ ညွှန်ကြားကာ အရေးပေါ်အသက်ကယ်ပြုစုမှုကို ပေးရသည်။ အရေးပေါ်အသက်ကယ်ပြုစုမှု ယာဉ်ပေါ်တွင်လည်း ရက်စ်ကျူး (Rescue) ဟူသော စားတန်းပါသည်။ အဆိပ်သင့်သူများက အနီးအနားဝန်းကျင်တွင် ပုလင်းလွတ်၊ ဘူးခွံအပါအဝင် ကာယကံရှင်သောက်မိသောဆေးပစ္စည်းနှင့် အဆက်အစပ် ရှိပုံရသောအရာ တို့ကိုရှာဖွေ သိမ်းဆည်းထားပြီး ဆေးရုံရောက်လျှင် ယင်းပစ္စည်းတို့ကို ဆရာဝန်အားပြပါ။

၂။ အဆိပ်ရည်စွန်းပေနေသော အထည်များကို ချွတ်ပစ်ပါ။ ပါးစပ်နှင့် နှုတ်ခမ်းတစ်ဝိုက် စွန်းပေနေသော အဆိပ်အစအန အကြွင်းအကျန်များကိုလည်း သုတ်ပစ်ပါ။ ယင်းသို့ လဲလှယ်သုတ်ပစ်သည့်အခါ အဆိပ်မထိမိသေးသော နေရာ (သို့) အရေပြားပေါ်တွင် အဆိပ်များ စွန်းပေမသွားစေရန် ဂရုစိုက်ပါ။

၃။ လောင်စားစေတတ်သော ဓာတုပစ္စည်းများ နှုတ်ခမ်းကို လောင်ပါက ပါးစပ်အာခံတွင်းနှင့် လည်ချောင်းအတွင်းအလောင်၊ အပူလျော့ပါးစေရန် နို့အေး (သို့) ရေအေးအေးအနည်းငယ်ကို တိုက်သင့်သည်။ ကာယကံရှင် စိတ်မပူစေရန် အားပေးဖျောင်းဖျပါ။ အရက် (မက်သနော) အဆိပ်သင့်သူ ဆိုပါက ထိုသူ အအေးမမိစေရန် စောင်ခြုံထားပေးပါ။

၄။ ထိုစဉ်လူနာ သတိလစ်သွားပါက ရီကာဗာရီအနေအထားနှင့် တစောင်းထားပါ။ လက်ကောက်ဝတ်သွေးခုန်နှုန်း အသက်ရှူပုံနှင့် လူနာ၏ တုံ့ပြန်ပုံတို့ကို မှန်မှန်စောင့်ကြပ်အကဲခတ်ထားပါ။ လိုအပ်ပါက CPR အရေးပေါ် ပြုစုနည်းကို သုံးနိုင်ရန် ပြင်ဆင်ထားပါ။

Credit: ဒေါက်တာသန်းထွဋ် (အိမ်တွင်းသမားတော်)

အရေပြားပွန်းပဲ့ဒဏ်ရာများအတွက် ရှေးဦးပြုစုနည်း။၁။ အနာကို အညစ်အကြေးများ ဖယ်ရှားရန် သန့်စင်သောရေဖြင့် ညင်သာစွာဆေးကြောပေးပါ။...
22/06/2025

အရေပြားပွန်းပဲ့ဒဏ်ရာများအတွက် ရှေးဦးပြုစုနည်း။

၁။ အနာကို အညစ်အကြေးများ ဖယ်ရှားရန် သန့်စင်သောရေဖြင့် ညင်သာစွာဆေးကြောပေးပါ။

၂။ Betadine ဆေးရည့်ဖြင် လိမ်းပေးပါ။

၃။ အနာကို သန့်စင်သော အဝတ်စ သို ပတ်တီးအသန့်ဖြင့် ဖုံးအုပ်ထားပေးပါ။

၄။ အနာသက်သာစေရန် အကိုက်အခဲပျောက်ဆေး ပါရာစီတမော တနေ့ ၃ ကြိမ် သောက်ပေးပါ။

၅။ ဒဏ်ရာက နီရဲခြင်း၊ဖောင်းလာဖြင်း၊ပြည်တည်ဖြင်း၊ကိုယ်အပူချိန်တက်ခြင်း ဖြစ်ပါက နီးစပ်ရာ ဆေးရုံ ဆေးခန်းသို ပြပေးပါ။

Dr.HA
ကျန်းမာသုခနှင့်ပြည်စုံပါစေ။

Address

No.148 (11/A5) Mya Mar Lar Lane , A-1 Street, Mayangone Tsp, Yangon
Yangon
11061

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959967855844

Alerts

Be the first to know and let us send you an email when 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Practice

Send a message to 7887 First Aid Training ရှေးဦးပြုစုနည်းသင်တန်း:

Share

Share on Facebook Share on Twitter Share on LinkedIn
Share on Pinterest Share on Reddit Share via Email
Share on WhatsApp Share on Instagram Share on Telegram

7887 First Aid Training

7887 ရဲ့ ရှေးဦးပြုစုနည်းသင်တန်းဟာ သင်ကြားပေးခဲ့တဲ့ အဖွဲ့အစည်းပေါင်း 25 ခုကျော်ရှိပါတယ် သင်တန်းသား 500 ကျော်သင်ကြားပို့ချခဲ့ပြီးဖြစ်ပါတယ်။

ဒီ သင်တန်းကို တက်မယ်ဆိုရင် လူကြီးမင်းတို့ရဲ့လုပ်ငန်းခွင်လိုအပ်ချက်များအရ အထူးသိရှိလိုသော အရေးပေါ်ပြုစုနည်းများကို ညှိနှိုင်းသင်ကြားပေးမှာပါခင်ဗျာ။ First Aid Training မှာတော့ သင်ထောက်ကူပစ္စည်းအပြည့်အစုံသုံးပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းပြီးသွားချိန်မှာလည်း သင်တန်းဆင်းလက်မှတ်(Certificate)နဲ့ တကွ ရှေးဦးပြုစုနည်းလက်စွဲစာအုပ်၊ လိုအပ်မယ့် First Aid ပစ္စည်းတချို့ကိုလည်း အခမဲ့ပေးအပ်သွားမှာပါခင်ဗျာ။ သင်တန်းကတော့ ၁၀ ယောက်Packageမှ စပြီးသင်ကြားပေးမှာ ဖြစ်ပါတယ်။ လူကြီးမင်းတို့ရဲ့အဖွဲ့အစည်းနဲ့ ဝန်းထမ်းတွေဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်လိုက်ရအောင်… အသေးစိတ် သိရှိလိုပါက 🕘ရုံးချိန်အတွင်း Phone📱📱- 09-967855844 ကိုဆက်သွယ် မေးမြန်းနိုင်ပါတယ်ခင်ဗျာ